← Chapters

ထိပ်တန်း ယင် စွမ်းအင်များ၊ တိုင်ယင်း နက်နဲသော ယင် စွမ်းအင်

Vol. 2 Ch. 17

ထိပ်တန်း ယင် စွမ်းအင်များ၊ တိုင်ယင်း နက်နဲသော ယင် စွမ်းအင်

Vol. 2 Ch. 17

“အစ်ကိုကြီး၊ ဒါက ယန်ယွမ်ဆေးလုံး မလား”

လင်းတုန်သည်ဝမ်းသာစွာဖြင့် မီးလျှံရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဝူယွမ်အား ပြသလေသည်။

“ဟုတ်တယ်၊ဘယ်ကရတာလဲ”

ဝူယွမ်သည်မသိချင်ဟန်ဆောင်ကာ မေးလိုက်သည်။

“အစ်ကိုကြီး ဒီမှာကြည့်”

လင်းတုန်သည်ချက်ချင်းပင် သရုပ်ပြလိုက်သည်။ သူသည် ယန်ယွမ်ကျောက်တုံး သုံးတုံးကို ထုတ်ယူကာ ထုံးစံ ဝိညာဉ်ဆေးပင်များ သန့်စင်သကဲ့သို့ သူ့လက်ဖ၀ါးထဲ ထည့်လိုက်သည်။

ထိုအခါသူ့လက်ဖဝါးရှိ ကျောက်လက်ဖွဲ့မှ အလင်းရောင်များ ထွက်လာပြီ။ မူလက အနီရောင်အလင်းဖျော့ဖျော့ ထွက်နေသော ယန်ယွမ်ကျောက်တုံး သုံးတုံးမှာ မြန်ဆန်စွာ မှိန်ဖျော့သွားကာ အလင်းရောင်များ လုံးဝပျောက်ကွယ်သွားပြီး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထို့နောက်သူ့လက်ဖဝါးမှ အလင်းတန်းများ ထွက်လာပြီး နောက်ဆုံးတွင် ထိုအလင်းတန်းများ ရောယှက်ကာ လက်မအရွယ်ခန့်ရှိသော မီးလျှံရောင် ဆေးလုံးတစ်လုံးအဖြစ် စုစည်းသွားလေသည်။

“ယန်ယွမ်ကျောက်တုံးတွေကိုတောင် သန့်စင်လို့ရတာလား။ မင်းရဲ့ ကျောက်လက်ဖွဲ့က အံသြစရာအတော်ကောင်းတာဘဲ”

ဝူယွမ်သည်တစ်ဖန် အကယ်ဒမီရ အံ့အားသင့်သရုပ်ဆောင်မှူကို ပြသလိုက်သည်။

ထိုကျောက်လက်ဖွဲ့ဟူသော အရာသည် သူ့ကိုပါ စိတ်လှုပ်ရှားစေသည်။ ထိုသည်မှာ သူသည် လင်းတုန်အား ကိရိယာတစ်ခုအဖြစ်သာ အသုံးချပြီးစွန့်လွှတ်ရန် မလိုလားသော အကြောင်းရင်းလည်း ဖြစ်သည်။

ဤကမ္ဘာတွင်လင်းတုန်အနားသာ နေပါက စွမ်းအားကြီးမားသူတစ်ဦး မဖြစ်ချင်တောင် ဖြစ်လာလိမ့်မည်ဟု ဆိုနိုင်သည်။

ယန်ယွမ်ဆေးလုံးများတွင် သဘာဝယွမ်စွမ်းအင်များစွာ ပါဝင်ပြီး ယွမ်ဒန်နယ်ပယ်အောက်ရှိ မည်သူ့အတွက်မဆို အထူးသဖြင့် ယွမ်ကောင်းကင်နယ်ပယ် စွမ်းအားရှင်များအတွက် အလွန်အသုံးဝင်သည်။

