အခန်း ၄၄၈
Vol. 45 Ch. 448
အခန်း (၄၄၈) - အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စု(၁)
ဝီ ဝီ ဝီ
လေဟာနယ် နေရာရွှေ့ပြောင်းခြင်း လှိုင်းဂယက် များကြောင့်
ဝူယွမ်ပင် အနည်းငယ် မူးဝေသွားရ၏။
ကစဉ်ကလျားမိစ္ဆာပင်လယ်မှ မိစ္ဆာ နယ်မြေသို့ အကွာအဝေးမှာ အလွန်တရာ ဝေးကွာလှပြီး မီးနတ်ဘုရားနန်းတော်၏ နေရာရွှေ့ပြောင်းခြင်းဖြင့်ပင် မိစ္ဆာ နယ်မြေသို့ မြန်ဆန်စွာ
ရောက်ရှိရန် ခက်ခဲ၏။
လေဟာနယ်လှိုင်းဂယက်များ ပျောက်ကွယ်သွားချိန်၌ ဝူယွမ်နှင့် ရှင်းချင်တို့သည် နီရဲသော ကောင်းကင်ယံအောက်တွင် ပေါ်လာကြသည်။
“အာ”
လေဟာနယ်ဖိအား ရုတ်တရက် ပျောက်ကွယ်သွားခြင်းကြောင့် ရှင်းချင်က ထိန်လန့် အော်ဟစ်လိုက်မိ၏။
ဝူယွမ်က သူမကို ချက်ချင်း ဖက်ထားလိုက်ပြီး အောက်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
ထိုနောက် နှစ်ဦးသား ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြည့်ရှုလိုက်ကြသည်။
လွင်ပြင်တစ်ခုလုံးမှာ နီရဲမှောင်မိုက်နေကာ တောင်ထွတ်များနှင့် သစ်ပင်များငယ်လေးများကိုလည်း မြင်တွေ့နေရ၏။ အလွန်တရာ ဝေးကွာသော နေရာများမှ သားရဲ ဟိန်းဟောက်သံများကိုလည်း ကြားနေရပြီး တစ္ဆေဆန်ဆန် ခံစားချက်မျိုး ပေးစွမ်းနေ၏။
“ရှင်းချင်၊ ငါတို့ အခု ဘယ်ရောက်နေတာလဲ” ဝူယွမ်က ရှင်းချင်ကို ဖက်ထားရမှလွှတ်ပေးရင်း မေးလိုက်သည်။
ရှင်းချင်၏ မျက်နှာလေး အနည်းငယ် နီရဲနေသည်။ သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်
“သခင်လေး ဝူယွမ်၊ အကယ်၍ ကျမတို့သာ တည်နေရာမှားပီး ရွှေ့ပြောင်းခဲ့တာ မဟုတ်ဖူးဆိုရင် အခုက သားရဲ တိုက်ပွဲ နယ်မြေထဲကို ရောက်နေဖြစ်မယ်”
“သားရဲ တိုက်ပွဲ နယ်မြေလား” ဝူယွမ်က ခဏတာ စဉ်းစားလိုက်ပီးနောက် သူ၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာ၏။
မူရင်း ဇာတ်လမ်းတွင် လင်းတုန်နှင့် သူ၏ ညီအစ်ကို နှစ်ဦးတို့သည် ယွမ်ဂိုဏ်း၏ ခွေးအိုကြီး သုံးကောင်ကြောင့် ထွက်ပြေးရန် ဖိအားပေးခံရသောအခါ ရှောင်ယန်သည် သားရဲ တိုက်ပွဲ နယ်မြေတွင် အဆုံးသတ်သွားခဲ့ပြီး ထိုနေရာတွင် တိုက်ဆိုင်သော တွေ့ဆုံမှုတစ်ခုကိုပင် ရရှိခဲ့သည်။
နောက်ပိုင်းတွင် လင်းတုန် မိစ္ဆာ နယ်မြေသို့ ဝင်ရောက်သောအခါတွင်လည်း ဤနေရာကို ရောက်ရှိခဲ့သေး၏။
