သန့်ရှင်းစင်ကြယ် အလင်းမင်းဆက် ပျောက်ကွယ်သွားမလား။ အသက်ခံမလား
Vol. 15 Ch. 146
ကျောက်တုံးထိပ်တွင် ကြီးမားသော ပုံရိပ်ယောင် ဂိတ်တံခါးကြီးတစ်ခု လေထဲတွင် ရုတ်ခြည်းပေါ်လာသည်။
လင်းတုန်၊ မိုလင်နှင့် အခြားလူပေါင်း ခြောက်ဆယ်ကျော်က အတွင်းမှ ထွက်လာကြသည်။
“ဒါက ရှေးဟောင်းစစ်မြေပြင်လား”
“ရောက်ပြီလား”
“ဘယ်လို ယွမ်စွမ်းအင် အငွေ့အသက်မျိုးလဲ၊ ဂိုဏ်းချုပ် ပြောသလိုပဲ”
…လူငယ် ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ပုံရိပ်ယောင်ထဲမှ ထွက်ပေါ်လာကြပြီး အားလုံးက ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြသည်။
“အစ်ကိုကြီး၊ ဘာဆက်လုပ်ကြမလဲ”
အားလုံးထွက်လာပြီး သူတို့ရဲ့ စူးစမ်းလိုစိတ်တွေ ပြေသွားတဲ့အခါ ဝူယွမ်ကို ကြည့်လိုက်ကြသည်။
ဝူယွမ်က “ဧကရာဇ်ပေးတဲ့ မြေပုံအရ ငါတို့ရဲ့ လက်ရှိနေရာက ရှေးဟောင်းစစ်မြေပြင်ရဲ့ အစွန်းနေရာမှာပဲ ရှိသေးတယ်။ နောက်ခရီးစဉ်ကတော့ စစ်မြေပြင်ရဲ့ အလယ်ဗဟိုကို ဦးတည်သွားဖို့ပဲ”
“တစ်ချိန်တည်းမှာပဲ ငါတို့ဟာ ကိုယ့်ရဲ့ စွမ်းအားကို အမြန်တိုးတက်အောင် လုပ်ရမယ်။ နိဗ္ဗာန်အဆင့်ကို တတ်နိုင်သမျှ မြန်မြန်ရောက်အောင် ကြိုးစားမှရမယ်”
“ရှေးဟောင်းစစ်မြေပြင်၊ ပြည်ထောင်တစ်ရာတိုက်ပွဲ... ဒီနေရာက ယှဉ်ပြိုင်မှုတွေ ဘယ်လောက်ပြင်းထန်လဲဆိုတာ မင်းတို့အားလုံး မလာခင်ကတည်းက သိပြီးသားဖြစ်မှာပါ။ ငါတို့ မဟာယန်မင်းဆက်ရဲ့ အပေါ်မှာ အလယ်အလတ်မင်းဆက်တွေ၊ အဆင့်မြင့်မင်းဆက်တွေ၊ အထူးမင်းဆက်တွေတောင် ရှိသေးတယ်”
“ဒါကြောင့် ငါတို့အားလုံး စည်းလုံးကြရမယ်။ လူတိုင်းရှင်သန်နိုင်ဖို့အတွက် ငါ့ရဲ့ အမိန့်မရှိဘဲ တစ်ယောက်တည်း ထွက်ခွာသွားတာမျိုး မလုပ်ရဘူး”
“အခုကစပြီး လင်းတုန်နဲ့ မိုလင်းတို့က ဒုတိယ အဖွဲ့ချု့်က အဖွဲ့တစ်ဖွဲ့ကို ဆယ်ယောက်စီခွဲမယ် ၊ တူယွမ်၊ မန်ရှန်နဲ့ အရင်က သတ်မှတ်ထားတဲ့ ဆယ်ယောက်က အဖွဲ့ခေါင်းဆောင်လုပ်ရမယ်။ ဘယ်လို လုပ်ဆောင်ချက်မဆို သူတို့ အမိန့်ကို လိုက်နာရမယ်”
“ဟုတ်ကဲ့၊ အစ်ကိုကြီး” လူအုပ်က ပြန်ဖြေလိုက်ကြသည်။
ဒီတစ်ခေါက်မှာ သူတို့က စနစ်တကျနဲ့ စီစဉ်ထားပြီးသားဖြစ်သည်။
မဝင်ခင်ကတည်းက ဝူယွမ်က မဟာယန်မင်းဆက်က လူအုပ်ရဲ့ စွမ်းအားဟာ အားနည်းနေသေးပြီး တစ်ဖွဲ့စီ ခွဲထွက်သွားရင် အသက်ရှင်မယ့်သူ သိပ်မရှိဘူးလို့ ယူဆထားပြီးသားဖြစ်သည်။
