ချင်းတန်း - ကိုကြီးဝူယွမ်ကို ကျွန်မအခန်းမှာဘဲထားလိုက်မယ်
Vol. 6 Ch. 54
ဝူယွမ် - “အစ်ကိုတော် စိတ်မပူပါနဲ့၊ အစ်ကိုတော် အိမ်ပြန်အနားယူပါ။ ပိုင်ယွမ်က ကျွန်တော့်ကို ပြန်ပို့ပေးပါ့မယ်။”
လင်းတုန် - “ရှောင်ယန်က ကျွန်တော့်ကို ပြန်ပို့မှာပါ!”
မြို့တော်ဝန် - “မင်းတို့နှစ်ယောက် ညီအစ်ကိုတွေ သောက်တာ သိပ်အားကျစရာပဲ။ နောက်နေ့မှ ဆက်သောက်ကြမယ်။ ငါ့မှာ ဝိုင်တွေအများကြီး ကျန်သေးတယ်!”
ဝူယွမ် - “အစ်မကြီး၊ အစ်ကိုတော်ကို မြန်မြန်ပြန်ပို့ပြီး အနားယူခိုင်းလိုက်ပါ။ အစ်ကိုတော် အတော်မူးနေပြီ!”
တံခါးဝမှာရပ်နေတဲ့ ဇီယွဲ့က သုံးယောက်သားနှုတ်ဆက်ခန်းကို ကြည့်ရင်း မျက်နှာ မသာမယာဖြစ်နေသည်။
ဝူယွမ်နဲ့ လင်းတုန်ကို သူ့အိမ်ကို ဧည့်သည်အဖြစ်ဖိတ်လိုက်မိတာကို နောင်တရသလို ခံစားမိသည်။
တစ်ချိန်တည်းမှာပဲ သူ့ဖခင်ကိုလည်း စိတ်ထဲက မကျေမနပ်ဖြစ်နေမိသည်။ တကယ်ပဲ “ဖခင်ဆန်လွန်းတယ်”။
မြို့တော်ဝန်အိမ်က ထွက်လာတဲ့အခါ ညအတော်နက်နေပြီဖြစ်သည်။
ဝူယွမ်နဲ့ လင်းတုန်နှစ်ယောက်လုံးက ပိုင်ယွမ်နဲ့ ရှောင်ယန်ရဲ့ ကျောပေါ်မှ မှောက်ပြီးပါလာကြသည်။
ကျားဖြူနဲ့ ကျားနီ နှစ်ကောင်က သူတို့ရဲ့ ပိုင်ရှင်တွေကို မကျေမနပ်နဲ့ တင်ခေါ်ဆောင်ရင်း ဖြေးဖြေးချင်းအိမ်ကို ပြန်နေကြရသည်။
ဒီတစ်ကြိမ်တော့ နှစ်ယောက်လုံး တကယ်ပဲ သောက်တာများလွန်းသွားကြသည်။
မြို့တော်ဝန်ရဲ့ အပြုအမူက ဝူယွမ်မျှော်လင့်ထားတာထက် ပိုနေသည်။
သူက ဝူယွမ်တို့ကို ဝိုင်၊ အစားအစာများနှင့် ဧည့်ခံခဲ့သည်။ မာနမထားရုံသာမက ကျေးဇူးတောင် တင်နေသေးသည်။ ဝူယွမ်ကို ယွဲ့ရှန်းကို သတ်ခဲ့သည့်အကြောင်းအရာကို မေးမြန်းပြီး ၀ူယွမ်ကသေချာပြန်ပြောပြ နေတာကို နားထောင်ရင်း သိပ်ကိုစိတ်လှုပ်ရှားသွားပြီး ဝူယွမ်နှင့် အကြိမ်ကြိမ်အခါခါ ခွက်တိုက်လေတော့သည်။
“ချီးးယားး..”
“ချီးယားး..”
