← Chapters

ချင်းတန် ယင်ဒန်ဖွဲ့စည်းခြင်း

Vol. 9 Ch. 84

ချင်းတန် ယင်ဒန်ဖွဲ့စည်းခြင်း

Vol. 9 Ch. 84

ချင်းတန်သည် ရိုးရိုးအရောင်နု ချည်သားဝတ်စုံကို ဝတ်ဆင်ထားသည်။ နှစ်ပေါင်းများစွာ အေးမြသောဒဏ်ကို ခံစားရသည့်အတွက် သူမ၏ခန္ဓာကိုယ်က အတန်ငယ် ပိန်လှီနေသည်။

သို့သော်လည်း ဤဒုက္ခကဘဲ သူမ၏စိတ်စွမ်းအင်ကို ပိုမိုခိုင်မာလာစေခဲ့သည်။

အဆူရာနတ်ဆိုး ခန္ဓာသည် ယင်ဒန်ကို စုစည်းရန်စတင်ဖို့ဆို ပထမဦးစွာ ခန္ဓာကိုယ်အတွင်းရှိ အဆူရာနတ်ဆိုး စွမ်းအင်ကို နိုးကြားစေရန် လိုအပ်သည်။

ဝူယွမ်သည် အဆူရာနတ်ဆိုး စွမ်းအင်၏ ကြောက်မက်ဖွယ်စွမ်းအင်ကို သိရှိထားသောကြောင့် ဝိညာဉ်ဆေးကန်ပတ်လည်တွင် တစ်ချို့အရာများ စီစဉ်ထားပြီး လင်းတုန်အား အပြင်ဘက်တွင် စောင့်ကြပ်ခိုင်းကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချဉ်းကပ်ခွင့် မပြုခဲ့ပေ။

ရှောင်တျောင်းက အဆူရာနတ်ဆိုး ခန္ဓာအကြောင်း အသိဆုံးဖြစ်သော်လည်း လင်းလန်တျန်းနှင့် နောက်ဆုံးတိုက်ပွဲအပြီးတွင် ရှောင်တျောင်းသည် စွမ်းအားကုန်ခမ်းသွားကာ ယခုထိ နိုးကြားမှုမရှိသေးပေ။ ရှောင်တျောင်းမရှိဘဲ လင်းတုန်သည် အတွင်းပိုင်းတွင် အသုံးဝင်မည်မဟုတ်သောကြောင့် သူသည် လင်းတုန်အား တံခါးစောင့်အဖြစ် ထားရှိခဲ့သည်။

သို့သော်လည်း ပျော်ဖွယ် ဆရာကြီး၏ မှတ်ဉာဏ်များကို အမွေဆက်ခံပြီးနောက် ဝူယွမ်သည်လည်း ထိုကဲ့သို့ အလွန်အမင်း အားကောင်းသော ယင်၊ယန် ခန္ဓာများအကြောင်း အနည်းငယ် နားလည်လာခဲ့သည်။

ယင်နှင့် ယန်အယူအဆများ၊ ကျား၊မ ရုပ်ခန္ဓာလေ့လာမှုတို့နှင့် ပတ်သက်၍ သူသည် ပြင်းထန်ယင် ခန္ဓာရှိသည့် အမျိုးသမီးများအား သူတို့၏ ယင်နှင့် ယန် စွမ်းအင်များ ညီမျှအောင် ကူညီပေးခဲ့သည်။

အခြေခံသဘောတရားများသည် ဆက်စပ်နေသည်။

ဝူယွမ်သည် သူ၏အမွေအနှစ်ကို ရရှိခဲ့ပြီး အဲ့ထဲတွင် နည်းလမ်းများ၊ ကျွမ်းကျင်မှုများနှင့် လျှို့ဝှက် ပညာရပ်များ အပါအဝင် များပြားလှသော နှစ်မွှာ လေ့ကျင့်ရေး နည်းလမ်းများ ပါဝင်သည်။

ချင်းတန်၏ ရုပ်ခန္ဓာအနေအထားနှင့် ပတ်သက်၍တော့ သူသည် ပျော်ဖွယ် ပူးပေါင်းရေး ဂိုဏ်း၏ ရှေးဟောင်းလျှို့ဝှက်ချက်များအရ ဖြေရှင်းနိုင်သည်။ ချင်းတန်အား ထိပ်တန်းအဆင့် ကျင့်ကြံခြင်း ကရိယာအဖြစ် တိုက်ရိုက် ဆက်ဆံနိုင်သည်။

သို့သော် ဝူယွမ်က ထိုလမ်းကြောင်းကို မရွေးချယ်ခဲ့ပေ။

ဝူယွမ်သည် ဤနည်းဖြင့် မကုန်ခမ်းနိုင်သော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး လင်းချင်းကျူနှင့် နှစ်ဦးနှစ်ဖက် လေ့ကျင့်ခြင်းမှ ရရှိသည်ထက် ပိုမိုများပြားလိမ့်မည် ဖြစ်သော်လည်း ချင်းတန်သည် ကူညီထောက်ပံ့ရေးကိရိယာ တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

ဤသည်မှာ ဝူယွမ် မျှော်လင့်နေသည့်အရာ မဟုတ်ချေ။

မဟုတ်လျှင် သူက ချင်းတန်၏ ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ရန် ထိုမျှ အားထုတ်ခဲ့မည် မဟုတ်ပေ။

ဝူယွမ်၏ စိတ်နှလုံးထဲတွင် ချင်းတန်သည် အိမ်နီးချင်း ညီမကလေးတစ်ဦးကဲ့သို့ဖြစ်ပြီး ချစ်စရာကောင်းကာ သူ့နားလိုက်ကပ်နေတတ်သော ကလေးမတစ်ဦးလည ဖြစ်သည်။

