← Chapters

အခန်း ၄၄၉

Vol. 45 Ch. 449

အခန်း ၄၄၉

Vol. 45 Ch. 449

အခန်း (၄၄၉) - အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စု(၂)

“ကျေးဇူးတင်ပါတယ် သခင်ကြီးဝူယွမ်၊ ကျမတို့မျိုးနွယ်ဝင်တွေက ရှေးဟောင်းကျောက်တိုင် ကမ္ဘာရဲ့များပြားလှတဲ့ ဝိညာဉ်စွမ်းအား အရင်းအမြစ်‌တွေနဲ့ ငြိမ်ချမ်းတဲ့နေထိုင်မှုတွေကို မြင်တဲ့အခါ သေချာပေါက် ပျော်ပျော်ရွှင်ရွှင်နဲ့ သဘောတူကြမှာပါ” ရှင်းချင်က ဝမ်းသာအားရ ပြောလိုက်သည်။

အမြီးကိုးချောင်း မျိုးနွယ်စု၏ ရှင်သန်ရေး ပြဿနာ ဖြေရှင်းပြီးသွားသဖြင့် စိတ်ထဲတွင် ပေါ့ပါးသွားလေ၏။

ဝူယွမ်တို့အဖွဲ့သည် သွားရောက်နေရင်း လမ်းတွက် အချင်းချင်း နောက်ပြောင်လာကြသည်။

“အမြီးကိုးချောင်းမြေခွေးတွေမှာ တကယ်ပဲ အမြီး ကိုးချောင်း ရှိတာလား၊”

“အမြီး ကိုးချောင်းက ဘယ်လို ပေါက်လာတာလဲ”

“ရှင်းချင်၊ မင်းမှာရော အမြီး ဘယ်နှစ်ချောင်း ရှိလဲ” မုချန်ချန်က ရှင်းချင်၏ သွယ်လျသော ကျောဘက်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ ရယ်မောရင်း မေးလိုက်သည်။

အခြားသူများ၏ စူးစမ်းလိုသော အကြည့်များအောက်တွင် ရှင်းချင်က အနည်းငယ် တွေဝေသွားပြီး ပြောလိုက်သည်။“ငါ့မှာ အမြီး သုံးချောင်းပဲ ရှိတယ်”

ချက်ချင်းပင် သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးက အနီရောင် အလင်းတန်း တဖျပ်ဖျပ်လက်သွားပြီး သူမ၏ နောက်တွင် အမွေးပွ အမြီး သုံးချောင်း ပေါ်လာသည်။

ရှင်းချင်သည် ဝူယွမ်၏ ဘေးတွင် ရှိနေပြီး သူ့ကို ကျောခိုင်းထားသည်။ ယခုအခါ ရုတ်တရက် အမြီး သုံးချောင်း ထွက်ပေါ်လာပြီး ဝူယွမ်၏ ရှေ့တွင် အမွေးထူထူများ လှုပ်ယမ်းနေသည်။

ဝူယွမ်က ရှင်းချင်၏ နောက်ရှိ အမွေးထူပီး ချစ်စရာကောင်းသော အမြီး သုံးချောင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ အနီးသို့ တိုးသွားကာ အမြီး တစ်ချောင်းကို ဖမ်းဆုပ်လိုက်ပြီး မသိမသာ ဆော့ကစားနေမိသည်။

အမွေးထူများမှာ အံ့သြစရာကောင်းလောက်အောင် သိမ်မွေ့နူးညံ့ လွန်းနေပီး သက်တောင့်သက်သာ ရှိလှသည်။

ဝူယွမ်သည် ဤမျှ နူးညံ့သောအရာကို တစ်ခါမှ မကိုင်ဖူးခဲ့ဘဲ နောက်ထပ်ညစ်ကြည့်ချင်သော စိတ်များဖြစ်ပေါ်လာ၏။

ရှင်းချင်၏ မျက်နှာလေးမှာ ချက်ချင်း နီရဲသွားပြီး သူမ၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားလေသည်။