သူ့ကိုသူ လူမှန်းသူမှန်းမသိတော့တဲ့အထိ။
စကားပြောရင်း ဝူယွမ်နှင့် လင်းတုန်ကို တစ်ခါတစ်လေ သူ့ညီအစ်ကိုများဟုပင် ခေါ်ခဲ့သည်။
ရောက်လာကာစတုန်းက ဝူယွမ်က မြို့တော်ဝန် ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို သမက်အဖြစ်သိမ်းပိုက်ဖို့ ရည်ရွယ်မှာကို စိုးရိမ်ခဲ့ရသည်။ ဒါပေမယ့် သူထင်တာနဲ့ တခြားစီဖြစ်နေသည်။ ထိုလူက သူ့ကို ညီအစ်ကိုအဖြစ်မှတ်ယူနေချိန်မှာ သူက ထိုလူ့သမီးအကြောင်းကို စဉ်းစားနေမိသည်။ ဒါက သိပ်မတရားပေ။
ဒီအချက်ကြောင့် ဝူယွမ် နည်းနည်း ရှက်နေမိသည်။
ဒါပေမယ့် ဒီအချက်ကလည်း ဝူယွမ်ကို ဇီယွဲ့အပေါ် ပိုပြီးစိတ်သက်သာရာရစေသည်။ အနည်းဆုံးတော့ သူမဖခင်နဲ့ ဒီညီအစ်ကိုဆက်ဆံရေးက သူမရဲ့ သူ့အပေါ် မှားယွင်းနေတဲ့ အတွေးတွေကို ဖျောက်ဖျက်ရန် လုံလောက်သည်။
ဝူယွမ် ရိပ်မိလေသည် - အစ်မကြီးဇီယွဲ့က သူ့အပေါ် စိတ်ဝင်စားနေသည်။ ဒါပေမဲ့ ဝူယွမ်က တစ်သက်လုံး ယန်မြို့မှာပဲ နေဖို့ ဆန္ဒမရှိ။ အချိန်တန်ရင် လင်းတုန်ကို ခေါ်ပြီး ပိုကျယ်ပြန့်တဲ့ လောကကြီးထဲ စူးစမ်းရှာဖွေဖို့ ထွက်ခွာမှာဖြစ်သည်။
ထို့ကြောင့် သူက ဒီနေရာမှာ ရပ်တန့်ပြီး နက်ရှိုင်းသော ဆက်ဆံရေး မထူထောင်ခြင်ပေ။
ပိုင်ယွမ်နဲ့ ရှောင်ယန်က ဝူယွမ်တို့နှစ်ယောက်လုံးကို လင်းမိသားစုခြံ၀င်းအထိ ခေါ်လာခဲ့သည်။
ဝူယွမ်နဲ့ လင်းတုန်နှစ်ယောက်လုံး အပြတ်အသတ်ကို မူးနေကြပီဖြစ်သည်။
ရှောင်ယန်တို့က ချင်းတန်းရဲ့ အနံ့ကိုခံပြီး လင်းတုန်၏အိမ် လမ်းကြောင်းကိုရှာခဲ့ကြသည်။
“ဝေါင်းးး ဝေါင်းးး ”
“အို... အရက်နံ့တွေ သိပ်ပြင်းတယ်။ ကိုကြီးဝူယွမ် ကိုကြီးလင်းတုန် ... ဘာလို့ သောက်လာကြတာလဲ” ရှောင်ယန်ရဲ့ အော်သံကို ကြားတာနဲ့ ချင်းတန်းက ချက်ချင်း ပြေးထွက်လာခဲ့သည်။
သို့သော် နှစ်ယောက်လုံး အတော်မူးနေပီဖြစ်သဖြင့် သူမမေးသည်ကို ပြန်မဖြေနိုင်တော့ပေ။
“တုန်အာ... ဘာလို့ ဒီလောက်များကြီး သောက်လာရတာလဲ”
လင်းတုန်ရဲ့မိခင်လည်း ထွက်လာပြီး ရှောင်ယန်ရဲ့ကျောပေါ်က လင်းတုန်ကို ကြည့်ရင်း မကျေမနပ်ဖြစ်နေသည်။
လင်းရှောင်က အိမ်မှာမရှိ၊ မိခင်နှင့်သမီးနှစ်ယောက်တည်းသာ ရှိသည်။
