← Chapters

အထူးပြည်ထောင်စုမှ နံပါတ်တစ် ချင်ထန်း၊ ဖိနှိပ်ခံရခြင်း။

Vol. 20 Ch. 191

အထူးပြည်ထောင်စုမှ နံပါတ်တစ် ချင်ထန်း၊ ဖိနှိပ်ခံရခြင်း။

Vol. 20 Ch. 191

ဝူယွမ်၏ အသံက မှောင်မိုက်နေသော ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာရာ စုန့်ကျန်းနှင့် ကျန်ရှိနေသူများအားလုံး အဆုံးမရှိ နက်ရှိုင်းလှသော “ဝါးမျိုခြင်းကောင်းကင် ပါးစပ်” ကြီးကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်လိုက်မိကြသည်။

အထူးသဖြင့် စုန့်ကျန်း၏ စိတ်ထဲတွင် ပို၍ တုန်လှုပ်နေမိသည်။ ထိုအတောမသတ်နိုင်သော ဝါးမျိုခြင်းစွမ်းအားသည် ဝူယွမ်ကို အဆုံးမရှိသော မှောင်မိုက်ခြင်းထဲတွင် ပိတ်လှောင်ထားမည်ဖြစ်ပြီး မည်သည့်အခါမျှ ပြန်လည်လွတ်မြောက်လာနိုင်မည်မဟုတ်ဟု သူက အပြည့်အဝ ယုံကြည်ထားခဲ့ခြင်းဖြစ်လေသည်။

သို့သော်လည်း မျှော်လင့်မထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ဝူယွမ်သည် ထိုမှောင်မိုက်ခြင်းထဲမှ ရုန်းထွက်တော့နိုင်မည့်ပုံစံ ဖြစ်နေသည်။

“မကောင်းတော့ဘူး”

စုန့်ကျန့်၏ မျက်နှာသည် ရုတ်ခြည်း ပျက်ယွင်းသွားသည်။ သူ၏ ဝါးမျိုခြင်းစွမ်းအားများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

သူကအမြဲတမ်း အခြားသူများကို ဝါးမျိုခဲ့သူဖြစ်သော်လည်း ယခုမူ သူ၏ စွမ်းအားများက ပြန်လည်ဝါးမျိုခြင်း ခံနေရသည်။ ပို၍ တိတိကျကျ ပြောရလျှင် သူ၏ ဝါးမျိုခြင်းစွမ်းအားကိုပင် ပြန်လည်ဝါးမျိုခြင်း ခံနေရခြင်း ဖြစ်သည်။

ဝူယွမ်၏ နီဝမ်နယ်ပယ်က လှိုင်းထန်လာခဲ့သည်။ ကစဉ်ကလျားသန္ဓေသား၏ အထက်တွင် ဝါးမျိုခြင်းဘိုးဘေးအဆောင်က တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေပြီး သူ၏ ခေါင်းအထက်တွင် ဧရာမ အနက်ရောင် ဝဲဂယက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ဝါးမျိုခြင်းစွမ်းအားက အရာဝတ္ထု၊ စွမ်းအင်မျိုးစုံကို ဝါးမျိုနိုင်စွမ်းရှိသည်။ ထိုလောဘကြီးသော သားရဲနတ်ဆိုး၏ ဝါးမျိုခြင်းစွမ်းအားသည်လည်း ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ ဝါးမျိုနိုင်သည့်နယ်ပယ်အတွင်း၌သာ ရှိနေခဲ့သည်။

ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် ထိုသားရဲနတ်ဆိုး၏ စွမ်းအားမှာ အလွန်ပင် အားနည်းလွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် ဝါးမျိုခြင်းဘိုးဘေးအဆောင်က နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုဖြစ်နေသောကြောင့်ပင်။

ထို့အပြင် ထိုသားရဲနတ်ဆိုးမှာ သေဆုံးပြီးသား အရာတစ်ခုသာ ဖြစ်သည်။ စစ်မှန်သော သားရဲနတ်ဆိုးကြီး ပြန်လည်အသက်မဝင်လာသရွေ့ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။

ထောင်းထျဲ့၏ ဝိညာဉ်က တုန်ရီနေပြီး ၎င်း၏ စွမ်းအားများမှာ လျင်မြန်စွာ အားနည်းလာခဲ့သည်။ ဝူယွမ်သည် အတွင်းပိုင်းမှနေ၍ အဖျက်စွမ်းအားကို ထုတ်ဖော်ကာ ပြိုင်ဘက်၏ စွမ်းအားကို ဝါးမျိုပစ်လိုက်ခြင်းဖြင့် ပြန်လည်ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်လိုက်သည်။

