← Chapters

ဆိုင်းအင်၀င်ခြင်း- ကမ္ဘာဦးနတ်ဘုရား စိတ်စွမ်းအားကြိတ်ဆုံ နည်းစနစ်

Vol. 6 Ch. 55

ဆိုင်းအင်၀င်ခြင်း- ကမ္ဘာဦးနတ်ဘုရား စိတ်စွမ်းအားကြိတ်ဆုံ နည်းစနစ်

Vol. 6 Ch. 55

အခန်းတွင်း၌...

လင်းတုန်က ဝူယွမ်တို့နှစ်ယောက်ကို သံသယအပြည့်ဖြင့်ကြည့်နေသည်။

သူ၏ အလိုအလျောက် အသိစိတ်က ထိုနှစ်ယောက် တစ်ခုခုဖြစ်ခဲ့တယ်ဟု ပြောပြနေသော်လည်း ...

ဘာဖြစ်ခဲ့မှန်း အတိအကျ မပြောနိုင်ခဲ့ပေ။

“အိုးး အမေရေ... မိန်းကလေးတစ်ယောက်အိပ်ရာက ဒီလောက်နွေးတာလား... အိပ်ပျော်သွားတယ်... အခုလိုကောင်းကောင်း မအိပ်ဖြစ်တာ ကြာပြီ...”

ဝူယွမ်က သန်းရင်း ပြောလိုက်သည်။

“ညီလေး... သွားကြစို့... ငါ့မှာ စွမ်းအားတိုးစေမယ့် နည်းလမ်းတွေရှာတွေ့ ထားတယ်”

သူက လင်းတုန်ကို ဆွဲကာ ချင်းတန်၏ အခန်းမှ ထွက်လာခဲ့သည်။

လင်းတုန်မှာ ဝူယွမ်ဆွဲခေါ်ရာပါလာပြီး စိတ်ထဲမှ စဉ်းစားမိလိုက်သည် “အစ်ကိုကြီးက ပွင့်ပွင့်လင်းလင်းနဲ့ ပုံမှန်အတိုင်းပဲ... ငါ အတွေးလွန်နေမိပြီထင်တယ်”

“အိုး... ပိုင်ယွမ်... တစ်ညလုံးအပြင်မှာ အိပ်ခဲ့တာလား”

ဝူယွမ်သည် ပိုင်ယွမ်က အိမ်ရှေ့ရှိ ကျောက်တုံးပေါ် လဲလျောင်းနေသည်ကို မြင်လျှင် သနားမိသွားသည်။

ပိုင်ယွမ်က အမြဲလိုလို သူ၏ အခန်းထဲတွင်သာ အိပ်လေ့ရှိပြီး ဝူယွမ်ကလည်း သူ့အတွက် သန့်ရှင်းသော ကော်ဇောတစ်ချပ်ကို အဆင်သင့် ခင်းထားပေးလေ့ရှိသည်။

“ဝေါင်း ဝေါင်းး ဝေါင်း ~”

ပိုင်ယွမ်က အနည်းငယ် မကျေမနပ်ဖြစ်နေသည့် အသံဖြင့် ညည်းတွားလိုက်သည်။

မနေ့ညက ဝူယွမ်က သူ့ကို အရက်စွဲသွားအောင် လုပ်ခဲ့သည်... ဝူယွမ်ကို ပို့ပေးပြီးနောက် သူရေကန်ထဲဆင်းပြီး သန့်စင်ခဲ့ရသည်... တစ်ကိုယ်လုံး စိုရွှဲနေသောကြောင့် ခြံဝင်းအတွင်း၌ လဲလျောင်းနေခဲ့ရသည်။

“ကောင်းတယ်... ရော့၊ဒီမှာ မနက်စာ ...”

