အခန်း (၄၀၇-၄၀၈)
Vol. 41 Ch. 407-408
အခန်း (၄၀၇) - အဆုံးအစမဲ့မှန်(၁)
ဝူရွှမ်သည် ရှဲ့ယန်နှင့် အခြားသူများကို မြင်သောအခါ ဝူယွမ်အပေါ် သူ၏ ရန်လိုမှုများ သိသိသာသာ လျော့ကျသွားလေသည်။
အထူးသဖြင့် ရှဲ့ယန်နှင့် အခြားသူများမှာ အန္တရာယ်မရှိရုံသာမက သူတို့၏ စွမ်းအားများပါ တိုးတက်လာသည်ကို မြင်သောအခါ ဝူယွမ်နှင့် အသေအကြေတိုက်ခိုက်လိုစိတ် ပို၍ပင် နည်းပါးသွားလေသည်။
အရိုးအဘိုးအို တစ်ယောက်တည်းအတွက် အမုန်းတရားက သိပ်ပြီး အရေးကြီးလှသည်မဟုတ်ပေ။ အရိုးအဘိုးအိုသည် သူတို့၏ မိစ္ဆာလေ လျှို့ဝှက်ဂူ၏ အမည်ခံ အဖွဲ့ဝင်တစ်ဦးသာ ဖြစ်သည်။
မိစ္ဆာလေ လျှို့ဝှက်ဂူမှ လူများကို အန္တရာယ်မပေးခြင်းက ဝူယွမ်၏ ရိုးသားမှုကို ပြသရန် လုံလောက်သည်ဆိုလျှင် ဝူယွမ်က ကမ္ဘာခြားနတ်ဆိုးများ တည်ရှိနေမှုနှင့် လက်ရှိ လှိုင်းထန်နေသော အခြေအနေများကို ရှင်းပြပြီးနောက်တွင် ဝူရွှမ်သည် ဝူယွမ်ကို လုံးဝ လေးစားသွားလေတော့သည်။
သူတို့ နေထိုင်ရာ ကမ္ဘာကြီး၏အောက်တွင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာခြားနတ်ဆိုး အများအပြား ပုန်းအောင်းနေကြသည်လော။
“မီးနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင် မိုလော့နဲ့ ပူးပေါင်းလုပ်ဆောင်ခွင့်ရတာ ကျွန်တော့်ရဲ့ ဂုဏ်ကျေးဇူးပါ” ဝူရွှမ်က ပြောလိုက်သည်။ ဝူယွမ်အပေါ် အနည်းငယ် မကျေနပ်မှုများ ရှိကောင်းရှိနိုင်သော်လည်း သူသည် မိုလော့ကိုမူ ပို၍ ရိုသေလေးစားမှုရှိသည်။
မိုလော့၏ နာမည်ဂုဏ်သတင်းသည် ကစဉ်ကလျားမိစ္ဆာပင်လယ် တစ်ခုလုံးတွင် ကျော်ကြားလှသည်။ ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် အုပ်စိုးသူမရှိသော်လည်း အကယ်၍ အမှန်တကယ် ရှိခဲ့ပါက မိုလော့သာ ဖြစ်မည်မှာ သေချာလှသည်။
ကစဉ်ကလျားမိစ္ဆာပင်လယ်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များအားလုံး မိုလော့ကို အလွန် ရိုသေလေးစားကြသည်။
ဤနတ်ဆိုး သုတ်သင်ရေး စစ်ဆင်ရေးကို မိုလော့က စီစဉ်ထားခြင်းဖြစ်ကြောင်း သိရှိပြီးနောက် ဝူရွှမ်သည် တက်ကြွစွာ ပါဝင်လာခဲ့သည်။
သူ့ကို စည်းရုံးပြီးနောက် ဝူယွမ်သည် ဝူရွှမ်ကို လွှတ်ပေးလိုက်ပြီး သူ့အား မိုလော့နှင့် တွေ့ဆုံကာ မီးနတ်ဘုရားနန်းတော်တွင် နေထိုင်ခွင့် ပြုလိုက်သည်။
ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း၌ ဝူယွမ်သည် ယင်းရွှမ်ဇီ၊ အကြီးအကဲ ဟန်၊ အဘိုးအိုဖန်ထျန်းနှင့် ချီရှင်းတို့ကို ဆင့်ခေါ်လိုက်သည်။
ယခုအခါ ဝူယွမ်၊ လင်းတုန်နှင့် ပိုင်ယွမ်တို့အပြင် သူတို့သည် ဝူယွမ်၏ ဘက်မှ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထိုအထဲတွင် ချီရှင်းကို ခြေလှမ်း၀က်၀င်စားခြင်းအဆင့်ဟုသာ သတ်မှတ်နိုင်သော်လည်း ကောင်းကင်ပိတ်လှောင် အစီအရင်မြေပုံကို ချီရှင်းအား ပေးအပ်နိုင်သည်။ လက်ရှိ ကောင်းကင်ပိတ်လှောင် အစီအရင်မြေပုံသည် ဘိုးဘေးအဆောင်တစ်ခုနှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်ပြီး ၎င်းတို့ နှစ်ခု ပေါင်းစပ်လိုက်ပါက ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုး တစ်ကောင်ကို ကိုင်တွယ်ဖြေရှင်းရန်မှာ အလွယ်တကူပင် ဖြစ်ပေလိမ့်မည်။
