← Chapters

ဆေးလုံးများ ရောင်းချခြင်း

Vol. 3 Ch. 24

ဆေးလုံးများ ရောင်းချခြင်း

Vol. 3 Ch. 24

လိန်မိသားစုအိမ်တော်အတွင်း...

“မိသားစုခေါင်းဆောင်အား အစီရင်ခံပါတယ်။ ကျွန်တော်တို့ ဆွဲဆောင်လာသော မီးအရိပ်ဝံပုလွေအုပ်ကို ရူးသွပ်ဓားသိုင်းခန်းမက ရှာဖွေတွေ့ရှိသွားပါသည်။ ဝံပုလွေအုပ်က အကြီးအကျယ် ဒဏ်ရာရပြီး ပြန်နှံ့သွားသဖြင့် သံမြေကျေးရွာအတွက် ခြိမ်းခြောက်မှု တစ်ခုမဟုတ်တော့ပါ” ဟု လိန်ဖီက ခေါင်းငုံ့ကာ လျှောက်တင်သည်။

“ပုန်!”

လိန်ပေါင်သည် ဒေါသဖြင့် စားပွဲကို ရိုက်နှက်လိုက်သဖြင့် စန္ဒာကူးသစ်သားဖြင့်ပြုလုပ်ထားသော စားပွဲမှာ အပိုင်းပိုင်း ကွဲထွက်သွားလေသည်။

“ယွမ်မီးသစ်သီး‌တွေ အများကြီးအသုံးပြုခဲ့တာတောင် မအောင်မြင်ခဲ့ဘူးလား၊ဘာတွေဖြစ်ခဲ့တာလဲ၊သေချာပေါက် အောင်မြင်လိမ့်မယ်လို့ မင်းဘဲ‌ပြောခဲ့တာမလား”

“အားလုံးက ဝူယွမ်နှင့် လင်းတုန်ကြောင့်ပါ။ သူတို့က မီးကျား‌သားရဲနှစ်ကောင်ကို ခေါ်ပြီး သားရဲများကိုအမဲလိုက်ရန် နောက်တောင်းသို့ သွားချိန်တွင် မီးအရိပ်ဝံပုလွေတွေနဲ့ ထိတ်တိုက်တွေ့ခဲ့တယ်။”

“အဓိပ္ပာယ်မရှိတာဘဲ၊ ဒီကောင်လေးနှစ်ယောက်ထဲနဲ့ ဝံပုလွေအုပ်ကို ဘယ်လိုလုပ်တားဆီးနိုင်မှာလဲ”

လိန်ဖီ စိုးရိမ်ထိတ်လန့်စွာဖြင့် ပြောသည်၊ “ကင်းထောက်ရဲ့ အစီရင်ခံချက်အရ... သူတို့နှစ်ဦးက ဝံပုလွေအုပ်ကို မောင်းထုတ်လိုက်တယ်၊ ကျွန်တော်လည်း မယုံချင်ပါဘူး၊ ဒါပေမဲ့ သူပြောခဲ့တာက ဝူယွမ်က ယွမ်မြေကြီးနယ်ပယ်နောက်ဆုံးအဆင့်ကို ရောက်နေပြီး လင်းတုန်ကလည်း ယွမ်မြေကြီးနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်‌ နေပါပီ။”

လိန်ပေါင် - “ဒီကောင်လေးနှစ်ယောက်က ငါတို့ လိန်မိသားစုရဲ့ အစီအစဉ်များကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့ပြီး အလျှင်အမြန် ကြီးထွားလာပီဘဲ။ အချိန်မီ မသုတ်သင်နိုင်ခဲ့ရင် သိပ်မကြာခင် ငါတို့အတွက် ဒုက္ခတွေသယ်ဆောင်လာတော့မယ်”

“ရူးသွပ်ဓားသိုင်းခန်းမနဲ့ လင်းမိသားစုကို မျက်ခြေမပြတ် စောင့်ကြည့်ထား။ ဝူယွမ်နှင့် လင်းတုန်ကို ခြေရာခံပြီး သူတို့နှစ်ယောက်တည်းရှိနေတဲ့အချိန်၊ ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျင့်ကြံသူမပါဘဲ ရှိနေသည့်အချိန်တိုင်းကို ချက်ချင်းအစီရင်ခံပါ။”