ဝူယွမ်သည် ယွမ်ကျောက်တုံးတွေထည့်ထားသော သိုလှောင်အိပ်ထဲမှ ကျောက်တုံးတစ်ဆုပ်စာကို ထုတ်ယူကာ ပိုင်ယွမ်အား ကျွေးလိုက်သည်။

လင်းတုန်၏ အခန်းသို့ ရောက်သည်နှင့် ဝူယွမ်က စက္ကူနှင့် စုတ်တံကို ထုတ်ယူကာ ရေးဆွဲသည်...

၀ူယွမ်က ရေခဲဓားပေါ်ရှိ သာမန်ရူန်းများကို ဖျက်ပစ်ပြီး အသစ်ဖြစ်သော မူလရူန်းများကို ပြန်လည်ထွင်းထုရန် မူလဝိညာဉ်စုစောင်းရေးရူန်းကို ပြင်ဆင်နေခြင်းဖြစ်သည်။

သုံးရက်အကြာ... ဝိညာဉ်မျှော်စင်တွင်။

ထန်းဟော်မြို့နှင့် ယန်မြို့မှ အဆောင်သခင်များ စုဝေးနေကြသည်။

ကောင်းချူက ငွေရောင်ဝတ်ရုံဝတ်ထားသော လူငယ်တစ်ဦးကို ခေါ်ဆောင်လာပြီး လင်းတုန်ကို ညွှန်ပြကာ-

“ဒုတိယစီနီယာအကိုကြီး... သူဘဲ လင်းတုန် ... ကျွန်တော့်ရဲ့ ရေခဲဓားကို ယူသွားတာ သူဘဲ”

လျှို့လုန်က မောက်မောက်မာမာဖြင့် “ ညီငယ်လင်းတုန် ... မင်းအနေနဲ့ ကျွန်တော့်ညီငယ်ရဲ့ ရေခဲဓားကို ပြန်ပေးနိုင်မလား”

“ရေခဲဓားလား... ဘာဓားလဲ”

ကြားရသည်နှင့် လင်းတုန် တုန်လှုပ်သွားသည်... သူသည် ခေါင်းကို ကုတ်ကာ “ဘာဓားလဲ” ဟု ပြောလိုက်သည်။

လျှို့လုန်၏ မျက်လုံးထဲတွင် ရက်စက်မှုအရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားပြီး ရယ်မောလိုက်ကာ “ညီငယ်လင်းတုန်... စကားပုံတစ်ခုရှိတယ်- ‘မပြိုကွဲပါက မတည်ဆောက်နိုင်’... မိတ်ဆွေများများရှိခြင်းက အမြဲကောင်းပါတယ်... ရေခဲဓား သုံးလက်အတွက် ထန်းဟော်မြို့ရဲ့ အဆောင်သခင်များစွာနဲ့ ဆက်ဆံရေးပျက်ပြားဖို့ ထိုက်တန်ရဲ့လား”

ထန်းဟော်မြို့က အဆောင်သခင် အားလုံးကလည်း လှည့်ကြည့်လာကြပြီး အုပ်စုလိုက် ဖိအားပေးနေကြသည်။

လင်းတုန်နှင့် ဝူယွမ်တို့ မျက်စိချင်း ဖလှယ်ကြည့်ပြီး ရယ်မောလိုက်ကြသည်။

ဝူယွမ်က အေးစက်စက်ဘဲပြန်ဖြေလိုက်သည် “ငါတို့ ရေခဲဓားကို တစ်ကယ်မမြင်ဖူးဘူး... မင်းတို့ မေးတဲ့သူမှားနေပီ... ငါတိုဆီမှာ ဒီလိုဓားမျိုးဘဲ ရှိတယ်”

သူက သိုလှောင်အိပ်ထဲမှ အပြာရောင် ရေခဲပုံဆောင်ခဲ ဓားတိုသုံးချောင်းကို ထုတ်ယူလိုက်သည်နှင့်... ပတ်ဝန်းကျင်ရှိ လေထုက ချက်ချင်း ပိုမိုအေးမြလာခဲ့သည်။