“မေမေ... ကိုကြီးလင်းတုန် သူ့အခန်းထဲ အရိပ်ပို့လိုက်ရအောင်”
“ဝူယွမ်ကိုကျတော့ရော”
“ကျွန်မအခန်းထဲဘဲ ထားလိုက်ပါတော့” ချင်းတန်းက ခပ်တိုးတိုးပြောလိုက်သည်။
ခဏအကြာတွင် လင်းတုန်ကို အခန်းထဲပို့ပြီးသွားပြီး ချင်းတန်းက “မေမေ... ဒီမှာ လင်းတုန်အစ်ကိုက စောင့်ပေးလိုက်ပါ၊ ကျွန်မ ဝူယွမ်အစ်ကိုဆီ သွားမယ်” ဟု ပြောသည်။
“အေး... သွားသွား”
ထိုအချိန်တွင် ချင်းတန်းသည် ချစ်စရာကောင်းသော အဖြူရောင်ညအိပ်ရာဝတ်စုံကလေးကို ဝတ်ဆင်ထားသည်။ သူမသည် ပြေးထွက်လာခဲ့ပြီး ညလေတဖြည်းဖြည်းတိုက်ခတ်လာသဖြင့် သူမ၏ပွရောင်းနေသောညအိပ်ရာဝတ်စုံကလေးက ခန္ဓာကိုယ်နှင့် တင်းတင်းကျပ်ကျပ် ကပ်သွားလေသည်။
ဖျားနာလွယ်သော ချင်းတန်းသည် ငယ်ကတည်းက အအေးဓာတ်ဒဏ်ကို ခံစားခဲ့ရသဖြင့် ခန္ဓာကိုယ်သည် အလွန်အားနည်းနေသည်။
လေတိုက်လွန်းသဖြင့် အ၀တ်အစားက ချင်းတန်၏ကိုယ်နှင့်ကပ်ပြီး ထိပ်ဖြားလေးများလေးများပင် ရေးရေးပေါ်လာလေသည်။
ထိုကဲ့သို့ ရေးရေးလေး ေပါ်နေခြင်းကပင် ချင်းတန်ကို တစ်မျိုးတစ်ဖုံလှပနေစေသည်။
ဝူယွမ်သည် ပိုင်ယွမ်၏ကျောပေါ်တွင် မျက်စိတစ်ဝှက်မှိတ်နေပြီး သူ၏ အာရုံထဲတွင် ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက် သူ့ဆီသို့ပြေးလာနေသည်ကို ဝေဝေဝါးဝါး မြင်ယောင်နေမိသည်။
သူမ၏အဝတ်အစားများသည် ချောင်ချောင်ချိချိဖြစ်နေကာ အဖြူရောင်ရှပ်အင်္ကျီအပွကိုဝတ်ထားသော ကလေးလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ဖြူစင်သောလည်ပင်း၊ သွယ်လျှလည်ပင်းရိုးနှင့် ထိုရေးရေးလေးပေါ်နေသော ထိပ်ဖြားလေးသည် ဝူယွမ်၏မြင်ကွင်းများအတွင်းပေါ်လာသည်။
သူမနီးကပ်လာသည်နှင့် မွှေးကြိုင်နေသောအနံ့တစ်ခု ဝူယွမ်၏နှာခေါင်းထဲသို့ဝင်ရောက်လာပြီး သူ့ကို ပိုရစ်မူးသွားစေသည်။
“ပိုင်ယွမ်... ကျွန်မနောက်ကလိုက်ခဲ့ပါ”
ချင်းတန်းသည် ပိုင်ယွမ်၏ခေါင်းကြီးကို ပွတ်သပ်ကာ ပိုင်ယွမ်ကို သူမ၏အခန်းထဲသို့ ခေါ်ဆောင်သွားသည်။
အတွင်းရောက်သွားသည်နှင့် သူမသည် ဝူယွမ်ကို သူမ၏သန့်ရှင်းသပ်ရပ်နေသော အိပ်ရာပေါ်သို့ ကြိုးစားပန်းစား တင်လိုက်သည်။
