တာ့ခွိုင်မြို့ သိုင်းမဟာမိတ်လေလံပွဲ
Vol. 11 Ch. 108
ကျောက်ဓားကြီး၏ ဖွဲ့စည်းပုံသဘောတရားမှာ အဆောင်ရုပ်သေး နှင့်အတူတူပင်ဖြစ်သည်။ နှစ်ခုစလုံးက ယွမ်စွမ်းအင်ကို အသုံးချ၍ စွမ်းအားပြင်းထန်သော တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်သည်။
သို့သော် ကျောက်ဓားကြီး၏တိုက်ခိုက်မှုများမှာ အဆောင်ရုပ်သေး၏တိုက်ခိုက်မှုထက် ပိုမိုအားကောင်းပြီး ယွမ်စွမ်းအင် ပမာဏများစွာကို ခံနိုင်ရည်ရှိသည်။
သို့သော် အဆောင်ရုပ်သေးနှင့် နှိုင်းယှဉ်လျှင် ၎င်းက ကျောက်တံတိုင်းအဖြစ်သို့ ရောက်နေကာ ကိုယ်တိုင်လှုပ်ရှား သွားလာနိုင်ခြင်းမရှိဘဲ၊ သိပ်အဆင်မပြေလှပေ။
အဆင့်မြင့် သိုလှောင်အိပ် ဖြင့်ပင် ပေ ၁၀၀ ကျော်မြင့်သော ဤကျောက်ဓားကြီးကို သယ်ဆောင်သွားနိုင်မည် မဟုတ်ပေ။
စစ်ဆေးပြီးနောက် ဝူယွမ် ဝမ်းသာသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ဤဓားအစီအရင်၏ သဘောတရားကို နားလည်သဘောပေါက်သွားပြီ ဖြစ်သောကြောင့်ဖြစ်သည်။
၎င်းကို အတွင်းပိုင်းအစီအရင်နှင့် အပြင်ပိုင်းအစီအရင်ဟူ၍ ခွဲခြားထားသည်။ အပြင်ပိုင်းအစီအရင်သည် အတွင်းပိုင်းအစီအရင်အတွက် အထောက်အကူဖြစ်စေရန် ဖြစ်ပြီး၊ အဓိကရည်ရွယ်ချက်မှာ လူပေါင်းများစွာ၏ ယွမ်စွမ်းအင်ကို စုစည်းရန်ဖြစ်သည်။
သို့သော် ဝူယွမ်က ဤအပိုင်းကို မူလရူန်း စွမ်းအင်စုစည်းခြင်းဖြင့် အစားထိုးနိုင်ပြီး၊ ရလဒ်အနေဖြင့် အခုအပြင်ပိုင်းအစီအရင်ထက်ပင် ပိုအဆင်ပြေပြီး အသုံးဝင်လိမ့်မည်ဖြစ်သည်။ ထို့အပြင် ဝူယွမ်က ဤအပြင်ပိုင်းအစီအရင်ကို နားလည်ပီဖြစ်သောကြောင့် ဤအပိုင်းကို စွန့်ပစ်နိုင်ပေသည်။
ဝူယွမ်လိုအပ်သည်မှာ အတွင်းမှ အရှုပ်ထွေးဆုံးသော အဆင့်ကို ဖြတ်ယူပြီး၊ အားကောင်းသော အခြေခံရှိသည့် အဆောင်ရုပ်သေးတစ်ခုကို ရှာဖွေကာ၊ ရုပ်သေးအတွင်းသို့ ပေါင်းစည်းလိုက်လျှင်၊ သူက ဤဓားအစီအရင်ကို အတိအကျ ပြန်လည်ဖန်တီးနိုင်မည်ဖြစ်သည်။
ထိုအဓိကကြဆုံးအရာက ကျောက်ဓားအတွင်း၌ရှိပြီး၊ ၎င်း၏အခန်းကဏ္ဍမှာ အရေးအပါဆုံးဖြစ်ကာ၊ ယွမ်စွမ်းအင်ကို ဓားစွမ်းအား၊ ဓားအလင်းကဲ့သို့ စွမ်းအားပြင်းထန်သော တိုက်ခိုက်မှုများအဖြစ်သို့ ပြောင်းလဲပေးခြင်းဖြစ်သည်။
ထိုပထဲတွင် ရူန်းများသာမက၊ ဝူယွမ် မည်သည့်အခါကမျှ မမြင်ဖူးသေးသော အထူးအစီအရင်ပြားများနှင့် ပစ္စည်းများ၊ သဘာ၀ ဓားအနှစ်သာရများပါဝင်ပြီး ဝိညာဉ်ရှိသော မှော်ဆန်သည့် ပစ္စည်းတစ်မျိုးလည်း ပါဝင်သည်။
ဝူယွမ်က မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို ထုတ်၍ ကျောက်ဓား၏ အရစ်အမှတ်များအတိုင်း ဖြည်းဖြည်းချင်း ရေးဆွဲသွားခဲ့သည်။
ဤကျောက်ဓားမှာ အလွန်မာကျောပြီး။ သာမန် ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုများပင် ယင်းကို ဖျက်ဆီးနိုင်မည်မဟုတ်။ ဝူယွမ်က စွမ်းအားပြင်းနတ်ဆိုးမျက်စိဖြင့် ဓား၏ဖွဲ့စည်းပုံကို နားလည်သဘောပေါက်ထားပြီး၊ မိုးကြိုးဝိညာဉ် ကောင်းကင်ဓား၏ ထိုးဖောက်စွမ်းအားတို့နှင့် ပေါင်းစပ်လိုက်သောကြောင့်သာ ဓား၏ကျောက်အခွံကို ဖြည်းဖြည်းချင်း ခွာချနိုင်ခဲ့ခြင်းဖြစ်သည်။
ပေ ၁၀၀ ကျော်မြင့်သော ကျောက်ဓားကြီးက ဝူယွမ် ထွင်းထုနေသဖြင့် ဖြည်းဖြည်းချင်း အရွယ်အစား သေးသွားခဲ့သည်။