“တောက်... ကျန်တဲ့သူတွေကို မြန်မြန် သွားဖမ်းကြစမ်း”

စုန့်ကျန်းသည် ရူးသွပ်မတတ် ဖြစ်သွားပြီး သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အတိုင်းသာ ပေါ်ပေါက်လာကာ စုန့်ချွဲ၊ စုန့်ပါ့နှင့် အခြားသူများကို အော်ဟစ်အမိန့်ပေးလိုက်သည်။

ထျန်းမိုပြည်ထောင်စုမှ ကျွမ်းကျင်သူ အများအပြားသည် ဝူယွမ် ထွက်မလာနိုင်ခင် မဟာယန်ပြည်ထောင်စုမှ ကျန်အဖွဲ့ဝင်များကို ဖမ်းဆီးပြီး ဓားစာခံအဖြစ် အသုံးချရန် အတင်းအဓမ္မ ထိုးစစ်ဆင်လာကြသည်။

ထိုအချိန်တွင် လင်းတုန်က နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်ကို ထိန်းချုပ်ကာ တစ်ဦးတည်းနှင့် ရန်သူ တစ်ရာကို ရင်ဆိုင်နေခဲ့သည်။ သူသည် ဟွာကူးနှင့် သွေးရိပ် တို့ကို ဖိနှိပ်ထားရုံသာမက သူတို့ပြည်ထောင်စုမှ ကျွမ်းကျင်သူ အများအပြားကိုလည်း ပိတ်ဆို့ထားနိုင်ခဲ့သည်။

အခြားသူများကိုလည်း ပိုင်ယွမ်နှင့် ကျန်အဖွဲ့ဝင်များက ခုခံတားဆီးထားကြသည်။ ရန်သူ့အင်အားမှာ မိမိတို့ထက် အဆပေါင်းများစွာ သာလွန်နေသော်လည်း မဟာယန်ပြည်ထောင်စုဘက်မှ လူများမှာမူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ အေးအေးဆေးဆေး ကိုင်တွယ်နိုင်စွမ်း ရှိကြ‌ေလသည်။

ကျန်းယွဲ့၏ တည်ရှိမှုက နိဗ္ဗာန်အဆင့်သုံးအောက်ရှိ တိုက်ခိုက်ရေးသမားများ၏ ခံနိုင်ရည်ကို များစွာ အထောက်အကူပြုနေပြီး မဟာယန်ပြည်ထောင်စု၏ ခံစစ်ဗျူဟာကို ထိရောက်စွာ ထိန်းသိမ်းပေးထားနိုင်ခဲ့သည်။

ထို့အပြင် မဟာယန်ပြည်ထောင်စုဘက်တွင် ပိုင်ယွမ်နှင့် ရှောင်တျောင်းဆိုသည့် လျှို့ဝှက်လက်နက်နှစ်ခုမှာလည်း အစွမ်းကုန် မထုတ်သုံးရသေးပေ။

စုန့်ချွဲနှင့် ကျန်သူများ ပြေးဝင်လာချိန်တွင် ရှောင်ယန်သည် သူ၏ ကျင့်စဉ်အဆင့်ကို အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပြီး နိဗ္ဗာန်အဆင့်လေး၏ အစွမ်းထက်သော အရှိန်အဝါများမှာ ဟုန်ခနဲ ထွက်ပေါ်လာခဲ့သည်။

သူ၏ သန်မာသော ကိုယ်ခန္ဓာကြီးနှင့် လူအုပ်ကြီးကို ကျော်လွှားကာ ခုန်ဝင်လိုက်ပြီး လေးလံလွန်းသော အနက်ရောင် သံတုတ်ကြီးကို လက်တွင် ဆုပ်ကိုင်ထားသည်။ သူ၏ တစ်ကိုယ်လုံးတွင် လိမ္မော်ရင့်ရောင် “ဗာမီလီယံငှက်မီး‌ေတာက်” များ ပတ်ပြေးနေခဲ့ပြီး တုတ်ကြီးကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ကာ ကောင်းကင်ယံမှနေ၍ ဧရာမ တုတ်အရိပ်ကြီးတစ်ခုဖြင့် ရိုက်ချလိုက်သည်။ ပူပြင်းသော မီးတောက်များက တုတ်အရိပ်နှင့်အတူ ပျံ့နှံ့သွားပြီး ထျန်းမိုပြည်ထောင်စုမှ လူတိုင်းကို လွှမ်းခြုံသွားတော့သည်။

