← Chapters

အလှထိန်းဆေးလုံး

Vol. 5 Ch. 50

အလှထိန်းဆေးလုံး

Vol. 5 Ch. 50

သိပ်မကြာမီ ဝူယွမ်သည် အဆောင်အစီအရင် တစ်ခုကို ပြင်ဆင်လိုက်သည်။

ယွမ်ကျောက်တုံးများကို အဆောင်အစီအရင်ထဲသို့ ထည့်သွင်းပြီး ဝိညာဉ်စွမ်းအင်ဖြင့် အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် ယွမ်ကျောက်တုံးများမှာ ကြေမွသွားကာ ၎င်းတို့အတွင်းမှ ယွမ်စွမ်းအားများကို စုစည်းပြီး ဆေးလုံးအဖြစ် သန့်စင်ပေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ယွမ်ကျောက်တုံးများအားလုံး ကြည်လင်တောက်ပြီး အနီရောင်သန်းနေသော ဆေးလုံးကလေးများအဖြစ် ပြောင်းလဲသွားကြသည်။

“အရမ်းတော်တယ် အကိုကြီး ဒီအစီအရင်က ဘာအမျိုးအစားလဲ။”

“ဝိညာဉ်ပြောင်းလဲမှုအဆောင်အစီအရင်။”

ဤသည်မှာ ဝူယွမ်က ဆရာယန်ထံမှ သင်ယူခဲ့သော ယွမ်ကျောက်တုံးဆေးလုံး သန့်စင်ရန် အဆောင်အစီအရင်ဖြစ်သည်။

အဆောင်အစီအရင်ကို လေ့လာရသည်က ခက်ခဲသည်မဟုတ်၊ ခက်ခဲသောအပိုင်းမှာ သက်ဆိုင်ရာ ရူန်းများကို သိရှိရန်ပင်ဖြစ်သည်။

ဝိညာဉ်ပြောင်းလဲမှုအဆောင်အစီအရင်တွင် အဓိကရူန်း သုံးမျိုးပါဝင်သည်။

ဆွဲငင်အား၊ ဝိညာဉ်စုဆောင်းခြင်း နှင့် သန့်စင်ခြင်း။

ဆရာယန်က ဝူယွမ်ကို သင်ပေးခဲ့သော အဆောင်ရူန်းများသည် အခြေခံအကျဆုံး ပုံစံများသာဖြစ်ပြီး ၎င်းတို့၏ အဆောင်ဖွဲ့စည်းပုံများမှာ အလွန်ရိုးရှင်းလှသည်။ ဥပမာအားဖြင့် ဝိညာဉ်စုဆောင်းခြင်းရူန်းသည် ဝူယွမ်၏ မူလ ဝိညာဉ်စုဆောင်းခြင်းရူးန်နှင့် နှိုင်းယှဉ်လျှင် အကြိမ်ပေါင်းများစွာ ရိုးရှင်းအောင် ပြုလုပ်ထားသည်။

ထို့အပြင် ဝူယွမ်သည် ဆွဲငင်အားနှင့် ချက်လုပ်ခြင်း အဆောင်ရူန်းများအတွက် သက်ဆိုင်ရာ မူလ ရူန်းများကိုလည်း မူလရူန်း လျှို့ဝှက်ချက်ထဲတွင် ရှာတွေ့ခဲ့သည်။

နှစ်ခုကို နှိုင်းယှဉ်ကြည့်ပြီးနောက် ဝူယွမ်က ထိုရူန်းများသည် မူလရူန်းများ၏ ပုံကြမ်းသာသာဖြစ်ပြီး အလုပ်လုပ်နိုင်ရုံမျှသာဖြစ်ကာ သူတို့၏ ထိရောက်မှုမှာ မူလရူန်းများနှင့် နှိုင်းယှဉ်လျှင် အတော်လေးအားနည်းကြောင်း သိလိုက်ရသည်။

ထိုနည်းတူ ဝူယွမ်နှင့် လင်းတုန်တို့၏ သဘာ၀ဝိညာဉ်အဆောင် ပေါ်ရှိ ရူန်းများသည် ထိုအခြေခံ ရူန်းများထက် ပိုမိုရှုပ်ထွေးသော်လည်း မူလရူန်းများလောက် နက်နဲခြင်းမရှိပေ။