ထို့အပြင် ပိုင်ယွမ်က ဝင်စားခြင်းအဆင့်ကို တစ်ယောက်တည်း တိုက်ခိုက်ရန်မှာ အနည်းငယ် ခက်ခဲနိုင်သော်လည်း ကျန်းယွဲ့လည်း ရှိသေးသည်။ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက် ရှင်သန်ခြင်း ဆန်းကြယ်စွမ်းအား၏ ကောင်းချီးဖြင့် ကျန်းယွဲ့၏ ချိုမြိန်နှင်းစက်ကိုယ်ခန္ဓာမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
အချိန်တိုအတွင်း သူမသည် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို တိုက်ပွဲထိန်းသိမ်းရန် လုံလောက်သောစွမ်းအား ပေးစွမ်းနိုင်ပြီး သူမကို အစွမ်းအထက်ဆုံး အထောက်အကူပြုသူ ဖြစ်လာစေသည်။
ဤသို့ တွက်ချက်ကြည့်လိုက်လျှင် ဝူယွမ်နှင့် သူ၏အဖွဲ့တွင် ဝင်စားခြင်းအဆင့် တိုက်ခိုက်ရေးစွမ်းအား ရှစ်ခုရှိပြီး ပြုပြင်ထားသော ဝါးမျိုခြင်းအလောင်းကောင်ကိုပါ ပေါင်းလိုက်လျှင် စုစုပေါင်း ကိုးခု ဖြစ်သည်။
ထို့အပြင် ဝူယွမ်နှင့် လင်းတုန်တို့ ပူးပေါင်းလုပ်ဆောင်ပါက သံသရာအဆင့်နှင့် ကြုံတွေ့ရလျှင်ပင် သူတို့ တိုက်ခိုက်နိုင်သေးသည်။ ကမ္ဘာခြားနတ်ဆိုးများအပေါ် ဖိနှိပ်နိုင်စွမ်းရှိသော မဟာရှေးဟောင်းကျောက်တိုင်ကို သူတို့ ထပ်မံ အသုံးပြုလိုက်ပါက ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုးကိုပင် ကြောက်ရွံ့မည် မဟုတ်ပေ။
ဤဝင်စားခြင်းအဆင့် တိုက်ခိုက်ရေးစွမ်းအားများကို စုစည်းပြီးနောက် ဝူယွမ်သည် သူတို့အား လက်ရှိအခြေအနေနှင့် နောက်ဆက်တွဲ အစီအစဉ်ကို အသိပေးကာ တိုက်ပွဲကြီးတစ်ခုအတွက် ပြင်ဆင်စေခဲ့သည်။
ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းရှိ လူအင်အားကို စီစဉ်ပြီးနောက် ဝူယွမ်သည် လာမည့်ပြိုင်ပွဲကို မိုလော့၊ ထန်ရှင်းလျန်တို့နှင့်အတူ ရေးဆွဲရန် မီးနတ်ဘုရားနန်းတော်သို့ ပြန်လာခဲ့သည်။
“ငါတို့ ရထားတဲ့ သတင်းအချက်အလက်တွေအရ ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ဆက်စပ်နေနိုင်တဲ့ လူသစ်များ အဆင့်သတ်မှတ်ချက်မှာ အဆင့်တစ် ချိတ်ထားတဲ့ မျက်နှာမပါသူ ရွှီရှို့အပြင် ယွမ်ဂိုဏ်းကလူတွေလည်း ဒီကို ရောက်နေတယ်လို့ ထင်ရတယ်၊ ပြီးတော့ တစ်ယောက်တည်းမဟုတ်ဘူး”
ထန်ရှင်းလျန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ယွမ်ဂိုဏ်းက ရောက်လာတဲ့သူတွေထဲမှာ ဟွာချန်လို့ နာမည်ရတဲ့ လူတစ်ယောက်အကြောင်း ငါတို့ သိထားရတယ်၊ သူ့ရဲ့ စွမ်းအားကို မသိရသေးဘဲ သူက အရမ်း လျှို့ဝှက်ဆန်းကြယ်တယ်၊ ဘယ်တော့မှ ကိုယ်ထင်မပြဘူး၊ ဒါပေမယ့် သူက လူသူကင်းမဲ့တဲ့ တောင်တစ်တောင်မှာ ရွှီရှို့နဲ့ တွေ့ခဲ့ပုံရတယ်၊ သူတို့ နှစ်ယောက်လုံးက ကမ္ဘာခြားနတ်ဆိုးတွေ ဖြစ်ရမယ်”
“ပြိုင်ပွဲမှာ ငါတို့ အဓိက သတိထားရမှာက ရွှီရှို့၊ ဟွာချန်နဲ့ ဟွာချန်နဲ့အတူ ပါလာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူပဲ”
“မတော်တဆ ဖြစ်ခဲ့ရင် မင်းလည်း ပြိုင်ပွဲမှာပါဝင်ဖို့ ငါ အကြံပြုတယ်”
သူမက ဝူယွမ်ကို ကြည့်ကာ ဤသို့ပြောလိုက်ခြင်းမှာ ဝူယွမ်က လင်းတုန် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် လုံလောက်ပြီဟု ယခင်က ပြောခဲ့သောကြောင့် ဖြစ်သည်။
လင်းတုန် တစ်ယောက်တည်းနှင့်ပင် ထိုအဆင့်ရှိ ပြိုင်ဘက်တစ်ဦးကို ကိုင်တွယ်ဖြေရှင်းနိုင်သည်။
ဝူယွမ်က အဓိကအားဖြင့် အနည်းငယ် ပျင်းရိချင်နေခြင်း ဖြစ်သည်။
မူရင်းဝတ္ထုတွင် ဤပြိုင်ပွဲ၌ အကြီးမားဆုံး ပြဿနာများမှာ ဟွာချန်နှင့် ရွှီရှို့တို့ ဖြစ်ကြသည်။ သို့သော်လည်း ယခုအခါ ထိုနှစ်ဦးအပြင် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်လည်း ရှိနေသေးသည်။
