← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁) - ရွှေဥပေါက်ခြင်း၊ ခြေသုံးချောင်း ရွှေကျီးကန်း ထွက်ပေါ်လာခြင်း(၁)

ကမ္ဘာသစ်ပင်ပေါ်တွင် ပူပြင်းသော စွမ်းအင်များ ပြန့်နှံ့နေပြီး အနီရင့်ရောင် အလင်းတန်းများက စိမ်းလန်းသော သစ်ရွက်များကို ထိုးဖောက်သွားခဲ့လေသည်။

နက်နဲလှသော ရူန်းစာလုံး မျိုးစုံဖြင့် ရစ်ပတ်ထားသည့် တောက်ပသော ရွှေဥကြီး တစ်လုံးသည် နေရောင်ခြည်သလင်းကျောက်ထံမှ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေခဲ့၏။

အလင်းတန်းများက ရွှေဥကြီး အတွင်းသို့ တိုးဝင်သွားပြီး အနီရင့်ရောင် စွမ်းအင်များက အရည်ပျော်နေသော ချော်ရည်များအလား စုစည်းကာ ဥအတွင်းသို့ စီးဝင်နေခဲ့သည်။

ဝီ... ဝီ... ဝီ...

ထိုဖြစ်စဥ်အတွင်း ရွှေဥကြီးမှာ တုန်ခါနေခဲ့၏။

ဝူယွမ်နှင့် အခြားသူများက စူးစိုက်ကြည့်နေကြလေသည်။ ဤသည်မှာ အရေးကြီးသော အခိုက်အတန့် ဖြစ်၏။

ကြည့်ရသည်မှာ ဥက ပေါက်တော့မည့်ပုံ ပေါ်နေလေသည်။

ဤရွှေကျီးကန်း ဥမှာ ဝူယွမ် မြင်ဖူးသမျှထဲတွင် အံ့ဩစရာအကောင်းဆုံးသော မိစ္ဆာသားရဲဥ တစ်လုံး ဖြစ်လေသည်။

၎င်းကို မဟာယန်ပြည်ထောင်စု၏ မြူခိုးသစ်တောတွင် သူ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် ယန်အနှစ်သာရအရည်ဖြင့် နှစ်ပေါင်းများစွာကြာ ပြုစုပျိုးထောင်ခြင်း ခံထားရပြီး ဖြစ်လေသည်။

၎င်းသည် အလွန်အမင်း ကြီးမားလှသော စွမ်းအင်ပမာဏကို စုပ်ယူထားခဲ့ပြီးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

နောက်ပိုင်းတွင် ၎င်းကို ကမ္ဘာသစ်ပင်ပေါ်တွင် ထားရှိခဲ့ပြီး နေ့ရောညပါ ကမ္ဘာသစ်ပင်၏ စွမ်းအင်များဖြင့် အာဟာရ ဖြည့်တင်းပေးခဲ့လေသည်။

သို့သော် ဤမျှများပြားလွန်းသော စွမ်းအင်များ ရှိနေသော်လည်း ရွှေဥမှာ အခွံမပေါက်သေးဘဲ မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့ပေ။

ယခုအခါ နေရောင်ခြည်သလင်းကျောက်၏ ပူပြင်းလှသော စွမ်းအင်က နောက်ဆုံးတွင် ရွှေဥကြီးကို တုံ့ပြန်လာစေခဲ့ပြီ ဖြစ်သည်။

၎င်းထံတွင် အသိစိတ် ရှိနေပုံရပြီး နေရောင်ခြည်သလင်းကျောက်၏ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေခဲ့လေသည်။

ရွှေဥကြီး၏ တုန်ခါမှုမှာလည်း ပိုမိုပြင်းထန်လာခဲ့၏။

ဝူယွမ်၏ နှလုံးခုန်နှုန်းမှာလည်း ရွှေဥနှင့်အတူ မြန်ဆန်လာခဲ့သည်။

“ဂျွတ်...”

နောက်ဆုံးတွင် အချိန်တစ်ခုကြာပြီးနောက် ရွှေဥကြီးမှာ အက်ကွဲသွားခဲ့လေသည်။

သေးငယ်သော အက်ကွဲကြောင်း တစ်ခု ၎င်းပေါ်တွင် ပေါ်လာပြီးနောက် လျင်မြန်စွာ ကျယ်ပြန့်သွားကာ မကြာမီမှာပင် ဥခွံမှာ လုံးဝ ကွဲအက်သွားခဲ့လေတော့သည်။

“ကျိ...ကျိ”

နူးညံ့ပြီး စူးရှသော အော်မြည်သံတစ်ခု ၎င်းအတွင်းမှ ထွက်ပေါ်လာခဲ့၏။

တောက်လောင်နေသော အနီရောင် အလင်းတန်းများက အနီရင့်ရောင် နေမင်းတစ်စင်းအလား ဥအတွင်းမှ ပစ်လွှတ်ထွက်ပေါ်လာခဲ့သည်။

အနီရောင်နေမင်း၏ အလယ်ဗဟိုတွင် ရွှေရောင်များ၊ အနီရောင် အလင်းတန်းများဖြင့် ဝန်းရံထားသည့် အနက်ရောင် ခြေသုံးချောင်းကျီးကန်း တစ်ကောင်ကို ခပ်ရေးရေး မြင်တွေ့နိုင်လေသည်။

ဤသည်မှာ အလွန် မှော်ဆန်သော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

အပြင်ဘက်တွင် ရွှေရောင်အလင်းတန်းများ ပါဝင်သော အနီရောင်နေမင်း တစ်စင်းနှင့် တူပြီး ပုံရိပ်မှာမူ အနက်ရောင် ခြေသုံးချောင်းကျီးကန်း တစ်ကောင်၏ ပုံရိပ် ဖြစ်လေသည်။

ခြေသုံးချောင်းရွှေကျီးကန်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဥခွံများမှာ ပူပြင်းသော စွမ်းအင်အရည်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ခြေသုံးချောင်း‌ရွှေကျီးကန်း၏ ခန္ဓာကိုယ် အတွင်းသို့ တိုးဝင်သွားကြလေသည်။