ဝူယွမ်သည် သူ၏ဝိညာဉ် အဆောင်နှင့် သက်ဆိုင်ရာ မူလရူန်းကိုလည်း မူလရူန်း လျှို့ဝှက်ချက်ထဲတွင် တွေ့ရှိခဲ့သည်။

ထိုရူန်း၏ အမည်မှာ “၀ါမျိုခြင်း” ဖြစ်သည်။

“ဒီဆေးလုံးတွေရဲ့ အရည်အသွေးက ကျောက်လက်ဖွဲ့က သန့်စင်တာနဲ့ သိပ်မကွာဘူး၊ ပြီးတော့ ကျောက်လက်ဖွဲ့နဲ့ သန့်စင်တာထက်လည်း ပိုများများရတယ်” ဟု လင်းတုန်က ဆေးလုံးတစ်လုံးကို ကောက်ယူကြည့်ရင်း ပြောလိုက်သည်။

“ဒါပေါ့” ဟု ဝူယွမ်က ပြုံးရင်း သဘောတူလိုက်သည်။

သူအသုံးပြုခဲ့သော ရူန်း သုံးမျိုးစလုံးသည် မူလရူန်းများ ဖြစ်သောကြောင့် ၎င်းတို့၏ ထိရောက်မှုမှာ ဆရာယန် အသုံးပြုသည့် အရာများထက် အဆပေါင်းများစွာ သာလွန်သည်။

ကျောက်လက်ဖွဲ့သည် စွမ်းအင်အချို့ကို စုပ်ယူခြင်း ပြုလုပ်သော်လည်း အဆောင်အစီအရင်က ထိုသို့မပြုလုပ်သဖြင့် ပျမ်းမျှအားဖြင့် ယွမ်ကျောက်တုံး ငါးတုံးကို ဆေးလုံးနှစ်လုံး သန့်စင်နိုင်သည်။

ထိုသည်မှာ သူ မူလရူန်းသုံးမျိုးကို ကျွမ်းကျင်မှုမရှိသေးဘဲ သူထွင်းထုခဲ့သော ရူန်းအစီအရင်သည်လည်း ပြည့်စုံမှုမရှိသေးသောကြောင့်ဖြစ်သည်။ မဟုတ်ပါက ထိရောက်မှုနှင့် အရည်အသွေးသည် အခုထက်ပိုမြင့်မားနိုင်သည်။

သန့်စင်ပြီးသည်နှင့် ဝူယွမ်က မူလရူန်းများ ပါရှိသော အ‌ဆောင်လက်ဖွဲ့များကို သူ၏ သိုလှောင်အိပ် ထဲသို့ ထည့်ကာ မြေပြင်ပေါ်ရှိ အစီအရင်ကိုတော့ ဖျက်စီးပြစ်လိုက်သည်။

မူလရူန်းများသည် ယခုအခါ သူ၏ လျှို့ဝှက်လက်နက်များထဲမှ တစ်ခုဖြစ်နေပြီး လူများသိရန် မသင့်တော်ပေ။

ဝူယွမ်သည် ထို မူလရူန်းများအားလူံကိုသာ သူကျွမ်းကျင်နိုင်ပါက အဆောင်ဘိုးဘေး ဖြစ်လာဖို့ဆိုသည်မှာ မဖြစ်နိုင်တာတော့ မဟုတ်ဘူးလို့ထင်နေသည်။

“လင်းတုန် ကောင်လေး၊ မင်း အကိုကြီးက ခုနကသုံးခဲ့တဲ့ အ‌ေဆာင်လက်ဖွဲ့သုံးခုကို ကြည့်ချင်တယ်လို့ ပြောလိုက်စမ်းပါ”

အရှင်သခင်ဒေါင်က လင်းတုန်နှင့် တိတ်တဆိတ်စကား ပြောလိုက်သည်။

ဝူယွမ် အဆောင်အစီအရင် စီစဉ်နေစဉ်က သူမြင်ခဲ့ရသော ရူန်းများသည် သူသိထားသမျှ ရူန်းများဖက် ပိုမိုရှုပ်ထွေးနေသည်ကို သူမြင်ခဲ့ရသည်။

ရူးန်များ၏ နက်နဲမှုသည် အခြေခံအားဖြင့် ထိုရူန်း၏ အားကောင်းမှုကို ကိုယ်စားပြုနိုင်သည်။