ယခုအခါ ဝူယွမ်သည် မီးနတ်ဘုရားနန်းတော်၏ နေရာရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် ရောက်ရှိလာခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်း ဤနေရာသို့ အရင် ရောက်လာခဲ့သည်။
“ငါ့ရဲ့ ဝင်ရောက်လာမှုက မမျှော်လင့်ပဲ မူလ ဇာတ်လမ်းကို နှောင့်ယှက်လိုက်ပြီ၊ ရှောင်ယန်နဲ့ ဒီနေရာမှာ တိုက်ဆိုင်စွာ တွေ့ဆုံနိုင်ဦးမလား မသိဖူး”
ဝူယွမ်က စိတ်ထဲတွင် တွေးလိုက်သည်။
ရှောင်ယန်ကို ပေးခဲ့သော အခွင့်အရေးများမှာ မဆိုးသော်လည်း သားရဲ တိုက်ပွဲ နယ်မြေတွင် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ပါက ရှောင်ယန်၏ စွမ်းအားကြီးထားမှု အရှိန် တဟုန်တိုးတက်လာအောင် ကူညီပေးနိုင်မည်ဖြစ်သည်။
“ရှောင်တျောင်းကလည်း ရှောင်ယန်ကို ကစဉ်ကလျားမိစ္ဆာပင်လယ်ကနေ မိစ္ဆာ နယ်မြေကို ပြန်ခေါ်လာတာ မကြာသေးဘူး၊ သူတို့ ဒီသားရဲ တိုက်ပွဲ နယ်မြေမှာ ရှိနေမလား မသိဘူး”
“ငါတို့ အရင် သွားကြည့်ကြည့်တာပေါ့”
ဝူယွမ်သည် ရှောင်တျောင်းနှင့် ရှောင်ယန်တို့အတွက် ယခင်က သူ ချန်ထားခဲ့သော ဝိညာဉ်ရေးရာ သတင်းစကားထည့်ထားသော ကျောက်စိမ်း အဆောင်ကို ထုတ်ယူလိုက်၏။
ဤဝိညာဉ် ကျောက်စိမ်း အဆောင်မှာ သတ်မှတ်ထားသော အကွာအဝေးတစ်ခုအတွင်း ဆက်သွယ်ရန် အသုံးပြုနိုင်သည်။ ဝူယွမ်၏ လက်ရှိ ဝိညာဉ် စွမ်းအားအရ သားရဲ တိုက်ပွဲ နယ်မြေအတွင်းမှာဆိုလျှင်ပင် ပြဿနာ ရှိမည် မဟုတ်ပေ။
ဝူယွမ်သည် ရှောင်တျောင်းကို အရင်ဆုံး ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း တုံ့ပြန်မှု မရှိပေ။
၎င်းမှာ ရှောင်တျောင်းသည် သားရဲ တိုက်ပွဲ နယ်မြေတွင် မရှိတော့ကြောင်း သက်သေပြနေသည်။
သို့သော်လည်း ရှောင်ယန်က တုံ့ပြန်ခဲ့သည်။
“အစ်ကိုကြီး နောက်ဆုံးတော့ ရောက်လာပြီပဲ၊ အခု ဘယ်နားမှာလဲ ကျဝောာ် ချက်ချင်း လာခဲ့မယ်”
ရှောင်ယန်မှာ ဝူယွမ်၏ သတင်းစကားကို ရရှိသဖြင့် အလွန်
စိတ်လှုပ်ရှားပျော်ရွှင်သွားသည်။ ဤအချိန်အတွင်း သူသည် သားရဲ တိုက်ပွဲ နယ်မြေတွင် တစ်ယောက်တည်း တိုက်ခိုက်နေခဲ့ပြီးရ ဝူယွမ်၊ လင်းတုန်နှင့် အခြားသူများကို အလွန် လွမ်းဆွတ်နေခဲ့သည်။ ယခုတော့ နောက်ဆုံးမှာ ဝူယွမ်ရောက်ရှိလာသဖြင့် စောင့်နေရကျိုး နပ်ခဲ့ပြီဖြစ်သည်။
