လင်းတုန်၏ စွမ်းအား အပြည့်အဝ ထုတ်လွှတ်ခြင်း
Vol. 12 Ch. 117
ဝူယွမ်က သူ၏ မီးနီဓားပေါ်၌ ရပ်နေရင်း၊ မဟာရှေးဟောင်းကျောက်တိုင် အောက်ရှိ လူအုပ်ကို လှမ်းကြည့်နေလျက် ရှိသည်။
အောက်ရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့မျက်လုံးနှင့် မျက်ချင်းမဆိုင်ရဲပေ။
ဝူယွမ်၏ ပြိုင်ဘက်ကင်းဟန်ပန်၊ တစ်ဦးပြီးတစ်ဦး အမှောက်သိပ်ပစ်ပုံ၊ အင်အားကြီးမားသောမျိုးနွယ်စုဝင်များ အော်ဟစ်ကာ ထွက်ပြေးစေခဲ့ပုံတို့က လူအားလုံးကို အောင်မြင်စွာ ခြောက်လှန့်နိုင်ခဲ့သည်။
တစ်ခုခု ၀င်ပြောရဲသည့်သူ မည်သူမှမရှိတော့ပေ။
သူတို့က တိတ်တိတ်ဆိတ်ဆိတ်နှင့် ဝူယွမ်ကိုသာ စောင့်ကြည့်နေကြသည်။
“ငါ့ညီမလေး၊ စစ်မြေပြင်ကို ရှင်းလင်းပြီး သူတို့ရဲ့ သိုလှောင်အိပ်တွေအားလုံးကို စုဆောင်းပေးပါအုံး”
ဝူယွမ်သည် လေထဲမှ ပြုံးရင်း မုချန်ချန်အား ပြောလိုက်သည်။
ဤမျှ အားစိုက်ထုတ်ရသော တိုက်ပွဲပြီးနောက်၊ မည်သည့်အောင်မြင်မှုမျှ မရှိလို့ မဖြစ်ပေ။ တိုက်ပွဲမြေပြင် ရှင်းလင်းခြင်းက ဝူယွမ်၏ အကျင့်ကောင်းလေးတစ်ခု ဖြစ်သည်။
လင်းတုန်က ရုန်းကန်နေရဆဲဖြစ်သောကြောင့်၊ ဤတာဝန်ကို သူ၏အသစ်ရရှိထားသော ညီမလေးထံ လွှဲအပ်ပေးလိုက်သည်။
“ဟုတ်ကဲ့ အစ်ကိုကြီး”
မုချန်ချန်က ချိုမြိန်စွာ ပြုံးရင်း သဘောတူသည်။ ထိုသို့သော ကိစ္စရပ်များကို သူမက မနှစ်သက်သည်မဟုတ်ဘဲ၊ အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားနေပုံရသည်။
သူမ၏ ရှည်လျားသွယ်လျှသော ခြေထောက်လေးများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော မျိုးနွယ်စုကြီးသုံးခု အုပ်စုဆီသို့ လှမ်းသွားသည်။
ဝူယွမ်တိုက်ခိုက်တာခံထားရသာ် ခြောက်ဆယ်မှ ခုနစ်ဆယ်ခန့် မြေပေါ်တွင် လဲလျောင်းနေကြကာ။ အားလုံးက သေဆုံးနေကြသည်မဟုတ်၊ သို့သော် မသေသောသူများမှာလည်း ဒဏ်ရာ အပြင်းအထန် ရထားကြသည်။
ဝူယွမ်က အားလုံးကို သတ်ဖြတ်ရန် မကြိုးစားခဲ့ချေ။
သတ်ဖြတ်ခြင်းက သူ၏ ဝါသနာ မဟုတ်ပေ။
ဤသေလုနီးပါး အနာတရဖြစ်နေသူများက သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်တော့သဖြင့်၊ ထပ်မံရိုက်နှက်ရန် သူ မလိုလားတော့ခြင်းဖြစ်သည်။
ဝူယွမ်က သူ၏ ကြောက်မက်ဖွယ်ရာကို စွမ်းအားကို နက်နက်ရှိုင်းရှိုင်း မှတ်မိနေစေရန် ဤအားနည်းနေသူများကို သေချာထားခဲ့သည်။
မျိုးနွယ်စုကြီးသုံးခုက သူ့ကို ကြောက်ရွံ့ပြီး ထပ်မစိန်ခေါ်ရဲတာကို သူလိုချင်ခြင်းဖြစ်သည်။
ထိုသို့ဖြင့် သူ၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသူများက အကောင်းဆုံးသော ဥပမာများ ဖြစ်လာသည်။
လက်ရှိတွင် ဝူယွမ်က မျိုးနွယ်စုကြီးသုံးစုကို မကြောက်ရွံ့ဘဲ၊ သူတို့ကို ဖျက်ဆီးနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်နေပီဖြစ်သည်။
သို့သော်၊ ရိုးရိုးသတ်ဖြတ်ခြင်းက ပြဿနာကို မဖြေရှင်းနိုင်ပေ။ ရန်သူကို ကြောက်ရွံ့စေပြီး ကိုယ့်အနားရှိလူများကို မထိခိုက်ရန် သိသိသာသာ ခြိမ်းခြောက်နိုင်မှသာ ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
တစ်နှစ်ကျော်အတွင်း၊ ရှေးဟောင်းဂူသင်္ချိုင်းအတွင်း၌ သူတို့မိသားစုနှစ်စု လျှို့ဝှက်စွာ နေလာခဲ့ရသည်မှာ လင်းမျိုးနွယ်စုကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။
ဝူယွမ်က ထိုအရာကိုမလိုချင်ပေ။ သူက ခွန်အားကြီးမားလာစေရန် ကြိုးပမ်းခဲ့သည်၊ သူ၏ကျေးဇူးရှင် ဖခင်ဖြစ်သူ၊ အစ်ကိုကြီးနှင့် သူ့အနားရှိ အခြားသူများက တရားဝင် ရဲရင့်စွာ နေထိုင်နိုင်ပြီး မည်သူ့ကိုမျှ ကြောက်စရာမလိုဘဲ နေနိုင်စေရန် မျှော်လင့်ခဲ့သည်။
“ပေးလိုက်”
မုချန်ချန်က ဝမ်ယန်ထံသို့ သွားကာ သူမ၏ကျောက်စိမ်းလက်ကို ဆန့်ထုတ်လိုက်သည်။
သေလုနီးပါးဖြစ်နေသော ဝမ်ယန်သည် မြေပေါ်တွင် လဲလျောင်းနေရင်း၊ ရွှေရောင် မဟာရွှေလှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ ပေးအပ်ရန် မလိုလားနေပေ။
“ဒါက ငါ့ဝမ်မိသားစုရဲ့ တန်ဖိုးကြီးလှံဘဲ။ မင်းယူရဲရင် ငါ့အဖေက ဒါကို ခွင့်လွှတ် ...”