နောက်ဆုံးတွင် ဝူယွမ် လိုချင်သည့်အရာက ပေါ်လာခဲ့သည်။ လက်မောင်းအရွယ်ခန့်ရှိပြီး ဓားပုံသဏ္ဍာန်ရှိသော်လည်း ဓားအဖြစ် အပြည့်အဝပုံဖော်ထားခြင်းမရှိသေးသည့် ကျောက်ခဲအနက်တစ်တုံးဖြစ်သည်။
၎င်းသည် ဓားကလေးတစ်ချောင်း ဝဖြိုးနေသကဲ့သို့ ဖြစ်သည်။
ယင်းကို ရှုပ်ထွေးသော အစီအရင်ရူန်းများနှင့် အခြားသော အမှတ်အသားများဖြင့် ဖုံးအုပ်ထားပြီး၊ လူများ ထွင်းထုထားသည်ဟု မထင်ရဘဲ၊ သဘာဝအတိုင်း ဖြစ်ပေါ်လာသည့်ပုံရသည်။
ယွမ်စွမ်းအင်မထုတ်လွှတ် နေသည့်အချိန်မှာပင် ဤကျောက်ဓားလေးသည် ဓားအလင်းများ အားပျော့ပျော့ဖြင့် ထွက်ပေါ်လာကာ ဘေးပတ်ပတ်လည်ကို ပစ်ခတ်နေသည်။
ဤသည်မှာ ဝိညာဉ်ကျောက်သားပွင့်ဖတ် သို့မဟုတ် ဓားပွင့်ဖတ်တစ်ခုပင်ဖြစ်သည်။
ဝူယွမ်သည် နယ်နမိတ်ရူန်းကို ကျောက်သားပွင့်ဖတ်ပေါ်သို့ တင်လိုက်သည်နှင့် ချက်ချင်းဘဲ ဓား၏စွမ်းအင်က ပိုမိုတည်ငြိမ်လာပြီး လုံးဝပြန်ရုတ်သိမ်းသွားခဲ့သည်။
ဤပစ္စည်းကို ဝူယွမ် အနာဂတ်၌ အဆောင်ရုပ်သေးများ သွန်းလုပ်ရန်၊ အစီအရင်များချထားရန် အတွက် အလယ်ဗဟို အဓိကပစ္စည်းအဖြစ် အသုံးပြုနိုင်သည်။
၎င်းတွင် အတိုင်းအဆမရှိသော ပြုပြင် ပုံသွင်းနိုင်စွမ်းရှိသည်။
ရှေးဟောင်းဓားဂိုဏ်း၏ တစ်ဦးတည်းသော အကြီးအကဲက ဝူယွမ်၏လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီး နက်ရှိုင်းစွာ ထိတ်လန့်သွားကာ ခုခံရန် အရိပ်အယောင်ပင် မပြဝံ့တော့ပေ။
ရှေးဟောင်းဓားဂိုဏ်းအတွက် ဤကျောက်ဓားသည် သူတို့၏ သန့်ရှင်းမြင့်မြတ်ဆုံး အခြေခံအုတ်မြစ်ဖြစ်သည်။ အရင်က ဤကျောက်ဓားကို စူးစမ်းလေ့လာစဉ်က၊ ချီဖန်တီးခြင်းအဆင့် ခေါင်းဆောင်သုံးဦးတောင်မှ ထိုဓားပေါ်တွင် အမှတ်အသားတစ်ခုမျှ ချန်ထားနိုင်ခဲ့ခြင်းမရှိပေ။
ယခုမူ၊ ဤလူငယ်လေးက လွယ်ကူစွာဖြင့် ခွာချလိုက်ပြီ ဖြစ်သည်။
ထိုအချက်သည် လူငယ်၏ စွမ်းအားမည်မျှ ထိတ်လန့်ဖွယ်ကောင်းလှသည်ကို ပြသလျှက်ရှသည်။
“ဟီး၊ အစ်ကိုကြီး၊ တော်တော်လေး ရိပ်သိမ်းနိုင်ခဲ့တယ်”
လင်းတုန်က ပြုံးရယ်လျက် သူ၏ခါးတွင် သိုလှောင်အိပ်များ ဆွဲထားပြီး ဝူယွမ်ဆီ ပျံသန်းလာခဲ့သည်။
“သန့်စင် ယွမ်ဆေးလုံး တစ်သန်းနီးပါးရှိပြီး၊ ဝိညာဉ်ရတနာလက်နက် ဒါဇင်နဲ့ချီကာ ရှိတယ်၊ အဲ့ထဲမှာ အဆင့်မြင့်ဝိညာဉ်ရတနာလက်နက် သုံးခုလည်း ပါတယ်။ သိုင်းပညာရပ်နဲ့ ရှေးဟောင်းပစ္စည်းအများကြီးလည်း ရခဲ့တယ်။ ရှောင်တျောင်း ကိုယ်တိုင်တောင် တဟားဟား ရယ်နေပြီ...”
သူက ဝူယွမ်ထံသို့ စိတ်လှုပ်ရှားစွာဖြင့် အသံပို့လိုက်သည်။ သူက ဂိုဏ်းတစ်ခု၏ အခြေခံအုတ်မြစ်တစ်ခုလုံးကို လုယူခဲ့ပြီး၊ အတွင်းရှိ ပစ္စည်းဥစ္စာများမှာ ယခင်က ရှေးဟောင်းဂူသင်္ချိုင်းမှ ရခဲ့သည့် ပစ္စည်းများနှင့်တောင် ယှဉ်နိုင်လောက်အောင် ရှိသည်။
ရှေးဟောင်းဓားဂိုဏ်းက ရှေးဟောင်းတောရိုင်းချောက်ကြီး အတွင်း နှစ်ပေါင်းများစွာ အခြေစိုက်နေထိုင်ခဲ့ပြီး၊ ရှေးဟောင်းပစ္စည်းများစွာကို တူးဖော်ရရှိခဲ့သည်။ အချို့ပစ္စည်းများကို ရှေးဟောင်းဓားဂိုဏ်းသားများပင် ခွဲခြားမသိနိုင်ခဲ့ကြပေ။
သို့သော် ရှောင်တျောင်းလို ကျွမ်းကျင်သူတစ်ဦးရှေ့တွင်၊ ပစ္စည်းကောင်းအားလုံးကို ဖော်ထုတ်နိုင်ခဲ့သည်။
လင်းတုန်င ဘဏ္ဍာတိုက်တစ်ခုလုံးကို လိုသလို သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဆိုနိုင်သည်။
ကြွယ်ဝမှုများစွာဖြင့် ညီအစ်ကိုနှစ်ဦးသည် ရှေးဟောင်းဓားကျောင်းတော်မှ ထွက်ခွာသွားခဲ့ကြသည်...
