ရတနာမိန်းကလေး ကျန်းရွှယ်၊ မွေးရာပါ တော်ဝင်ခန္ဓာ နတ်ရည်စိမ်ခန္ဓာ
Vol. 15 Ch. 147
မြို့ကို သိမ်းပိုက်ပြီးနောက်တွင် ဝူယွမ်က သန့်ရှင်းစင်ကြယ် အလင်း မင်းဆက်ကဲ့သို့ အခြားမင်းဆက်မှ လူများအား အနိုင်ကျင့်ခေါင်းပုံဖြတ်ခြင်း မပြုလုပ်ခဲ့ပေ။
သူတို့နေ့စဉ် သန့်စင်ထုတ်လုပ်သော မပြောပလောက်သည့် နိဗ္ဗာန်ဆေးလုံး ပမာဏကို ဝူယွမ် စိတ်မ၀င်စားချေ။
ထို့ကြောင့် ဤစုရပ်စခန်းက လွတ်လပ်စွာ ဝင်ထွက်ခွင့်ရှိကြောင်း ကြေညာပြီးနောက် မဟာယန်မင်းဆက်မှ လူများကို မြို့ထဲ၌ ယာယီအခြေချစေခဲ့သည်။
ရှေးဟောင်းစစ်မြေပြင်တွင် ပထမဦးစားပေးမှာ လုံလောက်သော နိဗ္ဗာန်ဆေးလုံးများကို ရယူပြီး နိဗ္ဗာန်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခြင်းဖြစ်သည်။
သို့သော် ကောင်းကင်နှင့် မြေကြီးမှ နိဗ္ဗာန်စွမ်းအင်ကို ထုတ်ယူခြင်းသည် အလွန်နှေးကွေးလှ၏။ ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်သို့ ရောက်နေသူ တစ်ဦးပင်လျှင် တစ်ရက်ကို အများဆုံး နိဗ္ဗာန်ဆေးလုံး သုံးလုံးခန့်သာ သန့်စင်နိုင်ပေသည်။
နိဗ္ဗာန်အဆင့်သို့ တက်လှမ်းရန်အတွက် နိဗ္ဗာန်ဆေးလုံး သိန်းချီ၍ လိုအပ်လေ့ရှိပြီး ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း သွားနေပါက တစ်သက်လုံး နိဗ္ဗာန်အဆင့်သို့ ရောက်နိုင်မည် မဟုတ်ပေ။
ကျင့်ကြံခြင်းလမ်းစဉ်က ရေဆန်လမ်း၌ လှေလှော်ရသကဲ့သို့ပင်၊ ရှေ့သို့ မတက်နိုင်လျှင် နောက်သို့ ပြန်ဆုတ်သွားမည်ဖြစ်ရာ အခက်အခဲများကို ကျော်လွှားရန် အစွမ်းကုန် ကြိုးစားရပေမည်။
“ခေါင်းဆောင်... ဒီတစ်ခေါက် တိုက်ပွဲကနေ နိဗ္ဗာန်ဆေးလုံး စုစုပေါင်း တစ်သောင်းသုံးထောင်၊ ဝိညာဉ်ရတနာလက်နက် အချို့နဲ့ သိုင်းပညာရပ်တချို့ ရရှိခဲ့ပါတယ်။ အဲဒီအထဲမှာ မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက် တစ်ခုနဲ့ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ် တစ်ခုလည်း ပါဝင်ပါတယ်”
“ဒါ့အပြင် ကျွန်တော်တို့ အခုပဲ သတင်းရထားတာက ဒီသန့်ရှင်းစင်ကြယ် အလင်းမင်းဆက်က လူတွေက သူတိုဘရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။ နောက်တစ်ဖွဲ့ကတော့ စစ်မြေပြင်ရဲ့ အတွင်းပိုင်းကို ရောက်နေကြပြီ။ သူတို့က ယန်မြို့တော် လို့ခေါ်တဲ့ စုရပ်တစ်ခုမှာ ရှိနေပြီး အဲဒီအဖွဲ့မှာ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ရောက်နေတဲ့ အစွမ်းထက် စီနီယာအစ်ကိုကြီး တစ်ယောက် ရှိတယ်လို့ သိရပါတယ်”
ရရှိလာသော ပစ္စည်းများနှင့် သတင်းအချက်အလက်များကို စစ်ဆေးပြီးနောက် မိုလင်းက ဝူယွမ်အား ချက်ချင်း သတင်းပို့လေသည်။
သူ၏ စွမ်းဆောင်ရည်မှာ အလွန်မြင့်မားလှပြီး အခြေအနေနှင့် သတင်းအချက်အလက်များကို ဆုပ်ကိုင်နိုင်စွမ်းမှာ အခြားသူများထက် သာလွန်ပေသည်။
ထို့ကြောင့်လည်း ဝူယွမ်က သူ့ကို ဒုတိယခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ကောင်းပြီ... သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်က တခြားလူတွေရဲ့ သတင်းကို နောက်မှ အသေးစိတ် စုံစမ်းလိုက်ပါ။ သူတို့ရဲ့ အရေအတွက်နဲ့ အင်အားကို ရှင်းရှင်းလင်းလင်း သိရအောင်လုပ်ပြီး ရှေးဟောင်းစစ်မြေပြင်ရဲ့ လက်ရှိအခြေအနေကိုပါ စုံစမ်းပြီးမှ ငါတို့ရဲ့ နောက်တစ်လှမ်းကို စီစဉ်ကြတာပေါ့”
