← Chapters

သွေးလင်းတခန်းမ ဖျက်သိမ်းခြင်း၊ လုံကျိုးနဲ့လုံရှန်းသေပီ

Vol. 11 Ch. 103

သွေးလင်းတခန်းမ ဖျက်သိမ်းခြင်း၊ လုံကျိုးနဲ့လုံရှန်းသေပီ

Vol. 11 Ch. 103

လင်းတုန်က တိုက်ပွဲဝင်လိုစိတ် အပြည့်ဖြင့် ကောင်းကင်းအကြေးခွံ ရှေးဟောင်းလှံကို ကိုင်ရမ်းကာ လုံကျိုးဆီသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

သူ၏ ကြေးမိုးကြိုးကိုယ်ခန္ဓာ ကြီးမားသောအောင်မြင်မှုအဆင့်နှင့် မဟာနေ မိုးကြိုးစွမ်းအင်ကို အသုံးပြု၍ ကောင်းကင်အကြေးခွံလှံအစွမ်းဖွင့်ထားသော အခါတိုင်း သူထုတ်လွှတ်လိုက်သည့် သာမန်တိုက်ခိုက်မှုတိုင်းက သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် ကျင့်ကြံသူ အစွမ်းကုန်တိုက်သည်နှင့် နှိုင်းယှဉ်နိုင်လောက်အောင် ဖြစ်နေသည်။

လုံကျိုး၏ ကောင်းကင်နှင့်မြေကြီး နှစ်မြွှာတူများက စွမ်းအားပြင်းထန်ပြီး လေးလံသော်လည်း လင်းတုန်၏ ရှေးဟောင်းလှဲအောက်မှာ တော့အရမ်း သာမန်ဆန်လွန်းနေခဲ့သည်။

ဝူယွမ်က လင်းတုန် အစွမ်းကုန်ထုတ်မတိုက်သေးကြောင်း သူ၏ ကိုယ်ခန္ဓာကို စမ်းသပ်ရန် လုံကျိုးအား အသုံးပြုနေခြင်း၊ လုံကျိုးအား စွမ်းအင်တိုင်းပစ္စည်းအဖညစ် ဆက်ဆံနေခြင်းဖြစ်ကြောင်း မြင်နိုင်သည်။

မဟုတ်ပါက လင်းတုန်၏ လက်ရှိ စွမ်းအားဖြင့် လုံကျိုးအား မြန်မြန်ဆန်ဆန် သုတ်သင်လိုက်နိုင်သည်။

“ကောင်လေး၊ မင်းက သိန်းငှက်သိုင်းခန်းမက မဟုတ်ဘဲနဲ့ ဘာလို့၀င်နှောက်ယှက် နေရတာလဲ”

လုံကျိုးသည် အော်ဟစ်လိုက်သည်။ သူ၏ အစောပိုင်း ဒေါသထွက်နေခြင်းက အခုအခါ ကြောက်ရွံ့ခြင်းသို့ ပြောင်းလဲသွားပီဖြစ်သည်။

“ခေါင်းဆောင် လုံကျိုး၊ ကျွန်တော့်ညီနဲ့ ကျွန်တော်က သိန်းငှက်သိုင်းခန်းမက မဟုတ်ဘူးလို့ ဘယ်သူပြောလဲ၊ ကျွန်တော်တို့ မနေ့က သိန်းငှက်သိုင်းခန်းမကို ဝင်ခဲ့တယါ ဟုတ်တယ်မလား၊ အစ်ကိုကြီး ကျန်းလဲ့”

ဝူယွမ်က အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်ပြီး သူ၏စကားများတွင် အကြောင်းပြချက်အပြည့်အစုံရှိသည်ဟု ခံစားရသည်။

“ဟားဟား၊ မှန်ပါတယ်၊ မိုက်မဲတဲ့လူအိုကြီး လုံကျိုး၊ ညီလေး ဝူယွမ်နဲ့ ညီလေး လင်းတုန်တို့က ငါ့ သိန်းငှက်သိုင်းခန်းမကဘဲ။” ကျန်းလဲ့က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“ဟမ်၊ ငါ့ရဲ့ သွေးလက်းတသိုင်းခန်းမက နှိပ်ကွပ်ရန် လွယ်ကူတယ်လို့ မင်းထင်နေတာလား၏”

လုံကျူး၏မျက်နှာက မည်းမှောင်နေပြီး၊ ကြီးမားသောလှုပ်ရှားမှုတစ်ခုကို အသုံးပြုရန် ပြင်ဆင်နေသည်။

မီးတောက်ကဲ့သို့သော နီရဲသည့် ယွမ်စွမ်းအင်က လှိုင်းလုံးများကဲ့သို့ လုံကျူး၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ အဝေးမှကြည့်လျှင် သူက မီးတောက် မီးလျှံများဖြင့် ဖုံးလွှမ်းနေသည်ဟု ထင်ရသည်။

ထို့အပြင် ယွမ်စွမ်းအင် ထွက်ပေါ်လာချိန်တွင် လုံကျူး၏ မျက်ဆန်များသည်လည်း အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားပြီး အန္တရာယ်ရှိသော သားရဲဆန်သော စွမ်းအင်က သူ၏ခန္ဓာကိုယ်မှ တဖြည်းဖြည်း စိမ့်ထွက်လာသည်။

ထိုနည်းတူစွာ လုံကျူး၏ လက်ဝါးများသည်လည်း တဖြည်းဖြည်း ကြီးမားလာပြီး ဧရာမမျောက်ဝံ၏ လက်သည်းများနှင့် တူညီကာ သူ၏လက်ထဲရှိ လေးလံသော တူများကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်။