ကောင်းချူ၏ အရင်က ရေခဲဓားနှင်ြ နှိုင်းယှဉ်လျှင် လက်ရှိ အသစ်စက်စက် ရေခဲပုံဆောင်ခဲဓားများက ပိုကောင်းနေခဲ့သည်။

ကောင်းချူက ရေခဲပုံဆောင်ခဲ ဓားသုံးချောင်းကို စူးစိုက်ကြည့်နေရင်း… အလွန်ရင်းနှီးကျွမ်းဝင်နေသော်လည်း သူ မမှတ်မိသလိုဖြစ်နေသည်။

“ဘယ်လိုပြောင်းသွားတာလဲ” သူ၏ခေါင်းကို ပွတ်ရင်းပြောလိုက်သည်။

လျှို့လုန်က ဒေါသထွက်သွားပြီး “ငတုံးကောင် ... ဒါတွေက မင်းဓားတွေဘဲ... မြန်မြန်ပြန်တောင်းလိုက်”

သူသည် အသစ်စက်စက် ရေခဲပုံဆောင်ခဲ ဓားသုံးချောင်းကို ကြည့်ရင်း မျက်လုံးထဲတွင် လောဘရိပ်များ ပြည့်နှက်လာသည်။

ထိုဓားသုံးချောင်းသည် သူ၏ လီဟော်ဓားထက်ပင် ပိုအားကောင်းနေသေးသည်။

“ဟုတ်တယ်... ဒါတွေပဲ... ဒါတွေက ကျွန်တော့် ရေခဲဓားတွေဘဲ” ကောင်းချူကလည်း လျူလုံး ပြောခိုင်းတဲ့အတိုင်း ချက်ချင်းပြောလိုက်သည်။

“ဟဟ... အခုမှသိတာလား”

ဝူယွမ် မနေနိုင်တော့ဘဲ ပြင်းပြင်းထန်ထန် ရယ်မောလိုက်ပြီး... ချက်ချင်း မျက်နှာအသွင် ပြောင်းသွားကာ-

“မင်းနဲ့... ထိုက်တန်လို့လား”

ရေခဲပုံဆောင်ခဲ ဓား၏ ပြင်းထန်သော စွမ်းအားသည် ပတ်ဝန်းကျင်ရှိ အဆောင်သခင်များ၏ အာရုံကို ဆွဲဆောင်လိုက်ပြီး အားလုံး လှည့်ကြည့်လာကြသည်။

ယန်ရွမ်းနှင့် ထန်းဟော်မြို့ အဆောင်သခင်အသင်း ဥက္ကဋ္ဌ ဟန်းယွမ်တို့ အပါအဝင် နှစ်ဖက်လုံးမှ အကြီးအကဲများလည်း သတိထားမိသွားကြသည်။

ဟန်ယွမ်က သူ၏ တပည့်နှစ်ယောက် ရှက်ရှက်နှင့် မျက်နှာများ နီမြန်းနေသည်ကို မြင်လျှင် မျက်မှောင်ကြုတ်သွားသည်။

သူက အနားရောက်လာပြီး မေးမြန်းလိုက်သည်-

“ဘာကိစ္စလဲ”

ကောင်းချူ- “ဆရာကြီး... ကျေးဇူးပြုပြီး ကျွန်တော့်အတွက် တရားမျှတမှုရှာပေးပါ... ယန်မြို့ အဆောင်သခင်အသင်းက လင်းတုန်က ဆရာကြီး ကျွန်တော့်ကို ပေးခဲ့တဲ့ ရေခဲထား အတင်းအဓမ္မ လုယူသွားပြီး အခုပြန်တောင်းတော့ ၀န်မခံတော့ဘူး။”

အဆောင်သခင်များအားလုံး စုရုံးလာကြသည်။

ဝူယွမ်၏ အကြည့်က ဟန်ယွမ်းကို ကျော်ပြီး သူ့နောက်မှာရပ်နေသည့် လူတစ်ယောက်အပေါ် ရပ်တန့်သွားသည်... ထိုသူသည် မျက်ခုံးမွှေးထူပြီး သာမန်ဟုထင်ရသော်လည်း... သူ့ ပတ်ဝန်းကျင်ရှိ အဆောင်သခင်များက သူ့ကို အတော်အတန် လေးစားကြပုံရသည်... လျူလုံးပင် သူ့နောက်တွင် ရပ်တန့်နေသည်။