ဝူယွမ်သည် လောကကြီးက ချစ်စရာကောင်းမှု နွေးထွေးမှုတို့ဖြင့် ပြည့်လာသလို ခံစားနေရသည်။
ဒီဟာက ကလေးလေးတွေရဲ့ ကမ္ဘာလား... ဝူယွမ်သည် သူ့ကိုယ်သူ ပန်းရောင် ကမ္ဘာထဲရောက်သွားသလို ခံစားနေရသည်။
အေးမြသော လက်ကလေးတစ်ဖက်က ရုတ်တရက်သူ၏နဖူးကို ထိပြီး ပါးပြင်လေးကို ညင်သာစွာ ပွတ်သတ်လိုက်သည်။
ချင်းတန်းသည် ဝူယွမ်ကို ဂရုတစိုက်ကြည့်ရှုစစ်ဆေးနေပြီး သူမ၏လက်ကလေးသည် သူ၏ရှုပ်ထွေးနေသောဆံပင်ကို နှေးကွေးစွာပင့်မပြီး စည်းပေးလိုက်ကာ ဝူယွမ်နိုးသွားမည်ဆိုး၍ ညှင်ညှင်သာသာ လုပ်နေသည်။
“အကိုကြီးဝူယွမ်က သိပ်ချောတာပဲ” ချင်းတန်းက ရှက်ရှက်နှင့် စဉ်းစားမိလိုက်သည်။
သူမသည် ရေဇလုံတစ်လုံးယူပြီး သူမ၏ကိုယ်ပိုင်ပန်းရောင်လက်သုတ်ပုဝါကလေးဖြင့် ဝူယွမ်၏ခန္ဓာကိုယ်ကို သန့်ရှင်းပေးခဲ့သည်။
“အကိုကြီးက အမြဲတမ်း ငါ့ကိုကြည့်ရှုစောင့်ရှောက် ပေးခဲ့တာ၊ အခုငါလည်း အကိုကြီးကို ပြန်ကြည့်ရှုစောင့်ရှောက်ခွင့်ရပြီ...”
ဝူယွမ်သည် နူးညံ့သိမ်မွေ့သော ပွေ့ဖက်မှုအတွင်း၌ အိပ်ပျော်နေခဲ့သည်...
ဝူယွမ်သည် မူးဝေမှုဝေသနာကို ခံစားရင်း နိုးလာပြီး သက်ပြင်းချလိုက်သည်။
“ဒီဝိုင်က တကယ်ကို ပြင်းလွန်းတာပဲ”
မနေ့ညက ဇီယွဲ့ရဲ့ဖခင်နှင့် ညဉ့်နက်ချိန်ထိ သောက်ခဲ့ကြပြီး ဝူယွမ်က သူ့ရဲ့ယွမ်ဒန်အဆင့် ကျင့်ကြံခြင်းနဲ့ဆို မူးမှာမဟုတ်ဘူးလို့ အစကထင်ထားခဲ့ပေမဲ့ မြို့တော်ဝန်ရဲ့ဝိုင်က သာမန်ဝိုင်မဟုတ်ဘဲ ဝိညာဉ်ဝိုင်ဖြစ်နေပြီး ဒီေလာက်ပြင်းလွန်းမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပေ။
မြို့တော်ဝန်လို ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့် တောင် မူးမှောက်မတက်ဖြစ်နေတာကြောင့် သူတို့မမူးစရာအကြောင်းမရှိပေ။
တကယ်တော့ ဒါက ဝူယွမ်က ဝိုင်ရဲ့အစွမ်းကို တမင်သတ်သတ် သန့်စင်မထားတာကြောင့်ပါ၊ အခုလိုမူးဖို့အခွင့်အရေးက ရှားပါးတယ်လေ။
ဟမ်~
ဝူယွမ်သည် ရုတ်တရက်သူ၏ရင်ခွင်ထဲတွင် တစ်စုံတစ်ခုလှုပ်ရှားနေသည်ကို ခံစားလိုက်ရသည်။
“စောင်က ပန်းရောင်ကြီး၊ ငါဘယ်မှာလဲ”