ဤပြောင်းလဲမှုက ပတ်ဝန်းကျင်ရှိ လူအားလုံးကို အံ့အားသင့်စေသည်။

“ညီလေး လင်းတုန်၊ သတိထားပါ။ အဲ့လူ မိစ္ဆာမျောက်ဝံအသွင်ပြောင်းခြင်းကို အသုံးပြုတော့မယ်၊ အဲ့ပညာရပ်က အဆင့်မြင့် သိုင်းပညာရပ်ဖြစ်ပြီး ကာလတိုအတွင်း ခန္ဓာကိုယ်စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ်။”

ကျန်းလဲ့က စိုးရိမ်စွာဖြင့် အော်ဟစ်ကာ လင်းတုန်အား သတိပေးခဲ့သည်။

“မိစ္ဆာမျောက်ဝံအသွင်ပြောင်းခြင်း”

လုံကျူး၏လက်များတွင် သွေးပြန်ကြောများက နဂါးများကဲ့သို့ လိမ်ခွေနေပြီး ကြီးမားသောစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ အနီရောင်ရင့်ရင့် ယွမ်စွမ်းအင်သည် သူ၏လက်ဝါးများကို ဆက်လက်ဝိုင်းရံထားပြီး သူ၏အပေါက်များမှတစ်ဆင့် အထဲထိထိုးဖောက်ဝင်ရောက်နေသည်။

“စိတ်မပူပါနှင့် အစ်ကိုကျန်း ခန္ဓာကိုယ်ယှဉ်ပြိုင်မှုမှာ ကျွန်တော့ ညီနှစ်က သူ့ကို ရှုံးစရာ အကြောင်းမရှိဘူး”

ဝူယွမ်က သူ၏အကြည့်ကို အနည်းငယ်လှည့်ကာ လုံကျူး၏ ရုတ်တရက်ကြီးမားလာသော ခန္ဓာကိုယ်ကို ကြည့်ပြီး “အဲ့တာက ဝိညာဉ်ရှိတဲ့ သိုင်းပညာလိုဘဲထင်တယ်”

သူက မိစ္ဆာမျောက်ဝံအသွင်ပြောင်းခြင်းကို အနည်းငယ်ပိုဂရုစိုက် လေ့လာခဲ့သည်။ မိသ္ဆာမျောက်ဝံအသွင်ပြောင်းခြင်းကို အသက်ဝင်စေသည့်အခါတွင် လုံကျူး၏စွမ်းအင်က တိုးမြင့်လာပြီး ချီဖန်တီးချင်းအဆင့် အစောပိုင်း ကျင့်ကြံသူနဲ့ နှိုင်းယှဉ်နိုင်လာသည်။

ဤကိုယ်ခံပညာက မိမိ၏ကျင့်ကြံခြင်းအဆင့်ထက် ကျော်လွန်သော ပြိုင်ဘက်များကို စိန်ခေါ်ရန်အတွက် အထူးတည်ဆောက်ထားသည့် ပုံပေါက်သည်။

ဝူယွမ်စကားပြောနေရင်းတန်းလန်း လင်းတုန်ရဲ့အင်္ကျီက ရုတ်တရက် ကွင်းထဲတွင် ပေါက်ကွဲသွားပြှး။ ရွှေရောင် ယွမ်စွမ်းအင်သည် လှိုင်းလုံးကဲ့သို့ ထွက်ပေါ်လာကာ သူ၏အရေပြားက တဖြည်းဖြည်း ရွှေရောင်သို့ ပြောင်းလဲသွားသလို ခဏအတွင်း ရွှေသားရဲ ပုံပေါက်သွားသည်။

ရွှေရောင်ခေါင်းလောင်းတစ်လုံးက သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။

သူ၏ခန္ဓာကိုယ်က လုံကျူးကဲ့သို့ ကြီးမားမသွားေသာ်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်သည့် စွမ်းအင်သည် လူတို့အား စိတ်ထဲမှ အံ့အားသင့်စေခဲ့သည်။

“လူငယ်လေး မင်း ငါ့ကို မိစ္ဆာမျောက်ဝံအသွင်ပြောင်းခြင်းကို အသုံးပြုဖို့ ဖိအားခဲ့တယ်၊ ငါမင်းကိုသတ်ဖို့လုပ်မှ မင်း နောင်တမရနဲ့”

လုံကျိုး၏ မျက်ဆန်များကလည်း ဤအချိန်တွင် ပြောင်းလဲသွားပြီး သူက ပုံပျက်သော မိစ္ဆာမျောက်ဝံကဲ့သို့ ပုံပေါက်နေသည်။ သူ၏နှုတ်ခမ်းတွင် ရက်စက်သော အပြုံးပေါ်လာပြီး လင်းတုန်နှင့် မျက်နှာချင်းဆိုင်ပြီးနောက် ခြေအကျယ်ကြီး လှမ်းကာ သူ၏ပုံသဏ္ဍာန်က အနီရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွားကာ ပစ်လွှတ်လိုက်သည်။

“ဒါအကောင်းဆုံးဘဲ အစောက ခင်ဗျား အားနည်းလွန်းတယ်လို့ ကျွန်တော် ခံစားမိတယ်၊ ဒါပေမဲ့ အခု လုံလောက်သွားပီ”

လင်းတုန်းက စိန်ခေါ်မှုကို ဦးတည်လိုက်သည်။ သူက သူ၏ရွှေရောင်ခေါင်းလောင်းကိုယ်ခန္ဓာကို အပြည့်အဝထုတ်လွှတ်ခဲ့ပြီး မျက်နှာပြင်ပေါ်တွင် ကြေးဝါရောင်အလင်းရောင်နှင့် မိုးကြိုးများစီးနေခဲ့သည်။

ရွှေရောင်ခေါင်းလောင်းကိုယ်ခန္ဓာ ကြေးဝါမိုးကြိုးကိုယ်ခန္ဓာ ပေါင်းစပ်ခြင်း

စွမ်းအားပျင်း မိစ္ဆာမျောက်ဝံတူ။

လုံကျိုးကက အခုအချိန်တွင် အရူးအမူးဖြစ်နေပြီဖြစ်သည်။ မိစ္ဆာမျောက်ဝံအသွင်ပြောင်းခြင်းသးက သူ၏ဆင်ခြင်တုံတရားကို ဆုံးရှုံးစေပြီး သူ့ကိုအရိုင်းစရိုက်သို့ ပြောင်းလဲသွားစေခဲ့သည်။