ဇီယွဲ့လည်း အနားရောက်လာပြီး ဝူယွမ်ကို မိတ်ဆက်ပေးလိုက်သည် - “အဲ့တစ်ယောက်က ဒီအဆောင်သခင် ပြိုင်ပွဲမှာ ယန်းမြို့အတွက် အကြီးမားဆုံး ပြိုင်ဘက်ဖြစ်ပြီး... ထန်းဟော်မြို့ရဲ့ လက်ရှိမျိုးဆက်ထဲမှာ အားအကောင်းဆုံး အဆောင်သခင် ကျိုးထုန်ဘဲ ... အရင် နှစ်နှစ်လောက်ကတည်းက အဆောင်သခင် အဆင့်နှစ် ကို‌ရောက်နေခဲ့တာ”

ထိုအချိန်တွင်... ဟန်းယွမ်၊ ကျိုးထုန်နှင့် အခြားသူများက သူ၏လက်ထဲရှိ ရေခဲပုံဆောင်ခဲ ဓားကို ကြည့်နေကြပြီး... ဓားမှ ထွက်ပေါ်လာသော အအေးဓာတ်ကြောင့် အံ့အားသင့်နေကြသည်။

ယန်းရွမ်းလည်း ရောက်လာပြီး... အခြေအနေကို နားလည်ပြီးနောက်... ဝူယွမ်လက်ထဲမှ ရေခဲပုံဆောင်ခဲ ဓားသုံးချောင်းကို ယူကာ စစ်ဆေးကြည့်သည်။

ဓားပေါ်ရှိ စွမ်းအားပြင်းထန်သော မူလရူန်းများကို မြင်ပြီး... အော်ဟစ်မိမတက်ဖြစ်သွားသည်... ထိုရူန်းများကိုသူ နားမလည်နိုင်ခဲ့ပေ။

ယန်းရွမ်းက ဝူယွမ်ကို ဝိညာဉ်စွမ်းအင်ကတစ်ဆင့် ဆက်သွယ်မေးမြန်းလိုက်သည်- “ဒီရူန်းတွေက မင်းရေးဆွဲခဲ့တာလား”

“ဟုတ်တယ် ဆရာ... ဒါကြောင့် အခု ရေခဲဓားက ရေခဲပုံဆောင်ခဲဓား ဖြစ်သွားပြီ” ဝူယွမ်က ရယ်မောကာ... ဝိညာဉ်စွမ်းအင်ကတစ်ဆင့် ပြန်ပြောလိုက်သည်။

ယန်းရွမ်း အသက်ပြင်းပြင်း ရှုလိုက်မိပြီး ... သူ့ကိုယ်သူ အေးဆေးတည်ငြိမ်အောင် ထိန်းချုပ်ကာ... ဖြည်းဖြည်းချင်း ပြောသည်-

“မင်းတပည့်က ရေခဲဓားလို့ပြောတယ်... ငါ့တပည့်က ရေခဲပုံဆောင်ခဲဓား... ဒီလိုဆိုရင်... ဒီဓားက ရေခဲဓားဟုတ်မဟုတ် ကြည့်ကြရ‌ေအာင်”

“ဆရာကြီးဟန်... မင်းတပည့်က သူ့ရဲ့ ရေခဲဓားက မင်းကိုယ်တိုင် ပြုလုပ်ခဲ့တာလို့ ပြောခဲ့တယ်ဆိုတော့... ဓားပေါ်က ရူန်းတွေကို မင်းမှတ်မိသေးတာ သေချာတယ်... အဲ့ရူန်းတွေထုတ်ပြီး ဒီဓားနဲ့ ယှဉ်ကြည့်လိုက်ရင်... တူမတူ ချက်ချင်းသိရမှာဘဲ”