【ဒင်း - ဆိုင်းအင် ၀င်ရန် နေရာပြောင်းလဲပြီးပါပီ၊ တာ့ခွိုင် မြို့သို့ သွားရောက် ဆိုင်းအင်ဝင်ပါ】
ရှေးဟောင်းဓားကျောင်းတော်မှ ထွက်ခွာပြီးနောက်၊ ဝူယွမ်သည် နောက်ထပ် ဆိုင်းအင် တာဝန်ကို စနစ်ထံမှ လက်ခံရရှိခဲ့သည်။
တာ့ခွိုင်မြို့၊
ထိုမြို့သည် ဝမ့်လွန်ပြည်နယ် ၏ အဓိကနယ်မြေနှင့် သိပ်မဝေးသော နေရာတွင် တည်ရှိသော မြို့ကြီးတစ်မြို့ဖြစ်သည်။
တာ့ခွိုင်မြို့သည် ဝမ့်လွန်ပြည်နယ်အတွင်းက အကြီးဆုံးမြို့ငါးမြို့ စာရင်းတွင် ပါဝင်ပြီး၊ ၎င်း၏ဧရိယာအကျယ်အဝန်းမှာ သာမန်လူများ စိတ်ကူးယဉ်နိုင်သည်ထက် ကျော်လွန်နေသည်။ ထို့အပြင်၊ ဤမြို့က မဟာရှေးဟောင်းတောရိုင်းကျောက်စာတိုင် တည်ရှိတဲ့နေရာနဲ့ ခရီးနှစ်ရက်ခန့်သာ ကွာဝေးသည်။
သူတြို့ မဟာရှေးဟောင်းတောရိုင်းကျောက်စာအတွက် ခရီးသွားရာတွင် ဤနေရာကို ဖြတ်သွားရမည်ဖြစ်သဖြင့်၊ သင့်တော်သော နားနေရာတစ်ခု ဖြစ်သည်။
ထို့အပြင်၊ သူတို့သည် ရှေးဟောင်းဓားဂိုဏ်းကို လုယူခဲ့ပြီးနောက်၊ အသုံးမဝင်သော လေ့ကျင့်ရေးနည်းစနစ်များ၊ သိုင်းပညာများ၊ ဝိညာဉ်ရတနာလက်နက်များနှင့် အခြားအမျိုးမျိုးသော ရောထွေးပစ္စည်းများစွာ ရရှိခဲ့သည်။
ဤပစ္စည်းများကို သိုလှောင်အိတ် များဖြင့်သာ သယ်ဆောင်ပါက၊ အလယ်အလတ်နှင့် အဆင့်မြင့် သိုလှောင်အိတ် ဒါဇင်နှင့်ချီကာ လိုအပ်မည်ဖြစ်ရာ၊ အတော်လေးပင် ဒုက္ခရောက်စေသည်။ ထို့ကြောင့်၊ ဤပစ္စည်းများကို ရောင်းချရန်နှင့် သယ်ဆောင်ရလွယ်ကူသော သန့်စင်ယွမ်ဆေးလုံးများအဖြစ် လဲလှယ်ရန် မြို့ကြီးတစ်မြို့ကို ရှာဖွေရန် လိုအပ်သည်။
တာ့ခွိုင်မြို့က အတော်လေး သင့်လျော်သည်။
တာ့ခွိုင်မြို့ ခရီးသွားနေရင်း၊ လာမည့်ရက်အနည်းငယ်အတွင်း တာ့ခွိုင်မြို့တွင် လေလံပွဲကြီးတစ်ခု ကျင်းပမည်ဟု ကြားခဲ့ရသည်။
အချိန်အတော်ကြာ ကြိုတင်ကြေညာထားသော ပေါင်းစပ် လေလံပွဲကြီးတစ်ခု ဖြစ်သည်နှင့်အညီ၊ သိသာထင်ရှားမည့် ရတနာပစ္စည်းများစွာ ပေါ်ထွက်လာမည်မှာ သေချာသည်။
အရေးအကြီးဆုံးမှာ၊ သူတို့ဒီတစ်ကြိမ် ရှေးဟောင်းဓားဂိုဏ်းမှ ရရှိခဲ့သော ပစ္စည်းများ တစ်ခုချင်းစီက သန့်စင်ယွမ်ဆေးလုံး ထောင်ပေါင်းများစွာ တန်ကြေးရှိသည်။
ဤပစ္စည်းများကို လေလံပွဲတွင် ရောင်းချရန် သေချာပေါက်ဖြစ်နိုင်သည်။
လေလံပွဲများက ယေဘူယျအားဖြင့် ဤရတနာပစ္စည်းများကို ပုံမှန်တန်ဖိုး၏ ၅၀% မှ နှစ်ဆထိပင်ရောင်းချနိုင်သည်။
“ဟားဟား၊ အစ်ကို၊ တာ့ခွိုင်မြို့ လေလံပွဲက ရှေးဟောင်းဓားဂိုဏ်းက ပစ္စည်းတွေအတွက် ပြင်ဆင်ပေးထားသလိုပါလား၊ ဒီပစ္စည်းတွေရဲ့ တစ်ဝက်ကိုသာ လေလံပွဲမှာ ရောင်းလိုက်ရင်၊ ဒီလေလံပွဲကို ရှေးဟောင်းဓားဂိုဏရဲ့ သီးသန့်လေလံပွဲကြီး ဖြစ်သွားအောင်တောင် လုပ်လို့ရသေးတယ်။”
ခါးတွင် သိုလှောင်အိတ်များ ရစ်ပတ်ထားသော လင်းတုန်က ကျေနပ်နေသော မျက်နှာဖြင့် ရယ်မောခဲ့သည်။
“ဒီတစ်ခါတော့ နှိမ့်ချပြီး နေလို့ မဖြစ်တော့ဘူးနဲ့ တူပါလား။” ဝူယွမ်လည်း ခေါင်းခါရင်း ပြုံးရယ်လိုက်သည်။
အရင်က ဖြစ်နိုင်လျှင်၊ ဝူယွမ်က ဤမျှသိသာထင်ရှားသော နည်းလမ်းကို ရွေးချယ်မည် မဟုတ်ပေ။ သို့သော် ကောင်းကင်ပြာ ဧကရာဇ်သွေးရည်ကို ရရှိပြီးနောက်၊ သူ၏စိတ်သဘောထားသည်လည်း အနည်းငယ် ပြောင်းလဲသွားပုံရသည်။
လူတိုင်းက အခြားသူများရှေ့တွင် ကိုယ့်စွမ်းအားကို ပြသလိုကြသည်။
ဝူယွမ်က သူ၏အတွင်းစိတ်ဆန္ဒများကို ဖိနှိပ်ရန် စိတ်ကူးပေါ်လာသည့် အခါတိုင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဘုရင်သွေးမှ အနည်းငယ်ငြင်းပယ်သည့် ခံစားချက်ကို ရရှိသည်။
ပုံးလျှိုးကွယ်လျှိုး တိုးတက်အောင်လုပ်ခြင်းက ဘုရင်သွေး၏ ပုံစံမဟုတ်ပေ။
ဘုရင်သွေးက မွေးရာပါ အရှုံးမရှိ ဘုရင်ကဲ့သို့ လမ်းကြောင်းပေါ် လျှောက်လှမ်းရန် ဖန်တီးထားခြင်း ဖြစ်သည်။