ဤအချက်က ဝူယွမ်အား သူ ဖျက်ဆီးပစ်ခဲ့သော တျန်ယွမ်ဇီနှင့် တိယွမ်ဇီတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကို ပြန်လည်သတိရစေခဲ့သည်။
ပြိုင်ပွဲတွင် အသက်ကန့်သတ်ချက်ရှိပြီး လူငယ်မျိုးဆက် ပါရမီရှင်များကိုသာ ယှဉ်ပြိုင်ခွင့် ပြုထားသည်။ တျန်ယွမ်ဇီနှင့် တိယွမ်ဇီတို့သည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ ဖျက်ဆီးခံရပြီးနောက် လူငယ်လေးတစ်ဦး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် ယွမ်ဂိုဏ်းမှ လူများထဲတွင် ဟွာချန်နှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော လူ နှစ်ဦးလုံးသည် ခန္ဓာကိုယ်အသစ်များကို သိမ်းပိုက်ထားသော ဤနှစ်ဦးဖြစ်နေနိုင်သည်။
ဤနှစ်ဦးသည် ကမ္ဘာခြားနတ်ဆိုး နည်းလမ်းများနှင့် ပေါင်းစပ်လိုက်ပါက လင်းတုန်၏ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို အမှန်တကယ် ကျော်လွန်သွားနိုင်ပေသည်။
“ကောင်းပြီ”
ဝူယွမ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
အဆင်သင့်ဖြစ်စေရန် လင်းတုန်နှင့် အတူတကွ တိုက်ခိုက်ခြင်းက ပိုကောင်းပေသည်။ အကယ်၍ ပြိုင်ဘက်က တျန်ယွမ်ဇီနှင့် တိယွမ်ဇီတို့၏ အရိပ်အယောင်များ အမှန်တကယ်ပါရှိနေပါက ၎င်းသည် အနာဂတ်ပြဿနာများကို ရှင်းလင်းရန် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်ပေလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုင်ပွဲအတွက် အချိန်ကျရောက်လာခဲ့ချေပြီ။
မီးတောက်မြို့တော်မှာ ပို၍ပင် စည်ကားသိုက်မြိုက်လာခဲ့သည်။
ရေတွက်၍မရနိုင်သော သက်တံရောင် အလင်းတန်းများက ကောင်းကင်ယံကိုဖြတ်သန်းကာ မီးတောက်မြို့တော်နှင့် ၎င်း၏ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းမှ ခမ်းနားကြီးကျယ်ပြီး လွှမ်းမိုးနိုင်သော မြင်ကွင်းဖြင့် ပျံသန်းလာကြပြီးနောက် မီးတောက်မြို့တော်၏ ဗဟိုချက်ဆီသို့ လေခွင်းသံများဖြင့် ဦးတည်သွားကြသည်။
မိုးကြိုးဘိုးဘေးအဆောင်ကဲ့သို့သော နတ်ဘုရားရတနာတစ်ခု ပေါ်ထွက်လာခြင်းကြောင့် ဤပြိုင်ပွဲသည် ကစဉ်ကလျားမိစ္ဆာပင်လယ်၏ ထိပ်တန်းအင်အားစု အားလုံးကို ဆွဲဆောင်နိုင်ခဲ့ပြီး ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် ဆယ်နှစ်အတွင်း အကြီးကျယ်ဆုံးသော ပွဲလမ်းသဘင်ကြီးဖြစ်လာခဲ့သည်။ လူအုပ်ကြီးကို ကြည့်ရုံမျှဖြင့် ဤမျှ ကြီးမားသော အတိုင်းအတာမှာ စိတ်လှုပ်ရှားဖွယ်ရာပင်။
မီးတောက်မြို့တော်အတွင်းသို့ လူအများအပြား ဝင်ရောက်လာသဖြင့် စည်းကမ်းထိန်းသိမ်းရန်မှာလည်း လွယ်ကူသော အလုပ်တစ်ခုမဟုတ်တော့ပေ။
သို့သော်လည်း မီးနတ်ဘုရားနန်းတော်၏ နာမည်ဂုဏ်သတင်းမှာ ချဲ့ကားပြောဆိုထားခြင်းမဟုတ်ပေ။
ရွှီး၊ ရွှီး၊ ရွှီး…
မီးနတ်ဘုရားနန်းတော်မှနေ၍ အနီရင့်ရောင် လူရိပ် အများအပြား ပျံသန်းထွက်လာကြပြီး နောက်ဆုံးတွင် မီးတောက် ပင်လယ်ကြီးတစ်ခုပမာ ကောင်းကင်ယံတွင် ရပ်တည်နေကြသည်။
၎င်းမှာ လူတစ်ထောင်ကျော်ပါဝင်သော စစ်တပ်တစ်ခုဖြစ်သည်။ သူတို့အားလုံးက ဧရာမလှံတံကြီးများကို ကိုင်ဆောင်ထားကြပြီး အနီရင့်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။
