← Chapters

အမျိုးသမီးကိုယ်ခန္ဓာသို့ ဝင်ရောက်နေထိုင်သူ လင်းလန်တျန်း

Vol. 13 Ch. 124

အမျိုးသမီးကိုယ်ခန္ဓာသို့ ဝင်ရောက်နေထိုင်သူ လင်းလန်တျန်း

Vol. 13 Ch. 124

“မဟာရှေးဟောင်းဧကရာဇ် ကျမ်း”

ဤစကားလေးလုံးက ဝူယွမ်၏ မျက်လုံးများကို လင်းလက်စေခဲ့သည်။

အခြားအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင်၊ “မဟာရှေးဟောင်းဧကရာဇ်” ဟူသော အမည်ကိုကြားရုံမျှနှင့် ဤသိုင်းပညာရပ်၏ ခမ်းနားထည်ဝါမှုကို မှန်းဆနိုင်သည်။

ထိုသို့သော ဧကရာဇ်နည်းလမ်းကျမ်းကြီးမျိုးကသာလျှင် မဟာရှေးဟောင်းဂိုဏ်းကြီး၏ ဂုဏ်သတင်းနှင့် ထိုက်တန်သည်။

ဤအချိန်တွင် ဝိညာဉ်လေးမှ ဝူယွမ်အား နည်းလမ်းကို စတင်သင်ကြားပြသလျက် ရှိသည်။ ယခင်က မဟာရှေးဟောင်းကောင်းကင်ဖမ်းလက်ချောင်း ကဲ့သို့သော သိုင်းပညာရပ်များကို ဖန်တီးမှုစွမ်းအားရပ်တိုင်အတွင်းရှိ နေရာမှ တိုက်ရိုက်ရယူနိုင်ခဲ့သော်လည်း ယခုမူကား ဝိညာဉ်လေူက တိုက်ရိုက်သင်ကြားပို့ချပေးခြင်း ဖြစ်သည်။

ရောင်စုံဖျော့တော့သော ကျောက်တိုင်ဝိညာဉ်လေးက ဝူယွမ်အား ဝိုင်းရံလျက် လည်ပတ်နေပြီး သူ၏ အလင်းနှင့် အရိပ်မှ တန်ခိုးကြီးမားသော်လည်း နူးညံ့သိမ်မွေ့သည့် တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာသည်။

မဟာရှေးဟောင်းကောင်းကင်ဖမ်းလက်ချောင်းကဲ့သို့ ကြောက်မက်ဖွယ် အမှတ်အသားများ မရှိပေ။

ကျောက်တိုင်ဝိညာဉ်၏ အလင်းလုံးအတွင်းမှ ရောင်စုံဖျော့တော့သော အလင်းတန်းများက တိုက်ရိုက်စုစည်းလာပြီး ဝိညာဉ်စွမ်းအင်များက သိုင်းပညာရပ် စာအုပ်တစ်အုပ်အဖြစ် ဖြစ်ပေါ်လာသည်။

ထိုရောင်စုံဖျော့တော့သော စာအုပ်လေးက ဝူယွမ်ရှေ့တွင် မျောလွင့်လျက်ရှိပြီး စာအုပ်မျက်နှာပြင်ပေါ်တွင် ရွှေရောင်အက္ခရာစာလုံးလေးလုံး ပေါ်လာသည်။

ကောင်းကင်အဆင့်သိုင်းပညာရပ်။ မဟာရှေးဟောင်းဧကရာဇ်ကျမ်း။

ဤရွှေရောင်စာလုံးခုနှစ်လုံးတည်းနှင့်ပင် ယခင်က အနက်ရောင်တိုင်ကြီးပေါ်ရှိ မဟာရှေးဟောင်းကောင်းကင် ဖမ်းလက်ချောင်းထက် အဆမတန်သာလွန်သည့် ခံစားချက်ကို သယ်ဆောင်လာသည်။

“ကောင်း... ကောင်းကင်အဆင့်ပညာရပ်”

ရှောင်တျောင်းကလည်း ထိုရောင်စုံဖျော့တော့သော စာအုပ်ကို မြင်ပြီး အသံကျယ်ကျယ်ဖြင့် ‌ေအာ်ပြောလိုက်မိသည်။

ကောင်းကင်မြွေပါမျိုးနွယ်က သားရဲများအတွင်း အဆင့်မြင့်မျိုးနွယ်စု ဖြစ်သည့်တိုင် သူတို့က ကောင်းကင်အဆင့်ရှိသည့် သိုင်းပညာရပ်တစ်ခုသာ သိရှိထားသည်။

ထိုနည်းလမ်းမှာ သူတို့မျိုးနွယ်၏ အစွမ်းထက်ဆုံးသော ကောင်းကင်နတ်ဆိုး လျှို့ဝှက်နည်းလမ်းဘဲ ဖြစ်သည်။

“ဒီမဟာရှေးဟောင်းကျောက်တိုင်အတွင်းမှာ ဒီလောက်တန်ခိုးကြီးမားတဲ့ သိုင်းပညာရပ် ရှိနေမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။”

“ဒီရှေးဟောင်းဂိုဏ်းက အတိတ်က အတော်လေး ထူးခြားခဲ့လောက်တယ်”

ရှောင်တျောင်းက စိတ်ထဲကနေ ကြီးမြတ်လွန်းသလို ခံစားနေရသည်ကို မတားဆီးနိုင်ခဲ့ပေ။

“ကောင်းကင်အဆင့်ပညာရပ်က အလွန်စွမ်းအားကြီးမားလွန်းတာကြောင့် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ လက်နက်တစ်ခုမဟုတ်တဲ့၊ ကောင်းကင်နီးပါး အဆင့်သာ ရှိသော ဝိညာဉ်ရတနာ လက်နက်ငယ်လေးတစ်ခု‌သာဆို အဲ့ပညာရပ်ကို ထိမ်းသိမ်းဖို့ လုံလောက်မှာမဟုတ်ဘူး။”