ဝမ်ယန်က “လွှတ်” ဟူသော စကားလုံး မပြီးဆုံးမီတွင် နဂါးချည်မျှင်သလင်းများက သူ၏နဖူးသို့ ထိုးဖောက်ဝင်ရောက်လာကာ သူ၏အသံက ရုတ်တရက် ရပ်တန့်သွားပြီး၊ သူ၏မျက်လုံးများ ဖောင်းကားလာကာ၊ မကျေမနပ်ဖြင့် သေဆုံးသွားရသည်။ ဝူယွမ်က သူ့ကို သတ်ရဲ လိမ့်မည်မဟုတ်ဟု သူတစ်ချိန်လုံးထင်ခဲ့သည်။
အလွန်ရိုးသားလှပါပေသည်။
“လူငယ်ခေါင်းဆောင်”
“သခင်လေး”
ဝမ်မျိုးနွယ်စုဝင်မျာက ဝမ်းနည်းကြေကွဲစွာ အော်ဟစ်ကာ၊ မျက်ရည်များ ကျဆင်းနေကြသည်။
“ဝူယွမ်၊ မင်းက အစ်ကိုကြီးဝမ်ယန်ကို သတ်လိုက်တယ်။ မျိုးနွယ်စုခေါင်းဆောင်က မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး”
“မင်း သေရမှာ သေချာတယ်”
ဝမ်တုံး ဝူယွမ်ကို ကြည့်ရင်း၊ သူ၏မျက်လုံးများက သွေးနီရောင်များဖြင့် ပြည့်နှက်နေသည်။
“နားညီးတယ်”
ဝူယွမ်က သူ့ကို ကြည့်ရှုခြင်းပင် မပြုဘဲ၊ နဂါးချည်မျှင်သလင်းများကို တိုက်ရိုက် လက်ဆောင်ပေးလိုက်လေသည်။
“ရှီးး”
လူများစွာတို့သည် ခြောက်လှန့်မှုတစ်ခု ကိုမြင်တွေ့လိုက်ရပြီး၊ ဝူယွမ်၏ ကြမ်းကြုတ်မှုနှင့် ဆုံးဖြတ်ချက်ရာတွင် ပြတ်သားမှုတို့ကို အသစ်တစ်ဖန် ပြန်နားလည်လာကြသည်။
လင်းခဲ့အာက လေပြင်းများမှုတ်ထုတ်လိုက်ကာ၊ သူမ၏မျက်စိထဲတွင်လည်း အပြာရောင်အလင်းများ တဖျက်ဖျက်လက်နေကာ သူမ၏ သေးငယ်သော နှုတ်ခမ်းများ တင်းတင်းကျပ်ကျပ် ဖိကပ်ထားသည်။
မာနကြီးသော ဝမ်ယန်က ဤသို့ပင် သေဆုံးသွားခဲ့ရသည်။
မည်မျှပင် ပါရမီရှိပါစေ၊ လူတိုင်းက ဝူယွမ်နှင့် နှိုင်းယှဉ်လျှင် မှေးမှိန်သွားရသည်။
အားကြီးသော နောက်ခံတစ်ခု ပိုင်ဆိုင်ထားသော်လည်း၊ သူ့ကို ကယ်တင်နိုင်ခြင်း မရှိပေ။
လင်းခဲ့အာက ဝူယွမ်ကို အနည်းငယ်ရှုပ်ထွေးသော ပုံစံဖြင့် ကြည့် နခဲ့သည်။ သူမ၏မျက်လုံးများထဲတွင် ဝူယွမ်က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုခုကို သယ်ဆောင် ထားခဲ့သည်။
တစ်နှစ်ကျော် ကြာပီးနောက်၊ ဝူယွမ်၏စွမ်းအားက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပြီး၊ လူငယ်မျိုးဆက်သစ်၏ နယ်ပယ်ကို ကျော်လွန်ကာ၊ ကြီးကျယ်သော စွမ်းအားရှင်များနှင့် ယှဉ်ပြိုင်နိုင်သည်အထိ ဖြစ်လာသည်။
ဝမ်ယန်က ဝမ်မျိုးနွယ်စု၏ လက်ရှိခေါင်းဆောင် ၀မ်လဲ့၏သား ဖြစ်သည်။ ဝမ်ယန်ကို သတ်ခြင်းက သူ့ကိုယ်သူ နောက်ဆုပ်လမ်း မချန်ထားသကဲ့သို့ပင်။
ဝမ်လဲ့က နိဗ္ဗာန်အဆင့် စွမ်းအားရှင်တစ်ဦး ဖြစ်သည်။
ဝူယွမ်က သူ့ကိုတောင် ဂရုမစိုက်တော့ဘူးလား။
မုချန်ချန်က ခဏလောက် တုန်လှုပ်သွားခဲ့သော်လည်း၊ သူမ၏အစ်ကိုကြီး၏ လွှမ်းမိုးမှုကို မြင်တွေ့ရသောအခါ၊ သူမက ထပ်မံသံသယမရှိတော့ဘဲ မဟာရွှေလှံကို သိမ်းယူလိုက်သည်။
ထို့နောက် သူမက ချင်းရှီထံသို့ သွားလိုက်သည်။ ဝမ်ယန်၏ အဖြစ်အပျက်ကို မြင်တွေ့ထားသဖြင့် ချင်းရှီက သူ၏ရတနာများနှင့် သိုလှောင်အိပ်ကို ဘေးတစ်ဖက်သို့ ထားပြီး၊ ရိုးရိုးရှင်းရှင်းပင် လှဲချလိုက်သည်။