ဝူယွမ်က သိုလှောင်အိတ်ကို ချိန်ဆကြည့်ပြီးနောက် မိုလင်းလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
“ဒီနိဗ္ဗာန်ဆေးလုံးတွေ၊ ဝိညာဉ်ရတနာလက်နက် တွေနဲ့ တခြားရရှိလာတဲ့ ပစ္စည်းတွေကို ညီအစ်ကိုတွေ ကျင့်ကြံအားထုတ်ဖို့ ဝေငှပေးလိုက်ပါ၊ ဒါမှ လူတိုင်း အင်အားတိုးတက်လာမှာ”
ဝူယွမ်က အဖွဲ့သားများ ကျင့်ကြံရန်အတွက် မဟာရှေးဟောင်းဂိုဏ်းမှ ရရှိခဲ့သော နိဗ္ဗာန်ဆေးလုံးများကို ထုတ်မပေးခဲ့ပေ။ ထိုသို့လုပ်ဆောင်ခြင်းက ရေရှည်အတွက် အဖြေမဟုတ်ချေ။
ရှေးဟောင်းစစ်မြေပြင်သို့ ရောက်ရှိလာသည်နှင့်အမျှ ဝူယွမ်က စစ်တိုက်၍ စစ်တပ်ကို ထောက်ပံ့သည့် စနစ်ကို ကျင့်သုံးရန် ရည်ရွယ်ထားပြီး စစ်မြေပြင်မှ ရရှိသော အကျိုးအမြတ်များဖြင့် အဖွဲ့၏ အင်အားကို မြှင့်တင်လိုခြင်း ဖြစ်သည်။
ထို့နောက် သူက မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက်ကို ကောက်ယူကြည့်လိုက်သည်။ ၎င်းက အလင်းရောင်များ လွှမ်းခြုံထားသော စည်ငယ်လေးဖြစ်ပြီး ဝူယွမ်၏ လက်ထဲသို့ ရောက်သည်နှင့် ပြင်းထန်သော စွမ်းအင်လှိုင်းများ တရစပ် ထွက်ပေါ်လာသည်။
မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက်၊ အလင်းသန့်စင်စည်။
လီရှန်းက လင်းတုန်၏ တိုက်ခိုက်မှုကို ဟန့်တားရန် ၎င်းကို အသုံးပြုခဲ့သော်လည်း ကံမကောင်းစွာဖြင့် ယွမ်စွမ်းအင် တိုက်ခိုက်မှုများကိုသာ တားဆီးနိုင်ပြီး ဝိညာဉ်စွမ်းအင်ကို မတားဆီးနိုင်ခဲ့ပေ။
“မဆိုးဘူး... အစွမ်းထက်တဲ့ မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက်ပဲ။ မင်းပဲ ယူထားလိုက်ပါ”
ဝူယွမ်က စည်ငယ်လေးကို မိုလင်းအား ဆုချလိုက်သည်။
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်” မိုလင်းက စိတ်လှုပ်ရှားစွာဖြင့် ယူလိုက်သည်။ မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက် တစ်ခုက သူ့အတွက် အလွန်တန်ဖိုးရှိသော ပစ္စည်းဖြစ်သည်။
ထို့နောက် ဝူယွမ်က ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဆင်ဖြူရုပ်တုပုံစံ ဖန်ဆင်းခြငခးအဆင့် သိုင်းပညာရပ်ကို ကောက်ယူလိုက်သည်။ ဝူယွမ်၏ အကြည့်က ဆင်ဖြူရုပ်တုပေါ်တွင် စူးစိုက်သွားပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ စာလုံးများစွာ ထိုးထွက်လာကာ နက်နဲသော ကျမ်းစာများကို ဝါးတားတား ဖော်ကျူးနေသကဲ့သို့ ရှိသည်။
“ဖန်တီးခြင်းအဆင့်အလယ်အလတ် သိုင်းပညာရပ်၊ ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက်”
“ဒါက သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်ရဲ့ ထိပ်တန်း သိုင်းပညာရပ် တစ်ခုလို့ ပြောလို့ရတယ်”
မဟာယန်မင်းဆက်တွင် လင်းမျိုးနွယ်စုနှင့် အခြားသော မျိုးနွယ်ကြီးလေးခုက ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်များကိုသာ ပိုင်ဆိုင်ကြသည်။
ယခင်တိုက်ပွဲတွင် လင်းတုန်က လီရှန့်အသုံးပြုသော အလင်းဆင်ရိုင်းကို ဖျက်ဆီးရန်အတွက် ဖန်တီးခြင်းအဆင့် အဆင့်မြင့်နှင့် ယှဉ်နိုင်သော မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း ၏ ပဉ္စမမြောက် လက်ချောင်းကို တိုက်ရိုက် ထုတ်သုံးခဲ့ရသည်။