သည်းခံခြင်းက ဘုရင်သွေးကို ငြိမ်သက်စေရုံသာရှိမည်။
သူက ပိုမောက်မာပြီး အာဏာရှင်ဆန်လေ၊ ဘုရင်သွေး၏အလားအလာကို ပိုနိုးကြားစေနိုင်လေ ဖြစ်သည်။
ဤလွတ်လပ်သော လုပ်ဆောင်ချက်များကလည်း ဝူယွမ် အလွန်တောင့်တသော ဘဝနေထိုင်မှုပုံစံ တစ်ခုပင်ဖြစ်သည်။
ဝူယွမ် - “သွားကြရအောင်။ ဒီတစ်ခါ တာ့ခွိုင်မြို့ခရီးစဉ်ကလည်း ငါတို့အတွက် ကောင်းမွန်တဲ့ အကျိုးအမြတ်တွေ ယူဆောင်ပေးနိုင်မှာပါ။ ဒါ့အပြင် မင်းရဲ့ ကောင်းကင်အကြေးခွံ ရှေးဟောင်း လှံရှည်က အခုထိအကြမ်းထည် လက်နက်တစ်ခုပဲရှိသေးတယ်။ ငါ့ရဲ့ ရူန်းတွေ ထပ်ဖြည့်ပေးလိုက်တာနဲ့ အဆင့်မြင့်ဝိညာဉ်ရတနာလက်နက် အဆင့်ကို ရောက်သွားပေမယ့်၊ တစ်ခုခုတော့ လိုနေသေးတယ်။ ဒီတစ်ခါ မြို့တွင်းဝင်ရင်၊ ရှေးဟောင်းလှံရှည်အတွက် လိုအပ်တဲ့ ပစ္စည်းကုန်ကြမ်းတွေကို ဝယ်ယူပြီး၊ ဝိညာဉ်အဆောင်သခင် တစ်ယောက်ကို ရှာ၊ပြီးရင် အပြည့်အဝ သွန်းလုပ်ခိုင်းလိုက်။ ငါ့ရဲ့ ရူန်းတွေနဲ့ပါ ပေါင်းစပ်လိုက်ရင်၊ အဆင့်မြင့်ဝိညာဉ်ရတနာလက်နက်တွေရဲ့ အထွတ်အထိပ်ကို ရောက်သွားမယ်၊ ဒါမှမဟုတ် ကမ္ဘာမြေအဆင့် ဝိညာဉ်ရတနာလက်နက် အဆင့်ထိတောင် ရောက်သွားနိုင်တယ်။”
“အင်း..”
လင်းတုန်သည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ခဲ့သည်။ သူသည် ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံရှည်နှင့် အခု နေသားကျနေပြီဖြစ်ကာ၊ အတွင်း၌ နဂါးဝိညာဉ်တစ်ခု ချိတ်ပိတ်ခံထားရသဖြင့်၊ အလွန်မြင့်မားသော အလားအလာရှိပြီး၊ လင်းတုန်၏လက်ရှိ အပြင်းထန်ဆုံးဝိညာဉ်ရတနာလက်နက်ဖြစ်ကာ၊ လင်းတုန်အား ဖန်တီးခြင်းသုံးဆင့် တစ်လျှောက်လုံး လိုက်ပါနိုင်သည်။
“မြို့ထဲကို စောစောဝင်ကြရအောင်။ ပစ္စည်းတွေ လေလံတင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့။”
လေလံပွဲများက ယေဘူယျအားဖြင့် လေလံတင်မည့်ပစ္စည်းများကို တန်ဖိုးဖြတ်ပြီး ဈေးနှုန်းသတ်မှတ်ကာ စီစဉ်ပေးရသည်။ ဤသို့လုပ်ဆောင်ရန်က အချိန်အနည်းငယ် လိုအပ်သဖြင့် နောက်ကျမှသွားလျှင်၊ အချိန်အရမ်းဖိစီးနေပြီး ကိုယ့်ပစ္စည်းများကို စီစဉ်ပေးနိုင်ချေ မရှိတော့ပေ။
ဝူယွမ်က ပိုင်ယွမ် ကို ချထားကာ၊ ပုံမှန်အခြေအနေသို့ ပြောင်းလဲစေခဲ့သည်။ သူ့ကို ကြာမြင့်စွာ သယ်ဆောင်ခဲ့ပြီးဖြစ်ရာ၊ ယခုအခါ စီးနင်းရန် အချိန်တန်ပြီဖြစ်သည်။ မဟုတ်ပါက၊ သူမသည် ပိုပိုပြီး ပျင်းရိလာမည် ဖြစ်သည်။
သူတို့နှစ်ဦးသည် ပိုင်ယွမ်ကျောပေါ်တွင် စီးနှင်းလျက်၊ လွင်ပြင်ကြီးပေါ်တွင် ခုန်ပေါက်ပြေးလွှားခဲ့ကြသည်။
ဤအချိန်တွင်၊ ညီအစ်ကိုနှစ်ဦးက စိတ်ဓာတ်တက်ကြွနေပြီး၊ လူငယ်စွမ်းအားများ ပေါ်ထွက်လျက်ရှိကာ၊ အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
စိတ်အားထက်သန်မှု၊ ဤသည်မှာ စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသော ခံစားချက်တစ်ခုဘဲဖြစ်သည်။
ရှေးဟောင်းတောနက်ချောက်ကြီး မှ တာ့ခွိုင်မြို့သို့ခရီးက အတော်လေး ဝေးကွာသော ခရီးဖြစ်သည်။ ပိုင်ယွမ်က မရပ်မနား ခုနှစ်ရက်နီးပါး ဆက်တိုက်ပြေးလွှားခဲ့ပြီးမှသာ ဝမ့်လွန်ပြည်နယ်၏ အလယ်ဗဟို နယ်မြေအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့ကြသည်။
နောက်ထပ်တစ်ရက်ကြာပြီးနောက်၊ လွင်ပြင်ကြီးပေါ်တွင် ရှေးဟောင်းသားရဲကောင်ကြီးတစ်ကောင် လဲလျောင်းနေသကဲ့သို့ ကြီးမားသော အရာဝတ္ထုကြီးတစ်ခု၏ ပုံသဏ္ဍာန်က သူတို့၏မျက်စိအာရုံထဲသို့ တဖြည်းဖြည်း မှုန်ဝါးစွာ ပေါ်လာခဲ့သည်။
ပိုင်ယွမ်၏ ကျောပေါ်မှ ကြီးမားသောမြို့ကြီး၏ အနားသတ်ပုံသဏ္ဍာန်ကို ကြည့်လိုက်ရာ၊ ယန်းမြို့ ထက် အဆပေါင်းများစွာ ကြီးမားနေကာ။ ဤမြို့ကြီးနှင့် နှိုင်းယှဉ်လျှင်၊ သူတို့၏ယန်မြို့သည် ကျေးလက်ဒေသကဲ့သို့ နောက်ကျကျန်ရစ်နေသည့် နေရာတစ်ခုသဖွယ် ဖြစ်နေသည်။