မြို့ကြီးများတွင်ယန်ယွမ်ဆေးလုံးများကို ငွေကြေးအဖြစ် အသုံးပြုကြပြီး ရွှေငွေရတနာများထက်ပင် ပိုတန်ဖိုးကြီးသည်။

ဝူယွမ်-“မဟုတ်သေးဘူး၊ ငါ့ကိုအစ်ကိုကြီး လုံထန်ပြောဖူးတယ်၊ ယန်ယွမ်ကျောက်တုံးကို ယန်ယွမ်ဆေးလုံးအဖြစ် သန့်စင်ဖို့ဆိုရင် ယွမ်ဒန်အဆင့်ရှိ ကျင့်ကြံသူတစ်ဦး လိုအပ်တယ်။ သူတို့ရဲ့ သန့်စင်နှုန်းက ယန်ယွမ်ဆေးလုံးတစ်လုံးအတွက် ယန်ယွမ်ကျောက်တုံး ဆယ်တုံးဖြစ်ပေမဲ့ မင်းရဲ့ကျောက်လက်ဖွဲ့ ကတော့သုံးတုံးဘဲသုံးရတယ်”

“ဟင်၊သုံးဆ တောင်ကွာတယ်လား” လင်းတုန်လည်း အံ့အားသင့်သွားသည်။

ဝူယွမ်-“ယန်ယွမ်ဆေးလုံးတစ်လုံးကို အနည်းဆုံး ယန်ယွမ်ကျောက်တုံး ဆယ်တုံးနဲ့ လဲလှယ်နိုင်တယ်”

“ဒါက တကယ်ကိုအံ့သြစရာဘဲ”

“ငါတို့သာ ကြားခံအလုပ်လုပ်ရင် သေချာပေါက် အကြီးအကျယ်ချမ်းသာသွားမှာ”

သိပြီးသားဖြစ်သော်လည်းထိုအချိန်တွင် ဝူယွမ်မှာ အလွန်တရာ စိတ်လှုပ်ရှားနေမိသည်။

ကျောက်လက်ဖွဲ့သာရှိပါက လှဲအိပ်ရင်းငွေရှာနိုင်မည်ဟု ဆိုနိုင်သည်။

လင်းတုန်-“အစ်ကိုကြီး၊ ကြားခံအလုပ်ဆိုတာ ဘာကိုဆိုလိုတာလဲ”

“ယန်ယွမ်ကျောက်တုံးတွေကို ဝယ် ယန်ယွမ်ဆေးလုံးများအဖြစ်သန့်စင်ပြီး ပြန်ရောင်းတာကို‌ပြောချင်တာ”

“အစ်ကိုကြီး၊ဒါက အန္တရာယ်များလွန်းတယ်။ အခြားသူတွေသာ ကျောက်လက်ဖွဲ့အကြောင်း သိသွားရင်”

“ဟုတ်တယ်၊အခြားသူတွေသာ ဒီအကြောင်းသိသွားရင် မင်းကို အမှောင်ခန်းထဲထည့်ပြီး ဆေးလုံးသန့်စင်ခိုင်းလိမ့်မယ်၊ ဆေးပေါင်းအိုးကြီးတစ်ခုလို အသုံးချကြမယ်ဆိုတာ သေချာပေါက်ဘဲ”

“ဒါကြောင့် ဒီအ‌ေကြာင်း ဘယ်သူကိုမှ မပြောပြမိဖို့ရာ အရေးကြီးတယ်။ ငါတို့ နှစ်ဦးတည်းသာ သိထားသင့်တယ်”

ကျောက်လက်ဖွဲ့ကိုလျှို့ဝှက်ထားရန် ဆုံးဖြတ်ပြီးနောက် သူတို့နှစ်ဦးသည် ယန်ယွမ်ကျောက်တုံး အများအပြားကိုတစ်ကြိမ်တည်း အသုံးမပြုဘဲ အနည်းငယ်မျှသာ ယူဆောင်ကာ ဆေးလုံးသန့်စင်ကြသည်...