ထိုအစွမ်းထက်သော အရှိန်အဝါ တစ်ထောင်ကျော် စုစည်းသွားရာမှ ဖြစ်ပေါ်လာသော ဖိအားက ကောင်းကင်ယံရှိ ရေတွက်၍မရနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။ အချို့လူများ၏ မျက်လုံးများအတွင်းရှိ မဆင်မခြင် ပြုမူလိုစိတ်များမှာလည်း အတန်ငယ် ဆုတ်ခွာသွားလေသည်။
“ဒါတွေက မီးနတ်ဘုရား အစောင့်အရှောက်တွေပဲ၊ မီးနတ်ဘုရားနန်းတော်ရဲ့ အစွမ်းအထက်ဆုံး အင်အားစုတွေထဲက တစ်ခုပေါ့၊ သူတို့က အမြဲတမ်း လူတစ်ထောင်အရေအတွက်ကို ထိန်းသိမ်းထားပြီး လူသစ်ဝင်လာတိုင်း လူဟောင်းတစ်ယောက်ကို မလွဲမသွေ ဖယ်ရှားပစ်တယ်”
“ဒီလူတွေထဲက အားအနည်းဆုံးကတောင် ဆန်းကြယ်ရှင်ခြင်းအဆင့် အစောပိုင်းမှာ ရှိကြတာ၊ တကယ့်ကို အထက်တန်းလွှာတွေထဲက အထက်တန်းလွှာတွေပဲ”
“စစ်တပ် တစ်ခုလုံးရဲ့ စွမ်းအားကို စုစည်းလိုက်ရင် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် ခြိမ်းခြောက်နိုင်တယ်လို့ ပြောကြတယ်”
... ဤအနီရင့်ရောင် စစ်တပ်ကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်မှာ ချက်ချင်း တိတ်ဆိတ်သွားလေသည်။ လူအများအပြားက ဆွေးနွေးနေကြပြီး အားလုံးက မီးနတ်ဘုရား အစောင့်အရှောက်များကို သတိထားနေကြသည်။
ဝူယွမ်ကမူ အနည်းငယ် လိုချင်တပ်မက်မှုများဖြင့် ကြည့်နေသည်။ သူသည်လည်း ထိုကဲ့သို့သော စစ်တပ်မျိုးကို လိုချင်သော်ငြား ရှေးဟောင်းကျောက်တိုင်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ အချိန်တိုလွန်းလှသေးသည်။
တောင်ဂိုဏ်းကို အားကိုးလျှင်ပင် ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် ငါးရာမပြည့်သေးပေ။ မီးနတ်ဘုရား အစောင့်အရှောက်များကဲ့သို့ စစ်တပ်တစ်ခု တည်ထောင်ရန် အချိန်အတော်ကြာ ယူရဦးမည်ဖြစ်သည်။
သို့သော်လည်း ယခုအခါ ရှေးဟောင်းကျောက်တိုင်ကမ္ဘာမှာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည်။
ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ အရေအတွက်မှာ လစဉ် ဆယ်ဂဏန်းကျော် တိုးလာနိုင်သည်။
မကြာမီတွင် စစ်တပ်တစ်ခုဖွဲ့စည်းရန် လုံလောက်သော ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ရှိလာမည်မှာ သေချာလှသည်။
“မီးတောက် နတ်သမီးလေးပဲ”
“နတ်သမီးထန် ထွက်လာပြီ”
“ကြည့်စမ်း၊ သူမက တကယ်ကိုလှတာပဲ”
လူအုပ်ကြီးထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ လူတိုင်း၏အကြည့်များက နေရာတစ်ခုတည်းသို့ စူးစိုက်သွားကြ၏ယ ဝူယွမ်လည်း သူတို့၏ အကြည့်များအတိုင်း လိုက်ကြည့်လိုက်သည်။
မီးနတ်ဘုရား အစောင့်အရှောက်များ၏ ရှေ့ဆုံးတွင် ကျက်သရေရှိသော လူရိပ်တစ်ခု လေထဲတွင် ရပ်နေသည်။
ထန်ရှင်းလျန်ပင် ဖြစ်သည်။ သူမသည် အရပ်မြင့်ပြီး အနီရင့်ရောင်တောက်ပနေသော သံချပ်ကာအပျော့စားက သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများကို ပိုမိုပေါ်လွင်နေစေသည်။ သူမ၏ မျက်စိကျိန်းမတတ် အနီရင့်ရောင် လှိုင်းတွန့်ဆံပင်ရှည်များက သူမကို မီးတောက်တစ်ခုပမာ ဆွဲဆောင်မှုရှိပြီး ပူလောင်စေသည်။
အခန်း (၄၀၈) - အဆုံးအစမဲ့မှန်(၂)
သူမ၏လက်ထဲတွင် အနီရင့်ရောင်လှံတံရှည်တစ်ခုကို တင်းကျပ်စွာ ကိုင်ဆောင်ထား၏။ လှံတံမှာ ထူးခြားသောဒီဇိုင်းရှိပြီး ဖီးနစ်အတောင်ပံများက ၎င်း၏လှံရိုးတစ်လျှောက် ဆန့်တန်းနေသည်။