ချင်းရှီ၏ လေသိန်းငှက်ကတော့ မုချန်ချန်ကို ခြိမ်းခြောက်သည့်ပုံဖြင့် ကြည့်နေကာ၊ သူ၏သခင်ကို ကာကွယ်လိုသည့်ဟန် ရှိသည်။
“ဝေါင်း”
မုချန်ချန်က လှုပ်ရှားရန် စဉ်းစားနေစဉ်၊ ကျားဟစ်သံတစ်ခု ကြားလိုက်ရကာ
ရုတ်တရက် အနီရောင်မီးရောင်အရိပ်တစ်ခုက ပြေးလာသည်။ လေသိန်းငှက်က အတောင်ပံများ မဖြန့်နိုက်မီပင်၊ ရှောင်ယန်က မြေပေါ်သို့ ခုန်အုပ်ပစ်လိုက်ပြီး၊ သိန်းငှက်၏လည်ပင်းကို ကိုက်ကာ ချက်ချင်းပင် လေသိန်းငှက်ကြီးဘဝကို အဆုံးသတ်စေလိုက်သည်။
အခု ရှောင်ယန်က ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ လေသိန်းငှက်ကြီူက ချီဖန်တီးမှုအဆင့်တွင် ရှိနေသော်လည်း၊ ရှောင်ယန်၏ စွမ်းအားအောက်တွင် ခုခံနိုင်စွမ်းပင် မရှိခဲ့ချေ။
ရှောင်ယန်က ကိုယ်ခန္ဓာကျမ်းမှ ‘ခိုင်မာ’ စာလုံးကို လေ့ကျင့်ထားကာ။ သားရဲကိုယ်ခန္ဓာနှင့်ဆိုပေမယ့် အောင်မြင်မှု အချို့ရရှိထားသည်။
သူ၏ခန္ဓာကိုယ် ကျင့်ကြံခြင်းကြောင့် ဒေါသနတ်ဘုရင် ကိုယ်ခန္ဓာအဖြစ်သို့ ပြောင်းလဲလျက်ရှိကာ သူ၏လက်ရှိစွမ်းအားထက် အဆပေါင်းများစွာ ပိုကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။
ရှောင်ယန်၏အမှန်တကယ် တိုက်ခိုက်ရေးစွမ်းအားက ခြေလှမ်းတစ်၀က် ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်ပြီ ဖြစ်သည်။
လေသိန်းငှက်ကို ကိုက်သတ်ပြီးနောက်၊ ရှောင်ယန်က သားရဲ၏ကိုယ်အတွင်းမှ အမြုအတေကို ကျွမ်းကျင်စွာ တူးဖော်ပြီး၊ သူ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ တစ်ကျိုက်ကျိုက်တစ်ချွတ်ချွတ်အသံများဖြင့်၊ အနည်းငယ်မျှ ကိုက်ဖြတ်ပြီးနောက် မျိုချလိုက်သည်။
ထို့အပြင်၊ သားရဲအမြုအတေကို စားပြီးနောက်၊ ရှောင်ယန်က အသားကိုပင် အလွတ်မပေးခဲ့ချေ၊ သူ၏ပါးစပ်တစ်ခုလုံး ငှက်မွှေးများဖြင့် ပြည့်နှက်သွားခဲ့သည်။
သူချစ်မြတ်နိုးရသော လေသိန်းငှက်ကို ကျားကြီးက ဝါးမျိုသွားသည်ကို မြင်တွေ့လိုက်ရသော ချင်းရှီက နာကျင်စွာဖြင့် မျက်လုံးများကို ပိတ်လိုက်သည်။
“ဗုံး”
မဟာရှေးဟောင်းကျောက်တိုင်၏ စွမ်းအင် အတားအဆီးက နောက်တစ်ဖန် တုန်ခါသွားသည်။
လူအားလုံး၏ မျက်လုံးများ တစ်ဖန် ပြန်လှည့်ကြည့်လိုက်ကြသည်။
ထိုသူမှာ လင်းလန်တျန်း ဖြစ်ကာ သူ၏လက်ဝါးရာက အားနည်းနှင့်ပြီးသား အတားအဆီး စွမ်းအားကို အနည်းငယ် ထပ်မံအားနည်းစေခဲ့သည်။
သူက နှစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေခဲ့သော်လည်း၊ အဆင်ပြေနေဆဲပင်။
လင်းတုန်နှင့် ဝူစီတို့က သူ့ကို သတ်နိုင်ရန် အနည်းငယ် ခက်ခဲနေသေးသည်။
လင်းလန်တျန်းက သာမန် ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ပေ။ သူ၏အဘိုးကြီးနှင့်အတူ၊ သူ့အဆင့်ထက်မြင့်သော ပြိုင်ဘက်များနှင့် တိုက်ခိုက်ခြင်းက ပုံမှန်ကိစ္စတစ်ခုလို ဖြစ်နေသည်။
သူ၏စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီးနောက်၊ သာမန် ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှင့်တောင် ယှဉ်နိုင်လာူညါ။