၎င်း၏ ခြေထောက်သုံးချောင်းက နေရောင်ခြည်သလင်းကျောက်ပေါ်တွင် ထောက်ထားပြီး သလင်းကျောက်မှာလည်း အသားထဲသို့ မျက်စိဖြင့် မြင်နိုင်လောက်အောင် ပျော်ဝင်သွားခဲ့၏။

ဝူယွမ်နှင့် အခြားသူများ၏ အံ့ဩမှင်တက်နေသော အကြည့်များအောက်တွင် ရွှေကျီးကန်းက နေရောင်ခြည်သလင်းကျောက်၏ စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေခဲ့လေသည်။

အချိန်တိုလေး အတွင်းမှာပင် နေရောင်ခြည်သလင်းကျောက်မှာ လုံးဝ အရည်ပျော်သွားပြီး ၎င်း၏ စုပ်ယူခြင်းကို ခံလိုက်ရလေတော့သည်။

“ရွှစ်၊ ရွှစ်...”

မီးတောက်များက ခြေသုံးချောင်းရွှေကျီးကန်း၏ ပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်လာခဲ့၏။ ပြင်းထန်လွန်းသော အပူချိန်က ကမ္ဘာသစ်ပင်၏ သစ်ကိုင်းများကိုပင် လောင်ကျွမ်းသွားစေခဲ့သည်။

“အရမ်း အားကောင်းလွန်းတယ်... နတ်ဘုရားသားရဲ ရွှေကျီးကန်းပီပီပဲ... အဲ့က ထုတ်လွှတ်လိုက်တဲ့ မီးတောက်တွေက ငါ့ရဲ့ ဖန်ထျန်းအစီအရင်ထက်တောင် ပိုပြီး အားကောင်းသေးတယ်..."

“ဆန်းကြယ်ရှင်ခြင်းနဲ့ သေခြင်းအဆင့် အားကောင်းတဲ့ သိုင်းပညာရှင် တစ်ယောက်တောင်မှ အဲ့မီးတောက်အလင်းတန်းကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး...”

အဘိုးအို တစ္ဆေဖန်ထျန်းက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

“ဝူယွမ်... ‌ရွှေကျီးကန်းနဲ့ ဆက်သွယ်ဖို့ မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို မြန်မြန် အသုံးပြုလိုက်...” ဟွမ်က သူ့ကို သတိပေးလိုက်လေသည်။

ရွှေကျီးကန်း၏ စွမ်းအားမှာ အလွန်အားကောင်းလွန်းလှသဖြင့် တစ်စုံတစ်ယောက်က ‌ရွှေကျီးကန်းကို ထိန်းချုပ်ရန် လိုအပ်ပေသည်။

ဝူယွမ်၏ မျက်နှာအမူအရာမှာ လေးနက်သွားခဲ့၏။ သူက ဝိညာဉ်စွမ်းအင်ကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ရွှေကျီးကန်းအနီးသို့ ချဉ်းကပ်ရန် နူးညံ့သော အချက်ပြမှု တစ်ခုကို ပေးပို့လိုက်လေသည်။

“ကျိ...”

ရွှေကျီးကန်းက ချဉ်းကပ်လာသော ဝိညာဉ်စွမ်းအင်ကို အာရုံခံမိပြီး တောက်လောင်နေသော မျက်လုံးများဖြင့် ဝူယွမ်ကို ကြည့်လိုက်လေသည်။

ရွှစ်... ‌

ရွှေကျီးကန်း၏ မျက်လုံးများ လင်းလက်သွားပြီး ဝူယွမ်ထံသို့ ချက်ချင်း ပျံသန်းလာခဲ့၏။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်က ‌ရွှေကျီးကန်းကို ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်တစ်ခု ခံစားရစေခဲ့သည်။

“ကျိ... ကျိ... မေမေ...”

ခြေသုံးချောင်းရွှေကျီးကန်းက သူ့ကို မေမေဟု ချက်ချင်း ခေါ်လိုက်လေသည်။

ဝူယွမ်မှာ လုံးဝ ဆွံ့အသွားပြီး အချိန်အတော်ကြာသည်အထိ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ဤအချိန်တွင် ခြေသုံးချောင်းရွှေကျီးကန်းက သူ့ထံသို့ စိတ်အားထက်သန်စွာဖြင့် ခုန်အုပ်လာခဲ့ပြီး ၎င်း၏ စိတ်အားထက်သန်မှုမှာ ပူပြင်းလွန်းနေခဲ့သည်။

အစစ်အမှန် နေမင်းမီးတောက်က သူ၏ အရေပြားကို ခြောက်သွေ့သွားစေပြီး ခန္ဓာကိုယ်မှာလည်း မီးဖုတ်ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။

သို့သော် သူ နောက်မဆုတ်ခဲ့ပေ။

ဤသည်မှာ ကလေးလေး၏ ပထမဆုံးတွေ့ဆုံမှု ဖြစ်ပြီး စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည် မဟုတ်လော... သူ ကလေးလေး၏ စိတ်ဓာတ်ကို ကျဆင်းစေ၍မရပေ။

အာဏာရှင်သွေးများက သူ၏ ကိုယ်တွင်း၌ ဆူပွက်လာပြီး ကောင်းကင်ပြာနဂါးပုံစံကို တိုက်ရိုက် အသက်သွင်းလိုက်ရာ နဂါးကြေးခွံ အလွှာတစ်ခုက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ပူပြင်းသော မီးတောက်များကို တားဆီးပေးလိုက်လေသည်။

ခြေသုံးချောင်းရွှေကျီးကန်းက ဝူယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့၏ ဝူယွမ်က ကျီးကန်းလေးကို ပွေ့ဖက်ထားပြီး လောင်ကျွမ်းနေသော ခန္ဓာကိုယ်ကို ပွတ်သပ်ပေးလိုက်လေသည်။

“ကဲ၊ ကလေးလေး... မင်းရဲ့ မီးတောက်တွေကို မင်းရဲ့ ခန္ဓာကိုယ်ထဲ အရင် ပြန်သိမ်းလိုက်ဦး...”