“ခရီးထွက်ဖို့အဆင်သင့်ဖြစ်ပြီ၊ ထွက်ခွာကြရအောင်”

ရူးသွပ်ဓားသိုင်းခန်းမ၏ကုန်တင်လှည်းတန်းသည် အပေါ်ယံအားဖြင့် သံမြေများကို သယ်ဆောင်လာခြင်းဖြစ်သော်လည်း တကယ်တမ်းတွင် ယန်ယွမ်ကျောက်တုံးများကို သယ်ဆောင်နေခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင်လုံချန်းကိုယ်တိုင် ဦးဆောင်ပြီး လုံထန်နှင့် လင်းရှောင်တို့ လိုက်ပါသည်။ ယွမ်ကောင်းကင်နယ်ပယ် စွမ်းအားရှင် သုံးဦးသည် သွားရှုပ်လို့မရသော အင်အားစုထဲမှာပါ၀င်သည်။

လင်းကျဲ့တျန်းမှာသံမြေကျေးရွာကို စောင့်ရှောက်ရန် ကျန်ခဲ့သည်။

ရူးသွပ်ဓားသိုင်းခန်းမ၏အလံသည် ခရီးတစ်လျှောက်ရှိ တောင်တွင်းဓားပြများကို ခြိမ်းခြောက်နိုင်ပြီး လှည်းတန်းသည် ယန်မြို့သို့ ချောမောစွာ ရောက်ရှိလာသည်။

ယန်မြို့၏အမြင့်ကြီးသော မြို့ရိုးနှင့် မြို့တံခါးမှ မရေမတွက်နိုင်သော လူအဝင်အထုတ်များကို ကြည့်ရှုကာ

ဝူယွမ်က”ဒါဟာ ယန်မြို့ပဲဆိုတာ သေချာတယ်။ ယန်မြို့နဲ့ယှဉ်ရင် ချင်းယန်မြို့ငယ်လေးက တကယ့်ကို ဆင်းရဲလွန်းတယ်” သူ့စိတ်ထဲတွင် ဝမ်းနည်းမိသည်။

“အစ်ကိုကြီးလည်းဒီတစ်ခါ ပထမဆုံးအကြိမ် ယန်မြို့ကို ရောက်တာလား”

“ဟုတ်တယ်၊ငါက ပတ်ဝန်းကျင်ကမြို့ငယ်တစ်ချို့ကို သွားဖူးပေမယ့် ယန်မြို့ကိုတော့ မရောက်ဖူးသေးဘူး”

“ညီငယ်တို့ရေ၊မြို့ထဲရောက်တာနဲ့ ဟိုဟိုဒီဒီ မသွားကြနဲ့နော်။ ယန်မြို့ဟာ လူစုံရောထွေးနေတဲ့နေရာဖြစ်ပြီး၊ ဖုန်းကွယ်နေတဲ့ စွမ်းအားရှင်တွေ အများကြီးရှိတယ်။ ငါတို့ သွားထိလို့မရတဲ့ လူတစ်ချို့လည်း ရှိတယ်” လုံထန်က စိုးရိမ်စွာဖြင့် သတိပေးလိုက်သည်။

သူတို့၏စူးစမ်းလိုစိတ်နှင့် လူငယ်သဘာ၀ စိတ်တက်ကြွမှုကြောင့် အင်အားကြီးအဖွဲ့အစည်းများမှ လူများကို မတော်တဆ ထိခိုက်မိမှာကို သူစိုးရိမ်နေသည်။

“စိတ်ချပါ အကိုလုံထန်” ဟု ဝူယွမ်က ကတိပေးခဲ့သော်လည်း သူ့စိတ်ထဲတွင် သိထားသည်... သူတို့သည် ဒုက္ခမပေးသော်လည်း ဒုက္ခသည် သူတို့ကို မုချလိုက်လာမည်ဖြစ်သည်။