“ အချိန်အတော်ကြာ ကျော်ကြားခဲ့တဲ့၊ ပါရမီရှင် တစ်ဦးဆိုတဲ့အတိုင်းဘဲ၊ ကျော်ကြားမှုနဲ့ တစ်ကယ်ဘဲ ထိုက်တန်ပါတယ်”
ဝူစီ၏ ပါးစပ်မှ သွေးများထွက်နေပြီး၊ သူက အသံ အက်ကွဲကွဲဖြင့် ပြောလိုက်သည်။
ဝူစီက လင်းလန်တျန်း၏ လက်ဝါးရိုက်ချက် တစ်ခုကို ခံခဲ့ရပြီး၊ သူ၏ကိုယ်ခန္ဓာအတွင်းရှိ ယွမ်စွမ်းအင်က မတည်ငြိမ်တော့ဘံ၊ ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
“မင်းသွားအနားယူပါ။ ငါသူ့ကို အနိုင်ယူတာကို ထိုင်ကြည့်နေ” လင်းတုန်က ဝူစီအား ပြောလိုက်သည်။ သူက ယခုအချိန်အထိ သူ၏စွမ်းအား အပြည့်အဝကို မသုံးခဲ့သေးပေ။
ဝူစီ ထွက်ခွာသွားသည်နှင့် သူက သူ၏စွမ်းအား အပြည့်အဝကို ထုတ်လွှတ်ကာ လင်းလန်တျန်းကို အနိုင်ယူနိုင်မနိုင်ကို ကြည့်ခွင့်ပေးမည်ဖြစ်သည်။
ဝူစီက နောက်သို့ ဆုတ်သွားပြီး၊ သူက အတော်လေး စိတ်ပျက်နေမိသည်။ လင်းလန်တျန်းကဲ့သို့သော ပါရမီရှင် ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်ရခြင်းသည် သူ အမြဲတမ်း အိပ်မက်မက်ခဲ့သော အရာတစ်ခု ဖြစ်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ၊ သူက လုံလောက်သော စွမ်းအားမရှိသေးပေ။
“လင်းတုန်၊ ငါနဲ့ ယှဉ်ပြိုင်နိုင်ဖို့ မင်း အဆင့်မမှီသေးဘူး” လင်းလန်တျန်းက ဆိုးသွမ်းစွာ ရယ်မောရင်း ပြောကာ၊ သူ၏နားရွက်အနီးရှိ ဆံပင်ကို ပွတ်သပ်လိုက်သည်။
လက်ရှိအခြေအနေက သူ့အတွက် အလွန်အဆင်မပြေကြောင်း သူသိသော်လည်း၊ သူ၏နှလုံးသားတစ်လုံး ပြင်းထန်သော အမျက်ဒေါသဖြင့် ပြည့်နှက်နေသည်။
လင်းတုန်ကို သူမြင်တိုင်း၊ သူ၏သေဆုံးသွားသော ညီငယ်အကြောင်းကို သူသတိရမိသည်။ (ညီငယ်ဆိုတာက ဟုတ်ပါတယ် စာဖတ်သူ ညီကိုတို့ ထင်တဲ့ ညီငယ်ပါဘဲ)
သူကဲ့သို့ ဂုဏ်သိက္ခာရှိသော ယောက်ျားတစ်ယောက်က ယောက်ျားလျှာ ဖြစ်လာခဲ့ရသည်။
နက်ရှိုင်းစွာ ဖိထားရသော နှလုံးသား၏ နာကျင်မှုကို လွှတ်ပေးရန် လိုအပ်နေသည်။
သို့ေသာ်လင်းလန်တျန်းက ပေါ့ပေါ့ဆဆ မ၀င်ရောက်ခဲ့ပေ။ သူက အာရုံစူးစိုက်ပြီး အစွမ်းကုန်သုံးကာ လင်းတုန်ကိုသတ်မည်ဖြစ်သည်။
သူ၏လက်က တံဆိပ်သက်ေတများ ဆက်လက်ပြောင်းလဲနေသည်။
လင်းလန်တျန်း၏ လက်တံဆိပ်များ ပြောင်းလဲသည်နှင့်အမျှ၊ ယွမ်စွမ်းအင်က ရုတ်တရက် ပြင်းထန်စွာ တိုးမြင့်လာပြီး၊ ကြောက်မက်ဖွယ်ကကောင်းသော၊ ကြီးကျယ်ခမ်းနားသော ယွမ်စွမ်းအင်လှိုင်းများက လင်းလန်တျန်း၏ ကိုယ်ခန္ဓာအတွင်းမှ ထွက်လာခဲ့သည်။
ဤကြီးကျယ်ခမ်းနားသော ယွမ်စွမ်းအင်များသည် လင်းလန်တျန်း၏ခေါင်းပေါ်တွင် စုဝေးလာကာ၊ ပေတစ်ရာခန့် အရွယ်အစားရှိ ငွေရောင် ဖီးနစ်ငှက်အရိပ်တစ်ခု ဖြစ်ပေါ်လာပြီး၊ အတုမရှိသော ထက်မြက်သည့် လေထုတစ်ခုက ဖြည်းဖြည်းချင်း ပတ်၀န်းကျင်ကို ပြန့်နှံ့သွားသည်။
“ဒါက မျိုးနွယ်စုရဲ့ အထွတ်အထိပ် နည်းလမ်းတစ်ခု၊ ကောင်းကင်ဖီးနစ်တံဆိပ်ဘဲ”
လင်းခဲအာ နောက်မှ သက်လက်ပိုင်းအရွယ် ယောက်ျားတစ်ဦးက အံအားတကြီး အော်ဟစ်လိုက်သည်။
