← Chapters

မိသားစုနှစ်ခု ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 2 Ch. 16

မိသားစုနှစ်ခု ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 2 Ch. 16

ဝူယွမ်နှင့် လင်းတုန်တို့သည် သံမြေကျေးရွာကို ဆက်လက်စူးစမ်းရှာဖွေကာ တဖြည်းဖြည်း အနက်ထဲထိ ခရီးဆက်ခဲ့ကြသည်။

ခရီးတစ်လျှောက်တွင် ယွမ်ကျောက်တုံး လေးငါးလုံးထပ်မံတူးဖော်ရရှိခဲ့သည်။

ဝူယွမ်သည် ထိုနေရာများအားလုံးကို အမှတ်အသားပြုခဲ့သည်။

ဤအမှတ်အသားများကို ဆက်လိုက်ပါက မျဉ်းဖြောင့်တစ်ကြောင်းဖြစ်နေကြောင်းသတိပြုမိခဲ့သည်။

ထိုအရာသည် ယွမ်ကျောက်တုံးမိုင်းတွင်းတစ်ခုဖြစ်ကြောင်း အမှန်ပင်သက်သေထူနေသည်။

မကြာမီ လင်းတုန်သည် ပိုမိုနက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားခဲ့သည်။

“ရှေ့မှာ အန္တရာယ်ရှိတယ်” ဟု ဝူယွမ်က သတိပေးခဲ့သည်။

အရှေ့ပိုင်းသည် တောရိုင်းသစ်တောနှင့် နီးကပ်နေပြီး သံမြေကျေးရွာ၏ နယ်နိမိတ်အတွင်း ရှိသော်လည်း လိန်မိသားစုမှ ယခင်ကတည်းက အဲ့နားမချင်းကပ်ရဲခဲ့‌ပေ။

ရှေ့တွင် ချိုင့်ဝှမ်းငယ်တစ်ခုရှိပြီး စွမ်းအားကြီးမားသော သားရဲသတ္တဝါကြီးနှစ်ကောင် ကျင်လည်ကျက်စားလျက်ရှိသည်။

သံမဲမျိုးနွယ် အမည်းရောင် သံမဏိကျားသစ်။

ထိုသားရဲများသည် ယွမ်ကောင်းကင်နယ်ပယ်အဆင့် သားရဲများနှင့် နှိုင်းယှဉ်နိုင်သည်။

“အစ်ကိုကြီး၊ မြေအောက်ထဲက ယွမ်စွမ်းအင်တွေ ဒီချိုင့်ဝှမ်းထဲကို စုစည်းနေတယ်” ဟု လင်းတုန်က ချိုင့်ဝှမ်းဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။

ဆိုလိုသည်မှာ ယွမ်ကျောက်တုံးမိုင်းတွင်းကိုလိုချင်လျှင် ထိုသံမည်းမျိုးနွယ်ဝင် ကျားသစ်များ ကျက်စားရာ ချိုင့်ဝှမ်းကို ဖြတ်သန်းရမည်ဖြစ်သည်… ဝူယွမ်သည် မျက်ခုံးကြုံ့သွားပြီး “ဒါဆို ယွမ်ကျောက်တုံးမိုင်းတွင်းကို ရဖို့ဆို ဒီမကောင်းဆိုးဝါးသတ္တဝါနှစ်ကောင်ကို ရှင်းမှရမယ်ဆိုတာ သေချာသွားပြီ” ဟု ဆိုခဲ့သည်။

“ပြန်ကြရအောင်၊ အရင်ဆုံး ခေါင်းဆောင်ကို ဒီကိစ္စ ပြောပြရမယ်”။

… “ယွမ်ကျောက်တုံးမိုင်းတွင်းတစ်ခုလား” လုံချန်းသည် ထိုင်ခုံမှ ထရပ်လိုက်ပြီး အတော်လေး အံ့အားသင့်နေသည်။

ဝူယွမ်- “ဟုတ် ဆရာ။ လမ်းတစ်လျှောက် ဒီယွမ်ကျောက်တုံးတွေ တစ်လုံးချင်းစီ ပေါ်လာပြီးကျွန်တော်တို့ ရှစ်လုံးတူးဖော်ရရှိခဲ့တယ်။ ကျွန်တော် အဲ့တာတွေကျု အမှတ်အသားလုပ်ထားတယ်၊ အားလုံးကိ တစ်ဖက်တည်းဦးတည်နေတာကို တွေ့ခဲ့ရတယ်။ ဒီဦးတည်ချက်အတိုင်း သွားရင် အတွင်းပိုင်းမှာ ယွမ်ကျောက်တုံးတွေ ပိုများမယ်ဆိုတာ သေချာတယ်”။

