← Chapters

အခန်း (၃၉၉-၄၀၀)

Vol. 40 Ch. 399-400

အခန်း (၃၉၉-၄၀၀)

Vol. 40 Ch. 399-400

အခန်း (၃၉၉) - ဆိုင်းအင်၀င်ခြင်း၊ မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်(၁)

ဝူယွမ်၏ ရုတ်တရက် စိတ်လှုပ်ရှားသွားသော လေသံက မိုလော့နှင့် သူ့အောက်ရှိ ကမ္ဘာခြားနတ်ဆိုးဘုရင် နှစ်ဦးလုံးကို ရပ်တန့်သွားစေသည်။

‘သူ ဘာကို ဆိုလိုတာလဲ။ ဒီကောင်လေးရဲ့ ဦးနှောက်က ပုံမှန် မဟုတ်တော့ဘူးလား'

‘ကမ္ဘာခြားနတ်ဆိုးတွေက နေရာအနှံ့မှာ ရှိနေတာကို သူက ဘာကို စိတ်လှုပ်ရှားနေတာလဲ'

မိုလော့သည် ဝူယွမ်ကို ပို၍ နားမလည်နိုင်အောင် ဖြစ်လာသည်။

“တကယ်ကို မသိနားမလည်တဲ့ လူသားတွေပဲ၊ မင်းတို့က ပျက်စီးဖို့ ကံဖန်လာတာ၊ တစ်နေ့ကျရင် မင်းတို့က ငါ့လူမျိုးရဲ့ ကျွန်တွေ ဖြစ်လာပြီး ကျွဲနွားတွေလို နေထိုင်ရလိမ့်မယ်” ကမ္ဘာခြားနတ်ဆိုး ဘုရင်က လူသားများဆိုသည်မှာ သူ၏စိတ်နှလုံးထဲတွင် ပြောစရာပင် မလိုလောက်အောင် အသုံးမကျသူများ ဖြစ်နေသည့်အလား တဟားဟား ရယ်မောကာ ပြောလိုက်သည်။

“မင်းက ဘာကိုမာနကြီးနေတာလဲ၊ မင်းရဲ့ ကမ္ဘာခြားနတ်ဆိုး လူမျိုးက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မင်းတို့ရဲ့ အဆုံးသတ်ကိုတော့ ပြောင်းလဲနိုင်မှာမဟုတ်ဘူး” မိုလော့က အေးစက်စွာ ပြောလိုက်သည်။

သူနှင့် ကမ္ဘာခြားနတ်ဆိုးများကြားတွင် သွေးရန်ငြိုး ရှိသည်။ ကမ္ဘာခြားနတ်ဆိုးများက သူ၏အိမ်ကို ဖျက်ဆီးခဲ့ပြီး သူ့ကို မိဘမဲ့ တစ်ယောက် ဖြစ်စေခဲ့သည်။

“ငါ့လူတွေ၊ ဒီဘုရင် ဒီမှာ ချိတ်ပိတ်ခံထားရတယ်ဆိုတာ သူတို့ သိတယ်၊ ပြီးတော့ ဒီဘုရင်ကို လာကယ်ကြလိမ့်မယ်” ကမ္ဘာခြားနတ်ဆိုး ဘုရင်က မည်သည့်ကြောက်ရွံ့မှုမျှ မရှိသည့်ဟန်ဖြင့် ဟိန်းဟောက်လိုက်သည်။

“ယုတ်မာတဲ့ လူသားတွေ၊ ဒီဘုရင် ချိတ်ပိတ်ခံထားရရင်တောင် ငါ့ကို မင်းတို့ ဖျက်ဆီးပစ်လို့မရပါဘူး၊ ဟဲဟဲ၊ အဲဒီ အရူး မိုးကြိုးဧကရာဇ်က သူ့အသက်နဲ့ လဲပြီး တိုက်ခိုက်ခဲ့ာညတောင် ဒီဘုရင်ကို ချိတ်ပိတ်ထားဖို့လောက်ပဲ သူ တတ်နိုင်ခဲ့တာ”

“မင်းတို့ရဲ့ အရည်အချင်းမရှိမှုကို ကြည့်ပါဦး၊ ဒီဘုရင်က ဒီမှာ ရှိနေတာတောင် မင်းတို့ ငါ့ကို ဘာလုပ်နိုင်မှာလဲ”

ကမ္ဘာခြားနတ်ဆိုးဘုရင်က အလွန်တရာ မာနထောင်လွှားနေပြီး ဝူယွမ်နှင့် အခြားသူများကို အထင်သေးနေသည်။

သာမန် စွမ်းအားက သူတို့ကို မသတ်နိုင်ပေ။

‘ဒါက ငါတို့ သန့်ရှင်းသော မျိုးနွယ်စုရဲ့ အစွမ်းပဲ၊ လူသားတွေက လုံးဝ ယှဉ်လို့မရဘူး'

“ဟုတ်လို့လား”

မိုလော့က လှောင်ပြုံးပြုံးကာ ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် ကြမ်းကြုတ်စွာ ပြုမူနေဆဲဖြစ်သော ကမ္ဘာခြားနတ်ဆိုး ဘုရင်ကို ခနဲ့တဲ့တဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော မီးတောက်များက လိမ်ကောက်သွားပြီးနောက် ကောင်းကင်ယံတွင် မီးတောက် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

“ဒီစွမ်းအားကို မင်း ခံစားမိလား၊ ရင်းနှီးသလို ခံစားရလား”

မိုးကြိုးသံကြိုးများဖြင့် ရစ်ပတ်ခံထားရသော ကမ္ဘာခြားနတ်ဆိုး ဘုရင်က ကောင်းကင်ယံရှိ ငွေရောင် အလင်းတန်းများကြားမှ တက်လာသော အနီရင့်ရောင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူက အော်ဟစ်လိုက်သည်...