“ခေါင်း‌ဆောင်၊ ရူးသွပ်ဓားသိုင်းခန်းမက ရွှေတစ်သောင်းကုန်သည်အသင်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဝူယွမ်ကလည်း ယန်မြို့က ဆရာယန်နဲ့ သိတယ်လို့ သတင်းရထားပါတယ်၊ ကျွန်တော်တို့ လုပ်သင့်ရဲ့လား။...” လိန်ဖီ သတိပေးလိုက်သည်။

“ရွှေတစ်သောင်းကုန်သည်အသင်းနှင့် ဆရာကြီးယန်ရဲ့ အဆင့်အတန်းက အရမ်းမြင့်မားလွန်းတယ်၊ သူတို့ရဲ့ ရူးသွပ်ဓားသိုင်းခန်းမနဲ့ ဘယ်လိုလို့နီးကပ်တဲ့ဆက်ဆံရေးရှိမှာလဲ၊ပြီးတော့ ငါတို့ဆီမှာလည်း အဆက်အသွယ်တွေ မရှိတာမဟုတ်ပါဘူး၊ စိတ်မပူနဲ့ ငါတို့ဘက်မှာလည်း သွေး၀တ်ရုံဂိုဏ်းရဲ့ ဆရာကြီးကုရှိပါတယ် သွေး၀တ်ရုံဂိုဏ်းနောက်မှာ သွေးဝံပုလွေအဖွဲ့ရှိတယ် ရွှေတစ်သောင်းကုန်သည်အသင်းထက် မနိမ့်ဘူး။”

“ဟုတ်ကဲ့၊ မိသားစုခေါင်းဆောင် ကျွန်တော် အခုပဲ စီစဉ်လိုက်ပါမယ်” လိန်ဖီ နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။

သံမြေကျေးရွာ၌...

ဝူယွမ်က လင်းတုန်အား ပြောသည်၊

“ဒီအတောအတွင်းကျေးရွာထဲမှာပဲ ကျင့်ကြံကြမယ် အပြင်မထွက်နဲ့”

မီးအရိပ်ဝံပုလွေအုပ် တိုက်ခိုက်ခြင်းဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်း လိန်မိသားစုသည် သူတို့နှစ်ဦးကို ပိုဂရုစိုက်လာပြီး အမြန်ဆုံး သုတ်သင်ရန် အကြံထုတ်နေလောက်ပီ ဖြစ်သည်။

ထို့အပြင် သူတို့သည် အခုအချိန်တွင် ယွမ်မြေကြီးနယ်ပယ်၌သာ ရှိနေသေးသည်။ လိန်မိသားစုက ယွမ်ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုသာ စေလွှတ်လိုက်ပါက သူတို့အတွက် အန္တရာယ်ရှိလာနိုင်သည်။

ထို့ကြောင့် ကိုယ့်ခွန်အားကို အမြန်ဆုံး မြှင့်တင်ရမည်ဖြစ်သည်။

လင်းတုန် - “အစ်ကိုကြီးဆီက ဝိညာဉ်စွမ်းအင်အကြောင်း လမ်းညွှန်ချက်တောင်းချင်တာ အခုအခွင့်အရေးရပီပေါ့”

“ကောင်းပြီ၊ အတူတူဆွေးနွေးကြတာပေါ့”

ဝူယွမ်သည် လင်းတုန်၏ တိုးတက်မှုကို စစ်ဆေးကြည့်ရာ သူသည် “သန့်ရှင်းစင်ကြယ် ရွှေ့လျှားမှုအခန်း” ၏ ပထမအလွှာကို ပြီးမြောက်ပြီး ဝိညာဉ်နယ်ပယ်ကို ဖွင့်လှစ်ကာ တရားဝင် အဆောင်သခင် လမ်းကြောင်းကို တရားဝင် ဝင်ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဝူယွမ် - “အဆောင်သခင်ဖြစ်ဖို့ဆို ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ခြင်းအပြင် အရေးအကြီးဆုံးမှာ မွေးရာပါ အဆောင်သင်္ကေတတံဆိပ်ကို စုစည်းနိုင်မှရမယ်။”