သူ၏မျက်ဆန်များတွင် အနီရောင် အလင်းကနက်ရှုင်းလာကာ မျောက်ဝံတစ်ကောင်၏အော်ဟစ်သံက သူ၏လည်ချောင်းမှ ရုတ်တရက်ပေါက်ကွဲထွက်လာပြီး ထို့နောက် အနီရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွားကာ ပစ်လွှတ်လိုက်သည်။ သူ့က်ထဲရှိ ကြီးမားသော တူအရိပ်ကြီးမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်ရာ တူအောက်မှာ လေထုပင် ပြိုကွဲသွားသည်။

“ကောင်းကင်ဖြတ်ပိုင်းခြင်း မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါး”

လင်းတုန်းက ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံကို သိမ်းလိုက်ပြီး လေထဲသို့ ခုန်တက်လိုက်ကာ။ သူသည် လက်ဖြင့် တံဆိပ်ခတ်ကာ န၀မအဆင့် သိုင်းပညာကို အပြည့်အဝထုတ်လွှတ်လိုက်သည်။

သူ၏လက်နှစ်ဖက်က မကောင်းဆိုးဝါးကျောက်တိုင်ကြီးတစ်ခုစီကို ထောက်ပံ့ပေးထားပြီး တောင်ကိုသယ်ဆောင်ထားသော စစ်နတ်ဘုရားကဲ့သို့ ဖြစ်နေသည်။ ကြည့်ရုံမျှဖြင့် လူတို့အား အသက်ရှူကျပ်စေသည်။ ပြင်းထန်သော စွမ်းအင်နှစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ကောင်းကင်ယံတွင် ကြီးမားသော တစ္ဆေကျောက်တိုင်နှစ်ခုက တိုက်ရိုက်ဖွဲ့စည်းသွားသည်။

“လူတိုင်း ဆုတ်ကြ”

ဤကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင်အောက်တွင် ကျန်းလဲ့သည် ပတ်ဝန်းကျင်ရှိ တပည့်များအား အမြန်ဆုတ်ခွာရန် အော်ဟစ် အမိန့်‌ေပးလိုက်သည်။

ကျန်းယွဲ့နှင့် စူးစမ်းလိုစိတ်ကြီးမားသော ကျန်းယင်ယင်ကတော့ ဝူယွမ်နောက်သို့ ချက်ချင်း ရွေ့သွားသည်။

စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီး ဝူယွမ်က စိတ်စွမ်းအင်အကာအရံကို တိုက်ရိုက်အားဖြည့်ကာ သူ့နောက်ကွယ်ရှိ သိန်းငှက်သိုင်းခန်းမ တပည့်အားလုံးကို ကာကွယ်ပေးခဲ့သည်။

လက်ရှိတွင် လင်းတုန်းနှင့် လုံကျိုးနှစ်ဦးစလုံး၏ စွမ်းအားများက သဏ္ဍာန်ပြောင်းအဆင့် အထွတ်အထိပ်နှင့် ညီမျှနေကြပီဖြစ်သည်။ အခု စွမ်းအားက ချီဖန်တီးခြင်းအဆင့်် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်လောက်သည်။

မကောင်းဆိုးဝါး ကျောက်တိုင်လက်ဝါးတံနှစ်ခုက တိုက်ရိုက်လုံကျိုး၏ နှစ်မြွှာတူပေါ်သို့ ရိုက်ချလိုက်သည်။

ဗုံး။ ဘန်း။

ပြင်းထန်လွန်းသော ယွမ်စွမ်းအင်က တုန်ခါပြီး ပြန့်နှံ့သွားသည်။ သိန်းငှက်သိုင်းခန်းမ၏ မုခ်ဦးရှိ ကြမ်းပြင်အပြားနှင့် အုတ်ချပ်အားလုံးသည် ကောင်းကင်သို့ ပျံတက်သွားပြီး ကစဉ့်ကလျားဖြစ်ကာ ကာကွယ်မှုမရှိသည့် အနီးအနားရှိ သွေးသိမ်းငှက်သိုင်းခန်းမှ တပည့်များ တိုက်ရိုက်လွင့်ပျံသွားပြီး သွေးအန်လိုက်ရသည်။

လုံရှန်းသည်လည်း သူတို့ထဲမှ တစ်ဦးဖြစ်ပြီး၊ သူက တစ်ဝက်သေဆုံးနေပြီဖြစ်သည်။

မြင်ကွင်းသို့ ပြန်ကြည့်လျှင် လင်းတုန်းက တားဆီးမရနိုင်သော စွမ်းအားဖြင့် လေထဲတွင် မျောပါနေပြီး ရွှေသွန်းထားသော သူ၏ခန္ဓာကိုယ်က မျက်စိစူးလောက်အောင် ထွန်းလင်းနေကာ အောက်ရှိ လုံကျိုးအား မာန်မာနဖြင့် စူးစမ်းနေသည်။

ဤအချိန်တွင် လုံကျိုး၏ ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သွေးများဖြင့် ဖုံးလွှမ်းကာ အလွန်ရုပ်ဆိုးနေသည်။ သူ၏ ကောင်းကင်နှင့်မြေကြီး နှစ်မြွှာတူများကို လင်းတုန်းက တစ္ဆေကျောက်တိုင်လက်ဝါးဖြင့် အပြားလိုက်ညှိထားသည်ဟု ဆိုရမည်။

“အစ်ကိုကြီးက မင်းတို့အားလုံး သေရမယ်လို့ ပြောတယ်”