သူသည် ချင်းတန်အား ပိုမိုကောင်းမွန်သောနည်းလမ်းဖြင့် လုံးဝပိုင်ဆိုင်နိုင်သည်။

သူမအား ကိရိယာတစ်ခုသဖွယ် မဆက်ဆံဘဲနဲ့ပေါ့။

ကိရိယာတစ်ခုအနေနဲ့ဆို လင်းတုန်တစ်ယောက်နဲ့သာ လုံလောက်ပေသည်။

လေအေးတစ်ဖြတ် တိုက်ခတ်လာပြီး ဝိညာဉ်ဆေးကန်ပတ်လည်ရှိ လေထုသည် အနည်းငယ် အေးမြသောကြောင့် ချင်းတန်၏ ခန္ဓာကိုယ်ငယ်ကို တုန်ရီနေစေသည်။

“ဝူယွမ်အစ်ကို၊ ကျွန်မ ထပ်ပြီး ဖက်ခံချင်တယ်”

ချင်းတန်က ရုတ်တရက်ပြောလိုက်သည်။ သူမ ကြာမြင့်စွာ ပြင်ဆင်ထားသော်လည်း ဤအချိန်ရောက်မှ သူမ အနည်းငယ် စိုးရိမ်လာမိသည်။

ယင်ဒန်ကို စုစည်းရန် ခန္ဓာကိုယ်အတွင်းရှိ အအေးဓာတ်စွမ်းအင်ကို လုံးဝ ပေါက်ကွဲစေရန် လိုအပ်သည်၊ ဤသည်မှာ အနည်းငယ် အန္တရာယ်ရှိသော လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်သည်။

အအေးဓာတ်စွမ်းအင်က သူမ၏ခန္ဓာကိုယ်ကို ဝါးမျိုသည့်အခါတိုင်း ချင်းတန်သည် သေလုမျောပါးဖြစ်ပြီး အသက်ရှူကျပ်လာသည်ဟု ခံစားရကာ အကြိမ်တိုင်း အံကြိတ်ရင်း သည်းခံခဲ့ရသည်။

ကောင်ကောင်းပြင်ဆင်ထားသော်လည်း သူမ စိုးရိမ်နေဆဲဖြစ်သည်။ အကယ်၍ သူမ မခံနိုင်ခဲ့ပါက သေဆုံးမည့်အချိန်မတိုင်မီ ဝူယွမ်အစ်ကိုထံမှ ပွေ့ဖက်မှုတစ်ခုရခြင်းသည် ဆုံးရှုံးမှုတစ်ခုမဟုတ်ပေ။

ယခုအခါ သူတို့နှစ်ဦးသာ ဤနေရာတွင် ရှိသည်။

တစ်ဦးတည်းရှိသောအခါတွင် ချင်းတန်သည် အမြဲတမ်း ရင်းနှီးပြီး ရဲရင့်သော လှုပ်ရှားမှုများ ပြုလုပ်ရသည်ကို နှစ်သက်သည်။

“ကလေးမလေး၊ ဘာတွေတွေးနေတာလဲ။ မင်း ယင်ဒန်ကို အောင်အောင်မြင်မြင် စုစည်းနိုင်မှာပါ။ ထိုအချိန်ရောက်ရင် ဖက်တာလောက်ကတော့ ဘယ်လိုဘဲဖက်ဖက် အစ်ကိုက မင်းကို ဖက်ခွင့်ပေးမယ်၊ အစ်ကိုက မင်းကို လိုက်လျောပေးမှာပါ။”

ဝူယွမ်သည် ချင်းတန်၏ ဖြူဖွေးနုနယ်သော မျက်နှာပြင်ငယ်ကို ညင်သာစွာ ပွတ်သပ်ကာ ညင်သာ သောအသံနှင့် အားပေးစကား ပြောဆိုလိုက်သည်။

“ဒါကြောင့် မင်း ဇွဲရှိရမယ်။”

“အင်း။”

ချင်းတန်က အားပြင်းပြင်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူမက မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး စိတ်ကို ရှင်းလင်းကာ ခန္ဓာကိုယ်အတွင်းရှိ အအေးဓာတ်စွမ်းအင်ကို လွှတ်ပေးလိုက်သည်။

ကြာပန်းအနက်ရောင်ဘက်ခြမ်းပေါ်တွင် ချင်းတန်က ငြိမ်သက်စွာ ထိုင်နေသည်။ သူမ၏ပတ်ဝန်းကျင်တွင် ယင်ရှစွမ်းအင်များ ဖြည်းညင်းစွာ လှည့်ပတ်နေပြီး ကြာပန်းသည်ပင် ရေခဲတစ်ထပ် ဖုံးလွှမ်းသွားသည်။

ဝူယွမ် တည်ရှိရာ ကြားပန်းအဖြူဘက်ခြမ်းကနေ အလိုအလျောက် အလင်းရောင်ထွက်လာပြီး ယင်၌ပါရှိသော ယန်စွမ်းအင် နိုးကြားလာကာ ချင်းတန်ထံမှ ယင်ရှစွမ်းအင်ကို ဝူယွမ်အား အလိုအလျောက် ခုခံကာကွယ်ပေးသည်။

ချင်းတန်၏ မျက်ခုံးနှစ်ခုကြားတွင် အလင်းတစ်ခု ပေါ်လာပြီး နီဝမ်နယ်ပယ်သည် ပွင့်သွားကာ တိုင်ယင်းဝိညာဉ် အဆောင်သုံးခု ပေါ်ထွက်လာသည်။

ပေါ်လာသည်နှင့်တပြိုင်နက် တိုင်ယင်းဝိညာဉ် အဆောင်များသည် စတင်လှည့်ပတ်ပြီး ပတ်ဝန်းကျင်ရှိ ယင်ရှစွမ်းအင်များသည် ချင်းတန်၏ ခန္ဓာကိုယ်ဆီသို့ အလိုအလျောက် စုရုံးလာသည်။