လင်းလန်တျန်းက ထို သိုင်းပညာရပ်ကို ကျွမ်းကျင်နေမည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။
ဤသည်မှာ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်တစ်ခု ဖြစ်ပြီး၊ အဆင့်ကိုး အဆင့်မြင့် သိုင်းပညာရပ်များ အထက်တွင်ရှိသည်။
လက်ရှိတွင် လင်းလန်တျန်းက ထိုကိုယ်ခံပညာကို အသုံးပြုနေပြီဖြစ်ရာ၊ လင်းတုန်အား အခွင့်အရေးမပေးရန် သူရည်ရွယ်ထားကြောင်း ရှင်းနေသည်။ သူက အမှန်တကယ် သေသည်အထိ တိုက်ခိုက်ပြီး လင်းတုန်ကို ဖယ်ရှားရန် လိုလားနေခဲ့သည်။
“လင်းတုန်၊ ငါ့လင်းမျိုးနွယ်စုရဲ့ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်ကို မင်းကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ခံစားကြည့်ခွင့်ပေးမယ်၊ ငါ့နေရာက လှုပ်ခက်မရဘူးဆိုတာ မင်းသိစေရမယ်”
လင်းလန်တျန်းက မိုးပေါ်တွင် မျောနေရင်း မိုးကြိုးချိန်းသံကဲ့သို့ ပြောလိုက်ကာ။ သူ၏ခေါင်းပေါ်တွင်၊ ကြီးမားသော ငွေရောင်ဖိီးနစ်ငှက်အရိပ်က တဖြည်းဖြည်း ပုံပေါ်လာသည်။ ကြီးမားသော အတောင်ပံများ ဖြည်းဖြည်းချင်း လှုပ်ရှားလာပြီး လေဆင်နှာမောင်းတစ်ခုကို နှိုးဆွပေးနေသည်။ ထိုလေဆင်နှာမောင်းက ခြေလှမ်း၀က် ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ဆုတ်ဖြဲနိုင်လောက်အောင် အားပြင်းသည်။
“ဝူယွမ်အစ်ကိုကြီး၊ လင်းတုန်က ဒါကို မကာကွယ်နိုင်ဘူး” လင်းခဲအာ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော စိတ်ခံစားမှုတစ်ခု ဖြစ်ပေါ်လာကာ သူမက ဝူယွမ်အား အနည်းငယ်စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
သူမ၏ရှုထောင့်မှကြည့်လျှင်၊ လင်းတုန်နှင့် လင်းလန်တျန်းတို့ တိုက်ခိုက်သည်ကို သူမ အမှန်တစ်ကယ် မြင်လိုခြင်း မရှိပေ။
သူမ၏နောက်ကွယ်ရှိ လင်းမျိုးနွယ်စုဝင်များသည်လည်း နက်ရှိုင်းစွာ ဝမ်းနည်းနေကြသည်။
ဤသူနှစ်ဦးသည် လင်းမိသားစု၏ အိပ်ပျော်နေသော နဂါးနှင့် လူငယ်ဖီနစ်ငှက်များ ဖြစ်ကြသည်။ အဘယ်ကြောင့် အတူယှဉ်တွဲမနေနိုင်ရသနည်း။
“မင်းက လင်းတုန်အကြောင်း မသိသေးဘူးဘဲ၊ ကြည့်နေပါ”
ဝူယွမ်က များစွာ ရှင်းပြခြင်း မပြုသလို သူက စိုးရိမ်နေခြင်းလည်း မရှိပေ။ ပြိုင်ဘက်က ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်ကို အသုံးပြုနေသော်လည်း၊ လင်းတုန်၏နည်းလမ်းများက ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သင့်ပြီး၊ အနည်းဆုံးအားဖြင့် သူက သေဆုံးမည်မဟုတ်ပေ။
ယနေ့ တိုက်ပွဲအစုံကို ကြည့်နေရသော ဟွန်ပူမိသားစုကလူတို့၏ အရင်ကနားလည်မှုများ သစ်လွင်လာခဲ့သည်။ မျိုးနွယ်စုကြီး လေးစု၏ ဩဇာက ယနေ့ ဝူယွမ်လက်ချက်ဖြင့် အပြည့်အဝ ခြေမှုန်းခံခဲ့ရသည်။
ယခုတွင်၊ လင်းလန်တျန်း၏စွမ်းအားက သူတို့ကို အံ့အားသင့်စေခြင်း မရှိတော့ဘဲ၊ ဝူယွမ်နောက်သို့ လိုက်သော လင်းတုန်၊ မည်သူမျှမသိသော မျိုးကွဲမိသားစုတစ်ခု၏ဝင်ရောက်မှုက လင်းလန်တျန်းနှင့် အမှန်တကယ်ဘဲ ယှဉ်ပြိုင်နိုင်ခဲ့သည်။