အထူးသဖြင့် လင်းတုန်က ယခုအခါ ဝူယွမ် ယခင်ဘဝတုန်းက၊ ကျေးလက်ဒေသမှ ပေကျင်း၊ ရှန်ဟိုင်း သို့မဟုတ် ကွမ်ကျိုးကဲ့သို့သော မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာသူတစ်ဦးနှင့် တူနေသည်။
လူတိုင်းက မြို့ကြီးများကို အမြဲတမ်း မျှော်လင့်ချက်အပြည့်နှင့် ဆန္ဒပြင်းပြစွာ ရှိတတ်ကြပြီး၊ မြို့အတွင်း၌ ကိုယ့်အတွက် နေရာတစ်ခု ရရှိရန် အမြဲမျှော်လင့်တတ်ကြသည်။
သူက ပိုင်ယွမ် ကို ပြန်ကောက်ယူပြီး ချီထားကာ၊ လူအုပ်ကြီးအတိုင်း မြို့တွင်းသို့ ရောနော ဝင်ရောက်ခဲ့သည်။
သူတို့စုဆောင်းရရှိခဲ့သော ထောက်လှမ်းရေး အချက်အလက်များအရ၊ တာ့ခွိုင်မြို့တွင် အကြီးအသေး အုပ်စုမျိုးစုံ အလွန်များပြားပြီး ရှုပ်ထွေးကာ နက်နဲသည်။ တာ့ခွိုင်မြို့နှင့် နှိုင်းယှဉ်လျှင် ယန်းမြို့က သန့်ရှင်းနေသကဲ့သို့ပင် ဖြစ်သည်။
ဤများပြားလှသော အုပ်စုများအနက်၊ တာ့ခွိုင်မြို့ကို ကြီးစိုးထားသော အုပ်စုကြီးသုံးစုရှိသည်။ ဤအုပ်စုသုံးစုမှာ နာမည်ကြီး ယင်ရုပ်သေးဂိုဏ်း၊ မဟာနတ်ဆိုးဂိတ်နှင့် သိုင်းမဟာမိတ်တို့ဖြစ်ပြီး အခုလေလံပွဲကို သိုင်းမဟာမိတ် မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။
အရေအတွက်အားဖြင့် အကြီးဆုံး အင်အားစု သုံးခုအနက် တစ်ခုဖြစ်သည့် သိုင်းမဟာမိတ်က အဆင့်မြင့် ကျင့်ကြံသူခြင်း နှိုင်းယှဉ်လျှင် အခြားနှစ်ခုနှင့် မယှဉ်နိုင်သော်လည်း သူ၏အရေအတွက်မှာ ယင်ရုပ်သေးဂိုဏ်းနှင့် မဟာနတ်ဆိုးဂိတ်တို့၏ စုစုပေါင်း အရေအတွက်ထက် အများအပြား သာလွန်နေသည်။ သိုင်းမဟာမိတ်က ကျယ်ပြန့်သော ကွန်ယက်ဖြင့် ဝမ့်လွန်ပြည်နယ်တွင် ဤမျှအံ့ဩဖွယ်ကောင်းသော လွှမ်းမိုးမှုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။
လေလံပွဲကျင်းပဖို့ရာ သုံးရက်အလို။
ဝူယွမ်နှင့် လင်းတုန်တို့က တိုက်ရိုက် သိုင်းမဟာမိတ်သို့ သွားရောက်ခဲ့ကြသည်။
“သခင်လေးများ ဘယ်လိုကူညီပေးရမလဲဗျ။”
အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ကြိုဆိုလိုက်သည်။
“ကျွန်တော်တို့မှာ ပစ္စည်းတစ်ချို့ ရှိပါတယ်။ မဟာမိတ်ရဲ့ လေလံပွဲကတစ်ဆင့် ရောင်းချချင်လို့ လေလံပွဲ မန်နေဂျာကို ခေါ်ပေးနိုင်မလားဗျ”
လင်းတုန်က ယဉ်ကျေးစွာဖြင့် ရှေ့တက်ကာ ညှိနှိုင်းခဲ့သည်။
အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်လေးက သူတို့နှစ်ဦးကို စူးစမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦးက အတော်လေးငယ်ရွယ်နေသေးသဖြင့် သူ၏မျက်လုံးများတွင် သံသယအနည်းငယ်ရှိနေသည်။ သူတို့နှစ်ဦးက ချမ်းသာကြွယ်ဝသူများနှင့် မတူပေ။
သို့သော်၊ အတွင်းဘက်ရှိ ၀န်ထမ်းမကလေးများအားလုံးက ဝူယွမ်ကို ဘေးမှကြည့်နေကြသည်။
ယခုအခါ၊ ဝူယွမ်က ကောင်းကင်ပြာဧကရာဇ်သွေးကို ရရှိထားသည့်အတွက်၊ သူ၏မျက်လုံးများက နတ်ဆိုးရောင်သန်းလာပြီး၊ ဆိုးယုတ်သော စွမ်းအားကို ထုတ်လွှတ်နေသည်။ သူ၏သဘောသဘာဝသည် အများကြီး တိုးတက်လာခဲ့ပြီး၊ ထိုသိသာထင်ရှားမှုမရှိသော ဘုရင်ကဲ့သို့သော ကြီးစိုးမှုကို သတိမထားမိရန် ခဲယဉ်းသည်။
မည်သည့်နေရာ၌မဆို၊ ပုံပန်းသဏ္ဍာန်က အမြဲတမ်း အဓိကဆွဲဆောင်မှုဖြစ်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်လေး၏ အသွင်အပြင်သည် အနည်းငယ် ပေါ့တန်နေသော်လည်း၊ သူသည် ပုံမှန်ဧည့်သည် ဆက်ဆံရေးအတိုင်း ဆက်လက်ဆက်ဆံပေးခဲ့သည်။
“တောင်းပန်ပါတယ်၊ သခင်လေးတို့၊ လေလံပစ္စည်းတွေကို မနေ့ကဘဲ အတည်ပြုပြီးသွားပါပီ။ ကျွန်တော်တို့ အခု အသစ်ထပ်ထည့်လို့ မရတော့လို့ပါ”
ဤကာလအတွင်း၊ အတော်များများက ပစ္စည်းများကို လေလံတင်လိုကြသော်လည်း၊ ကောင်းသည့်ပစ္စည်းများကို ထုတ်ပြနိုင်သူ နည်းပါးသည်။ ၎င်းတို့အများစုသည် သူတို့၏ဧည့်ကြို အချိန်ကို ဖြုန်းတီးကြခြင်းသာ ဖြစ်သည်။
“ဒီလိုလား....”