ပတ်ဝန်းကျင်တစ်ခုလုံး လျင်မြန်စွာ မှောင်မိုက်သွားပြီး ချင်းတန်၏ အပေါ်တွင် မည်းနက်သော တိမ်တိုက်တစ်ခုကဲ့သို့ ဖြစ်ပေါ်လာသော ယင်ရှစွမ်းအင်ကို တိုက်ရိုက်မြင်နိုင်သည်။

ဤအချိန်တွင် ချင်းတန်၏ ခန္ဓာကိုယ်အတွင်းရှိ ယင်ရှစွမ်းအင်သည် လုံးဝ ပေါက်ကွဲထွက်မလာ သေးသော်လည်း ပတ်ဝန်းကျင်ကို ပြောင်းလဲစေခဲ့သည်။ ယင်ရှစွမ်းအင်သည အမှန်တကယ် ပေါက်ကွဲလာသည့်အခါ မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို မြင်ယောင်ကြည့်နိုင်သည်။

ချင်းတန်က မျက်လုံးများကို တင်းတင်းကျပ်ကျပ် မှိတ်ထားပြီး တိုင်ယင်းဝိညာဉ် အဆောင်များမှ စုရုံးလာသော ယင်ရှစွမ်းအင်များ စီးဝင်လာခြင်းနှင့်အတူ သူမ၏ခန္ဓာကိုယ် အနက်ထဲတွင် ပုန်းအောင်းနေသော ကြောက်မက်ဖွယ် အအေးဓာတ်စွမ်းအင်သည်လည်း ပြန်လည်ပေါ်ထွက်လာသည့် လက္ခဏာများ ပြသလာကာ အအေးဓာတ် လက္ခဏာများ ဖြည်းဖြည်းခြင်း စိမ့်ထွက်လာသည်။

အအေးဓာတ်စွမ်းအင်များ တစ်စက်ချင်းစီ စိမ့်ထွက်လာပြီး၊ နာရီဝက်ခန့်အကြာတွင် ချင်းတန်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ရီလာပြီး သူမ၏ခန္ဓာကိုယ်အတွင်းရှိ ယင်ရှစွမ်းအင်သည် ပေါက်ကွဲထွက်လာသည်။

ကြောက်မက်ဖွယ်ရာ ယင်ရှစွမ်းအင်သည် ဧရာမမြွေကြီးများကဲ့သို့ ချင်းတန်၏ ခန္ဓာကိုယ်မှ အရူးအမူး ထွက်ပေါ်လာသည်။ ခဏအတွင်းမှာပင် ဝိညာဉ်ဆေးကန်တစ်ခုလုံး အအေးငွေ့များဖုံးလွှမ်းသွားပြီး လေတိုက်ခတ်မှုကြောင့် အရိုးကိုပါ ဖြတ်တောက်နိုင်သော ဓားကဲ့သို့ ချမ်းစိမ့်သော အ‌ေအးဓာတ်ကို ထုတ်လွှတ်နေသည်။

ကန်ရေသည် လျှင်မြန်စွာ ခဲသွားပြီး ရေခဲထူထူများ ပြန့်နှံ့သွားသည်။

ဝူယွမ်သည် ထိုမြင်ကွင်းကို ကြည့်ရှုရင်း မျက်နှာပြင်တွင် လေးနက်သော အမူအရာ ပေါ်လာသည်။ ဤသည်မှာ သူပထမဆုံးအကြိမ် ကြောက်မက်ဖွယ်ရာ ယင်ရှစွမ်းအင်ကို မြင်တွေ့ဖူးခြင်းဖြစ်သည်။ ယင်ရှစွမ်းအင်တိုက်စားမှု အောက်တွင် သူပင် ခန္ဓာကိုယ်အတွင်း၌ သွေးခဲတော့မလို ခံစားနေရသည်။ သူက ချက်ချင်းပင် ယန်စွမ်းအင်ကို အသုံးပြုကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လိုက်ပြီးမှသာ ခဲတော့မလိုခံစားရသည်မှာ သိသိသာသာ လျော့နည်းသွားသည်။

“အဆင့်ကိုးထက် မြင့်တယ်။”

ဝူယွမ်သည် စိတ်ထဲတွင် ယင်ရှစွမ်းအင်ကို အဆင့်သတ်မှတ်လိုက်သည်။

ချင်းတန်၏ ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ ပုန်းအောင်းနေသော ယင်ရှစွမ်းအင်စွမ်းအားသည် အရင်က သူစုပ်ယူခဲ့သော တိုင်ယင်း ပြင်းထန် ယင်စွမ်းအင်ထက် သန့်စင်မှု မလျှော့သည့်အပြင် အအေး ဂုဏ်သတ္တိပိုရှိသည့်အတွက် အတော်လေးကြီးမားသော ဖျက်ဆီးနိုင်စွမ်းရှိသည်။

အဆူရာနတ်ဆိုး ခန္ဓက၊ အလွန်အမင်း ယင်ဓာတ်ပြင်းထန်လွန်းသည်။ နှစ်ပေါင်းများစွာကြာအောင် ချင်းတန်၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီးကြားရှိ ယင်ရှစွမ်းအင်ကို အဆက်မပြတ်စုပ်ယူခဲ့သည်။ ယင်ရှစွမ်းအင်ကို ဆယ်စုနှစ်ကျော်ကြာ စုဆောင်းခဲ့ပြီးနောက် သန့်စင်ပြင်းထန်တဲ့ စွမ်းအားရှိလာခဲ့သည်။