ရှောင်ယန်သည် နိဗ္ဗာန်အဆင့်လေးသာ ရှိသေးပြီး စုန့်ချွဲနှင့် စုန့်ပါ့တို့ထက် တစ်ဆင့်နိမ့်နေသော်လည်း ယခုထုတ်ဖော်လိုက်သော အစွမ်းထက် တိုက်စစ်ကြောင့် သူတို့နှစ်ဦးစလုံးမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး ခံစစ်ဗျူဟာကို အလျင်အမြန် ပြင်ဆင်လိုက်ကြရသည်။

ဘုန်း

တုတ်ရိပ်ကြီး ကျဆင်းသွားသည်နှင့်အမျှ ထျန်းမိုပြည်ထောင်စုမှ လူများမှာ အရပ်မျက်နှာအနှံ့ လွင့်စင်သွားကြသည်။ သတ္တိခဲ ရှောင်ယန်က ရန်သူ့တပ်ဖွဲ့များကြားထဲသို့ တိုက်ရိုက် တိုးဝင်သွားပြီး မီးလျှံကျားအမှီးမှ ပြောင်းလဲထားသော သံတုတ်ကို အဆက်မပြတ် ဝေ့ယမ်းကာ စစ်မြေပြင်တစ်ခုလုံးကို တုတ်အရိပ်များဖြင့် ဖုံးလွှမ်းစေလိုက်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း အဆက်မပြတ် မြင့်တက်လာနေပြီး တစ်ချက်ထက် တစ်ချက် ပိုမိုပြင်းထန်လာသည်။ တိုက်ခိုက်နေရင်း ရှောင်ယန်၏ နောက်ကျောတွင် မီးလျှံဖီးနစ်ငှက် ပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာလေသည်။

ထိုမီးတောက်များက သူ၏ ကိုယ်ခန္ဓာကို ဗဟိုပြု၍ ပျံ့နှံ့သွားရာ ၎င်းမီးတောက်နှင့် ထိတွေ့မိသူတိုင်း…. စုန့်ချွဲနှင့် စုန့်ပါ့တို့ပင်လျှင် ငြှိမ်းသတ်ရန် အလွန်ခက်ခဲနေကြသည်။ နိဗ္ဗာန်အဆင့်နှစ် ကျင့်ကြံသူများမှာမူ ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားကြရသည်။

ရှောင်ယန်က “ခိုင်မာ”စာလုံး ကိုယ်ခန္ဓာကျမ်းကို လေ့ကျင့်ထားသူ ဖြစ်ပြီး လင်းတုန်နှင့် မတူညီသည်မှာ သူ၏ နောက်ဆုံးပန်းတိုင်က “ဒေါသနတ်ဘုရင် ကိုယ်ခန္ဓာ” ဖြစ်ကာ ထိုကိုယ်ခန္ဓာစွမ်းအားက မိမိ၏ အဆင့်ထက် ကျော်လွန်သော တိုက်ခိုက်ရေးစွမ်းအားကို အဆက်မပြတ် ထုတ်ဖော်နိုင်စွမ်း ရှိခြင်းပင်ဖြစ်သည်။

၎င်းကို တိုက်ခိုက်ရေးအတွက် သီးသန့်ဖန်တီးထားသော ကိုယ်ခန္ဓာဟုပင် ဆိုနိုင်သည်။

ဗာမီလီယံမီးတောက်များကို စုပ်ယူပြီးနောက် ရှောင်ယန်၏ ကိုယ်ခန္ဓာသည်လည်း ဝူယွမ်၏ “မဟာတောင်တန်း ကိုယ်ခန္ဓာ” နှင့် ရင်ဘောင်တန်းနိုင်သော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့အပြင် ရှောင်ယန်က မျိုးဗီဇပြောင်းလဲထားသော နတ်ဆိုးကျား တစ်ကောင် ဖြစ်သည်။ သူက သားရဲအမျိုးမျိုး၏ သွေးအဆီအနှစ်များကို စုပ်ယူကာ ကောင်းကင်နတ်ဆိုးကျားရိုး နှင့် ပေါင်းစပ်ပြီး ယခုကဲ့သို့ အစွမ်းကို ရရှိလာခြင်း ဖြစ်သည်။ သူ၏ ဇစ်မြစ်ကို ခြေရာခံဖို့ရာမလွယ်ချေ။