ဝူယွမ်စိတ် လှုပ်ရှားသွားပြီး နှလုံးခုန်သံ ရုတ်တရက်ရပ်တန့်သွားသည်... “အစ်မကြီးက ငါမူးနေချိန်မှာ အခွင့်ကောင်းယူခဲ့တာလား။”
“မဟုတ်ဘူး၊ ငါမျက်စိဖွင့်ကြည့်လိုက်တုန်းက မြင်လိုက်တာက ကလေးမလေး တစ်ယောက်ဆိုတာ သေချာတယ်။”
ဝူယွမ်သည် စောင်ကို ဖြည်းညင်းစွာ ဆွဲချလိုက်သည်။
ချစ်စရာကောင်းသော ချင်းတန်းလေးသည် သူ၏လက်မောင်းပေါ်တွင် ခေါင်းအုံးထားပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောင်ကလေးတစ်ကောင်ကဲ့သို့ သူ၏ရင်ခွင်ထဲတွင် ကွေးနေသည်ကို မြင်လိုက်ရသည်။
ဝူယွမ် ရုတ်ရတက် ရှော့ရသွားသည်။ သူအိပ်ရာကနေ မြန်မြန်ထပြီး ကိုယ့်ကိုကိုယ်ပြန်စစ်ဆေးလိုက်သည်။ နှစ်ဦးစလုံးသည် အဝတ်အစားများ ကျန်ရှိနေသေးသောကြောင့် နှစ်ဦးစလုံးသည် အပြစ်ကင်းစင်နေဆဲဖြစ်သည်ဟု ယူဆလို့ရသည်။
“အို... ကိုကြီးဝူယွမ်နိုးပြီလား”
ချင်းတန်းသည် နှိုးလာသည်နှင့် ဘာဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ရပြီး သူမ၏မျက်နှာကလေးနီမြန်းသွားပြီး-
“မနေ့ညက ကျွန်မ အစ်ကိုကြီး စောင့်ကြည့်ပေးနေရင်း၊ အိပ်ငိုက်လွန်ပြီး အိပ်ပျော်သွားတယ်။ ဒါပေမယ့် ကျွန်မ အပြင်မီာ မှီနေတာ သေချာတယ်။ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မအိပ်ရင် ချမ်းတတ်လို့ နွေးတဲ့နေရာကို မသိလိုက်ဘဲ ၀င်နေမိတာထင်တယ်”
“ချင်းတန်း... ငါ ငါ ငါ... မင်းနဲ့ လင်းတုန်ကို ဘယ်လိုများမျက်နှာပြရမလဲ”
ဝူယွမ်သည် အသက်ရှူကျပ် နေသလိုခံစားနေရပြီး သူ၏နှလုံးခုန်နှုံးမြန်နေသည်။
“ကိုကြီးဝူယွမ်... ကျွန်မတို့ ဘယ်သူ့ကိုမှ မပြောဘူးဆိုရင် ဘယ်သူမှမသိပါဘူး” ချင်းတန်းက မျက်နှာလေးရဲတွတ်နေရင်း ပြောလိုက်သည်။
ပြောရင်းနဲ့ သူမဟာ သူမရဲ့ပါးပါးလွှာလွှာ ညအိပ်ရာဝတ်စုံကို ဖုံးအုပ်ဖို့ သူမရဲ့ဆောင်နဲ့ မြန်မြန်ဆန်ဆန်ဘဲ ရစ်ပတ်လိုက်သည်။
ဝူယွမ်သည်လည်း သူ၏သိုလှောင်အိပ်ထဲမှ အဝတ်အစားများကို မြန်မြန်ဆန်ဆန်ထုတ်ကာ ဝတ်ဆင်လိုက်သည်။
နှစ်ယောက်လုံး ဘာမှမဖြစ်ခဲ့ကြသော်လည်း အတူတူအိပ်ခဲ့ကြောင်း အခြားသူများသိလျှင် မကောင်းပေ။
မိန်းကလေးတစ်ယောက်၏ဂုဏ်သတင်းသည် အလွန်အရေးကြီးသည်။