အကြောင်းမှာ ဤကမ္ဘာ၏ ကံကြမ္မာသားတော် ဖြစ်သူသည် သူ့အနားတွင် ရှိနေပြီး သူကိုယ်တိုင်သည် ဒုက္ခများကိုဆွဲဆောင်သူတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။

လင်းတုန်-“အစ်ကိုကြီး လုံထန်၊ ယန်မြို့ရဲ့ အင်အားစုတွေအကြောင်း ပြောပြနိုင်မလား။ ဒါဆိုရင် သူတို့ကို တွေ့ရင် ရှောင်ရှားလို့ရတာပေါ့”

“ယန်မြို့ရဲ့အင်အားစုတွေအကြောင်း ပြောမယ်ဆိုရင် ချင်းယန်မြိုငယ်လေးထက် ပိုရှုပ်ထွေးတယ်။ ဒီမှာ ပျမ်းမျှအားဖြင့် တစ်လကို အင်အားစုတစ်ခုလောက် ပျက်စီးတတ်ပြီး အင်အားစုအသစ်တွေ ပေါ်လာ‌ေနကြဘဲ။ ယန်မြို့မှာ တည်တည်ငြိမ်ငြိမ် အခြေစိုက်နိုင်ဖို့ဆို အင်အားစုတစ်ခုက အနည်းဆုံး ယွမ်ဒန်အဆင့် ကျွမ်းကျင်သူတစ်ဦးရှိဖို့ လိုအပ်တယ်။

ယန်မြို့မှာ အင်အားစုအကြီးအငယ် အများအပြားရှိပေမဲ့သူတို့ အထက်မှာ ရပ်တည်နေတဲ့ အင်အားစုကြီး သုံးခုရှိတယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ သူတို့ နေရာကို ဘယ်သူမှ မလှုပ်ခက်စေနိုင်သေးဘူး”

လင်းတုန်က ဆက်မေးမြန်းလိုက်သည်-“အင်အားစုကြီး သုံးခုက ဘာတွေလဲ”

“ယန်မြို့တော်ဝန်အိမ်တော်၊ ရွှေတစ်သောင်းကုန်သည်အသင်းနှင့် သွေးဝံပုလွေဂိုဏ်းတို့ဘဲ”

ထိုအချိန်တွင်လုံချန်းက သတိပေးလိုက်သည်-

“ကောင်းပြီ၊မြို့ထဲကို ဝင်တော့မယ်။ သတိထားကြ”

သူတို့သည်မြို့တံခါး၏ အနည်းငယ် မှောင်မိုက်သော လမ်းကြောင်းကို ဖြတ်သန်းကာ ယန်မြို့အတွင်းသို့ တရားဝင် ဝင်ရောက်လာကြသည်။

[တိန်!၊ ယန်မြို့သို့ အောင်မြင်စွာ ရောက်ရှိပါပီ။ ချက်ချင်းဆိုင်းအင်ဝင်လိုပါသလား]

ဝူယွမ်-“ဆိုင်းအင်ဝင်မည်”

[ဆိုင်းအင်ဝင်ရောက်မှု အောင်မြင်ပါသည်။ ရရှိသည့်ဆုလက်ဆောင်- ထိပ်တန်း ယင် စွမ်းအင်၊ တိုင်ယင်း နက်နဲသော ယင် စွမ်းအင်များ]

ထိပ်တန်း

ဝူယွမ် အာစေးမိသွားသည်။

ဒီကမ္ဘာရှိယင်စွမ်းအင်များကို တစ်မှ ကိုးအထိ အစဉ်လိုက်ခွဲခြားထားသည်။

ကိုးသည်အမြင့်ဆုံးဖြစ်သည်။

ဤ’ထိပ်တန်း’ ဆိုသည်မှာ အဘယ်နည်း။

“ကောင်းပြီ၊မစဉ်းစားတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စနစ်ထုတ်လုပ်တဲ့အရာဆိုတော့ ထိပ်တန်းအရည်အသွေးဘဲဖြစ်မှာပါ”

