← Chapters

မြူဆိုင်း တောအုပ်အတွင်း ဆိုင်းအင်၀င်ခြင်း၊ ကိုးကောင်းကင်ကျမ်းထဲမှ ခန္ဓာကိုယ်ဆိုင်ရာ ကျမ်းစာအုပ်

Vol. 10 Ch. 92

မြူဆိုင်း တောအုပ်အတွင်း ဆိုင်းအင်၀င်ခြင်း၊ ကိုးကောင်းကင်ကျမ်းထဲမှ ခန္ဓာကိုယ်ဆိုင်ရာ ကျမ်းစာအုပ်

Vol. 10 Ch. 92

သူ့ ခွန်အားမြှင့်တင်ရန်က အမြဲတမ်း သူ၏ ပထမဆုံးဦးစားပေး ဦးတည်ချက်ဖြစ်နေခဲ့သည်၊ ထို့ကြောင့် ဝူယွမ်က ကံကောင်းပြီး ရရှိလာသော မိုးကြိုးပြစ်ဒဏ်အရည်ကို ချွေတာနေမည် မဟုတ်ပေ။

ထိုအရာသည် အရသာရှိသလော၊ ထိရောက်မှုရှိသလောဆိုသည်ကိုလည်း သူမသိရှိသေးပေ။

ထို့ကြောင့် ဝူယွမ်သည် တစ်ကြိမ်တည်းအများအပြား အသုံးပြုရန် မလုပ်သေးဘူး၊ အရင်ဆုံး မိုးကြိုးပြစ်ဒဏ်အရည် တစ်စက်ကို ထုတ်ယူလိုက်သည်။

ခရမ်းရောင်၊ ကြည်လင်ပြောင်ချောသော ဝိညာဉ် အရည်သည် မိုးကြိုးလျှပ်စီးများကဲ့သို့ တလက်လက် တောက်ပနေသည်။ ထိုဝိညာဉ်အရည် မြင်ါတက်လာသည်နှင့်တစ်ပြိုင်နက်၊ သူ၏လျှာကို ထုတ်လိုက်ပြီး ချက်ချင်းပင် ငုံလိုက်ပြီး ပါးစပ်အတွင်း၌ စွမ်းအားပြင်းထန်သော လျှပ်စီးသံ ပေါက်ကွဲသံများ ပေါ်လာခဲ့သည်။

သူ၏လျှာက ချက်ချင်း ထုံကျင်သွားပြီး သွားများလည်း တရွှီရွှီမြည်လာခဲ့သည်။

ဝူယွမ်က အလျင်အမြန် သူ၏ ယွမ်စွမ်းအင် ကို လှည့်ပတ်စီးဆင်းစေကာ ထိုဝိညာဉ်အရည်စက်ကို ထိန်းချုပ်ပြီး ဒန်တျန်အတွင်း ပို့လိုက်သည်။

တဂျစ်ဂျစ်... ဂျစ်ဂျစ်...!

ဝူယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးက လျှပ်စီးကူး ဖုံးလွှမ်းသွားပြီး၊ သူ၏ယွမ်စွမ်းအင်ပင် မိုးကြိုးပြစ်ဒဏ်အရည်၏ စွမ်းအားဖြင့် ပြည့်နှက်သွားခဲ့သည်။

“ဟမ့်... ငါ့ခန္ဓာကိုယ်အတွင်းမှာတောင် ဒီလောက် ရိုင်းစိုင်းနေသေးတယ်လား”

ဝူယွမ် အေးအေးဆေးဆေး နှာမှုတ်လိုက်ကာ၊ ချက်ချင်းပင် “နတ်ဆင်နှိမ်နင်းဆင်း” ကို စတင်လှည့်ပတ်လိုက်သည်။

ကျင့်စဉ် နည်းလမ်းမကို စတင်လှည့်ပတ်သည်နှင့်၊ မိုးကြိုးပြစ်ဒဏ်အရည်၏ စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ရွေ့လျားရန် လမ်းကြောင်းရှာတွေ့သွားခဲ့သည်။

သိပ်မကြာမီ၊ ထိုမိုးကြိုး စွမ်းအားများသည် သူ၏ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။

ဤဖြစ်စဉ်အတွင်း၊ သူ၏ခန္ဓာကိုယ်က လျှပ်စစ်ခုတင်ပေါ်တွင် ထိုင်နေရသကဲ့သို့ စူးရှပြီး ထုံကျင်နေခဲ့သလို့ အတော်လေးလည်း သက်တောင့်သက်သာရှိခဲ့သည်။

မိုးကြိုးပြစ်ဒဏ်အရည် တစ်စက်ကို သန့်စင်ပြီးနောက်၊ ဝူယွမ်သည် သူ၏ခန္ဓာကိုယ် စွမ်းအားပြည့်ဝလာသည်ကို ခံစားရနေပြီး၊ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှ အမှုန်များပင် ရိုင်းစိုင်းထွားကြိုင်းလာသည်ကို ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ် သန်မာမှုကို ကြံ့ခိုင်သည်ဟု ဖော်ပြ၍မရတော့ဘဲ၊ ကြောက်မက်ဖွယ်ကောင်းအောင် သန်မာပြီး ပြင်းထန်လာခဲ့သည်။

“ရှေးဟောင်းဂူသင်္ချိုင်းမှာ ဟွာဟွာ လုပ်တုန်းက ငါ အပြင်ပိုင်းခွန်အားက အခုလော ရှိခဲ့မယ်ဆို လင်းချင်းကျူသည် အဲ့လောက် မောက်မောက်မာမာ ပြုမူနိုင်ခဲ့မှာ မဟုတ်ဘူး။ ငါက သူမကို တစ်ချိန်လုံး ဖိနှိပ်ထားနိုင်ခဲ့မှာ။”

ဝူယွမ်တွေးလိုက်မိပြီး၊ ညင်သာစွာ လက်သီးဆုပ်ကာ သူ၏အတွေးများကို ဖိနှိပ်လိုက်သည်။

“အစ်ကို... ဒီမိုးကြိုးပြစ်ဒဏ်အရည်ရဲ့ ထိရောက်မှုက ဘယ်လိုလဲ” လင်းတုန်က စိတ်လှုပ်ရှားစွာ မေးမြန်းလာခဲ့သည်။

ဝူယွမ် တစ်စက်ကို မျိုချပြီး လေ့ကျင့်နေပုံကို ကြည့်ရင်း၊ လျှပ်စီးစွမ်းအား၏ ပြင်းထန်မှုသည် သူအစောကမှ သန့်စင်လိုက်သော မိုးကြိုးအရင်းအမြစ် ထက်ပင် ပိုပြင်းထန်သည်ဟု ခံစားနေရသည်။

ထို့အပြင် ဤသည်မှာ တစ်စက်တည်း၏ စွမ်းအားသာဖြစ်သည်။

“အတော်လေးကောင်းတယ်၊ မင်းလည်း စမ်းကြည့်ပါလား။”