ဝူယွမ်က လျင်မြန်စွာ ဆက်သွယ်လိုက်ပြီး ရွှေကျီးကန်းလေး၏ စိတ်အားထက်သန်မှုကို အရင်ဆုံး ထိန်းချုပ်ရန် ပြောလိုက်လေသည်။

၎င်း၏ စိတ်အားထက်သန်မှုက ဝူယွမ်ကို ပြာကြသွားစေနိုင်လေသည်။

“ကျိ...”

ခြေသုံးချောင်းရွှေကျီးကန်းက လိမ္မာစွာဖြင့် စကားနားထောင်ပြီး ဟူ၏ မီးတောက်များကို ပြန်လည် ရုပ်သိမ်းရန် ကြိုးစားလိုက်သော်လည်း ၎င်း၏ စွမ်းအားမှာ အလွန် အားကောင်းလွန်းနေလေသည်။

ယခုလေးတင် မွေးဖွားလာရုံသာ ရှိသေးသဖြင့် ဤစွမ်းအားကို ထိန်းချုပ်နိုင်စွမ်း မရှိသေးပုံရပြီး အချိန်အတော်ကြာသည်အထိ ပြန်လည်မရုပ်သိမ်းနိုင်ခဲ့ပေ။

“မေမေ သင်ပေးမယ်...”

ဝူယွမ်သည် အခြား ရွေးချယ်စရာ မရှိသဖြင့် ကျီးကန်းလေူကို လမ်းညွှန်ပေးရန်အတွက် သူ၏ ဝိညာဉ်စွမ်းအင်ကို ခြေသုံးချောင်းရွှေကျီးကန်း၏ ခန္ဓာကိုယ် အတွင်းသို့ ထပ်မံ ဝင်ရောက်စေလိုက်သည်။

ဝူယွမ်သည် ခြေသုံးချောင်းရွှေကျီးကန်း၏ ခန္ဓာကိုယ် အတွင်းတွင် ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။

၎င်းမှာ ယခင်က သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားခဲ့သော မူလနေမင်းရူန်းစာလုံးပင် ဖြစ်ပြီး ၎င်းအတွင်းသို့ မူလရူန်းစာလုံး အစစ်အမှန် ရှင်းလင်းချက်မှ နေမင်းရူန်းစာလုံး ကျင့်ကြံခြင်း နည်းလမ်းကို သူ ပေါင်းစပ်ထည့်သွင်းထားခဲ့ခြင်း ဖြစ်လေသည်။

ဤရူန်းစာလုံးသည် ခြေသုံးချောင်းရွှေကျီးကန်းဥ အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ယခုအခါ ၎င်း၏ သွေးကြောများ အတွင်း၌ စီးဆင်းနေသော ရူန်းစာလုံးမျိုးစေ့ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ခြေသုံးချောင်းရွှေကျီးကန်း၏ စွမ်းအင် အူတိုင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထိုကျင့်ကြံခြင်း နည်းလမ်းများသည်လည်း ရွှေကျီးကန်း၏ မွေးရာပါ စွမ်းရည်များ ဖြစ်လာခဲ့လေသည်။

ယင်းသည် သွေးမျိုးဆက်အမွေအနှစ် တစ်ခုကို ရရှိထားသကဲ့သို့ပင် ဖြစ်လေသည်။

“ဒါကြောင့် ငါ့ကို မေမေလို့ ခေါ်နေတာကိုး...”

ဝူယွမ်မှာ ချွေးတွေပျံလာပြီး နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။

ဝိညာဉ်အမှတ်အသား တစ်ခုအလား ဖြစ်နေသော နေမင်းရူန်းစာလုံး၏ တည်ရှိမှုက သူ၏ ဝိညာဉ်အရှိန်အဝါကို ခြေသုံးချောင်းရွှေကျီးကန်း၏ ခန္ဓာကိုယ်အတွင်းသို့ လုံးဝ ပေါင်းစပ်သွားစေခဲ့ခြင်း ဖြစ်သည်။

ဤနည်းအားဖြင့် ခြေသုံးချောင်းရွှေကျီးကန်းသည် သူနှင့် မျိုးဆက် တူညီသည်ဟူသော ခံစားချက် တစ်ခုကို ရရှိခဲ့ခြင်း ဖြစ်ပြီး ဝူယွမ်သည် ထိုနေမင်း ရူန်းစာလုံးနှင့်ပင် ဆက်သွယ်နိုင်သေး၏။

သူတို့ကြားတွင် ဆက်သွယ်မှုတစ်ခု အချိန်အတော်ကြာကတည်းက တည်ဆောက်ထားပြီး ဖြစ်ကြောင်း ထင်ရှားလှပေသည်။

“ငါက ဒီမေမေနေရာကို ငြင်းလို့တောင် မရတော့ဘူးပဲ...”

ဝူယွမ်က မတတ်သာဘဲ သက်ပြင်းချလိုက်ရသည်။

ခဏအကြာတွင် ဝူယွမ်၏ လမ်းညွှန်မှုအောက်၌ ခြေသုံးချောင်းရွှေကျီးကန်းက သွေးကြောများအတွင်း စီးဆင်းနေသော နေမင်းရူန်းစာလုံးကို အသက်သွင်းလိုက်နိုင်ပြီး ပတ်ဝန်းကျင်ရှိ ပူပြင်းလွန်းသော စွမ်းအင်များကို သူ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်နိုင်လေသည်။

“အင်း... မင်းကို ငါနာမည်ပေးမယ်... ဝူယွင် လို့ပဲ ခေါ်ကြတာပေါ့...” ဝူယွမ်က ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။ (ဒီနေရာတွင် ဝူက အသံထွက်ပဲတူတာပါ မျိုးရိုးနဲ့ အဓိပ္ပါယ်မတူပါဘူးဗျ၊ ဝူယွမ်ရဲ့ ဝူက မရှိခြင်း၊ကင်းမဲ့ခြင်း ဝူပါ၊ ရွှေကျီးကန်းရဲ့ဝူက ယန်ဓာတ်နဲ့၊အနက်ကို ကိုယ်စားပြုပါတယ်)

“ဝူး၊ ဝူး...”