အခုလိုမျိုး စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှုပုံစံဟာ သူတို့အတွက် အကောင်းဆုံး ချဉ်းကပ်ပုံဘဲဖြစ်သည်။
ဝူယွမ်က လူတိုင်းကို လိုက်ပြီး ဂရုစိုက်ပေးနိုင်မည်မဟုတ်ပေ။ အများဆုံး သူက အကူအညီအချို့ ပေးနိုင်ရုံသာဖြစ်ပြီး နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုသာ အားကိုးရမည်ဖြစ်သည်။
ဒီလိုနည်းနှင့် စီမံခန့်ခွဲလိုက်ရင် အရင်းအမြစ်တွေ အလုံအလောက်ရသည်နှင့် သူတို့တွေ တိုးတက်လာနိုင်သည်။
“ကောင်းပြီ၊ အခု ပထမဆုံး နေရာကို သွားကြစို့”
ပိုင်ယွမ်ကို စီးနင်းလိုက်ရင်း ဝူယွမ်က ဦးဆောင်ကာ အဝေးသို့ ထွက်ခွာသွားသည်။ လူတိုင်းက သူ့နောက်မှ အနီးကပ် ပျံသန်း လိုက်ပါသွားကြသည်။
ရှေးဟောင်းစစ်မြေပြင်ထဲ ဝင်လာပြီးနောက် ဝူယွမ်က ထိုလူအုပ်ကို ကျောက်တိုင်ထဲ ဝင်ခွင့်၊ ထွက်ခွင့် ပေါ့ပေါ့တန်တန် ခွင့်ပြုတော့မည် မဟုတ်ပေ။
သူတို့ဟာ ကြီးထွားဖို့အတွက် ကိုယ့်ကိုယ်ကို သွေးရမည်။ ကျောက်တိုင်နေရာလွှတ်ကို အလွန်အကျွံ မှီခိုနေ၍ မရပေ။
ကျယ်ပြန့်ပြီး အဆုံးမရှိ ခြောက်သွေ့သော လွင်ပြင်တစ်လျှောက်၊ လူဆယ်ချီမျှသော ပုံရိပ်များက လျှပ်စီးကဲ့သို့ ဖြတ်သန်းသွားကြပြီး လေတိုးသံများ ပတ်ဝန်းကျင်တွင် ပျံ့နှံ့ကာ အဝေးသို့ ပဲ့တင်ထပ်သွားသည်။
ဝူယွမ်၏ ရင်ဘတ်မှ မဟာရှေးဟောင်းကျောက်တိုင်က စိမ်းပြာရောင် အလင်းတန်းများ တောက်ပလာပြီး ပတ်ဝန်းကျင်ရှိ ယွမ်စွမ်းအင်များက သူ့ဆီသို့ စုစည်းလာကြသည်။
မဟာရှေးဟောင်းကျောက်တိုင်က ဒီကမ္ဘာထဲရှိ စွမ်းအင်ကို စုပ်ယူပြီး ေကျာက်တိုင်နေရာလွှတ်ထဲကို အားဖြည့်ပေးနေခြင်း ဖြစ်သည်။
ရှေးဟောင်းစစ်မြေပြင်တွင် ညဘက်က အလွန်အန္တရာယ်များသည်။ ညမတိုင်ခင် စုဝေးရာ နေရာသို့ ရောက်မှရမည်။ မဟုတ်လျှင် ညရောက်သည်နှင့် ဒီကမ္ဘာကို သားရဲများနဲ့ ထူးဆန်းသော သတ္တဝါအမျိုးမျိုးက လွှမ်းမိုးထားမည်ဖြစ်ကာ အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ထိုသို့ဖြစ်လျှင် သူတို့က ကျောက်တိုင် အာကာသထဲတွင်သာ ပုန်းအောင်းနေရတော့မည်ဖြစ်သည်။
“ရောက်ပြီ”
အရှိန်အဟုန်ပြင်းစွာ ခရီးနှင်ပြီး နာရီဝက်ခန့် အကြာတွင် ရှေ့ရှိ ကျယ်ပြန့်သော လွင်ပြင်ပေါ်၌ မြို့၏ ပုံသဏ္ဍာန်က နောက်ဆုံးတွင် ပေါ်လာခဲ့သည်။
ထိုမြို့က အနည်းငယ် ဟောင်းနွမ်းနေပေမဲ့ ခိုင်မာမှုရှိကာ ရှေးကျဟန်တို့ကို ပြသနေသည်။ ရှေးခေတ်စစ်ပွဲကို ရှင်သန်ခဲ့ပြီး နှစ်ပေါင်းများစွာ ခိုင်မာစွာ ရပ်တည်နေနိုင်ခြင်းက ထိုမြို့၏ ခိုင်မာမှုကို ချီးကျူးချင်စရာဖြစ်သည်။