“သံမြေကျေးရွာက ရှေးတုန်းက မီးတောင်နယ်မြေဖြစ်ခဲ့တာမလို့ ယွမ်ကျောက်တုံးပေါ်ပေါက်ဖို့ရာ အခြေအနေတွေနဲ့ လုံးဝကိုက်ညီနေတယ်။ ဒါကြောင့် ဒီမှာ ယွမ်ကျောက်တုံးမိုင်းတွင်းရှိတယ်ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ဟု လုံထန်ကလည်း ဝမ်းသာစွာ ဖြည့်စွက်ပြောကြားခဲ့သည်။

“သွားကြစို့၊ သွားကြည့်ကြရအောင်”

လုံချန်းသည် အလွန်စိတ်လှုပ်ရှားနေသော်လည်း သူကိုယ်တိုင်မြင်တွေ့ရမှသာ စိတ်ချမ်းသာနိုင်မည်ဖြစ်သည်။

လေးဦးသည် သံမြေကျေးရွာသို့ ထပ်မံသွားရောက်ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ဝူယွမ်သည် လုံချန်းကို တားဆီးကာ-

“ဆရာ၊ ဒီယွမ်ကျောက်တုံးတွေကို တွေ့တာက လင်းတုန်ကျေးဇူးကြောင့် ပါ။ တကယ်လို့ မိုင်းတွင်းရှိခဲ့ရင် လင်းမိသားစုနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်”။

“ဒါက ပြဿနာပဲ” လုံချန်းသည် စဉ်းစားတွေးခေါ်မှုထဲ ကျရောက်သွားခဲ့သည်။

“ဆရာ၊ ကျွန်တော့်ကတော့ လင်းမိသားစုနဲ့ ပူးပေါင်းဖို့ဘဲအကြံ‌ေပးချင်တယ်။ သံမြေကျေးရွာက အရမ်းကျယ်ပြန့်လွန်းတယ်။ တကယ်လို့ မိုင်းတွင်းရှိခဲ့ရင် တူးဖော်ခြင်း၊ သယ်ယူရောင်းချခြင်းတွေကို သတင်းလျှို့ဝှက်ထားနိုင်ဖို့ရာမဖြစ်နိုင်ဘူး။ လင်းတုန်ကို ပြန်မပြောဖို့ ကျွန်တော်တို့ စည်းရုံးနိုင်ခဲ့ရင်တောင် လိန်နဲ့ ရှဲ့မိသားစုတွေ နောက်ဆုံး သိသွားကြမှာဘဲ။ အဲဒီအချိန်ကြ မိုင်းတွင်းကို ကျွန်တော်တို့ ရူးသွပ်ဓားသိုင်းခန်းမ တစ်ဦးတည်းပိုင်ဆိုင်တာကို သူတို့ ကျေနပ်ကြမှာမဟုတ်ဘူး၊ သေချာပေါက် တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားကြလိမ့်မယ်။ လင်းမိသားစုနဲ့ ပူးပေါင်းတာက ကျွန်တော်တို့အတွက် အကောင်းဆုံးဘဲ။ မဟုတ်လည်း ပူးပေါင်းရမဲ့အတူ အခုကတည်းက သူတို့ကို ဖိတ်ခေါ်ပြီး ကျွန်တော်တို့ရဲ့ စိတ်ရင်းကို ပြသလိုက်တာပို‌ေကာင်းမယ်ထင်တယ်”။

ဝူယွမ်သည် အကျိုးအပြစ်များကို သေချာရှင်းပြခဲ့သည်။

မူရင်းဇာတ်လမ်းတွင် လင်းမိသားစုသည် မိုင်းတွင်းရရှိပြီးနောက် ပြဿနာများစွာကြုံတွေ့ခဲ့ရပြီး ရူးသွပ်ဓားသိုင်းခန်းမထံ ထပ်ကာထပ်ကာ အကူအညီတောင်းခဲ့ရသည်။

လုံချန်းသည် ဝူယွမ်ကို အံ့အားသင့်မိသည့် ဟန်ဖြင့် ကြည့်လိုက်သည်၊ ပုံမှန်အားဖြင့် ဘယ်အရာမဆို ဂရုမစိုက်တတ်သည့် ဟန်‌ေပါ်သည့် သူ၏တပည့်သည် ဒီလောက်ထိုးဖောက်မြင်နိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။