“သင်္ကေတတစ်ခု စုစည်းခြင်းက အဆောင်သခင် ဖြစ်လာဖို့ အရေးအကြီးဆုံး လိုအပ်ချက်ဘဲ၊ဘာလို့ဆို လူတစ်ဦးက ဝိညာဉ်စွမ်းအင်တွေကို မွေးရာပါ အဆောင်သင်္ကေတတံဆိပ်အဖြစ် အမှန်တကယ် စုစည်းနိုင်မှသာ သူ့ကို အစစ်အမှန် အဆောင်သခင်တစ်ဦးလို့ သတ်မှတ်လို့ရမယ်။

ဒီမွေးရာပါ အဆောင်သင်္ကေတ်တံဆိပ်ကို အောင်အောင်မြင်မြင် စုစည်းနိုင်ရင် ဝိညာဉ်စွမ်းအင်အပေါ် ထိန်းချုပ်မှုကို သိသိသာသာ တိုးမြင့်စေရုံသာမက ဝိညာဉ်စွမ်းအင်ကိုပါ မွမ်းမံနိုင်ပြီး အစွမ်းပိုထက်စေတယ်။

မွေးရာပါ အဆောင်သင်္ကေတတံဆိပ်တွေကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနိုင်ပေမဲ့ အများစုက ကိုယ်တိုင်ဘဲ စုစည်းကြတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ ‌‌အဆောင်သင်္ကေတတံဆိပ်တွေက ကွဲပြားပြီး အားအင်နှင့် လုပ်ဆောင်ချက်တွေကလည်း မတူညီကြတာကြောင့် အဆောင်သခင်ဆရာတစ်ဦးရဲ့ လမ်းညွှန်မှုရဖို့က အရမ်းအရေးကြီးတယ်။ လမ်းညွှန်မှုသာမရခဲ့ရင် သင်္ကေတတစ်ခုကိုတောင် စုစည်းနိုင်မှာမဟုတ်ဘူး”

လင်းတုန် - “အဆောင်သခင် လမ်းကြောင်းက ဒီလောက်ထိ နက်နဲတယ်လား။ ကကံကောင်းလို့ပေါ့ အစ်ကိုကြီးက ဆရာကြီးယန်ရဲ့ တပည့်ဖြစ်‌နေခဲ့လို့။”

“ဆရာ သင်ပေးထားတဲ့ သင်္ကေတစုစည်းနည်းက သာမန်သင်္ကေတတွေကိုသာ စုစည်းနိုင်တယ်ဆိုပေမဲ့ အဆောင်သခင်ဖြစ်လာဖို့တော့ လုံလောက်တယ်။”

“အခု မင်းကို ငါသင်ပေးမယ်”

သူတို့နှစ်ဦး၏ ဝိညာဉ်စွမ်းအင်သည် သဘာဝအားဖြင့် ပြင်းထန်ပြီး ယခုတစ်လတိတိ လေ့ကျင့်ထားသဖြင့် ပထမဆုံးသင်္ကေတကို စုစည်းရန် လုံလောက်သည်။

သုံးရက်အကြာတွင်

ဝူယွမ်သည် သင်္ကေတတစ်ခုကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။

လင်းတုန်သည် သူ့ထက် တစ်ရက်စောပြီး သူ၏သင်္ကေတကို စုစည်းနိုင်ခဲ့သည်။

လင်းတုန်၏နားလည်နိုင်စွမ်းသည် ဝူယွမ်အား အံ့အားသင့်စေကာ သူ၏စိတ်ထဲတွင်လည်း တစ်ကယ့်ကို ဒီကမ္ဘာရဲ့ ကံကြမ္မာသားတော်ဖြစ်ထိုက်ပါတယ် ဟုတွေးနေသည်။

လင်းတုန်သည် မိမိကိုယ်တိုင် လေ့လာခဲ့ရသူဖြစ်ပြီး ဝူယွမ်မှာ ဇီယွဲ့မှ လက်တွဲသင်ပြခြင်းခံရသူဖြစ်ကာ သူမ၏ မိမိကိုယ်တိုင် စုစည်းထားသော