“အခုလောလောဆယ် ငါလိုအပ်နေတာပဲ။ ဒီတိုင်ယင်း နက်နဲသော ယင် စွမ်းအင် တွေနဲ့ဆို ငါယွမ်မြေကြီးနယ်ပယ်ရဲ့ ထိပ်ဆုံးအဆင့်ထိ လေ့ကျင့်ဖို့ လုံလောက်မယ်ထင်တယ်”

ဝူယွမ်သူ့စိတ်ထဲတွင် ပြောလိုက်သည်။

ယွမ်မြေကြီးနယ်ပယ်သည်ခန္ဓာကိုယ်အတွင်းသို့ ယင်စွမ်းအင်ကို စုပ်ယူကာ လေ့ကျင့်ရန် လိုအပ်သည်။ စုပ်ယူသော ယင်စွမ်းအင်က ပိုမိုအားကောင်းလေ ယွမ်မြေကြီးနယ်ပယ်ရဲ့ အခြေခံ ပိုမိုခိုင်မာလေဖြစ်ပြီး အဆင့်တူတွင် ပိုမိုအားကောင်းလာလေဖြစ်သည်။

(တိန်!၊ နောက်ထပ် ဆိုင်းအင်ဝင်ရောက်ရန် နေရာကို ပြောင်းလဲထားသည်။ ကျေးဇူးပြု၍ သံမြေကျေးရွာရှိ

မြေအောက်မီးတောင်တွင် ဆိုင်းအင်ဝင်ရောက်ပါ]

“အရမ်းကောင်းတယ်၊ငါ သိပ်မကြာခင်မှာဘဲ ဆိုင်းအင်ထပ်ဝင်နိုင်တော့မယ်” ဝူယွမ် ဝမ်းသာသွားသည်။

သူသည်သံမြေကျေးရွာရှိ မြေအောက်မီးတောင်ဂူကို သိရှိထားသည်။ ယန်ယွမ်ကျောက်တွင်းလမ်းတစ်လျှောက် တူးဖော်သွားပါက နနောက်ဆုံး ရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်သည်။ ထိုနေရာတွင် အသေးစား အခွင့်အလမ်းတစ်ခုလည်း ရှိသေးသည်။

“ငါနားလည်ပြီ။ စနစ်ရဲ့ ဆိုင်းအင်ဝင် ဖို့ရာနေရာတွေက လင်းတုန် အခွင့်အလမ်းတွေ ရရှိတဲ့နေရာတွေနဲ့ အတော်လေး တူညီနေတယ်”

ဝူယွမ်သည်အရေးကြီးသော အချက်ကို ရှာဖွေတွေ့ရှိသည်ဟု ခံစားရသည်။

မြို့အတွင်းသို့ရောက်ရှိပြီးနောက် သူတို့သည် ရူးသွပ်ဓားသိုင်းခန်းမ၏ ပုံမှန်အခြေစိုက်စခန်းမှာ နေထိုင်ကြသည်။

ထို့နောက်အဖွဲ့ကို နှစ်ပိုင်းခွဲလိုက်သည်။ လုံထန်သည် သံမြေကို ရောင်းဝယ်ဖောက်ကားရန် သွားပြီး လုံချန်းသည် လင်းရှောင်နှင့်အတူ ယန်ယွမ်ကျောက်တုံးများ ရောင်းဝယ်ဖောက်ကားရန် သွားသည်။

“ဆရာ၊လိန်မိသားစုကို သတိထားပါ။ တစ်စုံတစ်ယောက်က ဆရာ့ကို ခြေရာခံနေနိုင်တယ်”