လင်းတုန်းက ဘာခံစားချက်မှမရှိဘဲ ပြောဆိုလိုက်သည်။ ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံရှည်က သူ၏လက်ထဲတွင် ပြန်လည်ပေါ်လာသည်။ လှံတစ်ချက်ရမ်းလိုက်ပြီး လုံကျိုး၏ဦးခေါင်းက လွင့်ပျံသွားသည်။

အခြားတစ်ဖက်တွင် သွေးလင်းတသိုင်းခန်းမမှ တပည့်များက ဆွဲတူထားသော လုံရှန်းက သူ၏အဖေ ဦးခေါင်းလွင့်ပျံသွားသည်ကို မြင်လိုက်ရသည်။

သူအော်ဟစ်ချင်စိတ်ပေါ်လာချိန်တွင် လှံအရိပ်တစ်ခုက သူ့အား ရိုက်နှက်လိုက်သည်။

လင်းတုန်၏လှံချက်အောက်တွင် လုံရှန်း၏ဦးခေါင်း အက်ကွဲသွားပြီး သူ၏ဒုက္ခများ အဆုံးသတ်သွားသည်။

“ဒီနေကစပြီး သွေးလင်းတသိုင်းခန်းမ ရှိတော့မှာမဟုတ်ဘူး။ အခု ထွက်သွားကြ။”

လင်းတုန်းသည် သူ၏လှံဖြင့် သွေးလင်းတသိုင်းခန်းမမှ အဖွဲ့ဝင်များကို ညွှန်ပြလိုက်သည်။

“သွား၊ သွားမယ်၊ မြန်မြန်သွားကြမယ်”

မည်သူတစ်ဦးတစ်ယောက်မျှ လင်းတုန်း၏အကြည့်ကို တွေ့ဆုံရန် မဝံ့မရဲဖြစ်နေကြပြီး အားလုံးက ဆုတ်ခွာကာ ကစဉ့်ကလျားထွက်ပြေးကြသည်။

သူတို့၏ခေါင်းဆောင်က သေဆုံးသွားပြီဖြစ်သည်။ သူတို့ဆက်နေရန် အကြောင်းအရင်းမရှိပေ။

လင်းတုန်းက သူ၏လက်ကို ဆန့်ကာ လုံကျိုး၏ သိုလှောင်အိတ်ကို ဝိညာဉ်စွမ်းအင်ဖြင့် ဆွဲယူပြီး သူ၏လက်ထဲသို့ ထည့်လိုက်သည်။ တိုက်ပွဲပြီးလို့ လုယူပြီးနောက် သူက ဝူယွမ်ရှေ့သို့ လျှောက်လာခဲ့သည်။

“အစ်ကိုကြီး”

သူက သိုလှောင်အိတ်ကို ဝူယွမ်ထံ ပေးအပ်လိုက်ပြီး ထိုမြင်ကွင်းက ပတ်ဝန်းကျင်ရှိ တပည့်များအား တံတွေးမျိုချ မိသွားစေသည်။

လင်းတုန်းက နတ်ဘုရားကဲ့သို့သော စွမ်းအားကို ပြသခဲ့ပြီး စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်ကာ လုံကျိုးအား အားအင်အပြည့်ဖြင့် သတ်ဖြတ်ခဲ့သော်လည်း ဝူယွမ်အား ကြည်ညိုလေးစားမှုရှိသည့် သဘောထားကို ဆက်လက်ထိန်းသိမ်းထားသည်။

“ညီနှစ်ဘဲ ဆက်သိမ်းထားလိုက်ပါ”

ဝူယွမ်က ဘာခံစားချက်မှမရှိဘဲ ပြောဆိုလိုက်သည်။

ထွက်ပြေးနေသော သွေးလင်းတသိုင်းခန်းမမှ အဖွဲ့ဝင်များနှင့် မြေပြင်ပေါ်ရှိ ရုပ်အလောင်းနှစ်လောင်းကို ကြည့်ရင်း သိန်းငှက်သိုင်းခန်းမက တပည့်များ၏စိတ်ထဲရှိ ကြီးမားသော ခဲလုံးကြီးကး နောက်ဆုံးတွင် ရှင်းလင်းသွားခဲ့သည်။

သူတို့က ဝူယွမ်နှင့် လင်းတုန်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြပြီး သူတို့၏အကြည့်ရှုများက မနာလိုမှုမှ လေးစားမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ဒီတစ်ကြိမ်မှာလည်း ကျွန်တော်က မင်းတို့ညီနောင်နှစ်ဦးကို အကြွေးထပ်တင်သွားပြန်ပီ”

ကျန်းလဲ့၏ အတွေ့အကြုံရင့်ကျက်သော မျက်လုံးများထဲတွင် စိတ်ခံစားမှုများ တဖွားဖွားပေါ်လာသည်။

“ဒီတစ်ကြိမ်မှာ ညီလေး ဝူယွမ်နဲ့ ညီလေး လင်းတုန်းသာ မရှိရင် သိန်းငှက်သိုင်းခန်းမက ဒီဘေးဒုက္ခကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒီနေ့ ဖျက်သိမ်းရတာက သိန်းငှက်သိုင်းခန်းမ ဖြစ်သွားနိုင်တယ်။”

“အစ်ကိုကြီး ကျန်းလဲ့၊ အဲ့လောက် ယဉ်ကျေး‌နေဖို့မလိုပါဘူး ကျွန်တော်တို့ မိတ်ဆွေဖွဲ့ထားကြတယ်မလား၊ ကျွန်တော်တို့က အစ်ကိုကို့ မကူညီလို့ ဘယ်သူ့ ကူညီရမှာလံဲ”