ကျီးကန်းလေး၏ အော်သံများမှာ ကျိ၊ ကျိနှင့် ဝူး၊ ဝူးသာ ဖြစ်သဖြင့် ပျော်ရွှင်နေသလား၊ မပျော်ရွှင်ဘူးလား ဆိုသည်ကို ဝူယွမ် မသိခဲ့ပေ။

ကျီးကန်းလေး ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ဝူယွမ်က ဂရုမစိုက်ခဲ့ပေ... ယင်းနာမည်မှာ ခေါ်ရလွယ်ကူပြီး သူ၏ ကိုယ်ပိုင် နာမည်နှင့်လည်း အသံထွက် တူညီနေသည် မဟုတ်လော။

ကျီးကန်းလေးသည် နေမင်း၏ စွမ်းအားနှင့်အတူ မွေးဖွားလာပုံ ရလေသည်။

၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားသော နေမင်းရူန်းစာလုံးမှာ ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ယာယီ ရေးဆွဲထားခဲ့ခြင်းမျှသာ ဖြစ်သော်လည်း ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် ချက်ချင်း အသက်ဝင်သွားပြီး နတ်ဘုရားပုံစံတစ်ခုအလား ဖြစ်လာကာ သွေးကြောများ အတွင်း၌ စွဲထင်သွားခဲ့လေသည်။

“ဝူယွင်... မင်းရဲ့ စွမ်းအားကို ငါ့ကို ပြပါဦး...”

ကျီးကန်းလေးတွင် မည်သည့် စွမ်းရည်များ ရှိသနည်း ဆိုသည်ကို စမ်းသပ်ရန် သူ ပြင်ဆင်လိုက်လေသည်။

နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ဥမှ အခွံပေါက်လာစေရန် အရင်းအမြစ်များစွာ သုံးစွဲခဲ့ရသဖြင့် သူ အိပ်စက်ခဲ့ရသောနှစ်များနှင့် ထိုက်တန်သည့် အလွန်အားကောင်းသော စွမ်းရည်များ သူ့ထံတွင် ရှိသင့်ပေသည်။

“အကြီးအကဲဟွမ်... ကျွန်တော်တို့ကို ကျယ်ပြန့်တဲ့ နေရာတစ်ခုကို ခေါ်သွားပေးပါ...” ဝူယွမ်က ဟွမ်ထံသို့ သတင်းစကား ပါးလိုက်လေသည်။

စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်ရာ သင့်တော်သော နေရာတစ်ခု သဘာဝကျကျ လိုအပ်လေသည်။

“အင်း...”

ဟွမ်က ခေါင်းညိတ်လိုက်ပြီးနောက် စွမ်းအားတစ်ခုက သူတို့အားလုံးကို လွှမ်းခြုံသွားခဲ့၏။ နောက်တစ်စက္ကန့်တွင် သူတို့သည် ကျယ်ပြန့်သော တောရိုင်းကမ္ဘာကြီး တစ်ခုသို့ ရောက်ရှိလာခဲ့ကြလေသည်။

မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ ရှေးဟောင်းကျောက်တိုင်နယ်မြေမှာ ကမ္ဘာခြားနတ်ဆိုးဘုရင် တစ်ပါးကိုပင် ဖိနှိပ်ထားနိုင်စွမ်းရှိသဖြင့် သူတို့၏ စွမ်းအားများကို ခံနိုင်ရည်ရှိရန်မှာ သဘာဝကျကျပင် ပြဿနာ မရှိပေ။

“ကျိ...”

ရွှေကျီးကန်းလေက ကောင်းကင်ယံသို့ ပျံတက်သွားပြီး နေမင်းရူန်းစာလုံးက ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ ချက်ချင်းပင် ပေါ်လာခဲ့လေသည်။

နောက်တစ်ခဏတွင် အလွန်အမင်း ပြင်းထန်လှသော မီးတောက် တစ်ခု လှိုင်းတံပိုးများအလား ထွက်ပေါ်လာခဲ့၏。

“အစစ်အမှန် နေမင်းမီးတောက်...”

ဝူယွင်က သူ၏ အချက်အလက်များကို ဝူယွမ်နှင့် မျှဝေလိုက်လေသည်။

ဤသည်မှာ ၎င်း၏ မွေးရာပါ စွမ်းရည် ဖြစ်ပြီး အစစ်အမှန် နေမင်းမီးတောက်များကို ထုတ်လွှတ်နိုင်စွမ်း ရှိလေသည်။

ဤနေရာရှိ လူများထဲတွင် အဘိုးအိုတစ္ဆေဖန်ထျန်းမှာ မီးတောက်များ အကြောင်းကို အနားလည်ဆုံးသူ ဖြစ်လေသည်။ ဝူယွမ်

ဝူယွင် ထုတ်လွှတ်လိုက်သော အစစ်အမှန်နေမင်းမီးတောက်ကို သူ ခဏတာ ထိတွေ့ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။

“ဒီမီးတောက်က ပြန်လည်မွေးဖွားခြင်းအဆင့် အားကောင်းတဲ့ သိုင်းပညာရှင် တစ်ယောက်ကိုတောင် ခြိမ်းခြောက်ဖို့ လုံလောက်တယ်...”

အခန်း (၃၀၂) - ရွှေဥပေါက်ခြင်း၊ ခြေသုံးချောင်း ရွှေကျီးကန်း ထွက်ပေါ်လာခြင်း(၂)

သူက အံ့ဩတကြီး ရေရွတ်လိုက်လေသည်။

ဝူယွင်မှာ ယခုလေးတင် မွေးဖွားလာရုံသာ ရှိသေးသော်လည်း သူ့မီးတောက်များ၏ စွမ်းအားမှာတော့ မွေးဖွားခြင်းအဆင့် အားကောင်းသော သိုင်းပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ထို့အပြင် ဤသည်မှာ ၎င်း၏ သာမန်ထုတ်လွှတ်လိုက်သော အစစ်အမှန် မီးတောက်မျှသာဖြစ်ပြီး တိုက်ခိုက်မှု တစ်ခုအတွက် အသုံးပြုခြင်းမဟုတ်သေးပေ။

