← Chapters

ရှေးဟောင်းကျမ်းစာလိပ် အလွန်ကြီးမားသောသိမ်းပိုက်မှု၊ အဂရိတ်အတတ်ပညာ

Vol. 11 Ch. 110

ရှေးဟောင်းကျမ်းစာလိပ် အလွန်ကြီးမားသောသိမ်းပိုက်မှု၊ အဂရိတ်အတတ်ပညာ

Vol. 11 Ch. 110

လေလံပွဲနေရာကို အင်အားအလျှောက် စီစဉ်ထားသည်။

သြဇာကြီးမားသောဝမ့်လွန်ပြည်နယ်၏ လွှမ်းမိုးနိုင်စွမ်း အားအကောင်းဆုံးအုပ်စုဖြစ်သည့် “မဟာနတ်ဆိုးဂိတ်” နှင့် “ယင်ရုပ်‌သေးဂိုဏ်း” တို့က အကောင်းဆုံး အလယ်ဗဟို နေရာများတွင် စီစဉ်ပေးထားခြင်းခံရသည်။

နတ်ဆိုးဂိတ်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် မုချန်းချန်းက အင်အားအကြီးဆုံးသုံးဦးအနက် တစ်ဦးဖြစ်သဖြင့် အလိုအလျောက် အလယ်ဗဟိုရှေ့ဆုံးတွင် ထိုင်သရည်။

သူမညာဘက်တွင်”ဟွာကျောင်း” ထိုင်နေသည်။

ထိုင်ခုံသို့ရောက်သောအခါဟွာကျောင်းက မူချမ်းချမ်းနှင့် တက်ကြွစွာစကားပြောရင်း သူ၏မျက်လုံးများထဲရှိ လိုချင်တတ်မက်မှုကို ဖုံးကွယ်ရန် မကြိုးစားချေ။

မူချမ်းချမ်းသည်ထိုကဲ့သို့သောအခြေအနေများနှင့် အမြဲကြုံတွေ့နေရတာကြောင့် ကျင့်သားရနေပြီဖြစ်သည်။ သူမအနေဖြင့် သင့်‌ေလျှာ်သောတည်ငြိမ်မှုကို ထိန်းသိမ်းလျက်၊ အလွန်ရင်းနှီးလွန်းခြင်းမရှိသလို လုံး၀မရင်းသလိုလည်းမနေဘဲ ပြုံးရယ်မောနေသည်။

သိပ်မကြာမီ ဘင်အဲနှင့် ဟွာအဲတို့သည် ဝူယွမ်ကို ခေါ်ဆောင်လာပြီး မူချန်းချန်း၏ ဘယ်ဘက်တွင် ထိုင်လိုက်သည်။

ဝူယွမ် ထိုနေရာတွင် ထိုင်နိုင်သည်ကို မြင်လိုက်ရပြီး မုချန်ချန်က အတော်လေးအံ့အားသင့်သွားသည်။

နေရာကမကြာခဏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသည်။

ထုံးစံအရ ဤထိုင်ခုံသည် အဓိကအုပ်စုကြီးသုံးခုမှလွဲ၍ အနည်းဆုံး “ရှေးဟောင်းဓားဂိုဏ်း” ကဲ့သို့သော အင်အားစုတစ်ခုခုအတွက် ရည်ရွယ်သင့်သည်။

သို့သော်ဝူယွမ်က ဝမ့်လွန်ပြည်နယ်တွင် နာမည်ကျော်ကြားခြင်းမရှိချေ။

“သူ့ကို သိုင်းခန်းမကဘာလို့ ဒီလောက်အလေးအနက် ထားနေရတာလဲ”

သိလိုစိတ်တိုက်တွန်းမှုကြောင့် မုချန်းချန်က ဝူယွမ်နှင့် စကားစမြည်စပြောကာ သူ၏နောက်ခံအကြောင်း သွယ်ဝိုက်၍မေးမြန်းနေသည်။

“သခင်လေးဝူယွမ်၊ ရှင်က မျက်လုံးပညာရပ်တစ်ခုခု လေ့ကျင့်ထားပုံရတယ်။”

“ကျွန်တော့်မျက်လုံးတွေဟာ အခြားသူတွေထက် နည်းနည်းလေး ပိုတောက်ပတာပါ၊ မျက်လုံးပညာရပ်တော့ မဟုတ်ပါဘူး။”

“သခင်လေးက ဘယ်ဂိုဏ်း ဘယ်အစုအဖွဲ့က လာတာလဲ”

“ကျွန်တော်က ပျော်ဖွယ် ကျောင်းတော်” ရဲ့ တပည့်တစ်ဦးပါ”

“ပျော်ဖွယ်ကျောင်းတော်လား၊ အဲ့လိုကျောင်းတော်မျိုး ကျွန်မ မကြားဖူးဘူး၊”

“အိုး...ပြဿနာမရှိပါဘူး၊ ပုံမှန်ပါဘဲ။ ကျွန်တော်တို့ကျောင်းတော်က တကယ်တော့ မထုတ်ပြသင့်တာမျိုးပါ”

“ဘာလို့ကိုယ့်ကျောင်းတော်ကို ဒီလိုပြောရတာလဲ။ ရှင်ါကျောင်းတော်က ဘာလုပ်တာလဲ။”

“ကျွန်တော်တို့က စီးပွားရေးလုပ်ပါတယ်။”

“စီးပွားရေးလား။”

“ဟုတ်တယ်၊လူသားဆက်လက်တည်တံ့ရေး စီးပွားရေးကြီးပါ။” ဝူယွမ်သည်ပျော့ပျောင်းစွာဖြေကြားခဲ့ပြီး “ပျော်ဖွယ်ကျောင်းတော်” အကြောင်း လက်တန်းပုံပြင်ဖန်တီးခဲ့သည်။ မုချန်ချန်မှာမူ ဤကျောင်းတော်အပေါ် တကယ့်ကို သိချင်စိတ်ပြင်းပြလာခဲ့သည်။ ခဏအတွင်းမှာပင် သူမက ၎င်းကို လျှို့ဝှက် ကျောင်းတော်ကြီးတစ်ခုဟု ထင်မှတ်မိပြီး စကားပြောရင် ပိုမိုနက်ရှိုင်းစွာ ဆက်လက်လေ့လာလိုခဲ့သည်။

နှစ်ဦးသား စကားပြေဆွေးနွေးနေစဉ် ဟွာကျောင်းက ဘေးတစ်ဖက်မှ သွားကြိတ်နေခဲ့သည်။

သူသည်ဝူယွမ်ကို မျက်လုံးပြူးကြီးများနှင့် သူ့ကို ဝါးစားပစ်ချင်သကဲ့သို့ ကြည့်နေခဲ့သည်။