ဟန်းယွမ်က မျက်နှာထားတင်းတင်းဖြင့် “မလိုဘူး... ငါကိုယ်တိုင် လုပ်ခဲ့တဲ့ ဓားကို ငါမှတ်မိတယ်... ဒီဓားက ရေခဲဓား မဟုတ်ဘူး”

ကောင်းချူ- “ဆရာကြီး... ဒီဓားတွေက တကယ် ရေခဲဓားတွေ။”

“တိတ်စမ်း” ဟန်းယွမ်က အော်ဟစ်ဆူငေါက်လိုက်သည်။

လက်ရှိဓားပေါ်ရှိ စွမ်းအားသည် သူ၏ အရင်က ရူန်းများ၏ စွမ်းအားနှင့် လုံးဝကွဲပြားနေသည်ကို သူခံစားမိသည်။

ဓားသည် ရေခဲဓားဖြစ်သည်ဟု သူယုံကြည်သော်လည်း... ရေခဲဓားလုံး၀ မဟုတ်တော့ပေ။

ဟန်းယွမ်ကို ထိတ်လန့်သွားစေသည်မှာ... သူ့ရန်ဘက်က သူ၏ရူန်းများကို ဖျက်စီးနိုင်ရုံသာမက... ပိုစွမ်းအားပြင်းတဲ့ ရူန်းအသစ်များကိုပါ ပြန်လည်ရေးဆွဲနိုင်ခြင်း ဖြစ်သည်။

သူတို့ လှည့်စားခံလိုက်ရပီဖြစ်သည်။

“ယန်ရွမ်းက ဘယ်အချိန်တုန်းက ဒီ‌လောက်စွမ်းသွားတာလဲ” ဟန်းယွမ်သည် ယန်းရွမ်းကို ကြည့်နေရင်း ကိုယ့်ကိုကိုယ် မေးခွန်းထုတ်လိုက်သည်။

ယန်ရွမ်း လုပ်နိုင်မည်ဟု သူမယုံကြည်ပေ။

ယန်ရွမ်းက မျက်ခုံးကျုံ့ကာ “အဖိုးကြီးဟန်... ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ”

“ဟား ဟားး” ဟန်ယွမ်းက မထီမဲ့မြင်ပြုသည့်အသံဖြင့် ရယ်မောလိုက်သည်။

သူ့အား စော်ကားနေသည်ကို သူခံစားမိသည်။

သို့‌သော် ယန်ရွမ်း ပြန်မတုန့်ပြန်လိုက်ပေ။

“ရော့... ဒါမင်းတို့အတွက်”

ဝူယွမ်က လူအားလုံးရှေ့မှာဘဲ ရေခဲပုံဆောင်ခဲ ဓားသုံးချောင်းထဲက တစ်ချောင်းစီကို ဇီယွဲ့နှင့် လင်းတုန်တို့ကို ပေးလိုက်သည်။

ကောင်းချူ၊ လျူလုံးနှင့် ထန်းဟော်မြို့မှ အခြား အဆောင်သခင်များသည် ဒေါသတကြီး အံကြိတ် ယုံသာတတ်နိုင်သည်။

ဟန်းယွမ်က ဝူယွမ်ကို သေချာ စိုက်ကြည့်လိုက်သည်။

ဤလူငယ်ကို သူမြင်နိုင်ခြင်း မရှိပေ။

“သိပ်မကြာခင်... ဝိညာဉ်မျှော်စင်ထဲ ဝင်ရောက်ပြီးတာနဲ့... အခွင့်အရေးရင် ဒီကောင်လေးကို စမ်းသပ်ကြည့်ပါ” ဟန်ယွမ်းက သူ့ဘေးနားရှိ ကျိုးထုန်အား ပြောလိုက်သည်။

“ကျွန်တော်လည်း ဒီလိုပဲ စဉ်းစားနေတာ”