ဝူယွမ်သည်လည်း လင်းတုန်ကို ယခုအချိန်တွင် သိစေလိုခြင်းမရှိပါ။
မဟုတ်ရင် လင်းတုန်က ဘယ်လိုထင်မလဲ။
မင်းကို ငါ့ညီအစ်ကိုလို့ ထင်တာ၊ မင်းက ယောက်ဖလို့ ခေါ်ချင်နေခဲ့တာလား။
ဘယ်လိုပဲကြည့်ကြည့် လက်ရှိအချိန်မှာ သူနဲ့ ချင်းတန်းအကြောင်း အကြောင်းပြောဖို့ မသင့်တော်ပေ။
ဝူယွမ် - “ချင်းတန်း စိတ်မပူပါနဲ့၊ ဒီကိစ္စက ငါတို့နှစ်ယောက်ပဲသိလိမ့်မယ်။ ဒါပေမယ့် မင်းကို ငါတာဝန်ယူမှာပါ။”
“ဆက်မပြောပါနဲ့တော့ ကိုကြီးဝူယွမ်။ ကျွန်မတို့ကြားထဲမှာ ဘာမှမဖြစ်ခဲ့ပါဘူး။ ချင်းတန်းကိုယ်တိုင် အစ်ကိုကြီးဆီ ကပ်လာခဲ့တာ၊ အစ်ကိုကြီးက မူးနေတာ၊ အစ်ကိုကြီး အပြစ်မဟုတ်ပါဘူး”
ချင်းတန်း၏ ပုံမှန်ပျော်ပျော်ရွှင်ရွှင် နေတဲ့ မျက်နှာလေးမှ လေးလေးနက်နက်ပြောလိုက်ပြီး သူမရဲ့အသွင်အပြင်က ငယ်ရွယ်ပေမဲ့ အရမ်းကိုနားလည် ပေးတတ်ပြီး ယဉ်ကျေးတယ်ဆိုတာ ပြသနေသည်။
“ကျွန်မရဲ့ ခန္ဓာကိုယ်က ထူးဆန်းတယ်၊ ဘယ်တော့ ဒီလောကကြီးထဲကထွက်သွားရမယ် မသိဘူး အစ်ကိုကြီးကို ဘယ်လိုလုပ်နှောင့်နှေးစေနိုင်မှာလဲ”
ချင်းတန်းက နည်းနည်းစိဓာတ်ကျစွာ ပြောလိုက်သည်။ အအေးဓာတ်ထုတ်လွှတ်မှု အကြိမ်ရေက မြင့်တက်လာနေပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပိုဆိုးလာနေသည်။ သူမအစ်ကိုကြီးနှစ်ယောက်က သူမကို ဖြေရှင်းပေးနိုင်တယ်လို့ ပြောသော်လည်း ထိုနေ့ရောက်ရှိလာမည်ကို သူမစိုးရိမ်နေသည်။
ဒါကြောင့် မနေ့ညက သူမရဲ့သတ္တိကိုစုစည်းပြီး ဝူယွမ်နဲ့နီးစပ်ချင်ခဲ့ကာ၊ သူမအစ်ကိုကြီးရဲ့နွေးထွေးမှုကိုခံစားဖို့၊ သူမအစ်ကိုကြီးရဲ့အနံ့ကိုမှတ်မိနိုင်ဖို့။
“နောက်ဘဝသာရှိရင် အစ်ကိုကြီးကို သေချာပေါက်ရှာမှာပါ။”
“ ဒီလောကထဲကထွက်ခါမယ်ဆိုတာ ဘာစကားလဲ ဒီအကိုကြီးရှိရင် မင်းသေစရာအကြောင်းမရှိဘူး ငါတို့ကိုထားရစ်ခဲ့ဖို့ မင်းတစ်ကယ်ဘဲ တွေးနေတာလား” ဝူယွမ်က သူမရဲ့သေးသွယ်ပြီး ချစ်စရာကောင်းတဲ့နှာခေါင်းကို သူ့လက်ချောင်းနဲ့ ဖြည်းဖြည်းလေးထောက်လိုက်သည်။
“ဒေါက်… ဒေါက်.. ဒေါက်..”
လင်းတုန် “အကိုကြီး ချင်းတန်း၊ နှစ်ယောက်လုံး အထဲမှာလား”