ဝူယွမ်သည် တစ်စက်ကိုထုတ်ယူကာ လင်းတုန်ရှေ့သို့ ပျံသန်းစေလိုက်သည်။

သူ စုဆောင်းရရှိခဲ့သည်မှာ ပုလင်းတစ်ဝက်နီးပါးရှိပြီး၊ စုစုပေါင်း ရာနှင့်ချီသော စက်များရှိသည်။

“မိုးကြိုးပြစ်ဒဏ်အရည်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အားကောင်းစေဖို့ရာ အလွန်ကောင်းမွန်တဲ့ သက်ရောက်မှုရှိတယ်။ သူ့စွမ်းအင်ရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းခန့်လောက်ကို ခန္ဓာကိုယ်က စုပ်ယူလိုက်တယ်” ဝူယွမ်က ချီးကျူးပြောဆိုလိုက်သည်။

ဤအရည်သည် “နတ်ဆင်နှိမ်နင်းခြင်းကို” လေ့ကျင့်ရန် သူ့အတွက် အလွန်သင့်တော်သည်။ သို့သော် လင်းတုန်၏ “မဟာ‌နေ ခန္ဓာကိုယ်” ကို လေ့ကျင့်ရာမှလည်း ထိရောက်မှုရှိပြီး၊ ရလဒ်က အတော်လေးကောင်းမွန်သည်။

လင်းတုန်က မိုးကြိုးပြစ်ဒဏ်အရည်ကို မြင်ကတည်းက လိုချင်နေခဲ့ပြီး၊ ချက်ချင်းပင် မျိုချပြီး သန့်စင်ရန် စတင်လိုက်သည်။

“ဟမ်း... ဝွမ်းး...”

မရှင်းလင်းသော အတွေးတစ်ခုက ဝူယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဤအကြောင်းပြချက်မရှိသော အတွေးက ဝူယွမ်က လင်းယွမ် သူ့ကို ခေါ်နေသည်ကို သိသွားခဲ့သည်။

သူ၏ ဒန်တျန် အတွင်းမှ ငယ်ရွယ်သေးငယ်သော ကောင်းကင်မိုးကြိုးဝိညာဉ်ဓား သည် သူ၏ ယွမ်ဒန် အောက်တွင် ညင်သာစွာ လှုပ်ရှားနေခဲ့သည်။

ကောင်းကင်ဓား မရှင်းလင်းသော အသိက သူ့အား... သူသည်လည်း မိုးကြိုးပြစ်ဒဏ်အရည်ကို လိုချင်ကြောင်း ပြောပြနေသည်။

ဝူယွမ်၏ ယွမ်စွမ်းအင်က ပြင်းထန်စွာ လှုပ်ရှားသွားပြီး၊ လင်းယွမ်ကို သူ၏ ဒန်တျန်တွင်း မှ လွှတ်ပေးလိုက်သည်။

“ဟေ့... စားပါ”

သူသည် မိုးကြိုးပြစ်ဒဏ်အရည် တစ်စက်ကို ထုတ်ယူပြီး၊ လင်းယွမ်ကို ကိုင်ထားစဉ်၊ မိုးကြိုးပြစ်ဒဏ်အရည်ကို ဓားသွားထဲသို့ ချပေးလိုက်သည်။

ချက်ချင်းပင်၊ ဓားသွားသည် တဟွန်ဟွန်မြည်လာခဲ့ကာ ခရမ်းရောင် မိုးကြိုးပြစ်ဒဏ်အရည် တစ်စက်က ချက်ချင်းပင် ဓားသွားထဲသို့ ပေါင်းစည်းသွားခဲ့သည်။

လင်းယွမ်ဓားသည် တုန်ခါသွားပြီး၊ နို့စို့ကလေး နို့ရသကဲ့သို့ ပျော်ရွှင်သွားခဲ့သည်။

ကောင်းကင်မိုးကြိုးဝိညာဉ်ဓားသည် အခုအချိန်တွင် ဓားသန္ဓေသား အဆင့်သာရှိသေး�ပြီး၊ မွေးဖွားစဖြစ်ကာ၊ ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ရန် လိုအပ်သည်။ သူ၏လက်ရှိ စွမ်းအားသည် အဆင့်မြင့် ဝိညာဉ်ရတနာ ထက် အနည်းငယ်သာ သာပြီး သာမန်ဓားများထက် ပိုပြီး ထိုးဖောက်နိုင်စွမ်းပြင်းရုံသာ ရှိသေးသည်။

ထိုဓားသည် သူ၏ပိုင်ရှင်က ယွမ်စွမ်းအင် ဖြင့် ပြုစုပျိုးထောင်ခြင်းခံဖို့လိုပြီး၊ သူ့ပိုင်ရှင် စွမ်းအင် တိုးတက်လာသည်နှင့်အမျှ သူ့ကိုမြှင့်တင်ရန် လိုအပ်ဆဲဖြစ်သည်။

ရှင်းရှင်းလင်းလင်းပြောရမယ်ဆို၊ မိုးကြိုးပြစ်ဒဏ်အရည်က သူ၏စွမ်းအင်မြှင့်တင်ရေးအတွက် အကူအညီကြီးမားစွာ ဖြစ်ထွန်းစေသည်။

ထို့ကြောင့် ဓားက ဝူယွမ်ထံ ချစ်ကြောက်ရိုသေစွာ ပြုမူပြီး၊ ရင်းနှီးချစ်ခင်မှုစိတ်ခံစားချက်များကို အဆက်မပြတ် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်မူ၊ လင်းတုန်က မိုးကြိုးပြစ်ဒဏ်အရည် တစ်စက်ကို သန့်စင်ပြီးနောက်၊ သူ၏ ကြေးဝါမိုးကြိုးခန္ဓာ က ပိုမိုသန်စွမ်းလာပြီး၊ ထုတ်လွှတ်လိုက်သည့်အခါ တံဆိပ်ခတ်ထားသော ကြေးရောင်လူသားကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော်၊ ထိုကြေးရောင်အတွင်း၌ အစိမ်းရောင်ဓာတ်အနည်းငယ် ရှိနေပြီဖြစ်သည်။

ဤသည်မှာ “‌ ကြေးဝါမိုးကြိုး ခန္ဓာ” ထပ် ပိုမိုသန်စွမ်းသော “ကျောက်စိမ်းမိုးကြိုး ခန္ဓာ” ဆီသို့ တဖြည်းဖြည်း တိုးတက်လာနေခြင်း လက္ခဏာဘဲဖြစ်သည်။