မွေးရာပါသင်္ကေတ်တံဆိပ်ကိုပါ သူအား ပြသခဲ့သည်။

ဝူယွမ် - “အင်း၊ အခု ငါတို့က အဆောင်သခင်တွေ ဖြစ်နေကြပြီ၊ သင်္ကေတတံဆိပ်စွမ်းအားကို အပြည့်အဝအသုံးချဖို့ဆို ဝိညာဉ် တိုက်ခိုက်မှု နည်းစနစ်‌တွေလိုသေးတယ်”

“ ဝိညာဥ်တိုက်ခိုက်မှု နည်းစနစ်လား”

“ဟုတ်တယ်၊ ဝိညာဥ်တိုက်ခိုက်မှု နည်းစနစ်က ထူးခြားတဲ့ စိတ်ဝိညာဉ်ပညာရပ် တစ်ခုဘဲ။ ကိုယ်ခန္ဓာပညာရပ်က ယွမ်စွမ်းအင်ကို အသုံးပြုဖို့ လိုအပ်ပြီး ဝိညာဥ်တိုက်ခိုက်မှု နည်းစနစ်က ဝိညာဉ်စွမ်းအင်ကို အသုံးပြုဖို့ လိုအပ်တယ်။

ဝိညာဥ်တိုက်ခိုက်မှု နည်းစနစ်မှာလည်း အဆင့်တွေခွဲထားပြီး ရှိပြီး လူ့ခန္ဓာကိုယ်ရှိ အရေးကြီးဆုံးအရာ သုံးခုကို အခြေပြုပြီး အနိမ့် အမြင့် ခွဲခြားထားတယ်။ အရင်းအမြစ်၊ ချီစွမ်းအင် နှင့် ဝိညာဉ်ဆိုပြီး ရှိတယ်။

အဲ့သုံးဆင့်ထဲမှာမပါတဲ့ အခြား ဝိညာဉ်နည်းစနစ်တွေလည်းရှိတယ်”

“ဝိညာဥ်တိုက်ခိုက်မှု နည်းစနစ် တွေကရှာတွေ့ဖို့ရာ အတော်လေးခက်ခဲပြီး ကိုယ်ခန္ဓာပညာရပ်တွေထက်တောင် ရှားတယ်”

“ငါ့ ဆရာတူအမကြီး ဇီယွဲ့ ပြောတာတော့ ဆရာ့မှာ ချီစွမ်းအင်အဆင့် ဝိညာဥ်တိုက်ခိုက်မှု နည်းစနစ် တစ်ခု ရှိပြီး ဒါကို သူရဲ့ နောက်ဆုံး ဝှက်ဖဲအဖြစ်သိမ်းထားပြီး အမကြီးဇီယွဲ့ကို မသင်‌ပေးသေးဘူး”

“ငါ ယန်မြို့ကို သွားပြီး ဝိညာဥ်တိုက်ခိုက်မှု နည်းစနစ်တစ်ခု သင်ယူဖို့ လိုနေပြီထင်တယ်။”

လင်းတုန် - “အစ်ကိုကြီး၊ ကျွန်တော်လည်း လိုက် ကျွန်တော့်ရဲ့ ယန်းယွမ်ဆေးလုံးတွေ နည်းနည်းပဲ ကျန်တော့တယ်။”

“ဟုတ်တယ်၊ ဆေးလုံးတွေ မလုံလောက်တော့ဘူး”

ဝူယွမ်လည်း စိုးရိမ်စိတ်ဖြစ်ပေါ်လာသည်။

သူတို့သည်ဆေးလုံးများ မျှဝေသုံးစွဲကြပြီး ယခုအခါ ပိုင်ယွမ်ကပါ ဆေးလုံးများ လိုအပ်နေသဖြင့် ဆေးလုံးလိုအပ်မှု တိုးလာသည်။ ယန်ယွမ်ဆေးလုံးများရရန် ရင်းမြစ်နှစ်ခုသာ ရှိသည်။