ပိုင်ယွမ်နှင့် ရှောင်တျောင်းတို့ကဲ့သို့ မွေးကတည်းက အထွတ်အထိပ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူများကဲ့သို့ မဟုတ်ပေ။ ထို့ကြောင့် ဝူယွမ်က ပိုင်ယွမ်နှင့် ရှောင်တျောင်းကို သူတို့၏ သားရဲမျိုးနွယ် စွမ်းအားများကို အလွန်အကျွံ မထုတ်ဖော်ရန် တားမြစ်ထားသော်လည်း ရှောင်ယန်ကိုမူ တိုက်ပွဲတွင် အစွမ်းကုန် ထုတ်သုံးရန် ခွင့်ပြုထားခြင်း ဖြစ်သည်။

ယခုအချိန်တွင် အစွမ်းကုန် ထုတ်ဖော်ထားသော ရှောင်ယန်မှာ လင်းတုန်ထက်ပင် ပိုပြီးကြမ်းတမ်း ခက်ထန်နေခဲ့သည်။ သူ၏ တိုက်ခိုက်မှုပုံစံမှာ ရိုးရှင်းသော်လည်း ရက်စက်လှသည်။ စုန့်ချွဲနှင့် စုန့်ပါ့မှအပ အခြားမည်သူမျှ ရှောင်ယန်၏ တစ်ချက်ရိုက်ချက်ကိုပင် မခံနိုင်ကြချေ။

အခြေအနေများမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ဝူယွမ်က အမှောင်ထုထဲမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သားရဲနတ်ဆိုးကြီး၏ ဝိညာဉ်တစ်ခုလုံးမှာလည်း ဝူယွမ်၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

“မင်းတို့ တကယ်ကို တော်ကြတာပဲ။ ထိပ်တန်းပြည်ထောင်စုကြီး လေးခု ပေါင်းပြီး ငါတို့ မဟာယန်ပြည်ထောင်စုကို လုံးဝ အမြစ်ဖြတ်ဖို့ ကြံစည်နေကြတာပေါ့လေ”

ဝူယွမ်သည် မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို ကိုင်ဆောင်ကာ စုန့်ကျန့်ကို အေးစက်စက် ကြည့်ရင်း ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ မင်းတို့အားလုံး ဒီမှာပဲ အမြဲတမ်း နေသွားကြတော့ပေါ့”

မိုးကြိုးဓားမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဝူယွမ်၏ ခန္ဓာကိုယ်မှလည်း အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်တွင် နဂါးပြာ အကြေးခွံများ ဖုံးလွှမ်းသွားပြီး ဓားအထက်တွင် နဂါးပြာပုံရိပ်တစ်ခု ဝဲပျံနေသည်။ တစ်ခဏချင်းအတွင်း ဝူယွမ်၏ အရှိန်အဝါမှာ နဂါးပြာစစ်နတ်ဘုရားတစ်ပါး လောကထဲသို့ ဆင်းသက်လာသကဲ့သို့ အလွန်အမင်း အစွမ်းထက်လာခဲ့သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော နဂါးအရှိန်အဝါကို ရင်ဆိုင်လိုက်ရသောအခါ စုန့်ကျန်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး သူ၏ စိတ်နှလုံးအတွင်းပိုင်းမှပင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာခဲ့လေသည်။

“နဂါးပြာဓားချက်”

ဝူယွမ်က နဂါးပြာမိုးကြိုးဓားကို ဝေ့ယမ်းလိုက်ရာ ထက်မြက်သော နဂါးပြာဓားရိပ်ကြီးတစ်ခု ကျဆင်းလာခဲ့သည်။

ချလွမ်။

နဂါးဝိညာဉ် ပါဝင်သော ဓားချက်က စုန့်ကျန်းကို လွင့်စင်သွားစေခဲ့ပြီး၊ သူ၏ ကိုယ်ပေါ်ရှိ ဝိညာဉ်ရတနာလက်နက် မိစ္ဆာချပ်ဝတ်နှင့် အခြား ကာကွယ်ရေး ဝိညာဉ်ရတနာများမှာ ထိုတစ်ချက်တည်းဖြင့် ကြေမွသွားရသည်။

စုန့်ကျန်းက လေထဲတွင် သွေးများ အန်ထုတ်ကာ သစ်ပင်ကြီးတစ်ပင်ကို အရှိန်ဖြင့် ဝင်တိုက်မိသွားသည်။

ထိုအချိန်တွင် ရှောင်ယန်၊ လင်းတုန်နှင့် အခြားသူများသည်လည်း တိုက်ပွဲများကို အဆုံးသတ်လိုက်ကြပြီ ဖြစ်သည်။ ထိပ်တန်းပြည်ထောင်စုကြီး လေးခုမှ လူများမှာ နေရာအနှံ့တွင် သေသူက သေ၊ ဒဏ်ရာရသူက ရဖြင့် ပျက်စီးနေကြပြီ ဖြစ်သည်။