“မိုးကြိုးပြစ်ဒဏ်အရည်ကို စုပ်ယူခြင်းတဲ့ သက်ရောက်မှုက ကျွန်တော်တို့ မိုးကြိုးအပစ်ခံတာထပ် အများကြီးသာတယ်။ အစ်ကိုကြီး၊ ကျွန်တော်ခံစားမိတာက မိုးကြိုးပြစ်ဒဏ်အရည် တစ်စက်၏ သက်ရောက်မှုက ကျွန်တော်တို့ မိုးကြိုးစီးကြောင်း ရာကျော် အပစ်ခံတာနဲ့ ညီမျှတယ်”

လင်းတုန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရှောင်တျောင်း ပင် စိတ်ဝင်စားပြီး အံ့အားသင့်သွားစေသည့် ရတနာတစ်ခုအဖြစ် ချီးကျူးခြင်းခံရသည့် အရာတစ်ခုအနေဖြင့် သူ၏ဂုဏ်သတင်းနှင့် လုံးဝကိုက်ညီသည်။ စောက တစ်စက်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တိုက်ရိုက်နှစ်ဆတိုးစေခဲ့သည်။

“သွားကြစို့၊ ရှေ့ဆက်သွားကြမယ်။ ဒီမိုးကြိုးပြစ်ဒဏ်အရည်တွေကို သွားရင်းလာရင်း သန့်စင်လို့ရတယ်။”

... [ဒင်း... ဆိုင်းအင်၀င်ရန် တည်နေရာ အသစ်ပြန်လည်ပြုပြင်ပြီး... ကျေးဇူးပြုပြီး မြူဆိုင်း တောအုပ်အတွင်း ဆိုင်းအင်၀င်ပါ...]

လိန့်ယွမ်တောင်တန်း မှ ထွက်ခွာလာပြီးနောက်၊ ဝူယွမ်က စနစ်၏ အသိပေးချက်ကို လက်ခံရရှိခဲ့သည်။

“ဟမ်... မြူဆိုင်း တောအုပ်။”

သူက ချက်ချင်းဘဲ မြေပုံကို ဖွင့်ကာ စစ်ဆေးလိုက်သည်။ မြူဆိုင်း တောအုပ်က ဆန်ပြည်နယ် နှင့် ၀မ့်လွန်ပြည်နယ် တို့၏ နယ်စပ်တွင် တည်ရှိပြီး။ လိန့်ယွမ်တောင်တန်း ကို ဖြတ်သန်းပြီး ရှေ့ဆက်သွားပါက ရောက်ရှိနိုင်သည်။

လတစ်ဝက်ကြာပီးနောက်...

ရှေးဟောင်းတောအုပ်ကြီးတစ်ခုအတွင်း၊ ဝူယွမ်နှင့် လင်းတုန်တို့ တစ်ဦးစီ၏ ရင်ခွင်တွင် သေးငယ်သော ကြောင်ကြီးများကို ပွေ့ဖက်ကာ ရွေ့လျားနေကြရင်း သူတို့ လမ်းပျောက်နေခဲ့ကြသည်။

ဤတောအုပ်အတွင်း၊ နို့နှစ်ရောင်မြူများက နေရာအနှံ့အပြား ဝိုင်းရံလျက်ရှိသည်။ ဤမြူများသည် အလွန်ထူးခြားဆန်းကြယ်ပြီး၊ ဝိညာဉ်စွမ်းအင် သည်ပင် ထိုးဖောက်မမြင်နိုင်ခဲ့ပေ။ ထို့အပြင်၊ အေးမြသော အအေးဓာတ်သည် သူတို့ကိုယ်ထဲတွင် စိမ့်ဝင်နေသည်။ ထိုအအေးဓာတ်သည် အလွန်ပြင်းထန်လှပြီး၊ ဝူယွမ်နှင့် လင်းတုန်တို့၏ ခွန်အားဖြင့်ပင် ကြာရှည်စွာ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူတို့က ဤတောအုပ်အတွင်း၌ နှစ်ရက်ကြာမြင့်ခဲ့ပြီဖြစ်ကာ၊ ဦးတည်ချက်ရေရေရာရာ မရှိဘဲ ခြေဦးတည့်ရာ သွားနေခဲ့ခြင်းသာ ဖြစ်သည်။

ရှောင်ယန် နှင့် ပိုင်ယွန် တို့သည် စွမ်းအင်ကို ထိန်းသိမ်းရန်အတွက်၊ သူတို့၏ ခန္ဓာကိုယ်များကို ကျုံ့ပြီး၊ သူတို့ ပိုင်ရှင်များ၏ ရင်ခွင်ထဲတွင် သေချာလေးနေရန်သာ ရွေးချယ်ခဲ့ကြသည်။

“ဒီကျိန်စာသင့်နေတဲ့နေရာက၊ ဘာလို့ ဒီလောက် ခြောက်ခြားစရာကောင်းနေရတာလဲ... ထွက်မရဘူး” လင်းတုန်က သူ၏ “စွမ်းအားပြင်း နတ်ဆိုးမျက်စိ” ကို အသုံးပြုခဲ့သော်လည်း၊ ဝေးဝေးအထိ မြင်နိုင်ခြင်းမရှိခဲ့ပေ။

ထိုမြူများက အလွန်ထူးခြားဆန်းကြယ်ပြီး၊ ဝိညာဉ်စွမ်းအင် ကိုပင် ပိတ်ဆို့နိုင်စွမ်းရှိသည်။

ဝူယွမ် - “ဒါက မြူဆိုင်း တောအုပ်ဘဲ၊ ၀မ့်လွန်ပြည်နယ် အစွန်းမှာရှိပြီး ထူးဆန်းတဲ့ တောအုပ်တစ်ခုဘဲ၊ ဒီကိုရောက်လာ တာက ငါတို့ ဝွမ့်လွန်ပြည်နယ် နယ်မြေထဲကို ရောက်နေပြီဆိုတာ သက်သေပြလိုက်တာဘဲ။”

“အစ်ကိုကြီး... ထွက်ပေါက်ကို သိလား” လင်းတုန်က မျှော်လင့်ချက်ဖြင့် မေးမြန်းလာခဲ့သည်။

“ငါလည်း မင်းလိုပဲ၊ ဒီကို ပထမဆုံးအကြိမ်ရောက်ဖူးတာပါ။ ထွက်ပေါက်ကို ဘယ်လိုသိမှာလဲ” ဝူယွမ်က လင်းတုန် သူ့ကို အရင်ကရောက်ဖူးသည်ဟု ထင်နေသည့်ပုံရသည်ဟု ဆိုသကဲ့သို့ ပြန်ပြောလိုက်သည်။

“ဒီနေရာရဲ့ မြေမျက်နှာသွင်ပြင်ကို ငါ မသိဘူး။ စာအုပ်တွေအရဆိုရင်၊ မြူဆိုင်း တောအုပ် ကနေ ထွက်ခွာဖို့ လမ်းကြောင်းမှန်တစ်ခုဘဲရှိတယ်။ တစ်စုံတစ်ယောက်က လမ်းပြမပေးဘူးဆိုရင်၊ ထွက်ခွာဖို့ ခက်ခဲမယ်လို့ ငါထင်တယ်။”