“အစ်ကိုကြီး၊ မြို့ထဲမှာ လူတွေ တော်တော်များနေပြီ”
လင်းတုန်က သံမည်းမြို့တံခါးရှေ့မှ လူတွေအဖွဲ့လိုက် အရပ်ရပ်ကနေ စုဝေးနေတာကို တွေ့လိုက်ရသည်။
သူတို့ကဲ့သို့ မင်းဆက်အများအပြားရဲ့ ဆင်းသက်ရာ နေရာတွေဟာ အစွန်းအနားမှာပဲ ရှိပြီး သူတို့က စုဝေးရာနေရာကို တတ်နိုင်သမျှ အမြန်ဆုံး အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။
“တစ်ယောက်ယောက်က သိမ်းပိုက်ထားပြီးသား ထင်တယ်”
မိုလင်က မျက်မှောင်ကြုတ်လိုက်သည်။ မြို့တံခါးကို လူဆယ်ချီ ပိတ်ဆို့ထားသည်ကို သူသတိပြုမိသွားသည်။ သူတို့နောက်မှာ တောက်ပသော ရွှေရောင်နေမင်း ပုံသဏ္ဍာန်ကို ထွင်းထုထားသည့် အလံတစ်ခု စိုက်ထူထားသည်။
“အရင်သွားကြည့်ကြရအောင်။ တခြား မင်းဆက်တွေနဲ့က နောက်ကျရင် ရင်ဆိုင်ရမှာပဲ” ဝူယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ပိုင်ယွမ်ကို စီးကာ အရှိန်အဟုန်ပြင်းစွာ လှုပ်ရှားသွားသည်။
လင်းတုန်နဲ့ မိုလင်တို့က နောက်မှ အနီးကပ်လိုက်ပါလာကြပြီး သူတို့နောက်က လူခုနှစ်ဆယ်ကတော့ အဖွဲ့ငယ်ခုနစ်ဖွဲ့ဖွဲ့ကာ အတန်းလိုက် ရှေ့တက်လာကြကာ သူတို့က စစ်မြေပြင်ကို ဝင်ရောက်လာသည့် ဟန်ရှိသည်။
မြို့တံခါးပေါ်တွင် လူအများအပြား မြို့ထဲမှ ဝင်ရန် စောင့်ဆိုင်းနေကြသည်။ မြို့ရိုးပေါ်မှ အားကောင်းသော အသံတစ်ခု မြည်ဟည်းလာပြီး ထိုအသံအတွင်းရှိ အံ့ဩဖွယ် ယွမ်စွမ်းအင်လှိုင်းဂယက်က လူအများအပြား၏ မျက်နှာကို ပြောင်းလဲစေခဲ့သည်။
“အားလုံးပဲ၊ ဒီ စုဝေးရာနေရာကို ငါတို့ သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်က သိမ်းပိုက်ထားလိုကပြီ။ ဖြတ်သန်းချင်ရင် လူတစ်ယောက်ကို နိဗ္ဗာန်ဆေးလုံး ဆယ်လုံးပေးရမယ်”
“ဒီ စုဝေးရာနေရာက ပိုင်ရှင်မဲ့နယ်မြေဘဲ။ မင်းတို့ လုပ်နေတာ အရမ်းလွန်နေပြီ” လူအုပ်ထဲမှ မကျေနပ်သူတစ်ဦးက ပြန်လည် ချေပလိုက်သည်။
မြို့တံခါးကို စောင့်ကြပ်နေသူမှ သွေးနီရောင် နားကပ်ကို ဝတ်ဆင်ထားသည့် အသားမည်း လူထွားကြီးတစ်ဦးဖြစ်သည်။ သူက မြို့ရိုးပေါ်မှ မတ်တပ်ရပ်လိုက်ပြီး မျက်နှာပေါ်တွင် ရုတ်ခြည်း ကြမ်းတမ်းသော အသွင်အပြင် ပေါ်လာသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးရွှဲနေသော ရုပ်အလောင်းသုံးခု မြို့ရိုးပေါ်မှ ပြုတ်ကျလာခဲ့သည်။
လူထွားကြီးက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် ပြောလိုက်သည်။