ပျက်စီးနေသော တောအုပ်စစ်မြေပြင်အတွင်း လေထုမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး သွေးနံ့များမှာလည်း တစ်လှိုင်လှိုင်ထွက်ပေါ်နေခဲ့ငည်။ ထိပ်တန်းပြည်ထောင်စု လေးခုနှင့် စုန့်မိသားစုမှ နတ်ဆိုးသုံးဖော်တို့မှာ အပြည့်အဝ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

“သူတို့ဆီက နိဗ္ဗာန်တံဆိပ်တွေကို စုပ်ယူလိုက်ကြ”

ဝူယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ လက်ထဲမှ နိဗ္ဗာန်တံဆိပ်မှာ ခရမ်းရွှေရောင်သို့ ပြောင်းလဲတော့မည် ဖြစ်သည်။

စုန့်မိသားစုမှ နတ်ဆိငူသုံးဖော်မှာမူ ခရမ်းရွှေရောင် နိဗ္ဗာန်အဆောင်များကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။ ဝူယွမ်က စုန့်ကျန်း ရှေ့သို့ သွားကာ သူ၏ လက်ဖဝါးမှ ခရမ်းရွှေရောင် နိဗ္ဗာန်တံဆိပ်ကို စုပ်ယူလိုက်သည်။ စုပ်ယူလိုက်သည်နှင့်အမျှ ဝူယွမ်၏ လက်ထဲမှ မူလက ဖျော့တော့နေသော ခရမ်းရွှေရောင် တံဆိပ်သည် တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် စစ်မှန်သော ခရမ်းရွှေရောင်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့သည်။

ယခုအခါ သူသည်လည်း နိဗ္ဗာန်ရွှေစာရင်း ထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။

သူ့ နိဗ္ဗာန်တံဆိပ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသော စုန့်ကျန့်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ရာ ရက်စက်မှုများ ပေါ်ပေါက်လာပြီး အော်ဟစ်လိုက်သည်။

“ဝူယွမ်... ငါတို့ ထျန်းမိုပြည်ထောင်စုက ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ ငါတို့ ရှေးဟောင်းနယ်မြေက ထွက်သွားတာနဲ့ မင်း.. မြေမြှုပ်ဖို့ နေရာတောင် မရှိစေရဘူး”

“ဟက်ဟက်... ဟုတ်လား။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက မင်း ဒီရှေးဟောင်းနယ်မြေကနေ ထွက်သွားခွင့် မရတော့တာပဲ”

ဝူယွမ်က ပြုံးစစဖြင့် ပြောလိုက်သည်။ ရန်ငြိုးများမှာ ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူတို့ကို အသက်ချမ်းသာပေးရန် အစီအစဉ်မရှိပေ။ သူက မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို မြှောက်ကာ စုန့်ကျန့်၏ ဦးခေါင်းကို ချိန်ရွယ်လိုက်သည်။

ရုတ်တရက် အလင်းတန်းတစ်ခုက ဝူယွမ်၏ ဓားချက်ကို တားဆီးရန်အတွက် အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။

ထိုအလင်းတန်းက ဓားကို ထိမှန်သွားပြီး လမ်းကြောင်းလွဲသွားစေခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ နိဗ္ဗာန်အဆင့်ငါး ကျင့်ကြံသူတစ်ဦး၏ စွမ်းအားထက်ပင် ပိုမိုပြင်းထန်လှကာ ထိုသူ၏ စွမ်းအားမှာ အလွန်မြင့်မားလှသဖြင့် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်နိုင်သည်။

“ဘယ်သူက စုန့်ကျန့်ကို ကယ်ချင်နေတာလဲ”

လေတိုးသံများနှင့်အတူ လူတိုင်း၏ အကြည့်မှာ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ရောက်ရှိသွားရာ ထိုနေရာတွင် လူသုံးယောက် ပေါ်လာသည်ကို မြင်လိုက်ရသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ လူငယ်တစ်ဦး ဖြစ်ပြီး သူက နေဝန်းပုံစံပါသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အလွန်ပင် ခန့်ညားထည်ဝါလှသည်။ သူ၏ လက်များကို နောက်ကျောတွင် ထားကာ ထူးခြားသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ သူ့နောက်တွင်လည်း တူညီသော ဝတ်ရုံဝတ်ထားသူ နှစ်ဦး ရှိနေသည်။

“ဒါ... ထျန်းယွမ်ပြည်ထောင်စုက ချင်ထျန်းပဲ”