ယခု ချင်းတန်လိုအပ်သည်မှာ ထိုစွမ်းအင်ကို ထိန်းချုပ်ရန်ဖြစ်သည်။ အကယ်၍ သူသာအောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပါက သူမသည် အတုမရှိသော ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်လိမ့်မည်ဖြစ်ပြီး သူမ၏အနာဂတ် အောင်မြင်မှုများသည်လည်း မတိုင်းတာနိုင်ပေ။

“အချိန်တန်ပြီ။”

ဝူယွမ်သည် ပြင်းထန်ယင် နဂါးသွားရည်မှ သန့်စင်ထားသော ဆေးလုံးများကို ကိုင်ထားသည်။

သူက ဝိညာဉ်စွမ်းအင်ကို ထုတ်လွှင့်လိုက်ကာ

“ချင်းတန်၊ ပါးစပ်ဖွင့်ပါ။”

ချင်းတန်၏ အနည်းငယ် ဖြူဖတ်ဖြူရော်ရှိသော ပါးစပ်လေးသည် ဖြည်းဖြည်းခြင်း ပွင့်သွားပြီး ဝူယွမ်က လက်ဝါးကို လှုပ်ရမ်းကာ ဆေးပြားသုံးလုံးစလုံးကို ချင်းတန်၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ဆေးပြားများက ထိတွေ့သည်နှင့် အရည်ပျော်သွားပြီး ကြွယ်ဝသော ယင်ရှစွမ်းအင်က ပျော်ဝင်သွားသည်။

ကြားပန်းပေါ်မှ ချင်းတန်၏ မျက်နှာပြင်တွင် ချက်ချင်းပင် ချုပ်တည်းမရသော နာကျင်မှုတစ်ခု ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တုန်ရီလာကာ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်နေသော ယင်ရှစွမ်းအင်သည် မည်းသွားတော့မည့် လက္ခဏာများ ပြသလာပြီး ထိုယင်ရှစွမ်းအင်သည် ရုတ်တရက် ပိုမိုပြင်းထန်လာသည်။

အတွင်းပိုင်းနှင့် အပြင်ပိုင်း ယင်ရှစွမ်းအင်များ ချိတ်ဆက်မှုကြောင့်။

သူမ၏ အဆူရာနတ်ဆိုး စွမ်းအင်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

စွမ်းအားကြီး အဆူရာနတ်ဆိုး စွမ်းအင်သည် ကြီးမားသော ကြိုးများကဲ့သို့ ချင်းတန်၏ ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေသည်။ ဤအဆူရာနတ်ဆိုး စွမ်းအင်များက ရောယှက်နေပြီး ကြီးမားသော လေပြင်ကြီးတစ်ခုကဲ့သို့ ပတ်ဝန်းကျင်သို့ လှိမ့်သွားသည်။

အပြင်ဘက်မှ ကြည့်ရှုနေသော လင်းတုန်သည် သူ၏ညီမအပေါ် အလွန်အမင်း စိုးရိမ်နေသည်။ ရုတ်တရက် အတိုင်းမသိ အေးမြသော လေတိုက်ခတ်မှုတစ်ခု အတွင်းမှ ထွက်ပေါ်လာသည်။

ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်မှ သူပင် အမှန်တကယ် တုန်ခါပြီး လှုပ်ရှားမရဖြစ်နေသည်။

တိုင်ယင်းဝိညာဉ် အဆောင်များဖြင့် ချင်းတန်က ထုတ်လွှတ်လိုက်သော အဆူရာနတ်ဆိုး စွမ်းအင်သည် မူရင်းဇာတ်လမ်းထဲငထက် ပိုအားပြင်းလာဟန်ရသည်။

“ဘယ်လောက် စွမ်းအားပြင်းပြှး အေးစက်တဲ့စွမ်းအင်လဲ။”

လင်းတုန်က ယွမ်ဒန်ကို လှည့်ပတ်ပြီး အအေးဓာတ် စွမ်းအင်ကို ခန္ဓာကိုယ်မှ တွန်းထုတ်လိုက်သည်။

သူနောက်ဆုံးတွင် နားလည်သွားသည်။ ထို့ကြောင့် သူ၏အစ်ကိုကြီးက သူ့အား ဤနေရာတွင် စောင့်ကြပ်ခိုင်းပြီး မည်သူကိုမျှ ချဉ်းကပ်ခွင့်မပြုရန် တားမြစ်ထားခြင်းဖြစ်သည်။

အစောက အေးမြသောစွမ်းအင်လေတိုက်ခတ်မှုသည် ရှေးဟောင်းဂူသင်္ချိုင်းအတွင်းက သူနှင့် သူ၏အစ်ကိုကြီးမှလွဲ၍ လာရောက်သူမည်သူမဆို၊ သေဆုံးကြလိမ့်မည်။

“ချင်းတန် အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။” လင်းတုန်သည် သူ၏စိတ်နှလုံးထဲမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေခဲ့သည်။

ကြာပန်းပေါ်ရှိ ဝူယွမ်၏ မျက်နှာအမူရာ ပြောင်းလဲသွားသည်။ အထွတ်အထိပ်စွမ်းအားဖြင့် ပြင်းထန်စွာပေါက်ကွဲထွက်လာသော ဤအဆူရာနတ်ဆိုး စွမ်းအင်သည် သဏ္ဍာန်ပြောင်းအတင့် ရောက်ရှိပြီးသားဖြစ်သော သူ့ကိုပင် ခြိမ်းခြောက်မှုတစ်ခု ခံစားရစေသည်။

အခုအချိန်တွင် ချင်းတန် ခံစားနေရသည့် နာကျင်မှုကို မြင်ယောင်ကြည့်နိုင်သည်။

သူမ၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမ၏မျက်နှာသည်လည်း နာကျင်မှုဝေဒနာ၏ မျက်နှာဖုံးတစ်ခုတပ်ထားသကဲ့သို့ ဖြစ်နေသည်။