ဝူယွမ် သူ၏မျက်နှာ‌လေးနက်သွားပြီး သေချာရှင်းပြလိုက်သည်။

တိုင်ဝိညာဉ်နှင့် ဆက်သွယ်မှုတည်ဆောက်ပြီးနောက် ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်နှင့် မဟာရှေးဟောင်း တောရိုင်းကျောက်တိုင် တစ်ခုလုံးက တစ်ခုတည်းဖြစ်ပြီး သူ့၏မူလအဆင့်က ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ထက်ပင် မြင့်မားကြောင်း ဝူယွမ်သိသွားခဲ့သည်။

သို့ရာတွင် မဟာရှေးဟောင်းကျောက်တိုင်အတွင်း၊ ဤအတွင်းပိုင်းနေရာ၏ မြေအောက်တွင် အခြားကမ္ဘာမှ နတ်ဆိုးဘုရင်တစ်ပါး ချုပ်နှောင်ခံထားရသည်။ ထိုနတ်ဆိုးက ဒုတိယသံသရာအဆင့် တန်ခိုးရှင်တစ်ဦး ဖြစ်သည်။

ထိုအခြားကမ္ဘာမှ နတ်ဆိုးဘုရင်ကို ချုပ်နှောင်ထားရသည့်အတွက် မဟာရှေးဟောင်းကျောက်တိုင်၏ စွမ်းအားက နှစ်ဆယ်ရာခိုင်နှုန်းမျှသာ ကျန်ရှိတော့သည်။

ထို့အပြင် ဤတိုင်ဝိညာဉ်က အမှန်တကယ် ရိုးရိုးသားသား မွေးဖွားလာခြင်း မဟုတ်ပေ။

ဤ၀ိညာဥ်လေးမှာ အသက်အသစ်၊ သို့မဟုတ် ဒုတိယအကြိမ်မွေးဖွားခြင်း ဖြစ်သည်။

အခြားကမ္ဘာမှ နတ်ဆိုးများနှင့် ဖြစ်ပွားခဲ့သော ကြီးမားသည့်တိုက်ပွဲတွင် ၎င်းက ပျက်စီးလုနီးပါးဒဏ်ရာရခဲ့ပြီး တိုင်ဝိညာဉ်မှာ ပြန်လည်စုစည်းခဲ့ရခြင်း ဖြစ်သည်။

ရှောင်တျောင်းနှင့် လင်းတုန်တို့ကတော့ နားမလည်ကြပေ။

ဝူယွမ်သည်လည်း သူတို့အား အသေးစိတ်ရှင်းပြခြင်း မပြုတော့ပေ။ အခြားကမ္ဘာမှ နတ်ဆိုးများအကြောင်း ပြောရန် အချိန်နှင့် အခြေအနေများက မသင့်တော်သေးပေ။

သူတို့၏ စွမ်းအားမှာ အလွန်အားနည်းနေပြီး သံသရာအဆင့်သို့ မရောက်မချင်း အခြားကမ္ဘာမှ နတ်ဆိုးများကို ရင်ဆိုင်ရန် လုံလောက်သောအရည်အချင်း ရှိမည်မဟုတ်ပေ။

ဝူယွမ်က အရောင်စုံဖျော့တော့သော မဟာရှေးဟောင်းဧကရာဇ် ကျမ်းကို ငေးကြည့်လျက် နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်ပြီး ဝိညာဉ်စွမ်းအင်တစ်မျှင်ကို ထုတ်လွှတ်ကာ ထိတွေ့ခဲ့သည်။

ဝိညာဉ်အတင့်သိုင်းပညာရပ်တွင် ဝိညာဉ်ရှိပြီး ယင်းထက်မြင့်သော ကောင်းကင်အဆင့်ပညာရ့ပ်တွင် ဝိညာဉ် မရှ်မည်ပူစရာမလိုပေ။

ထိတွေ့လိုက်သည့်အချိန်တွင် ဝူယွမ်၏ နဖူးပေါ်ရှိ မဟာဝမ့်လွန် ဧကရာဇ်တံဆိပ်က တူညီသောအလင်းကို ထုတ်လွှတ်လိုက်ပြီး မဟာရှေးဟောင်းဧကရာဇ်ကျမ်းနှင့် ထိတွေ့ခဲ့သည်။

နှစ်ခုက ဆက်သွယ်မိသွားပြီး ရောင်စုံဖျော့တော့သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တိုက်ရိုက်ပင် ဝူယွမ်၏နဖူးကို ဖောက်ထွင်းပြီး သူ၏စိတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဝူယွမ်၏ ကိုယ်ခန္ဓာက ရုတ်တရက် တုန်ခါသွားပြီး သူ၏စိတ်ထဲတွင် များပြားလွန်းလှသော အချက်အလက်များ ပေါက်ကွဲထွက်လာသည်။ တစ်ခုပြီးတစ်ခု ကြီးမားသော စွမ်းအင် လှုပ်ရှားမှုများက လျှပ်စီးအလင်းနှင့်အရိပ်များကဲ့သို့ သူ၏စိတ်ကို အံ့ဩဖွယ်နှုန်းဖြင့် ဖြတ်သန်းသွားသည်။

ထိုနှုန်းက အလွန်မြန်ဆန်လွန်းသဖြင့် သူ၏အတွေးများပင် မလိုက်နိုင်ခဲ့သော်လည်း ဝူယွမ်အား သူ၏စိတ်ထဲတွင် နက်ရှိုင်းစွာ အမှတ်ရနေ‌သည်ကို ခံစားလိုက်ရသည်။ အတွေးတစ်ခု ထွက်ပေါ်လာလျှင်ပင် ထိုအရာများက အလွန်ရှင်းလင်းစွာ ပေါ်လာလိမ့်မည်။