လှံတံ၏ထိပ်ဖျားမှာ အတောင်ပံများဖြန့်ထားသော ပျံသန်းနေသည့် မီးဖီးနစ်ငှက်ဖြစ်ပြီး ၎င်း၏ ထက်မြက်သော ဖီးနစ်နှုတ်သီးမှ နှလုံးသားကို တုန်လှုပ်သွားစေနိုင်သည့် အေးစက်စက် အလင်းတန်းတစ်ခု တလက်လက်တောက်ပနေသည်။
အင်မတန် အစွမ်းထက်သော စစ်တပ်ကြီးကို အမျိုးသမီးတစ်ဦးက ဦးဆောင်နေခြင်းဖြစ်၏။
သို့သော်လည်း မည်သူမျှ ထန်ရှင်းလျန်ကို အထင်မသေးရဲကြပေ။
အမျိုးသမီးတစ်ဦး ဖြစ်လင့်ကစား သူမသည် စစ်တပ်၏ရှေ့ဆုံးတွင် ရပ်တည်နေပြီး ရဲရင့်ကာ သတ္တိရှိပြီး လွှမ်းမိုးမှုနှင့် ခမ်းနားကြီးကျယ်မှုတို့ကို ထုတ်လွှင့်နေကာ မိန်းမဆန်သော နူးညံ့မှုအရိပ်အယောင် လုံးဝမရှိပေ။
ထန်ရှင်းလျန်၏ နာမည်ဂုဏ်သတင်းသည် မီးတောက်ပင်လယ်နယ်မြေတွင် အလွန်ကျော်ကြားသည်မှာ သူမ၏အလှတရားကြောင့် သက်သက်တော့ မဟုတ်ပေ။
သူမ၏ ဇာတ်လမ်းကို ကြားဖူးသူ မည်သူမဆို သူမကို သူမ၏အလှတရားအတွက်သက်သက် ချီးကျူးမည် မဟုတ်ပေ။
ထန်ရှင်းလျန်သည် မိုလော့၏ အဓိကတပည့်ဖြစ်သော်လည်း သူမ ပိုင်ဆိုင်ထားသော ဘွဲ့အမည်များအားလုံးမှာ သူမ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ရယူထားခြင်းဖြစ်သည်။
သူမ မီးနတ်ဘုရားအစောင့်အရှောက်တပ်ဖွဲ့အတွင်းသို့ စတင်ဝင်ရောက်စဉ်က သူမသည် အနိမ့်ဆုံး ရာထူးတွင်သာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် မီးနတ်ဘုရားအစောင့်အရှောက်အဖွဲ့ထဲရှိ အမျိုးသားများအားလုံးကို အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံးတွင် လူတိုင်း၏ အသိအမှတ်ပြုမှုဖြင့် မီးနတ်ဘုရား အစောင့်အရှောက်များ၏ခေါင်းဆောင် ဖြစ်လာခဲ့သည်။
ဤကဲ့သို့သော ထက်မြက်ပြီး စိတ်ပိုင်းဖြတ်ထားသော အမျိုးသမီးမျိုးသည် မည်သူ့ထံမှမဆို လေးစားမှုကို ရရှိမည်မှာ သေချာလှသည်။
ဝူယွမ်နှင့် လင်းတုန်တို့ကဲ့သို့ လူများပင်လျှင် ထန်ရှင်းလျန်အကြောင်း သိရှိပြီးနောက် ဤအမျိုးသမီးကို ရိုသေလေးစားမှု အသစ်ဖြင့် မကြည့်ဘဲ မနေနိုင်ကြပေ။
ရိုးရိုးသားသား ပြောရလျှင် ထန်ရှင်းလျန်သည် သူမ၏အသက်အရွယ်ဖြင့် ဆန်းကြယ်သေခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခြင်းမှာ မိုလော့၏အကူအညီဖြင့်ဆိုလျှင်တောင် အလွန် ထူးခြားလှသည်။
ထန်ရှင်းလျန် ပေါ်လာပြီးနောက် မိုလော့က အနီးကပ်လိုက်ပါလာခဲ့သည်။
သူရ မီးတောက်ဘုရင်တစ်ပါးပမာ ဆင်းသက်လာရာ လေထုကို အနည်းငယ် ပို၍ ပူပြင်းသွားစေသည်။
မိုလော့သည် မီးတောက်ပင်လယ်ကြီးတစ်ခုပေါ်တွင် ရပ်နေပြီး သူ၏ အနီရင့်ရောင်အကြည့်များဖြင်ပ လောကကြီးကို ဖြည်းညင်းစွာ အကဲခတ်ကြည့်ရှုလိုက်သည်။ သူ၏ ပူပြင်းလောင်ကျွမ်းနေသော မျက်လုံးများအောက်တွင် သူ့ကိုကြည့်မိသူ မည်သူမဆို သူတို့၏သွေးများ အနည်းငယ် ဆူပွက်လာသကဲ့သို့ ခံစားရပြီး မျက်လုံးများ အလျင်အမြန် လွှဲဖယ်လိုက်ကြကာ သူ့ကို မကြည့်ရဲကြတော့ပေ။
“ပထမဆုံးအနေနဲ့ ကျွန်တော်ရဲ့ မီးနတ်ဘုရားနန်းတော်က ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ပါဝင်ကြတဲ့ မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်၊ ပြိုင်ပွဲအတွက် စည်းကမ်းသိပ်မရှိပါဘူး၊ နိုင်တဲ့သူက အားလုံးကို ယူရမှာဖြစ်ပြီး နောက်ဆုံး အနိုင်ရတဲ့သူက မိုးကြိုးဘိုးဘေးအဆောင်ရဲ့ ပိုင်ရှင် ဖြစ်လာလိမ့်မယ်” မိုလော့က လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။