တစ်စုံတစ်ဦးက သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း မှတ်မိသွားခဲ့သည်။ သူတို့၏ ဝတ်စုံပေါ်မှ နေဝန်းပုံစံမှာ ထိပ်တန်းပြည်ထောင်စု တစ်ဆယ်တွင် အဆင့်တစ်နေရာ၌ ရှိနေသော ထျန်းယွမ်ပြည်ထောင်စု၏ အမှတ်အသားပဲ ဖြစ်သည်။

ချင်ထျန်းက စစ်မြေပြင်တစ်ခုလုံးကို ဂုဏ်ယူဝင့်ကြွစွာ ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

“ဒီကမိတ်ဆွေ... စုန့်ကျန်းက...”

ဘုန်း

သို့သော်လည်း ချင်ထျန်း စကားမဆုံးသေးမီမှာပင် ဝူယွမ်က လေးလံအကျဉ်းထောင်မီးတောက်တောင်ကို ထုတ်ဖော်လိုက်ကာ စုန့်ကျန့်အပေါ်သို့ အရှိန်ဖြင့် ကျဆင်းသွားပြီး စုန့်ကျန်းမှာ ချက်ချင်းပင် အသားပုံအဖြစ် ကြေမွသွားတော့သည်။

ဤအရာကို မြင်လိုက်ရသော ချင်ထျန်းသည် စကားစပြတ်သွားပြီး သူ၏ ခန့်ညားလှသော မျက်နှာမှာလည်း အလွန်ပင် နေရခက်သွားသည်။

“ဪ... ခင်ဗျားက ဘာပြောမလို့လဲ” ဝူယွမ်က ခေါင်းမော့ကြည့်ကာ ခပ်တည်တည်ပဲ မေးလိုက်သည်။

“မင်း...!”

‘ငါ ဘာပြောမလို့လဲတဲ့လား။ ငါက လူလွှတ်ပေးဖို့ ပြောမလို့ပေါ့’ ချင်ထျန်းက အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။ ဝူယွမ်က သူ့မျက်နှာကို မထောက်ဘဲ စုန့်ကျန့်ကို သတ်ပစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ယခုအခါ လူက သေသွားပြီ ဖြစ်သဖြင့် သူ ဘာမှ ပြောစရာ မရှိတော့ပေ။

သို့သော်လည်း ထျန်းမိုပြည်ထောင်စုမှ စုန့်ချွဲတို့မှာ အသက်ရှင်နေသေးသည်။

“ဒါဆို စုန့်ချွဲကို...”

ဖြောင်း

ချင်ထျန်းက စုန့်ချွဲ၏ အမည်ကို ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် အခြားတစ်ဖက်တွင်လည်း ရှောင်ယန်က စုန့်ချွဲ၏ နိဗ္ဗာန်တံဆိပ်ကို စုပ်ယူပြီးနောက် တုတ်ဖြင့် ရိုက်သတ်ပစ်လိုက်ပြန်သည်။

စုန့်ပါ့ တစ်ယောက်တည်းသာ ဘေးတွင် တုန်တုန်ယင်ယင်ဖြင့် ကျန်ရှိနေပြီး ချင်ထျန်းကို အားကိုးတကြီး ကြည့်နေရှာသည်။

ချင်ထျန်းက သစ်ပင်ပေါ်တွင် ဂုဏ်ယူဝင့်ကြွစွာ ရပ်နေခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ မျက်နှာမှာ နီမြန်းလာခဲ့ပြီ ဖြစ်သည်။ သူက တည်ငြိမ်မှုကို ဆုံးရှုံးသွားပြီး စုန့်ပါ့၏ ရှေ့သို့ တစ်ခဏချင်းအတွင်း ရောက်ရှိလာသည်။

“မင်း... ထျန်းယွမ်ပြည်ထောင်စုနဲ့ ငါ့မျက်နှာကို ထောက်ထားပြီး သူတို့ကို လွှတ်ပေးလို့ မရဘူးလား” ချင်ထျန်းက အေးစက်သော မျက်နှာဖြင့် မေးလိုက်သည်။

“ဟက်ဟက်... မရဘူး”

ဝူယွမ်က အေးစက်သော စကားလုံးနှစ်လုံးဖြင့်သာ တုံ့ပြန်လိုက်သည်။

“မင်း ငါ့ကို ကစားနေတာပဲ” ချင်ထျန်း၏ မျက်နှာမှာ တင်းမာသွားပြီး သူ၏ လက်များမှ ယွမ်စွမ်းအင်များ ထွက်ပေါ်လာကာ လက်ချောင်းထိပ်များတွင် အလင်းတန်းများ ဖျတ်ခနဲ ဖြစ်ပေါ်လာသည်။