ပထမတစ်ခုမှာ ချင်းယန်မြို့ငယ်ရှိ ကုန်သွယ်ရေးစျေးကွက်သို့သွားပြီး ဝိညာဉ်ဆေးပင်များကို ပြန်လည်ရောင်းချရန်ဖြစ်သော်လည်း ချင်းယန်မြို့ငယ်ရှိ ကုန်သွယ်ရေးစျေးကွက်တွင် အဆင့်မြင့် ဝိညာဉ်ဆေးပင် များစွာမရှိပါ။

ဒုတိယတစ်ခုမှာ သံမြေကျေးရွာရှိ မိုင်းတွင်းထဲမှ ယန်းယွမ်ကျောက်တုံးအချို့ကို တိတ်တဆိတ် ထုတ်ယူပြီး ဆေးလုံးများ သန့်စင်ရန်ဖြစ်သော်လည်း ပမာဏမှာ အလွန်နည်းပါးသည်။

“ဒီတစ်ကြိမ်မှာတော့ မင်းငါနဲ့အတူ ယန်မြို့ကို လိုက်လာရမယ်”

နှစ်ရက်အကြာတွင် လုံချန်းသည် ကုန်တန်းကို ဦးဆောင်ကာ ယန်မြို့ထဲသို့ ဝင်ရောက်လာသည်။ ဝူယွမ်သည် ပိုင်ယွမ်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။

ယန်မြို့သို့ ရောက်သည့်အခါ

ဝူယွမ် - “ဆရာ၊ ဒီတစ်ကြိမ် ယန်းယွမ်ကျောက်တုံး ရောင်းဝယ်ဖောက်ကားမှုကို ကျွန်တော် ကိုင်တွယ်ပါရစေ။ အဆောင်သခင်အသင်းမှာ အဆက်အသွယ်တွေရှိလို့ ယန်းယွမ်ဆေးလုံးတွေ ပိုရအောင် လဲလှယ်နိုင်တယ်။”

လုံချန်း ဝမ်းသာသည်။ သူသည် ဝူယွမ်အား အလွန်ယုံကြည်သည်။ “ဒီလိုကောင်းတဲ့အရာတာရှိလား။ အားယွမ်ကို ဒုက္ခပေးရတော့မယ်၊ ဒီတစ်ခါ ယန်းယွမ်ကျောက်တုံးအားလုံးပေါင်း ကိုးရာရှိတယ်။”

“မင်းတို့အားလုံး ငါ့ကို တည်းခိုခန်းမှာစောင့်နေကြ။ လင်းတုန်ပဲ ငါနဲ့လိုက်ရမယ်”

ထို့နောက် ဝူယွမ်သည် လင်းတုန်နှင့် ပိုင်ယွမ်ကို ခေါ်ဆောင်ကာ အဆောင်သခင်းအသင်းဘေးရှိ အိမ်တစ်လုံးဆီ ခေါ်သွားခဲ့သည်။ အခန်းထဲရောက်သောအခါ လင်းတုန်အား ယန်းယွမ်ကျောက်တုံးအားလုံးကို ယန်းယွမ်ဆေးလုံးများအဖြစ် သန့်စင်ရန် ပြောလိုက်သည်။

သန့်စင်ပြီးသောအခါ ဆေးပြားသုံးရာ ရရှိခဲ့သည်။

ဝူယွမ် ဝမ်းသာစွာပြောသည်၊ “ဆေးလုံးတစ်ရာကို ပြန်ယူသွားမယ်၊ ကျန်ဆေးလုံးနှစ်ရာကို ငါတို့ ခွဲယူကြမယ်။”

ယန်းယွမ်ကျောက်တုံး ကိုးရာသည် ပုံမှန်စျေးကွက်ဈေးမှာဆို ဆေးလုံးကိုးဆယ်ထက် မပိုနိုင်ပါ။

“ဆေးလုံးတစ်ရာ”

ဝူယွမ်ထံမှ ဆေးပြားများကို လက်ခံရရှိသောအခါ လုံချန်းနှင့် အခြားသူများသည် အလွန်အံ့အားသင့်သွားကြသည်။