“ဒီကောင် တကယ်ပဲ သားရဲ တိုက်ပွဲ နယ်မြေမှာ ရှိနေတာပဲ၊ ကြည့်ရတာ သူ့ရဲ့ တိုက်ဆိုင်တဲ့ တွေ့ဆုံရမှု ကံကြမ္မာက မပြောင်းလဲသွားဖူးပဲ” ဝူယွမ် ပြုံးလိုက်မိသည်။
ဝူယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ဤနေရာ၏ နာမည်ကို မသိသဖြင့် ရှင်းချင်အား ပြောလိုက်သည်။
“ရှင်းချင်၊ ရှောင်ယန်ကို ငါ ဆက်သွယ်ပြီးပြီ၊ ဒါကဘယ်နေရာလဲ နာမည်ဘယ်လိုခေါ်လဲ၊ သူ့ကို ငါတို့ဆီ လာရှာခိုင်းလိုက်မယ်”
“ဒီနေရာက အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုနဲ့ နီးတယ် သခင်ကြီးဝူယွမ်၊ ငါတို့ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုမှာ သခင်လေး ယန်နဲ့ ဆုံရင်ရော ဘယ်လိုလဲ” ခဏစဉ်းစားပြီးနောက် ရှင်းချင်က အကြံပြုလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆို အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုကို သွားကြတာပေါ့”
ဝူယွမ်သဘောတူလိုက်သည်။ ရှင်းချင် ပေးသော အမြီးကိုးချောင်း ရွာ၏ တည်နေရာကို ရှောင်ယန်ထံ ပို့ပေးလိုက်ပြီးနောက် ရှင်းချင်နှင့်အတူ ထွက်ခွာခဲ့သည်။
မိစ္ဆာ နယ်မြေ၏ ရှုခင်းမှာ သာယာလှသည်။ အရှေ့ဘက်ရွှမ်ဒေသရှိ များပြားလှသော အင်ပါယာများနှင့် ကစဉ်ကလျားမိစ္ဆာပင်လယ်၏ သိပ်သည်းသော ကျွန်းများနှင့် နှိုင်းယှဉ်ပါက ဤနေရာမှာ ပိုမို ရှေးကျပြီး တောရိုင်းဆန်သော အရှိန်အဝါဖြင့် ပြည့်နှက်နေကာ ထူးခြားသော ဆွဲဆောင်မှုအငွ့အသက် တစ်ခု ရှိနေ၏။
ဝူယွမ်သည် လင်းတုန်၊ ယင်းဟွမ်ဟွမ်နှင့် အခြားသူများကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာမှ အပြင်သို့ ခေါ်ထုတ်လိုက်၏။
ယင်းဟွမ်ဟွမ်၊ ကျန်းယွဲ့၊ မုချန်ချန်နှင့် အခြားသူများ အားလုံးက မိစ္ဆာ နယ်မြေအကြောင်း စူးစမ်းလိုကြ၏။
ဒေသခံ နေထိုင်သူဖြစ်သော ရှင်းချင်သည် ဧည့်လမ်းညွှန် တစ်ဦးကဲ့သို့ တာဝန်ယူခဲ့သည်။
ရှင်းချင်က ရှင်းပြလိုက်သည်။
“မိစ္ဆာ နယ်မြေက ဒေသ အများအပြားရှိပီး အလွန်တရာ ကျယ်ပြန့်ပါတယ် အကြမ်းဖျင်းအားဖြင့် အရှေ့၊ အနောက်၊ တောင်နဲ့ မြောက်ဆိုပြီး ရိုးရှင်းတဲ့ ဒေသ လေးခု ခွဲခြားထားပါတယ်၊ ကျမတို့ ရှိနေတဲ့ သားရဲ တိုက်ပွဲ နယ်မြေက အနောက်ဘက်နဲ့ မြောက်ဘက် ဒေသတွေရဲ့ ဆုံချက်မှာ ရှိပါတယ်၊ ဒါက မိစ္ဆာ နယ်မြေမှာ အရှုပ်ထွေးဆုံး ဒေသတွေထဲက တစ်ခုပါ”