အခုအချိန်တွင် ဝူယွမ် စိတ်ရှုပ်ထွေးနေခဲ့သည်။ သူက မြူဆိုင်း တောအုပ်သို့ ရောက်ရှိပြီးဖြစ်သော်လည်း၊ စနစ် အသိပေးချက်က မရောက်ရှိလာသေးပေ။

“ဒီလိုမဖြစ်သင့်ဘူး၊

ငါ ဆိုင်းအင်၀င်ဖို့ နေရာကို မရောက်သေးတာများ ဖြစ်နိုင်မလား”

ဝူယွမ် အရင်က ဆိုင်းအင်၀င်တဲ့ လုပ်ငန်းစဉ်များကို ပြန်သတိရလိုက်သည်။

ရှေးဟောင်းဂူသင်္ချိုင်းတွင် သူ ပင်မဂူခန်းမဆောင်သို့ ဝင်ရောက်ရန် လိုအပ်ခဲ့သည်။

လိန့်ယွမ်တောင်တွင် သူ တောင်ထိပ်အထိ ရောက်ရှိရန် လိုအပ်ခဲ့သည်။

ဤမြူထူထပ်သော တောအုပ်အတွင်းတွင်လည်း၊ ဝူယွမ် ရောက်ရှိပါက ဆိုင်းအင်၀င်ရန် အစပျိုးပေးမည့် အထူးနေရာတစ်ခု ရှိသင့်သည်။

ဝူယွမ်သည် ပြဿနာတစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ အရင်က ဆိုင်းအင် နေရာများသည် အခြေခံအားဖြင့် လင်းတုန် အခွင့်အလမ်းများ ရရှိခဲ့သည့် နေရာများဖြစ်သည်။

သို့သော်၊ ဝူယွမ် ပြန်သတိရမိသည်မှာ၊ မူရင်းဝတ္ထုတွင်၊ လင်းတုန်က မြူထူထပ်သော တောအုပ်အတွင်း၌ ကြီးမားသော အခွင့်အလမ်းများ ရရှိခဲ့သည်ဟု သူမထင်ပေ။

“ဒီမှာ လင်းတုန် မရရှိခဲ့တဲ့ ဝှက်ထားတဲ့ အခွင့်အလမ်းတစ်ခု ရှိနေပြီး၊ ငါရှိနေတာက ဒီချို့ယွင်းချက်ကို အစပျိုးပေးခဲ့မိတာလား။”

ဝူယွမ် သူ့စိတ်ထဲမှ ဖြစ်နိုင်ချေကို တွေးမိလိုက်သည်။

မဟုတ်ရင်၊ ဤရုတ်တရက် ပေါ်ပေါက်လာသော ဆိုင်းအင် တာဝန်ကို ရှင်းပြရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

သွားရန် လမ်းကြောင်းမရှိဘဲ၊ ဝူယွမ်က “၀ိညာဥ်စုစည်းရေးရူန်း” ကို ထုတ်ယူကာ၊ ယွမ်စွမ်းအင် အများဆုံး စုဝေးရာလမ်းကြောင်းအတိုင်း လိုက်ရန် ရွေးချယ်လိုက်သည်။

သူ၏ ဝိညာဉ်စွမ်းအင် ဖြင့် “၀ိညာဥ်စုစည်းရေးရူန်း” ကို အသုံးချပြီး မကြာမီ သူ‌ေတွ့လိုက်ရသည် - တစ်ချို့သောလမ်းကြောင်းများက ယွမ်စွမ်းအင် ပိုသိပ်သည်းနေသည်။

“၀ိညာဥ်စုစည်းရေးရူန်း” က ကောင်းကင်မြေကြီး၏ ယွမ်စွမ်းအင် အား သိရှိမှုစွမ်းရည်သည် ဝိညာဉ်စွမ်းအင်ဖြင့် သိရှိနိုင်သည်ထက် များစွာ ပိုမိုပြင်းထန်သည်။

ဤလမ်းကြောင်းအတိုင်း သူတို့ ရှေ့ဆက်သွားခဲ့ကြသည်။

လင်းတုန်နှင့် ရှောင်တျောင်းတို့သည် တိတ်ဆိတ်စွာနေကာ၊ ၎င်းတို့၏အစ်ကိုကြီးကို နောက်မှလိုက်နေပြီး၊ မထွက်ခွာနိုင်ဖြစ်မည်ကို လုံးဝစိုးရိမ်ခြင်းမရှိကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏စိတ်ထဲတွင်၊ ဤနေရာသည်လည်း သူတို့၏အစ်ကိုကြီး သူ့အရင်ဘဝတွင် လာရောက်ခဲ့ဖူးသောနေရာဖြစ်ပြီး၊ သူသည် ထွက်ခွာနည်းကို အမြဲတမ်းရှာဖွေတွေ့ရှိမည်ဖြစ်ကာ၊ အခွင့်အလမ်းအချို့ကိုပင် ရရှိနိုင်သည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြသည်။

ဆန့်ကျင်ဘက်အားဖြင့်၊ ဝူယွမ်ကတော့ ဂရုတစိုက်နှင့် သတိထားလျက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ သူ၏လက်ထဲရှိ “၀ိညာဥ်စုစည်းရေးရူန်း” ၏ လှုပ်ရှားမှုလမ်းကြောင်းကို အာရုံစိုက်ရန်လိုအပ်သလို၊ ပတ်ဝန်းကျင်ကိုစောင့်ကြည့်ရန် ဝိညာဉ်စွမ်းအင် ကိုလည်း ထုတ်လွှတ်နေခဲ့ရကာ၊ သူတို့ အစ်ကိုကြီးက အမှန်တကယ် စိုးရိမ်ပူပန်နေခဲ့ရသည်။

“သတိထားပါ၊ ပတ်ဝန်းကျင်မှာ သားရဲတွေ ရှိနေတယ်”

ဝူယွမ်က သတိပေးလိုက်သည်။ သူသည် ပိုင်ယွမ်ကို သူ၏ရင်ခွင်ထဲမှ ချထားပြီးဖြစ်သည်။ ပိုင်ယွမ်၏ ပြင်းထန်သော သွေးမျိုးဆက် စွမ်းအား ပျံ့နှံ့လာသည်နှင့်အမျှ၊ မြူထဲမှ ချဉ်းကပ်လာသော မကောင်းဆိုးဝါးသတ္တဝါအားလုံး ချက်ချင်း ရပ်တန့်သွားခဲ့ကြသည်။

ရှောင်တျောင်းနှင့် လင်းတုန်းတို့သည် နောက်ဆုံးတွင် အနည်းငယ် ပိုလေးလေးနက်နက် ဖြစ်လာကြပြီး၊ သူတို့၏ ဝိညာဉ်စွမ်းအင် ကိုလည်း ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ခဲ့ကြသည်။