“မီးတောက် ဘိုးဘေးအဆောင်”

“ပြီးတော့ ဒီမှာလည်း ရှိသေးတယ်” တိတ်ဆိတ်နေခဲ့သော လင်းတုန်ကလည်း ရုတ်တရက် ပြောလိုက်သည်။

သူသည် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသော ကမ္ဘာခြားနတ်ဆိုးဘုရင်ကို ကြည့်ကာ ပြုံးဖြီးဖြီး မနေနိုင်တော့ပေ။ ချက်ချင်းပင် သူက ရှေ့သို့ တစ်လှမ်း တိုးလာခဲ့ပြီး အမည်းရောင် အလင်းတန်းတစ်ခုက သူ၏နီဝမ်နယ်ပယ်မှ ပေါက်ကွဲထွက်လာကာ ကောင်းကင်ယံတွင် တွဲလောင်းကျနေသော တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

“ဝါးမျိုခြင်းဘိုးဘေးအဆောင်”

ကမ္ဘာခြားနတ်ဆိုး ဘုရင်၏ မျက်နှာမှာ အေးခဲသွားပြီး ကောင်းကင်ယံသို့ တွေဝေစွာ ကြည့်နေမိသည်။

မီးတောက်၊

မိုးကြိုး၊

ဝါးမျိုခြင်း၊

ဘိုးဘေးအဆောင် သုံးခု၊ အစွမ်းထက်သော စွမ်းအားသုံးခုက သူ့ကို ခဏတာ စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။

သို့သော်လည်း ၎င်းမှာ မပြီးဆုံးသေးပေ။

ဝူယွမ်က ပြောလိုက်သည်။ “ငါ့ဟာကတော့ တစ်ဝက်လောက်ပဲ ရေတွက်လို့ ရမယ် ထင်တယ်”

သူ စကားပြောနေစဉ် သူ၏နီဝမ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသားပေါ်မှ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ရူန်းသင်္ကေတက လင်းလက်လာပြီး သူ၏ဝိညာဉ်စွမ်းအင်ကို သယ်ဆောင်လာကာ မီးတောက် ဘိုးဘေးအဆောင်နှင့် ဝါးမျိုခြင်းဘိုးဘေးအဆောင်ကြားတွင် ပေါ်ထွက်လာသည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်၏ အမည်းနှင့် အဖြူရောင် အလင်းတန်းမှာ များစွာ ပိုမိုမှေးမှိန်နေသော်လည်း ၎င်းက ကြောက်မက်ဖွယ်ကောင်းသော ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများကို ထုတ်လွှတ်နေသည်။

ဝူယွမ်သည် ကစဉ်ကလျားသန္ဓေသားမှတစ်ဆင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ရူန်းသင်္ကေတကို အပြည့်အဝ အသက်သွင်းလိုက်ခြင်းဖြင့် ဘိုးဘေးအဆောင်တစ်ခု၏ စွမ်းအားတစ်ဝက်ကို ပိုင်ဆိုင်ထားလေသည်။

“လောကကြီးမှာ ဘိုးဘေးအဆောင် စုစုပေါင်း ရှစ်ခုပဲ ရှိတာကို ဒီနေရာမှာ လေးခုတောင် ပေါ်လာတယ်လား”

ကမ္ဘာခြားနတ်ဆိုး ဘုရင်မှာ လောကကြီးတစ်ခုလုံးက သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဤအချိန်တွင် မီးတောက် ဘိုးဘေးအဆောင်က သူ၏စွမ်းအားကို ပထမဆုံး ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက ကောင်းကင်ယံသို့ ပစ်လွှတ်ထွက်ပေါ်သွားပြီးနောက် မီးတောက်များအတွင်းမှ ကြည်လင်ပြတ်သားသော အော်သံတစ်ခု ပဲ့တင်ထပ်သွားသကဲ့သို့ ဖြစ်သွားသည်။

ထို့နောက် မိုလော့၏ခေါင်းအထက်ရှိ ကြီးမားလှသော မီးတောက်များက ပေထောင်ချီ ကြီးမားသည့် မီးဖီးနစ်ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို လင်းတုန် မြင်တွေ့လိုက်ရသည်။

ထိုမီးဖီးနစ်ငှက်ကြီးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု စိမ့်ဝင်ပျံ့နှံ့နေသည်။

“အတူတူ တိုက်ခိုက်ကြစို့၊ မိုးကြိုးဘိုးဘေးအဆောင်ရဲ့ စွမ်းအားကို ဆွဲယူပြီး ဒီမိစ္ဆာကို အတူတူသုတ်သင်ကြမယ်” မိုလော့၏မျက်နှာတွင် တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာပြီး ဤကမ္ဘာခြားနတ်ဆိုးဘုရင်နှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

“ငါ့ကို သတ်ချင်ရင်တော့ တန်ဖိုးတစ်ခု ပေးရလိမ့်မယ်” ကမ္ဘာခြားနတ်ဆိုးဘုရင်၏ ပေတစ်ရာခန့် မြင့်မားသော မည်းနက်သည့်ခန္ဓာကိုယ်ကြီးက မိုးကြိုးအရည်ပင်လယ်ကြီးထဲမှ ထွက်ပေါ်လာပြီး မည်းနက်သည့်လက်ကြီးက မိုလော့ကို ဖမ်းဆုပ်လိုက်သည်။

မိုလော့က လက်ဟန်သင်္ကေတများကို ပြုလုပ်လိုက်ရာ ယခင်ကတည်းက အနီရင့်ရောင် ဖြစ်နေသော သူ၏မျက်လုံးများမှာ ယခုအခါ ကြည်လင်ပြတ်သားလာပြီး မီးတောင်ချော်ရည်များ ၎င်းတို့အတွင်း၌ စီးဆင်းနေသည့်ပုံ ပေါက်နေသည်။