“သခင်ကြီးဝူယွမ် အမြှီးတွေကသခင်ကြီး ဆော့ကစားလို့ မကောင်းပါဘူး” ရှင်းချင်၏ မျက်နှာလေးမှာ ပူထူနေပြီး တုန်ယင်စွာ ပြောလိုက်သည်။

“ဖြန်း”

ယင်းဟွမ်ဟွမ်က လက်သွက်လှပြီး ဝူယွမ်၏ လက်ကို ရိုက်ချလိုက်ကာ “ဘာတွေ လျှောက်ကိုင်နေတာလဲ”

“ကျမအဆင်ပြေပါတယ်၊ သခင်ကြီးဝူယွမ်က တမင်လုပ်တာ မဟုတ်ပါဘူး” ရှင်းချင်က ခေါင်းငုံ့ကာ တိုးညှင်းစွာ ပြောလိုက်သည်။ ထို့နောက် အနီရောင် အလင်းတန်း တဖျပ်ဖျပ်လက်သွားပြီး သူမ၏ အမြီး သုံးချောင်းကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းလိုက်သည်...

သုံးရက်အကြာတွင် ဝူယွမ်နှင့် အခြားသူများသည် သွေးစပါးအုံး မြို့တော်ဟု ခေါ်သော မြို့တစ်မြို့သို့ ရောက်ရှိလာကြသည်။

ဝူယွမ်တို့သည် မူလက ဖြတ်သန်းသွားရန်သာ ရည်ရွယ်ခဲ့သော်လည်း လေကျန်းဟု‌ခေါ်သော အမျိုးသားတစ်ဦးက အမြီးကိုးချောင်း မျိုးနွယ်စုမှ မိန်းမပျို နှစ်ဦးကို ဖမ်းဆီးထားပြီး မြို့တော်သခင်အား ဆက်သရန် ရည်ရွယ်ထားကြောင်း မြို့ထဲတွင် ကြားသိလိုက်ရပီး

မြို့ထဲရှိ လူအများအပြားမှာလည်း မနာလိုဝန်တူမှုများ ဖြစ်လာကြသည်။

အမြီးကိုးချောင်း မျိုးနွယ်စုသည် မိစ္ဆာ သားရဲ ကမ္ဘာထဲတွင် ညို့ယူဖမ်းစားနိုင်သော အလှအပနှင့် နာမည်ကျော်ကြားသည်။ သူတို့ မျိုးနွယ်စုမှ မိန်းကလေးများ အားလုံးမှာ သဘာဝက ဖန်တီးပေးထားသော ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည့် အလှတရာများ ရှိကြပြီး လူတိုင်းကအလွန် တပ်မက်လိုချင်ကြသည်။

ထိုလူများ၏ လက်ထဲသို့ ကျရောက်သွားသော အမြီးကိုးချောင်းမြေခွေး အမျိုးသမီးများ၏ ကံကြမ္မာမှာ စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ကြေကွဲဖွယ် ကောင်းလှသည်။

ထိုသတင်းကို ကြားသောအခါ ရှင်းချင်သည် ချက်ချင်း ဒူးထောက်ကာ ဝူယွမ်ကို တောင်းပန်လေသည်။

အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ခေါ်ဆောင်သွားမည်ဟု ကတိပေးထားပြီးဖြစ်ရာ ဝူယွမ်သည် မဆိုင်းမတွဘဲ သူ၏ လူများကို မြို့တော်သခင်၏ စံအိမ်အတွင်းသို့ တစ်ခါတည်း ခေါ်ဆောင်သွားခဲ့သည်။

မြို့တော်သခင် ချောင်ယင်းသည် မူလက သွေးတစ္ဆေ စပါးအုံးမြွေ တစ်ကောင်ဖြစ်ပြီး ဆန်းကြယ်သေခြင်းအဆင့် ပြီးပြည့်စုံခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဤကဲ့သို့သော စွမ်းအားမျိုးမှာ ဆန်းကြယ်သေခြင်းအဆင့် အသေးစား ပြီးပြည့်စုံခြင်း အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးသာ ကာကွယ်ပေးထားသော အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုတစ်ခုက ဘယ်သောအခါမှ ရန်စရဲမည် မဟုတ်ပေ။