စကားပြောအပြီးတွင် သူက သူ၏လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ အနီရင့်ရောင် အလင်းတန်းတစ်ခု သူ၏ လက်ထဲမှ ပစ်လွှတ်ထွက်ပေါ်လာပြီးနောက် ကောင်းကင်ယံတွင် ကျန်းတစ်သောင်းခန့် ကျယ်ဝန်းသော ဧရာမ အနီရင့်ရောင် မှန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ မှန်မျက်နှာပြင်က လှိုင်းထသွားပြီး ၎င်းအတွင်း၌ ကျယ်ပြောလှသော စိမ်းလန်းသည့် တောင်တန်းများနှင့် ကုန်းမြေကို မြင်တွေ့လိုက်ရသည်။
လေဟာနယ် ရတနာတစ်ခု။
သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒါက မီးနတ်ဘုရားနန်းတော်ရဲ့ အဆုံးအစမဲ့မှန်ပဲ၊ အထဲမှာ ကိုယ်ပိုင်လေဟာနယ်တစ်ခု ပါရှိပြီး အဲဒါက ပြိုင်ပွဲကျင်းပမယ့်နေရာလည်း ဖြစ်လာလိမ့်မယ်၊ ဒီအဆုံးအစမဲ့မှန်ထဲမှာ အဆုံးအစမဲ့တောင်တန်းတစ်ခု ရှိတယ်၊ အဲဒါက မင်းတို့ရဲ့ နောက်ဆုံးစစ်မြေပြင် ဖြစ်လာလိမ့်မယ်”
ဤအချိန်တွင် မှန်အတွင်းရှိ ကမ္ဘာကြီးကိုလည်း ရှင်းလင်းစွာ မြင်တွေ့ရလေပြီ။ ကျန်းတစ်သောင်းခန့် ဧရာမ မှန်ကြီးအတွင်း၌ ဖော်ပြ၍မရနိုင်လောက်အောင် ခမ်းနားကြီးကျယ်သော တောင်တန်းကြီးတစ်ခုက ကောင်းကင်ကို ထောက်ပံ့ထားသော တိုင်ကြီးတစ်ခုပမာ ရပ်တည်နေသည်။
“မိုးကြိုးဘိုးဘေးအဆောင်က အဆုံးအစမဲ့တောင်တန်းရဲ့ တောင်ထွတ်မှာရှိတယ်” မှန်အတွင်းရှိ တောင်တန်းကို ညွှန်ပြကာ မိုလော့က ပြောလိုက်သည်။
လူတိုင်း ကြည့်လိုက်ရာ ဧရာမတောင်တန်းကြီးပေါ်ရှိ တိမ်တိုက်များ စုတ်ပြဲနေပြီး တောင်ထွတ်၏ အမြင့်ဆုံးနေရာတွင် လျှပ်စီးများ တဖျပ်ဖျပ်လက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ဝေဝါးဝါး ရှေးဟောင်းရူန်းသင်္ကေတတစ်ခုက ကျယ်ပြောပြီး ရှေးဟောင်းဆန်သည့် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှင့်နေသည်။
“မိုးကြိုးဘိုးဘေးအဆောင်”
လူအများအပြား၏ အသက်ရှူသံများ မြန်ဆန်လာပြီး သူတို့၏မျက်လုံးများက ပြင်းပြသော ဆန္ဒများဖြင့် တောက်လောင်လာကြသည်။
အကယ်၍ သူတို့သာ ထိုကဲ့သို့သော နတ်ဘုရားရတနာမျိုးကို ရရှိနိုင်ပါက အနာဂတ်တွင် သူတို့သည်လည်း မိုလော့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်လာနိုင်ပေလိမ့်မည်။
မိုလော့၏ လက်ရှိအဆင့်အတန်းမှာ မီးတောက် ဘိုးဘေးအဆောင်ကြောင့် ဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။
မိုလော့က ဆက်လက်၍ မိတ်ဆက်ပေးလိုက်သည်။ “အဆုံးအစမဲ့တောင်တန်းမှာ တောင်ထွတ်ဆယ်ခု ရှိပြီး တောင်ထွတ်တိုင်းမှာ တောင်ထွတ်တံဆိပ်တစ်ခု ရှိတယ်၊ ဒီတောင်ထွတ်တံဆိပ်တွေကို ရတဲ့ လူဆယ်ယောက်သာ အဆုံးအစမဲ့တောင်တန်းကို တက်လှမ်းခွင့် ရလိမ့်မယ်၊ ဆိုလိုတာက အစွမ်းအထက်ဆုံး လူဆယ်ယောက်သာ မိုးကြိုးဘိုးဘေးအဆောင်ကို ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်”
‘လူဆယ်ယောက်တည်းလား’
အောက်ဘက်ရှိ လူငယ် ပါရမီရှင်များက သူတို့၏ ပတ်ဝန်းကျင်ရှိ လူများကို စိုးရိမ်တကြီး အကဲခတ်ကြည့်လိုက်ကြ၏။ အားလုံးမှာ ပြိုင်ဘက်များ ဖြစ်နေကြသည်။
မိုလော့က ပြောလိုက်သည်။ “အခု မိုးကြိုး ပြိုင်ပွဲ စတင်ပြီလို့ ကြေညာပါတယ်”
သူ၏အသံ ဆုံးသွားသည်နှင့် ယွမ်စွမ်းအင် မုန်တိုင်းများ ဆက်တိုက် ပေါက်ကွဲထွက်ပေါ်လာပြီး လူရိပ်များက ကောင်းကင်ယံရှိ မှန်ဆီသို့ အစွမ်းကုန် ပြေးဝင်သွားကြလေသည်။
“ငါတို့လည်း သွားကြစို့”