“ဒီ သုံးယောက်က မဟာချောင်မင်းဆက်က လာတာ။ မင်းတို့လိုပဲ ငါတို့ သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်က ဒီမြို့ကို ထိန်းချုပ်ထားတာကို မကျေနပ်ကြဘူး။ ဒါက မကျေနပ်တံ့ အကျိုးဆက်ဘဲ”
“မင်းတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ဒီကနေ ထွက်ခွာပြီး တောခေါင်ခေါင်ထဲကို ကိုယ့်ဘာသာကိုယ် ဝင်မလား၊ ဒါမှမဟုတ် သူတို့လိုဘဲ ခုခံဖို့ ကြိုးစားမလား”
မြို့တံခါးက လူတွေရဲ့ မျက်နှာများ အရုပ်ဆိုးသွားပြီး သူတို့တွေ တွန့်ဆုတ်သွားကြသည်။
ရုတ်တရက် အင်အားကြီးမားသော အုပ်စုကြီးတစ်စုက မြို့ဆီသို့ တက်လာကြသည်။
“ဘုရားရေ၊ ဒါ ဘယ်မင်းဆက်ကလဲ။ လူတွေ အများကြီးပါပဲ”
“အဆင့်မြင့်မင်းဆက်များလား”
“လာနေကြပြီ”
“ဟဲဟဲ၊ သန့်ရှင်းအလင်းမင်းဆက်က သူတို့ဆီက ကာကွယ်ကြေး တောင်းရဲပါ့မလားမသိဘူး”
မြို့တံခါးမှာရှိသည့် လူတွေအပြင်။ မြို့ထဲက လူတွေပါမကျန် ၀ူယွမ်တို့အဖွဲ့ကြီးကို သတိထားမိသွားကြသည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစပြီး သူတို့အားလုံး သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်၏ ဖိနှိပ်မှုကို ခံနေကြရသည်။ ယခု ရုတ်တရက် ရောက်လာသည့် ထိုမင်းဆက်သာ သန့်ရှင်စင်ကြယ်အလင်းမင်းဆက်နဲ့ တိုက်ခိုက်လျှင် ဘယ်လို မီးပွားတွေ ထွက်ပေါ်လာမလဲ ဆိုတာ သူတို့သိချင်နေကြသည်။
လူတိုင်းက မျှော်လင့်ချက်အနည်းငယ် ရှိလာကြသည်။ မြို့ရိုးပေါ်မှ သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်က အသားမည်းလည်း မဟာယန်မင်းဆက်၏ လူအုပ်ကို မြင်ပြီး လန့်သွားခဲ့သည်။ သူက သူ့အဖော်တစ်ယောက်ကို “အမြန်သွားပြီး စီနီယာအကိုကြီးလီကို ခေါ်လိုက်” ဟု အမိန့်ပေးလိုက်သည်။
ထိုအဖွဲ့၏ လူဦးရေကို ကြယုံဖြင့် သူတို့၏ သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်၏ မြို့တော် အုပ်ချုပ်မှုကို ခြိမ်းခြောက်နိုင်လောက်သည်။
“မလိုဘူး၊ ငါရောက်နေပြီ”
အင်္ကျီအစိမ်းရောင်၀တ် လူငယ်တစ်ဦးက မြို့ရိုးရှေ့သို့ ပျံသန်းဆင်းသက်လာပြီး သိပ်မကြာခင်မှာပဲ တခြားသူတွေလည်း သူ့နောက်မှ ဆင်းသက်လာကြသည်။
ထိုလူများမှ အားကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေကာ သူတို့အားလုံး ကူးပြောင်းခြင်းအဆင့် အလယ်အလတ်မှာရှိပြီး ဦးဆောင်လာသူ အင်္ကျီအစိမ်းရောင်၀တ် လူငယ်မှာတော့ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်မှာ ရှိကာ ကျန်တဲ့သူအားလုံးထက် အစွမ်းပိုထက်သည်။
