အခန်း ၄၂၂
Vol. 43 Ch. 422
အခန်း (၄၂၂) - ယွမ်ဂိုဏ်းကို တိုက်ခိုက်ခြင်း(၁)
ဘိုးဘေးအဆောင်များသည် ကောင်းကင်နှင့် မြေကြီး၏ နတ်ဘုရားရတနာများ ဖြစ်ကြပြီး လူတစ်ယောက်တည်းနှင့် ကိုက်ညီရန် ခက်ခဲလှသည်။ ဘိုးဘေးအဆောင်တစ်ခုစီမှာ အခြေခံအားဖြင့် မတူညီသော လူများထံတွင် ရှိကြ၏။ ဤအခြေအနေတွင် ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းကို အသုံးပြုရန် ဘိုးဘေးအဆောင် လေးခုကို စုစည်းရခြင်းမှာ အလွန် ဖြုန်းတီးရာကျလွန်းလှသည်။
သို့သော်လည်း ဘိုးဘေးအဆောင်များ မပါဘဲ ဤနတ်ဘုရားရတနာကို အသုံးပြု၍ မရနိုင်ခြင်းမှာ အလွန်ပင် နှမြောစရာကောင်းလှ၏။
ယခု ဝူယွမ် ပေါ်လာမှုက ချင်းကျီ၏ မျက်လုံးများကို တောက်ပသွားစေခဲ့၏။ ဝူယွမ် အောင်မြင်နိုင်မည်ဟု သူက မျှော်လင့်နေမိသည်။
အကယ်၍ အောင်မြင်ခဲ့ပါက ၎င်းသည် နှစ်ဖက်စလုံးအတွက် အကျိုးရှိ ပေလိမ့်မည်။
“ကျွန်တော် ကြိုးစားကြည့်မယ်”
ဝူယွမ်က ကျောက်စိမ်းပြားကို ယူကာ စတင် လေ့လာကြည့်လိုက်သည်။ မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို သူ မသိသော်လည်း ၎င်းတွင် နက်နဲပြီး ရှုပ်ထွေးသော ထူးဆန်းသည့် ရူန်းသင်္ကေတများနှင့် အထူး အစီအရင် သင်္ကေတအချို့ ပါရှိသည်။
“ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင်ရဲ့ ပုံစံတွေနဲ့ အနည်းငယ်ဆင်တူပီး ပေါင်းစပ် ရူန်းသင်္ကေတတွေလည်း ပါရှိနေတာပဲ” ဝူယွမ်က သဲလွန်စအချို့ကို လျင်မြန်စွာ သတိပြုမိသွားသည်။ ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းပေါ်ရှိ အစီအရင် ပုံစံများမှာ အတော်လေး ရှုပ်ထွေးပြီး ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင်၏ သဲလွန်စများအပြင် ပေါင်းစပ် ရူန်းသင်္ကေတအချို့ပါ ပါဝင်နေ၏။
တကယ်တော့ ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင်ကဲ့သို့ပင် ၎င်းသည် အဆောင်ဘိုးဘေးထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
ကိုယ်ပိုင် အမှတ်အသား သဲလွန်စများမှာ အလွန် ထင်ရှားလွန်းလှသည်။
ဝူယွမ်သည် ဤနတ်ဘုရားရတနာ၏ အစီအရင် အမှတ်အသားအများစုကို နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်၏။
၎င်း၏ လုပ်ဆောင်ချက်မှာ ကောင်းကင်နှင့် မြေကြီး ရှေးဟောင်း အစီအရင်နှင့် ဆင်တူသော်လည်း စွမ်းအင်အသုံးပြုရပုံနှင့် ရည်ရွယ်ချက်မှာ ကွာခြားသည်။
ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းသည် ဘိုးဘေးအဆောင်များအတွက် အထူး ရည်ရွယ်၏။ ၎င်းသည် ဘိုးဘေးအဆောင်များ၏ စွမ်းအားကို ပေါင်းစပ်ကာ အလွန်တရာ အစွမ်းထက်သော စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သော်လည်း ၎င်းသည် အနည်းဆုံး ဘိုးဘေးအဆောင် လေးခု လိုအပ်သည်။ ဘိုးဘေးအဆောင် အရေအတွက် များလေလေ၊ ၎င်း၏ စွမ်းအားက ပိုမို အစွမ်းထက်လေလေ ဖြစ်သည်။
လူတိုင်းသည် မျှော်လင့်ချက်အပြည့်ဖြင့် ကြည်ရှုနေစဉ်
ဝူယွမ်သည် လက်ဖဝါးမှ ယွမ်စွမ်းအင်များ ဆူပွက်လာပြီး ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းအတွင်းသို့ အားအင်အပြည့် ထည့်သွင်းလိုက်သည်။
“ဝီ ဝီ...”
ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းမှ ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာ၏။တောက်ပသော အစိမ်းရောင် အလင်းတန်းတစ်ခုထွက်ပေါ်လာပီး မြေအောက် အကျဉ်းထောင် လေဟာနယ် တစ်ခုလုံးကို လင်းထိန်သွားသည်။ အစိမ်းရောင် ကျောက်စိမ်းပြားက တဖြည်းဖြည်း လေထဲသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကျန်းတစ်သောင်း အရွယ်အစားရှိ
ဧရာမအရွယ်အစားသို့ ပြောင်းလဲသွားလေသည်။
ဝူယွမ်က သူ၏ မျက်ခုံးနှစ်ခုကြားကို စွမ်းအင်များစုစည်းလိုက်ရာ သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသားက တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှင့်ပီး အရှန်အဟုန်ပြင်းစွာ စတင်လည်ပတ်လာ၏။ ပြီးပြည့်စုံသော ရူန်းသင်္ကေတ လေးခုက ၎င်းထံမှ ခွဲထွက်လာပြီး သူ၏ မျက်ခုံးနှစ်ခုကြားမှ ပျံသန်းထွက်လာကြသည်။
အလင်းအရိပ် ရူန်းသင်္ကေတ လေးခု ပေါ်လာသည်နှင့်အမျှ ချင်းကျီနှင့် အခြားသူများက ဤမြင်ကွင်းကို အလွန်အမင်း အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။
အထူးသဖြင့် စစ်မှန်သော ဘိုးဘေးအဆောင်များကို ပိုင်ဆိုင်ထားကြသော မိုလော့နှင့် လင်းတုန်တို့သည် ဝူယွမ် ဆင့်ခေါ်လိုက်သော အလင်းအရိပ် ဘိုးဘေးအဆောင် လေးခုကို မြင်သောအခါ မယုံကြည်နိုင်လောက်အောင် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
ထိုအလင်းအရိပ် ဘိုးဘေးအဆောင်များမှာ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန် မရှိသော်လည်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကိုလည်း စုစည်းနိုင်စွမ်းရှိသည့် ဘိုးဘေးအဆောင်များ၏ ပုံရိပ်ယောင်ပုံစံ များနှင့် တူသည်။ သူတို့၏ ပင်ကိုယ် စွမ်းအားမှာ အစစ်အမှန် ဘိုးဘေးအဆောင်များလောက် အစွမ်းမထက်သော်လည်း သူတို့သည် ဘိုးဘေးအဆောင်များနှင့် ကွာခြားမှု မရှိပေ။
၎င်းမှာ ဘိုးဘေးအဆောင်များ၏ စွမ်းအား တစ်ဝက်ရှိသော ရူန်းသင်္ကေတများဟု ဝူယွမ်က ဆိုလိုခြင်းပင် ဖြစ်သည်။
ကောင်းကင်အထက်ရှိ ဧရာမ အစိမ်းရောင် အလင်းစက်ဝိုင်းကြီး ရုတ်တရက် တုန်ခါသွားသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။ ဝူယွမ် ဆင့်ခေါ်လိုက်သော အလင်းအရိပ် ဘိုးဘေးအဆောင် လေးခုက ကောင်းကင်ယံသို့ ပစ်လွှတ်သွားသော အလင်းတန်း လေးခုအဖြစ် ပြောင်းလဲသွားပြီးနောက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ အစိမ်းရောင် ကျောက်စိမ်းပြားပေါ်သို့ ကျဆင်းသွားကြသည်။
ဤအလင်းတန်း လေးခုက အစိမ်းရောင် ကျောက်စိမ်းပြားအတွင်းသို့ ဝင်ရောက်သွားသည်နှင့်အမျှ ကျောက်စိမ်းပြားက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားလေသည်။ ကျောက်စိမ်းပြားပေါ်ရှိ နက်နဲသော ရူန်းသင်္ကေတများက ပိုမို ရှင်းလင်းလာပြီး နောက်ဆုံးတွင် ကျောက်စိမ်းပြား တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
“အလုပ်ဖြစ်တယ် တစ်ကယ်အသုံးပြုနိုင်တာပဲ”
လူတိုင်း ဝမ်းသာအားရ ဖြစ်သွားကြပြီး ဝူယွမ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။
“သွားရအောင် အထဲဝင်ပြီး မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်အပေါ် စမ်းကြည့်ရအောင်”
ဝူယွမ်သည် ကျန်းတစ်သောင်း ဧရာမ အရွယ်အစားသို့ ပြောင်းလဲသွားသော ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းကို အကျဉ်းထောင် လေဟာနယ်အတွင်းသို့ တစ်ခါတည်း ယူဆောင်သွားလေသည်။
“မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ဝူယွမ်နှင့် အခြားသူများ ဝင်ရောက်လာသည်ကို မြင်သောအခါ မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်မှာ ထိတ်လန့်သွားလေသည်။ သူက အလျင်အမြန် ထလာပြီး သူ၏ ခန္ဓာကိုယ်အတွင်း ယှက်နွှယ်နေသော သစ်မြစ်များနှင့်တူသည့် သံကြိုးများကို ဆွဲငင်လိုက်သည်။
“မင်း ဒီဘုရင်ကို အကျဉ်းချထားရင်တောင် မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ၊ မင်း ဒီဘုရင်ကို မသတ်နိုင်ပါဘူး၊ တစ်နေ့ကျရင် သန့်ရှင်းသော မျိုးနွယ်စုရဲ့ ဧကရာဇ် ဆင်းသက်လာလိမ့်မယ်၊ ပြီးတော့ မင်းတို့ အားလုံးကို ဖျက်စီးပစ်လိမ့်မယ်”
မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က ဟိန်းဟောက်ကာ ဝူယွမ်ကို အော်ဟစ်လိုက်သည်။ သူ၏ စွမ်းအားမှာ ယုံကြည်နိုင်စရာမရှိလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပြီး ကမ္ဘာသစ်ပင်၏ အမြစ်များကို တစ်ခုပြီး တစ်ခု ဖြတ်တောက်ပစ်လိုက်သည်။ သို့သော်လည်း ဟွမ်ယွမ်၏ ထိန်းချုပ်မှုအောက်တွင် ရေတွက်၍မရနိုင်သော အမြစ်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ပြန်လည် ထိုးဖောက်ဝင်ရောက်သွားကြသည်။
၎င်းက မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ကို ချုပ်နှောင်ထား၏။
သို့သော်လည်း ဤကဲ့သို့သော ခုခံမှုက ဟွမ်ယွမ်နှင့် အခြားသူများအတွက်လည်း ကြီးမားသော စွမ်းအင်ကုန်ဆုံးမှုတစ်ခု ဖြစ်စေသည်။
ဝူယွမ်က လှောင်ပြောင်သရော်သည့် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“မင်း တကယ်ပဲ မသေနိုင်ဘူးလို့ ထင်နေတာလား၊ ဒါကို သေချာ ကြည့်လိုက်၊ ဒါက မင်းအတွက် ငါ့ရဲ့ ကြိုဆိုတဲ့ လက်ဆောင်ပဲ”
ကူယွမ်၏ ထိန်းချုပ်မှုအောက်တွင်
ကျန်းတစ်သောင်းခန့် အရွယ်အစားရှိ ဧရာမ ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းက အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေသည်။
၎င်းပေါ်ရှိ နက်နဲသော ရူန်းသင်္ကေတများအားလုံး လင်းလက်လာပြီး ကျောက်စိမ်းပြားက ပို၍ပင် ကြည်လင်ပြတ်သားလာကာ မြင်သာထင်သာ ရှိလာသည်။ ၎င်း၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်က လိမ်ကောက်ပြီး ကြေမွပျက်စီးသွားကာ သိမ်မွေ့ပြီး မြင်နိုင်သော စွမ်းအင်လှိုင်းများ ပြန့်ကျဲထွက်ပေါ်လာပီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။
“ဘုရင်သုတ်သင် အမှတ်အသားလား”
မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဤနတ်ဘုရားရတနာကို သူ ရှင်းလင်းစွာ မှတ်မိကြောင်း ထင်ရှားလှသည်။
“မင်းဆီမှာ ဘိုးဘေးအဆောင် မရှိတာ ရှင်းနေတာပဲ” သူက တွေဝေစွာ ကြည့်လိုက်သည်။
ဤနတ်ဘုရားရတနာသည် ရှေးဟောင်းခေတ်က မိစ္ဆာ အမြောက်အမြားကို သုတ်သင်ခဲ့သည်။ သူတို့၏ ကမ္ဘာခြားနတ်ဆိုး မျိုးနွယ်စုတွင် လူတိုင်းနီးပါး ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော နာမည်ဂုဏ်သတင်းကို ကြားဖူးကြ၏။
ထိုဘိုးဘေးအဆောင်စွမ်းအားမှာ အဆောင်ဘိုးဘေး ဖန်တီးခဲ့သော နတ်ဘုရားရတနာတစ်ခု ဖြစ်ကြောင်း သူတို့ သိထားကြသည်။
သို့သော်လည်း ဤနတ်ဘုရားရတနာထံမှ ဘိုးဘေးအဆောင်တစ်ခုကို သူ အာရုံမခံမိသဖြင့် သူ တွေဝေနေခြင်းဖြစ်သည်။ ၎င်းအတွင်း၌ ဘိုးဘေးအဆောင်တစ်ခု၏ စွမ်းအား ရှိနေသော်လည်း ဘိုးဘေးအဆောင် ရှိမနေပေ။
“မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင် ခေတ်တွေ ပြောင်းသွားပြီကွ”
ဝူယွမ်က လှောင်ပြောင်လိုက်သည်။ သူက တောက်ပသော အစိမ်းရောင် ကျောက်စိမ်းပြားကို ကြည့်ကာ သူ၏ လက်ဟန်သင်္ကေတများကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ သူ၏ လက်ဟန်သင်္ကေတများ ပြောင်းလဲသွားသည်နှင့်အမျှ အစိမ်းရောင် စက်ဝိုင်းကြီးကလည်း ဖြည်းညင်းစွာ တုန်ခါသွားပီး မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၏ အထက်သို့ ရွေ့လျားသွားကာ ဖျက်ဆီးပစ်နိုင်လောက်သော အရှိန်အဝါတစ်ခုက မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်အပေါ်သို့ ကျဆင်းလာ၏။
ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်း၏ စွမ်းအားက မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေခဲ့သည်။
“မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၊ မင်းက ဒီနတ်ဘုရားရတနာကို မှတ်မိနေမှတော့ သူ့ရဲ့ စွမ်းအားကိုလည်း သိလောက်မှာပါ၊ ဒါကြောင့် ငါ မင်းကို သတ်ဖို့က မခက်ခဲပါဘူး၊ အခု ငါ မင်းကို မေးစရာ မေးခွန်းတချို့ ရှိတယ်၊ မင်း ရိုးရိုးသားသား ဖြေနိုင်ရင် မင်း အသက်နည်းနည်း ပိုရှည်နိုင်တယ်၊ ပြီးတော့ မင်းရဲ့ ဧကရာဇ် လာကယ်မယ့်အချိန်ကို စောင့်နိုင်ကောင်း စောင့်နိုင်လိမ့်မယ်” ဝူယွမ်က သူ့ကို စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။
“ဟဲဟဲ ဒီဘုရင်ကို ခြိမ်းခြောက်ဖို့ ဒီလို ကလေးဆန်တဲ့ လှည့်ကွက်တွေကို မသုံးပါနဲ့၊ မင်း ဒီဘုရင်ကို လုံးဝ မသတ်နိုင်ပါဘူး၊ မင်း ဟန်ဆောင်နေတာ သက်သက်ပါ”
သူတို့ဆီတွင် ဘိုးဘေးအဆောင် လေးခု ရှိနေမည်ကို မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က လုံးဝ မယုံကြည်ပေ။ လောကကြီးတွင် စုစုပေါင်း ရှစ်ခုသာ ရှိပြီး လေးခုက ဤနေရာတွင် မည်သို့ ပေါ်လာနိုင်မည်နည်း။
“ဟွန်း မင်း အခေါင်းကို မမြင်ရသရွေ့ မျက်ရည်ကျမှာ မဟုတ်ဘူး ထင်တယ်”
ဝူယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အစိမ်းရောင် ကျောက်စိမ်းပြားက ပြင်းထန်စွာ တုန်ခါသွားပြီး ၎င်းကို ဖုံးလွှမ်းထားသော နက်နဲသည့် ရူန်းသင်္ကေတများက ဤအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အလွှာများက ကျောက်စိမ်းပြား၏ ဗဟိုချက်ဆီသို့ လျင်မြန်စွာ စုစည်းလာသည်။ နောက်တစ်ခဏတွင် ကျောက်စိမ်းပြားက ရုတ်တရက် လှုပ်ရှားသွားပြီး လူ့ခေါင်းတစ်လုံးခန့် အရွယ်အစားရှိ ကြည်လင်ပြတ်သားသော အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်၏။
အလင်းတန်းမှာ အလွန်တရာ မျက်စိကျိန်းမတတ် ဖြစ်နေပြီး အတွင်း၌ ကျောက်စိမ်း အရည်များကဲ့သို့ ထူထပ်နေပုံရသည်။ ၎င်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် တိတ်ဆိတ်နေပြီး လေဟာနယ်တွင် လှိုင်းဂယက်တစ်ခုမျှပင် မပေါ်လာခဲ့ပေ။ သို့သော်လည်း မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က ဤအလင်းတန်းကို မြင်သောအခါ ထိတ်လန့်မှု အရိပ်အယောင်တစ်ခုက သူ၏ မျက်နှာတွင် ပေါ်လာခဲ့သည်။
အလင်းတန်းမှာ မြန်ဆန်ပုံမရသော်လည်း ဤအချိန်တွင် သူ လုံးဝ ရှောင်တိမ်း၍ မရနိုင်ကြောင်း မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင် သိရှိသွားခဲ့လေ၏။
“မလုပ်နဲ့”
“မဖြစ်နိုင်ဘူး”