အမှန်စင်စစ်၊ မြူထဲတွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများရှိပြီး၊ ဘာရယ် မသိရသော သားရဲများက အရိပ်ထဲမှ သူတို့ကို ကြည့်နေခဲ့ကြသည်။

ပိုင်ယွမ်ခ၏ စွမ်းအားသည် သဏ္ဍာန်ပြောင်းအဆင့် တွင်သာရှိသော်လည်း၊ သူမက သူမ၏ သွေးမျိုးဆက် စွမ်းအားကို ထုတ်လွှတ်သည့်အခါ၊ ချီဖန်တီးခြင်းအဆင့် သားရဲများပင် ချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေကြသည်။

အရိပ်ထဲမှ ကြည့်ရှုနေသော သားရဲများက တိုက်ခိုက်ရန် ဝန်လေးနေခဲ့ကြပြီး၊ ဝူယွမ်နှင့် လင်းတုန်တို့အား ဖြတ်သန်းခွင့်ပြုခဲ့သည်။

ဤသည်မှာ သူတို့အတွက် ပြဿနာအများအပြားကို တိုက်ရိုက်ရှောင်ရှားနိုင်ခဲ့သည်။

မဟုတ်ပါက၊ ဤမြူထူထပ်သောနေရာတွင် အမြင်အာရုံပိတ်ဆို့ခံရပြီး ဝိညာဉ်စွမ်းအင်ပါ ကာကွယ်ခံထားရသည့်အချိန်၊ သားရဲများ၏ အနှောင့်အယှက်ပေးမှုသည် အလွန်အန္တရာယ်ရှိပြီး စွမ်းအင်ကုန်ခန်းစေနိုင်သည်။

“ယွမ်စွမ်းအင်က ပိုပြီးသိပ်သည်းလာတယ်”

ဝူယွမ်သည် ဝမ်းသာစွာဖြင့် အော်ဟစ်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် “၀ိညာဥ်စုစည်းရေးရူန်း” အပေါ်တွင် ယွမ်စွမ်းအင် အဝိုင်းပွိုင့်လေး တစ်ခု ဖြစ်ပေါ်လာခဲ့သောကြောင့်ဖြစ်သည်။

“၀ိညာဥ်စုစည်းရေးရူန်း” အပေါ်တွင် ဤကဲ့သို့သော အဝိုင်းပွိုင့်လေး ဖြစ်ပေါ်လာခြင်းသည် တန်ဖိုးကြီးရတနာတစ်ခုခု ရှိနေကြောင်း ညွှန်ပြနေသည်။

“နည်းနည်းထပ်သွားကြည့်ရအောင်”

ရှေ့ရောက်လာလေလေ “၀ိညာဥ်စုစည်းရေးရူန်း” အပေါ်ရှိ ယွမ်စွမ်းအင် အဝိုင်းပွိုင့်လေးက ပိုကြီးမားလာလေလေဖြစ်သည်။

နောက်ထပ် ၁၅ မိနစ်ခန့် လမ်းလျှောက်ပြီးနောက်၊ ရှေ့တွင် ရွှံ့နွံတစ်ခု ပေါ်လာခဲ့သည်။

“အစ်ကိုတို့... ဒိရွှံ့နွံထဲမှာ မကောင်းဆိုးဝါးသတ္တဝါတွေ ရှိတယ်။ သူတို့က ကျားသစ်မိချောင်း တွေဘဲ၊ အရေအတွက်လည်း မနည်းဘူး၊ အားလုံးက သဏ္ဍာန်ပြောင်းအဆင့်နဲ့ အထက်မှာရှိတယ်”

ရှောင်တျောင်း၏ ဝိညာဉ်စွမ်းအင် သည် မည်းနက်နေသော ရွှံ့နွံအောက်တွင် ကြီးမားသော အန္တရာယ်တစ်ခု ပုန်းကွယ်နေသည်ကို သိရှိခဲ့သည်။

သူသည် အလျင်အမြန် သူ၏အစ်ကိုကြီးနှင့် အစ်ကိုနှစ်ကိူ သတိပေးခဲ့သည်။

“အစ်ကိုကြီး... ကျွန်တော်တို့ ရှေ့ဆက်သွားသင့်သေးလား။ ဒီရွှံ့နွံက ဘယ်လောက်ကြီးလဲဆိုတာ မသိရဘူး၊ ပြီးတော့ ကျားသစ်မိချောင်းတွေရဲ့ နယ်မြေဖြစ်နေတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ သူတို့ကို တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့အတွက် အဆင်မပြေဘူး”

လင်းတုန်သည် သူ၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့သည်။

ညီအစ်ကိုသုံးဦးအနက်၊ လင်းတုန်က သတိထားတတ်သူဖြစ်သည်။ ပြဿနာတစ်ခုနှင့် ကြုံတွေ့ရသည့်အခါ၊ သူက ဖြစ်နိုင်ခြေရှိသော အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားလေ့ရှိသည်။

သူ၏အစ်ကိုကြီးသည် ပြန်လည်မွေးဖွားသူ ဖြစ်သည်ကို သူသိသော်လည်း၊ သူ့အစ်ကိုကြီး၏ လုပ်ရပ်များသည် အလွန်ကြမ်းတန်းလွန်းပြီး၊ တစ်ခါတစ်ရံ ယုံကြည်ရန် မဖြစ်နိုင်ပေ၊ ဥပမာအားဖြင့် အစောက လိန့်ယွမ်တောင်ထိပ်တွင် ကောင်းကင်မိုးကြိုးကို ဆွဲဆောင်ခဲ့သည့်အခါ၊ အကယ်၍ သူတို့သာ အနည်းငယ်နှေးခဲ့ပါက၊ ကောင်းကင်မိုးကြိုးများက သူတို့ကို အမှန်တကယ် ပေါက်ကွဲပျက်စီးစေခဲ့မည်မှာ သေချာပေါက်ဘဲဖြစ်သည်။

ထိုအခြေအနေတွင်၊ သူ၏အစ်ကိုကြီးက ပြန်လည်မွေးဖွားသူ ဖြစ်ခဲ့ပါစေအုံး၊ သေဆုံးခြင်းမှ လွတ်မြောက်ရန် ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ပြန်လည်ဝင်ရောက်သွား ခဲ့ရမည်သာဖြစ်သည်။

ဝူယွမ်လည်း မသေချာမရေရာဖြစ်နေခဲ့သည်။ ရှေ့သွားသောလမ်းက အန္တရာယ်များနေမည်မှာ သေချာပေါက်ဖြစ်သည်။

သို့သော်၊ “၀ိညာဥ်စုစည်းရေးရူန်း” ၏ ယွမ်စွမ်းအင် အဝိုင်းပွိုင့်လေးကို ကြည့်ပါက ရွှံ့နွံထဲတွင် ရတနာတစ်ခုခု ရှိနေမည်မှာ သေချာပြီး၊ အခွင့်အလမ်းကလည်း သိသိသာသာ ကြီးမားနေမည်ဖြစ်သည်။