မုချန်ချန်က သူ၏အိပ်မက် အမျိုးသမီးဖြစ်သည်။

ဟွာကျောင်းနှင့်အမျိုးသမီးအတွက် ယှဉ်ပြိုင်ရန် ရုတ်တရက်ပေါ်လာသော ဝူယွမ်ဆိုသူက ဘယ်ကများလဲ။

သိပ်မကြာမီ လေလံပွဲစတင်ခဲ့သည်။

“ဟားဟား၊ကျွန်တော်က ဆုန်းတိအဖိုးကြီးပါ။ ကျွန်တော်ကို မန်နေဂျာဆုန်းလို့ ခေါ်နိုင်ပါတယ်။ ဒီနေ့ လာရောက်ပေးတဲ့ အတွက် ကျွန်တော်တို့ သိုင်းမဟာမိတ်က အားလုံးကို ကျေးဇူးတင်ပါတယ်။”

လူလတ်ပိုင်းအရွယ်ယောက်ျားတစ်ဦးက စင်မြင့်ပေါ်တွင် စတင်ဘမိတ်ဆက်ခဲ့သည်။

ယေဘုယျအားဖြင့်လေလံပွဲများကို လှလှပပနှင့် ကျက်သရေရှိသော အမျိုးသမီးမန်နေဂျာများက ဦးဆောင်လေ့ရှိသော်လည်း ဝမ့်လွန်ပြည်နယ်က ပြင်းထန်သော လေထုရှိပြီး ငြိမ်းချမ်းမှုထိန်းသိမ်းရန် အင်အားကြီးမားသူများ လိုအပ်သည်။

သဏ္ဍာန်ပြောင်းအဆင့် အစောပိုင် ဆုန်းတိက စင်အောက်ရှိ များပြားလှသော အင်အားကြီးကျင့်ကြံသူများကို လုံးဝမတုန်လှုပ်ချေ။

သူ၏ အဖွင့်ခန်းစကားလုံးများကိုဖြည်းဖြည်းချင်း အဆုံးသတ်ပြီးနောက် ပထမဆုံးပစ္စည်းအတွက် လေလံစတင်ခဲ့သည်။

အစဆုံးလေလံမှာအဆင့်နိမ့် ဝိညာဉ်ရတနာလက်နက်ဖြစ်သည်။

“လူကြီးမင်းများခင်ဗျား၊ဒါကတော့ ဒီနေ့လေလံတင်မယ့် ပထမဆုံးပစ္စည်းပါ၊ “မီးတိမ်လောင်ကျွမ်း ဝိညာဉ်ရတနာသံချပ်ကာ” ပါ။ ဒီသံခမောက်ကို ကျွန်တော်တို့တာ့ခွိုင်အမြို့က အဂရိတ်သခင် ကျင်းက တိုက်ရိုက်သန့်စင်ပေးထားတာပါ။ စစ်ဆေးပြီးတဲ့နောက် အဆင့်နိမ့် ဝိညာဉ်ရတနာလက်နက်ရဲ့ အမြင့်ဆုံးအရည်အသွေးရှိပါသည်။ ကိုယ်ခန္ဓာမှာသာ ၀တ်ဆင်မယ်ဆို၊ ဘဝအတွက် ကာကွယ်မှု အပိုအလွှာတစ်ခု ပံ့ပိုးပေးမယ်ဆိုတာ သေချာပါတယ်။”

“ဒီပစ္စည်းရဲ့ လေလံဈေးအစက သန့်စင်ယွမ်ဆေးလုံးတစ်သောင်းပါ။”

လေလံပွဲက ဆက်တိုက်ဆောင်ရွက်နေပြီး အောက်ရှိလူများကလည်း စိတ်အားထက်သန်စွာ လေလံဆွဲနေကြသည်။

လင်းတုန်က တောဝူယွမ်၏ဘေးတွင် ထိုင်နေခဲ့သည်။ ဤလေလံပွဲအတွက် သူတို့၏အဓိကရည်မှန်းချက်မှာ သူတို့ရတနာများကို ရောင်းချရန်ဖြစ်သည်။ “ကောင်းကင်အကြွေးခွံ ရှေးဟောင်းလှံ” အတွက် လင်းတုန်လိုအပ်သော ပစ္စည်းအချို့မှလွဲ၍ သူတို့လေလံဆွဲရန် အရာသိပ်မရှိပေ သို့သော်ဝိညာဉ်ဆေးပင်များ ပေါ်လာပါက သူတို့က ဘယ်တော့မှ လက်လွှတ်ခံလိမ့်မည်မဟုတ်ချေ။

လေလံပွဲသို့ရောက်ရှိလာသောမည်သည့်ဆေးမဆို အနည်းဆုံးအဆင့် ခုနှစ် ဖြစ်ပြီး ရှားပါးကာ အလွန်အသုံး၀င်သည်။

ဆေးပင်များသည် သူတို့အတွက်အကောင်းဆုံးသော ကျင့်ကြံခြင်းအရင်းအမြစ်များဖြစ်ပြီး သူတို့တွင် ထိထိရောက်ရေက် အသုံးချရန် နည်းလမ်းရှိတာကြောင့် သေချာပေါက် လက်လွတ်မခံသင့်ပေ။

ယခုသူတို့က ချမ်းသာကြွယ်ဝလာပြီဖြစ်ရာ ထိုကဲ့သို့သော ပစ္စည်းများပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းတုန်က လေလံဆွဲခဲ့သည်။

လေလံစင်ပေါ်တွင်သူတို့၏ အဓိကပြိုင်ဘက်များမှာ မုချန်ချန်နှင့် ဟွာကျောင်းတို့သာ ဖြစ်သည်။

သို့သော်သူတို့နှစ်ယောက်လုံးက နောက်ဆုံးလေလံတင်မဲ့ အဖိုးတန်ဆုံးရတနာပစ္စည်းကို ရည်မှန်းနေကြပြီး ဝူယွမ်နှင့် ဤသေးငယ်သောပစ္စည်းများအတွက် ယှဉ်ပြိုင်ခြင်းမပြုကြသဖြင့် သူတို့ကပစ္စည်းကိရိယာများနှင့် ဝိညာဉ်ဆေးများစွာကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့သည်။