သူ၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှပြီး ဝူယွမ်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ ချင်ထျန်း၏ အစွမ်းမှာ နိဗ္ဗာန်အဆင့်ခြောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ရိုးရှင်းသော တိုက်ခိုက်မှုတိုင်းတွင် စုန့်ကျန်းတို့ထက် သာလွန်သော စွမ်းအား ထိန်းချုပ်မှုများ ပါဝင်နေသည်။

“နိဗ္ဗာန်အဆင့်ခြောက်လား... ဒီချင်ထျန်းက ကြောက်စရာကောင်းလွန်းတာပဲ။ ဒီတစ်ခါ ပြည်ထောင်တစ်ရာတိုက်ပွဲရဲ့ ချန်ပီယံက ထျန်းယွမ်ပြည်ထောင်စုပဲ ဖြစ်ဦးမှာထင်တယ်”

“သူတို့ ဘယ်လိုများ လေ့ကျင့်ကြတာလဲ။ ငါတို့နဲ့ အသက်တူတူပဲကို ငါတို့ပြည်ထောင်စုက အဘိုးကြီးတွေထက်တောင် ပိုသန်မာနေကြတယ်”

“သူက ဒီလိုအစွမ်းရှိလို့လည်း ဝင်ပါရဲတာပေါ့။ ဒီတစ်ခါတော့ မဟာယန်ပြည်ထောင်စုလည်း ရင်ဆိုင်ရခက်သွားပြီ”

တိတ်တဆိတ် ကြည့်နေကြသူများမှာ အလွန်ပင် အံ့အားသင့်သွားကြသည်။ နိဗ္ဗာန်အဆင့်ခြောက် စွမ်းအားက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိနေလေသည်။ ယခင် တိုက်ပွဲများတွင် ဤမျှ အဆင့်မြင့်သော ကျင့်ကြံသူ မပေါ်လာခဲ့ဖူးပေ။

ချင်ထျန်းနှင့် ဝူယွမ်တို့ကြားတွင် မည်သို့သော တိုက်ပွဲမျိုး ဖြစ်လာမည်ကို လူတိုင်းက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

ဝူယွမ်က “ငါ့ကို တိုက်ခိုက်ရင်တော့ ပေးဆပ်ရမယ့် တန်ဖိုးရှိတယ်” ဟု ပြောကာ သူ၏ ဓားကို ဝေ့ယမ်းလိုက်ရာ ဓားအရိပ်ပေါင်း ရာနှင့်ချီ ထွက်ပေါ်လာခဲ့သည်။

ဒေါင်။

ချင်ထျန်း၏ လက်နှစ်ဖက်ကြားတွင် ရွှေရောင်အလင်းတန်းများ ပေါ်ပေါက်လာပြီး ထိုထက်မြက်သော ဓားအရိပ်များကို အကုန်လုံး တားဆီးလိုက်သည်။ သို့သော်လည်း သူ တားဆီးနေစဉ်မှာပင် ဧရာမ အရိပ်ကြီးတစ်ခုက သူ၏ ခေါင်းပေါ်သို့ ရောက်ရှိလာသည်။ လေးလံအကျဉ်းထောင်မီးတောက်တောင်က ကောင်းကင်ယံမှနေ၍ သူ့ကို ဖိနှိပ်လိုက်ပြန်သည်။

ဘုန်း

ဝူယွမ်၏ စွမ်းအားများ ပေါင်းစပ်ထားသော မီးတောက်တောင်ကြီးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။

“အစ်ကိုကြီး”

ထျန်းယွမ်ပြည်ထောင်စုမှ ကျန်နှစ်ဦးသည်လည်း ချင်ထျန်းကို ကူညီရန် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။

“မင်းတို့မှာပဲ လူရှိတာ မဟုတ်ဘူး”

လင်းတုန်၊ ရှောင်ယန်နှင့် ပိုင်ယွမ်တို့က ထိုနှစ်ဦးကို ချက်ချင်း ပိတ်ဆို့ကာ ပြင်းထန်သော တိုက်ခိုက်မှုများဖြင့် တုံ့ပြန်လိုက်ကြသည်။ ထိုနှစ်ဦးမှာ နိဗ္ဗာန်အဆင့်ငါးတွင်သာ ရှိကြပြီး လင်းတုန်တို့အဖွဲ့ကို မည်သို့မျှ မယှဉ်နိုင်ကြဘဲ ခဏလေးအတွင်း ဖိနှိပ်ခံလိုက်ရသည်။