ကံမကောင်းစွာဖြင့် ဝူယွမ်နှင့် အခြားသူများကို တွေ့ဆုံချိန်တွင် သူ့၌ ခုခံနိုင်စွမ်းပင် မရှိခဲ့ပေ။

ဝူယွမ်က ချောင်ယင်းကို သတ်ပစ်လိုက်ပြီး အမြီးကိုးချောင်းမြေခွေး မိန်းမပျို နှစ်ဦးကို ကယ်တင်ခဲ့သည်။

ဘေးအန္တရာယ်မှ လွတ်မြောက်လာသော မိန်းမပျို နှစ်ဦးသည် ဝူယွမ်ကို ကျေးဇူးတင်ရန် ဒူးထောက်လိုက်ကြသည်။

၀ူယွမ်တို့သာ အနည်းငယ် နောက်ကျခဲ့ပါက သူတို့သည် ထိုစပါးအုံးမြွေကြီး ချောင်ယင်း၏ ဖျက်ဆီးခြင်းကို ခံရပေလိမ့်မည်။

ရှင်းချင်သည် အမြီးကိုးချောင်းမြေခွေး နှစ်ကောင်စလုံးကို သိရှိပြီး သူတို့ကို ဝူယွမ်နှင့် မိတ်ဆက်ပေးလိုက်ရာ အလွန် ရိုသေလေးစားစွာဖြင့် စကားပြောဆိုပြီး ဝူယွမ်ကို နတ်ဘုရားတစ်ပါးပမာ လေးစားသွားကြ၏။

နှစ်ရက်ကြာပြီးနောက်

ရှင်းချင်နှင့် အမြီးကိုးချောင်းမြေခွေး သုံးကောင်တို့၏ ဦးဆောင်မှုဖြင့် သူတို့သည် အမြီးကိုးချောင်း ရွာသို့ ရောက်ရှိလာကြသည်။

စိမ်းလန်းစိုပြေသော တောင်ပေါ်ရွာလေးတွင် ရံဖန်ရံခါ တိမ်အနီရောင်များ ပြန့်ကျဲနေပြီး တောင်တစ်ခွင်လုံးရှိ ငှက်များ၏ တေးဆိုသံများနှင့်အတူ နတ်ပြည်နှင့်တူသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။

ရွာထဲသို့ ဝင်ရောက်လာသောအခါ ဆွဲဆောင်မှုရှိသော လူအရိပ်များ ရံဖန်ရံခါ တဖျပ်ဖျပ်လက်ကာ ထွက်ပေါ်လာတတ်သည်။ စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည့် သူတို့၏ မျက်လုံးကျယ်ကြီးများက ဝူယွမ်နှင့် အခြားသူများ ဝင်ရောက်လာသည်ကို စောင့်ကြည့်နေကြပြီး တစ်ခါတစ်ရံတွင် ညင်သာသော ရယ်မောသံများကို ကြားနေရသည်။

ရှင်းချင်က သူမ၏ မျိုးနွယ်ဝင်များကို ပြန်လွှတ်လိုက်ပြီး ရှင်းပြလိုက်သည်

“သခင်ကြီးဝူယွမ်၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့၊ ငါတို့ အမြီးကိုးချောင်း ရွာက ပုံမှန်အားဖြင့် အပြင်လူတွေကို ပိတ်ထားပြီး ငါတို့ မျိုးနွယ်ဝင်တွေက အပြင်လူတွေ၊ အထူးသဖြင့် လူသားတွေကို မြင်ရခဲပါတယ်၊ ဒါကြောင့် သူတို့ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်တာ ကို အပြစ်မတင်ပါနဲ့ဦး”