ဝူယွမ်သည် အသက်ပြင်းပြင်း ရှုလိုက်ပြီး၊ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ယွမ်စွမ်းအင် လှုပ်ရှားမှုရဲ့ ဦးတည်ချက်က ရှေ့ဘက်မှာပဲ။ ဆက်သွားကြည့်ရအောင်၊ ဒါပေမယ့် နက်နက်ရှိုင်းရှိုင်�း မဝင်တော့ဘူး၊ မျက်နှာပြင်ပေါ်ကနေ ဖြတ်သွားရုံပဲ”

“ကောင်းပြီ၊ အစ်ကိုကြီး... အန္တရာယ်တစ်ခုခုကြုံရင်၊ အစ်ကိုကြီး ထိန်းထိန်းသိမ်းသိမ်းရှိပြီး နက်နက်ရှိုင်းရှိုင်းထဲထိ မဝင်တော့ပါနဲ့”

လင်းတုန်က မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။ သူ၏အစ်ကိုကြီး၏ ဆုံးဖြတ်ချက်ကို ဆက်လက်ထောက်ခံ ရမည်သာဖြစ်သည်။

ဝူယွမ်နှင့် လင်းတုန်းတို့သည် သူတို့၏ “‌ေရခဲပုံဆောင်ခဲဓား” များကို ခေါ်ယူပြီး၊ နောက်တစ်ကြိမ် ပိုင်ယွမ်တို့ကို သူတို့၏ရင်ခွင်ထဲတွင် ထည့်ကာ ဓားစီးပျံသန်းရင်း ရှေ့ဆက်ခဲ့ကြသည်။

“ ဝေါင်း ”

“‌ေ၀ါင်း”

သူတို့ ပျံသန်းလိုက်သည်နှင့်တစ်ပြိုင်နက်၊ ရွှံ့နွံထဲရှိ ကျားသစ်မိချောင်း များသည် ချက်ချင်းပင် သူတို့ကို သတိပြုမိသွားပြီး၊ ဟိန်ူသံများဖြင့် သူတို့ကို ကြောက်လန့်စေရန် ကြိုးစားခဲ့ကြသည်။

ကျားသစ်မိချောင်း များ၏ ဟိန်းသံများသည် အရင်က တိတ်ဆိတ်နေခဲ့သော မြူဆိုင်း တောအုပ်ကို ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်စေခဲ့သည်။

သားရဲအတော်များများ ကျားသစ်မိချောင်းတို့၏ ဟိန်းသံကြောင့် လန့်ဖျက်သွားခဲ့ကြသည်။

“ပြဿနာမရှိဘူး၊ နည်းနည်းလေး မြင့်မြင့်ကပျံ၊ ဒီကျားသစ်မိချောင်းတွေက တောသား တွေလိုဘဲ၊ ရွှံ့ထဲမှာ ဘာမှမလုပ်နိုင်ဘဲ ဒေါသထွက်နေကြတာဘဲ”

ဝူယွမ်က အောက်ခြေရှိ ကျားသစ်မိချောင်း များကို ခဏကြည့်ရှုပြီး၊ ၎င်းတို့သည် ခုန်တက်နိုင်ခြင်းမရှိဘဲ၊ ရှည်လျားသော အကွာအဝေးတိုက်ခိုက်မှုများလည်း မရှိကြောင်း သတိပြုမိပြီးနောက်၊ မထီမဲ့မြင်ပြုသကဲ့သို့ ပြောလိုက်သည်။

သို့သော်၊ သူစကားဆုံးသည်နှင့်တစ်ပြိုင်နက်၊

သူ၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး၊ စိုးရိမ်ဖွယ်ရာ အန္တရာယ်ရှိသော ခံစားချက်တစ်ခု သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ရှောင်တျောင်း - “အစ်ကို... သတိထား၊ လေထုထဲက မြူထဲမှာလည်း အန္တရာယ်ရှိတယ်”

“ဟမ်း ဟမ်း ဟမ်း...”

ဝူယွမ် အံ့အားသင့်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ အနည်းငယ် မြင့်မြင့်ပျံခဲ့သောကြောင့်၊ ရွှံ့နွံအထက်ရှိ မြူများက ယခင်ထက် ပိုမိုသိပ်သည်းလာခဲ့ကာ။ ရှေ့ရှိ မြူထဲတွင်၊ ထူးဆန်းပြီး အမည်မသိရသော ပိုးကောင်များ ဆူညံစွာ ပျံသန်းလျက်ရှိသည်။

ဤအချိန်တွင်၊ သူတို့အားလုံး ဝိညာဉ်စွမ်းအင်မှတစ်ဆင့် စွမ်းအားပြင်းပြီး အရေအတွက်အ‌ေတာ်လေးများပြားသော ပိုးကောင်အုပ်စုတစ်စုက သူတို့ဆီသို့ ဦးတည်ပျံသန်းလာနေသည်ကို သိရှိခဲ့ကြသည်၊

ဝိညာဉ်စွမ်းအင်ဖြင့် သူတို့ သိလိုက်ရသော်လည်း ပိုးကောင်များက သူတို့နှင့် နီးကပ်နေပြီဖြစ်သည်။

“အလင်းပြောင်းလဲ”

ဝူယွမ်က “ချီအဆင့် ဝိညာဉ်ပညာရပ် ပြောင်းလဲခြင်းသက်ေတ အစီအရင်” ကို ချက်ချင်း အသုံးပြုလိုက်ပြီး၊ သူ၏ ဝိညာဉ်စွမ်းအင် ဖြင့် ရူန်းအစီအရင်ကို ထုတ်လွှတ်လိုက်သည်။

ဝိညာဉ်စွမ်းအင် မှ ပြောင်းလဲထားသော မီးလျှံကဲ့သို့သော အလင်းသည် ချက်ချင်းပင် ရှေ့ရှိ နေရာကို အလင်းပေးလိုက်သည်။

သိပ်သည်းလှသော အနက်ရောင် ပိုးကောင်များသည် အမှန်တကယ်ပင် သူတို့ဆီသို့ ဦးတည်ပျံသန်းလာနေခဲ့ပြီး မီးလျှံများ ထွက်ပေါ်လာကာ

ရှဲ.. ချဲ.. ရှဲ…

ပိုးကောင်တစ်ကောင်ပြီးတစ်ကောင် မီးလောင်ပျက်စီးသွားခဲ့သည်။

“နောက်ထပ် အများကြီး ရှိသေးတယ်”

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းတုန် အလွန်တုန်လှုပ်သွားခဲ့သည်။