“နောက်ထပ်လေလံတင်မယ့်ပစ္စည်းကလည်း ဝိညာဉ်ရတနာလက်နက်ပါဘဲ။ ဟားဟား၊ ဒါပေမဲ့ တိုက်ခိုက်ရေး၊ခုခံကာကွယ်ရေး ဝိညာဉ်ရတနာလက်နက် မဟုတ်ဘဲ၊ အဲ့တာကိုကို အထောက်အကူပြု ဝိညာဉ်ရတနာလက်နက် အမျိုးအစားအဖြစ် သတ်မှတ်နိုင်ပါတယ်။”

လေလံစင်ပေါ်တွင် အဖြူရောင်ဆံပင်နှင့်အဖိုးကြီးက ပိုးထည်ကို ဖွင့်လှစ်ပြီး ရှေးဟောင်းအဝါရောင် ခေါင်းအုံးတစ်ခုကို ပြသရငိးရယ်မောခဲ့သည်။ ခေါင်းအုံးပေါ်တွင် အထူးရူန်းအမှတ်အသား များစွာရှိပုံရပြီး ထူးခြားသောစွမ်းအားကို သွယ်ဝိုက်ဖော်ပြနေသည်။

“ကျွန်တော်တို့သိုင်းခန်းမရဲ့ အကဲဖြတ်သူတွေရဲ့ အကဲဖြတ်ချက်အရ၊ ဒီခေါင်းအုံးက စိတ်ကိုတည်ငြိမ်စေပြီး ဝိညာဉ်စွမ်းအင်ကို အားဖြည့်ပေးတဲ့ အာနိသင်ရှိပါတယ်။ ယွမ်စွမ်းအင်တိုးတက်ဖို့ သိပ်အကူအညီမရပေမယ့် အဆောင်သခင်တွေအတွက် အတော်လေး ကောင်းမွန်တဲ့ပစ္စည်းတစ်ခုပါ...”

ဆုန်းတိက ခေါင်းအုံး၏အာနိသင်ကို သေချာစွာဖော်ပြခဲ့ပြီး ဝိညာဉ်စွမ်းအင်လေ့ကျင့်သော သူများက သူတို့၏ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်၍ စုံစမ်းစစ်ဆေးခဲ့ကြသည်။

ဝူယွမ်နှင့်လင်းတုန်တို့က အလားတူပြုလုပ်ခဲ့ကြသော်လည်း သူတို့၏ဝိညာဉ်စွမ်းအင်ရ ခေါင်းအုံးမှ တွန်းကန်ထုတ်ခံခဲ့ရသည်။

လင်းတုန်၏မျက်လုံးများအတွင်း အံအားသင့်မှုတစ်ချို့ ဖြတ်ပြေးသွားသော်လည်း ဝူယွမ်၏နှုတ်ခမ်းများကား အပေါ်သို့ကွေးတက်သွားခဲ့သည်။

နောက်ဆုံးတော့...”ဝိညာဉ်အားဖြည့်ခေါင်းအုံး”၊ “စကြာဝဠာရှေးဟောင်းဖွဲ့စည်းပုံ” ရောက်လာပြီ။

ဤသည်မှာမူရင်းဝတ္ထုတွင် လင်းတုန်ရခဲ့သော အကျိုးအမြတ်များထဲမှ တစ်ခုဖြစ်ပြီး ဤလေလံပွဲ၏ အကြီးမားဆုံး ဝှက်ဖဲ ရတနာတစ်ခုလည်းဖြစ်သည်။

အခုအချိန်က ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူရန် အချိန်ဖြစ်သည်။

“ဟားဟား၊ ဒီဝိညာဉ်အားဖြည့်ခေါင်းအုံးရဲ့ အစဈေးက သန့်စင်ယွမ်ဆေးလုံး လေးသောင်းပါ။”

ဆုန်းတိစကားပြောပြီးသည်နှင့် ဝူယွမ်က လင်းတုန်ထံသို့ ချက်ချင်းအသံလွှင့်ပို့ကာ၊ “ညီနှစ် ဒီခေါင်းအုံးကို လေလံဆွဲပါ။”

ရှောင်တျောင်း- “အစ်ကိုကြီးက တကယ်ဘဲ တစ်ခုခုသတိထားမိသွားပြီ။ ဟီးဟီး၊ အစကတော့ မသေချာခဲ့ပေမယ့် အခုတော့ ဒီခေါင်းအုံးက ရတနာတစ်ခုဖြစ်မယ်ဆိုတာ အာမခံနိုင်တယ်။ လင်းတုန်၊ ဒီခေါင်းအုံးထဲက ရူန်းတွေက မယုံနိုင်လောက်အောင် ရှုပ်ထွေးတယ်၊ တစ်ခုခုကို တံဆိပ်ခတ်ထားသလိုပဲ။ အမြန်လေလံဆွဲလိုက်၊ မင်းမရှုံးဘူး။”

“အိုး။”

လင်းတုန်ကလည်း တုန်လှုပ်သွားခဲ့သည်။ အစ်ကိုကြီးနှင့် ညီသုံးနှစ်ဦးလုံးက အရမ်းတန်ဖိုးထားသော အရာဖြစ်သဖြင့် ဤခေါင်းအုံးက သာမန်မဟုတ်ဘဲ အထူးခြားဆုံးဖြစ်ရမည်။

သိပ်မကြာမီလူများက လေလံစဆွဲကြသော်လည်း သူတို့က ဈေးကို သန့်စင်ယွမ်ဆေးလုံး တစ်ထောင်ခြင်းသာ တိုးမြှင့်ခဲ့ကြသည်။

လင်းတုန်က တိုက်ရိုက်လေလံဈေးကို တိုးမြှင့်လိုက်သည်။

“ငါးသောင်း။”

ဤသည်မှာအခြေခံအားဖြင့် ရတနာကို လေလံဆွဲသူများထံမှ အဆမတန်ဈေးတင်ပြီး ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

သို့သော်ဟွာကျောင်းက နောက်ဆုံးတွင် စကားစပြောလာခဲ့သည်။ “ခြောက်သောင်း။”

သူတို့၏”ယင်ရုပ်‌သေးဂိုဏ်း” က ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ပြီး ခေါင်းအုံး၏အကျိုးသက်ရောက်မှုက သူတို့အတွက် အကျိုးကျေးဇူးအနည်းငယ်ရှိသည်။

လင်းတုန်- “ခုနစ်သောင်း။”

ဟွာကျောင်းတော်- “ရှစ်သောင်း။”

နှစ်ဦးစလုံးကပြင်းထန်စွာ ယှဉ်ပြိုင်နေကြသည်။

မုချန်ချန်က ဘယ်ကြည့်လိုက်ညာကြည့်လိုက်ဖြင့် အံအားသင့်နေခဲ့သည်။ ထိုအရာက အဆင့်နိမ့် အထောက်အကူပြု ဝိညာဉ်ရတနာလက်နက် တစ်ခုသာဖြစ်သော်လည်း အလယ်အလတ်အဆင့် ဝိညာဉ်ရတနာလက်နက်ထက်ပင် ဈေးပိုကြီးနေသည်။