“ကမ္ဘာဖျက် ဖီးနစ်မီးတောက်”

မီးတောက် ဘိုးဘေးအဆောင်ဖြင့် ဖန်တီးထားသော မီးဖီးနစ်ငှက်သည် မိုလော့၏ လက်ဟန်သင်္ကေတများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး အပြင်သို့ ပန်းထုတ်လိုက်ရာ ကမ္ဘာခြားနတ်ဆိုးဘုရင်၏ မည်းနက်သော ဧရာမလက်ကြီးကို လောင်ကျွမ်းသွားစေသည်။

တိုက်ခိုက်လိုစိတ် ပြင်းပြနေသော မိုလော့က လေထဲတွင်ရှိသော မိုးကြိုးပလ္လင်ဆီသို့ လှမ်း၍ အော်ဟစ်လိုက်သည်။

“မိုးကြိုးဧကရာဇ်၊ မိုးကြိုးဘိုးဘေးအဆောင်ထဲမှာ မင်းရဲ့ ဝိညာဉ်အကြွင်းအကျန်လေး ရှိနေသေးတယ်ဆိုတာ ငါ သိတယ်၊ အခု မင်းရဲ့ နောက်ဆုံးစွမ်းအားကို ထုတ်လွှတ်ပြီး ငါတို့နဲ့အတူ ဒီမိစ္ဆာကို အပြတ်အသတ်သုတ်သင်ကြစို့”

မိုလော့၏အော်သံကို ကြားသောအခါ ဝူယွမ်နှင့် လင်းတုန်တို့က မော့ကြည့်လိုက်ရာ လျှပ်စီးတန်းတစ်ခုက မိုးကြိုးနေမင်းအတွင်းမှ ရုတ်တရက်ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ပလ္လင်အား လင်းထိန်သွားစေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုလျှပ်စီးတန်း၏ အလင်းရောင်အောက်တွင် အနှစ်တစ်ထောင်ကြာ မှိတ်ထားခဲ့သော ထိုသွယ်လျသည့်လူရိပ်၏ မျက်လုံးများက အမှန်တကယ်ပင် ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

မိုးကြိုးဧကရာဇ်က လုံးဝသေဆုံးသွားခြင်း မရှိသေးပေ။

အသက်စွမ်းအင် လုံးဝ ကုန်ခမ်းနေပြီဖြစ်သော သူ၏ခန္ဓာကိုယ်က အမှန်တကယ်ပင် လှုပ်ရှားလာခဲ့သည်။

မိုးကြိုးနယ်ပယ် တစ်ခုလုံးတွင် မိုးကြိုးနှင့် လျှပ်စီးများက သူတို့၏ ဘုရင် ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုနေသကဲ့သို့ ဟိန်းဟောက်နေကြသည်။

ရေတွက်၍မရနိုင်သော ဧရာမ မိုးကြိုးများက ကောင်းကင်ယံမှ ရုတ်တရက် ကျဆင်းလာပြီး အရာအားလုံးကို လွှမ်းခြုံသွားကာ ယဇ်ပလ္လင်ကမူ မရေမတွက်နိုင်သော မိုးကြိုးများကြားတွင် တိတ်ဆိတ်စွာ ရပ်တည်နေသည်။

ပလ္လင်ပေါ်ရှိ အမျိုးသားက အနှစ်တစ်ထောင်ကြာ မှိတ်ထားခဲ့သော သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏မျက်လုံးများမှာ မျက်စိကျိန်းမတတ် ငွေရောင်ဖြစ်နေပြီး ၎င်းတို့အတွင်း၌ မိုးကြိုး ကမ္ဘာတစ်ခု ရှိနေသကဲ့သို့ ဖြစ်နေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းက လူတစ်ဦး၏နှလုံးသားကို အေးခဲသွားစေသည်။

“မီးတောက် ဘိုးဘေးအဆောင်၊ ဝါးမျိုခြင်းဘိုးဘေးအဆောင်၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်၊ အရိုက်အရာ ဆက်ခံမယ့်သူတွေကို ငါ စောင့်နေတာ၊ နောက်ဆုံးတော့ တွေ့ရပြီ”

မိုးကြိုးဧကရာဇ်က လေထဲတွင်ရှိသော ဘိုးဘေးအဆောင် သုံးခုကို ချက်ချင်း မြင်တွေ့လိုက်ရပြီး အပြုံးတစ်ခုကို ပြသလိုက်သည်။

“မိုးကြိုးဧကရာဇ်က အသက်ရှင်နေသေးတာပဲ” လင်းတုန်က အံ့အားသင့်စွာ ပြောလိုက်သည်။

“ဝိညာဉ်အကြွင်းအကျန်လေး တစ်ခုပါပဲ၊ ဒါပေမယ့် အတော်လေး ကောင်းမွန်နေသေးတယ်၊ အရင်က ကျိုဖေးထက် ပိုအစွမ်းထက်တယ်၊ သံသရာအဆင့်ကို ရောက်လုနီးပါး ဖြစ်ခဲ့တဲ့ အစွမ်းထက်ပုဂ္ဂိုလ်ဆိုတဲ့အတိုင်း သူ့ရဲ့ ဝိညာဉ်က တကယ်ကို အစွမ်းထက်တာပဲ” ဝူယွမ်က မှတ်ချက်ပေးလိုက်သည်။

မိုးကြိုးဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်မှာ ကျိုဖေးထက် ပိုမို ခိုင်မာသည်။ ကျိုဖေးကို ပြန်လည်အသက်သွင်းနိုင်ပါက မိုးကြိုးဧကရာဇ်အတွက်လည်း ပြဿနာမရှိနိုင်ပေ။

ကမ္ဘာခြားနတ်ဆိုးဘုရင်က ပလ္လင်ပေါ်ရှိ မိုးကြိုးဧကရာဇ်ကို ဒေါသတကြီး စိုက်ကြည့်ကာ မဟိန်းဟောက်ဘဲ မနေနိုင်တော့ပေ။ “မိုးကြိုးဧကရာဇ်၊ မင်းလို သတ္တိကြောင်တဲ့ လူယုတ်မာ၊ မင်းက မိုးကြိုးဘိုးဘေးအဆောင်ထဲမှာ နှစ်တစ်ထောင်တောင် ပုန်းနေခဲ့တာပဲ၊ ငါ့ကို တစ်ယောက်တည်း ထွက်လာပြီးတိုက်ရဲတဲ့သတ္တိ မင်းမှာ မရှိဘူးမလား”

“ဟိုတုန်းက ငါ သံသရာကပ်ဘေးကို ကျော်ဖြတ်နေတုန်း မင်းက ရုတ်တရက်လာမတိုက်ခိုက်ဘူးဆိုရင် မင်းကို သတ်ဖို့က ငါ့ရဲ့ လက်ဖဝါးကို လှန်လိုက်သလို လွယ်ကူမှာပဲ” မိုးကြိုးဧကရာဇ်က သူ၏ ငွေရောင်မျက်လုံးများဖြင့် ဟိန်းဟောက်နေသော ကမ္ဘာခြားနတ်ဆိုးဘုရင်ကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

“စကားများမနေနဲ့တော့၊ မင်းရဲ့အခြေအနေက အကြာကြီး ခံမှာ မဟုတ်ဘူး၊ ဒီကမ္ဘာခြားနတ်ဆိုး ဘုရင်ကို အရင် သတ်ကြတာပေါ့” မိုလော့က ဖြတ်ပြောလိုက်သည်။

“စီနီယာ မိုးကြိုးဧကရာဇ်ရဲ့ အခြေအနေက အားနည်းနေပြီး တိုက်ခိုက်ဖို့ မသင့်တော်ဘူး၊ သူက စွမ်းအင် သုံးစွဲမှုဒဏ်ကို မခံနိုင်ဘူး” ဤအချိန်တွင် ဝူယွမ်က ဝင်ပြောလိုက်သည်။

“စီနီယာ မိုလော့၊ လောစရာ မလိုပါဘူး၊ ဒီကမ္ဘာခြားနတ်ဆိုးက အိုးထဲက လိပ်တစ်ကောင် ဖြစ်နေပြီပဲ၊ သူ ဘာပြဿနာမှ မလုပ်နိုင်တော့ပါဘူး၊ စီနီယာက ကျွန်တော်နဲ့ ပူးပေါင်းဖို့ပဲ လိုတယ်”

အကယ်၍ ၎င်းသာ အထွတ်အထိပ်အခြေအနေရှိ ကမ္ဘာခြားနတ်ဆိုးဘုရင် ဖြစ်နေပါက ဝူယွမ်သည် မိုလော့ကို သေချာပေါက် ဦးဆောင်ခိုင်းမည်ဖြစ်သည်။

သို့သော်လည်း ဤဖိနှိပ်ခံထားရသော ကမ္ဘာခြားနတ်ဆိုးဘုရင်နှင့်ပတ်သက်၍မူ မိုလော့က ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ကမ္ဘာခြားနတ်ဆိုးဘုရင်ကို သတ်ပစ်လိုက်ပါက သူ၏ စွမ်းအင်ပါ၀ါဘဏ်လေး ပျောက်ဆုံးသွားမည်ကို သူ စိုးရိမ်နေမိသည်။

သူက ၎င်းကို ဖြည်းဖြည်းချင်း အားနည်းသွားစေပြီး ဤကမ္ဘာခြားနတ်ဆိုးဘုရင် ပို၍ အားနည်းသွားသောအခါ ကမ္ဘာသစ်ပင်၏ အမြစ်များကို တိုက်ရိုက် ထိုးသွင်းကာ စွမ်းအင်များကို စုပ်ယူခိုင်းနိုင်သည်။

လက်ရှိတွင် ဤကမ္ဘာခြားနတ်ဆိုးဘုရင်မှာ အလွန် အစွမ်းထက်နေဆဲဖြစ်သည်။ အကယ်၍ ကမ္ဘာသစ်ပင်၏အမြစ်များကို ထိုးသွင်းလိုက်ပါက ၎င်း၏ တန်ပြန်ဝါးမျိုခြင်းကိုပင် ခံရနိုင်ပေသည်။

“ကောင်လေး၊ မင်း ဘာတွေပြောနေတာလဲ... “ မိုလော့သည် ဝူယွမ်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားလေသည်။

သို့သော်လည်း သူ စကားမဆုံးမီမှာပင် ဝူယွမ်က လှုပ်ရှားလိုက်ပြီဖြစ်သည်။

ဧရာမ မဟာရှေးဟောင်းကျောက်တိုင်ကြီးတစ်ခု ကျဆင်းလာပြီး ပေတစ်သောင်းခန့်ကြီးမားသော ကျောက်တိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပေတစ်ရာခန့်သာရှိသော ကမ္ဘာခြားနတ်ဆိုး ဘုရင်ကို မိုးကြိုးချော်ရည် ပင်လယ်ကြီး၏ အောက်ခြေသို့ ကြမ်းတမ်းစွာ ဖိနှိပ်ချလိုက်သည်။