ဝူယွမ်က လူငယ်မျိုးဆက်သစ်နှင့် အဝေးကြီး ကျော်လွန်သွားခဲ့သည်။ သူ့အစောပိုင်းက မျိုးနွယ်စုကြီးသုံးခုကို အုပ်စိုးနှိမ်နင်းလိုက်ကတည်းက ဤနေရာရှိလူများသည် သူ့ကို ကြီးကျယ်သောမျိုးဆက်ဟောင်းထဲတွင် ထည့်သွင်းခဲ့ကြပြီး ဖြစ်သည်။
သို့သော် လင်းတုန်နှင့် လင်းလန်တျန်းကတော့ ကွာခြားသည်။
သူတို့၏တိုက်ပွဲက လူများစဉ်းစားသော လူငယ် ပါရမီရှင်များ၏ နယ်ပယ်အတွင်းတွင် ဆက်လက်ရှိနေသေးသည်။
လင်းလန်တျန်း၏ ယနေ့တိုက်ပွဲက လူငယ်မျိုးဆက် နံပါတ်တစ်ဟန်ကို အပြည့်အ၀ ပြသနေခဲ့သည်။
ပြီးတော့ လင်းတုန်သည်လည်ူ ပြန်လည်ထူထောင်လာပြီး နံပါတ်တစ်ကို စိန်ခေါ်နေခဲ့သည်။
“ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်ဖြစ်နေရင်တောင် ဘာဖြစ်လဲ။ ငါမင်းကို အနိုင်ယူနိုင်နေတုန်းဘဲ”
လင်းတုန်က မိုးပေါ်တွင် ပြုံးရယ်ကာ၊ သူ၏တိုက်ခိုက်မှုစိတ်ဓာတ်သက ပို၍ပင် ပြင်းထန်လာသည်။
သူက လင်းလန်တျန်း၏ လေထုကြောင့် လုံးဝ မကြောက်လန့်ခဲ့ချေ။
ကိုယ်ခန္ဓာကျမ်းမှ ‘ခိုင်မာ’ စာလုံးကို လေ့ကျင့်ပြီးနောက်၊ သူ ဘယ်တုန်းကမှ နောက်ဆုတ်ခဲ့ဖူးခြင်း မရှိပေ။
သူ၏ ရွှေခေါင်းလောင်းကိုယ်ခန္ဓာနည်းစနစ်ကြောင့် သူ့ အရေပြားကထူပြီး ခိုင်မာကာ လင်းလန်တျန်းကို အချိန်တိုအတွင်း နှိမ်နှင်းနိုင်ခြင်း မရှိသော်လည်း၊ သူ၏ပြင်းထန်သော ခုခံကာကွယ်နိုင်စွမ်းကြောင့် လင်းလန်တျန်းက သူ့ကို ဘာမျှမလုပ်နိုင်ပေ။
“နတ်ဆိုးမျောက်၀ံပြောင်းလဲခြင်း”
လင်းတုန်ပ အော်ဟစ်သံထွက်လာကာ၊ သူ၏ကိုယ်ခန္ဓာက သိသိသာသာ ကျယ်ပြန့်လာသည်။ နတ်ဆိုးမျောက်၀ံပြောင်းလဲခြင်းကို ရှေးဟောင်းနဂါးမျောက်၀ံ၏ သွေးအစီနှစ်ဖြင့် သူကျင့်ကြံခဲ့ချင်းဖြစ်သည်။ မူရင်းဇာတ်လမ်းတွင် ရှေးဟောင်းနဂါးမျောက်၀ံ သွေးအစီနှစ်ကို လေထဲမှ ရှူသွင်းခဲ့ရသည့်အချိန်နှင့် နှိုင်းယှဉ်လျှင်၊ အခုက သူသည် ရှေးဟောင်းနဂါးမျောက်၀ံ၏ သွေးအစီအနှစ်အားလုံးကို သန့်စင်အောင်မြင်ခဲ့ခြင်းဖြစ်ကာ သွေးအစီအနှစ်အားလုံး လုံးဝပေါင်းစပ်သွားပြီးနောက်၊ လင်းတုန်က ရှေးဟောင်းနဂါးမျောက်၀ံ၏ စွမ်းအားကိုပင် ထုတ်လွှတ်လာနိုင်သည်။
သူ၏သွေးက ဆူပွက်လာကာ၊ သူ့ကိုယ်ခန္ဓာအတွင်းရှိ သွေးသည် မြန်ဆန်စွာ လည်ပတ်လာပြီး၊ သူ့အဆင့်သည်လည်း ချီဖန်တီးခြင်းအဆင့်မှ ကူးပြောင်းခြင်းအဆင့်သို့ လျင်မြန်စွာ မြင့်တက်လာသည်။
နတ်ဆိုးမျောက်၀ံပြောင်းလဲခြင်းသည် ယာယီအားဖြင့် လူတစ်ဦး၏စွမ်းအားကို တိုးမြှင့်ပေးနိုင်သည်။
ဤသည်မှာ မပြီးဆုံးသေးပေ။ နတ်ဆိုးမျောက်ပြောင်းလဲခြင်းကို ထုတ်လွှတ်ပြီးနောက်၊ လင်းတုန်၏စွမ်းအင်က ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး၊ မိုးကြိုးဓာတ်များက သူ၏ကိုယ်ခန္ဓာအနီးတစ်ဝိုက်တွင် လင်းလက်နေပြီး၊ သူ၏အရေပြားက ငွေကျောက်စိမ်းနှင့်တူသော အလင်းတစ်လွှာဖြင့် ဖုံးအုပ်ထားသည်။
လင်းတုန်ကဘမဟာနေ မိုးကြိုးကိုယ်ခန္ဓာ ဒုတိယအလွှာ၊ ကျောက်စိမ်းမိုးကြိုး ကိုယ်ခန္ဓာအဆင့်ထိ လေ့ကျင့် အောင်မြင်ပြီးသား ဖြစ်သည်။