ဝူယွမ်က ကျန်းလဲ့၏ ပခုံးကို ပုတ်ကာ သူက အစ်ကိုကြီးဖြစ်နေသည့်အလား ပြုမူခဲ့သည်။

ဤသို့မြင်ရသော အခါ ကျန်းယွဲ့၏ လှပသော မျက်လုံးများလေးများ ကျဉ်းသွားပြီး သူမ၏ သွယ်လျှသော ကိုယ်လေး တုန်ခါသွားကာ ဖြူစင်နုပျိုသော လက်ကလေးကို ဆန့်ပြီး ဝူယွမ်၏ ကျောကို ပြင်းပြင်းထန်ထန် လိမ်ဆွဲလိုက်သည်။

“ငါ့ညီနောင်နှစ်ယောက်၊ မင်းတို့က တကယ် တရားမျှတတဲ့သူတွေဘဲ။ အခုကစပြီး ငါ့သိန်းငှက်သိုင်းခန်းမက မင်းတို့နှစ်ဦးအတွက် အမြဲ‌ေနရာရှိလိိမ့်မယ်” ကျန်းလဲ့က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုခဲ့သည်။

“အစ်ကိုကြီး ကျန်းလဲ့၊ အစ်ကိုက ကြင်နာလွန်းနေပါပီ၊ ကျွန်တော် အစ်ကိုရဲ့အဓိကတံခါးကို မတော်တဆဖျက်ဆီးမိလိုက်တယ်။ အစ်ကို ပြန်ပြုပြင်ရ‌ေတာ့မယ်ထင်တယ်” လင်းတုန်းက လက်ချင်းချိတ်ပြီး ဦးညွတ်ကာ ပြောဆိုလိုက်သည်။

သိန်းငှက်သိုင်းခန်းမ၏ အရှေ့ခြမ်းမုဒ်၀က အစောကဖြစ်ခဲ့သည့် တိုက်ပွဲကြောင့်အတော်လေးပျက်စီးနေပီဖြစ်သည်။

“ပြဿနာသေးသေးလေးပါ၊ ပြဿနာသေးသေးလေးပါ”

“မင်းတို့ညီနောင်နှစ်ဦးက ကျန်းယွဲ့နှင့်အတူ အတွင်းခန်းဆောင်ထဲမှာ အရင်နားနေလိုက်ပါ၊ ကျန်တဲ့အရာတွေကို ငါကိုင်တွယ်လိုက်ပါ့မယ်”

လုံသားအဖ သားသေဆုံးပြီးနောက် သွေးလင်းတသိုင်းခန်းမက ခေါင်းဆောင်မရှိဘဲ ကျန်ရစ်နေခဲ့သည်။ ဤအချိန်တွင် သိန်းငှက်သိုင်းခန်းမက သေချာပေါက် အားလုံးကို ဝါးမျိုနိုင်သည်... တိုက်ပွဲပြီးနောက် လင်းတုန်းကတော့ အဝတ်အစားလဲလှယ်ရန် သူ၏အခန်းထဲသို့ ပြန်သွားခဲ့သည်။

ထိုအတောအတွင်း ဝူယွမ်က ကျန်းယွဲ့တို့ညီအမကို အခြားအခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

“ကျန်းယင်ယင်၊ မနေ့က မင်းရဲ့ကိုယ်ခန္ဓာကျင့်ကြံတာက အာနိသင် ဘယ်လိုလဲ”

ဝူယွမ်က ကျန်းယင်ယင်၏ ကိုယ်ခန္ဓာကျင့်ကြံခြင်း အာနိသင်အကြောင်း မေးမြန်းခဲ့ပြီး သူမ၏ခန္ဓာကိုယ်ကို စစ်ဆေးရန် ယွမ်စွမ်းအင်ကို လွှတ်လိုက်သည်ယ

အမှန်စင်စစ် ရှောင်ယင်းယင်း၏ ကိုယ်ခန္ဓာက ပိုအားကောင်းလာပြီး အသက်စွမ်းအင်လည်း ပိုပြင်းထန်လာသည်။

“အစ်ကိုကြီး၊ ကျွန်မ အရမ်းအိပ်ချင်နေတယ်၊ အိပ်ချင်တယ်”

ကျန်းယင်ယင်က သူမ၏ ကြည်လင်ပြတ်သားသော မျက်လုံးကြီးများကို ပွတ်သပ်ကာ အိပ်ချင်ကြောင်း ပြောဆိုလိုက်သည်။

ဝူယွမ် သင်ကြားပေးသည့် “ပျော့ပျောင်း” စာလုံးအတိုင်း လေ့ကျင့်ခြင်းသည် စာလုံးမှ အတွေ့အကြုံအချို့ရရှိသော်လည်း သူမလေ့ကျင့်သလောက် ပိုပိုအိပ်ငိုက်လာပြီး အိပ်မက်ထဲတွင် တိုက်ရိုက်လေ့ကျင့်ခဲ့သည်။

“အိုး၊ ဒီလိုလား”

ဝူယွမ်၏မျက်လုံးများက လင်းလက်လာသည်။ ဤလက္ခဏာမှ သူက ရှောင်ယင်းယင်း၏ လေ့ကျင့်မှုဦးတည်ချက်က အသက်ရှည်ဖို့အတွက် ကိုယ်ခန္ဓာဖြစ်သင့်သည်ဟု ကောက်ချက်ချနိုင်သည်။

ဤကိုယ်ခန္ဓာတွင် အခြားအဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုလည်းရှိသည်။ အိပ်စက်ခြင်းဖြင့် လေ့ကျင့်နိုင်သောကိုယ်ခန္ဓာ။

ဤကိုယ်ခန္ဓာ၏ကျင့်ကြံခြင်းက အိပ်စက်ခြင်းပေါ်တွင်မူတည်ပြီး ပါရမီထူးချွန်သူက ပိုအိပ်ပြီး အိပ်မက်ထဲတွင် လေ့ကျင့်နိုင်သည်။

အမှန်စင်စစ် ဝူယွမ်သည် ဤ သောက်ကျိုးနည်း အဆင့်မြှင့်တင်မှုနည်းလမ်းကို အလွန်အားကျနေသည်။