“ညီနှစ် နှစ်သောင်းထပ်ပေါင်းထည့်လိုက်။”

လင်းတုန်- “တစ်သိန်း။”

လူအုပ်တစ်ခုလုံး ဆူဆူညံညံ တက်ကြွသွားခဲ့ကြသည်။ တစ်သိန်းက အနည်းကျဉ်းမဟုတ်ပေ။ မူချန်းချန်းသည်လည်း ဘာပြောရမှန်းမသိတော့ပေ။ သူမ၏ဇီးသီးပန်းပွင့်ကဲ့သို့ မျက်လုံးများက သူတို့ကိုကြည့်ရင်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ သန့်စင်ယွမ်ဆေးလုံး တစ်သိန်းကို အေးဆေး လေလံထိုးရန် သတ္တိအများကြီးလိုအပ်သည်။

သူမပင်သန့်စင်ယွမ်ဆေးလုံး တစ်သိန်းအကုန်အကျခံရန် အတော်လေးဆုံးဖြတ်ရမည်ဖြစ်သည်။

ထို့အပြင် ဝူယွမ်၏မျက်နှာအမူအရာကို ကြည့်ပါက ဟွာကျောင်းကို ဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် လေလံထိုးခြင်းဟု ထင်ရသည်။

ဟွာကျောင်းက သူ၏ထိုင်ခုံလက်တန်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး မျက်နှာက အနည်းငယ်တုန်ခါနေကာ သူ၏မျက်လုံးများသည် အနည်းငယ်မှောင်မိုက်နေသည်။

“သခင်လေး၊ ပန်းချီကားက ပိုအရေးကြီးတယ်။” သူ့ဘေးကလူလတ်ပိုင်းယောက်ျားက သတိပေးခဲ့သည်။

သူတို့၏ ဒီတစ်ကြိမ်ရည်မှန်းချက်မှာ နောက်ဆုံးလေလံတင်မည့် တန်ဖိုးအရှိဆုံးပစ္စည်းဖြစ်သည်။

ဟွာကျောင်းက စိတ်ဆိုးနေသော်လည်း သူက လူမိုက်မဟုတ်ပေ ဝူယွမ်နှင့် လင်းတုန်တို့ကို ပြင်းထန်စွာ စိုက်ကြည့်ပြီးနောက် သူက နောက်ထပ်ဈေး မတိုးတော့ချေ။

တစ်ခါတစ်ရံတွင်စိတ်အလိုလိုက် လုပ်ဆောင်ခြင်းက လက်ခံနိုင်ဖွယ်ရှိနိုင်သော်လည်း ကုန်ကျစရိတ်ပေါ်တွင် မူတည်သည်။ ဤခေါင်းအုံးသာ အဆင့်မြင့်ဝိညာဉ်ရတနာလက်နက် ဖြစ်ပါက သူက လေလံထပ်ဆွဲရန် အလွန်စိတ်ဝင်စားနိုင်သော်လည်း ယခုအချိန်တွင် သူ၏အဖေက သူ့ကို သန့်စင်ယွမ်ဆေးလုံး တစ်သိန်းအကုန်အကျခံကာ အသုံးဝင်ပုံကိုပင် အပြည့်အဝနားမလည်သော ခေါင်းအုံးတစ်ခုအတွက် ဝယ်ယူသည်ကို သိရှိပါက သူ့‌ေခြထောက် ကျိုးသွားနိုင်သည်။

“ဝူယွမ်သခင်လေး၊ ရှင်က တကယ်ကိုကြင်နာတတ်သူဘဲ သန့်စင်ယွမ်ဆေးလုံး တစ်သိန်းကိုတောင် လွယ်လွယ်ကူကူ ပေးပစ်နိုင်တယ်။”

မူချန်းချန်းကလည်း ချိုမြိန်စွာရယ်‌ေမာရင်း ပြက်ရယ်ပြုခဲ့သည်။ သူမက ဝူယွမ်၏ လုပ်ရပ်များသည် စိတ်လှုပ်ရှားမှုကြောင့်လား၊ ခေါင်းအုံး၏ကြီးမားသော အသုံးဝင်မှုကို သိနေသောကြောင့်လား ဆိုသည်ကို သေချာမသိရှိနိုင်ခဲ့ပေ။

“မိန်းမပျိုလေးချန်ချန် နားလည်မှုလွဲနေပီ ကျွန်တော်က အဲ့လို လွယ်လွယ်ကူကူ ပြောလို့ရတဲ့သူမဟုတ်ဘူး”

ဝူယွမ်ကလည်းဘတင်းတင်းကျပ်ကျပ် ပြန်လည်ဖြေကြားခဲ့ပြီး သူ၏ကိုယ်ခန္ဓာကို မုချန်ချန်နှင့်ဝေးအောင် လင်းတုန်ဘက်သို့ နည်းနည်းတိုးလိုက်သည်။

ဟမ့်

မုချန်ချန်က ဒေါသနည်းနည်းထွက်သွားပြီး နူးညံ့သိမ်မွေ့သော အသံထွက်လိုက်သည်။

လေလံပွဲက ဆက်လက်ကျင်းပနေခဲ့ပြီး ပစ္စည်းများက နောက်ပိုင်းတွင် ပို၍စျေးကြီးလာခဲ့သည်။ အဆင့် ရှစ် သိုင်းပညာရပ် စာအုပ်တစ်အုပ်ပင် ပါလာခဲ့သည်။

သို့သော်ဝူယွမ်နှင့် လင်းတုန်တို့က နောက်ထပ်လေလံမဆွဲတော့ချေ။

လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းရောက်လာခဲ့သည်။

““ရှေးဟောင်းမြေကြီး၀ါ သံချပ်ကာ” အဆင့်မြင့်ဝိညာဉ်ရတနာလက်နက်ဖြစ်သလို

လက်နက်”ရှေးဟောင်းကျောက်တိုင်ကြီး” က ဆင်းသက်လာတဲ့ လက်နက်ဖြစ်ပြီး၊ တိုက်ခိုက်မှုများကို ချီဖန်တီးခြင်းအဆင့် ‌တိုက်ခိုက်မှုတွေကိုတောင် တိုက်ရိုက်လျစ်လျူရှုနိုင်သလို အံ့ဩစရာကောင်းတဲ့ ခုခံကာကွယ်နိုင်စွမ်းရှိပြီး၊ ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုတွေ ကိုလည်းအတိုင်းအတာတစ်ခုအထိ ခုခံကာကွယ်နိုင်စွမ်းရှိတယ်။”