ဝူယွမ်၏ ရူန်းများသည် ဘိုးဘေးအဆောင်အဆင့်ထဲမှ ရူန်းများနှင့် ယှဥ်ပြိုင်နိုင်လောက်သည်ဟုပင် သူခံစားမိသည်။

အကြောင်းမှာ မီးလျှံများဖုံးလွှမ်းနေသော လူတစ်ယောက်၏ ကိုယ်ပေါ်တွင် အလွန်နက်နဲသော ရူန်းတစ်ခုကို သူတစ်ခါ မြင်ဖူးပြီး ထိုလူက ဘိုးဘေးအဆောင်သခင် တစ်ယောက်ဟု ဆိုခဲ့သောကြောင့်ဖြစ်သည်။

“မြန်မြန်မေးလိုက်၊ ဒီလိုဆိုရင်ရော အရှင်သခင်ဒေါင် မင်းကို အကြွေးတစ်ခုတင်တယ်လို့ မှတ်ထားပေါ့”

အရှင်သခင်ဒေါင်က ဆွဲဆောင်လိုက်သည်။

လင်းတုန် မျက်ခုံးကျုံ့လိုက်�သည်။ သူသည် အကိုကြီး မေးရန် ခက်ခဲနေခြင်းမဟုတ်၊ ဤကြွက်ကောင်သည် သူ၏ အကိုကြီးကို လှည့်ကွက်ဆင်နေမှာကို စိုးရိမ်နေခြင်းသာဖြစ်သည်။

“အကိုကြီး၊ ခုနကသုံးတဲ့ အဆောင်လက်ဖွဲ့သုံးခုကို ကြည့်ချင်လို့။ အဲဒီအပေါ်က ရူန်းတွေက အရမ်းရှုပ်ထွေးနေသလိုခံစားရတယ်။ လေ့လာကြည့်ဖို့ ငှားပေးနိုင်မလား”

“ရတာပေါ့၊မင်း လိုချင်ရင် ပေးလိုက်မယ်။ ဒါပေမယ့် ဒီရူန်းတွေက ရှုပ်ထွေးလွန်းတော့ လေ့လာရင် အချိန်နဲ့ စွမ်းအင်တွေ အများကြီးကုန်တယ်။ မင်းအခု လက်ရှိမှာ ကိုယ့်ရဲ့ ကျင့်ကြံခြင်းကို အဓိကထားသင့်တယ်၊ ဒီအရာတွေကို လေ့လာဖို့ မလိုသေးဘူးလို့ ငါထင်တယ်။ ဒီရူန်းသုံးမျိုးက မင်းရဲ့ စွမ်းအားကို မြှင့်တင်ရာမှာ သိပ်အရေးမပါဘူး”

ဝူယွမ်က ရူန်းသုံးမျိုးပါသော လက်ဖွဲ့များကို လင်းတုန်ထံ ပေးအပ်လိုက်ပြီး လင်းတုန်၏ လက်ကို ကြည့်ကာ အဓိပ္ပာယ်ရှိရှိ ပြုံးလိုက်သည်။

လင်းတုန်က သူ့ကို တောင်းဆိုသည်မှာ ရှားသည်။

ဒါဟာ အရှင်သခင်ဒေါင် ညွှန်ကြားချက်အရသာ ဖြစ်ပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ် အကိုကြီး စိတ်ဝင်စားသွားလို့ကြည့်ချင်တာပါ၊ လေ့လာလို့မရရင် လက်လျှော့လိုက်တာပေါ့”

“အင်း၊ ကောင်းပြီ။ ဆေးလုံးတွေကို မြန်မြန်သိမ်း။ မင်းအဖိုး၊ မင်းအဖေနဲ့ ချင်းတန်တို့ ဒီနေ့ ယန်မြို့ကို ရောက်လိမ့်မယ်။ အတူတူကြိုသွားကြရအောင်။ နောက်ကျရင် ချင်းတန်က ထပ်ပြီးဆူနေလိမ့်မယ်”

“ကောင်းလိုက်တာ။ ဒီနောက်ပိုင်း အားလုံး ယန်မြို့မှာနေကြရတော့မယ်”

...လင်းမိသားစုစံအိမ်

“အကိုကြီးဝူယွင် အကိုကြီးလင်းတုန် နှစ်ယောက်စလုံး ဘယ်ရောက်နေတာလဲ။ တစ်မိသားစုလုံးပြောင်းသွားကြပီ နှစ်ယောက်လုံးက ဒီလောက်ကြာမှ ရောက်လာတယ် ”