ဝူယွမ်၏ အဖွဲ့တွင် သူနှင့် လင်းတုန်မှလွဲ၍ အခြားသူများ၌ ဖန်တီးခြင်းအဆင့် အလယ်အလတ် ထက် သာလွန်သော သိုင်းပညာရပ်များ မရှိကြပေ။
သူက ဝိညာဉ်စွမ်းအင်ကို အတွင်းသို့ စေလွှတ်လိုက်သော်လည်း မမျှော်လင့်ဘဲ ဆင်ဖြူရုပ်တုအတွင်းမှ အစွမ်းထက်သော ဝိညာဉ်စွမ်းအင်တစ်ခုက သူ့ကို တားဆီးလိုက်သည်။
“ဟဲဟဲ... ဝိညာဉ်အမှတ်အသားတောင် ပါသေးတာပဲ”
လီရှန်း သေဆုံးသွားပြီဖြစ်ရာ ယုတ္တိအရဆိုလျှင် ဝိညာဉ်အမှတ်အသားက သူနှင့်အတူ ပျောက်ကွယ်သွားသင့်သည်။ ရှင်းနေသည်မှာ ဤအရာက လီရှန်း၏ ပစ္စည်းမဟုတ်ပေ။
သို့သော် မည်သူ့ပစ္စည်းဖြစ်ပါစေ ဝူယွမ်က ရအောင်ယူမည်ဟု ဆုံးဖြတ်ထားသည်။
သူ့နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့ ပေါ်လာပြီး ပိုကြမ်းတမ်းသော ဝိညာဉ်စွမ်းအင်များ လှိမ့်ဝင်သွားသည်။ ကောင်းကင်အဆောင်သခင် တစ်ဦး၏ ဝိညာဉ်စွမ်းအင်က သာမန်လူတစ်ယောက်၏ ဝိညာဉ်အမှတ်အသား ခံနိုင်ရည်ရှိသော အရာမဟုတ်ပေ။ တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအင်က ဝူယွမ်ထက် အဆများစွာ မမြင့်မားခဲ့လျှင်ပေါ့။
ဝူယွမ်၏ ကြမ်းတမ်းသော ဝိညာဉ်စွမ်းအင် ဝင်ရောက်သွားသည်နှင့် တိတ်ဆိတ်နေသော ကျောက်စိမ်းဆင်ဖြူရုပ်တုမှ အလင်းတန်းတစ်ခု ရုတ်တရက် ထိုးထွက်လာသည်။ ထိုအလင်းတန်းက ဝူယွမ်နှင့် မိုလင်း ရှေ့တွင် စုစည်းသွားပြီး ဝါးတားတား လူရိပ်တစ်ခုအသွင် ဖော်ဆောင်လာသည်။
“မင်းက ဘယ်သူလဲ ငါမသိဘူး။ လီရှန်းတို့ရဲ့ စွမ်းရည်နဲ့ဆိုရင် ငါ့ရဲ့ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးဖို့ မရဲသလို စွမ်းရည်လည်း မရှိကြဘူး။ ဒီလိုဆိုမှတော့ ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက်က တခြားလူလက်ထဲ ရောက်သွားပုံရတယ်။ ငါမမှားဘူးဆိုရင် လီရှန့်တို့တွေ မင်းလက်ချက်နဲ့ သေလောက်ပြီ”
အလင်းလူရိပ် ပေါ်လာသည်နှင့် သူ၏ သေလူကဲ့သို့ အသက်မဲ့နေသော မျက်လုံးများက ဝူယွမ်ကို စိုက်ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါတို့ သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်က လူတွေကို သတ်တာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ငါ မင်းကို ရှာတွေ့လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်း နောင်တရလိမ့်မယ်။ အချိန်ရှိတုန်း ပျော်ပျော်နေထားလိုက်၊ ငါ မင်းကို ရှာတွေ့တဲ့နေ့ဟာ မင်းရဲ့ သေဆုံးရက်ပဲ”
“ရွှပ်”
ဝူယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းလူရိပ် ပျောက်ကွယ်သွားသည်။
“ဒီလူက အလင်းသန့်စင်မင်းဆက်ရဲ့ စီနီယာအစ်ကိုကြီး ဆိုတဲ့ကောင် ဖြစ်လောက်တယ်။ သူထားခဲ့တဲ့ ဝိညာဉ်အမှတ်အသားကို ကြည့်ရတာ သူ့အင်အားက နိဗ္ဗာန်အဆင့် ကို မရောက်သေးဘူး၊ စိတ်ပူစရာ မလိုပါဘူး”
“ဒီ ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက် ကို ယူသွားပြီး ညီအစ်ကိုတွေကို အတူတူ လေ့လာခိုင်းလိုက်ပါ။ လူတိုင်း ဒီ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ် ကို တတ်မြောက်အောင် ကြိုးစားကြ။ နောက်ကျရင် အလင်းသန့်စင်မင်းဆက်က လူတွေနဲ့ ပြန်တွေ့တဲ့အခါ ငါတို့က ဒီသိုင်းပညာရပ်ကို သုံးပြီး သူတို့ကို ပြန်တိုက်မယ်”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