“ဆရာ၊ အဆောင်သခင်အသင်းက ကျွန်တော်ရဲ့ စီနီယာအကို အများအပြားက ယန်းယွမ်ဆေးလုံးတွေ ဖော်စပ်နိုင်ကြလို့ ကျွန်တော့်ကို ပိုပေးလိုက်ကြတာပါ။ နောက်ပိုင်းကျရင် ကျွန်တော် ဒုတိယအဆင့် အဆောင်သခင် ဖြစ်လာတဲ့အခါကြရင် အားလုံးကို ကိုယ်တိုင်ကိုင်တွယ်ပါ့မယ်”

ဝူယွမ်က သူတို့ကို လှည့်စားရန် ကြိုးစားကာ လေကြီးလေကျယ် ပြော‌နေသည်။

“ကောင်းတယ်” လုံချန်း အပျော်လွန်သွားသည်။

ယန်ယွမ်ကျောက်တုံး လှဲလှယ်မှု ပြီးဆုံးသွားသောအခါ လုံချန်းသည် အဖွဲ့ကို ဦးဆောင်ပြီး ပြန်သွားသည်။ လင်းတုန်သည် နောက်တစ်ကြိမ် ဝူယွမ်နှင့်အတူ‌ ဆေးလုံးသန့်စင်ရန် စောင့်ဆိုင်းနေသည်။

ဝူယွမ်သည် လင်းတုန်အား စောင့်ခိုင်းပြီး ရယ်မောကာ “မင်း တည်းခိုခန်းမှာဘဲ ငါ့ကိုစောင့်နေခဲ့။ ဒီယန်းယွမ်ဆေးလုံး နှစ်ရာကို ယန်းယွမ်ကျောက်တုံးတွေ နဲ့ပြန်လဲမယ်”

တည်းခိုခန်းသည် အဆောင်သခင်အသင်းဘေးတွင် ရှိသဖြင့် လုယက်ခံရမည်ကို စိုးရိမ်စရာမလိုပေ။

သူသည် ပိုင်ယွမ်နှင့်အတူ အဆောင်သခင်အသင်းသို့ ပြန်သွားပြီး ဇီယွဲ့သည် ချက်ချင်းပင် သူ့ကို လာတွေ့သည်။

“မောင်လေး၊ ပြန်လာပြီလား”

ဇီယွဲ့သည် တံခါးဝသို့ ရောက်ရှိသည်နှင့် ပိုင်ယွမ်ကိုမြင်ပြီး အံအားသင့်သွားသည်။

“အိုး၊ ဒါက ဘယ်လို သားရဲမျိုးလဲ”

“အမကြီးဇီယွဲ့ ဒါကကျွန်တော့် အိမ်မွေးသားရဲပါ။ မူလက မီးလျှံကျားဖြစ်ပြီး နောက်ပိုင်းမှ သန္ဓေပြောင်းသွားတာပါ။ အမကြီးဇီယွဲ့ မကြောက်နဲ့၊ ပိုင်ယွမ်က စကားနားထောင်ပါတယ်၊ မယုံရင် သူမကို ပွတ်သပ်ပေးကြည့်လိုက်”

“ပိုင်ယွမ်၊ နာမည်လေးကောင်းလိုက်တာ။ သူမက အတော်လေးလှတာဘဲ” ဇီယွဲ့သည် သူမကို ပွတ်သပ်ရန် ရှေ့တိုးလာသည်။

သို့သော် ပိုင်ယွမ်သည် သူမကို ထိခွင့်မပြုဘဲ ခေါင်းလှည့်ကာ အခန်းထဲသို့ ဝင်သွားသည်။

သူမသည် မာနကြီးသော ကြောင်ကလေးတစ်ကောင်နှင့် တူသည်။

“ဟီး၊ ပိုင်ယွမ်က သူစိမ်းတွေနဲ့ဆို ရှက်တတ်လို့ပါ”

“အိုး၊ ဟုတ်သားဘဲ အမကြီးဇီယွဲ့၊ဒီတစ်ကြိမ် ကျွန်တော် အမကြီးကို အကူအညီတစ်ခုတောင်းချင်လို့”

“ဘယ်လိုအကူအညီမျိုးလဲ”

“ကျွန်တော် ယန်းယွမ်ဆေးလုံး အတော်များများကို လဲလှယ်ချင်တယ်”

All Chapters