ဝူယွမ်က သတိပေးလိုက်သည်။မူရင်း ဇာတ်လမ်းတွင် လင်းမိသားစု၏ ပထမဆုံး ကုန်သွယ်မှုသည် လိန်မိသားစုမှ ခြေရာခံခြင်းခံရပြီး ယန်ယွမ်ကျောက်တုံးများအကြောင်းကို သိရှိသွားကာ အစောပိုင်းတွင် ပြဿနာအများအပြား ဖြစ်ပွားခဲ့ရသည်။

ယန်ယွမ်ကျောက်မိုင်းတွင်း အကြောင်းပေါက်ကြားခြင်းသည် ရှောင်လွှဲမရသော်လည်း နောက်ကျပါက ပိုကောင်းသည်။

လက်ရှိတွင်ဝူယွမ်နှင့် လင်းတုန်နှစ်ဦးစလုံးသည် ဖွံ့ဖြိုးတိုးတက်ရန် အချိန်အများပြားလိုအပ်နေသည်။

ဝူယွမ်၏ဝင်ရောက်စွက်ဖက်မှုများကြောင့် အတော်များများ ရှေ့သို့ ကြိုရောက်နေခဲ့သည်။

“စိတ်မပူနဲ့၊ငါတို့ ရူးသွပ်ဓားသိုင်းခန်းမက ယန်မြို့အတွင်းမှာ ကိုယ်ပိုင်ရောင်း၀ယ်မှုလမ်းကြောင်းတွေ ရှိတယ်။ လိန်မိသားစုက အဲ့လမ်းကြောင်းတွေထဲအထိ ထိုးဖောက်မ၀င်ရောက်နိုင်‌သေးပါဘူး”

လုံချန်းက ယုံကြည်ချက်အပြည့်ဖြင့်ပြောကြားသည်။

ရူးသွပ်ဓားသိုင်းခန်းမသည်မူလကတည်းက ကုန်သွယ်ရေးလမ်းကြောင်းများကို အထူးပြုထားပြီး ကုန်သည်များစွာကို သိရှိထားကာ လင်းမိသားစုထက် ပိုမိုကျယ်ပြန့်သော အဆက်အသွယ်များ ရှိသည်။

သူတို့ထွက်ခွာသွားပြီးနောက်ဝူယွမ်နှင့် လင်းတုန်နှစ်ဦးသာ ကျန်ရစ်ခဲ့သည်။

လင်းတုန်-“အစ်ကိုကြီး၊ ကျွန်တော်တို့ ယန်မြို့ကို ရောက်လာပြီဆိုတော့ လျှောက်ပတ်ကြည့်ကြရအောင်။ ကျွန်တော် ချင်းတန်အတွက် လက်ဆောင်ဝယ်ခဲ့ဖို့ ကတိပေးထားတယ်”

“ကောင်းပြီ၊ လျှောက်ပတ်ကြည့်ကြတာပေါ့”

ဝူယွမ်တို့နှစ်ယောက် လမ်းပေါ်သို့ထွက်ကာ စူးစမ်းလေ့လာကြသည်။

သူတို့ဝယ်ထားသောပစ္စည်းများမှာလည်း လက်ဖြင့် မသယ်နိုင်အောင် များပြားလွန်းလှသည်။

ထိုအချိန်တွင်အဆောက်အဦးကြီးတစ်ခု သူတို့မျက်စိထဲသို့ ဝင်လာသည်။

၎င်းသည်အခြားအဆောက်အဦးများထက် ပိုမိုမြင့်မားပြီး အလွန်ထူးခြားလှသည်။

နှစ်ဦးသည်ချက်ချင်းပင် စိတ်ဝင်စားသွားကြသည်။

“ထူးဆန်းတဲ့ အဆောက်အဦးကြီးဘဲ”

“အထဲ ဝင်ကြည့်ကြရအောင်”

All Chapters