ရွှေရောင် မဟာနေ မိုးကြိုးယွမ်စွမ်းအင်က ကောင်းကင်အကြေးခွံရှေးဟောင်းလှံတံပေါ်သို့ စုစည်းလာပြီး ကောင်းကင်အကြေးခွံရှေးဟောင်းလှံတံက ယခုတွင် ပြီးပြည့်စုံသွားသည်။ သူ၏ယခင်က ကြမ်းတမ်းသော အမည်းရောင်လှံတံကိုယ်ထည်က ယခုအခါ ရွှေရောင်နဂါးပုံစံရှိပြီး၊ ဝူယွမ်ထွင်းထုထားသော သိပ်သည်းကျစ်လစ်၊ ရှုပ်ထွေးသော ရူန်းများလည်းရှိသည်။
အဆင့်မြင့် ဝိညာဉ်ရတနာလက်နက်များထဲတွင်ပင်၊ ထိုလှံက အထွတ်အထိပ်အဆင့်၌ ရှိနေပြီဖြစ်သည်။
ထို့နောက် ခေါင်းအုံးလေးတစ်ခုက သူ၏ရှေ့တွင် မျောလွင့်နေကာ။ လင်းတုန်က မတွန့်ဆုတ်ဘဲ သူ၏ဝိညာဉ်စွမ်းအင်နှင့် ယွမ်စွမ်းအင်နှစ်ခုလုံးကို ထည့်သွင်းလိုက်သည်။
မကြာမီ၊ စွမ်းအားနှစ်ခုက ပေါင်းစပ်သွားပြီး၊ ပိုမိုပြင်းထန်သော အနှစ်သာရစွမ်းအင်တစ်ခု ဖြစ်ပေါ်လာသည်။
မသေဆုံးနိုင်သော ကင်းကောင်ကိုယ်ခန္ဓာ၊ နတ်ဆိုးမျောက်၀ံပြောင်းလဲခြင်း၊ ကျောက်စိမ်းမိုးကြိုးကိုယ်ခန္ဓာ၊ အနှစ်သာရစွမ်းအင်။
လင်းတုန်က သူ၏စွမ်းအားအားလုံးကို စုစည်းလိုက်ကာ အားလုံးက ကောင်းကင်အကြေးခွံရှေးဟောင်းလှံတံထဲသို့ စုစည်းသွားကြသည်။
ရွှေရောင် မဟာနေမင်းမိုးကြိုးယွမ်နှင့် အနှစ်သာရစွမ်းအင်တို့ဖြင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်အကြေးခွံရှေးဟောင်းလှံတံပေါ်ရှိ ရူန်းအားလုံး လင်းလက်လာပြီး၊ ရွှေရောင်နဂါးပုံစံက အသက်ဝင်လာသကဲ့သို့ ရှိသည်။
“ဝေါင်းးးး”
ရှေးဟောင်းလှံတံအတွင်းမှ၊ ရှေးဟောင်းဆန်ပြီး ပြင်းထန်သော နဂါးအော်သံတစ်ခု ပဲ့တင်သံထပ် ထွက်ပေါ်လာသည်။
လှံတံအတွင်း၌ ငြိမ်သက်နေသော ရှေးဟောင်းနဂါးဝိညာဉ်၏ လမ်းကြောင်းတစ်ခုကို လင်းတုန်က လုံးဝနှိုးဆွပေးလိုက်သည်။
“လင်းလန်တျန်း၊ အရင် ၁၂ နှစ်က ယန်မြို့၊ လင်းမိသားစုရဲ့ အမျက်ဒေါသကို ခံစားကြည့်လိုက်စမ်း”
လင်းတုန်သည် အော်ဟစ်ကာ သူ၏လက်ထဲရှိ နဂါးလှံတံက ကြီးမားသော နဂါးအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ လင်းလန်တျန်းဆီသို့ အလျှင်အမြန် တိုး၀င်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော နဂါးအရိပ်က၊ ကောင်းကင်အကြေးခွံရှေးဟောင်းလှံတံကို ခေါင်းပိုင်းအဖြစ်ထားပြီး လင်းတုန်ကို ကိုယ်ထည်အဖြစ်ထားကာ၊ အတွင်းပိုင်းတွင် မဟာနေ မိုးကြိုးယွမ်၏ရွှေရောင်အလင်းနှင့် ကင်းကောင်ကိုယ်ခန္ဓာ စွမ်းအားကို ပိုင်ဆိုင်ထားပြီး၊ အပြင်ဘက်တွင် ရှုပ်ထွေးသော အနှစ်သာရစွမ်းအင်ဖြင့် ဖုံးအုပ်ထားသည်။
ယွမ်စွမ်းအင်ဖိအား၏ ကြောက်မက်ဖွယ်ကောင်းမှုက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သ်ည။
လင်းတုန် ထုတ်လွှတ်လိုက်သော ဖျက်ဆီးမှုလေထုသည်ပင် ပတ်ဝန်းကျင်ရှိ စွမ်းအင်အတားအဆီးအပေါ် အက်ကြောင်းအနည်းငယ် ပေါ်ပေါက်လာစေခဲ့သည်။
လင်းတုန်၏ ၁၂ နှစ်တာ အမျက်ဒေါသဖြင့် ပြည့်နှက်နေသော တိုက်ခိုက်မှုက လေထုတစ်ခုတည်းဖြင့်ပင် ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်အောက် မနိမ့်ကျတော့ပေ။