ထိုငွေရောင် မိုးကြိုးချော်ရည်များက လွင့်စင်သွားပြီး ဤနေရာတွင် ဟင်းလင်းပြင်ဧရိယာတစ်ခုကို ချက်ချင်းဖြစ်ပေါ်စေခဲ့သည်။

အခန်း (၄၀၀) - ဆိုင်းအင်၀င်ခြင်း၊ မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်(၂)

မဟာရှေးဟောင်းကျောက်တိုင် ကိုယ်တိုင်က ကမ္ဘာခြားနတ်ဆိုးများကို ဖိနှိပ်ရာတွင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိပြီး ကမ္ဘာသစ်ပင်၏စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ ကမ္ဘာခြားနတ်ဆိုး ဘုရင်မှာ ခုခံရန် ရုန်းကန်နေရလေသည်။

ဝူယွမ်သည် ဧရာမကျောက်တိုင်ကြီးပေါ်တွင် ရပ်နေပြီး သူ၏ ကစဉ်ကလျားသန္ဓေသားက အလင်းရောင်များဖြင့် တဖျပ်ဖျပ်လက်နေသည်။ ရူန်းသင်္ကေတများက ရှေးဟောင်းကျောက်တိုင်အတွင်းသို့ ကျဆင်းသွားပြီး တစ်ချိန်တည်းမှာပင် အစောပိုင်းက ငွေရောင်စေတီလေး သုံးခုမှ ပြောင်းလဲသွားသော ငွေရောင် ရူန်းသင်္ကေတကိုလည်း ဝူယွမ်က ထုတ်ယူကာ ဧရာမကျောက်တိုင်ကြီးပေါ်သို့ ကပ်လိုက်သည်။

ငွေရောင် ရူန်းသင်္ကေတများကို ဝူယွမ်က အသက်သွင်းလိုက်သည်။ ဤငွေရောင် ရူန်းသင်္ကေတမှာ မိုးကြိုးနယ်ပယ်၏ သော့ဖြစ်ပြီး မိုးကြိုးနယ်ပယ် တစ်ခုလုံးကို ထိန်းချုပ်ရန် သော့လည်း ဖြစ်သည်။

သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ငွေရောင် ရူန်းသင်္ကေတကို သန့်စင်ပြီးနောက် ဝူယွမ်သည် မိုးကြိုးနယ်ပယ်နှင့် ဆက်သွယ်မှုတစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့ကာ မိုးကြိုးနယ်ပယ်၏ စွမ်းအားများကို စုစည်းပြီး ကမ္ဘာခြားနတ်ဆိုး ဘုရင်ကို အတူတကွ ဖိနှိပ်ရန်အတွက် ရှေးဟောင်းကျောက်တိုင်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာခြားနတ်ဆိုးဘုရင်မှာ ဒူးထောက်သွားသည်အထိ ဖိနှိပ်ခံလိုက်ရလေသည်။

မိုလော့နှင့် မိုးကြိုးဧကရာဇ်တို့ နှစ်ဦးလုံး ဆွံ့အသွားကြသည်။

ယခုလေးတင် နိုးထလာသော မိုးကြိုးဧကရာဇ်သည် ဝူယွမ်တို့ကဲ့သို့ ဆန်းကြယ်ရှင်ခြင်းအဆင့်ရှိ လူငယ်လေးသုံးဦးက မည်သို့ အသုံးဝင်နိုင်မည်ကို တွေးတောနေဆဲပင် ဖြစ်သည်။ သူတို့က ဘိုးဘေးအဆောင်များကို ထိန်းချုပ်နိုင်လျှင်တောင် သံသရာအဆင့်နှင့် နှိုင်းယှဉ်နိုင်သော ကမ္ဘာခြားနတ်ဆိုးဘုရင်ကို ထိရောက်မှုရှိမည် မဟုတ်ပေ။

သို့သော်လည်း ဝူယွမ်၏ ကြမ်းတမ်းသောလှုပ်ရှားမှုကို မြင်တွေ့လိုက်ရသောအခါ ဤအတွေးမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

“ဒါက ဘယ်လို ဝိညာဉ်ရတနာမျိုးလဲ၊ အရမ်းကို အစွမ်းထက်တာပဲ” မိုလော့က ဧရာမ ရှေးဟောင်းကျောက်တိုင်ကြီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။ ဗဟုသုတ ကြွယ်ဝသော သူပင်လျှင် ဤအဆင့်ရှိ ဝိညာဉ်ရတနာတစ်ခုကို တစ်ခါမှမမြင်ဖူးခဲ့ပေ။

“စီနီယာ မိုလော့၊ ခင်ဗျား အခု လှုပ်ရှားလို့ရပါပြီ၊ သူ့ရဲ့ မာနကို ချိုးနှိမ်လိုက်ရုံပါပဲ၊ သူ့ကို မသတ်ပါနဲ့၊ သူနဲ့ ပတ်သက်ပြီး ကျွန်တော် အသုံးပြုစရာရှိတယ်၊”

ဝူယွမ်က မိုလော့ကို ပြုံးကာ ပြောလိုက်သည်။

မိုလော့ကို ခေါ်လာခြင်းမှာ မီးတောက်ဘိုးဘေးအဆောင်ကို အသုံးပြုကာ ဤကမ္ဘာခြားနတ်ဆိုးဘုရင်ကို လောင်ကျွမ်းစေရန် ဖြစ်သည်။

သူတို့သည် ၎င်းကို ဒဏ်ရာရစေနိုင်သော်လည်း စွမ်းအားအများအပြား လိုအပ်ပြီး အန္တရာယ်များလည်း ရှိသည်။