လင်းတုန်က ခဏတာစိတ်ပျက်သွားခဲ့သည်။ သူတို့က အမြန်ဆုံးသွားခဲ့ကြသော်လည်း၊ နောက်ကျသွားခဲ့ရသည်။
“ကောင်းပြီ၊ မင်းရဲ့မန်နေဂျာကို သွားခေါ်ပါ။ လေလံတင်နိုင်မတင်နိုင် ဆိုတာမင်းဆုံးဖြတ်လို့မရဘူး။ ငါတို့ရဲ့အချိန်ကို မဖြုန်းနဲ့တော့။” ဝူယွမ်က အေးဆေးတည်ငြိမ်စွာ ပြောဆိုခဲ့သည်။
စည်းမျဉ်းက စည်းမျဉ်းပင်ဖြစ်သော်လည်း၊ စည်းမျဉ်းများကို လူတို့ဖန်တီးထားခြင်းဖြစ်သည်။ အကယ်၍ ကောင်းသည့်ပစ္စည်းများတွေ့ရှိပါက၊ သိုင်းမဟာမိတ်က ငြင်းပယ်မည်ဟု သူမယုံကြည်ပေ။
အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေးက သူတို့နှစ်ဦးကို ပယ်ချရန် ကြိုးစားနေခြင်းသာဖြစ်ပြီး၊ သူတို့နှစ်ဦး ကောင်းသည့်ပစ္စည်းတစ်ခုခု ထုတ်ပြနိုင်မည်ဟု အနည်းငယ်မျှ မယုံကြည်နိုင်ပေ။
အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်လေး၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ ဤနေရာတွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသူ နောက်ထပ်နှစ်ဦး ရောက်လာပြန်သည်။
“ဟီး၊ သခင်လေး ငါတို့ သိုင်းမဟာမိတ် လေလံပွဲမှာ ပါဝင်နိုင်ဖို့ ဘယ်လိုအခြေအနေတွေ လိုအပ်လဲဆိုတာ မင်းသိလား။”
သူသည် သူ၏ အနည်းငယ်မောက်မာသော လေသံဖြင့် နှစ်ဦးအား ခပ်တိုးတိုးပြောခဲ့သည်။
“အနည်းဆုံး သန့်စင်ယွမ်ဆေးလုံးတစ်ထောင် တန်ဖိုးရှိရမယ်။”
“ပြီးတော့ လေလံပစ္စည်းတွေ သတ်မှတ်ပြီးတဲ့အခါ၊ သန့်စင်ယွမ်ဆေးလုံး ငါးထောင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုဘဲ ထပ်ထည့်နိုင်မှာဖြစ်တယ်။”
လူကို မထီလေးစားလုပ်ခြင်း။
အစိမ်းရောင်ဝတ်ရုံဖြူဝတ်ဆင်ထားသော လူငယ်လေးက သူတို့နှစ်ဦးသည် ငါးထောင်တန်သည့် ပစ္စည်းများ ထုတ်ပြနိုင်မည်မဟုတ်ဟု ခံစားနေရသည်။
ဝူယွမ် မျက်မှောင်ကြုံ့သွားသည် ဤအသေးအမွှားလေးများက အလွန်ဒုက္ခပေးတတ်သည်၊ လူတန်းစားခွဲခြားသူများ ဖြစ်ကြသော်လည်း၊ သူတို့ကိုမဖြတ်သန်းပါက တာဝန်ရှိသူကိုမြင်ရန် ခက်ခဲသည်။
“အင်အားပြဖို့ အချိန်တန်ပြီ။”
နှိမ့်ချခြင်းက အမြဲတမ်း နှောင့်နှေးမှုကို ဖြစ်စေသည်။
ဝူယွမ် - “ညီနှစ် မင်းရဲ့အဝတ်အစားတွေကို ချွတ်လိုက်ပါ။”
“ဟီး။”
လင်းတုန်က ပြက်ရယ်ပြုကာ သူ၏အပေါ်ဘက်ဝတ်ကို ချွတ်ချလိုက်သည်။
ချက်ချင်းပင်၊ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး၊ သိုလှောင်အိပ်များ၏ တောက်ပမှုက အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေး၏မျက်စိကို လွှမ်းမိုးခဲ့သည်။
ဘယ်ဘက်မှာ သုံးပတ်၊ ညာဘက်မှာ သုံးပတ်။
ဒါဇင်နှင့်ချီသော သိုလှောင်အိပ်များက လင်းတုန်၏ခါးပတ်လည်တွင် ချိတ်ဆွဲထားသည်။ ၎င်းတို့အနက် အညံ့ဆုံးမှာ အလယ်အလတ်သိုလှောင်အိပ်များဖြစ်ပြီး၊ အဆင့်မြင့်သိုလှောင်အိပ် တစ်ဒါဇင်ခန့်လည်း ရှိသည်။
အလွန်ချမ်းသာသူဆိုသည်မှာ အဘယ်နည်း။
ဤသည်မှာ အလွန်ချမ်းသာသူတစ်ဦးဘဲဖြစ်သည်။
အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေးသည် ငေးငိုင်ကာ ကြည့်နေပြီး၊ ပါးစပ်အနည်းငယ်ခြောက်သွေ့ကာ၊ သူ၏တံတွေးကို မျိုချခဲ့ရသည်။
ဤသိုလှောင်အိပ်များအတွင်း ပစ္စည်းများ တကယ်ရှိမရှိဆိုသည်ကို ဘေးဖယ်ထားလျှင်ပင်၊ ဒါဇင်နှင့်ချီသော သိုလှောင်အိပ်တစ်ခုတည်းကပင် သန့်စင်ယွမ်ဆေးလုံးတစ်သိန်းကျော် တန်ဖိုးရှိသည်။
ဟစ်၊ ဟစ်၊ ဟစ်... အနီးအနားရှိ သိုင်းမဟာမိတ်အတွင်းသို့ ဝင်ထွက်သွားလာနေကြသူများလည်း အံ့အားသင့်သွားကြပြီး၊ တစ်ဦးချင်းစီ လေအေးကို ရှုရှိုက်မိလိုက်ကြသည်။
ပတ်ဝန်းကျင်ရှိ လေထုက ချက်ချင်းပင် ပိုနွေးထွေးလာခဲ့သည်။