ပစ္စည်း၏လေလံ ဈေးအစသည်ပင် တစ်သိန်းနှစ်သောင်းအထိ မြင့်မားခဲ့သည်။

ဤအကြိမ်တွင်လည်းဝူယွမ်က လေလံမဆွဲသေးချေ။ သူနှင့် သူ့ညီ၏ ရုပ်ပိုင်းဆိုင်ရာကာကွယ်မှုက အဆင့်မြင့်ဝိညာဉ်ရတနာလက်နက် အဆင့်ထက် ကျော်လွန်နေပြီဖြစ်ရာ ဤပစ္စည်းက သူတို့အတွက် သိပ်အသုံးမ၀င်ပေ။

အဓိကလေလံပြိုင်ပွဲက မုချန်ချန်နှင့် ဟွာကျောင်းကြား၊ အင်အားစုကြီးနှစ်ခုကြား ချမ်းသာကြွယ်ဝမှု ပြိုင်ပွဲဘဲဖြစ်သည်။

သို့သော်ချမ်းသာကြွယ်ဝမှုအပိုင်းတွင် အဆောင်ရုပ်သေးများ သန့်စင်ခြင်းဖြင့် ငွေရှာသည့် “ယင်ရုပ်သေးဂိုဏ်း” က “မဟာနတ်ဆိုးဂိတ်” ထက် တဖြည်းဖြည်းသာလွန်လာခဲ့သည်။

နောက်ဆုံးတွင်ဟွာကျောင်းက သန့်စင်ယွမ်ဆေးလုံး တစ်သိန်းရှစ်သောင်းကုန်ကျခံ၍ “ရှေးဟောင်းမြေကြီး၀ါသံချပ်ကာ” ကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့သည်။

“ဟေ့ကောင်၊မင်းက ဒီခေါင်းအုံးကို ဝယ်ထားတော့ ငါနဲ့ ရတနာသံချပ်ကာအတွက် ယှဉ်ပြိုင်ဖို့ အင်အားမရှိတော့ဘူးမလား။”

လေလံပြီးနောက်ဟွာကျောင်းက ဝူယွမ်ထံသို့ မာန်မာနထောင်လွှားစွာ အသံပို့လွှင့်ကာ၊ ဝူယွမ်က သူ့ထက် ပိုမိုက်မဲသည်ဟု ထင်နေပုံရသည်၊ သူ၏အမြင်တွင် ဝူယွမ်က သူကဲ့သို့ တွက်ချက်မှုမရှိဘဲ ခေါင်းအုံးတစ်ခုအတွက် သူ၏သန့်စင်ယွမ်ဆေးပြားအားလုံးကို အလဟဿဖြုန်းတီးလိုက်ခြင်းဖြစ်သည်။

ဝူယွမ်က အေးဆေးတည်ငြိမ်စွာ စကားလုံးနှစ်လုံးဖြင့်သာ ပြန်တုံ့ပြန်ခဲ့သည်။ “ဦး‌နောက်မရှိ”

ဤအချိန်တွင်မူလလေလံပွဲက အဆုံးသတ်သွားပြီး လူတိုင်းက ထွက်ခွာရန် ပြင်ဆင်နေကြချိန် မန်နေဂျာ ဝူရွှမ်းက ရုတ်တရက် စင်ပေါ်သို့တက်လာပြီး ဆုန်းတိနေရာ အစားထိုးကာ လက်နှစ်ဖက်ကိုဆန့်တန်းလျက် ဖြည်းဖြည်းချင်းပြောကြားခဲ့သည်။

“လူကြီးမင်းများခင်ဗျာ၊ခဏစောင့်ကြပါ၊ အလျင်အမြန် မထွက်သွားကြပါနဲ့အုံး။”

“လေလံပွဲ မပြီးဆုံးသေးပါဘူး၊ ကျွန်တော်တို့ သိုင်းမဟာမိတ်က ရတနာတစ်ချို့ ရောက်ရှိလာပြီး ကြေညာဖို့အချိန်မရတာကြောင့် အချိန်တိုအတွင်း အပိုလေလံပွဲတစ်ခု ထပ်ပေါင်းထည့်လိုက်ပါတယ်။ လူတိုင်းစိတ်ချလက်ချနေနိုင်ပါတယ်၊ သင်တို့ရဲ့အချိန်ကို အများကြီးမယူပါဘူး၊ လေလံပွဲကလည်း သင်တို့ကို စိတ်ပျက်စေမှာမဟုတ်ပါဘူး။”

“နောက်ဆုံးပစ္စည်းကလည်း အရင်က”ရှေးဟောင်းမြေကြီး၀ါသံချပ်ကာ” ထက် မညံ့ပါဘူး။”

“နောက်တော့ကျွန်တော်ကိုယ်တိုင် ဒီအပိုလေလံပွဲကို ဦးဆောင်သွားမှာပါ။”

ခန်းမတစ်ခုလုံး ရုတ်တရက်ငြိမ်သက်သွားခဲ့သည်။ ဝူယွမ်နှင့် လင်းတုန်တို့မှလွဲ၍ လက်ရှိ ရှိသူတစ်ဦးမျှ သိုင်းမဟာမိတ်က လေလံပွဲကို ဆက်လက်ကျင်းပမည်ဟု မမျှော်လင့်ထားချေ။

“ဘာဖြစ်နေတာလဲ။မဖြစ်နိုင်တာ၊ ရတနာလေလံပွဲတစ်ခု ထပ်ရှိနေသေးတယ်တဲ့။”

“သူတို့တွေက အဆင့်မြင့်ဝိညာဉ်ရတနာလက်နက်တွေထက် ပိုတန်ဖိုးရှိတဲ့ ရတနာတွေကို လေလံတင်နိုင်သေးတယ်လား။”

“သိုင်းမဟာမိတ်က ဒီလေလံပွဲအတွက်လပိုင်းကြာ ပြင်ဆင်ထားကြတယ်။ သူတို့ ဘယ်လိုလုပ် ခုမှ လေလံတင်ထားတာထက် မညံ့တဲ့ပစ္စည်းတွေ ရုတ်တရက်ထုတ်နိုင်မှာလဲ။”

“ဘယ်သူလုပ်နိုင်မှာလဲ။”