ဝူစီ၏မျက်လုံးများက ပြူးကျယ်သွားပြီး လင်းတုန် ဤမျှပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ဤသည်မှာ သူနှင့် အထွတ်အထိပ်အဆင့် ပါရမီရှင်တစ်ဦးကြားက ကွာဟချက်ဖြစ်သည်။
“သူငါနဲ့ နောက်ဆုံးအကြိမ်တိုက်တုန်းက သူ့စွမ်းအားအပြည့်ကို မသုံးခဲ့ဘူးဘဲ”
ဝူစီသည် မယုံနိုင်လောက်အောင် လန့်သွားခဲ့သည်။ သူက လင်းတုန်နှင့် လက်ရည်စမ်းဖူးသော်လည်း သူတို့က သရေကျခဲ့ကြခဲ့ပေမဲ့၊ အခုမြင်ကွင်းအရ လင်းတုန်က တမင်တကာ အလျှော့ပေးခဲ့ကြောင်း ရှင်းနေသည်။
လင်းတုန်၏ စွမ်းအားအပြည့် တိုက်ခိုက်မှုကို မြင်လိုက်ရသောအခါ လင်းတုန်ကို ခုခံနိုင်ဖို့ ယုံကြည်မှု သူ့မှာမရှိတော့ပေ။
လူတိုင်း၏မျက်လုံးများထဲတွင် အံ့သြမှုနှင့် ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်လာခဲ့သည်။
လင်းတုန်၏ စွမ်းဆောင်မှုက သူတို့မျှော်လင့်ထားသည်ထက် အလွန်ကျော်လွန်သွားခဲ့ပီဖြစ်သည်။
ဝူယွမ်အနားတွင် အမြဲရှိနေခဲ့ပြီး၊ ဝူယွမ်၏အလွန်ထူးချွန်သော စွမ်းဆောင်မှုကြောင့်၊ လူများရ လင်းတုန်ကို သတိမမူမိဘဲ နေခဲ့ကြသည်။
သို့သော်၊ လင်းတုန် မည်မျှကြိုးစားအားထုတ်မှုရှိသည်ကို ဘယ်သူမှမသိကြပေ၊ သူက အမြဲတမ်း သူ့ကိုယ်သူ တိုးတက်အောင်လုပ်ဆောင်နေခဲ့ပြီး၊ ပုံမှန်အားဖြင့် သူ၏အစ်ကိုကြီး၏အရိပ်အောက်တွင် သူ၏တောက်ပမှုကို ဖုံးကွယ်ထားလေ့ရှိသည်။
ဂုဏ်ပြုမခံရခြင်းက ကောင်းကင်ယံတွင် တောက်ပနိုင်စွမ်းမရှိဟု မဆိုလိုနိုင်ပေ။
ဝူယွမ်နှင့် နှိုင်းယှဉ်ပါက၊ သူက မယှဉ်နိုင်ပေ။
သို့သော်၊ ဝူယွမ်၏တောက်ပမှုဖြင့် မဖုံးကွယ်ထားလျင်၊ လင်းတုန်က အထွတ်အထိပ်ကြယ်ပွင့်လေး တစ်ခုဖြစ်သည်။
လင်းလန်တျန်းကဲ့သို့ အတုမရှိသော ပါရမီရှင်တစ်ဦးတောင် သူနှင့်နှိုင်းယှဉ်၍ မရပေ။
ဗုံး ဗုံး ဗုံး။
နှစ်ဦးစလုံးသည် သူတို့၏အင်အားအကြီးမားဆုံး တိုက်ခိုက်မှုများကို သယ်ဆောင်လျက်၊ တစ်ဦးကိုတစ်ဦး ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။
ပုံရိပ်နှစ်ခုက ဖြတ်သန်းသွားပြီး၊ လေပြင်းတစ်ခု ထွက်ပေါ်လာကာ၊ နှစ်ဦးစလုံးက မိုးပေါ်တွင် ခြေလှမ်းပေါင်းရာချီ နောက်ဆုတ်လိုက်ရပြီးနောက် တည်ငြိမ်သွားခဲ့ကြသည်။
ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုတွင်၊ ပေါက်ကွဲထွက်လာသော ယွမ်စွမ်းအင်အလင်းကြောင့် လူများအား မည်သူက အနိုင်ရသည်ကို ခွဲခြားသိမြင်ရန် ခဏတာခက်ခဲစေသည်။
ဝူယွမ်၏ ခရမ်းရောင် စွမ်းအားပြင်းနတ်ဆိုးမျက်စိက တစ်လက်လက်တောက်ပနေပြီး၊ ယွမ်စွမ်းအင်လှိုင်းထစ်များကို ရှင်းလင်းစွာမြင်နိုင်ကာ၊ သူတို့တိုက်ပွဲ၏ အသေးစိတ်အချက်အလက်များကို ခွဲခြားသိမြင်နိုင်ခဲ့သည်။
အနိုင်ရသူမှာ လင်းတုန်ဘဲဖြစ်သည်။ သူ၏ရွှေရောင်နဂါးအရိပ်က လင်းလန်တျန်း၏ကိုယ်ခန္ဓာကို ထိုးဖောက်သွားခဲ့သည်။
ကောင်းကင်အကြေးခွံရှေးဟောင်းလှံတံက လင်းလန်တျန်း၏ နုနယ်သောကိုယ်ထဲသို့ အပြည့်အဝ ထိုးသွင်းထားခဲ့သည်။