“က်ိစ္စမရှိပါဖူး ဒါက ဖြစ်သင့်ပါတယ်” ဝူယွမ်က ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ဤပတ်ဝင်းကျန်ကို အလွန် စူးစမ်းလိုစိတ် ပြင်းပြနေသောကြောင့် ဖြစ်သည်။

အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုသည် ၎င်း၏ နာမည်ဂုဏ်သတင်းနှင့် အစစ်အမှန်ထိုက်တန်၏။

လမ်းတစ်လျှောက်ရှိ မျိုးနွယ်စုမှ အမျိုးသမီးတိုင်းမှာ ပြိုင်ဘက်ကင်းသော အလှတရားများ ကိုယ်စီ ပိုင်ဆိုင်ထားကြ၏။

မျက်စိတစ်ဆုံးကျယ်‌ပြောလှသော ပန်းခင်းကြီးကလည်း အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

ဝူယွမ်၏ ခရမ်းရောင် အထွတ်အထိပ် မိစ္ဆာ မျက်လုံးများဖြင့်ပင်

မြင်တွေ့ရသော အရာအားလုံးမှာ အလွန်ပင် ထူးစမ်းလွန်းနေ၏။

ရွာ၏ ဗဟိုချက်သို့ ဝင်ရောက်လာသောအခါ လူအများအပြား ထိုနေရာတွင် စောင့်ဆိုင်းနေကြ၏။

သူတို့ မရောက်မီကပင် ဝူယွမ်နှင့် သူ၏ အဖွဲ့ ကယ်တင်ခဲ့သော မြေခွေး မိန်းမပျို နှစ်ဦးသည် အမြီးကိုးချောင်း ရွာသို့ ဝိညာဉ် သတင်းစကားတစ်ခု ကြိုတင် ပို့လွှတ်ထားခဲ့ပြီး ဖြစ်သည်။

လူအုပ်ကြီး၏ ရှေ့တွင် အနည်းငယ် ခန့်ညားသော လှပသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမက ရှင်းချင်ကို အရင်ဆုံး မြင်လိုက်ရပြီး သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ချက်ချင်း ပေါ်လာသည်။

“အမေ”

ရှင်းချင်၏ မျက်လုံးလေးများ နီရဲသွားပြီး လှပသော အမျိုးသမီး၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားလေသည်။

သားအမိ နှစ်ယောက် ဖက်ထားပြီးနောက် လှပသော အမျိုးသမီးက ဝူယွမ်ကို ဦးညွှတ်ကာ တိုးညှင်းစွာ ပြောလိုက်သည်

“သခင်ကြီးဝူယွမ်၊ ကျွန်မက အမြီးကိုးချောင်း မျိုးနွယ်စုရဲ့ လက်ရှိ မျိုးနွယ်စု ခေါင်းဆောင် ရှင်းရှင်းပါ၊ ရှောင်လျိုနဲ့ ရှောင်ချင်းတို့ကို ကယ်တင်ပေးတဲ့အတွက် အမြီးကိုးချောင်း မျိုးနွယ်စု တစ်ခုလုံး ကိုယ်စား ကျွန်မ ကျေးဇူးတင်ပါတယ်”

ဝူယွမ်က ပြောလိုက်သည် “မျိုးနွယ်စု ခေါင်းဆောင် ရှင်း၊ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး၊ ကျတော်ကလမ်းကြုံလို့ ဖြေရှင်းပေးခဲ့ရုံသက်သက်ပါ”

ရှင်းရှင်းက လူငယ်လေးကို စူးစမ်းလိုစိတ်များဖြင့် ဝူယွမ်ကို အကဲခတ်ကြည့်ရှုလိုက်သည်။ ရှင်းချင်က သူမ၏ ဝိညာဉ် သတင်းစကားတွင် သခင်ကြီးဝူယွမ်၏ လုပ်ဆောင်ချက်များကို ပြောပြထားခဲ့သော်လည်း ဤမျှ ငယ်ရွယ်သော ဝူယွမ်သည် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် ယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်ကို သူမအနေဖြင့် ယုံကြည်ရန် ခက်ခဲနေသည်။