မည်သို့ပင်ဆိုစေ ပြိုင်ဘက်က သံသရာအဆင့်တွင် ရှိနေသည် မဟုတ်ပါလော။

မိုလော့ တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ဝူယွမ်က သူ့ကို တကယ်ပင် အံ့အားသင့်သွားစေခဲ့သည်။

သို့သော်လည်း မိစ္ဆာကိုဖိနှိပ်ရန် အရေးတကြီး လိုအပ်နေသည်။

ကမ္ဘာခြားနတ်ဆိုးဘုရင်၏ သေခြင်း၊ ရှင်ခြင်း သူ ဂရုမစိုက်ပေ။

“ဘိုးဘေးအဆောင်ဝိညာဉ်”

ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုနှင့်အတူ သူ၏ ခေါင်းအထက်ရှိ ကောင်းကင်ယံကို ဖုံးလွှမ်းထားသော မီးဖီးနစ်ငှက်ကြီးက ကြည်လင်ပြတ်သားသော အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

၎င်း၏ ကျန်းတစ်ထောင်ခန့်ရှိသော မီးတောက်အတောင်ပံများက ပြင်းထန်စွာ ရိုက်ခတ်သွားပြီး မီးတောက် ပင်လယ်ကြီးတစ်ခု ဟိန်းဟောက်ထွက်ပေါ်လာသည်။

ထို့နောက် မီးတောက် ပင်လယ်ကြီးက အံ့မခန်းအရှိန်အဟုန်ဖြင့် ဖိသိပ်သွားပြီး နောက်ဆုံးတွင် ပေတစ်ရာခန့်ရှိသော မီးတောက်တိုင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဤအလင်းတိုင်မှာ ကျောက်မျက်ရတနာတစ်ခုပမာ ကြည်လင်ပြတ်သားပြီး အစိုင်အခဲဖြစ်လုနီးပါး ဖြစ်နေသော်လည်း ၎င်း၏ တောက်ပသော အရောင်အောက်တွင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအင်လှိုင်းများ ပါဝင်နေသည်။

လင်းတုန်က အားကျစွာဖြင့် ကြည့်နေသည်။ မိုလော့ အသက်သွင်းလိုက်သော မီးတောက်ဘိုးဘေးအဆောင်မှာ သူ အသက်သွင်းသော ဝါးမျိုခြင်းဘိုးဘေးအဆောင်ထက် များစွာ ပိုမိုအစွမ်းထက်ပြီး ဘိုးဘေးအဆောင် ဝိညာဉ်ကိုပင် ဆင့်ခေါ်နိုင်စွမ်း ရှိသည်။

“ဘိုးဘေးအဆောင်တစ်ခုကို သူ့ရဲ့ အထွတ်အထိပ်အထိ အသက်သွင်းနိုင်မှသာ ဘိုးဘေးအဆောင်ဝိညာဉ်ကို ဆင့်ခေါ်နိုင်မယ်၊ ဒီအဆင့်ကို ရောက်ဖို့ မင်း အချိန်လိုသေးတယ်” ယန်၏အသံက လင်းတုန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ဤအချိန်တွင် မီးတောက်တိုင်ကြီး ကျဆင်းလာပြီး ကမ္ဘာခြားနတ်ဆိုး ဘုရင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားလေသည်။

“မဟာမိစ္ဆာ တိုက်စားခြင်း”

ကမ္ဘာခြားနတ်ဆိုးဘုရင်က ဟိန်းဟောက်လိုက်သည်။ ဖိနှိပ်ခံထားရသည့်တိုင် သူ ခုခံနိုင်စွမ်း ရှိနေသေး၏။

ရက်စက်သော အမည်းရောင်ချီများက ကမ္ဘာခြားနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်မှ ဆူပွက်လာပြီး ကောင်းကင်ယံကို ဖုံးလွှမ်းသွားကာ သူ၏ အထက်တွင် ပေတစ်ထောင်ခန့်ရှိသော အမည်းရောင် အလင်းအစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

အဝေးမှကြည့်လျှင် ရက်စက်သော အမည်းရောင် နေမင်းတစ်စင်းနှင့် တူလှသည်။

မီးတောက်တိုင်ကြီးနှင့် ရက်စက်သော အမည်းရောင်နေမင်းတို့ အပြန်အလှန် ဝါးမျိုနေကြသည်။

“ငါလည်း ဝင်ပါမယ်” လင်းတုန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူသည်လည်း ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို အပြည့်အဝ အသက်သွင်းလိုက်သည်။ သူ၏ ခေါင်းအထက်တွင် တွင်းနက်ကြီးက ရူးသွပ်စွာ လည်ပတ်နေပြီး အမည်းရောင် အလင်းတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ အောက်သို့ ပစ်လွှတ်သွားလေသည်။

မိုးကြိုးဧကရာဇ်က လှုပ်ရှားရန် ပြင်လိုက်သော်လည်း ဝူယွမ်က တားလိုက်သည်။ “စီနီယာ မိုးကြိုးဧကရာဇ်၊ ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့၊ ခင်ဗျားရဲ့ စွမ်းအားကို ချွေတာထားပါ၊ ဒီမှာ ကျွန်တော်တို့ ကိုင်တွယ်နိုင်ပါတယ်”

စကားပြောအပြီးတွင် ဝူယွမ်က သူ၏ဒန်တျန်အတွင်းရှိ ကောင်းကင်နှင့် မြေကြီး ရှေးဟောင်းအစီအရင်ကို အသက်သွင်းလိုက်သည်။

သူသည် သူ၏ ဝိညာဉ်စွမ်းအင်၊ ယွမ်စွမ်းအင်၊ ဧကရာဇ်သွေးကြောစွမ်းအား၊ ဝါးမျိုခြင်းစွမ်းအား၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအား၊ အခြားသော စွမ်းအား အသီးသီးကို ပေါင်းစပ်လိုက်သည်။