“အားယွမ်… မင်းကို မြင်ရတာ လူသစ်တစ်ယောက်လိုဘဲ ဒီတစ်လအတွင်း မင်းဟာ အတော်လေး ရင့်ကျက်လာခဲ့ပြီ။” လိန်ပေါင်ကျားဆိုးကြီးရဲ့ လက်ဝါးဒဏ်ကို ခံရပြီးတဲ့နောက် ဝူယွမ် ရင့်ကျက်လာတယ်လို့ လုံချန်းက ထင်ခဲ့သည်။

“ဆရာ ချီးကျူးလွန်းနေပါပြီ။ ကျွန်တော်က ကျွန်တော်တို့ ရူးသွပ်ဓားသိုင်းခန်းမရဲ့ အနာဂတ်အတွက် စဉ်းစားပေးခဲ့ယုံပါ”။

“သံမြေကျေးရွာနဲ့ ပိုးချည်လုပ်ငန်းဟာ လင်းမိသားစုနဲ့အတူ အနိုင်ရခဲ့တာပါ။ အတိအကြဆို လင်းမိသားစုမှာ ဒီအတွက် အခွင့်အရေးတစ်စိတ်တစ်ပိုင်းရှိပြီးသားဘဲ၊ ပူးပေါင်းဆောင်ရွက်သင့်တယ်”။

လုံချန်းသည် အပြင်ပိုင်းရက်စက်ကြမ်းကြုပ် သော်လည်း အတွင်းစိတ်သိမ်မွေ့နူးညံ့သူဖြစ်ပြီး လင်းမိသားစုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို ကောင်းကောင်းနားလည်သည်။

“ပြီးတော့ လင်းတုန်မှာ မိုင်းတွင်းကိုရှာနိုင်တဲ့ စွမ်းရည်ရှိတယ်၊ သူက အရမ်းကိုထူးခြားလွန်းတယ်။

သူနဲ့အတူရှိနေရင်း ကျွန်တော်သူ့ကို တဖြည်းဖြည်းနားလည်လာတယ်၊ လင်းတုန်ရဲ့ အနာဂတ်က အကန့်အသတ်မရှိဘူးဆိုတာ ကျွန်တော်ယုံတယ်။ ဒီတစ်ခါ သူ့ဆီက ကျေးဇူးတင်ခံရတာက နောက်ပိုင်းမှာ သေချာပေါက် အကျိုးရှိလာလိမ့်မယ်”။

“အင်း… ငါ နားလည်ပြီ” လုံချန်းက ခေါင်းညိတ်ခဲ့သည်။

ဝူယွမ် မပြောရင်တောင် လင်းတုန်က သာမန်မဟုတ်ကြောင်း သူမြင်နိုင်သည်။

မကြာမီ သူတို့သည် သံမြေကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဝူယွမ် အမှတ်အသားပြုထားသည့်နေရာအတိုင်း ဆက်လက်တူးဖော်ခဲ့ကြသည်။

ခဏအကြာတွင်။

“ခရက်”

လုံချန်းသည် ငါးမီတာခန့်ကြိုးစား တူးပြီးနောက် အသံတစ်သံ ကြားလိုက်ရသည်။

“ယွမ်ကျောက်တုံးတွေ တကယ်ရှိတယ်၊ ယွမ်ကျောက်တုံးဘဲ”

သူသည် အနီရောင်ကျောက်တုံးတစ်လုံးကို ကိုင်ဆောင်ထားရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့သည်။

“ဆရာကြီး၊ ဒီရှေ့မှာ သံမည်းမျိုးနွယ်ဝင် ကျားသစ်တွေရဲ့ ကျက်စားရာနေရာပါ။ ကျွန်တော်တို့ ဆက်တူးဖော်ချင်ရင် သားရဲနှစ်ကောင်ကို အရင်ကိုင်တွယ်မှရမယ်”။

အခြေအနေသည် ရှင်းလင်းသွားခဲ့သည်။

လုံချန်းသည် ဆက်လက်�� သိုဝှက် မနေတော့ပေ။

“သူတို့တွေက ယွမ်ကျောက်တုံးမိုင်းတွင်းကိုရဖို့ တားဆီးရဲရင် သေရမယ်”။

“ဒီကိစ္စကို လျှို့ဝှက်ထားရမယ်၊ ဘယ်သူ့ကိုမှ မပြောရဘူး”။

“လင်းတုန်… မင်းရဲ့ အဘိုးကို ကျေးဇူးပြုပြီး ဒီကိုလာဖို့ ပြောပေးပါ”။

“ဟုတ်ကဲ့၊ ခေါင်း‌ေဆာင်လုံချန်း”