လူအများစု အိပ်မက်မက်နေသော လေ့ကျင့်မှုနည်းလမ်းဟုပင် ဆိုနိုင်သည်။

“စိတ်မပူပါနဲ့၊ မင်းခံစားချက်တွေအတိုင်း ဆက်ကျင့်ကြံပါ။ အိပ်ချင်တဲ့အခါ အိပ်ပစ်လိုက်၊ ဘာဖိအားမှ မထားနဲ့။ စာလုံးကို မင်းခံစားနိုင်သလောက် ခံစားပြီး အိပ်လိုက်ပါ။”

ဝူယွမ်သည် ပြုံးကာ ကျန်းယင်ယင်ခေါင်းလေးကို ပွတ်သပ်ရင်း ပြောဆိုခဲ့သည်။

“တစ်ကယ်လား”

ကျန်းယင်ယင် ပျော်ရွှင်စွာဖြင့် ပြန်မေးလိုပ်သည်။

“အမ်း” ဝူယွမ်သည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ခဲ့သည်။

ကျန်းယင်ယင်သည် ထိုစကားကိုကြားသည်နှင့် ချက်ချင်းပင်အိပ်ရာပေါ်သို့တက်ပြီး ထို့နောက် “ကျွန်မအိပ်တော့မည်” ဟုပြောခဲ့သည်။

ဤသို့ပြောပြီးသည်နှင့် သူမက မျက်လုံးများကိုပိတ်ကာ ချက်ချင်းအိပ်ပျော်သွားပြီး အေးဆေး၊ စည်းချက်ညီသောအသက်ရှူသံများနှင့်အတူ စတင်အိပ် ပျော်သွားလေပီ။

“ဒီ...”

ကျန်းယွဲ့ အံ့အားသင့်သွားသည်။

“အစ်ကိုကြီး ဝူယွမ်၊ ကျန်းယင်ယင် သူမ...”

“ဒါက ပုံမှန်ပါပဲ၊ ဒါက ပုံမှန်ပါ။ ကျန်းယင်ယင်က အချိန်အကြာကြီး အိပ်စက်ဖို့ လိုအပ်တဲ့ ကိုယ်ခန္ဓာကို ကျင့်ကြံ နေတာမလို့’”

“အချိန်အကြာကြီးလား၊ ဒါဆို ကျန်းယင်ယင် ဘယ်လောက်ကြာကြာ အိပ်ရမှာလဲ”

ကျန်းယွဲ့က အနည်းငယ်စိုးရိမ်နေဆဲဖြစ်သည်။

“သူမက ဆက်တိုက်အိပ်နိုင်တယ်၊ အလွန်ကြာရှည်စွာ၊ ရာစုနှစ်ပေါင်းများစွာ အိပ်ရင်တောင် ပြဿနာမရှိဘူး။ သူမရဲ့ကျင့်ကြံခြင်းမှာ သူမ အမှန်တကယ်အောင်မြင်သွားရင် ကမ္ဘာမှောင်မိုက်တဲ့အထိ အိပ်နိုင်တယ်။”

ဝူယွမ်က ပြုံးနေရင်း ပြောဆိုလိုက်သည်။

သို့သော် ကျန်းယွဲ့က မပြုံးနိုင်ခဲ့ပေ။

အိပ်ခြင်းဖြင့် ကျင့်ကြံခြင်း - ဤကဲ့သို့ ‌ကျင့်ကြံခြင်းနည်းလမ်းမျိုး၊ သူမ အရင်က မကြားခဲ့ဖူးပါ။

“သွားကြရအောင်၊ ကျန်းယင်ယင်အိပ်နေတာကို မနှောင့်ယှက်ကြတာပေါ့။ အခြားအခန်းတစ်ခု သွားပြီး စကားပြောကြမယ်၊ ကိုယ် မင်းကို ဖြည်းဖြည်းချင်းရှင်းပြပါ့မယ်။”

ဝူယွမ်က ကျန်းယွဲ့၏လက်ကို ကိုင်ပြီး သူက ဤကိစ္စကို ကျန်းယွဲ့အား သေချာ ရှင်းပြရန် လိုအပ်သည်ဟု ခံစားမိသည်ယ အကြောင်းမှာ ကျန်းယင်ယင်က အနာဂတ်၌ အိပ်စက်ခြင်းသည် တစ်ရက်၊နှစ်ရက်ကဲ့သို့ ရိုးရှင်းမည်မဟုတ်သောကြောင့်ဖြစ်သည်။

သူတို့က အခြားအခန်းတစ်ခုသို့ ရောက်သွားပြီး တံခါးကို ပိတ်လိုက်သည်။

“ယွဲ့၊ မင်းက ကိုယ့်ရဲ့အမျိုးသမီးဖြစ်နေပီ၊ တစ်ချို့အရာတွေကို ကိုယ် မင်းကို ပြောပြနိုင်ပေမဲ့၊ အခြားဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့”

ဝူယွမ်က လေးလေးနက်နက် ပြောဆိုလိုက်သည်။

ကျန်းယွဲ့၏မျက်နှာက နီရဲလာသည်။ သူမက ရိုးရိုးရှင်းရှင်း သာမန် မိန်းကလေးတစ်ယောက်မဟုတ်တော့ပါ။ သူမတွင် ပိုင်ဆိုင်မည့်သူ ရှိလာပီဖြစ်သည်။

“အစ်ကိုကြီး ဝူယွမ်၊ ကျေးဇူးပြုပြီး ပြောပြပါ။”

“ကျန်းယင်ယင်က အရမ်း‌အားကောင်းတဲ့ ခန္ဓာကိုယ်ပြုပြင်ခြင်းနည်းလမ်းကို လေ့ကျင့်နေတာ၊ အဲ့တာကို ထာ၀ရဘ၀ နတ်ကိုယ်ခန္ဓာလို့ခေါ်တယ်၊ သူမကျင့်ကြံတာက နောက်ဆုံးအထိ အောင်မြင်သွားရင် သူမက ထာဝရအသက်ရှင်နိုင်လိမ့်မယ်။”