သို့သော်လည်း ရှင်းချင်က သူမကို လိမ်ညာရန် မဖြစ်နိုင်ပေ။

“သခင်လေး ဝူယွမ်၊ မင်းမှာ ငါတို့ အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုကို ခိုလှုံခွင့် ပေးနိုင်တဲ့ အတွင်း ကမ္ဘာတစ်ခု ပါဝင်တဲ့ အစွမ်းထက် လေဟာနယ် နတ်ဘုရားရတနာ တစ်ခု ရှိတယ်လို့ ချင်အာဆီက ကြားခဲ့တယ်၊ ငါ အဲဒါကို ကြည့်ခွင့်ရနိုင်လား မသိဖူး” ရှင်းရှင်းက မေးမြန်းလိုက်၏။

ရှင်းရှင်းမှာ သူတို့ အမြီးကိုးချောင်း မျိုးနွယ်စု၏ အနာဂတ်နှင့် သက်ဆိုင်နေသဖြင့် မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်အနေဖြင့် သူမ အလွန် သတိထားရန် လိုအပ်သည်။

“‌ကိစ္စမရှိဖူး ကြည့်လို့ရပါတယ် ”

ဝူယွမ် အနည်းငယ် ပြုံးလိုက်သည်။ ရှင်းရှင်း၏ စိုးရိမ်ပူပန်မှုများကို သူ နားလည်သည်။ မည်သို့ပင်ဆိုစေ သူမနှင့် ဝူယွမ်တို့သည် ယခုလေးတင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နက်ရှိုင်းသော ပက်သက်မှုလည်း မရှိကြပေ။ ယခုလေးတင် တွေ့ဆုံခဲ့သော ဤအမျိုးသားတစ်ဦးထံသို့ အမြီးကိုးချောင်း မျိုးနွယ်စု၏ အနာဂတ်ကို အလွယ်တကူ အပ်နှင်းရန်မှာ မဖြစ်နိုင်ပေ။

“ကျတော် နောက်ကို လိုက်ခဲ့ပါ”

ဝူယွမ်က ရွာထဲရှိ ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်သောအခါ ရှေးဟောင်းကျောက်တိုင်ကို ထုတ်ယူလိုက်သည်။

“ဝုန်း”

သေးငယ်သော ရှေးဟောင်းကျောက်တိုင်က ကြီးထွားလာပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကာ မျက်စိတစ်မှိတ်အတွင်း ဆယ်မီတာ အမြင့်သို့ ရောက်ရှိသွားသည်။

ရူန်းသင်္ကေတများက ၎င်း၏ မျက်နှာပြင်ပေါ်တွင် တဖျပ်ဖျပ်လက်သွားပြီး မကြာမီတွင် ကျောက်တိုင်၏ မျက်နှာပြင်ပေါ်၌ အဖြူရောင် လေဟာနယ် တံခါးတစ်ခု ဖန်တီးလိုက်သည်။

ဝူယွမ်က ပြောလိုက်၏ “ဒီတံခါးကနေ မင်းတို့ ဝင်လို့ ရပါတယ်”

အမြီးကိုးချောင်းအမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုမှ လူများအားလုံးသည် ဤရှေးဟောင်းကျောက်တိုင် ကမ္ဘာအကြောင်း စူးစမ်းလိုစိတ်များ ပြည့်နှက်နေပီး ရှေးဟောင်းကျောက်တိုင်အပေါ်သို့ သူတို့၏ အကြည့်များကို စူးစိုက်လိုက်ကြသည်။

ဤကဲ့သို့သော ရှေးဟောင်းကျောက်တိုင် တစ်ခုက ကမ္ဘာတစ်ခုကို တကယ်ပဲ ဆံ့နိုင်လိမ့်မည်ဟု သူတို့ မမယုံကြည်ခဲ့ကြ‌ပ။

“ရွှမ်စု၊ မျိုးနွယ်စု ခေါင်းဆောင် ရှင်းရှင်းကို ငါတို့ မဟာရှေးဟောင်း ဂိုဏ်းဆီ လည်ပတ်ဖို့ ခေါ်သွားလိုက်ပါ”