မိုလင်းက ကျောက်စိမ်းဆင်ဖြူရုပ်တုကို စိတ်လှုပ်ရှားစွာ ယူလိုက်သည်။
ဝူယွမ်၏ ရက်ရောမှုသည် တကယ့်ကို ကြီးမားလှသည်။ သူက မင်းသားတစ်ပါး ဖြစ်သော်လည်း ဤမျှလောက် သဘောထားကြီးမှုမျိုး မရှိခဲ့ပေ။
ဝူယွမ်က ဤပစ္စည်းများကို သိမ်းမထားသလို အဖိုးတန် ဖန်တီးခြင်ူအဆင့် သိုင်းပညာရပ် ကိုလည်း လျှို့ဝှက်မထားဘဲ အားလုံးကို မျှဝေပေးခဲ့သည်။
ဝူယွမ်က သူတို့ထံမှ တောင်းဆိုသည်မှာ တစ်ခုတည်းသာရှိသည် - ကျင့်ကြံပါ၊ အစွမ်းကုန် ကျင့်ကြံကြပါ ဟူ၍ပင်။
ဤပစ္စည်းများကို ယူဆောင်ပြီး မိုလင်းက အဖွဲ့သားများ အနားယူနေသည့် ကွင်းပြင်သို့ ပြန်ရောက်လာသည်။ ထိုအချိန်တွင် တစ်ချို့က ကျင့်ကြံနေကြကာ တစ်ချို့က သိုင်းပညာအကြောင်း ဆွေးနွေးကာ အတွေ့အကြုံ ဖလှယ်နေကြသည်။
မိုလင်း - “ညီအစ်ကိုတို့... ခေါင်းဆောင်ရဲ့ အမိန့်နဲ့ ဒီတစ်ခေါက် ရရှိလာတဲ့ နိဗ္ဗာန်ဆေးလုံးတွေကို ကျင့်ကြံဖို့အတွက် ဝေငှပေးမှာဖြစ်ပြီး လူတိုင်းလေ့လာနိုင်မယ့် ဖန်တီးခြင်းအဆင့် အလယ်အလတ် သိုင်းပညာရပ် တစ်ခုလည်း ပါတယ်”
သူပြောရင်းဖြင့် နိဗ္ဗာန်ဆေးလုံးများကို ထုတ်ယူကာ ဝေငှပေးလိုက်သည်။ လူတစ်ဦးလျှင် နိဗ္ဗာန်ဆေးလုံး နှစ်ရာနီးပါး ရရှိကြပြီး ရက်အနည်းငယ်ကြာ ကျင့်ကြံရန် လုံလောက်သည်။
နိဗ္ဗာန်ဆေးလုံးများ ဝေငှပြီးနောက် မိုလင်းက ကျောက်စိမ်းဆင်ဖြူရုပ်တုကို ထုတ်ယူကာ ကွင်းပြင်အလယ်တွင် ထားလိုက်သည်။ “ကဲ... အခု ငါတို့အားလုံး ဒီသိုင်းပညာရပ်ကို အတူတူ လေ့လာကြမယ်”
အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ရှေးဟောင်းစစ်မြေပြင် သို့ ဝင်ရောက်သည့် ပထမဆုံးနေ့သာ ရှိသေးကာ သူတို့ မယုံနိုင်အောင် ဖြစ်နေကြသည် - မဟာယန်မင်းဆက်တွင် အလွန်ရှားပါးသော နိဗ္ဗာန်ဆေးလုံးများနှင့် ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်များကို ယခုအခါ လူတိုင်း ပိုင်ဆိုင်ခွင့် ရနေကြပြီဖြစ်သည်။
ခေါင်းဆောင်က သူတစ်ယောက်တည်း သိမ်းပိုက်မထားဘဲ မျှဝေပေးခဲ့သည်။
တစ်စုံတစ်ယောက်က လက်ထဲမှ နိဗ္ဗာန်ဆေးလုံးများကို ကြည့်လိုက်၊ ဖန်တီးခြင်းအဆင့် အလယ်အလတ် သိုင်းပညာရပ် ပါဝင်သော ကျောက်စိမ်းဆင်ဖြူရုပ်တုကို ကြည့်လိုက်နှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ”
“ခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ”
တစ်ယောက်ပြီးတစ်ယောက် လိုက်ပါ အော်ဟစ်ကြပြီး ခဏတာအတွင်း ဝူယွမ်အပေါ် လူတိုင်း၏ လေးစားမှုက အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။
“အားလုံးပဲ... ခေါင်းဆောင်ရဲ့ စေတနာကို အားလုံးသိကြမှာပါ။ ဒါကြောင့် ငါတို့တွေ ကြိုးကြိုးစားစား ကျင့်ကြံပြီး အင်အားတိုးတက်အောင် လုပ်ကြရမယ်”
“ဒါက အစပဲ ရှိသေးတယ်။ နောင်ကျရင် ငါတို့က အလင်းသန့်စင်မင်းဆက်ထက် ပိုအားကောင်းတဲ့ မင်းဆက်တွေ၊ ပြိုင်ဘက်တွေနဲ့ တွေ့ရဦးမှာ။ အမြဲတမ်း ခေါင်းဆောင်ကပဲ ငါတို့အတွက် လမ်းခင်းပေးနေလို့ မဖြစ်ဘူး။ ငါတို့က ခေါင်းဆောင်ရဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး”