“ဒီနေရာက တခြား ဒေသတွေနဲ့ မတူဘူး၊ တခြား နေရာတွေမှာ အဓိက မိစ္ဆာ မျိုးနွယ်စုတွေက မျိုးနွယ်စု စွမ်းအားအလိုက် ဖြန့်ကျက်ထားပြီး နယ်မြေ သတ်မှတ်ချက်တွေ ရှင်းလင်းကာ အငြင်းပွားမှု နည်းပါးပါတယ်၊ ဒီမှာကတော့ စွမ်းအားကပဲ အရာအားလုံးကို အဆုံးအဖြတ်ပေးတယ်”
“လက်ရှိမှာ ဒီနေရာကို မဟာ မိစ္ဆာ တပ်မှူး ရှစ်ယောက်က ထိန်းချုပ်ထားပြီး အားလုံးက ဆန်းကြယ်သေခြင်းအဆင့် ပြီးပြည့်စုံခြင်း ဒါမမဟုတ် အဲဒီထက် မြင့်မားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြပါတယ်၊ သူတို့က မိစ္ဆာ နယ်မြေ တစ်ခုလုံးမှာတောင် နာမည်ဂုဏ်သတင်း အတော်လေး ကြော်ကြားတယ်”
ကျန်းယွဲ့က မေးလိုက်၏။ “ရှင်းချင်၊ မင်းရဲ့ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုကရော ဘယ်လောက်ထိအစွမ်းထက်လဲ ”
အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုအကြောင်း ပြောလိုက်သောအခါ ရှင်းချင်၏ မျက်နှာအမူအရာ အနည်းငယ် ညှိုးငယ်သွားသည်။ သူမက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
“ငါတို့ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုက အခု အရမ်း အားနည်းနေပါပြီ၊ ကျမအမေ ဖြစ်တဲ့ မျိုးနွယ်စု ခေါင်းဆောင်က ဆန်းကြယ်သေခြင်းအဆင့် အသေးစား ပြီးပြည့်စုံခြင်း စွမ်းအားပဲ ရှိပါတယ်၊ ဒီသားရဲ တိုက်ပွဲမှာ ကျမတို့အမြီးကိုးချောင်း မျိုးနွယ်စုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် အရမ်း ခက်ခဲပါတယ်”
“ဘာလို့လဲဆိုတော့ ကျမတို့ မျိုးစွယ်စု မိန်းခလေးတွေရဲ့ သဘာဝက ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလို့ပါ၊ အဲ့ဒါကြောင့်ပဲ မျိုးနွယ်ဝင်တွေက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြန်ပေးဆွဲ ဖမ်းစီးတာကို အမြဲတမ်း ခံနေရပြီး စိတ်ကျေနပ်အောင် ဖျော်ဖြေပေးရတဲ့ ရုပ်သေးသဖွယ် ဆက်ဆံခံနေရလို့ ရှင်သန်ဖို့ ခက်ခဲလာခဲ့ပါဝာယ်”
“ကျမတို့ အဓိက အင်အားစု တစ်ခုဆီမှာ ခိုလှုံဖို့ ကြိုးစားခဲ့ဖူးပါတယ်၊ ဒါပေမယ့် သူတို့က ကျမတို့ အမြီးကိုးချောင်း မျိုးနွယ်စုကနေ နှစ်စဉ် လူငယ် အမျိုးသမီး ဆယ်ယောက် ပေးဖို့ တောင်းဆိုခဲ့ပါတယ်၊ ကျမတို့ သဘောမတူပဲ ခွဲထွက်ပြီး နောက်ဆုံးမှာ အခု နေထိုင်တဲ့ နေရာကို ထွက်ပြေးလာခဲ့ကြပါတယ်၊ ဒါပေမယ့် ကျမတို့ ခုလိုထွက်ပြေးနိုင်ဖို့ ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရပါတယ်၊ ကျမအဖေ အပါအဝင် အမျိုးသား ဆယ်ယောက်မှာ ရှစ်ယောက်လောက်က ခုခံရင်း သေဆုံးသွားခဲ့ရပါတယ်”