လူတိုင်းကအံ့အားသင့်နေကြသော်လည်း သူတို့၏အံ့အားသင့်မှုက ပျော်ရွှင်ဖွယ်မျှော်လင့်ချက်များနှင့် ရောနှောနေသည်။ လူများစွာက လေလံမဆွဲရသေးသဖြင့် ယခုလေလံထပ်ဆွဲပါက သူတို့လက်ဗလာဖြင့် မပြန်ရတော့ဘဲ ကောင်းသောအရာတစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်သောကြောင့် သူတို့အားလုံးသည် မျှော်လင့်နေကြသည်။

လေလံပွဲထပ်တိုးခြင်းကို မည်သူမျှမပျော်ရွှင်ဖြစ်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လေလံပွဲတွင် တစ်ကြိမ် ဝင်ခွင့်ကြေးပေးရခြင်းက ကြီးမားသောတန်ဖိုးတစ်ခုဖြစ်ပြီး သူတို့လိုအပ်သော အရာတစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်သောကြောင့်ဖြစ်သည်။

လေလံပွဲစတင်ပြီ။

“ပထမဆုံးပစ္စည်း၊ ရှေးဓား၊ အဆင့်နိမ့် ဝိညာဉ်ရတနာလက်နက်...”

“အစဈေး- သန့်စင်ယွမ်ဆေးလုံး တစ်သောင်း။”

ချက်ချင်းပင်တစ်စုံတစ်ဦးက လေလံစဆွဲလိုက်သည်။

“သန့်စင် ယွမ်ဆေးလုံး တစ်သောင်းတစ်ထောင်၊ ကျွန်တော် ဓားတစ်လက် တစ်ကယ်လိုအပ်‌ေနလို့ပါ။”

“နှစ်သောင်း။”

“ရှေးဟောင်းဓားဂိုဏ်း”မှ ရတနာများအားလုံးက ကောင်းမွန်သောပစ္စည်းများဖြစ်ပြီး ဝမ့်လွန်ပြည်နယ်ရှိ ကျော်ကြားသောအင်အားစု အားလုံးနီးပါးစုဝေးနေချိန်တွင် ရတနာတစ်ခုတောင် မရောင်းရဘဲမနေချေ။

ပစ္စည်းတစ်ခုချင်းစီ၏စျေးကို ၎င်း၏မူရင်းစျေးထက် နှစ်ဆယ်ရာခိုင်နှန်ုး တိုးမြှင့်၍ လေလံတင်နိုင်သည်။

သိပ်မကြာမီနောက်ဆုံးပစ္စည်းသုံးခုကို ရောက်ရှိလာခဲ့သည်။

“အဆင့်မြင့်ဝိညာဉ်ရတနာလက်နက်၊ “သွေးစမ်းရေတံခွန်” ဓား၊ ဓားရဲ့အင်အားကို မြှင့်တင်ရန် သွေးအစီအနှစ်စွမ်းအားကို ဆွဲထုတ်နိုင်စွမ်းရှိပြီး၊ ချီဖန်တီးခြင်းအဆင့်ရဲ့ ယွမ်စွမ်းအင်အကာအကွယ်ကို အလွယ်တကူဖောက်ထွင်းနိုင်တယ်... အစဈေး - သန့်စင်ယွမ်ဆေးလုံး တစ်သိန်း။”

ညွှန်ကြားရေးမှူးဝူရွှမ်း ကြေညာပြီးသည်နှင့် ချက်ချင်းပင် တစ်စုံတစ်ဦးက ဓားကိုသိသွားပြီး စင်အောက်ရှိလူများ စတင်ဆွေးနွေးခဲ့ကြသည်။

အခြားရတနာများကိုလူတိုင်း သိမည်မဟုတ်သော်လည်း “‌ရှေးဟောင်းဓားဂိုဏ်း” ကဲ့သို့သော ဂိုဏ်းတစ်ခုမှ အသုံးများသော အဆင့်မြင့်ဝိညာဉ်ရတနာလက်နက်ဖြစ်သည့် “သွေးစမ်းရေတံခွန်” ဓားကို တစ်ကြိမ်ကြည့်ယုံနှင့် မှတ်မိနိုင်ကြသည်။

“သွေးစမ်းရေတံခွန်ဓား။ဒါက “ရှေးဟောင်းဓားကျောင်းဂိုဏ်း” ရဲ့ အဖိုးကြီး ကုယန်း လက်နက်အဖြစ်အသုံးပြုခဲ့တဲ့ ဓားဘဲ၊ ကျွန်တော်မှတ်မိတယ်။ ဘုရားရေ၊ ကုယန်းက ဒီ ဝိညာဉ်ရတနာလက်နက်ကို လေလံတင်ဖို့ရတဲ့အထိ ဒုက္ခရောက်ခဲ့တယ်လား။”

“ရှေးဟောင်းဓားဂိုဏ်းက ငွေရှားပါးနေပြီလား။အဆင့်မြင့် ဝိညာဉ်ရတနာလက်နက်ကိုတောင် ရောင်းချနေပီ။”

“ရှေးဟောင်းဓားကျောင်းတော်က ဘယ်သူတွေလဲ ငါမမြင်ဖူးဘူးဘူး။”

“ဒီဓားက ဒီကိုဘယ်လိုရောက်လာတာလဲ။”

“ငါလေလံဆွဲရင် ရှေးဟောင်းဓားဂိုဏ်းက လူတွေက ပြန်မယူဘူးလို့ အာမခံနိုင်ပါ့မလား”

“ဟဲဟဲ၊ရှေးဟောင်းဓားဂိုဏ်းကို ကြောက်တဲ့သူတွေက လေလံထိုးဖို့ အင်အားမရှိတော့ဘူး ထင်တယ်။”

သို့သော်ထိုအချိန်တွင် အဓိကတရားခံများဖြစ်သော ဝူယွမ်နှင့် လင်းတုန်တို့က သူတို့၏ထိုင်ခုံများတွင် အေးဆေးတည်ငြိမ်စွာထိုင်ကာ ဤလူများ၏ဆွေးနွေးမှုကို စိတ်ဝင်စားစွာနားထောင်နေကြသည်။

ကိုယ့်ကိုအသရေဖျက်ခြင်းအကြောင်း ကြားရခြင်းနှင့် နှိုင်းယှဉ်ပါက သူတို့သည် လေလံမှ သန့်စင်ယွမ်ဆေးလုံး မည်မျှရနိုင်သည်ကိုသာ ပိုဂရုစိုက်ကြသည်။