မိုလင်းက အချိန်ကိုက် စိတ်ဓာတ်မြှင့်တင်စကား ပြောလိုက်သည်။ တော်ဝင်မျိုးဆက် တစ်ဦးအနေဖြင့် သူသည် လူတို့၏ စိတ်နှလုံးကို သိမ်းသွင်းရန်နှင့် စိတ်ဓာတ်မြှင့်တင်ရန် အလွန်ကျွမ်းကျင်သည်။
မိုလင်းဦ။် စကားကို ကြားပြီးနောက် ကျင့်ကြံလိုစိတ်များ တဟုန်ထိုး တက်ကြွလာကြသည်။ အားလုံး တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက် ကို စတင် နားလည်သဘောပေါက်ရန် ကြိုးစားကြတော့သည်။
ကွဲပြားသော အဖွဲ့အစည်းများမှ လာသော ဤလူများက ယခင်က ဤမျှ စည်းလုံးခြင်း မရှိခဲ့ဖူးသဖြင့် မိုလင်းလည်း စိတ်ထဲတွင် ကြည်နူးသွားခဲ့သည်။
လင်းတုန်၊ ဝူစီ၊ လင်းခဲ့အာ၊ မုချန်ချန် နှင့် ကျန်းယွဲ့ တို့ကဲ့သို့ ဝူယွမ်နှင့် အရင်းနှီးဆုံး သူများသည်လည်း လူတိုင်း ဝူယွမ်အပေါ် သစ္စာရှိကြသည်ကို မြင်ရ၍ ဝမ်းသာနေကြသည်။ ဤသူများက နောင်တွင် မဟာရှေးဟောင်းဂိုဏ်း သို့ ဝင်ရောက်မည့် ပါရမီရှင်များ ဖြစ်ကြသည်။
“သွားစို့... ငါတို့လည်း ဒီသိုင်းပညာရပ်ကို သွားလေ့လာရအောင်” သိုင်းပညာရူးသွပ်သူ ဝူစီက ထ ပြောလိုက်သည်။
သူက အင်အားတိုးတက်စေမည့် မည်သည့်အရာကိုမဆို လက်လွတ်ခံမည် မဟုတ်ပေ။
“ကောင်းပြီ”
လင်းတုန်လည်း တွေဝေမနေဘဲ သူနှင့်အတူ လျှောက်သွားလိုက်သည်။
“နင်တို့နှစ်ယောက် မသွားဘူးလား” လင်းခဲ့အာ၏ ပြာလဲ့သော မျက်ဝန်းများက မုချန်ချန်နှင့် ကျန်းယွဲ့ကို စူးစမ်းသလို ကြည့်လိုက်သည်။
မုချန်ချန် - “ဒီသိုင်းပညာရပ်က ငါနဲ့ မကိုက်ညီဘူး၊ ပြီးတော့ တခြားသိုင်းပညာရပ်တွေ ကျင့်ကြံဖို့တောင် အချိန်မရှိဘူး”
ကျန်းယွဲ့ - “ငါလည်းပဲ”
“ဒါဆို ငါသွားပြီ” လင်းခဲ့အာ နှုတ်ခမ်းစူကာ တစ်ယောက်တည်း ထွက်သွားတော့သည်။
သူမသကမုချန်ချန်နှင့် ကျန်းယွဲ့ကို အနည်းငယ် မနာလိုဖြစ်မိသည်။ ဤနှစ်ယောက်က ဝူယွမ်နှင့် နီးစပ်သောကြောင့် သူ့ထံမှ အစွမ်းထက်သော လျှို့ဝှက်သိုင်းပညာရပ်များစွာ ရရှိထားပြီး ဖြစ်သဖြင့် ဤ ဖန်တီးခြင်းအဆင့် အလယ်အလတ် သိုင်းပညာရပ်ကိုပင် ဂရုမစိုက်ကြခြင်း ဖြစ်သည်။
“ငါ အရင်ပြန်နားတော့မယ်”
ကျန်းယွဲ့နှင့် မုချန်ချန်တို့ ပြိုင်တူ ပြောလိုက်ကြသည်။
နေရခက်သော စက္ကန့်ပိုင်းတစ်ခု ကုန်ဆုံးသွားပြီးနောက် နှစ်ယောက်သား ကျောခိုင်းကာ ထွက်ခွာသွားကြသည်။
အပြင်ပန်းတွင် ရင်းနှီးသယောင် ရှိသော်လည်း သူတို့နှစ်ဦးစလုံး၏ စိတ်ထဲတွင် တစ်ယောက်ကိုတစ်ယောက် သတိထားမှု အနည်းငယ်စီ ရှိနေကြသည်။
မိနစ်အနည်းငယ် ကြာသောအခါ။
ထိုနှစ်ယောက်ု ဝူယွမ်၏ အခန်းတံခါးဝတွင် ပြိုင်တူ ပေါ်လာကြပြန်သည်။
ထပ်မံ၍ ပြိုင်တူပင် - “နားမယ်ဆို”
မုချန်ချန် - “ငါ ရုတ်တရက် ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာတချို တွေးမိလို့ စီနီယာအစ်ကိုကြီးကို မေးချင်လို့ပါ”
ကျန်းယွဲ့ - “ဟဲဟဲ... မေးခွန်းရှိတာ နင်တစ်ယောက်တည်း မဟုတ်ဘူးနဲ့ တူတယ်”
အခန်းထဲတွင် ဝူယွမ်က ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်သို့ ထိုးဖောက်ဝင်ရောက်ရန် ပြင်ဆင် ကျင့်ကြံနေရင်း ရုတ်တရက် အပြင်ဘက်မှ မိန်းကလေးနှစ်ယောက်၏ အော်ရာကို သူ အာရုံခံမိလိုက်သည်။
သူ မျက်မှောင်ကြုတ်လိုက်မိသည်။ အပြင်မထွက်ရသေးသော်လည်း ယမ်းငွေ့နံ့ကို ရနေပြီဖြစ်သည်။