ကျိုးထုန်၏ ပုံမှန်အားဖြင့် ဘာအမှုအရာမှ မရှိသော မျက်နှာပေါ်တွင် ရှားရှားပါးပါး စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်လာသည်။

“ကောင်းပြီ... ဝိညာဉ်မျှော်စင်ကို ဖွင့်လှစ်ကြစို့” ဟန်းယွမ်က တိုက်တွန်းသည်။

ယန်ရွမ်းသည် ယန်းမြို့မှ အဆောင်သခင် သုံးဦးကို ဦးဆောင်ပြီး... သူတို့၏ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ကာ... ဝိညာဉ်မျှော်စင်၏ တင်းကျပ်စွာ ပိတ်ထားသော ကျောက်တံခါးဆီသို့ စီးဆင်းစေပြီး... နောက်ဆုံးတွင် အလင်းရောင် သင်္ကေတအဖြစ် စုစည်းကာ ကျောက်တံခါးပေါ်ရှိ သင်္ကေတခွက်ထဲ ဖိထည့်လိုက်သည်။

အလင်းသင်္ကေတသည် ဝိညာဉ် မျှော်စင် ကျောက်တံခါးပေါ်မှ သင်္ကေတနှင့် အချိုးကျ ကိုက်ညီသွားသောအခါ... ဝိညာဉ်မျှော်စင်တစ်ခုလုံး တုန်ခါသွားပြီး... တင်းကျပ်စွာ ပိတ်ထားသော ကျောက်တံခါးသည် ဖြည်းဖြည်းချင်း ပွင့်လာပြီး... ချက်ချင်းပင်... အလွန်ပြင်းထန်သော စိတ်စွမ်းအင် လှိုင်းများသည် ကျောက်တံခါးထဲမှ ပြန့်နှံ့လာကာ... မျှော်စင်အနီးရှိသော အဆောင်သခင်များ အနောက်သို့ ‌ဆုတ်လိုက်ကြရသည်။

“စိတ်စွမ်းအင် ဖိအားက ဒီလောက်ပြင်းတာလား”

ဝူယွမ် အံ့အားသင့်သွားသည်။

ဟန်းယွမ်နှင့် ထန်းဟော်မြို့မှ အခြားသော အဆောင်သခင်များမှာမူ... ဝိညာဉ်မျှော်စင်ကို လောဘတကြီးဖြင့် ကြည့်ရှုနေကြသည်။

“မျှော်စင်တံခါး ဖွင့်လိုက်ပြီ... မျှော်စင်ပြိုင်ပွဲ စတင်ပြီ” ဟု ယန်းရွမ်းက ကြေညာလိုက်သည်။

သူက ဝူယွမ်နှင့် လင်းတုန်တို့ဘက်သို့ လှည့်ကာ- “အမြင့်ဆုံးအဆင့်ကို ရောက်ပြီး အကြာဆုံးတောင့်ခံနိုင်တဲ့သူကို... ပထမအဖြစ် ဆုံးဖြတ်မယ်... ယန်မြို့ အဆောင်သခင်အသင်း မျှော်လင့်ချက်က မင်းတို့အပေါ်မှာပဲ မူတည်နေပီ... သွားကြပါ”

ဝူယွမ် ခေါင်းညိတ်ကာ... ဝိညာဉ်မျှော်စင်ထဲသို့ ဝင်ရောက်သွားသည်။

【ဝိညာဉ်မျှော်စင်သို့ ရောက်ရှိပါပီ။ ဆိုင်းအင်၀င်လိုပါသလား】

“ဆိုင်းအင်၀င်ပါ”

【ဆိုင်းအင်၀င်ခြင်း အောင်မြင်ပါသည်။ ဆုအဖြစ် “ကမ္ဘာဦးနတ်ဘုရား စိတ်စွမ်းအားကြိတ်ဆုံ နည်းစနစ်” ကို ရရှိခဲ့ပါသည်】

All Chapters