ဝူယွမ်သည် ချက်ချင်းပင် စွမ်းအားပြင်းသော စင်ကြယ်သည့် ယန်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ ပြင်းထန်သော ယန်စွမ်းအင်ထုတ်လွှတ်မှုကြောင့် ချင်းတန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော အဆူရာနတ်ဆိုး စွမ်းအင်သည်လည်း မည်းနက်သော မီးခိုးများ ထွက်ပေါ်လာပြီး စွမ်းအင်ပေါက်ကွဲမှုသည် အတင်းအဓမ္မ ဖိနှိပ်ခံလိုက်ရသည်။

သို့သော် ဤသည်မှာ မလုံလောက်သေးပေ၊ အဘယ်ကြောင့်ဆိုသော် တိုင်ယင်းဝိညာဉ် အဆောင်များကြောင့် ပြင်းထန်သော အဆူရာနတ်ဆိုး စွမ်းအင်သည် ချင်းတန်၏ ခန္ဓာကိုယ်အတွင်း၌ ကျန်ရှိနေသေးသည်။

“ချင်းတန်၊ ငါနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ မင်းရဲ့ အဆူရာနတ်ဆိုး စွမ်းအင်တစ်စိတ်တစ်ပိုင်းကို စုပ်ယူဖို့ ငါ ကူညီမယ်။ ငါပြောတဲ့အတိုင်း လုပ်ပါ။”

ဝူယွမ်သည် အသံလွှင့်ပြီး ချင်းတန်ထံသို့ ချဉ်းကပ်လာသည်။

သူက ပျော်ဖွယ် ဆရာကြီး၏ မှတ်ဉာဏ်များထဲမှ လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးချပြီး ချင်းတန်၏ ခန္ဓာကိုယ်မှ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ထုတ်ယူမလို့ဖြစ်သည်။

ချင်းတန်၏ ချယ်ရီပန်းကဲ့သို့ နုနယ်သော နှုတ်ခမ်းလေးနှင့် တွေ့ဆုံပြီး ဝူယွမ်ကိုယ်က ကိုင်းညွှတ်သွားသည်။

ထိမိသည်နှင့် အေးစက်သော ခံစားချက်က ဝူယွမ်၏ နှုတ်ခမ်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပြန့်နှံ့သွားသည်။

ဝူယွမ်သည် လက်သင်္ကေတများကို အဆက်မပြတ် ပုံဖော်နေပြီး အံ့ဖွယ်သင်္ကေတများ ပေါ်လာကာ သူ၏လက်များသည် ပန်းခူးသကဲ့သို့ ရွေ့လျားနေပြီး သူ၏လက်ချောင်းများသည် အံ့ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားကာ ချင်းတန်၏ အဓိက‌နေရာများကို တစ်ခုပြီးတစ်ခု တိကျစွာ ထိနေသည်။

ထိုအချိန် ချင်းတန်၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး မူလက အေးခဲနေသော ခန္ဓာကိုယ်သည် အနည်းငယ် နွေးထွေးလာသည်။

အလွန်အမင်း တောင့်တင်းမနေတော့ဘဲ အနည်းငယ် တုန်ရီနေသည်။

ဤအချိန်တွင် အဆူရာနတ်ဆိုး စွမ်းအင်သည် ချက်ချင်းပင် ချင်းတန်၏ ပါးစပ်ဆီသို့ မြန်မြန်ဆန်ဆန် စုစည်းလာသည်။ မကြာမီတွင် အတွင်းပိုင်းနှင့် အပြင်ပိုင်းမှ စုရုံးလာသော ယင်ရှစွမ်းအင်သည် ပြင်းထန်စွာလှုပ်ရှားလာပြီး ယင်ရှစွမ်းအင်အရည်အဖြစ်သို့ ပြောင်းလဲသွားသည်။

ချင်းတန် သည် ဝူယွမ်၏ အရင်က ဝိညာဉ်ရေးရာ ညွှန်ကြားချက်များအတိုင်း ဤအေးစက်သော ယင်ရှစွမ်းအင်အရည်ကို ထုတ်ပေးလိုက်သည်။

ဝူယွမ်၏ လျှာသည် အနည်းငယ် ပျော့ပျောင်းသော လျှာနှင့် တွေ့ဆုံသွားပြီး ကျွမ်းကျင်စွာ ဆွဲယူကာ မျိုချလိုက်သည်၊ ပါးစပ်အပြည့် အေးမြမှုသည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ချင်းတန်၏ ထူးခြားသော ရနံ့ပါသည့် ယင်ရှစွမ်းအင်တံတွေးကို ဝူယွမ်၏ အထူးလျှို့ဝှက်နည်းလမ်းဖြင့် တစ်စိတ်တစ်ပိုင်း အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့သည်။

စင်ကြယ်သော ယင်ရှစွမ်းအင်သည် ဝူယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ဒန်တီယန်တွင် ယာယီ ဖိနှိပ်ထားလိုက်သည်။

ဤအချိန်တွင် အသုရနတ်ဆိုး စွမ်းအင်သည် သိသိသာသာ အားနည်းသွားပြီး လုံးဝ ဖိနှိပ်ခံလိုက်ရသည်။

ချင်းတန်၏ မျက်နှာပေါ်တွင် နာကျင်နေသည့်အမူအရာက နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး ဖိအားများမှ လွတ်မြောက်ပြီးနောက် သက်သာရာရသည့် ခံစားချက်က အစားထိုးသွားသည်။

ဝူယွမ်က ချက်ချင်း သတိပေးသည်။

“ချင်းတန်၊ အေးဆေးနေဖို့ အချိန်မရသေးဘူး။ စိတ်ကို အမြန်စုစည်းပြီး အဆူရာနတ်ဆိုး စွမ်းအင်ကို စုစည်းလိုက်ပါ။ မင်းရဲ့ ခန္ဓာကိုယ်ထဲက အဆူရာနတ်ဆိုး စွမ်းအင်ကို ယင်ဒန်အဖြစ် ဖွဲ့စည်းနိုင်မှ မင်းက အဲ့တာကို လုံးဝ ထိန်းချုပ်နိုင်မှာ။”