…လင်းကျဲ့တျန်း ရောက်ရှိလာသည့်အခါ။

လုံချန်းသည် လင်းတုန်၏အကူအညီကြောင့် ယွမ်ကျောက်တုံးများရှာဖွေတွေ့ရှိမှုအတွက် ကျေးဇူးတင်ကြောင်းပြောကာ ယွမ်ကျောက်တုံးမိုင်းတွင်းကို လင်းမိသားစုနှင့် မျှဝေပူးပေါင်းဆောင်ရွက်ရန် အဆိုပြုခဲ့သည်။

ထို့နောက် သူတို့နှစ်ဦးသည် အတူတကွ သံမည်းမျိုးနွယ်ဝင် ကျားသစ်နှစ်ကောင်ကို သတ်ဖြတ်ခဲ့ကြသည်။

နှစ်ဦးစလုံးသည် ယွမ်ကောင်းကင်နယ်ပယ် အဆင့်မြင့်အဆင့်ရှိသူများဖြစ်ပြီး ယွမ်ဒန်အဆင့်နှင့် သိပ်မဝေးတော့သောကြောင့် ယွမ်ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့်ရှိ သံမည်းမျိုးနွယ်ဝင် ကျားသစ်များကို ကိုင်တွယ်ရန် ခက်ခဲခြင်းမရှိပေ။

“ ဝေါင်း… ဝေါင်းးး…”

ရှောင်ယန်သည် သံမည်းမျိုးနွယ်ဝင် ကျားသစ်နှစ်ကောင်ဆီသို့ အပြင်းအထန် ပြေးဝင်သွားပြီး ၎င်းတို့၏ ကိုယ်ထဲမှ သားရဲ အမြုအ‌တေများကို ထုတ်ယူကာ တစ်ခါတည်း မျိုချလိုက်သည်။

ပိုင်ယွမ်ကမူ ဝူယွမ်၏ဘေးတွင် ရပ်နေကာ သူမ၏ မောင်နှင့် အစာမလုပေ။

“ဒီကလေးဆိုးကလေး”

ရှောင်ယန် အမြုအတေနှစ်ခုစလုံးကို စားသုံးလိုက်သည်ကို ကြည့်ရင်း လင်းတုန်သည် အနည်းငယ် ရှက်ရွံ့သည့်ဟန်ဖြင့် ဆူညည်းလိုက်သည်။

“သူ့အစ်မကြီးကို နည်းနည်းခွဲ မပေးဘူး”

ဝူယွမ်- “ပြဿနာမရှိပါဘူး၊ ရှောင်ယန်က ပိုင်ယွမ်ရဲ့ မောင်ဘဲလေ သူ့ကို ဦးစားပေးရမှာ‌ေပါ့။ ပြီးတော့ ပိုင်ယွမ်က အခုအချိန်မှာ သားရဲအမြုအတေတွေကို မလိုအပ်သေးဘူး”။

သားရဲအမြုအတေများသည် သားရဲများ၏ ကြီးထွားမှုအတွက် အလွန်အထောက်အကူပြုသော်လည်း သားရဲတိုင်း ထို အမြုအတေများကို မဆင်မခြင် မစားသုံးရဲကြပေ။

ပိုင်ယွမ်မှာ ကျားဖြူသွေးမျိုးဆက်နှင့် ပေါင်းစပ်ပြီးခါစဖြစ်ပြီး စွမ်းအားပြင်းထန်သော သွေးမျိုးဆက်စွမ်းအင်ကို လုံးဝပေါင်းစပ်လို့မပြီးသေးပေ။သူမသည် အပိုစွမ်းအင်များ မလိုအပ်သေးပေ။

အထူးသဖြင့် သားရဲများ၏ အမြုအတုသည် သူတို့၏ သွေးမျိုးဆက်စွမ်းအင်အချို့ ပါဝင်သည်။

ပိုင်ယွမ်သည် ကျားဖြူသွေးမျိုးဆက်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခြင်းမရှိသေးခင် အခြားသွေးမျိုးဆက်စွမ်းအင်များကို စုပ်ယူခြင်းသည် ကျားဖြူသွေးမျိုးဆက်ကို အားနည်းစေရုံသာရှိသည်။

သူမသည် မိမိကိုယ်ပိုင်သွေးမျိုးဆက်စွမ်းအင်ကို ကျွမ်းကျင်စွာ အသုံးချနိုင်ရန်၊ သွေးမျိုးဆက်ပါ နိုးကြားစေရန်မှာ သွေးမျိုးဆက်အတွင်းရှိ အမွေအနှစ်များကို စုပ်ယူကာ လျင်မြန်စွာ အားကောင်းလာပေလိမ့်မည်။