“ကျမ ကစဉ်ကလျားမိစ္ဆာပင်လယ်လို ဝေးလန်တဲ့ခရီးတစ်ခုသွားပြီး မီးနတ်ဘုရားနန်းတော်ကို ဝင်ရောက်ခဲ့တဲ့ အကြောင်းရင်းက ကျမ ပိုအစွမ်းထက်လာချင်လို့ပါ၊ အဲ့ဒါမှ အနာဂတ်မှာ ကိုယ့်ရဲ့မျိုးနွယ်ဝင်တွေကို ကျမကာကွယ်ပေးနိုင်မှာ”
ယင်းဟွမ်ဟွမ်က နားထောင်ပြီးနောက် စဉ်းစားဟန်ဖြင့် သက်ပြင်းချကာ
ပြောလိုက်သည် “အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုက ဒီလောက် ဆိုးရွားတဲ့ အခြေအနေထိ ကျဆင်းသွားလိမ့်မယ်လို့ မထင်ထားခဲ့ဖူး၊ ရှေးဟောင်းခေတ်က မင်းတို့က မိစ္ဆာ နယ်မြေရဲ့ အုပ်စိုးရှင်တွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ပြောကြတယ်”
ရှင်းချင်က ယင်းဟွမ်ဟွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စု၏ အတိတ်က ဘုန်းကျက်သရေအကြောင်း သူမ သိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
“ဟုတ်ပါတယ် ကျမတို့ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုက အရင်က အုပ်စိုးရှင် မျိုးနွယ်စု လေးခုထဲက တစ်ခုဖြစ်တဲ့ ခွန်းဖန် မျိုးနွယ်စုနဲ့တောင် စစ်ဖြစ်ခဲ့ဖူးတယ်လို့ မျိုးနွယ်စု အကြီးအကဲတွေဆီက ကြားဖူးပါတယ်၊ အဲဒီတုန်းက ကျမတို့မျိုးနွယ်စုရဲ့ စွမ်းအားက လက်ရှိ အုပ်စိုးရှင် မျိုးနွယ်စု လေးခုထက် မနိမ့်ကျလောက်ဘူးလို့ ယူဆရပါတယ်”
ရှင်းချင်၏ မျက်လုံးများတွင် တောင့်တမှုများ ပြည့်နှက်နေသည်။ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုက ၎င်း၏အထွတ်အထိပ် အခြေအနေရှိခဲ့သော ခေတ်သို့ ပြန်လည်ရောက်ရှိနိုင်ရန် သူမ အလွန်ပင် မျှော်လင့်နေမိသည်။
“အုပ်စိုးရှင် မျိုးနွယ်စု လေးခုလား၊ မိစ္ဆာ နယ်မြေရဲ့ လက်ရှိ အခြေအနေက ဘယ်လိုလဲ” ယင်းဟွမ်ဟွမ်က ထပ်မေးလိုက်သည်။
“လက်ရှိ မိစ္ဆာ သားရဲ ကမ္ဘာကို အုပ်စိုးရှင် မျိုးနွယ်စု လေးခုနဲ့ တော်ဝင် မျိုးနွယ်စု ရှစ်ခုတို့က အဓ်ိက အုပ်ချုပ်နေပါတယ်”
“အုပ်စိုးရှင် မျိုးနွယ်စု လေးခုက နဂါး မျိုးနွယ်စု၊ ဖီးနစ်ကိုးကောင် မျိုးနွယ်စု၊ ခွန်းဖန် မျိုးနွယ်စုနဲ့ ကောင်းကင်မိစ္ဆာမြွေပါ မျိုးနွယ်စုတို့ပဲ”