ချင်းတန်က စိတ်ဆိုးဟန်ဖြင့် ပါးကို ဖောင်းလိုက်သည်။

သူမသည် စိတ်လှုပ်ရှားစွာဖြင့် ယန်မြို့သို့ လိုက်လာခဲ့ပြီး သူ့အကိုကြီးတွေအတွက် ပစ္စည်းကောင်းများစွာ ယူလာခဲ့သည်၊ ရောက်သည်နှင့် တွေ့မည်ဟု ထင်ခဲ့သော်လည်း သူတို့နေရမည့် အိမ်တော်အထိ ရောက်လာပြီးနောက် နေရာတိုင်းရှာဖွေသော်လည်း မတွေ့ရှိခဲ့ပေ၊ အကိုကြီးတို့နှစ်ယောက် ဘယ်အခန်းထဲမှာများ ထပ်ပုန်းနေကြပြန်ပီလဲဟု တွေးမိသည်။

လင်းတုန်က ခပ်တည်တည်နှင့် မျက်နှာမပျက်ပြောသည်။ “ချင်းတန် ကလေးမဆန်နဲ့၊ အကိုကြီးနဲ့ငါ အရေးကြီးကိစ္စလုပ်နေလို့ နောက်ကြသွားတာ”

ဝူယွမ် သဘောကျလိုက်သည်၊ ထို့နောက် ဂရုစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ညီလေးတုန်၊ ညီမလေးချင်းတန်ကို ဒီလိုပြောရမလား။ သူမကို ချက်ချင်းလာမကြိုနိုင်တာက ငါတို့နှစ်ယောက်ရဲ့ အပြစ်ပါ၊ ညီမလေးချင်းတန်က စောင့်နေရတာကို စိတ်မရှည်ဖြစ်သွားအောင် လုပ်မိခဲ့တယ်၊ ညီမငယ်ချင်းတန်တို့ မရှ်တဲ့ ချင်းယန်းမြို့ငယ်ကို မင်းလည်း မလိုချင်ဘူးမဟုတ်လား။”

“ချင်းတန်၊ ဒါ အကိုကြီးတို့နှစ်ယောက်ရဲ့ အပြစ်ပါ။ ဒါပေမယ့် အကိုကြီးက မင်းအတွက် လက်ဆောင်ပြင်ဆင်ထားတယ်။ မင်းကြိုက်မလား ကြည့်လိုက်ပါဦး။”

ဝူယွမ်က သေတ္တာတစ်လုံး ထုတ်ယူကာ ချင်းတန်ကို ပေးလိုက်သည်။

ချင်းတန် ချက်ချင်း မျက်လုံးပြူးသွားပြီး ဝမ်းသာစွာ လက်ခံလိုက်သည်။ “အကိုကြီးဝူယွမ် မြန်မြန်ပေးပါ၊ ဘာလက်ဆောင်လဲ။”

ချင်းတန်က သေတ္တာကို ဖွင့်လိုက်သည်။ အတွင်းတွင် ငွေရောင် ဆေးလုံးတစ်လုံးရှိသည်။

“စတုတ္ထအဆင့် အလှထိန်းဆေးလုံး။ သောက်လိုက်ရင် အသားအရေကို ပိုဖြူစင်စေပြီး သက်လုံကောင်းစေတယ်၊ ခန္ဓာကိုယ် အိုမင်းမှုကိုနှေးကွေးစေတယ်။ မိန်းကလေးတွေ နုပျိုခြင်းကို ထိန်းသိမ်းရန် အံ့ဖွယ်ဆေးလုံးဘဲ။”

ဝူယွမ်က မိတ်ဆက်ပေးလိုက်သည်။ သူဒီဆေးကို ဆရာယန်ထံမှ အလကားရခဲ့ခြင်းဖြစ်သည်။ အဆောင်သခင်တစ်ဦးအနေနှင့် ဆရာယန်တွင် ရတနာပေါများပြီး ဆေးဝါးများနှင့် အဆောင်လက်နက်များစွာ ရှိသည်၊ထိုဆေး‌လုံးလောက်က ပြဿနာမရှိပေ။