ဝူယွမ်က ရွှမ်စုကို ရှင်းရှင်းနှင့် အခြားသူများအား ရှေးဟောင်းကျောက်တိုင်အတွင်းသို့ ခေါ်ဆောင်သွားစေခဲ့သည်။

မြေခွေးမျိုးနွယ်စုမှ လှပသော အမျိုးသမီးများ ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားသည်နှင့်အမျှ အံဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာခဲ့၏။

“ဝါး အရမ်းကြီးတာပဲ”

“တကယ့်ကို ကမ္ဘာတစ်ခုပဲ”

“နယ်နိမိတ် ဘာတစ်ခုမှ ငါ အာရုံမခံနိုင်ဘူး”

“ဘုရားရေ၊ ဒါ ဘယ်လို သစ်ပင်မျိုးလဲ၊ ကောင်းကင်နဲ့ မြေကြီး တစ်ခုလုံးကိုတောင် ဆန့်တန်းနေတာ”

“ဒီစီးဆင်းနေတဲ့ မြစ်က ငါထင်တာ မမှားဘူးဆိုရင် တကယ်ပဲ နိဗ္ဗာန်ဆေးလုံး မြစ်တစ်ခုပဲ”

“ဒီမှာရှိတဲ့ ကောင်းကင်နဲ့ မြေကြီး အသက်စွမ်းအင်က ငါတို့ အမြီးကိုးချောင်း ရွာထက် အဆတစ်ရာလောက် ပိုသိပ်သည်းတာပဲ”

“တကယ့်ကို ကောင်းချီးပေးခံရတဲ့ မြေကြီးပဲ”

.အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုမှ လူများမှာ လျင်မြန်စွာ ဆွဲဆောင်ခံလိုက်ရပြီး ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းရှိ မြင်ကွင်းများကြောင့် နက်ရှိုင်းစွာ ဆွဲဆောင်ခံလိုက်ရ၏။

ဝူယွမ်သည် ရှောင်ယန် သူ့ကို လာတွေ့မည့်အချိန်ကို စောင့်ဆိုင်းရင်း အမြီးကိုးချောင်း ရွာတွင် ယာယီ နေထိုင်ခဲ့သည်။

ဤအချိန်အတွင်း ရှင်းရှင်းသည် သူမ၏ မျိုးနွယ်ဝင်များကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း လှည့်လည်ကြည့်ရှုရန် ခေါ်ဆောင်သွားခဲ့သည်။

ရှေးဟောင်းကျောက်တိုင် ကမ္ဘာအကြောင်း သူမ ပိုသိလာလေလေ ဝူယွမ်မှာ နားလည်ရခက်ကြောင်း သူမ ပိုတွေ့ရှိလာလေလေဖြစ်ပြီး တစ်ချိန်တည်းမှာပင် ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ဝင်ရောက်ရန် သူမ ပိုမို စိတ်ပိုင်းဖြတ်လာလေလေ ဖြစ်သည်။

ဤနေ့တွင် ရှင်းရှင်းနှင့် အခြားသူများ ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း၌ ရှိနေသေးချိန်တွင် ဖိတ်ခေါ်မထားသော ဧည့်သည် တစ်စု အမြီးကိုးချောင်း ရွာသို့ ရုတ်တရက် ရောက်ရှိလာကြသည်။

“ဟားဟား၊ အမြီးကိုးချောင်း မျိုးနွယ်စုက လူတွေ၊ ထွက်လာပြီး ဒီနှစ်အတွက် ပဏ္ဏာဆက်သကြစမ်း”

ကြမ်းတမ်းသော အသံတစ်ခုက ရွာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လူပေါင်းများစွာ ရှိ‌နေသော ရွာထဲသို့ ဝင်ရောက်လာ၏။

ဝူယွမ်က မျက်မှောင်ကြုတ်သွားလေသည်။

All Chapters