“ဘာ၊ ထာဝရအသက်ရှင်နိုင်တယ်” ကျန်းယွဲ့က အလွန်အံ့အားသင့်သွားပြီး သူမ၏ပါးစပ်ကလေးကို အုပ်ရင်း အံ့အားသင့်စွာအော်ဟစ်လိုက်သည်။

“မစိုးရိမ်ပါနဲ့။ လင်းတုန်းနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်တွေက အရမ်းအားကောင်းမှန်း မင်းသိထားတယ်မလား။ ထာရ၀ဘ၀ နတ်ကိုယ်ခန္ဓာလို ကျင့်ကြံခြင်းနည်းလမ်းတွေကို ကိုယ်တို့ ကိုယ်တိုင် လေ့ကျင့်ခဲ့ကြတာကြောင့် ကိုယ် မင်းကို မလှည့်စားပါဘူး။”

ဝူယွမ်က ဤကိစ္စကို နည်းနည်းပိုရှင်းပြသင့်သည်ဟု ခံစားမိသည်။ မဟုတ်ပါက သူက ကျန်းယင်ယင်အား လေ့ကျင့်ပေးမည်ဟု ပြောပြီး ကလေးက ဆက်တိုက်အိပ်နေပါက လူတိုင်း အထင်လွှဲကာ သူကကလေးအတွက် ပြဿနာတစ်ခုခု ဖြစ်စေသည်ဟု အထင်မှားစေနိုင်သည်။

“အစ်ကိုကြီး ဝူယွမ်၊ အစ်ကို့ကို ကျွန်မ မယုံကြည်တာမဟုတ်ပါဘူး၊ ဒီကျင့်ကြံခြင်းနည်းလမ်းက အရမ်းအံ့အားသင့်စရာ ကောင်းလွန်းတာကြောင့်ပါ။”

ကျန်းယွဲ့က အမြန်ရှင်းပြခဲ့သည်။ အခုအချိန်မှာ ဝူယွမ်၏စွမ်းအားဖြင့် သူတို့မိသားစုအား အန္တရာယ်ပြုလိုပါက ဤမျှလောက်ဒုက္ခရောက်ရန် မလိုအပ်တော့ပေ။ သူတို့က တစ်ဦးနှင့်တစ်ဦး ရိုးသားစွာဆက်ဆံပြီးနောက် သူမသည် ဝူယွမ်အား အတော်လေးနားလည်လာခဲ့သည်။

“စကားမစပ်၊ ယွဲ့၊ မင်းက ငယ်လေးတယ်၊ သိုင်းပညာလမ်းကြောင်းက ကျွန်ုပ်သည် ဤလေ့ကျင့်မှုနည်းလမ်းကို သင့်ထံသို့ လွှဲပြောင်းပေးမည်။ သင်၏ပါရမီသည်လည်း မကောင်းမှုမဟုတ်ပါ။”

“အိုး၊ ကျွန်မရော လုပ်နိုင်တာလား” ကျန်းယွဲ့က အတော်လေး စိတ်လှုပ်ရှားသွားအောင်။

“မင်းက ကိုယ့်အမျိုးသမီးဘဲလေ၊ မင်းကျင့်ကြံနိုင်တာပေါ့။”

“လာ၊ မင်းရဲ့စိတ်ကိုဖွင့်ထားပြီး ကိုယ့်ကိုဝင်ရောက်ခွင့်ပြုပါ”

ဝူယွမ်က နူးညံ့သိမ်မွေ့စွာ ပြောဆိုလိုက်သည်။

“အမ်း”

ကျန်းယွဲ့က မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး သူမ၏မျက်ခုံးများ ပြေလျော့သွားကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ဝူယွမ်၏ စိတ်စွမ်းအင်က ပေါက်ကွဲထွက်လာပြီး သူက တူညီသောနည်းလမ်းကို အသုံးပြုပြီး ကိုယ်ခန္ဓာကျမ်း၏ စာလုံးခြောက်လုံးကို ကျန်းယွဲ့၏ စိတ်ဝိညာဉ်ပင်လယ် အတွင်းသို့ ထုတ်လွှင့်ခဲ့သည်။

သူ့အတွက် ကိုယ့်စိတ်ဝိညာဉ်ပင်လယ်ကို ဖွင့်နိုင်သူတိုင်းက သူယုံကြည်ရသူများဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကိုယ့်ရဲစိတ်၀ိညာဥ်ပင်လယ်ကို ဖွင့်ခြင်းက ကိုယ့်အသက်ကို အခြားတစ်ယောက်လက်ထဲ အပ်ပေးထားရသည်နှင့် အတူတူပင်ဖြစ်သောကြောင့်ဖြစ်သည်။

ဝူယွမ်၏ စိတ်စွမ်းအင်သာ လုံလောက်စွာ ပြင်းထန်ပါက သူက တိုက်ရိုက် ပိုင်ဆိုင်နိုင်သည်။

ကျန်းယွဲ့ကလည်း ဝူယွမ်ပြောသည့်အတိုင်း ပူးပေါင်းဆောင်ရွက်ပြီး စာလုံးခြောက်လုံးကို လက်ခံရရှိခဲ့သည်။

ထို့နောက် ဝူယွမ်၏လမ်းညွှန်မှုအတိုင်း သူမက စာလုံးများကို စတင်ခံစားခဲ့သည်။

မကြာမီ သူမတွင် ရှင်းလင်းသောတုံ့ပြန်မှုရှိသည်။

“ပျော့ပျောင်း”