“အလှထိန်းဆေးလုံးလား။ ဒါပေမယ့် အကိုကြီးဝူယွမ်၊ ကျွန်မ အခုထိ ကြီးထွားဖွံ့ဖြိုးနေတုန်းဆိုတော့ သောက်ဖို့ စောနေသေးသလားလို့။”

မိန်းကလေးငယ်လေးတစ်ယောက်၏ ကိုယ်ခန္ဓာက သဘာဝအတိုင်း လှပပြီးသားဖြစ်သည်၊ ထပ်မံကြီးထွားရန် မလိုအပ်တော့ပေ... ဝူယွမ်က ချင်းတန်၏ အနာဂတ်ရုပ်ရည်ကို သူ့စိတ်ထဲတွင် တွေးမိသည်။ “ကြီးထွားနေတာက ကြီးထွားနေတာပါပဲ၊ ဒီဆေးလုံးက မင်းရဲ့ ကြီးထွားမှုကို မထိခိုက်စေဘူး။ ဒါက အသားအရေကို ပိုတောက်ပြောင်စေတာ။ ငါတို့ရဲ့ ညီမလေးချင်းတန်မှာ ဒီလောက်ချောတဲ့ မျက်နှာလေးရှိတာကို ကောင်းကောင်းထိန်းသိမ်းဖို့ လိုတယ်။ ဘာပဲဖြစ်ဖြစ် အကိုကြီးကတော့ အခြားမိန်းကလေးတွေမှာရှိတာ ညီမလေးချင်းတန်မှာလည်း ရှိသင့်တယ်လို့ ထင်တယ်။”

“ဟီး ဟီး၊ ဒါဆို ကျွန်မ အကိုကြီးဝူယွမ် ပြောတာကို နားထောင်မယ်။”

ချင်းတန်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ သူမသည် “အခြားမိန်းကလေးတွေမှာရှိတာ သူမမှာလည်းရှိသင့်သည်” ဆိုသော အကိုကြီး၏ စကားကို နားထောင်ရတာ အလွန်ကြိုက်နှစ်သက်သွားသည်။

၎င်းသည် သူမအား အဆုံးမရှိသော ချစ်ခြင်းမေတ္တာကို ခံစားရစေသည်။

“ဒါဆို ကိုကြီးလင်းတုန်ရော ကျွန်မအတွက် လက်ဆောင်ပြင်ဆင်ထားပြီးပြီလား။”

ချင်းတန်က မျှော်လင့်တကြီးဖြင့် လင်းတုန်ကို ကြည့်လိုက်သည်။

လင်းတုန် စိတ်ရှုပ်သွားသည်။ သူသည် လက်ဆောင်ပြင်ဆင်သင့်တာလား။

ဝူယွမ် ခေါင်းညိတ်ပြီးတွေးလိုက်သည်... “ညီမလေး၊ လင်းတုန်ပုံစံက လက်ဆောင်ပြင်ဆင်တတ်တဲ့ သူမျိုးလား၊ ဒါ့အပြင် သူက မကြာသေးမီရက်များအတွင်းက အမှောင်ခန်းထဲမှာဘဲ ပိတ်မိနေခဲ့တယ် အပြင်ထွက်ဈေးဝယ်ဖို့ရာ အချိန်မရှိခဲ့ဘူး”

ဝူယွမ် - “ချင်းတန်၊ ငါတို့ ခုနကဘဲ သွေးဝံပုလွေဂိုဏ်းကို နှိမ်နင်းလိုက်နိုင်တယ်။ အကိုကြီးလင်းတုန်က ဒီရက်ပိုင်း သွေးဝံပုလွေဂိုဏ်းဆီက ရတဲ့ ပစ္စည်းတွေကို ရှင်းနေရတာနဲ့ မအားလပ်သလောက်ဘဲ၊ သူမရှိရင် အကိုကြီးလည်း ဒီအလှထိန်းဆေးလုံးဝယ်ဖို့ အချိန်ရမှာမဟုတ်ဘူး။ ဒါကြောင့် ဒီလက်ဆောင်ကို အကိုကြီးတို့နှစ်ယောက်လုံးဆီကလို့ မှတ်လိုက်ပါ။ နောက်တစ်ခါ အကိုကြီးတို့ နှစ်ဆပေးမယ်။”