၀ူယွင်၏ ထိန်းချုပ်မှုအောက်တွင် အစစ်အမှန် နေမင်းမီးတောက်သည် ခြေသုံးချောင်း အစစ်အမှန် မီးတောက်အစီအရင်၊ အစစ်အမှန် မီးတောက်အလင်းတိုင်၊ နေမင်းဈာပန... စသည့် နည်းပညာ မျိုးစုံကို ဖန်တီးနိုင်လေသည်။

အတိုချုပ်ပြောရလျှင် လက်ရှိတွင် ဝူယွင်သည် ပြန်လည်မွေးဖွားခြင်းအဆင့် အားကောင်းသော သိုင်းပညာရှင် တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဟု ပြောလျှင်ပင် ချဲ့ကားရာ မရောက်ပေ။

နေရာတွင် ခဏတာ အပြန်အလှန် ဆွေးနွေးပြီးနောက် အဘိုးအို တစ္ဆေဖန်ထျန်းသည် သူ၏ ဖန်ထျန်းအစီအရင်ကို အားဖြည့်ရန်အတွက် အစစ်အမှန် နေမင်းမီးတောက်ကို အသုံးပြုကာ ဝူယွမ်နှင့်ပင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့လေသည်။

အကျိုးသက်ရောက်မှုနှင့် ထိခိုက်ပျက်စီးမှုမှာ မိစ္ဆာစစ်သူကြီးတစ်ဦးကို သန့်စင်ရန်ပင် လုံလောက်လှပေသည်။

ယခင်က သူ၏ ဖန်ထျန်းအစီအရင်သည် ထိုမိစ္ဆာစစ်သူကြီးများကို ဖိနှိပ်ထားရုံသာ ဖိနှိပ်ထားနိုင်ပြီး သတ်ပစ်ရန် မဖြစ်နိုင်ခဲ့သော်လည်း ယခုအခါ ၎င်းတို့ကို သန့်စင်နိုင်ပြီ ဖြစ်သည်။

ဤစွမ်းအားများ အပြင် ဝူယွင်သည် ရှေးဟောင်းကျောက်တိုင်နယ်မြေတစ်ခုလုံးကိုပင် အလင်းရောင်နှင့် နေရောင်ခြည်စွမ်းအင်များ ထောက်ပံ့ပေးနိုင်သေးသည်... ၎င်းမှာ နေမင်း တစ်စင်းအလားပင် ဖြစ်လေသည်။

ဝူယွက်သာ ရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်း၌ ပျံသန်းနေမည်ဆိုလျှင် နေမင်းကြီးတစ်စင်း ရွှေ့လျားနေသည့်နှင့်ပင် တူညီပေလိမ့်မည်။

ကမ္ဘာသစ်ပင်သည် သူ၏ ဖူဆန်သစ်ပင် (နေမင်းများ နားခိုရာ သစ်ပင်) ဖြစ်လာခဲ့၏။

ထို့ကြောင့် ဝူယွမ်က ကန္တာရတိမ်တိုက်နှင့် အခြားသူများကို ရှေးဟောင်းကျောက်တိုင်နယ်မြေအတွင်းရှိ ဝူယွင်နှင့် ယာယီ အသားကျအောင် နေခိုင်းလိုက်လေသည်။

သူကမူ လင်ချင်းကျူကို ခေါ်ကာ အပြင်ဘက်သို့ ပြန်ထွက်လာခဲ့၏။

လဝက်ခန့် အချိန် ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး ဂိုဏ်းပြိုင်ပွဲမှာလည်း အဆုံးသတ်ရန် နီးကပ်လာပြီ ဖြစ်သည်။

သူတို့၏ သက်ဆိုင်ရာအဖွဲ့များဆီသို့ ပြန်သွားရန် လိုအပ်ပေသည်။

ဂိုဏ်းခေါင်းဆောင်များအနေဖြင့် သူတို့နှစ်ဦး အပြင်ထွက်ကာ ပျော်ရွှင်နေခဲ့သည်မှာ အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်သည်... ၎င်းမှာ လုံလောက်လေပြီ။

“ဝိညာဉ်စွမ်းအင် သတင်းစကား တစ်ခု ကျွန်မ ရလိုက်တယ်... ကျွန်မတို့ ကိုးကောင်းကင် တိုင်ချင်းနန်းတော်အဖွဲ့က ကမ္ဘာခြားနတ်ဆိုး နယ်မြေရဲ့ အလယ်ဗဟို နေရာရွှေ့ပြောင်းရေး အမှတ်ကို သွားပြီး ကမ္ဘာခြားနတ်ဆိုး နယ်မြေကနေ ထွက်ခွာကာ ကမ္ဘာခြားနတ်ဆိုး မြို့တော်ကို ပြန်ဖို့ ပြင်ဆင်နေကြပြီတဲ့...” လင်ချင်းကျူက ပြောလိုက်လေသည်။

သူမသည် ကိုးကောင်းကင် တိုင်ချင်းနန်းတော်အဖွဲ့နှင့် ဝိညာဉ်စွမ်းအင် ဆက်သွယ်မှု တစ်ခုကို ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

“ရှင့်ရဲ့ တောင်ဂိုဏ်း အဖွဲ့လည်း အဲ့ဒီမှာ ရှိတယ်...”

“အင်း... ဒါဆို အတူတူ ပြန်ကြတာပေါ့...”