တိုင်ယင်းဝိညာဉ် အဆောင်များ၏ သက်ရောက်မှုသည် နောက်ဆုံးတွင် ပေါ်လာကာ၊ ချင်းတန်၏ ရှေ့တွင် ကြီးမားပြီး မည်းနက်သည့် ရေဝဲတစ်ခု ဖွဲ့စည်းလာသည်။

တဖြည်းဖြည်း ထိုရေဝဲကြီးက အဆူရာနတ်ဆိုး စွမ်းအင်ကို စုစည်းနေသည်။

ချင်းတန်က ထိန်းချုပ်ထားသည့် သူမ၏ခန္ဓာကိုယ်အတွင်းရှိ အသုရနတ်ဆိုး စွမ်းအင်များသည် ချက်ချင်းပင် ဆူညံသံများထွက်လာပြီး သူမ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများ၊ အသားများနှင့် အရိုးများကို ဖြတ်သန်းသွားသည်နှင့်အမျှ ချင်းတန်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီလာကာ ဓားဖြင့် ခုတ်ပိုင်းခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုက သူမ၏ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသို့ စိမ့်ဝင်သွားသည်။

ချင်းတန်သည် အံကြိတ်ထားပြီး ဇွဲရှိရှိ ဆက်လက်ဖွဲ့စည်းနေသည်။

“ငါ ဇွဲရှိရမယ်။ ဝူယွမ်အစ်ကိုရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုက ငါ့ကို စောင့်မျှော်နေသည်၊ ငါ အဲ့အခွင့်အရေးကို ဆုံးရှုံးခံလို့မရဘူး။”

“ဒါကနည်းနည်းလေး နာကျင်တာပါ၊ ဝူယွမ်အစ်ကိုနဲ့ ထာဝရအတူရှိဖို့ အတွက်၊ ငါ သည်းခံနိုင်ရမယ်”

အားပြင်းသော စိတ်ဆန္ဒအောက်တွင်၊ ချင်းတန်သည် ဇွဲရှိရှိနှင့် အဆုံးထိ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

စိတ်ရဲ့ စွမ်းအားကို အမြဲယုံကြည်ပါ။

လက်ရှိအချိန်တွင် ချင်းတန်က ဝူယွမ်အစ်ကိုကို ဆက်လက်တွေးတောနေဆဲဖြစ်ပြီး သူ၏ ပွေ့ဖက်မှုကို တောင့်တနေဆဲဖြစ်သည်။

အဆူရာစွမ်းအင်သည် သူမ၏ခန္ဓာကိုယ်ထဲကို စီးဆင်းကာ ပြင်းထန်သော နာကျင်မှုကို ယူဆောင်လာသော်လည်း၊ တစ်ချိန်တည်းမှာဘဲ သူမ၏အသား၊ အရိုးများနှင့် အတွင်းအင်္ဂါများပင် ဤပြင်းထန်သော နာကျင်မှုအောက်တွင် တဖြည်းဖြည်း သန်မာလာသည်ကို ခံစားရသည်။

ထိုသန်မာမှုသည် သူမအား ထိုစွမ်းအားပြင်းထန်သော အသုရနတ်ဆိုးစွမ်းအင်ကို အပြည့်အ၀အသုံးချနိုင်စေရန် တဖြည်းဖြည်း လုပ်ဆောင်ပေးနိုင်သည်။

သူမ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားပြင်းသော စွမ်းအင်ကို သူမ ကိုယ်တိုင် ဖြည်းဖြည်းချင်း ထိန်းချုပ်လာနိုင်သည်ကို ခံစားရသောအခါ ချင်းတန်၏ စိတ်ဓာတ်က ပိုမိုတက်ကြွလာသည်။

သူမသည် သူမ၏အစ်ကိုများအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်လိုတော့ပေ။ ဒီကာလပတ်လုံး ချင်းတန်သည် သန်မာလာချင်ခဲ့ပြီး သူမသည် သူမ၏အစ်ကိုများကို ကူညီနိုင်ပြီး သူတို့နှင့်အတူ စွန့်စားခန်းထွက်ရန် စွမ်းအားရှိလိုသည်။

ချင်းတန်သည် သူမ၏တောင့်တင်းနေသောလက်များကို ဆုပ်ကိုင်လိုက်ပြီး သူမ၏စိတ်နှလုံးထဲရှိ ခိုင်မာသော ယုံကြည်ချက်ကြောင့် အဆူရာနတ်ဆိုး စွမ်းအင်ကို မြန်မြန်ဆန်ဆန် ဖိနှိပ်နိုင်ခဲ့သည်။ သူမ၏ပတ်ဝန်းကျင်ရှိ အဆူနတ်ဆိုး စွမ်းအင်သည် လှိုင်းထလာပြီး နောက်ဆုံး သူမ၏ရှေ့တွင် အမည်းရောင်အလင်းမျှင်တစ်မျှင် ဖြစ်ပေါ်လာသည်။

ထိုအမည်းရောင်အလင်းမျှင်ထဲသို့ ယင်ရှစွမ်းအင်များ ပိုစုပ်ယူလာသည်နှင့်အမျှ အမည်းရောင်အလင်းသည်လည်း တဖြည်းဖြည်း တောက်ပလာသည်။ နောက်ပိုင်းတွင် ထိုအမျှင်လေးသည် လက်မခန့်အရွယ်အစားရှိ နက်ရှိုင်းသော အမည်းရောင် ယင်ဒန်တစ်ခုအဖြစ် လှည့်ပတ်လာပြီး ဖြည်းဖြည်းချင်း စုစည်းလာသည်။