ဤပိုးကောင်များ တစ်ကောင်ချင်းစီ၏ စွမ်းအားမှာ မပြင်းထန်ပေ။ သူတို့က ယွမ်ကောင်းကင်နယ်ပယ် စွမ်းအားသာရှိပြီး၊ ယွမ်မြေကြီးအဆင့်များပင် အတော်များများပါသည်။

သို့သော်၊ ပိုးကောင် အရေအတွက်မှာ အလွန်များပြားလွန်းပြီး၊ အတော်ထူးဆန်းကြသည်။

“မ‌ရေမတွက်နိုင်သော မီးလျှံပြောင်းလဲခြင်း”

ဝူယွမ်တို့နှစ်ဦးစလုံး တစ်ချိန်တည်းမှာပင် သူတို့၏ အပြင်းထန်ဆုံး ရူန်းအစီအရင်များကို အသုံးပြုခဲ့ကြပြီး၊ ရှေ့ရှိ အမည်မသိ ပိုးကောင်များကို တားဆီးရန် သုံးဆင့်မြောက် ဝိညာဉ်မီးလျှံအစီအရင် နှစ်ခုကို ထုတ်လွှတ်ခဲ့ကြသည်။

ကံကောင်းထောမနာဖြင့်၊ သူတို့၏ ဝိညာဉ်ရေးရာ မီးလျှံများသည် ဤပိုးကောင်များအပေါ် တားဆီးနိုင်သော သက်ရောက်မှုရှိပြီး၊ ပိုးကောင်အုပ်စု၏ ပထမလှိုင်း တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။

သို့သော်၊ နောက်ထပ် ပိုးကောင်များ ဆက်လက်ဝင်ရောက်လာခဲ့သည်။

“အရမ်းများလွန်းတယ်၊ အစ်ကို... ဘာလုပ်ရမလဲ” လင်းတုန်သည် သူ၏ “စွမ်းအားပြင်း နတ်ဆိုးမျက်စိ” မှတစ်ဆင့် သိပ်သည်းလှသော ပိုးကောင်အုပ်စုကို မြင်ရသည့်အခါ၊ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။

“ပိုးကောင်အုပ်စုတင်မကဘူး၊ ဒီမှာရှိတဲ့ မြူတွေကပါ အဆိပ်သင့်နေတယ်၊ အသက်ရှူတာကို ရပ်ထားလိုက်” ဝူယွမ်သည် မျက်ခုံးကျုံ့ပြီး ပြောလိုက်သည်။ “ကောင်းကင်ဘုံတန်ခိုးမှတ်တမ်း” ကို ကျွမ်းကျင်ထားသောကြောင့် သူက အဆိပ်ငွေ့များအပေါ် အနည်းငယ် အာရုံခံလိုက်သည်။

ဤအနက်ရောင် ပိုးကောင်များက ပျံသန်းနေရင်း စေးကပ်သော အနက်ရောင် မြူများကို ထုတ်လွှတ်ပြီး၊ ဝိညာဉ်မီးလျှံများဖြင့် မီးရှို့သတ်ခံရပြီးနောက်၊ ပေါက်ကွဲကာ မီးခိုးတိမ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤအခြေအနေတွင်၊ သူတို့က အကြာကြီး မနေထိုင်နိုင်ကြပေ၊ မဟုတ်ပါက၊ နောက်ဆုံးတွင် မရေမတွက်နိုင်သော ပိုးကောင်အုပ်စုများ၏ အဆိပ်နှင့် အရေအတွက်ကြောင့် စွမ်းအင်ကုန်ဆုံးကာ သေဆုံးခြင်းသို့ ရောက်ရှိသွားနိုင်သည်။

ဝူယွမ်က ဆုတ်ခွာရန် စိတ်ကူးနေခဲ့သည်။

ထိုအချိန်တွင်၊ ရှောင်တျောင်းက စကားထပြောလိုက်သည်။

“အစ်ကိုကြီး... ဒီပိုးကောင်တွေဟာ မြူအတားအဆီးတစ်ခုဘဲဖြစ်ပြီး၊ အတွင်းဘက်မှာ ဝှက်ထားတဲ့ ကမ္ဘာတစ်ခု ရှိနေတယ်။ အကယ်၍ ကျွန်တော်တို့ ဖြတ်သန်းနိုင်မယ်ဆိုရင်၊ ရှေ့ဘက်မှာရှိတာက အစ်ကိုကြီး ရှာဖွေနေတဲ့နေရာပဲဖြစ်သင့်တယ်”

ရှောင်တျောင်းသည် သားရဲဝိညာဉ်အဆင့်တွင် ရှိနေသောကြောင့်၊ ဤအနက်ရောင် ပိုးကောင်များ၏ သက်ရောက်မှုက သူ့အတွက် ကန့်သတ်ချက်ရှိသည်။

ထို့အပြင်၊ သူ၏ ဝိညာဉ်စွမ်းအင်သည် ညီအစ်ကိုသုံးဦးအနက် အပြင်းထန်ဆုံးဖြစ်ကာ၊ ပိုးကောင်အုပ်စုကို ဖြတ်သန်းပြီး နောက်ဘက်ရှိ အခြေအနေကို ရှာတွေ့ခဲ့သည်

ရှောင်တျောင်း ကြိုးစားလုပ်ဆောင်နေခြင်းမှာ၊ သူက သူ၏အစ်ကိုကြီး မျက်ခုံးကျုံ့နေသည်ကို မြင်ခဲ့ရပြီး၊ အစ်ကိုကြီးက ဟန်ဆောင်မနေကြောင်း ခံစားရသောကြောင့်ဖြစ်သည်။

ထို့နောက် သူအကြောင်းရင်းကို နားလည်သွားခဲ့သည်- အချိန်အ‌ေတာ်များများ ကုန်လွန်သွားပြီဖြစ်သည်၊ အစ်ကိုကြီး၏အရင်ဘဝက စီစဉ်ထားတာတွေက နှစ်ပေါင်းရာကျော်ကြာပြီးနောက်၊ ဤနေရာတွင် ကြီးမားသော ပတ်ဝန်းကျင် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး၊သူ့အစ်ကိုကြီး၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။

ထို့ကြောင့်ပင် အစ်ကိုကြီးက ရူန်းများဖြင့် လမ်းပြရန် လိုအပ်ခဲ့သည်၊ သူ၏အရင်ဘဝတွင် ထားရှိခဲ့သော အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိရန် ဖြစ်သည်။

ထို့အပြင်၊ သူ့အစ်ကိုကြီး၏ လက်ရှိစွမ်းအားက အရင်ဘ၀ကစွမ်းအားကို လုံးဝပြန်လည်မရရှိသေးဘဲ၊ သူ့ကဲ့သို့ပင်၊ အစ်ကိုကြီးသည် နည်းလမ်းများစွာရှိသော်လည်း၊ သူ၏စွမ်းအားက ကန့်သတ်ချက်ရှိပြီး၊ ဖြည်းဖြည်းချင်း ကြီးထွားရန် လိုအပ်ကာ၊ သူထိပ်ဆုံးသို့ ရောက်ရှိရန် အဆင့်ဆင့် လိုအပ်ဆဲဖြစ်သည်။