သူတို့ကို ရှေးဟောင်းကျောက်တိုင် နယ်မြေထဲ ခေါ်လာပြီးကတည်းက ဒီမိန်းကလေးနှစ်ယောက် ငြိမ်မနေကြပေ။ တစ်ခါတစ်ရံ လုံးဝမလာတတ်သော်လည်း လာပြီဆိုလျှင် နှစ်ယောက်အတူတူ ပေါ်လာတတ်သည်။
တစ်ဖက်လူကို ဝူယွမ်နှင့် နှစ်ယောက်တည်း မရှိစေချင်သည့် သဘောဖြင့် တစ်ယောက်သွားမည့် နေရာကို တစ်ယောက်က အမြဲလိုက်နေသည့်ပုံပင်။
ဒါက ဝူယွမ်အတွက် အနည်းငယ် အခက်တွေ့စေသည်။
“အဟမ်း... မင်းတို့နှစ်ယောက် တံခါးဝမှာ ဘာလုပ်နေကြတာလဲ။ ပြောစရာရှိရင် ၀င်ခဲ့လေ”
ထိုစကားကို ကြားသောအခါ မုချန်ချန် ဝင်လာပြီး သူမ၏ အသံလေးမှာ ချိုသာနူးညံ့နေသည်။ “စီနီယာအစ်ကိုကြီး... ဂျူနီယာညီမလေးမှာ မေးစရာ မေးခွန်းတစ်ခု ရှိလို့ပါ။ ညီမလေးရဲ့ ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုက အဆင့်ငါး အဆောင်သခင် အဆင့်ရောက်ပြီးကတည်းက ဝိညာဉ်အဆောင်သခင် အဆင့်ကို မတက်လှမ်းနိုင်သေးဘူး ဖြစ်နေတယ်။ စီနီယာအစ်ကိုကြီးက ကောင်းကင်အဆောင်သခင် ဖြစ်နေပြီဆိုတော့ အတွေ့အကြုံလေးများ မျှဝေပေးလို့ ရမလားရှင်”
ပျော်ဖွယ်ဂိုဏ်း၏ ကျင့်စဉ်က အစွမ်းထက်သော ဝိညာဉ်စွမ်းအင် ပိုင်ရှင်များ၏ ဖိနှိပ်မှုကို မခံရစေရန် ဝိညာဉ်စွမ်းအင် လိုအပ်သဖြင့် မုချန်ချန်သည် ယခုအခါ သိုင်းပညာရော အဆောင်လမ်းစဉ်ပါ တွဲဖက်ကျင့်ကြံနေခြင်း ဖြစ်သည်။
“အင်း... ဝိညာဉ်အဆောင်သခင် ဆိုတာ အရေးကြီးတဲ့ အဆင့်ပဲ၊ ထိုးဖောက်ဝင်ရောက်ဖို့ မလွယ်တာတော့ အမှန်ပဲ။ မြန်မြန်ဆန်ဆန် တက်လှမ်းချင်ရင်တော့ သူများဆီက ဝိညာဉ်စွမ်းအင် ကို လုယူတာကလွဲပြီး တခြားနည်းမရှိဘူး။ ဒီလိုလုပ်ကွာ... ငါ မင်းကို ဝါးမျိုခြင်းရူန်း သင်ပေးမယ်။ ဘယ်ကမှန်ူသမိတဲ့ အဆောင်သခင် တွေနဲ့ တွေ့ရင် သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို ဝါးမျိုပြီး အဆင့်တက်လို့ ရတာပေါ့”
ဝူယွမ် ပြောပြီးသည်နှင့် ကျန်းယွဲ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ယွဲ့အာ... မင်းကရော ဘာကိစ္စလဲ”
“ညီမလေးက ကိုယ်ခန္ဓာနဲ့ ပတ်သက်တဲ့ မေးခွန်းရှိလို့ပါ။ နားမလည်တာလေးတွေ ရှိနေလို့ အစ်ကိုကြီးဝူယွမ်ကို အကြံဉာဏ်တောင်းချင်လို့ပါ”
“ဒီလိုလုပ်... ငါ ဂျူနီယာညီမလေး ချန်ချန်ကို ဝါးမျိုခြင်းရူန်း အရင်သင်ပေးလိုက်မယ်၊ မင်း ခဏနေမှ ပြန်လာခဲ့လိုက်လေ” ဝူယွမ်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သော်လည်း ကျန်းယွဲ့ကို နက်နဲသော အကြည့်တစ်ချက် ခိုးကြည့်လိုက်သည်။
ဝူယွမ်၏ စကားကို ကြားသောအခါ မုချန်ချန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး အနိုင်ရသူတစ်ယောက်၏ ဟန်ပန်ဖြင့် ကျန်းယွဲ့ကို ကြည့်လိုက်သည်။
သို့သော် ကျန်းယွဲ့ကမူ ပခုံးကို တွန့်ရုံသာ တွန့်ပြပြီး ကျိတ်၍ ဝမ်းသာနေကာ လှည့်ထွက်သွားသည်။
ထို့နောက် ဝူယွမ်က မုချန်ချန်ကို စတင် လမ်းညွှန်ပြသလေသည်။
ညရောက်၍ မုချန်ချန် ပြန်သွားသောအခါ ကျန်းယွဲ့က ဝူယွမ်၏ အခန်းသို့ ရောက်လာသည်။
“အစ်ကိုကြီးဝူယွမ်... မကြာသေးခင်က ညီမလေး ခန္ဓာကိုယ်ထဲမှာ စွမ်းအားတစ်ခု နိုးထလာသလို ခံစားရတယ်။ ခန္ဓာကိုယ်က အမြဲတမ်း ကုန်ခမ်းမသွားတဲ့ အင်အားတွေနဲ့ ပြည့်နေပေမယ့် ဒီစွမ်းအားကို ဘယ်လိုသုံးရမလဲ မသိဘူး။ ပြီးတော့ အဆင့်လည်း တိုးမလာဘူး” ကျန်းယွဲ့က သူမ၏ မေးခွန်းကို ထုတ်ပြောလိုက်သည်။
“အို...”