ယွမ်ဒန်သည် ထုထည်ကြီးမားခြင်းမရှိသော်လည်း နက်ရှိုင်းသောအမည်းရောင်ဖြင့် ပြည့်နှက်နေပြီး အမြင်အာရုံကိုပင် မျိုချနိုင်သည်ဟုထင်ရကာ အတော်လေး ကြောက်မက်ဖွယ်ကောင်းသည်။

ထို့အပြင် ဤနက်ရှိုင်းသော အမည်းရောင် ယွမ်ဒန် ဖွဲ့စည်းသည့် အခိုက်အတန့်တွင် ချင်းတန်၏ စွမ်းအင်သည် တစ်ဖန် အရူးအမူး တက်ကြွလာခဲ့သည်။

ဤသည်မှာ သူမ ရရှိခဲ့သော စွမ်းအင်အသစ်ဖြစ်သည်၊ အဆူရာနတ်ဆိုး ယွမ်စွမ်းအင်ဘဲဖြစ်သည်။

ဝူယွမ်၏ သိထားသလောက်ဆို ဤစွမ်းအင်သည် ထိပ်တန်းအဆင့် ယင်နှင့် ယန် စွမ်းအင်များမှ ပေါင်းစည်းထားသော သူ၏ ခရမ်းရွှေရောင် ယွမ်စွမ်းအင်ထက် အားမနည်းဘဲ လင်းတုန်၏ ယွမ်စွမ်းအင်ထက် သာလွန်ကာ စွမ်းအားပြင်းထန်သော ယင်အ‌အေးဓာတ် ဂုဏ်သတ္တိများနှင့် ပေါင်းစပ်ထားသောကြောင့် သူမ၏ ယွမ်စွမ်းအင်က ပိုအားပြင်းပြီး ထက်မျှသည်။

အကယ်၍ ဤသည်ကို တိုက်ပွဲတွင် အသုံးပြုပါက၊ လူအများစု၏ ယွမ်စွမ်းအင်ကို အမှန်တကယ် ချေမှုန်းနိုင်ပေလိမ့်မည်။

စင်ကြယ်သော ယင် သို့မဟုတ် ယန် ရုပ်ခန္ဓာက ကျင့်ကြံခြင်းတွင် အတုမရှိသော အားသာချက်ရှိသည်မှာ အမှန်ပင်။

ဝိညာဉ်စွမ်းအင် ရေဝဲကြီး ပျောက်ကွယ်သွားပြီး ချင်းတန်သည် အနည်းငယ် နီရဲနေသော ပါးစပ်လေးကို ဖွင့်ကာ အဆူရာနတ်ဆိုး ယင်ဒန်ကို မျိုချလိုက်သည်။

တိုင်ယင်းဝိညာဉ် အဆောင်များသည်လည်း သူမ၏ နီဝမ်နယ်ပယ်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

ချင်းတန်က နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏ ရှင်းလင်းတောက်ပသော မျက်လုံးများထဲတွင် အလင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဤအချိန်တွင် ချင်းတန်၏ မျက်လုံးနှစ်လုံးမှ အနည်းငယ် ကြောက်မက်ဖွယ်ရာ အမည်းရောင် အလင်းတန်းနှစ်ခုသည် သူမနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ဝူယွမ်ဆီသို့ တိုး၀င်သွားသည်။

ဝူယွမ်က ချက်ချင်းဘဲ သူ၏ မှော်ကျောက်စိမ်းလက် ဖြင့် ချင်းတန် အလိုလျှောက် ထုတ်လွှတ်လိုက်သော အလင်းတန်းကို ကာကွယ်ခဲ့သည်။ အလင်းတန်းသည် ကန်ရေပေါ်သို့ ကျရောက်သွားပြီး အသံတစ်ခုနှင့်အတူ ကန်ရေထဲတွင် မရေမတွက်နိုင်သော အမည်းရောင် ရေခဲတိုင်များ ချက်ချင်း ထိုးထွက်လာခဲ့သည်။

အချိန်ကြာမြင့်စွာ စုဆောင်းပြီး နောက်ဆုံးတွင် ပေါက်ကွဲထွက်လာသည်၊ ယင်ဒန် ဖွဲ့စည်းပြီးနောက် ချင်းတန်၏ စွမ်းအင်အဆင့်သည် အရူးအမူး ဆက်တိုက် ထိုးတက်လာလေသည်။

ယွမ်ကောင်းကင်နယ်ပယ် အစောပိုင်း၊ အလယ်အလတ်၊ အဆင့်မြင့်

ယွမ်ကောင်းကင်နယ်ပယ်အဆင့်ကို တိုက်ရိုက်ကျော်လွှားကာ ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအထိ ထိုးတက်လာသည်။

“ဝူယွမ်အစ်ကို၊ ကျွန်မ အောင်မြင်သွားပြီ။”

ချင်းတန်က အံ့အားသင့်ပြီး အော်ဟစ်ကာ ချက်ချင်းပင် ဝူယွမ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။

“အင်း၊ အခုတော့ အဆင်ပြေသွားပြီ၊ အအေးဓာတ်စွမ်းအင်က မင်းရဲ့ခန္ဓာကိုယ်ကို ဝါးမျိုတော့မှာမဟုတ်ဘူး၊ ဒီလိုနာကျင်မှုမျိုးကို ထ့်မခံစားရတော့ဘူး။”

ဝူယွမ်သည် သူမ၏ ကျောပြင်ကို ညင်သာစွာ ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

“အင်း၊ အင်း၊ အင်း။”