ဝူယွမ်က ခေါင်းညိတ်လိုက်ပြီး သူတို့ နှစ်ဦး လျင်မြန်စွာ ပျံသန်းထွက်ခွာသွားကြလေသည်။

ဤတစ်ကြိမ်တွင် သူတို့သည် အချိန်ဖြုန်းမနေတော့ဘဲ အလျင်စလို ပြန်လာခဲ့ကြ၏။ ဤရက်ပိုင်းအတွင်း သူတို့ အတူ ရှိနေခဲ့သည်မှာ လုံလောက်ပြီဖြစ်ပြီး အတော်လေး ပင်ပန်းနေကြပြီ ဖြစ်သည်။

ကမ္ဘာခြားနတ်ဆိုးနယ်မြေ၏ အလယ်ဗဟို၊ နေရာရွှေ့ပြောင်းရေး အဝင်ဝအရှေ့တွင် ယွမ်ဂိုဏ်းမှ တပည့်ငါးရာကျော်သည် တောင်ဂိုဏ်းမှ တပည့်သုံးရာကျော်နှင့် ရင်ဆိုင်နေကြလေသည်။

ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းသို့ မဝင်ရောက်မီ ဝူယွမ်က လဲ့ချန်ကို စော်ကားခဲ့မှုကြောင့် ယွမ်ဂိုဏ်းက အထွေထွေ စည်းရုံးလှုံ့ဆော်မှု တစ်ခု ပြုလုပ်ခဲ့ပြီး ကမ္ဘာခြားနတ်ဆိုးနယ်မြေ အတွင်းရှိ တောင်ဂိုဏ်း တပည့်များ အားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မည်ဟု ကျိန်ဆိုခဲ့ကြလေသည်။

လူငယ်ဘုရင်သုံးပါး မပါဝင်သည့် ယွမ်ဂိုဏ်း အဖွဲ့မှာ ဝိညာဉ်စစ်သူကြီး ခြောက်ဦး၏ ဦးဆောင်မှုအောက်တွင်သာ ရှိနေသဖြင့် သူတို့သည် တောင်ဂိုဏ်းကို မတိုက်ခိုက်ရဲခဲ့ကြပေ။

ယခုအခါ ဂိုဏ်းပြိုင်ပွဲ၏ အဆုံးသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နေရာရွှေ့ပြောင်းရေးအစီအရင် အတွင်းသို့ ခြေချလိုက်သည်နှင့် သူတို့သည် ကမ္ဘာခြားနတ်ဆိုးနယ်မြေမှ ထွက်ခွာနိုင်ပြီး ပြိုင်ပွဲကို အဆုံးသတ်နိုင်ပြီ ဖြစ်သည်။

ယွမ်ဂိုဏ်းမှ လူများမှာ ဆက်လက်၍ သည်းမခံနိုင်တော့ချေ။

တောင်ဂိုဏ်းကို နောက်ဆုံး အကြိမ်အဖြစ် တိုက်ခိုက်လိုကြလေသည်။

သူတို့ဘက်တွင် လူငယ်ဘုရင်သုံးပါး မရှိသော်ငြ အခြားတစ်ဖက်တွင်လည်း ဝူယွမ် ရှိမနေခဲ့ပေ။

ဝူယွမ်နှင့် လူငယ်ဘုရင် သုံးပါး နှစ်ဖက်စလုံးမှာ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့ကြပြီး ပြန်မလာကြသေးပေ။

ဂိုဏ်းနှစ်ခုစလုံး၏ အဖွဲ့များမှာ အခြေခံအားဖြင့် သူတို့၏ အဓိကခေါင်းဆောင်များ မရှိဘဲ ဖြစ်နေကြ၏။

သို့သော် ယွမ်ဂိုဏ်း၏ ဝိညာဉ်စစ်သူကြီး ခြောက်ဦးက ပိုမိုယုံကြည်မှု ရှိနေကြသည်မှာ သေချာလှပေသည်။

အဘယ်ကြောင့်ဆိုသော် လူငယ်ဘုရင်သုံးပါး၏ အစီအစဉ်ကို သူတို့ သိရှိထားသောကြောင့်ပင်။

လူငယ်ဘုရင်သုံးပါးသည် လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်အကြောင်းကို ပိုမိုနားလည်ထားပြီး ၎င်းအတွင်း၌ ဝူယွမ်ကို သေချာပေါက် အကွက်ဆင် သတ်ဖြတ်နိုင်မည်ဟု သူတို့ ယုံကြည်ထားကြလေသည်။

ထို့ကြောင့် မထွက်ခွာမီ တောင်ဂိုဏ်းကို ရန်စရန် သူတို့ ရဲတင်းနေကြခြင်း ဖြစ်သည်။

သူတို့က တောင်ဂိုဏ်းအဖွဲ့ကို နှောင့်နှေးအောင် ကြိုးစားနေကြပြီး လူငယ်ဘုရင်သုံးပါး ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် လူငယ်ဘုရင်သုံးပါးသည် ထိုထိပ်တန်းအဆင့်ရှိ သန့်စင်ယွမ်ရတနာ ဖြစ်သည့် ဖန်ထျန်းကြေးဝါအိုးကြီး ကို အကွက်ဆင် ရယူရန် သွားခဲ့ကြသောကြောင့်ပင်။

ဖန်ထျန်း ကြေးဝါအိုကြီးကို ရရှိမှသာ...

ထို့အပြင် လူငယ်ဘုရင် သုံးပါးနှင့်အတူ သူတို့၏ လူငါးရာက တောင်ဂိုဏ်း၏ လူသုံးရာကို ရင်ဆိုင်မည်ဆိုပါက တောင်ဂိုဏ်းသည် သေချာပေါက် သူတို့၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။

သို့သော် လူငယ်ဘုရင်သုံးပါး မပါဘဲ သူတို့ မလှုပ်ရှားရဲခဲ့ပေ... အဘယ်ကြောင့်ဆိုသော် တောင်ဂိုဏ်း၏ မိစ္ဆာအလောင်း လေးလောင်းကို သူတို့ ကြောက်ရွံ့နေသောကြောင့်ပင် ဖြစ်သည်။

ထိုမိစ္ဆာအလောင်း လေးလောင်း၏ စွမ်းအားမှာ လူငယ်ဘုရင် သုံးပါးထဲတွင် အားအနည်းဆုံး ဖြစ်သော လဲ့ချန်ထက် မနိမ့်ကျချေ။

မိစ္ဆာအလောင်း လေးလောင်းတည်းနှင့်ပင် သူတို့၏ ဝိညာဉ်စစ်သူကြီး ခြောက်ဦးကို တားဆီးထားရန် လုံလောက်နေပြီဖြစ်ပြီး တောင်ဂိုဏ်းတွင် ချန်ကွေ့၊ ချင်းတန်၊ လင်းတုန်၊ ယင်းရှောင်ရှောင်၊ ဝမ်ယန်နှင့် ဝိညာဉ်စစ်သူကြီး ခြောက်ဦးထက် စွမ်းအား မနိမ့်ကျသော အခြား အားကောင်းသည့် သိုင်းပညာရှင်များလည်း ရှိနေသေးသည် မဟုတ်လော