လင်းတုန်က သူ၏အကိုကြီးကို ကျေးဇူးတင်စိတ်ဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင် တွေးမိသည်၊ “အကိုကြီးက မိန်းကလေးအတွေနဲ့ဆို အမြဲတမ်း စဉ်းစားတတ်တယ်”

ဝူယွမ်က သူ့ဘက်သို့ ခေါင်းညိတ်ပြကာ ဝိညာဉ်စွမ်းအင်ဖြင့် လျှို့ဝှက် ပြောလိုက်သည်။ “ညီလေး၊ မင်းညီမလေးကို ပိုဂရုစိုက်သင့်တယ် မင်းမှာ ချင်းတန်လိုညီမလေးရှိတာကို ငါဘယ်လောက်တောင် အားကြနေလဲဆိုတာ မင်းမသိဘူး။”

လင်းတုန် တုန်လှုပ်သွားပြီး သူ၏အကိုကြီးသည်။ တစ်ကိုယ်တော် မိဘမဲ့ဖြစ်ကြောင်း သတိရလိုက်သည်။

“အကိုကြီးက ချင်းတန်ကို ညီမလေးတစ်ယောက်လို သဘောထားနေခဲ့တာဘဲ၊ ငါက အကိုကြီး ချင်းတန်ကို ကြိုက်‌နေသည်ဟု ထင်မိခဲ့ပြီး အကိုကြီးရဲ့ မြင့်မြတ်သောနှလုံးသားကို ငါရဲ့ သေးသိမ်တဲ့စိတ်နဲ့ တိုင်းတာမိခဲ့တယ်” လင်းတုန်က နောင်တရကာ တွေးမိသည်။

“ကောင်းပြီ၊ တကယ်တော့ အကိုကြီးတို့နှစ်ယောက် ဒီတိုင်းပဲ ကျန်းကျန်းမာမာရှိနေရင်ကို ချင်းတန် ပျော်ပါတယ်။ အကိုကြီးတို့နှစ်ယောက် သွေးဝံပုလွေဂိုဏ်းခေါင်းဆောင်နဲ့ တစ္ဆေဓားပညာ ခေါင်းဆောင်တို့နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုပြီး အဖိုးပြောတာကြားရတော့ ကျွန်မ အရမ်းစိုးရိမ်သွားတယ်” ချင်းတန်က နူးညံ့စွာ ပြောလိုက်သည်။

သူမသည် သူမအကိုကြီးနှစ်ယောက်ကို အမှန်တကယ်စိုးရိမ်သွားခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ‌ယန်မြို့ေရာက်သည်နှင့်နေရာတိုင်းရှာဖွေပြီး သူတို့ကိုချက်ချင်းမြင်ရန် လိုလားခဲ့သည်၊ ချက်ချင်းမြင်ရန် အလွန်လိုလားခဲ့သည်။

ထိုအချိန်တွင် သူမသည် သူမကိုယ်သူမ အသုံးမကျသည်ကို မုန်းတီးခဲ့သည်၊ အလွန်အားနည်းနေပြီး အကိုကြီးကို ကူညီနိုင်ခြင်းမရှိသည်ကို မုန်းတီးခဲ့သည်။

ရုတ်တရက် ချင်းတန်၏ ကိုယ်ခန္ဓာမှ အဖြူရောင် ရေခဲအခိုးအငွေ့များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် အပူချိန်သည်လည်း ချက်ချင်း ကျဆင်းသွားသည်။

“အား...”

ချင်းတန်က ရင်ဘတ်ကို ကိုင်ကာ ညည်းညူလိုက်သည်။

ဝူယွမ် ‘ညီမလေး’ သည် အံ့အားသင့်စွာဖြင့် စိုးရိမ်သောကောရောက်ကာ ဘာမှမသိထားသူအဖြစ် ဟန်ဆောင်လိုက်သည်။ “ဘာဖြစ်တာလဲ။ ညီမလေးချင်းတန် ဘာဖြစ်သွားတာလဲ။”

ထို့နောက် သူသည် စိုးရိမ်စွာဖြင့် ချက်ချင်းပင် ချင်းတန်၏ လက်မောင်းသေးသေးလေးကို ဆွဲကိုင်လိုက်သည်။

လင်းတုန်၏ မျက်နှာအရောင် ပြောင်းသွားပြီး အလွန်လောနေသည့်လေသံဖြင့် ပြောလိုက်သည်။ “အအေးဓာတ် ထလာပြန်ပြီ။”

All Chapters