သိုင်းပညာရပ် အချက်အလက်များအပြင် ဧကရာဇ် ကျမ်းနှင့်ပတ်သက်သည့် ထိုးထွင်းသိမြင်မှုနှင့် နားလည်သဘောပေါက်မှုများကလည်း ဝူယွမ်၏စိတ်ထဲတွင် ပေါ်လာသည်။

ဤသည်မှာ သိုင်းပညာရပ် အမွေဆက်ခံခြင်း ဖြစ်ပြီး ဆိုင်းအင်၀င်ရာမှ ရရှိခဲ့သော ကျင့်ကကြံခြင်းနည်းလမ်းများထက်ပင် ပိုပြီး ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသည်။

ဝူယွမ်က မျက်လုံးများကို ကြာမြင့်စွာပိတ်ထားပြီးနောက် များပြားလှသော သိုင်းပညာရပ် အချက်အလက်များ၊ အတွေ့အကြုံများနှင့် နားလည်သဘောပေါက်မှုအားလုံးကို ဖြည်းဖြည်းချင်း လက်ခံရယူခဲ့သည်။

မဟာရှေးဟောင်းဧကရာဇ်ကျမ်းက ရိုးရိုး သိုင်းပညာရပ်တစ်ခုသာမဟုတ်ဘဲ မဟုတ်ဘဲ မဟာရှေးဟောင်းဧကရာဇ်၏ သိုင်းပညာရပ် အမွေဆက်ခံမှု တစ်ခုလုံးဖြစ်ပြီး သူ၏တစ်ဘဝလုံး သင်ယူခဲ့သမျှပါ ပါဝင်သည်။

ထိုအထဲတွင် မဟာရှေးဟောင်းကောင်းကင်ဖမ်းလက်ချောင်းလည်း ပါဝင်သည်။

“ဆူး...ဆူး...ဆူး...” တိုင်ဝိညာဉ်၏ အလင်းလုံးက ရုတ်တရက် ကွဲထွက်သွားပြီး အလင်းအစိတ်အပိုင်း တစ်ခုက အဝေးသို့ မျောပါသွားသည်။

ဝူယွမ်က အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားသည်။

အခြားတစ်ယောက်က ဤဗလာနယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်လာနိုင်ခဲ့သည်။

သူသည် ထို၀င်လာသူကို တားဆီးမည် ဖြစ်သည်။

ဖန်တီးခြင်းအဆင့် သိုင်းပညာရပ် အားလုံးက ဤအနက်ရှိုင်းဆုံးနေရာတွင် ရှိပြီး တိုင်ဝိညာဉ်၏ စမ်းသပ်မှုကို ဖြတ်သန်းပြီးမှသာ ဝင်ရောက် ရယူနိုင်သည်။

“သူဘဲ ဖြစ်လိမ့်မယ်”

ဝူယွမ်က ပြုံးရယ်ကာ ကျောက်တိုင်ဝိညာဉ်ကို ခေါ်ဆောင်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

၀င်ရောက်လာသူဆယ်ဦးမနက် သူနှင့် လင်းတုန်မှလွဲ၍ ဤနေရာသို့ ရောက်ရှိနိုင်သူ မည်သူမျှ မရှိသလောက်ပင် ဖြစ်သည်။

တစ်ယောက်ယောက် ရှိခဲ့ပါက ထိုသူမှာ လင်းလန်တျန်း သို့မဟုတ် အရှင်မုဘဲဖြစ်ရမည်။

“ချင်ရှီ”

ထိုဝိညာဉ်ကိုယ်ခန္ဓာကို မြင်လျှင် လင်းတုန်က အံအားသင့်သွားပြီး အော်ဟစ်မိသည်။

“မဟုတ်ဘူး၊ သူက ချင်ရှီ မဟုတ်ဘူး”

ဝူယွမ်၏ မျက်လုံးများက ပျော်ရွှင်နေဟန်ရပြီး သူက ခေါင်းကို လှုပ်ခါလိုက်သည်။

“ထူးဆန်းတဲ့ ဝိညာဉ်ကိုယ်ခန္ဓာ တစ်ခုဘဲ၊ ဟဟား၊ သူပဲ၊ လင်းလန်တျန်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မူလဝိညာဉ်” ရှောင်တျောင်းက ချက်ချင်းဘဲ အချက်တစ်ခုကို သတိပြုမိပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ထို့နောက် သူ၏ကြွက်ငယ်လေးကဲ့သို့ မျက်ခုံးများ ကျုံ့ဝင်သွားသည်။ အကြောင်းမှာ ဤဝိညာဉ်ကိုယ်ခန္ဓာအတွင်း၌ လူသုံးဦး၏ မတူညီသော ဝိညာဉ်စွမ်းအင်များ ရှိနေသည်ကို သူတွေ့ရှိခဲ့သောကြောင့်ဖြစ်ပြီး အလွန်ထူးဆန်းနေသည်။

“လူသုံးဦးရဲ့ ဝိညာဉ်စွမ်းအင်များ ရှိနေတယ်၊ မင်းက ဘယ်သူလဲ သားရဲကြီးတစ်ကောင်ရဲ့ မျိုးစပ်ပုံစံလား”

လူနှစ်ဦးနှင့် မြွေပါတို့က ချင်ရှီအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။

“မင်းတို့ ဘာပြောနေကြသလဲ”

ချင်ရှီက သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးနေသော အကြည့်ဖြင့် ပြောလိုက်သည်။

ဤအချိန်တွင် သူက အလင်းတိုင်တစ်တိုင်မှ ဖန်တီးမှုအဆင့် သိုင်းပညာရပ်တစ်ခုကို ရရှိပြီးဖြစ်သည်။

“ချင်ရှီလား။ လင်းလန်တျန်းလား။ လျှို့ဝှက်ဆန်းကြယ်တဲ့ မူလဝိညာဉ်လား”

“ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်သလဲ”

“ဒါပေမဲ့ မင်းဘယ်သူဘဲဖြစ်ဖြစ် သေရမယ်”