ဤအချက်ကို နားလည်ပြီးနောက်၊ ရှောင်တျောင်းက လေးလေးနက်နက် ဖြစ်လာခဲ့ပြီး၊ သူ၏ကူညီမှုကို ကမ်းလှမ်းခဲ့သည်။

သူ့အစ်ကိုကြီးက လက်ရှိအချိန်တွင် အရာရာတိုင်းကို မတတ်နိုင်သေးပေ။ သူ၏ယခင်ဘဝမှ စွမ်းရည်များကလည်း လုံးဝနိုးကြားခြင်း မရှိသေးပေ။

ထို့ကြောင့်၊ အစ်ကိုကြီး သူ၏ကူညီမှုကို လိုအပ်ဆဲဖြစ်သည်။

“ဒါဆို ထိုးဖောက်သွားကြရအောင်”

“ညီနှစ်... ပြောင်းလဲမှုသက်ေတအစီအရင် အဆင့် သုံးခုလုံးကို တစ်ချိန်တည်း အသုံးပြုပြီး၊ ငါ့နောက်က လိုက်လာ”

ဝူယွမ်၏ မျက်နှာအမူအရာ ခက်ထန်သွားပြီး၊ သူက ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။

လင်းတုန်၏ ဝိညာဉ်စွမ်းအင် သည် ရိုင်းစိုင်းစွာ လှိုင်းထလာခဲ့ပြီး၊ သူ၏ သဘာ၀ ဝိညာဉ်အဆောင် (Natal Spirit Symbols) ငါးခုသည် သူ၏ မျက်ခုံးကြားတွင် ပေါ်လာခဲ့သည်။

သိပ်မကြာမီ၊ ဝိညာဉ်စွမ်းအင်ဖြင့် အစီအရင်အဆင့် သုံးခုစလုံးကို ရေးဆွဲပြီးခဲ့သည်။

တစ်ဖက်တွင်မူ၊ ဝူယွမ်က သူ၏ ရူန်းအစီအရင် သုံးခုကို တြိဂံပုံစံဖြင့် စီစဉ်ပြီးဖြစ်ကာ၊ သူတို့ရှေ့ရှိ လမ်းကြောင်းသုံးသွယ်ကို ပိတ်ဆို့ထားသည်။

လင်းတုန်းကလည်း သူ့အကိုကြီးလုပ်ချင်တာကို နားလည်သွားပြီး၊ သူ၏ ရူန်းအစီအရင် သုံးခုကိုလည်း တြိဂံပုံစံ ဖွဲ့စည်းကာ၊ အခြားအစိတ်အပိုင်းများကို ဖြည့်စွက်ခဲ့သည်။

ချက်ချင်းပင်၊ သူတို့က ဆဋ္ဌဂံအတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။

သို့သော်၊ အခု ရူန်းအစီအရင်၏ စွမ်းအားက လုံလောက်မှုမရှိသေးပေ။

ဝူယွမ်က ချက်ချင်းဘဲ ဝိညာဉ်စွမ်းအင် ကို အသုံးပြုကာ “မူလ စွမ်းအင်စုဆောင်းရေးရူန်း” နှစ်ခုနှင့် “မူလ မီးရူန်း” နှစ်ခုကို ရေးဆွဲခဲ့သည်။

သူက ရူန်းအစီအရင်ကို တည်ငြိမ်စေပြီး၊ ဝိညာဉ် မီးလျှံများ၏ စွမ်းအားကို တစ်ချိန်တည်းမှာပင် တိုးမြှင့်ပေးခဲ့သည်။

“ရှေ့ဆက်တိုး”

ဝူယွမ်၏ အော်ဟစ်သံနှင့်အတူ၊ ညီအစ်ကိုနှစ်ဦးက ရူန်းအစီအရင်ကို ထိန်းသိမ်းကာ၊ ပိုးကောင်အုပ်စု၏ အလယ်ဗဟိုသို့ ဝင်ရောက်ခဲ့ကြသည်။

ဆဋ္ဌဂံ ရူန်းအစီအရင်သည် ပိုးကောင်အုပ်စုကို တိုက်ခိုက်ကျော်ဖြတ်ကာ၊ ပိုးကောင်အုပ်စု၏ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့သည်။

နောက်ဆုံးတွင်...!

ရွှေရောင် အလင်းတန်းတစ်ခုသည် အမှောင်ထုကို ထိုးဖောက်ကာ၊ ရူန်းအစီအရင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

သူတို့ နောက်ဆုံးတော့ ပိုးကောင်အုပ်စု၏ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ကြပြီဖြစ်သည်။

ပြီးတော့ မြူထူထပ်သော တောအုပ်၏ အလယ်ဗဟိုသို့လည်း ရောက်ရှိသွားခဲ့ကြသည်။

မမြင်နိုင်သော သဘာဝ အတားအဆီးက ပိုးကောင်အုပ်စုအားလုံးကို အပြင်ဘက်တွင် တားဆီးထားသည်။

ဤရွှေရောင် အလင်းများကို မြင်ရသည်နှင့်၊ ပိုးကောင်များက နောက်ထပ် ချဉ်းကပ်ခြင်းမပြုတော့ဘဲ၊ ကြောက်ရွံ့သည့်အတွက် ဆုတ်ခွာသွားပြီး၊ အနက်ရောင် မြူထဲသို့ ပေါင်းစည်းကာ တိတ်ဆိတ်သွားခဲ့ကြသည်။

ဤအချိန်တွင်၊ ဝူယွမ် မျှော်လင့်ထားသော အသံက နောက်ဆုံးတွင် သူ၏စိတ်ထဲ၌ ပေါ်လာခဲ့သည်။

[ဒင်း... မြူဆိုင်း တောအုပ်သို့ အောင်မြင်စွာ ရောက်ရှိပါပြီ... ဆိုင်းအင်၀င်လိုပါသလား...]

“ဆိုင်းအင်၀င်ပါ”

ဝူယွမ်က မတွန့်ဆုတ်ဘဲ ဖြေကြားခဲ့သည်။

သူ၏စိတ်ထဲတွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဒီတစ်ကြိမ် ဆိုင်းအင်၀င်ခြင်းက အရင်ကထက် ပိုခက်ခဲခဲ့သည်။ သူ မည်သည့် ဆုလာဘ်ကိုများ ရရှိမည်နည်း။

[ဆိုင်းအင်၀င်ခြင်း အောင်မြင်ပါသည်... ဆုလာဘ်အဖြစ်... ကိုးကောင်းကင်ကျမ်းများထဲမှ တစ်ခုဖြစ်သော “ကိုယ်ခန္ဓာကျမ်းစာ” …]

All Chapters