သူတို့အများစုက အဆင့်နိမ့် သိုလှောင်အိပ်တစ်လုံးပိုင်ဆိုင်လျှင်ပင် ကံကောင်းသူများဖြစ်ပြီး၊ အလယ်အဘတ်သိုလှောင်အိပ် ပိုင်ဆိုင်သူများမှာ နည်းနည်းချမ်းသာသော ၏သူများအဖြစ် ယူဆခြင်းခံရသည်။
လင်းတုန်၏ခါးပတ်လည်ရှိ သိုလှောင်အိပ်များစွာက သူတို့အား မည်မျှအံ့အားသင့်စေခဲ့သည်ကို မှန်းဆနိုင်သည်။
“နှစ်... နှစ်.. သခင်လေးနှစ်ယောက် ကျွန်တော် မျက်စိကန်းသွားလို့ပါ။ ကျေးဇူးပြု၍ ဗွီအိုင်ပီ အခန်းထဲမှာ စောင့်ဆိုင်းပေးပါ။ ကျွန်တော် ချက်ချင်းပဲ ကျွန်တော်တို့ရဲ့ မန်နေဂျာကို ခေါ်လာပါ့မယ်။”
အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေးက တုန်လှုပ်နေပြီး၊ သူ၏နောက်ကျောကို တိုက်ရိုက်ကွေးကာ၊ ခေါင်းကို နှိမ့်ချလိုက်သည်။
ဝူယွမ်၏အသွင်အပြင်ကို ကြာမြင့်စွာကတည်းက စွဲမက်နေကြသော ၀န်ထမ်း မကလေးများက ချက်ချင်းဘဲ လမ်းပြရန် ရောက်ရှိလာကြသည်။
ချမ်းသာမှုကို ပြသခြင်းက အလွန်ကောင်းမွန်သော သက်ရောက်မှုရှိသည်။ ကိစ္စရပ်များကို ကိုင်တွယ်ဖြေနိုင်ရှင်းသည့် ထိရောက်မှုမှာ အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်လှသည်။
VIP အခန်းတွင်၊ ဝူယွမ်တို့နှစ်ဦး ခဏလောက် စောင့်လိုက်ပြီးနောက် သိုင်းမဟာမိတ်၏ လေလံပွဲမန်နေဂျာ ရောက်ရှိလာခဲ့သည်။ သူက သဏ္ဍာန်ပြောင်းအဆင့် အလယ်အလတ် ယောက်ျားတစ်ဦးဖြစ်သည်။
“ကျွန်တော်က ဒီလေလံပွဲရဲ့မန်နေဂျာ၊ ဒါရိုက်တာဝူရွှမ်ပါ။ လူငယ်မိတ်ဆွေလေးများ၊ တစ်စုံတစ်ရာ လိုအပ်ချက်ရှိပါက ကျွန်တော့်နဲ့ တိုက်ရိုက်ဆွေးနွေးနိုင်ပါတယ်။”
လင်းတုန်က သိုလှောင်အိပ်များ တစ်လုံးပြီးတစ်လုံး စားပွဲပေါ်သို့ တင်ပေးခဲ့သည်။ “မန်နေဂျာဝူရွှမ်၊ ကျွန်တော်တို့မှာ လေလံတင်စရာ ပစ္စည်းတွေ အတော်များများ ရှိပါတယ်။ ကျေးဇူးပြု၍ တန်ဖိုးသတ်မှတ်သူအချို့ကို ရှာပေးပါ၊ ပြီးရင် လေလံဈေးနှုန်းအကြောင်း ဆွေးနွေးကြရအောင်၊”
သူသည် ပထမဆုံး သိုလှောင်အိပ်တစ်လုံးမှ ပါဝင်သော အရာဝတ္ထုများကို ထုတ်ယူလိုက်ပြီး ၎င်းတို့မှာ အမျိုးမျိုးသော ရတနာကုန်ကြမ်းများဖြစ်ကာ၊ နောက်ပိုင်းတွင် လေ့ကျင့်ရေးနည်းစနစ်များ၊ သိုင်းပညာများနှင့် ဝိညာဉ်ရတနာလက်နက်များကိုပါ ထုတ်ယူခဲ့သည်။
မန်နေဂျာဝူရွှမ်လည်း ထိုမြင်ကွင်းကြောင့် တိုက်ရိုက် အံ့အားသင့်သွားခဲ့သည်။ ဤမျှများပြားလှသော ပစ္စည်းကောင်းတွေရဖို့ဆို သူတို့က ဘဏ္ဍာတိုက်တစ်ခုကို လုယူခဲ့ကြရပေလိမ့်မည်ဖြစ်သည်။
သူက သူတို့နှစ်ဦးကို သတိနှင့်ကြည့်လိုက်ကာ၊ သူတို့၏စွမ်းအားကို သိလိုခဲ့သည်။
သို့သော် ကံမကောင်းစွာပင်၊ သူ၏သဏ္ဍာန်ပြောင်းအဆင့် ကျင့်ကြံခြင်းက ဝူယွမ်နှင့် လင်းတုန်၏ ယွမ်စွမ်းအင် အဆင့်များကို ခံစားသိရှိရန် မတတ်နိုင်ခဲ့ပေ။
“လူငယ်မိတ်ဆွေလေးတွေကို၊ တစ်ခုလောက်မေးရမလား၊ ဒီပစ္စည်းတွေက ဘယ်ကနေ လာတာပါလဲ။”
“ဘာလဲ၊ သိုင်းမဟာမိတ်က ဒီပစ္စည်းတွေလောက်တော့ ကိုင်တွယ်နိုင်တယ် မဟုတ်ဘူးလား။”
ဝူယွမ်၏နှုတ်ခမ်းများရွဲ့သွားပြီး ချက်ချင်း ပြန်လည်ပြောဆိုလိုက်သည်။
“မဟုတ်ပါဘူး။ ကျွန်တော်တို့ သိုင်းမဟာမိတ်က လျှို့ဝှက်စျေးကွက်တစ်ခု မဟုတ်တာကြောင့်၊ အချို့ပစ္စည်းတွေကို ထင်သလို လက်ခံလို့ မရနိုင်ဘူးလေ။” မန်နေဂျာဝူရွှမ်က အခက်အခဲရှိကြောင်း အရိပ်အမြွက်ဖော်ပြလျက် ပြောဆိုခဲ့သည်။
“မန်နေဂျာဝူရွှမ် စိတ်ချလက်ချ နေပါ။ ဒီပစ္စည်းတွေထဲက အချို့ကို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ရှေးဟောင်းတောရိုင်းချောက်ကြီးထဲမှာ တွေ့ခဲ့တာဖြစ်ပြီး၊ အချို့ကိုတော့ ရှေးဟောင်းဓားဂိုဏ်းက ပေးခဲ့တာပါ။” ဝူယွမ်က တည်ကြည်စွာ ပြောဆိုခဲ့သည်။