“လူကြီးမင်းများခင်ဗျား၊ ငြိမ်သက်ပေးကြပါ။ ရတနာတွေ ဘယ်လိုရောက်လာသလဲဆိုတာကို စိတ်ပူစရာမလိုပါဘူး၊ ယုံကြည်မှုရှိရှိနဲ့ လေလံထိုးလိုက်ပါ။ အခြားဘာမှမပြောနိုင်ပေမယ့် ရှေးဟောင်းဓားဂိုဏ်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိုင်းမဟာမိတ်က ပြဿနာမရှိစေရဘူးလို့ အာမခံပါတယ်။” မန်နေဂျာဝူစွရွှမ်းက ခိုင်မာစွာပြောကြားခဲ့သည်။

စင်ပေါ်တက်မည့်အချိန် အနည်းငယ်အလိုတွင်သူက သတင်းစုံစမ်းသူခံမှ သတင်းစကား ကြားသိခဲ့ရပြီးဖြစ်သည်။ “ရှေးဟောင်းဓားကျောင်းတော်” ကို လူငယ်နှစ်ဦးက ဖျက်သိမ်းခဲ့ပြီး ခေါင်းဆောင်ကြီးသုံးဦး သေဆုံးကာ သဏ္ဍာန်ပြောင်းအဆင့် အဖိုးကြီးတစ်ဦးသာ ကျန်တော့သည်ဟု ဆိုသည်။

ဤအချက်က မန်နေဂျာဝူရွှမ်း၏ အရင်က မှန်းဆချက်ကို အအတည်ပြုနိုင်လိုက်သည်။

“တစ်သိန်းနှစ်သောင်း။”

‌နောက်ဆုံးတော့ မုချန်ချန်က စတင်လေလံဆွဲခဲ့သည်။

“ကိုယ့်အမျိုးသမီးလေး၊ စိတ်မကောင်းပါဘူး၊ ကိုယ်လက်လွှတ်မခံဘူး တစ်သိန်းသုံးသောင်း။”

ဟွာကျောင်းကလည်း လေလံလိုက်ဆွဲခဲ့သညါ။

သူတို့၏ “ယင်ရုပ်သေးဂိုဏ်း” က အဓိကအားဖြင့် လက်နက်ကိရိယာအပေါ်တွင် မှီခိုနေပြီး ဝိညာဉ်ရတနာလက်နက် အနည်းငယ်သာ ရှိသည်ဟု ဘယ်သောအခါမျှ မခံစားရချေ။

“ဟမ့်၊တစ်သိန်းလေးသောင်း။”

“တစ်သိန်းခြောက်သောင်း။”

“တစ်သိန်းခုနစ်သောင်း။”

“တစ်သိန်းရှစ်သောင်း။”

ဟွာကျောင်းက တစ်သိန်းရှစ်သောင်းအထိ ထပ်မံလေလံဆွဲခဲ့ပြန်သည်။ မူချန်းချန်းက အနည်းငယ်မလိုလားသော်လည်း သူမ ယူဆောင်လာသော သန့်စင်ယွမ်ဆေးပြားများက သိသိသာသာမလုံလောက်ချေ။

ဤဓားကသူမအတွက် အလွန်သင့်လျော်သည်။ သူတို့၏ “မဟာနတ်ဆိုးဂိတ်” သည် အဓိကအားဖြင့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို လေ့ကျင့်ပြီး ခုခံကာကွယ်မှု “ရှေးဟောင်းမြေကြီး၀ါသံချပ်ကာ”ကို သိပ်မလိုအပ်သော်လည်း ဤဓားက သူတို့၏အားသာချက်များကို ပိုကောင်းမွန်စွာ အသုံးချနိုင်သည်။

“မိန်းမပျို မု၊ မင်း သန့်စင်ယွမ်ဆေးလုံးတွေ လိုအပ်ရင် ကျွန်တော် ငှားပေးနိုင်ပါတယ်။ ယုံကြည်ချက်ရှိရှိနဲ့ လေလံဆွဲလိုက်ပါ။” ဝူယွမ်ကသူမ၏ဘေးမှ အသံလွှင့်ဆက်သွယ်လိုက်သည်။

သူကဈေးနှုန်းများမြင့်တက်လာကို ကြည့်ရတာ အတော်လေးနှစ်သက်လေသည်။

မူချမ်းချမ်းကခေါင်းကိုလှည့်ပြီး သူမ၏ ဇီးသီးပန်းပွင့်ကဲ့သို့ လှပသောမျက်လုံးလေးများဖြင့် သူ့ကိုကြည့်လိုက်သည်။ ခဏလေးစဉ်းစားလိုက်ပြီးနောက် သူမက ခေါင်းညိတ်ကာ နက်ရှိုင်းသောအသံဖြင့် အော်ဟစ်လိုက်သည်။

“နှစ်သိန်း။”

ဟွာကျောင်းတော်၏ပါးစပ်ပင် တုန်ခါသွားခဲ့သည်။ နှစ်သိန်းက ဤအဆင့်မြင့်ဝိညာဉ်ရတနာလက်နက်၏ စျေးထက် များစွာကျော်လွန်သွားပီဖြစ်သည်။

မူချမ်းချမ်း၏ ခိုင်မာသောစိတ်ထားကို တွေ့သဖြင့် ဟွာကျောင်းသာ ဆက်လက်လေလံထိုးပါက သူမကို ဆန့်ကျင်ရာရောက်မည်ဖြစ်သည်။

“မုချန်ချန်လေးက၊ ဘယ်လောက်ခမ်းနားလိုက်သလဲ။ ဒီ သွေးစမ်းရေတံခွန်ဓားက မင်းအတွက်ပါ။”

မူချမ်းချမ်းသည်ဓားကို အောင်မြင်စွာရရှိခဲ့သည်။

“လူကြီးမင်းများ ခင်ဗျား၊ဒီဒုတိယလေလံပွဲကို ရုတ်တရက်အတွင်း ထပ်ပေါင်းထည့်လိုက်တာဖြစ်ပြီး သင်တို့ရဲ့ သန့်စင်ယွမ်ဆေးလုံးတွေကို လုံးဝမပြင်ဆင်ထားဘူးဆိုတာကို ထည့်သွင်းစဉ်းစားပြီး ကျန်ရှိနေတဲ့ နောက်ဆုံးလေလံပစ္စည်းနှစ်ခုအတွက် ချက်ချင်းငွေပေးချေရန် မလိုအပ်ပါဘူး။ သင်တို့က အရင်ဆုံး လေလံဆွဲနိုင်ပါတယ်၊ ပြီးရင် သန့်စင်ယွမ်ဆေးပြားတွေ ပြင်ဆင်ပြီးတဲ့နောက် ကျွန်တော်တို့ သိုင်းမဟာမိတ်ကို လာရောက် လဲလှယ်နိုင်ပါတယ်။”