ဝူယွမ်က အေးစက်စွာဖြင့် ပြောလိုက်သည်။

“သေချာပေါက်၊ မင်းတို့ ငါ့ကိုရှာတွေ့သွားပြီဘဲ၊ ဒါပေမဲ့ ငါလိုချင်တာကိုလည်း ရပြီးပီ”

ချင်ရှီ၏ အသံက ရုတ်တရက် လူအိုကြီးတစ်ယောက် အသံသို့ ပြောင်းလဲသွားပြီး အကြိမ်ကြိမ် ပဲ့တင်ထပ်ကာ ကြားရသူအဖို့ ရှုပ်ထွေးလွန်းလှသည်။

စကားပြောပြီးသည်နှင့် ချင်ရှီ၏ ဝိညာဉ်ကိုယ်ခန္ဓာက ရုတ်တရက် ဆုတ်ခွာသွားပြီး “ဟူး” ဟူသောအသံဖြင့် အပြင်ဘက် ကြယ်စင်တွေနှင့်ပြည့်နေသော အာကာသထဲသို့ ဝင်ရောက်သွားကာ ဥက္ကာခဲတစ်ခုကဲ့သို့ ထွက်ပြေးသွားသည်။

ဤနေရာရှိ လူတိုင်းတွင် ဝိညာဉ်စွမ်းအင်တစ်မျှင်သာ ရှိသဖြင့် သူကလျင်မြန်စွာ ထွက်ပြေးနိုင်ခဲ့သည်။

“သွားကြစို့၊ အပြင်ထွက်ပြီး သူ့ကိုသတ်ကြမယ်”

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်က အလျင်အမြန် လှုပ်ရှားသွားပြီး သူသည်လည်း ကြယ်စင်တွေနှင့်ပြည့်နေသော အာကာသထဲသို့ ခုန်ဆင်းကာ သူ၏ပင်ကိုယ်ကိုယ်ခန္ဓာထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

သူတို့၏လက်ရှိအခြေအနေမှာ ဝိညာဉ်စွမ်းအင်တစ်မျှင်ကဘဲ ဖန်တီးမှုစွမ်းအားရပ်တိုင် နေရာအတွင်းသို့ ဆွဲငင်သွင်းခံရခြင်းသာ ဖြစ်သည်။ လူတစ်ဦးကို သတ်ရန် သူတို့က ပထမဦးစွာ အပြင်သို့ထွက်ရမည် ဖြစ်သည်။

ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်၏ တိုင်ဝိညာဉ်က လက်ရှိအချိန်တွင် ကလေးသာရှိနေသေးဘ ၎င်းသည် အကူညီပေးနိုင်သည့် ဝိညာဉ်ရတနာလက်နက် တစ်ခုသာဖြစ်ကာ တိုက်ခိုက်မှုစွမ်းရည် ကင်းမဲ့နေသေးသည်။

“ချင်ရှီရဲ့ ကိုာ်ယ်ခန္ဓာကို စွန့်ပစ်မှရမယ် ထင်တယ်။ ကံကောင်းတာက ငါတို့ သူရဲ့ဝိညာဉ်ကို မသန့်စင်ခဲ့မိလို့‌ေပါ့”

၎င်းတို့က ဝဲပြွန်ထဲမှ ပြန်လာရန် လုပ်ဆောင်နေစဉ် ချင်ရှီ၏ ဝိညာဉ်စွမ်းအင်တစ်မျှင်က ရုတ်တရက် နှစ်ပိုင်း ကွဲထွက်သွားသည်။

ဝိညာဉ်စွမ်းအင်တစ်မျှင်က ချင်ရှီ၏ကိုယ်ခန္ဓာအတွင်းသို့ ရှုပ်ထွေးစွာဖြင့် ပြန်လည်ဝင်ရောက်သွားပြီး အခြားတစ်မျှင်က စိမ်းပြာရောင်သစ်သား ဂိုဏ်းမှ အမျိုးသမီးတစ်ဦးအပေါ်သို့ အာရုံစိုက်လျက် ရှိသည်။

“မင်းပဲ”

သူ၏ ဝိညာဉ်စွမ်းအင်က ထိုအမျိုးသမီး၏ ဝိညာဉ်စွမ်းအင်ကို ဝိုင်းရံလိုက်ပြီး ၎င်း၏ ဝိညာဉ်စွမ်းအင်ကို မြန်ဆန်စွာအပြည့်အဝ ဖုံးအုပ်လိုက်သည်...

ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင် ပတ်လည်ရှိ ရင်ပြင်တွင် မရေမတွက်နိုင်သောလူမျာက မျက်တောင်မခတ်ဘဲ ကျောက်စင်ပေါ်ရှိ ပုဂ္ဂိုလ်ဆယ်ဦးကို အာရုံစိုက်ထားကြသည်။ ဖန်တီးခြင်းကျောက်တိုင်ပေါ်ရှိ အလင်းများ ပေါ်ထွက်လာကတည်းက ကျောက်စင်ပေါ်ရှိ သူများက နာရီဝက်ကျော်ကြာသည့်တိုင် လှုပ်ရှားခြင်း မရှိခဲ့ကြပေ။

“ဗျူး”

လူတိုင်းက စိတ်ဆန္ဒပြင်းစွာ စောင့်ဆိုင်းနေကြစဉ် ကျောက်စင်ပေါ်တွင် ရုတ်တရက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ကာ။ ချင်ရှီက ပထမဦးဆုံး မျက်လုံးဖွင့်လာခဲ့သည်။

ထိုအချိန်တွင် ကြီးမားသော ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင် သည်လည်း ပြင်းထန်စွာ တုန်ခါသွားပြီး မရေမတွက်နိုင်သော လင်းလက်သည့် အလင်းလှိုင်းများက အံ့အားသင့်ဖွယ် ကြည့်ရှုနေကြသူများ၏ အကြည့်များအောက်တွင် ကျောင်တိုင်ထဲမှ ထူးဆန်းစွာ ပန်းထွက်လာကာ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွားခဲ့သည်။