“တော်ဝင် မျိုးနွယ်စု ရှစ်ခုကတော့ ကောင်းကင် မိစ္ဆာ ကျား မျိုးနွယ်စု၊ မှောင်မိုက် ချောက်ကမ်းပါး ကျား မျိုးနွယ်စု၊ မြေကြီး တုန်ခါ မိုးကြိုး ကျား မျိုးနွယ်စု၊ အသက်ကိုးချောင်း ကောင်းကင် ကြောင် မျိုးနွယ်စု၊ သွေးလင်းတ မျိုးနွယ်စု တွေပဲ”
ရှင်းချင်က မိစ္ဆာ နယ်မြေ၏ လူမျိုးစု အမျိုးမျိုးအကြောင်း လူတိုင်းကို လျင်မြန်စွာ မိတ်ဆက်ပေးလိုက်သည်။
ယင်းဟွမ်ဟွမ်က အကြံပြုလိုက်သည်။
“အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုရဲ့ အခြေအနေ ဒီလောက် ဆိုးနေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး ဝူယွမ် အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာထဲကို ပြောင်းရွှေ့ခွင့် ပေးလိုက်ပါလား၊ ဘာပဲဖြစ်ဖြစ် ရှေးဟောင်းကျောက်တိုင် ကမ္ဘာက အရမ်း ကျယ်ပြောတာပဲ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စု နေထိုင်ဖို့ နေရာလေး တစ်ခုတိုးလာလို့ ဘာမှဖြစ်မသွားပါဖူး”
“မင်းရဲ့ စွမ်းအားနဲ့ဆို သူတို့ကို ကာကွယ်ဖို့က ပြဿနာ မဟုတ်ပါဘူး၊ ပြီးတော့ ရှေးဟောင်းကျောက်တိုင် ကမ္ဘာက လက်ရှိမှာ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်နေတဲ့ အချိန်ဖြစ်နေတယ်၊ မျိုးနွယ်စု အမျိုးမျိုး ရှိနေတာက ကျောက်တိုင်ကမ္ဘာကြီးရဲ့ ကြီးထွားမှုအတွက် ပိုပြီး အထောက်အကူ ဖြစ်စေလိမ့်မယ်”
“ပြီးတော့ အနာဂတ်မှာ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုက သူ့တို့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားတဲ့အခါ ရှေးဟောင်းကျောက်တိုင် ကမ္ဘာမှာ အုပ်စိုးရှင် မျိုးနွယ်စု လေးခုထက် မနိမ့်ကျတဲ့ မျိုးနွယ်စု တစ်ခု ရှိလာနိုင်တယ်လေ”
“ဟုတ်တယ်၊ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုက လူသား မျိုးနွယ်စုနဲ့ နီးကပ်တဲ့ မိစ္ဆာ မျိုးနွယ်စု အနည်းငယ်ထဲက တစ်ခုဖြစ်ပြီး တခြား မိစ္ဆာ မျိုးနွယ်စုတွေလို ရက်စက်ပြီး မရိုင်းစိုင်းပါဘူး”
“ဒါက အကြံကောင်း တစ်ခုလို့ ငါလည်း ထင်တယ်၊ပီးတော့ ရှင်းချင်က အရမ်း သနားဖို့ကောင်းတယ်”
ယင်းဟွမ်ဟွမ်၏ အကြံပြုချက်ကို လူအနည်းငယ်ကလည်း ချက်ချင်းဆိုသလို ထောက်ခံခဲ့ကြ၏။