“မဟာရှေးဟောင်း ဖမ်းဆီးခြင်းလက်ဝါး”

ရှေးဟောင်းဆန်ပြီး အချိန်၏သဲလွန်စများ ပြည့်နှက်နေသော ဧရာမလက်ဝါးကြီးတစ်ခု ပေါ်လာသည်။ စွမ်းအား အမျိုးမျိုး၏ ပေါင်းစပ်မှုအောက်တွင် ထုတ်လွှတ်လိုက်သော သိုင်းပညာက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး သာမန် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များပင်လျှင် ၎င်းကို ရင်ဆိုင်ရန် မဝံ့ရဲကြပေ။

မိုလော့က ဤဧရာမလက်ဝါးကြီးကို ကြည့်ကာ သူ၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှု လှိုင်းတံပိုးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းအတွင်းရှိ စွမ်းအားထံမှ အစွမ်းထက်သော ခြိမ်းခြောက်မှုတစ်ခုကို သူ ခံစားလိုက်ရသည်။

ဧရာမလက်ဝါးကြီး ကျဆင်းလာပြီး ကမ္ဘာခြားနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားကာ ၎င်း၏ ပေတစ်ရာခန့်ရှိသော မိစ္ဆာခန္ဓာကိုယ်ကို ချက်ချင်း တစ်စစီ ကြေမွသွားစေခဲ့သည်။

သူ နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရချေပြီ။

ဝူယွမ်က ကောင်းကင်သိုင်းပညာကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူသာ ကောင်းကင် သိုင်းပညာထက် သာလွန်သော သံသရာလမ်းခြောက်သွယ် လက်သီးကဲ့သို့သော နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး ချယ်အက္ခရာလျှို့ဝှက်ချက်၏ ဆယ်ဆသော စွမ်းအား ပေါက်ကွဲမှုနှင့် ပေါင်းစပ်လိုက်ပါက အားနည်းနေသော ဤကမ္ဘာခြားနတ်ဆိုးဘုရင်မှာ တိုက်ရိုက် သေဆုံးသွားပေလိမ့်မည်။

“စီနီယာ မိုလော့၊ တော်လောက်ပြီ၊ ခင်ဗျား သူ့ကို ဆက်ရိုက်နေရင် သူသေသွားလိမ့်မယ်” ဝူယွမ်က အလျင်အမြန် တားလိုက်သည်။

“ဘာလို့ သူ့ကိုမသတ်တာလဲ” မိုလော့က တွေဝေစွာဖြင့် ဝူယွမ်ကို မေးလိုက်သည်။

ယခုလေးတင် ဝူယွမ် ပြသခဲ့သော စွမ်းအားမှာ သူ့ထက်မနိမ့်ကျတော့ရာ မိုလော့သည် ဝူယွမ်ကို လူငယ်လေးတစ်ယောက်လို သဘောထားခြင်း မပြုတော့ဘဲ အကျိုးသင့်အကြောင်းသင့် မေးမြန်းလိုက်ခြင်းဖြစ်သည်။

အလားတူပင် မိုးကြိုးဧကရာဇ်ကလည်း ဝူယွမ်ကို တွေဝေစွာ ကြည့်လိုက်သည်။

‘ကမ္ဘာခြားနတ်ဆိုးကို မသတ်ဘဲ ဘာလို့ အသက်ရှင်လျက် ထားချင်ရတာလဲ'

“သူ့ကို သတ်ပစ်တာက အရမ်း ဖြုန်းတီးရာကျလွန်းတယ်၊ သူ့ကို အသက်ရှင်လျက်ထားတာက စီနီယာမိုးကြိုးဧကရာဇ်ကို ပြန်လည်အသက်သွင်းဖို့ ကူညီပေးနိုင်တယ်” ဝူယွမ်က ပြောလိုက်သည်။

ကမ္ဘာခြားနတ်ဆိုး ဘုရင်၏ စွမ်းအင်ကို ကမ္ဘာသစ်ပင်က စုပ်ယူပြီးနောက် ရရှိလာမည့် စွမ်းအင်တုံ့ပြန်မှုက မိုးကြိုးဧကရာဇ်ကို ပြန်လည်သက်သာလာစေရန် လုံလောက်သင့်သည်။

“ငါ့ကို ပြန်အသက်သွင်းမယ် ဟုတ်လား”

မိုးကြိုးဧကရာဇ်မှာ ယုံကြည်နိုင်စရာမရှိလောက်အောင် အံ့အားသင့်သွားပြီး လုံးဝ တုန်လှုပ်သွားကြောင်း ထင်ရှားလှသည်။

“မင်း နောက်နေတာမလား၊ သူ့ရဲ့ အခြေအနေက နောက်ထပ် တစ်ရက် နှစ်ရက်နေရင် ပျောက်ကွယ်သွားတော့မှာလေ၊ အဲဒါတောင် ပြန်အသက်သွင်းလို့ ရသေးတာလား” မိုလော့ကလည်း ယုံကြည်ရန် ခက်ခဲနေသည်။

“ပြဿနာကြီးကြီးမားမား မရှိပါဘူး၊ စီနီယာရဲ့ လက်အောက်ခံ အရှေ့မိုးကြိုးဘုရင် ကျိုဖေးရဲ့ အခြေအနေက စီနီာာထက်တောင် ဆိုးသေးတယ်၊ ဝိညာဉ်အကြွင်းအကျန်လေး တစ်ခုပဲ ကျန်တော့တာတောင် ပြန်လည်အသက်သွင်းနိုင်သေးတာပဲ၊ ဒါကြောင့် စိုးရိမ်စရာ မလိုပါဘူး” ဝူယွမ်က ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