မရေမတွက်နိုင်သော အလင်းတိုင်များက ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်မှ ပန်းထွက်လာပြီး နေရာတိုင်းကို လွှမ်းမိုးသွားသည်။ ထိုအရှိန်အဟုန်က ယခင်က ရှိခဲ့သမျှထက် အဆမတန်သာလွန်နေပြီး ရင်ပြင်ပေါ်ရှိ လူများက လက်ရှိ ဆူညံသံကို ကြားလိုက်ရသည့်အတွက် အံ့အားသင့်သွားကြပြီး ကောင်းကင်တစ်ခွင်လုံး လင်းထိန်နေသည်ကို စိုက်ကြည့်နေကြသူတိုင်း၏ မျက်နှာများတွင် အံ့အားသင့်မှုများဖြင့်ပြည့်နှက်သွားကြသည်။

“ဖန်တီးမှုအဆင့် သိုင်းပညာရပ်ကြောင့် ဒီလိုဖြစ်လာတာလား”

“ဖန်တီးမှုအဆင့် သိုင်းပညာရပ်က အရင်ဆုံးပေါ်လာမယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး”

“ဒီချင်ရှီက တစ်ကယ်ဘဲ အံဩစရာကောင်းတာဘဲ”

...လူများသည် အံ့အားသင့်နေကြစဉ် မမြင်နိုင်သော မူလဝိညာဉ်တစ်ခုက ချင်ရှီ၏ကိုယ်ခန္ဓာမှ ထွက်ခွာသွားပြီး ကောင်းကင်တစ်ခွင်လုံး လင်းထိန်မှု၏ အကာအကွယ်အောက်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သတိမထားမိခဲ့ကြပေ။

ထိုမူလဝိညာဉ်က တိုက်ရိုက်ပင် သူ၏ဘေးနားရှိ စိမ်းပြာရောင်သစ်သား ဂိုဏ်းမှ အမျိုးသမီးတပည့်၏ ခေါင်းထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်။ ဤအချိန်တွင် ထိုအမျိုးသမီးတပည့်သည်လည်း မျက်လုံးများကို ဖွင့်လိုက်သည်။

ဖန်တီးခြင်းရှေးဟောင်းကျောက်တိုင်မှာ တုန်ခါသွားပြီး အလင်းတိုင်ရှစ်တိုင် ရုတ်တရက် ထွက်ပေါ်လာကာ သူမ၏ခေါင်းပေါ်တွင် ရစ်ပတ်နေသည်။

“အဋ္ဌမအဆင့် သိုင်းပညာရပ်တစ်ခုသာသာပါဘဲ”

ပတ်ဝန်းကျင်ရှိ လူများက လှိုင်းများကိုကြည့်ရင်း စိတ်ကြချင်စဖွယ် ပြေလိုက်ကြသည်။ အထူးသဖြင့် စိမ်းပြာရောင်သစ်သား ဂိုဏ်းမှ လူများ ဖြစ်သည်။ ချင်ရှီ၏ ဖန်တီးမှုအဆင့် သိုင်းပညာရပ် ပေါ်ထွန်းခြင်းကြောင့် ဤအဋ္ဌမအဆင့် စွမ်းအားရပ်နည်းက သိပ်အရေးမပါသကဲ့သို့ ထင်ရသည်။

လူများ၏ အကြည့်များက စိမ်းပြာရောင်သစ်သားဂိုဏ်းမှ အမျိုးသမီးထံမှ ဖယ်ရှားသွားကြပြီး ချင်ရှီအား မနာလိုအားကြစွာ ကြည့်ရှုလျက် ရှိသည်။

သို့ရာတွင် ချင်ရှီက ယခုအချန်တွင် အလွန်အမင်း ရှုပ်ထွေးနေပြီး သူ၏မျက်လုံးများက အမေးသင်္ကေတများ ပြည့်နေသည်။

“ငါဘယ်သူလဲ”

“ငါဘယ်နေရာမှာလဲ”

“ငါဘာလုပ်ခဲ့မိလဲ”

“သူတို့ဘာကြောင့် ငါ့ကိုဒီလိုကြည့်နေကြတာလဲ”

ချင်ရှီ၏ စိတ်က ဗလာဖြစ်နေသည်။ လင်းလန်တျန်းက သူ၏ကိုယ်ခန္ဓာကို လိုချင်ကြောင်း ရုတ်တရက်ပြောပြီးနောက် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားသည်ကိုသာ သူမှတ်မိသည်။

သူ နိုးထလာသောအခါ လူစုလူဝေး၏ စောင့်ကြည့်မှုအောက်တွင် လူအုပ်စုတစ်စု၏ မနာလိုဖွယ် ကြည့်ရှုမှုကို ခံနေရသည်။

“ပိလော်”

စိမ်းပြာရောင်သစ်သားဂိုဏ်းမှ အကြီးအကဲတစ်ဦးက ခေါ်လိုက်သည်၊ သူ၏အသံက စိတ်ပြတ်နေဟန်ရသည်။ အခွင့်အရေးတစ်ခု ရရှိရန် ရုန်းကန်အားထုတ်မှုများစွာ ပြုလုပ်ခဲ့သော်လည်း အဋ္ဌမအဆင့် သိုင်းပညာရပ်တစ်ခုသာ ရရှိခဲ့သည်။

ပိလော်က သူမ၏အကြီးအကဲကို မတုန့်ပြန်ဘဲ သူမနှုတ်ခမ်းထောင့်များကို အနည်းငယ်ကွေးညွှတ်လိုက်ပြီး ချစ်စရာကောင်းသော အပြုံးတစ်ခု သူမ၏လှပသောမျက်နှာပေါ်တွင် ပေါ်လာကာ ချင်ရှီအား ကြည့်နေခဲ့သည်။