ဝူယွမ် အနည်းငယ် အံ့သြသွားသည်။ ကျန်းယွဲ့တွင် တကယ်ပဲ ကျင့်ကြံခြင်းဆိုင်ရာ မေးခွန်းရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူအတွေးလွန်သွားသည်ဟု ထင်မိလိုက်သည်။
“ငါ့ကို ပြစမ်း”
ဝူယွမ်က ချက်ချင်းပင် စွမ်းအားတစ်မျှင်ကို ကျန်းယွဲ့၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ကာ စစ်ဆေးလိုက်သည်။
လွန်ခဲ့သော တစ်နှစ်က ဝူယွမ်နှင့် စတွေ့ချိန်တွင် သူမသည် အဆင့်မြင့် ယွမ်ဒန်အဆင့် သာ ရှိသေးသော်လည်း ကျန်းယွဲ့က ယခု ကူးပြောင်းခြင်းအဆင့် အစောပိုင်း သို့ ရောက်ရှိနေပြီဖြစ်သည်။
ဤမျှ မြန်ဆန်သော ကျင့်ကြံမှုနှုန်းက ယင်ရှခန္ဓာ ပိုင်ရှင် ချင်းတန် နှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။
ဤအကြောင်းရင်းမှာ ဝူယွမ် သင်ပေးခဲ့သော ကိုယ်ခန္ဓာကျမ်း မှ ‘ေပျာ့ပြောင်း’ အက္ခရာ ကျင့်စဉ်ကြောင့် ဖြစ်သည်။
‘ပျော့ပြောင်း’ အက္ခရာကို စတင်ကျင့်ကြံ ကတည်းက ကျန်းယွဲ့က လုံးဝ တိုးတက်ပြောင်းလဲလာခဲ့သည်။ ကျင့်ကြံခြင်းက သူမအတွက် ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူနေပြီး ယွမ်စွမ်းအင် စုပ်ယူနိုင်စွမ်းမှာလည်း သာမန်လူထက် အဆများစွာ ပိုမြန်နေသည်။
“သိပ်သည်းလိုက်တဲ့ အသက်စွမ်းအင်... အစွမ်းထက်လိုက်တဲ့ ယွမ်စွမ်းအင်...” စစ်ဆေးပြီးနောက် ဝူယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။
“ဒါက တော်ဝင်ခန္ဓာ အဆင့်ကို ရောက်နေတဲ့ ခန္ဓာကိုယ်ပဲ... နတ်ရည်စိမ်ခန္ဓာဘဲ ဖြစ်ရမယ်”
ဝူယွမ်က ကျန်းရွှယ်၏ အခြေအနေကို ချက်ချင်း ကောက်ချက်ချလိုက်သည်။
‘ပျော့ပြောင်း’ အက္ခရာ၏ အထွတ်အထိပ် ခန္ဓာကိုယ် နှစ်ခုမှာ ထာ၀ရဘ၀ နတ်ကိုယ်ခန္ဓာ နှင့် စမ်းချောင်း နတ်ကိုယ်ခန္ဓာ တို့ဘဲဖြစ်သည်။
ကျန်းယင်ယင်၏ ကျင့်ကြံမှုက ထာ၀ရဘ၀ နတ်ကိုယ်ခန္ဓာ ဘက်သို့ ဦးတည်နေပြီး ကျန်းယွဲ့မှာမူ ရှင်းလင်းစွာပင် စမ်းချောင်း နတ်ကိုယ်ခန္ဓာ ဘက်သို့ ဦးတည်နေသည်။
သူမ၏ ခန္ဓာကိုယ် လက္ခဏာများက ကိုယ်ခန္ဓာကျမ်း တွင် မှတ်တမ်းတင်ထားသော နတ်ရည်စိမ်ခန္ဓာ နှင့် အတိအကျ တူညီနေသည်။
ထိုကိုယ်ခန္ဓာက တော်ဝင်ခန္ဓာ အဆင့်သို့ ရောက်ရှိနေသော ကိုယ်ခန္ဓာဖြစ်ပြီး ဝူယွမ်၏ မွေးရာပါ ခမ်းနားသော တောင်တန်းခန္ဓာ ထက်ပင် တစ်ဆင့် ပိုမြင့်သည်။
ဒါက ဝူယွမ်ကို မအံ့သြဘဲ မနေနိုင်အောင် ဖြစ်စေသည်။ ခမ်းနားသော တောင်တန်းခန္ဓာ ကို အောင်မြင်အောင် ကျင့်ကြံနိုင်ရန် သူသည် ယန်အာရုံ အရည် အများအပြားကို အသုံးပြုခဲ့ရကြောင်း သူသာသိသည်။
သို့သော် ကျန်းယွဲ့က တိတ်တဆိတ်ပင် တော်ဝင်ခန္ဓာ အဆင့်သို့ ရောက်ရှိနေခဲ့သည်။
“သူမက သေချာပေါက် အထူး ခန္ဓာကိုယ် တစ်ခုခုနဲ့ မွေးဖွားလာတာ ဖြစ်ရမယ်” ဝူယွမ်က သုံးသပ်လိုက်သည်။
ဒါက တစ်ခုတည်းသော ဖြေရှင်းချက်ဘဲဖြစ်သည်။ ကျန်းယွဲ့က တော်ဝင်ကိုယ်ခန္ဓာ နှင့် ယှဉ်နိုင်သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း ယခင်က အိပ်ပျော်နေသော အခြေအနေတွင် ရှိနေခဲ့ပြီး ‘ပျော့ပြောင်း’ အက္ခရာကို ကျင့်ကြံပြီးမှသာ အပြည့်အဝ နိုးထလာပြီး လက်ရှိ နတ်ရည်စိမ်ခန္ဓာ အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်။
“အဲဒီလို ဖြစ်လောက်တယ်”
ဝူယွမ်က ဤထင်မြင်ချက်ကို ပို၍ ယုံကြည်လာသည်။ သို့မဟုတ်ပါက မူရင်းဝတ္ထုတွင် အစောပိုင်း အဆင့်၌ သာမန်သာရှိသော ကျန်းယွဲ့က နောက်ပိုင်းတွင် မဟာရှေးဟောင်းကျောက်တိုင် ၏ အသိအမှတ်ပြုမှုကို မည်သို့ ရယူနိုင်မည်နည်း။ သူမ တိုးတက်လာရခြင်းတွင် ထူးခြားချက် တစ်စုံတစ်ရာ ရှိရပေမည်။
“ဘယ်လိုလဲ... အစ်ကိုကြီးဝူယွမ်၊ ညီမလေး ခန္ဓာကိုယ်မှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေလားဟင်”