အခြားတစ်ဖက်တွင်မူ ချင်ထျန်းက မြေပြင်မှ ရုန်းထွက်ရန် ကြိုးစားနေရသည်။ သူ၏ နိဗ္ဗာန်အဆင့်ခြောက် စွမ်းအားမှာ အထင်သေး၍ မရပေ။ သူက သတိလက်လွတ်ဖြစ်ကာ ဖိနှိပ်ခံလိုက်ရသော်လည်း ပြန်လည်ရုန်းထွက်နိုင်စွမ်း ရှိနေသေးသည်။

ထိုအချိန်တွင် ဝူယွမ်က မီးတောက်တောင်ကြီး၏ အထက်သို့ ပျံတက်သွားပြီး သူ၏ “မဟာတောင်တန်း ကိုယ်ခန္ဓာ” စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ တောင်ကြီးအပေါ်သို့ သူ၏ ကိုယ်အလေးချိန်ကို သက်ရောက်စေလိုက်သည်။

ယခုအခါတွင်မူ ချင်ထျန်းက နိဗ္ဗာန်အဆင့်ခြောက်တွင် ရှိနေသော်လည်း ဝူယွမ်၏ ကိုယ်အလေးချိန်နှင့် တောင်ကြီး၏ ဖိအားကို မခံနိုင်တော့ပေ။ ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်နှင့် ဝူယွမ်၏ ကိုယ်ခန္ဓာစွမ်းအား ပေါင်းစပ်လိုက်ခြင်းသည် အလွန်ပင် ပြင်းထန်လှသည်။

ယခင်က ခန့်ညားထည်ဝါပြီး မာန်တက်နေခဲ့သော ချင်ထျန်းက ယခုအခါတွင်မူ တောင်ကြီးအောက်တွင် ခါးတောင် မဆန့်နိုင်ဘဲ ဒူးတစ်ဖက် ထောက်ထားရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ဝူယွမ်ကမူ တောင်ထိပ်တွင် တည်ငြိမ်စွာ ရပ်နေပြီး သူ၏ ခြေထောက်ကို အသာအယာ ဖိချလိုက်တိုင်း အောက်မှ ချင်ထျန်းမှာ ချွေးများ တရဆက် ထွက်လာရသည်။ ထိုဆွဲငင်အား နယ်ပယ်၏ အပြင်ဘက်မှ လူများမှာမူ ဝူယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားရခြင်း မရှိကြပေ။

“ဘာတွေ ဖြစ်နေတာလဲ... ဝူယွမ်က တကယ်ပဲ အဲဒီလောက် တောင် သန်မာတာလား”

“ချင်ထျန်းက ဘာလုပ်နေတာလဲ... ထစမ်းပါ”

“နိဗ္ဗာန်အဆင့်ခြောက်ဆိုတာ ဒါပဲလား”

ကြည့်ရှုနေသူများမှာ ဇဝေဇဝါ ဖြစ်နေကြသည်။ သူတို့သည် ဝူယွမ်၏ လျှို့ဝှက်စွမ်းအားကို မမြင်နိုင်ကြဘဲ ချင်ထျန်းအပေါ်တွင်သာ မျှော်လင့်ချက် ကြီးမားနေခဲ့ကြခြင်း ဖြစ်သည်။ ချင်ထျန်းက ဤမျှ လွယ်ကူစွာ ဖိနှိပ်ခံရလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။

ချင်ထျန်း၏ ကျော်ကြားမှုမှာ အပြောသက်သက်သာ ဖြစ်နေမလားဟုပင် သူတို့ သံသယ ဝင်လာကြသည်။ ဖိအားများ တိုးလာသည်နှင့်အမျှ ချင်ထျန်းက ဒူးနှစ်ဖက်စလုံး မြေပေါ်သို့ ထောက်ကျသွားတော့သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူတို့က ချင်ထျန်းကို အမြဲတမ်း အထင်ကြီးခဲ့ကြသော်လည်း ယခုမူ သူတို့မြင်ဖူးတဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုမှာတင် သူက တစ်ပါးသူ၏ အလွယ်တကူ ဖိနှိပ်ခြင်းကို ခံနေရသည်။

အခြား သစ်ပင်ကြီးတစ်ပင်ပေါ်တွင်မူ အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက ထိုမြင်ကွင်းကိုကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“ချင်ထျန်းက အားနည်းလွန်းနေတာ မဟုတ်ဘူး။ ဝူယွမ်ကိုက သန်မာလွန်းနေတာ”

All Chapters