သူမက သူမ၏စိတ်ထဲတွင် လျှို့ဝှက်စွာ ကျေနပ်နေသည်၊ သူ ဘေးအန္တရာယ်တစ်ခုမှ တစ်ကြိမ်ထပ်မံ လွတ်မြောက်လာပြန်သည်။

သူမအခုလက်ရှိ ရရှိထားသော ဖန်တီးမှုအဆင့် သိုင်းပညာရပ်ကို သူက တစ်ခါတည်းယူလာခဲ့ပြီး ချင်ရှီမှာ ဘာမှမရဘဲ သူ့အတွက် ခေါင်းခံရမည်ဖြစ်သည်။

“ထွက်ပြေးတော့၊ မဟုတ်ရင် သေလိမ့်မယ်”

လင်းလန်တျန်က စိတ်ရှုပ်ထွေးနေသော ချင်ရှီထံသို့ အသံပို့လိုက်သည်။

ချင်ရှီ၏ မျက်နှာအသွင်အပြင်က ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ သူ့ထံသို့ သတင်းပို့နေသူက မည်သူမည်ဝါဖြစ်သည်ကို မသိခဲ့ပေ။

စိုးရိမ်ပူပန်မှု၏ ခံစားချက်က ပို၍ပင် ပြင်းထန်လာခဲ့ပြီး သူက မြန်ဆန်စွာ ထရပ်လိုက်ကာ အလျင်အမြန် ပျံသန်းထွက်ခွာသွားခဲ့သည်။

“သခင်လေး”

ချင်မိသားစုဝင်များက အကြောင်းရင်းကို မသိဘဲ မြန်ဆန်စွာ နောက်က လိုက်လံပြီးဖမ်းဆီးခဲ့ကြရသည်။

ဤအချိန်တွင် ချင်ရှီ၏ ခေါင်းက ကွဲအက်နေသကဲ့သို့ နာကျင်နေပြီး ဘာမှမသိသလို ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ သူက မိသားစုထံသို့ အလျင်အမြန် ပြန်လာလိုစိတ်သာ ရှိနေခဲ့သည်။

ချင်ရှီက ဒေါသထွက်နေသကဲ့သို့ ထွက်ပြေးသွားသည်ကို ကြည့်ရှုရင်း လင်းလန်တျန်း မျက်လုံးများထဲတွင် လှည့်ဖြားတတ်သော ပြုံးရယ်မှုတစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

“ဝူယွမ်၊ လင်းတုန်၊ ဒီတစ်ကြိမ်တော့ ငါတို့က အမျိုးသမီးတစ်ဦးရဲ့ကိုယ်ခန္ဓာထဲကို ဝင်ရောက်နေထိုင်နေမယ်လို့ မင်းတို့ ဘယ်တုန်းကမှ စဉ်းစားမိမှာ မဟုတ်ဘူး”

ပိလော်က သူမ၏စိတ်ထဲတွင် တွေးတောရင်း လျှို့ဝှက်စွာ ကျေနပ်နေခဲ့သည်။

ဤအချိန်တွင် ဖန်တီးမှုကျောက်တိုင်က ဆက်တိုက်တုန်ခါနေပြီး ဝူယွမ်နှင့် လင်းတုန်နှစ်ဦးစလုံးက မျက်လုံးများကို ဖွင့်လိုက်ကြပြီး မရေမတွက်နိုင်သော အလင်းတိုင်များသည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံလိုက်သည်။

အလင်းတိုင်များ၏ အရေအတွက်က ချင်ရှီကြောင့် ဖြစ်ပေါ်လာသော ရူပါရုံထက် အဆမတန်သာလွန်နေပြီး ဝူယွမ်နှင့် လင်းတုန်ကို ဖုံးလွှမ်းထားသော ထူးဆန်းသည့် ရောင်စုံဖျော့တော့အလင်းများက ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။

“အိုး... ဘုရားသခင်၊ ဖန်တီးမှုအဆင့် သိုင်းပညာရပ် နောက်ထပ်နှစ်ခု ထပ်ရသွားကြပြန်ပြီ”

“သေချာပေါက်၊ ဝူယွမ်နဲ့ လင်းတုန်က ဖန်တီးမှုအဆင့် သိုင်းပညာရပ်ကို ရသွားကြပြီ။ ချင်ရှီ ရခဲ့တဲ့ ဖန်တီးမှုအဆင့် သိုင်းပညာရပ်ထက်တောင် ပို စွမ်းအားကြီးပုံရတယ်”

“အလယ်အလတ်အဆင့် သိုင်းပညာရပ် မဟုတ်ရင် အဆင့်မြင့် ဖန်တီးခြင်း သိုင်းပညာရပ် ဖြစ်လိမ့်ယ်။”

...လူတိုင်းသည် ဝူယွမ်နှင့် လင်းတုန်အား မီးကဲ့သို့ ပူလောင်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။ မနာလိုဖွယ်အမူအရာအပြင် သူတို့၏ကြည့်ရှုမှုများထဲတွင် နက်ရှိုင်းသော ရိုသေလေးစားမှုလည်း ပါဝင်နေသည်။

“ချင်ရှီ ဘယ်နေရာမှာလဲ”

လင်းတုန်က ကျောက်တိုင် နေရာတစ်ဝိုင် ချက်ချင်းပင် ရှာဖွေကြည့်လိုက်သောအခါ ချင်ရှီကို ဘယ်နေရာမှမျှ မတွေ့ရတော့ပေ။

“သခင်လေး လင်းတုန်၊ သူထွက်ပြေးသွားပါပြီ”

“သခင်လေး ဝူယွမ်၊ ချင်ရှီ ဒီလမ်းအတိုင်းပြေးသွားပါတယ်”

မဟာနတ်ဆိုးဂိတ်၊ သိုင်းမဟာမိတ်၊ ကောင်းကင်ဓားကျောင်းတော်၊ လင်းမိသားစု နှင့် အခြားသူများမှ လူများက ချင်ရှီ ထွက်ပြေးသွားခဲ့သည့် လမ်းကြောင်းကို ညွှန်ပြလိုက်ကြသည်။