ကမ္ဘာသစ်ပင်မှာ ဖန်ဆင်းခြင်းစွမ်းအားကို ပိုင်ဆိုင်ထားပြီး အံ့မခန်းစွမ်းအင်များ ရှိသည်။ ၎င်းသည် သဘာဝအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သံသရာစနစ်တစ်ခုလည်း ဖြစ်သည်။

မှတ်ဉာဏ်များ ရှိနေသေးသရွေ့ အသက်ကို ပြန်လည်ပုံဖော်ပေးနိုင်သည်။

မိုးကြိုးဧကရာဇ်သည် သံသရာကပ်ဘေးတွင် ကျရှုံးခဲ့သည်။ အကယ်၍ သူ့ကို ထပ်မံ၍ ပြန်လည်အသက်သွင်းနိုင်ပါက သံသရာအဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်မည်ဖြစ်သည်။

ထို့အပြင် မိုးကြိုးဧကရာဇ်သည် အဘိုးအိုဖန်ထျန်းကဲ့သို့ပင် အထီးကျန်ဝံပုလွေတစ်ကောင် ဖြစ်နေပြီဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူသည် ဝူယွမ်၏လူ ဖြစ်လာပေလိမ့်မည်။

သူ့ကို ကယ်တင်ခြင်းသည် ကိုယ့်ကိုယ်ကို အကူအညီများ ထပ်ပေါင်းထည့်ခြင်းနှင့် အတူတူပင်။

“ဟွမ်ယွမ်၊ မင်း အခု လှုပ်ရှားလို့ ရပြီ”

ဝူယွမ်က ဟွမ်ယွမ်နှင့် ဆက်သွယ်လိုက်သည်။ ရှေးဟောင်းကျောက်တိုင်အတွင်းမှ ကြည်လင်ပြတ်သားသည့် အစိမ်းရောင်အကိုင်းအခက်များ ဆန့်ထွက်လာပြီး ကမ္ဘာခြားနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ကြွယ်ဝသော အသက်စွမ်းအင်များ ပြန့်ကျဲထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းစက်လေးများက မိုးကြိုးဧကရာဇ်၏ ခြောက်သွေ့နေသော ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကြသည်။

မိုးကြိုးဧကရာဇ်၏ ငွေရောင်မျက်လုံးများ လင်းလက်သွားပြီး အံ့အားသင့်မှုများဖြင့် ချက်ချင်းပြည့်နှက်သွားလေသည်။

သူသည် အသက်စွမ်းအင် အနည်းငယ်မျှသာ ခံစားရသော်လည်း ဤစွမ်းအားက သူ၏ မူလအခြေအနေကို ပြန်လည်ရရှိရန် ကူညီပေးနိုင်ကြောင်း သူ ချက်ချင်းသတိပြုမိလိုက်သည်။

“ငါ့ကို ပြန်လည်အသက်သွင်းဖို့ ကူညီမယ်ဆိုတာ ဒါပဲမဟုတ်လား” မိုးကြိုးဧကရာဇ်က အစိမ်းရောင် အကိုင်းအခက်များကို ညွှန်ပြကာ သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်သည်။

“ဟုတ်ပါတယ်” ဝူယွမ်က ခေါင်းညိတ်လိုက်သည်။

“ဒီအစိမ်းရောင် အကိုင်းအခက်တွေက ကမ္ဘာခြားနတ်ဆိုးရဲ့ စွမ်းအားကို စုပ်ယူပြီး သန့်စင်တဲ့ အသက်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တယ်၊ စီနီယာကို အသာထား၊ ကျောက်တုံးတစ်တုံးဆိုရင်တောင် သူ့ရဲ့ အားဖြည့်မှုနဲ့ဆိုရင် အသက်ရှိလာနိုင်တယ်”

“အဲဒါက ဘာလဲ၊ ဒီလောက်တောင် မှော်ဆန်တာလား” မိုလော့၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဝူယွမ်၏ စကားများကို အနည်းငယ် မယုံကြည်နိုင်ဖြစ်နေသည်။

သို့သော်လည်း သူ့ရှေ့ရှိ မြင်ကွင်းက သူ့ကို တကယ်ပင် အံ့အားသင့်သွားစေခဲ့သည်။

“စီနီယာ သိချင်ရင် ကျွန်တော့်ရဲ့ ရှေးဟောင်းကျောက်တိုင်ထဲကို ဝင်ကြည့်လို့ ရပါတယ်” ဝူယွမ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးကာ ပြောလိုက်သည်။

သူ၏ လက်ရှိစွမ်းအားအရ သူသည် မိုလော့ထက် မနိမ့်ကျတော့ရာ သူ၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို မစိုးရိမ်တော့ပေ။

မိုလော့သည်လည်း လောကကြီး၏ အစီအစဉ်ကြီးတွင်လည်း ပါဝင်နိုင်သည်။

[ဒင်! မိုးကြိုးခန်းမသို့ ရောက်ရှိပါပြီ။ ဆိုင်းအင်လုပ်လိုပါသလား။]

စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

“ဆိုင်းအင်လုပ်မယ်”

[ဆိုင်းအင်လုပ်ခြင်း အောင်မြင်ပါသည်။ ဆုကြေးရရှိပါသည်: “မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်”]

[မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်: :ကြီးမြတ်သော ရတနာကျင့်စဉ် ဆယ်ခုထဲမှတစ်ခု။

၎င်းကို အထွတ်အထိပ်အထိ ကျင့်ကြံခြင်းက ကောင်းကင်၏ဆန္ဒကို ကိုယ်စားပြုကာ ကောင်းကင်ဘုံကိုယ်စား တရားစီရင်သကဲ့သို့ မိုးကြိုးပြစ်ဒဏ်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။]

All Chapters