မန်နေဂျာဝူရွှမ်းက မြေခွေးအိုကြီးတစ်ကောင်ကဲ့သို့ ပါးနပ်စွာပြောဆိုခဲ့သည်။ ပုံမှန်အလေ့အထအရ လေလံပွဲများက ချက်ချင်းငွေပေးချေရန်နှင့် ပေးပို့ရန်လိုအပ်သော်လည်း ယခုအခါတွင် အဓိကလေလံထိုးသူများဖြစ်သည့် မုချန်ချန်နှင့် ဟွာကျောင်းတို့က ယွမ်ဆေးလုံးကုန်တော့မည်မှန်း သိသာသည်။

ထို့အပြင်ဤနောက်ဆုံးလေလံပစ္စည်းနှစ်ခုကို သူတို့အင်အားစု နှစ်ခုကသာ ဝယ်ယူနိုင်ကြောင်း ရှင်းနေသည်။

“သိုင်းမဟာမိတ် မန်နေဂျာရဲ့အစီအစဉ်က ကောင်းတယ်။ ဒါဆို မင်းရဲ့ နောက်ဆုံးပစ္စည်းနှစ်ခုက ငါတို့လေလံထိုးဖို့ ထိုက်တန်လားဆိုတာ ကြည့်မယ်။” ဟွာကျောင်းက ကျယ်လောင်စွာပြောကြားခဲ့သည်။

“ကောင်းပါပြီ၊နောက်ထပ် လေလံတင်မယ့်ပစ္စည်းကတော့ ပထမတန်းစား သိုင်းကျင့်စဉ် “ကြီးမားသောရှေးဟောင်းလျှို့ဝှက်ချက်အတတ်ပညာ” ပါ။ ဟုတ်ပါတယ်၊ ဒါက “ရှေးဟောင်းဓားဂိုဏ်း” ရဲ့ အဓိကလေ့ကျင့်ရေးနည်းလမ်းပါ။ လူတိုင်းရင်းနှီးပြီးသားလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီလေ့ကျင့်ရေးနည်းလမ်း... အစဈေးက - သန့်စင်ယွမ်ဆေးလုံး နှစ်သိန်း။”

“ဒါက ပထမတန်းစား သိုင်းကျင့်စဥ်ကျမ်းတစ်အုပ်ဘဲ ဘုရားရေ၊ ဒါကိုရရင် ချက်ချင်း ဂိုဏ်းတစ်ခု တည်ထောင်နိုင်တယ်။”

“ရှေးဟောင်းဓားဂိုဏ်းက ဘာဖြစ်နေတာလဲ။သူတို့ရဲ့ အဓိကသိုင်းကျမ်းကိုတောင် လေလံတင်နေတယ်။ သူတို့ရဲ့ဂိုဏ်းကို စွန့်လွှတ်တော့မှာလား။”

“မင်းသတိမထားမိဘူးလား။အရင်က လေလံတင်ခဲ့တဲ့ ပစ္စည်းအများစုက ရှေးဟောင်းဓားဂိုဏ်းကနေ ရလာတာဘဲ။ ဒီရုတ်တရက် လေလံပွဲကို ရှေးဟောင်းဓားဂိုဏ်းက ကိုယ်တိုင်စီစဉ်ထားတာများလား။”

“ရှေးဟောင်းဓားဂိုဏ်းရဲ့ ခေါင်းဆောင်က ဂိုဏ်းကို ရောင်းချချင်နေတာလား။”

“ဟေ့၊ဂိုဏ်းခေါင်းဆောင်က ဘာလို့ဂိုဏ်းကိုပုန်ကန်ရမှာလဲ။”

“သိုင်းမဟာမိတ်က သူတို့ကိုဖျက်ဆီးလိုက်တာလား။”

“ဖြစ်နိုင်တယ်။”

“သန့်စင်ယွမ်ဆေးလုံး နှစ်သိန်းတစ်သောင်းတစ်ထောင်။” ဟွာကျောင်းက လေ့ကျင့်ရေးနည်းလမ်းအတွက် လေလံဆွဲခြင်းစတင်ခဲ့သည်။ သူ၏ဖခင်က သူ့ကို သေချာပေါက် ချီးမွမ်းလိမ့်မည်ဟု သူတွေးနေသည်။

“နှစ်သိန်းနှစ်သောင်း။”

အမဲရောင်၀တ်ရုံ၀တ်အဖိုးကြီးတစ်ဦးကလည်း ဝင်ရောက်ယှဉ်ပြိုင်လိုက်သည်။

“နှစ်သိန်းလေးသောင်း။”ဟွာကျောင်းက ဆက်လက်လေလံဆွဲနေခဲ့သည်။

“”ချန်လေးက စွန့်လွှတ်လိုက်ပါ။ ဒီတစ်ကြိမ် ကျွန်တော်တို့ ယင်ရုပ်သေးဂိုဏ်းက ရအောင်ယူမှာပါ။”

မုချန်းချန်းက သက်ပြင်းချလိုက်သည်။ သူမက ဤသိုင်းကျင့်စဥ်ကျမ်းကို သေချာပေါက် လိုချင်သော်လည်း ကံမကောင်းစွာပင် သူတို့၏ “မဟာနတ်ဆိုးဂိတ်” က သန့်စင်ယွမ်ဆေးလုံးအများအပြား ထုတ်နိုင်ခြင်းမရှိပါ။

သူမကမလိုလားဘဲ စွန့်လွှတ်ခဲ့လိုက်ရကာ နောက်ဆုံးတွင် လေလံပွဲပြီးဆုံးသွားခဲ့သည်။

“ဟီးဟီး၊အစ်ကိုကြီး၊ ကျွန်တော် တွက်ထားတယ်။ လေလံပွဲတစ်ခုတည်းနဲ့တင် အနည်းဆုံး သန့်စင်ယွမ်ဆေးလုံး လေးသန်းရလာပြီ။” လင်းတုန်ကစိတ်လှုပ်ရှားစွာ အသံပို့လိုက်သည်။

【ဒင်း၊တာခွိုင်မြို့ကိုရောက်ရှိပြီ၊ ဆိုင်းအင် ၀င်လိုပါသလား။】 နောက်ကျခြင်းသည်မလာခြင်းထက် ပိုကောင်း၏၊

စနစ်ကအနည်းငယ်တော့ ပျင်းရိပုံရသည်။

“ဆိုင်းအင်၀င်ပါ”

【ဆိုင်းအင်၀င်ခြင်း အောင်မြင်ပါသည်။ ဆုလာဘ်အဖြစ်- “ကျမ်လိပ်ပစ္စည်းစာအုပ်”】

All Chapters