လင်းတုန်က စက္ကန့်မျှပင် မတွန့်ဆုတ်ဘဲ အဆင့်မြင့် ဝိညာဉ်ရတနာလက်နက် အဆင့်ရှိသော အနက်ရောင် ဓားရှည်တစ်ချောင်း ပေါ်လာပြီး တိုက်ရိုက်ပင် ဓားပေါ်တွင် စီးနင်းကာ နောက်က လိုက်လံဖမ်းဆီးသွားခဲ့သည်။

ဝူယွမ်သည်လည်း သူ၏ အနီရောင် မီးဓားကို ထုတ်ယူကာ နောက်က လိုက်ပါသွားခဲ့သည်။ လင်းလန်တျန်းကို ထပ်မံထွက်ပြေးခွင့် မပေးသင့်တော့ပေ။

သူ့ကို အမြန်ဆုံး သတ်ရမည်ဖြစ်သည်။

“ဘာကိစ္စဖြစ်သွားတာလဲ”

ပတ်ဝန်းကျင်ရှိ လူများသည် စိတ်ရှုပ်စွာဖြင့် တွေးတောမိကြသည်။ ထိုနှစ်ဦးက ချင်ရှီကို လိုက်လံဖမ်းဆီးနေပုံရသော်လည်း ယခင်က ချင်ရှီကို မသတ်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။

ချင်မိသားစုဝင်များသည်လည်း မြန်ဆန်စွာ နောက်က လိုက်ပြီး လိုက်လံဖမ်းဆီးခဲ့ကြသည်။

ထိုနှစ်ဦး ချင်ရှီနောက် လိုက်သည်ကို ကြည့်ရင်း ပိလော်၏ ချစ်စရာကောင်းသော မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူမသည် ချက်ချင်းပင် ထလိုက်ပြီး စိမ်းပြာရောင်သစ်သား ဂိုဏ်း၏ အဖွဲ့ရှေ့သို့ လာကာ ဦးဆောင်လာသော အကြီးအကဲထံသို့-

“အကြီးအကဲလု၊ သွားကြစို့”

သူမက စိမ်းပြာရောင်သစ်သားဂိုဏ်းမှ လူများကို ခေါ်ဆောင်ပြီး အခြားလမ်းကြောင်းတစ်ခုမှ ထွက်ခွာသွားခဲ့သည်။

ရှေ့တွင် ပိလော်က ဆက်တိုက်ပင် သူ့ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းအမျိုးမျိုးကို လျှို့ဝှက်စွာ ထိတွေ့ကာ ကိုယ်ခန္ဓာအပေါ် သိလိုစိတ်ပြည့်နေသကဲ့သို့ ထင်ရသည်။

သူမ၏ မျက်လုံးများကလည်း ရှုပ်ထွေးသော အကြည့်များဖြင့် ပြည့်နှက်နေသည်။

“အရှင်မု၊ ငါတို့ မူလအတိုင်း ပြန်ဖြစ်နိုင်သေးတဲ့ နည်းလမ်းရှိသေးလား”

လင်းလန်တျန်း၏ အသံက ပိလော်၏ကိုယ်ခန္ဓာအတွင်းမှ ပျံ့နှံ့လာပြီး သူကိုယ်တိုင်သာကြားရသည်။

ချင်ရှီနှင့် မတူသည်မှာ လင်းလန်တျန်း၏ ဝိညာဉ်က အရှင်မု၏ မူလဝိညာဉ်နှင့် ပေါင်းစည်းသွားပြီး ဝိညာဉ်နှစ်ခုပေါင်းကာ မူလဝိညာဉ်တစ်ခု ဖြစ်လာခဲ့သည်။

ယခုအချိန်တွင် သူတို့က ပိလော် ကိုယ်ခန္ဓာထဲကို ဝင်ရောက် နေထိုင်လျက် ရှိသည်။

ဤအရာက လင်းလန်တျန်းအား အလွန်အမင်း စိတ်မသက်မသာဖြစ်စေသည်၊ သူက နဂိုက အမျိုးသားတစ်ယောက်ဖြစ်သည်။

မူလကတော့ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်ကျု ရရှိပြီးနောက် ထွက်ခွာရန် ရည်ရွယ်ခဲ့သော်လည်း ဝူယွမ်က တိုင်ဝိညာဉ်၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး ဖန်တီးခြင်း သိုင်းပညာရပ်တိုင်အတွင်းရှိ သူတို့၏ မူလဝိညာဉ်ကို ရှာဖွေတွေ့ရှိသွားမည်ဟု မျှော်လင့်မထားခဲ့ပေ။

ထို့အတွက်ကြောင့် အခြားကိုယ်ခန္ဓာတစ်ခုသို့ ပြောင်းလဲရန် နည်းလမ်းမရှိခဲ့ပေ။

ထိုအချိန်က ပတ်ဝန်းကျင်တွင် အခြားရွေးချယ်စရာ မရှိသဖြင့် ပိလော်သည်သာ အကောင်းဆုံး ရွေးချယ်စရာဖြစ်ခဲ့သည်။

ယခုအခါ သူတို့ ပေါင်းစပ်ထားသော မူလဝိညာဉ်၏ စွမ်းအားက အတော်အတန် ကုန်ခမ်းသွားခဲ့ပြီး အခြားတစ်ဦး၏ကိုယ်ခန္ဓာကို ထပ်မံဝင်ရောက်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ အနာဂတ်တွင် ဤအမျိုးသမီး၏ ကိုယ်ခန္ဓာကို အ‌ေတာ်ကြာ ဆက်လက်အသုံးပြုနေရမည် ဖြစ်သည်။