သို့သော် ရှောင်ယန်သည် ကွဲပြားခြားနားသည်။ ရှောင်ယန်သည် သူ့ဘာသာသူ သွေးမျိုးဆက်ပြောင်းလဲမှုဖြစ်နေတာဖြစ်ပြီး ပိုမိုများပြားစုံလင်သော သားရဲအမြုအတေးများ စုပ်ယူရန် လိုအပ်ကာ သူ၏သွေးမျိုးဆက်ပြောင်းလဲမှုကို လှုံ့ဆော်ပေးရန် လိုအပ်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး” ဟု လင်းတုန်က ၀မ်းသာစွာ ပြောလိုက်သည်။

ရှောင်ယန်နှင့် ပိုင်ယွမ်တို့၏ ဆက်ဆံရေးကဲ့သို့ပင် သူသည်လည်း ဝူယွမ်၏ ညီငယ်ဖြစ်သည်။ ယနေ့ ဝူယွမ်၏ လုပ်ရပ်များသည် သူ့အား မျက်နှာသာ ပေးခြင်းလည်း ဖြစ်သည်။

ဝူယွမ် မရှိခဲ့ပါက ရူးသွပ်ဓားသိုင်းခန်းမသည် ဤယွမ်ကျောက်တုံးမိုင်းတွင်းကို လင်းမိသားစုနှင့် မျှဝေရန် သဘောတူမည် မဟုတ်ကြောင်း လင်းတုန် ကောင်းစွာနားလည်ခဲ့သည်။

နောက်ပိုင်းတွင် မိသားစုနှစ်ခုသည် ပူးပေါင်းဆောင်ရွက်ရန် စည်းမျဉ်းများကို ဆွေးနွေးခဲ့ကြသည်။

ထိုကိစ္စသည် ရူးသွပ်ဓားသိုင်းခန်းမမှ လင်းမိသားစုအား ပါဝင်ရန် ဖိတ်ခေါ်ခြင်းဖြစ်သောကြောင့် လင်းမိသားစုအား မည်မျှပေးသည်ဖြစ်စေ လင်းမိသားစုမှ ကျေးဇူးတင်ကြမည်သာဖြစ်သည်။

လင်းကျဲ့တျန်းသည်လည်း အခွင့်ကောင်းယူတတ်သူ မဟုတ်ပေ။

နောက်ဆုံးတွင် သဘောတူညီမှုရခဲ့ကြသည်။ ရူးသွပ်ဓားသိုင်းခန်းမက ခြောက်ဆယ်ရာခိုင်နှုန်းနှင့် လင်းမိသားစုက လေးဆယ်ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ လင်းမိသားစုသည် ပိုးချည်လုပ်ငန်းတစ်ခုကို သီးသန့်ရရှိထားပြီးဖြစ်သောကြောင့်ဖြစ်သည်။

လေးဆယ်ရာခိုင်နှုန်းသည် လင်းမိသားစုကို ကြီးမားသော စိတ်ရင်း တစ်ခုပြသခြင်း ဖြစ်သည်ဆိုရပေမည်။

ထို့ကြောင့် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ပျော်ရွှင်ဖွယ်ကောင်းခဲ့သည်။

အားလုံး တူးဖော်နေစဉ် ဝူယွမ်နှင့် လင်းတုန်တို့သည် ကျားသစ်ကလေးများကို လေ့ကျင့်ပေးရန်အတွက် သံမြေကျေးရွာ အနောက်ဘက်ရှိ သစ်တောထဲတွင် သားရဲများကို ကျားနှစ်ကောင်နှင့်အတူ အမဲလိုက်ဖမ်းစီးခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားခဲ့သည်။

ယွမ်ကျောက်တုံး ပထမအသုတ်ကို တူးဖော်နိုင်ခဲ့ပြီး မိသားစုနှစ်ခုသည် ၎င်းတို့ကို ယန်မြို့သို့ ယူဆောင်သွားကာ ရောင်းချရန် ဆွေးနွေးခဲ့ကြသည်။

ဤအကြိမ်တွင် ဝူယွမ်နှင့် လင်းတုန်နှစ်ဦးစလုံးသည် ယန်မြို့သို့ လိုက်ပါရန် အဆိုပြုခဲ့ကြသည်။

ဝူယွမ် မျှော်လင့်စောင့်စားနေခဲ့တာကြာပီဖြစ်သည်၊ သူ နောက်ထပ်တစ်ကြိမ် ဆိုင်းအင်၀င်နိုင်တော့မည်ဖြစ်သည်။

All Chapters