ဝူယွမ်နှင့် လင်းတုန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အတူတကွ ပျံသန်းဝင်ရောက်သွားကြသည်။
ပိုင်ယွမ်ကိုမူ အပြင်သို့ မခေါ်လာခဲ့ပေ။ ဝူယွမ်က သူမကို ကျန်းယွဲ့နှင့် လေ့ကျင့်ရန် ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း၌ထားခဲ့သည်။ လာမည့် တိုက်ပွဲကြီးတွင် သူတို့ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်နိုင်ပေသည်။
အဆုံးအစမဲ့မှန်၏ လေဟာနယ်အတွင်း၌ အဆုံးအစမရှိသော စိမ်းလန်းသည့် တောင်တန်းများ ရှိနေသည်။ စိမ်းလန်းစိုပြည်သော သစ်ပင်များက ကုန်းမြေကို ဖုံးလွှမ်းထားပြီး ကျန်းတစ်သောင်းခန့်စီ မြင့်မားသော တောင်တန်းကြီးများက ဤလေဟာနယ်အတွင်း ဘီလူးကြီးများပမာ ရပ်တည်နေကြသည်။
ရံဖန်ရံခါ နားကွဲမတတ် မိစ္ဆာသားရဲများ၏ ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာပြီး သက်ရှိများဖြင့် ပြည့်နှက်နေသည်။
“ဒီသန့်စင်ယွမ်ရတနာက ဖန်ထျန်းမီးဖိုထက် မနိမ့်ကျဘူးပဲ” အတွင်းသို့ ဝင်ရောက်ပြီးနောက် ဝူယွမ်က မှတ်ချက်ပေးလိုက်သည်။
ကိုယ်ပိုင်လေဟာနယ် ပါရှိသော သန့်စင်ယွမ်ရတနာ များများစားစားမရှိပေ။
ယေဘုယျအားဖြင့် ထိုကဲ့သို့သော သန့်စင်ယွမ်ရတနာများသည် ပိုမိုဆင့်ကဲပြောင်းလဲနိုင်စွမ်း ရှိပြီး ရတန ဝိညာဉ်များကို မွေးဖွားပေးနိုင်သည်။ အကယ်၍ သူတို့သာ ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖန်တီးနိုင်ပါက သူတို့သည် မဟာရှေးဟောင်းကျောက်တိုင်နှင့် မဟာရှေးဟောင်းကျောက်တိုင်ငယ်တို့ကဲ့သို့ နတ်ဘုရားရတနာများ ဖြစ်လာနိုင်ပေသည်။
“တောင်ထွတ်တစ်ခုကို အရင်သွားလုကြစို့”
ဝူယွမ်နှင့် လင်းတုန်တို့ ချက်ချင်းအရှိန်မြှင့်လိုက်ပြီး ဗဟိုချက်ရှိ ခမ်းနားကြီးကျယ်သော အဆုံးအစမဲ့တောင်တန်းဆီသို့ ပြေးဝင်သွားကြသည်။
ဤလေဟာနယ်အတွင်း၌ အစွမ်းထက်မိစ္ဆာသားရဲ အများအပြားရှိနေပြီး ဤအချိန်တွင် အစွမ်းထက်ပုဂ္ဂိုလ်အမြောက်အမြား ဝင်ရောက်လာခြင်းကြောင့် ယုံကြည်နိုင်စရာမရှိလောက်အောင် စည်ကားသိုက်မြိုက်လာခဲ့သည်။
ဝူယွမ်နှင့် လင်းတုန်းက သူတို့၏ချီတက်မှုကို အရှိန်မြှင့်လိုက်ပြီး သူတို့ကို တားဆီးရန် ရဲဝံ့သူ မည်သူ့ကိုမဆို လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားစေခဲ့သည်။
သူတို့ကို နှေးကွေးသွားစေနိုင်သော လူ သို့မဟုတ် မိစ္ဆာသားရဲ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
အဆုံးအစမဲ့တောင်တန်း အနီးသို့ ရောက်လုနီးပါး အချိန်မှသာ လူခြောက်ယောက်က သူတို့၏ လမ်းကို ပိတ်ဆို့ရန် ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုလူခြောက်ယောက်မှာ ထူးခြားသော အသွင်အပြင် ရှိကြပြီး သွေးရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကာ တစ်ယောက်စီက အနီရင့်ရောင် လွှသွားပုံစံ ခေါင်းဖြတ်ဓားကြီးများကို ကိုင်ဆောင်ထားကြသည်။ ဓားသွားများမှာ အထူးသဖြင့် ရှည်လျားပြီး ဆယ်ပေခန့်ရှိကာ ကြည့်ရဆိုးနေသည်။
“ဟဲဟဲ၊ ငါတို့ ငါးကြီးကြီးတစ်ကောင်နဲ့ တကယ်ကိုတွေ့တာပဲ”
ထိုလူခြောက်ယောက်က ဝူယွမ်နှင့် အခြားတစ်ယောက်ကို မြင်သောအခါ သွေးဆာနေသော အပြုံးများကို ပြသလိုက်ကြသည်။
သူတို့က ဝူယွမ်ကို မကြောက်ကြချေ။