ကျန်းယင်ယင်ကဲ့သို့ပင် “ပျော့ပျောင်း” စာလုံးဘဲဖြစ်သည်။

ဝူယွမ်က ကျန်းယွဲ့အား ဝိညာဉ်စွမ်း “ပျော့ပျောင်း” စာလုံးကို ချက်ချင်းလွှဲပေးလိုက်သည်။

သူကပြောပါတယ် “မင်းရဲ့ရွေးချယ်မှုက ကျန်းယင်ယင်နဲ့တူတယ်၊ မင်းတို့ညီအစ်မတွေတကယ်ကိုတူတယ်။ ဒီစာလုံးအတိုင်းကျင့်ကြံလို့ရတဲ့ ထူးကဲတဲ့ ကိုယ်ခန္ဓာနှစ်ခုရှိတယ်။ တစ်ခုက ကျန်းယင်ယင်လေ့ကျင့်နေတဲ့ ထာ၀ရဘ၀ နတ်ကိုယ်ခန္ဓာ အခြားတစ်ခုက သန့်စင်စမ်းချောင်း နတ်ကိုယ်ခန္ဓာလို့ခေါ်တယ်။

ကိုယ်ခန္ဓာတစ်ခုစီက ကွဲပြားပြီး လူတစ်ဦးစီရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကလည်း ကွဲပြားတယ်။ အဲ့တာကြောင့် မင်းအဲ့စာလုံးကနေ ဘယ်ဟာကို ခံစားရလဲဆိုတဲ့ အပေါ် မူတည်တယ်။

မင်းနဲ့မင်းညီမ နှစ်ယောက်စလုံးက “ပျော့ပျောင်း” စာလုံးကို ကျင့်ကြံနေကြတာမလို့ နောက်ပိုင်း မင်းတို့ရဲ့ ကျင့်ကြံခြင်း ထင်မြင်ချက်တွေကို ဆွေးနွေးလို့ရတယ်။”

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ဝူယွမ်” ကျန်းယွဲ့က နူးညံ့သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။

လတ်တလော “ပျော့ပျောင်း” စာလုံးထဲ ပါဝင်သော ကြီးမားသည့် အချက်အလက်များကို သူမ ခံစားနေရသည်။

သိုင်းခန်းမ၏ စီနီယာအမကြီးဖြစ်သူ သူမက သိုင်းပညာလမ်းကြောင်းကို လိုက်စားပြီး သိုင်းခန်းမကို ပိုမိုကောင်းမွန်စွာ ကာကွယ်လိုသော ဆန္ဒရှိသည်။

သိန်းငှက်သိုင်းခန်းမက သူမ၏အလှပဆုံး ကလေးဘဝအမှတ်တရများကို သိမ်းဆည်းထားပြီး သူမကြီးပျင်းလာရာ နေရာလည်းဖြစ်ကာ သူမ၏အစစ်အမှန်ဆုံး ခံစားချက်များကို ထိန်းသိမ်းထားသော အရေးကြီးဆုံး နေရာလည်းဖြစ်သည်။

သူမသာ ပိုအားကောင်းလာပါက သိန်းငှက်သိုင်းခန်းမကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီနိုင်မည်ဖြစ်သည်။

“ကျေးဇူးတင်တာကြောင့် ဒါခြောက်သွေ့နေတာလား”

ဝူယွမ်သည် စနောက်ခဲ့သည်။

ပြောမပြီးမှီ နူးညံ့သိမ်မွေ့သော ရနံ့တစ်မျိုးက လေထဲမှတစ်ဆင့် ဝင်ရောက်လာခဲ့သည်။ ကျန်းယွဲ့က သူ့ရှေ့တွင် ကျေးငှက်တစ်ကောင်ကဲ့သို့ ရပ်နေပြီး သူမ၏လှပသောမျက်နှာက နီမြန်းနေကာ ဝူယွမ်၏ စနောက်သောအကြည့်များအောက်တွင် သူမက ခြေဖျားထောက်ကာ သူမ၏နူးညံ့ပျော့ပျောင်းသော အနီရောင်နှုတ်ခမ်းများက နောက်တစ်ကြိမ် ဝူယွမ်၏နှုတ်ခမ်းများကို ဖုံးအုပ်လိုက်သည်။

နူးညံ့ပျော့ပျောင်းမှု သက်တောင့်သက်သာရှိမှုက ဝူယွမ်၏နှလုံးသားကို အနည်းငယ်တုန်ခါစေခဲ့သည်။ ထို့နောက် သူက သတိပြန်လည်လာပြီး သူ၏လက်နှစ်ဖက်ကို ဆန့်တန်းကာ သူမ၏သွယ်လျပျော့ပျောင်းသော ခါးလေးကို ပွေ့ဖက်လိုက်သည်။ သူ၏လက်ဝါးက ကျန်းယွဲ့၏ချောမွေ့ကျောက်စိမ်းကဲ့သို့သောကျောကို ဖိထားရင်း ဝူယွမ်က သူမ၏နုပျိုသောခန္ဓာကိုယ်လေး တင်းမာသွားသည်ကို ရှင်းရှင်းလင်းလင်းခံလိုက်စားရသည်။

သူမသည် ကျေးငှက်တစ်ကောင်၊ လက်မထပ်ရသေးသော သတို့သမီးတစ်ဦးဖြစ်နေဆဲဖြစ်သည်။

အခန်းထဲတွင် လရောင် သွန်းလောင်းပြီး ပြတင်းပေါက်များပေါ်တွင် အရိပ်များကျရောက်ကာ အတော်လေး အေးချမ်းသာယာနေသည်။

မကြာမီ အရိပ်နှစ်ခုစလုံး ပြိုလဲသွားပြီး အိပ်ရာပေါ်အတူတူ လှိမ့်ကြ‌ေတာ့သည်။

ပြတင်းပေါက်အပြင်ဘက် နံရံထောင့်တွင် ချမ်းမြစေတီများ ထပ်မံပွင့်ဖူးလာသည်။

All Chapters