ဟွမ်၊ ဘိုးဘေးအဆောင်လက်ဖွဲ့နှင့် အခြား နတ်ဘုရားရတနာ ဝိညာဉ် အနည်းငယ်ကလည်း အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုကို ဝူယွမ် ၏ ကျောက်တိုင် ကမ္ဘာထဲသို့ ဝင်ရောက်ခွင့်ပေးရန် သဘောတူခဲ့ကြသည်။ သူတို့အားလုံးမှာ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စု၏ စွမ်းအားကို မျက်မြင်တွေ့ခဲ့ရသော ရှေးဟောင်းခေတ်က တည်ရှိမှုများ ဖြစ်ကြသည်။
ရှေးဟောင်းကျောက်တိုင် ကမ္ဘာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာကြီး၏ ဂေဟစနစ်ကို ကြွယ်ဝစေရန်အတွက် လူမျိုးစုများ ဝင်ရောက်လာစေရန် အလွန် အရေးကြီးလှသည်။ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုကဲ့သို့ အစွမ်းထက်လာနိုင်သော မျိုးနွယ်စု တစ်ခုကို ဝင်ရောက်ခွင့်ပြုခြင်းက ဆိုးကျိူးများမရှိစေပဲ အကျိုးကျေးဇူးများသာ ယူဆောင်လာပေးမည်ဖြစ်၏။
“ပြဿနာမရှိပါဘူး ရှင်းချင်၊ မင်း ဘယ်လိုသဘောရလဲ” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။
လူတိုင်း၏ အကြည့်များ ရှင်းချင်ထံသို့ ရောက်သွားကြသည်။
“တကယ် ဖြစ်နိုင်လို့လား” ရှင်းချင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ရှေးဟောင်းကျောက်တိုင် ကမ္ဘာအကြောင်း သူမ သိသည်။ ယွမ်ဂိုဏ်းကို တိုက်ခိုက်ခဲ့စဉ်က သူမသည် မီးနတ်ဘုရား အစောင့်အရှောက်များနှင့်အတူ ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ဝင်ရောက်ခဲ့ဖူးပြီး ဝူယွမ် ယူဆောင်လာသော ရှေးဟောင်းကျောက်တိုင်မှာ အတိုင်းအဆမရှိ ကျယ်ပြောလှသော ကမ္ဘာတစ်ခု ပါဝင်ကြောင်း သိရှိခဲ့သည်။ ထို့အပြင် ထိုကမ္ဘာသည် ရှင်းချင်အတွက် နတ်ပြည်တစ်ခုလို ခံစားခဲ့ရ၏။
ထိုနေရာတွင် ဝိညာဉ်ရေးရာ စွမ်းအင်များ ပေါများပြီး စစ်ပွဲများ မရှိဘဲ အရာအားလုံးက ငြိမ်းချမ်းနေသည်။
သူမသည် ထိုအတွက် တောင့်တနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။
သူမ၏ အဆင့်အတန်းမှာ သခင်ကြီးဝူယွမ်ထံသို့ ထိုကဲ့သို့သော တောင်းဆိုမှု ပြုလုပ်ရန် နိမ့်ကျလွန်းသည်ဟုခံစားရသောကြောင့်သာမတောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဝူယွမ်ကပြောလိုက်သည်။
“သေချာပေါက် ရတာပေါ့၊ ငါတို့ အမြီးကိုးချောင်း ရွာကို ရောက်တဲ့အခါ မင်းရဲ့ မျိုးနွယ်ဝင်တွေ ဆန္ဒရှိရင် ရှေးဟောင်းကျောက်တိုင်ထဲမှာ နေလို့ရတယ်ဆိုတာ သူတို့ကို မင်း ပြောပြလိုက်ပါ”