သူတို့က အပြေးအလွှား ခရီးနှင်ခဲ့ကြပြီး၊ ရှေးဟောင်းတောရိုင်းချောက်ကြီးမှ တာ့ခွိုင်မြို့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည့်အတွက်၊ ရှေးဟောင်းဓားကျောင်းတော် ဖျက်သိမ်းခံရခြင်း သတင်းက တာ့ခွိုင်မြို့သို့ မရောက်ရှိသေးပေ။ လေလံပွဲပြီးဆုံးပြီး နောက်မှသာ ဤနေရာသို့ ပျံ့နှံ့လာမည်ဖြစ်သည်။
သို့သော် စောစော၊နောက်ကျ ပျံ့နှံ့မည်သာဖြစ်ပြီး၊ ဝူယွမ်က သိပ်ဂရုမစိုက်ပေ။
ထို့ကြောင့် သိုင်းမဟာမိတ်အား နည်းနည်းပြောပြရမည်ကို သူ၀န်မလေးပေ။
“ရှေးဟောင်းဓားဂိုဏ်း။”
မန်နေဂျာဝူရွှမ်က အံ့အားသင့်သည့် လေသံဖြင့် ပြန်လည်ပြောဆိုခဲ့သည်။
သူက မိုက်မဲသူမဟုတ်ပါ၊ ပစ္စည်းများစွာနှင့်အတူ၊ ရှေးဟောင်းဓားဂိုဏ်းက ဤလူငယ်နှစ်ဦးအား ဤမျှများပြားစွာ ပေးအပ်နိုင်မည်မဟုတ်ပေ၊ ထိုအဓိပ္ပာယ်ကို သူနားလည်သဘောပေါက်ထားသည်။
ထို့အပြင်၊ သူတို့၏ သိုလှောင်အိပ်များကို ကြည့်လျှင်၊ ရှေးဟောင်းဓားဂိုဏ်းမှ အရာအားလုံးကို တိုက်ရိုက် ထုပ်ပိုးယူဆောင် လာခြင်းဘဲဖြစ်နိုင်သည်။
ဝမ့်လွန်ပြည်နယ်တွင် ရှေးဟောင်းဓားဂိုဏ်း၏ ဂုဏ်သတင်းမှာလည်း မကောင်းသည်မဟုတ်၊ အင်အားကြီး အုပ်စုကြီးများအောက် အဆင့်တွင် ရှိနေသည်။
ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများ မရှိသော်လည်း၊ သာမန် ကူးပြောင်းခြင်းအဆင့် ကျွမ်းကျင်သူများပင် သူတို့ကို အလွယ်တကူ စိန်ခေါ်ရန် မဝံ့မရဲဖြစ်ကြသည်။
သူ့ရှေ့မှောက်ရှိ ဤလူငယ်နှစ်ဦးက ရှေးဟောင်းဓားကျောင်းတော်ကို သုတ်သင်နိုင်ခဲ့သည်မှာ ထိတ်လန့်ဖွယ်ကောင်းလွန်းလှသည်။
သူက နောက်ထပ်စူးစမ်းမှုများ မပြုလုပ်ဝံ့တော့ပဲ၊ ဝူယွမ်နှင့် လင်းတုန်တို့ကို သတိနှင့် ဆက်ဆံခဲ့သည်။
“ဒီလိုဆိုရင်တော့၊ ဒီပစ္စည်းအားလုံးကို ကျွန်တော်တို့ စီစဉ်ပေးနိုင်ပါတယ်။ ချက်ချင်းပဲ တန်ဖိုးသတ်မှတ်သူတွေကို ခေါ်လာပြီး၊ တန်ဖိုးက သန့်စင်ယွမ်ဆေးလုံး တစ်ထောင်ကျော်တဲ့ ပစ္စည်းတိုင်းကို လေလံပွဲအတွက် စီစဉ်ပေးသွားမှာပါ။
သန့်စင်ယွမ်ဆေးလုံး တစ်ထောင်အောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုတော့ ကျွန်တော်တို့ သိုင်းမဟာမိတ်က လက်ခံနိုင်ပါတယ်။ ဈေးနှုန်းကလည်း နှစ်ဦးစလုံး ကျေနပ်အောင်သေချာပေါက် ပေးသွားမှာပါ။”
“ဟုတ်ကဲ့၊ ဒါနဲ့ ကျွန်တော် လူငယ်မိတ်ဆွေလေးတို့ရဲ့နာမည်ကို မမေးရသေးဘူးနော်။”
“ဝူယွမ်။”
“လင်းတုန်။”
“ဒါဆို ညီအစ်ကိုဝူယွမ်နဲ့ညီအစ်ကိုလင်းတုန်ပေါ့ ခဏလေးစောင့်ပေးပါ၊ ကျွန်တော် ချက်ချင်းပဲ စီစဉ်ပေးပါမယ်။”
သိပ်မကြာမီ၊ မန်နေဂျာဝူရွှမ်က လူများကို စီစဉ်ခန့်အပ်ကာ၊ ၎င်းတို့၏ရတနာပစ္စည်းများကို တစ်ခုပြီးတစ်ခု ခွဲခြားသတ်မှတ်၊ စစ်ဆေးစေခဲ့သည်။
ထိုအရာက ရှေးဟောင်းဓားဂိုဏ်းလေးတစ်ခု သာဖြစ်သည်။ ဤလူငယ်နှစ်ဦးနှင့် ၎င်းတို့ကြားမည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူမသိရသေးသော်လည်း၊ သူတို့၏သိုင်းမဟာမိတ်က ရှေးဟောင်းဓားဂိုဏ်းမှ ပစ္စည်းများကို ကိုင်တွယ်နိုင်သည်။
ဤအချိန်တွင်၊ မန်နေဂျာဝူယွမ် ပိုစိတ်ဝင်စားသည်မှာ ဝူယွမ်နှင့် လင်းတုန်တို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များဖြစ်သည်။
ဤမျှငယ်ရွယ်နေစဉ်၊ သူတို့က ဂိုဏ်းများလုယူခြင်းကဲ့သို့သော အန္တရာယ်များသည့် အရာများ လုပ်ဆောင်နေပြီဖြစ်သည်။
သူတို့နှစ်ယောက်သည် သူ့သိုင်းမဟာမိတ်၏ အထူးထူးချွန်ဆုံး ‘သိုင်းရူး’ ထက် အနည်းငယ်မျှပင် မနိမ့်ကျပေ။
သူသည် ချက်ချင်းပင် လူများကို ရှေးဟောင်းဓားဂိုဏ်းနှင့် ဝူယွမ်တို့ နောက်ခံအကြောင်းအရာများကို စုံစမ်းစေရန် စေလွှတ်ခဲ့သည်။
ဤမျှငယ်ရွယ်ပြီး အန္တရာများသည့်အရာများကို လုပ်ဆောင်နေသူများအတွက်၊ သူက သူတို့အား စုဆောင်းရန် ရည်ရွယ်ချက် ပေါ်လာစေခဲ့သည်။...
သုံးရက်ကြာပြီးနောက်၊ မျက်စိတစ်မှိတ်အတွင်း။
လေလံပွဲစတင်ခဲ့သည်။