သို့သော် တောင်ဂိုဏ်းမှ လူများသည်လည်း ဝူယွမ်ကို စောင့်ဆိုင်းနေကြသဖြင့် ထွက်ခွာရန် အလျင်စလို မဖြစ်ခဲ့ကြပေ။

အခြား စူပါဂိုဏ်းကြီးများ အနေဖြင့်မူ သူတို့ အများစုမှာ ပွဲကြည့်နေကြခြင်းသာ ဖြစ်လေသည်။

ယခုအခါ အရာအားလုံးက ဤနောက်ဆုံး အခိုက်အတန့် အပေါ်တွင်သာ မူတည်နေပြီ ဖြစ်သည်... လောင်ကျွမ်းကောင်းကင်

လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သော ဝူယွမ်နှင့် လူငယ်ဘုရင် သုံးပါးတို့ထဲမှ မည်သူ ပေါ်လာမည်နည်း။

လူတိုင်းက နေရာရွှေ့ပြောင်းရေးအစီအရင်၏ အရှေ့တွင် စောင့်ဆိုင်းနေကြလေသည်။

ရွှစ်၊ ရွှစ်...

အချိန်အနည်းငယ် ကြာပြီးနောက် မိုးကုတ်စက်ဝိုင်းမှ လူရိပ်နှစ်ခု ထွက်ပေါ်လာခဲ့၏။

၎င်းမှာ ဝူယွမ်နှင့် လင်ချင်းကျူတို့ပင် ဖြစ်ကြလေသည်။

“အစ်ကိုကြီး...”

“ညီအစ်ကိုဝူယွမ်...”

“ဂိုဏ်းတူအစ်ကိုကြီးဝူယွမ်...”

... ဝူယွမ်ကို မြင်တွေ့လိုက်ရသောအခါ တောင်ဂိုဏ်းမှ လူများအားလုံး၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အပြုံးများ ပေါ်လာကြလေသည်။

ဝူယွမ်အတွက် သူတို့ မစိုးရိမ်ကြသော်လည်း လဝက်ကျော်ကြာမတွေ့ရခြင်းက သူတို့ကို မလွှဲမရှောင်သာ စိုးရိမ်ပူပန်စေခဲ့သည် မဟုတ်လော။

သို့သော် သူက လင်ချင်းကျူနှင့်အတူ ပေါ်လာသည်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ကြ၏။

ချင်းတန်နှင့် ယင်းဟွမ်ဟွမ်တို့က ချက်ချင်းပင် နှုတ်ခမ်းစူလိုက်ကြပြီး သူတို့၏ အသက်ရှူနှုန်းများလည်း မြန်ဆန်လာခဲ့လေသည်။

လင်ချင်းကျူကို ကြည့်သော သူတို့၏ အကြည့်များထဲတွင် ရန်လိုမှု၊ မနာလိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

‘ကျက်သရေတုံးလိုက်တာ... အစ်ကိုကြီး ဝူယွမ် ပျောက်နေတဲ့ အချိန်တုန်းက ဒီမိန်းမနဲ့ သွားပြီး ပွေလီနေတာများလား...’ ချင်းတန်က အနက်ရောင်တံစဉ်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး လူတစ်ယောက်ယောက်ကို ဓားနဲ့ထိုးချင်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

ယင်းဟွမ်ဟွမ်၏ မျက်ဆန်များမှာ ချက်ချင်းပင် ရေခဲပြာရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အေးစိမ့်စိမ့် အရှိန်အဝါတစ်ခုက သူမ၏ ခန္ဓာကိုယ်မှ ပြန့်နှံ့ထွက်ပေါ်လာခဲ့၏... ‘ဒီယောကျ်ားကို ဆုံးမဖို့ လိုနေပြီ...’

အလားတူပင် ကိုးကောင်းကင် တိုင်ချင်းနန်းတော်အဖွဲ့ရှိ စုရိုသည်လည်း ကောင်းကင်ယံရှိ လူရိပ်နှစ်ခုကို ထူးဆန်းစွာ စိုက်ကြည့်နေခဲ့လေသည်။

ဤနှစ်ဦးကြားရှိ ဆက်ဆံရေးမှာ သေချာပေါက် မရိုးရှင်းကြောင်း သူမ၏ ဗီဇစိတ်က ပြောပြနေခဲ့၏။

‘ဂိုဏ်းတူအစ်မကြီးလင် နှင့် အစ်ကိုကြီးဝူယွမ်တို့က ဘယ်လိုလုပ် ဒီလောက်တောင် ရင်းနှီးနေရတာလဲ၊ ဒါမှမဟုတ် သူတို့ ဘယ်တုန်းကများ အပြန်အလှန် ဆက်ဆံမှု ရှိခဲ့ကြတာလဲ' သူမ နားမလည်နိုင်ပဲ တွေဝေနေခဲ့လေသည်။

ကိုးကောင်းကင် တိုင်ချင်းနန်းတော်အဖွဲ့၏ ယာယီခေါင်းဆောင်ဖြစ်သော ဝူချွန်းမှာ သူ၏ ခန္ဓာကိုယ် ပျော့ခွေသွားသကဲ့သို့ ခံစားလိုက်ရ၏။

လဝက်ကျော်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် သူမ၏ နတ်ဘုရားမလေးက... သူ ဆက်ပြီး မတွေးရဲတော့ပေ။

ဤကာလအတွင်း သူသည် လင်ချင်းကျူနှင့် ဝိညာဉ်စွမ်းအင်မှတစ်ဆင့် အဆက်အသွယ် ရှိခဲ့သော်လည်း လင်ချင်းကျူက သူမတွင် အရေးကြီးသော ကိစ္စများ ရှိကြောင်းကိုသာ သူ့အား ပြောပြခဲ့လေသည်။