ချင်းတန်သည် ကြက်ပေါက်စ စပါးနှံကောက်သကဲ့သို့ ဆက်တိုက်ခေါင်းညိတ်‌နေသည်။

ရှင်းရှင်းလင်းလင်းပင်၊ အခုအချိန်က သူမ စိတ်သက်သာရာရမှုကို ခံစားနေရသည်။ ဆယ်စုနှစ်ကျော်ကြာ ခံစားနေရသော နာကျင်မှုသည် ယနေ့တွင် လုံးဝ သက်သာသွားခဲ့သည်။

“ခဏစောင့်အုံး၊ ချင်းတန်၊ မင်း မစုပ်ယူရသေးတဲ့ စွမ်းအင်လှိုင်း တစ်ခုရှိသေးတယ်။” ဝူယွမ်သည် ရုတ်တရက် ချင်းတန်ကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ကြည့်ရင်းပြောလိုက်သည်။

သူ၏ ဒန်တျန်ထဲတွင် ပြင်းထန်သော ယင်ရှစွမ်းအင်တစ်စု ရှိနေဆဲဖြစ်သည်။

သူက ဤစွမ်းအင်ကို သူကိုယ်တိုင် အသုံးမပြုဘဲ ချင်းတန်ထံသို့ ပြန်လည်ပေးအပ်ရန် ရည်ရွယ်သည်။

အရင်က စွမ်းအင်များ အလွန်များပြားလွန်းပြီး ချင်းတန် တစ်ကြိမ်တည်းဖြင့် ကိုင်တွယ်နိုင်ခြင်းမရှိသောကြောင့်သာ သူက တစ်စိတ်တစ်ပိုင်း ဖြတ်ယူခဲ့ခြင်းဖြစ်သည်။

ယခုအခါ ချင်းတန်က ယင်ဒန်ကို စုစည်းပြီးပီဖြစ်သဖြင့် ထိုစွမ်းအင်အစုကို စုပ်ယူရန် ပြဿနာမရှိပေ။

“ဝူယွမ်အစ်ကိုက ဒါကို မသန့်စင်ခဲ့ဘူးလား”

ချင်းတန်၏ မျက်နှာလေး နီမြန်းသွားပြီး ရှက်ကြောက်စွာ ပြောလိုက်သည်။

“အဆင်ပြေပါတယ်၊ အစ်ကိုက မင်းဆီ ပြန်ပေးနိုင်သေးတယ်။”

ဝူယွမ်သည် ဆိုးယုတ်သော အပြုံးတစ်ခုဖြင့် ပြောသည်။

“ဘယ်လိုလဲ။”

ချင်းတန်က စိတ်ရှုပ်ထွေးသွားပြီး ဤမေးခွန်းသည် သူမ၏ ဦးနှောက်လေးကို အလုပ်ရှုပ်သွားစေခဲ့သည်။

“အစက လွှဲပြောင်းပေးခဲ့တဲ့ နည်းလမ်းအတိုင်း ပြန်ပေးမှာပါ။”

ဝူယွမ်သည် ချင်းတန်ကို ယင်ယန်အမွှာ ကြာပန်းပေါ်သို့ အားဖြင့် ဖိချလိုက်သည်။

ထို့နောက် နှုတ်ခမ်းနီနီရဲရဲကလေးကို သူ့နှုတ်ခမ်းဖြင့်ပိတ်ကာ စကားမပြောနိုင်အောင်လုပ်လိုက်သည်။

မွှ ပြွတ် ~

ချင်းတန်က ရုတ်တရက် အားပြင်းသော စွမ်းအင်လှိုင်းတစ်ခု သူမ၏ လျှာအတွင်းမှ ကိုယ်ထဲထိ၀င်လာပြီး သူမ၏အတွင်းပိုင်းတစ်လျှောက် ဖြတ်သန်း သွားသည်ကို ခံစားလိုက်ရသည်။

ဤဖြစ်စဉ်အတွင်း ဝူယွမ်သည် သူ၏ အံ့ဖွယ်နည်းလမ်းကိုထပ်မံ အသုံးပြုခဲ့ပြီး လက်သင်္ကေတများ ဖွဲ့စည်းကာ ချင်းတန်၏ ခန္ဓာကိုယ် အဓိကအစိတ်အပိုင်းများကို အဆက်မပြတ် တစ်ခုပြီးတစ်ခု ထောက်ကာ ဤစွမ်းအင်ကို သန့်စင်ရန် ကူညီပေးခဲ့သည်။

သူမ၏ စွမ်းအင်သည် နောက်တစ်ကြိမ် မြင့်တက်လာခဲ့သော်လည်း ယခင်ကကဲ့သို့ အရူးအမူးမဟုတ်ဘဲ ရေစီးကြောင်းကဲ့သို့ ဖြည်းဖြည်းနဲ့မှန်မှန် တက်လာခြင်းဖြစ်ခဲ့သည်။

နောက်ဆုံးတွင် ယယွမ်ဒန်အဆင့်ပြီးပြည့်စုံသော အောင်မြင်မှု သို့ ရောက်ရှိသွားသည်။

“ဒီလောက်ဆို လုံလောက်ပြီ။”

ဝူယွမ်သည် မတ်တတ်ထရပ်လိုက်ပြီး အနည်းငယ် မကျေနပ်သေးသကဲ့သို့ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဝူယွမ်အစ်ကို၊ ဒါက ဘယ်လို မှော်အတတ်မျိုူလဲ။ ကျွန်မ ဘာမှ မလုပ်လိုက်ရဘဲနဲ့ စွမ်းအင်ကို သူ့အလိုလို စုပ်ယူပြီး ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအထိ ရောက်သွားတယ်”

ချင်းတန်က အတော်လေး အံ့အားသင့်နေသည်။

ဝူယွမ် - “ဒါကို လျှို့ဝှက်ထားရမယ်နော်။ ဒီနည်းလမ်းကို မင်းအတွက်ပဲ သုံးပေးတာ”

All Chapters