ကျန်းရွှယ်က စိုးရိမ်တကြီး မေးလိုက်သည်။
“ပြဿနာ မရှိပါဘူး၊ အရမ်းကောင်းတယ်... တကယ်တော့ ဒီထက်ပိုကောင်းတာ မရှိနိုင်တော့ဘူး” ဝူယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ကျန်းယွဲ့က တကယ့်ကို ရတနာမိန်းကလေး တစ်ယောက်ပင်။ သူမကို သူက မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုစဉ်က သူသာ စိတ်ကူးပေါက်ပြီး ကိုယ်ခန္ဓာကျမ်း ကို ပေးမလိုက်ခဲ့လျှင် သူမက နောက်ထပ် နှစ်ပေါင်းများစွာ အိပ်ပျော်နေဦးမည် ဖြစ်သည်။
ဝူယွမ် - “မင်းရဲ့ ခန္ဓာကိုယ်က အများကြီး တိုးတက်လာတယ်။ ဒီခန္ဓာကိုယ်ကို နတ်ရည်စိမ်ခန္ဓာ လို့ ခေါ်ပြီး ကိုယ်ပိုင် စွမ်းအားကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ မင်း အဆင့်မတက်သေးတာက အတွေ့အကြုံ မရှိသေးလို့ ဖြစ်လောက်တယ်”
“နောင်ကျရင် မင်းရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားကို ပိုသုံးစွဲရမယ်။ တိုက်ပွဲမှာပဲဖြစ်ဖြစ်၊ သိုင်းကွက်တွေ လေ့ကျင့်တာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ထဲက စွမ်းအားကို ကုန်ခမ်းလိုက် ပြန်ဖြည့်လိုက်၊ ကုန်ခမ်းလိုက် ပြန်ဖြည့်လိုက်နဲ့ သံသရာလည်အောင် လုပ်နေသမျှ ခန္ဓာကိုယ်ရဲ့ စွမ်းအား လက်ခံနိုင်မှု ပမာဏ တိုးလာပြီး အဆင့်တွေ တက်လာလိမ့်မယ်”
နတ်ရည်စိမ်ခန္ဓာက ခန္ဓာကိုယ် စွမ်အင် ပြည့်ဝသည်အထိ ပြင်ပစွမ်းအားများကို စဉ်ဆက်မပြတ်၊ လျင်မြန်စွာ၊ အလိုအလျောက် စုပ်ယူ ဖြည့်တင်းပေးနိုင်သည်။
ဝူယွမ် နားလည်ထားသလောက် ဤခန္ဓာကိုယ်၏ စွမ်းအားမှာ စွမ်းရည်ထုတ်သုံးခြင်း အချိန်ကို လျှော့ချပေးနိုင်ပြီး စွမ်းရည် ထုတ်သုံးနိုင်သည့် အကြိမ်အရေအတွက်ကို တိုးပွားစေနိုင်သည်။
ဥပမာအားဖြင့် တူညီသော ဖန်တီးခြင်းအဆင့် သိုင်းပညာရပ် တစ်ခုကို အခြားသူများက တစ်မိနစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်သာ သုံးနိုင်သော်လည်း နတ်ရည်စိမ်ခန္ဓာ ပိုင်ရှင်က လေးငါးကြိမ် သို့မဟုတ် ထိုထက်မက သုံးနိုင်ပေသည်။
ဤခန္ဓာကိုယ် မည်မျှ ပုံမှန်မဟုတ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။
သန့်စင်စမ်းချောင်း နတ်ကိုယ်ခန္ဓာ အဆင့်ထိသာ ကျင့်ကြံနိုင်ခဲ့လျှင် အဆုံးသတ် တိုက်ကွက် များကိုပင် ဆက်တိုက် ထုတ်သုံးနိုင်ပေလိမ့်မည်။
ကျန်းယွဲ့၏ မျက်နှာတွင် အံ့သြဝမ်းသာမှုများ ပေါ်လာခဲ့သည်။ သူမက ပြဿနာ မရှိဘဲ နည်းလမ်းမှန်ကို မတွေ့သေးခြင်းသာ ဖြစ်နေသည်။
“မယုံရင် အခုပဲ လက်ဝါးတစ်ချက် ရိုက်ထုတ်ကြည့်လိုက်”
ဝူယွမ်က ပြတင်းပေါက် ဖွင့်လိုက်ပြီး ကျန်းယွဲ့ကို ကောင်းကင်သို့ လက်ဝါးရိုက်ထုတ်ခိုင်းလိုက်သည်။
“ဟုတ်ကဲ့” ကျန်းယွဲ့က လိမ္မာစွာ ခေါင်းငြိမ့်လိုက်ပြီး ယွမ်စွမ်းအင်များ လှိမ့်ထွက်လာကာ အစိမ်းရောင် လက်ဝါးရာတစ်ခုကို ပစ်လွှတ်လိုက်သည်။
“ကဲ... ခုနက ကုန်သွားတဲ့ စွမ်းအားတွေ အမြန် ပြန်ပြည့်လာသလား ခံစားကြည့်”
ကျန်းယွဲ့က ခန္ဓာကိုယ်တွင်းရှိ စွမ်းအားကို တိတ်ဆိတ်စွာ အာရုံခံလိုက်သည်။ အသက်ရှူချိန် အနည်းငယ်အတွင်း သူမ ဝမ်းသာအားရ ရေရွတ်လိုက်သည်။ “ဟုတ်တယ်... ပြန်ပြည့်လာပြီ”
“မယုံနိုင်စရာပဲ... တကယ့် ဘီလူးမလေးပဲ” ဝူယွမ် စိတ်ထဲမှ သက်ပြင်းချကာ အားကျမိသွားသည်။
ကျန်းရွှယ်၏ ပြန်လည်ဖြည့်တင်းနိုင်စွမ်းနှင့်ဆိုလျှင် သူမက စွမ်းအား ကုန်ခမ်းသွားမည့် အချိန်ဟူ၍ မရှိသလောက်ပင်။ ကုန်သွားလျှင်လည်း အပြည့်ပြန်ဖြစ်ရန် နာရီပိုင်းသာ ကြာမြင့်မည်ဖြစ်သည်။
ဒါက ဝါးမျိုခြင်းဘိုးဘေးအဆောင် ပိုင်ဆိုင်ထားသည့် သူနှင့် လင်းတုန် ထက်ပင် ပို၍ ပုံမှန်မဟုတ်သောသူ ဖြစ်နေသည်။
ဝါးမျိုခြင်းဘိုးဘေးအဆော