ယခုအခါ ဝူယွမ်နှင့်အတူ ပေါ်လာခြင်းက ဝူယွမ်သည် လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်အတွင်း၌ ပိတ်မိနေခြင်း မဟုတ်ဘဲ သူတို့ နှစ်ဦးမှာ တစ်လျှောက်လုံး အတူတကွ ရှိနေခဲ့ကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်လေသည်။

ဝူယွမ်နှင့် လင်ချင်းကျူတို့သည် သူတို့၏ သက်ဆိုင်ရာ အဖွဲ့များဆီသို့ အသီးသီး ပြန်သွားခဲ့ကြ၏။

“ဘာတွေ ဖြစ်နေတာလဲ...” ဝူယွမ်က မေးလိုက်လေသည်။

“ယွမ်ဂိုဏ်းက လူတွေက ငါတို့ကို ပိတ်ဆို့ထားတယ်... သူတို့ရဲ့ လူငယ်ဘုရင်သုံပါးက ငါတို့ကို ‘နာရီ လာပို့ချင်တယ်’ (သေခြင်းတရားကို ပေးပို့ချင်တယ်) တဲ့...”

ယင်းရှောင်ရှောင်က အနည်းငယ် ဒေါသထွက်စွာဖြင့် ပြောလိုက်လေသည်။

“နင့်ကို စောင့်နေရလို့ ငါတို့ လောလောဆယ် သူတို့နဲ့ မတိုက်ရသေးဘူး...”

“လူငယ်ဘုရင်သုံးပါးက ငါတို့ကို ‘နာရီ လာပို့ချင်တယ်’ ဟုတ်လား...” ဝူယွမ်က ရယ်ချင်စိတ်ကို မအောင့်ထားနိုင်တော့ချေ။

သူက တဟားဟားရယ်မောပြီးနောက် ယွမ်ဂိုဏ်းအဖွဲ့ကို ကြည့်လိုက်လေသည်။ အရှေ့ဆုံးတွင် လူငယ် ခြောက်ဦး ရှိနေပြီး ဝိညာဉ်စစ်သူကြီး ခြောက်ဦးပင် ဖြစ်လေသည်။

ဤအချိန်တွင် ယွမ်ဂိုဏ်းမှလူများက ဝူယွမ်ကို တွေဝေစွာဖြင့် စိုက်ကြည့်နေကြပြီး နိမိတ်မကောင်းသော ခံစားချက်တစ်ခုက သူတို့၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့၏။

သတို့သည် ဝူယွမ်၏ အကြည့်ကိုပင် မရင်ဆိုင်ရဲကြပေ。

“မင်းတို့ရဲ့ လူငယ်ဘုရင်သုံးပါး ဘယ်မှာလဲ...” ဝူယွမ်က လှောင်ပြောင်သည့်ဟန်ဖြင့် မေးလိုက်လေသည်။

“ဝူယွမ်... ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး သုံးယောက်က ဖန်ထျန်းအစီအရင်ထဲမှာ အတူတူ ပိတ်မိနေခဲ့တာလေ... သူတို့ ဘာလို့ ပြန်မလာကြသေးတာလဲ...”

ဝိညာဉ်စစ်သူကြီး တစ်ဦးက မေးခွန်းထုတ်လိုက်လေသည်။

“ငါက သူတို့အဖေမှ မဟုတ်တာ၊ ငါ ဘယ်လိုလုပ် သိမှာလဲ...” ဝူယွမ်က ထိုသူကို မျက်လုံးလှန်ပြလိုက်လေသည်။

သူသည် ယွမ်ဂိုဏ်းမှ လူများကို အေးစက်စွာ အကဲခတ်ကြည့်လိုက်ပြီး ပြောဆိုလိုက်၏။ “မင်းတို့က ငါတို့ တောင်ဂိုဏ်းအဖွဲ့ကို ပိတ်ဆို့ထားတယ်ပေါ့လေ..."

“ငါတို့ တောင်ဂိုဏ်းအုပ်စုတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ဖို့ လူငယ်ဘုရင်သုံးပါး ရောက်လာမယ့်အချိန်ကို မင်းတို့ စောင့်နေကြတာလား...”

ယွမ်ဂိုဏ်း၏ ဝံပုလွေသဖွယ် ကောက်ကျစ်ယုတ်မာသည့် ရည်ရွယ်ချက်များကို သူ အချိန်အတော်ကြာကတည်းက ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်လေသည်။

ဤတစ်ကြိမ်တွင် လူငယ်ဘုရင်သုံးပါး၏ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် အတွင်းရှိ မိစ္ဆာစစ်သူကြီးကို လွှတ်ပေးရန် ရှင်းလင်းသော ရည်ရွယ်ချက်နှင့် ပေါင်းစပ်လိုက်သောအခါ လက်ရှိ ယွမ်ဂိုဏ်းသည် အူတိုင်အထိ ပုပ်ပွနေပြီဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိတော့ပေ။

သူတို့၏ ဂိုဏ်းသည် အချိန်အတော်ကြာကတည်းက နတ်ဆိုး မျိုးနွယ်စုထံသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်ပြီး နတ်ဆိုးများ၏ ဌာနချုပ် တစ်ခု ဖြစ်လာခဲ့ချေပြီ။

ဝူယွမ်၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်လေးတစ်ခု လင်းလက်သွားခဲ့၏။

မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည့် ဤတပည့်များသည် သူ မရောက်လာမီ ထွက်မသွားကြသေးသဖြင့် သူတို့ကို ပြန်လွှတ်ပေးရန် မလိုအပ်တော့ပေ။

သူတို့ အားလုံးသည် ယွမ်ဂိုဏ်း၏ တိုက်ရိုက်တပည့်များ ဖြစ်ကြပြီး အနာဂတ်တွင် ကမ္ဘာခြားနတ်ဆိုး တပ်မတော်၏ အဓိက အင်အားစုများပင် ဖြစ်လာနိုင်လေသည်။

‘အနာဂတ် နတ်ဆိုးမျိုးဆက်အုပ်စု တစ်ခု... သူတို့ကို အသက်ရှင်ခွင့် မပေးသင့်ဘူး...’

All Chapters