“လန်တျန်း၊ စိတ်ဓာတ်မကျပါနဲ့။ အမျိုးသမီး ကိုယ်ခန္ဓာကို ဝင်ရောက်နေထိုင်ခြင်းမှာ အားသာချက်တွေလည်း ရှိပါတယ်၊ ငါတို့က အမျိုးသား နဲ့ အမျိုးသမီး အဖြစ် အဆင့်ဆင့် တွေ့ကြုံခဲ့ရပြီးပီ၊ လူ့ကိုယ်ခန္ဓာအပေါ် ငါတို့ရဲ့ အတွေ့အကြုံနဲ့ နားလည်သဘောပေါက်မှုကို ဘယ်သူကမှ လိုက်မမှီနိုင်တော့ဘူး

အဲ့တာကို ထူးခြားတဲ့ အားသာချက်တစ်ခုအဖြစ် မင်းယူဆနိုင်တယ်။

ဒီအတွေ့အကြုံကြောင့် နောက်ဆုံးတော့ ငါ ငါ့ရဲ့အရင်ဘဝက ရရှိခဲ့တဲ့ ထူးကဲတဲ့ ကောင်းကင်အဆင့် သိုင်းပညာရ့်၊ ကမ္ဘာ့ရုပ်သွင်ပြင်မျိုးစုံ ကောင်းကင်နည်းလမ်းကို ကျင့်ကြံနိုင်ပီ”

အရှင်မုသည် အတန်ငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူ၏ သိုင်းပညာရပ်က ‌ကောင်းကင်အဆင့်ထိ ရောက်ရှိခဲ့သော်လည်း ကျင့်ကြံဖို့ရာ အခြေအနေများမှာ အလွန်တင်းကျပ်လှသည်။

ဤကျင့်ကြံနည်းလမ်းကို သုံးဘဝအားထုတ်နည်းဟုလည်း ခေါ်ဆိုကြပြီး အပိုင်းသုံးပိုင်းခွဲထားသည်။

အပေါ်ပိုင်း၊ အလယ်ပိုင်း နှင့် အောက်ပိုင်း။

သုံးကြိမ်သော ပြန်လည်မွေးဖွားမှုကို လိုအပ်ပြှး အပေါ်ပိုင်းကို အမျိုးသာဘဝတွင် ကျင့်ကြံရမည်။

အလယ်ပိုင်းကို လိင်နှစ်မျိုးစလုံးရှိသူဖြစ်သည့်ဘဝတွင် ကျင့်ကြံရမည်။

အောက်ပိုင်းကို အမျိုးသမီးဖြစ်သည့်ဘဝတွင် ကျင့်ကြံရမည်ဖြစ်သည်။

သုံးကြိမ် ပြန်လည်မွေးဖွားမှု၊ ထိပ်ဆုံးအဆင့်ထိ ကျင့်ကြံခြင်းဖြင့် သံသရာအဆင့်ကို ရောက်ရှိနိုင်မည်ဖြစ်သည်သည်။

ထိုသို့သော ကျင့်ကြံခြင်းနည်းလမ်းက မိုးကောင်းကင်ကို ဆန့်ကျင်သည့် မဖြစ်နိုင်သောနည်းလမ်း ဖြစ်သည်။

အရှင်မုကိုယ်တိုင် ကျင့်ကြံခဲ့သည်က အပေါ်ပိုင်းဖြစ်ပြီး လင်းလန်တျန်း မိမိဟာကို ဖြတ်ချပြီးနောက် အလယ်ပိုင်းကို အားထုတ်ခဲ့သည်။ ယခု အကယ်၍ သူတို့က ပိလော်နှင့် ထပ်မံပေါင်းစည်းပြီး ပိလော်အား အောက်ပိုင်းကို အားထုတ်စေနိုင်ပီဖြစ်သည်။

ထို့ကြောင့် သူတို့က သုံးကြိမ်ပြန် မွေးဖွားစရာမလိုဘဲ။ ကမ္ဘာ့ရုပ်သွင်ပြင်မျိုးစုံ ကောင်းကင်နည်းလမ်းကို အားထုတ်နိုင်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ သုံးဦးစလုံးက ပြန်လည်မွေးဖွားမှုတစ်ကြိမ်စီကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

ထူးဆန်းသော ကံကြမ္မာ၏ လှည့်ကွက်က ကောင်းကင်စွမ်းအားရပ်နည်း အားထုတ်ရာလမ်းကြောင်းပေါ်သို့ ခြေချရန် သူ့ကို ကူညီခဲ့သည်။

အရှင်မု၏ စိတ်ခံစားမှုများက အလွန်ရှုပ်ထွေးနေပြီး ဝူယွမ်နှင့် လင်းတုန်ကို မုန်းတီးရမလား၊ ကျေးဇူးတင်ရမလား မသိနိုင်အောင် ဖြစ်နေခဲ့သည်။

“အရှင်မု၊ ဘယ်လောက်ဘဲ ပေးဆပ်ရဆပ်ရ ဝူယွမ်နဲ့ လင်းတုန်တို့ကို သေခြင်းထက် ဆိုးသည့်ကံကြမ္မာကို ကြုံတွေ့ရပြီး သေမနတက်နာကျင်မှုနဲ့ အသက်ဆက်ရှင်‌ေန‌ေစရမယ်”

လင်းလန်တျန်း၏ အသံက အလွန်ပြင်းထန်နေသည်။

“စိတ်မပူပါနဲ့၊ အဲ့ရက်ရောက်ဖို့ သိပ်မလိုတော့ပါဘူး။ ငါ့ကို ယုံကြည်ပါ၊ အခု တော စိမ်းပြာရောင်သစ်သား ဂိုဏ်းထဲမှာဘံ ပုန်းခိုနေကြစို့။ အခုအချိန်မှာ သူတို့ရဲ့စွမ်းအားက အလွန်အားပြင်းလွန်းနေတယ်။ မဟာချင်းမင်းဆက်ထဲမှာ ပုန်းခိုနေပြီး ကမ္ဘာ့ရုပ်သွင်ပြင်မျိုးစုံ ကောင်းကင်နည်းလမ်း ပြီးပြည့်

All Chapters