“အစ်ကိုကြီး၊ အဲဒါ ခေါင်းဖြတ်သွေးအစောင့်အရှောက်တွေပဲ၊ သူတို့အကြောင်း အချက်အလက်တွေကို ကျွန်တော် အရင်က ဖတ်ဖူးတယ်၊ သူတို့က ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့ငယ်လေးတစ်ခုဖြစ်ပြီး အဖွဲ့ဝင် ခြောက်ယောက်ရှိတယ်၊ လူသစ်များ အဆင့်သတ်မှတ်ချက်မှာ အဆင့် ဆယ့်နှစ်ကနေ ဆယ့်ရှစ်အထိ ချိတ်ထားတယ်၊ အားလုံးက ဆန်းကြယ်သေခြင်းအဆင့် အစောပိုင်း စွမ်းအား ရှိကြတယ်”
လင်းတုန်က တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “သူတို့ရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံး အပိုင်းက သူတို့ခြောက်ယောက် ပူးပေါင်းတိုက်ခိုက်တာပဲ၊ ဆန်းကြယ်သေခြင်းအဆင့် အလယ်အလတ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်တောင် သူတို့ကို ရှောင်ရှားရလိမ့်မယ်”
“အို၊ သူတို့မှာ တစ်ခုခုတော့ရှိနေတာပဲ”
“မိတ်ဆွေ နှစ်ယောက်၊ ဒီလမ်းက ဖြတ်သွားလို့ ရချင်မှ ရလိမ့်မယ်၊ လမ်းလွှဲသွားဖို့ ငါအကြံပြုတယ်” ခေါင်းဖြတ်သွေးအစောင့်အရှောက်များ၏ ခေါင်းဆောင်က မျက်မှောင်အနည်းငယ် ကြုတ်ကာ သူတို့ကို ကြည့်ရင်း ပြောလိုက်သည်။
ဝူယွမ်နှင့် လင်းတုန် ဖြစ်နေသည်ကို မြင်သောအခါ သူ လှုပ်ရှားရန် သိပ်ပြီး စိတ်အားထက်သန်ခြင်းမရှိပေ။ ဤနှစ်ဦးမှာ အလွန်ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။
“ဟဲဟဲ၊ ဖြတ်သွားလို့ မရတဲ့ လမ်းကို လက်သီးတွေနဲ့ ဖွင့်ရမှာပေါ့”
ဝူယွမ်က သူတို့နှင့် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိပေ။ သူက ရွှေရောင်လက်သီးတစ်ချက် ပစ်သွင်းကာ ရှေ့သို့ တိုက်ရိုက်ပြေးဝင်သွားလေသည်။
“ဝုန်း၊ ဝုန်း... “
တရက်ဆက်လက်သီးခြောက်ချက်က ထိုလူခြောက်ယောက်ကို တိုက်ရိုက် လွင့်စင်သွားစေခဲ့သည်။
အပြင်ဘက်တွင် မှန်မှတစ်ဆင့် အတွင်းရှိ အခြေအနေကို လူတိုင်းမြင်တွေ့နိုင်သည်။
ခေါင်းဖြတ် သွေးအစောင့်အရှောက်များနှင့် ဝူယွမ်တို့ နှစ်ယောက်လုံးမှာ အငြင်းပွားဖွယ်ရာ ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ဆွေးနွေးစရာ အချက်များစွာ ရှိကြသည်။
သူတို့ တွေ့ဆုံကြသောအခါ ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားမည်ဟု လူများက ထင်မှတ်ခဲ့ကြသည်။
သို့သော်လည်း ရိုးရှင်းပြီး ပြတ်သားသော လက်သီးအနည်းငယ်ဖြင့် လူခြောက်ယောက်မှာ လွင့်စင်သွားခဲ့ရသည်။
သူတို့သည် မှန်လေဟာနယ်အတွင်းမှ တိုက်ရိုက်အထိုးခံလိုက်ရခြင်းဖြစ်သည်။
ဝူယွမ်၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသည်။
“လင်းတုန်က အရမ်းအထင်ကြီးဖို့ ကောင်းနေပြီလို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် ဝူယွမ်က ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
“ဝူယွမ်က အရမ်းအစွမ်းထက်တယ်လို့ ငါပြောသားပဲ”
“လင်းတုန်လို အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို နောက်လိုက်အဖြစ် ထားနိုင်တဲ့သူက သေချာပေါက် အားနည်းမှာမဟုတ်ဘူး”
“ဒီနှစ်ယောက်က ဘယ်က ရောက်လာတာလ၊”
လူများက ဝူယွမ်နှင့် အခြားတစ်ယောက်အကြောင်းကို ပို၍စူးစမ်းလိုစိတ် ဖြစ်လာကြသည်။ သူတို့သည် ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် ရှိနေသည်မှာ မကြာသေးဘဲ သတင်းနောက်ကျသူအချို့က ယခုမှသာ သူတို့အကြောင်းကို ကြားဖူးကြခြင်းဖြစ်သည်။
သို့သော်လည်း ယခုမှစ၍ သူတို့နှစ်ဦးသည် လူအများ၏အမြင်ထဲသို့ အပြည့်အဝ ဝင်ရောက်လာပြီဟု မှတ်ယူရမည်ဖြစ်သ