“အစ်ကိုကြီးလီရှန်းကို ဂါရဝပြုပါတယ်”
အကျီအစိမ်းေရာင်နှင့် လူငယ်ကို မြင်သည်နှင့် အသားမည်းလူထွားကြီးနဲ့ တခြားသူများအားလုံး အလျင်အမြန် ဂါရဝပြုလိုက်ကြသည်။
ထြိအချိန်တွက် ဝူယွမ်က ပိုင်ယွမ်ကို စီးနှင်းကာ ပျံသန်းလာခဲ့ပြီး လီရှန်းနှင့် မြို့ရိုးပေါ်မှ တခြားသူတွေနှင့် လေထဲကနေ ထိတ်တိုက် ရင်ဆိုင်လိုက်ကြသည်။ နှစ်ဖက်စလုံးမှာ လူဆယ်ချီမျှရှိပြီး တင်းမာသော အနေအထား ဖြစ်ပေါ်လာခဲ့သည်။
လီရှန်းနဲ့ သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်က လူများဟာ အရေအတွက်အားဖြင့် သိပ်မများလှပေမဲ့ တခြားမင်းဆက်အများအပြားက လူတွေနှင့် မဟာမိတ်ဖွဲ့ထားကြပြီး စုဝေးရာ နေရာကို ထိန်းချုပ်ထားကာ သူတို့၏ အရေအတွက်က မဟာယန်မင်းဆက်ထက် မနိမ့်ပေ။
“ဒါ လီရှန်းဘဲ။ သူက ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် အင်အားကြီး ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်နဲ့ တစ်လှမ်းပဲ လိုတော့တယ်။ မြို့ထဲက ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“အခြေအနေက နည်းနည်းဆိုးနေသလိုဘဲ။ ဒီအသစ်ရောက်လာတဲ့ မင်းဆက်က လူများပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်ဘူး။ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး။ ကူးပြောင်းခြင်းအဆင့် အလယ်အလတ်တောင် ဆယ်ယောက်အောက်ပဲ ရှိတယ်။ ကျန်တာအားလုံးက ကူးပြောင်းခြင်းအဆင့် အစောပိုင်းတွေကြီးဘဲ။ စွမ်းအားကွာခြားမှုက အတော်လေး သိသာနေတယ်။ လူအများကြီး ရှိနေပေမဲ့ သန့်ရှင်းသောအလင်းမင်းဆက်က လူတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်နဲ့ အလယ်အလတ်ကြားက ကွာခြားချက်ကို လူဦးရေနဲ့ အစားထိုးလို့ မရဘူး”
“ထူးဆန်းလိုက်တာ။ လူအများကြီးကို တယ်လီပို့လုပ်နိုင်တဲ့ မင်းဆက်က ယုတ္တိရှိရှိ အားကောင်းသင့်တယ်။ ဘာလို့ သူတို့အားလုံးက အစုတ်ပလုတ်တွေလို ဖြစ်နေရတာလဲ”
…မူလက မျှော်လင့်ချက်ထားခဲ့ကြသည့် လူအုပ်ဟာ မဟာယန်မင်းဆက်က လူတွေကို မြင်ပြီးနောက် စိတ်ပျက်သွားကြသည်။
သူတို့က လူများပေမဲ့ သူတို့၏ စွမ်းအားက ထူးထူးခြားခြား မဟုတ်ပေ။
အလားတူ မြို့ရိုးရှေ့ရှိ လီရှန်းနဲ့ တခြားသူများလည်း သက်ပြင်းချလိုက်ကြပြီး အရင်ကဲ့သို့ တင်းမာခြင်း မရှိတော့ပေ။
လီရှန်းနောက်မှာ ရွှေရောင်ဝတ်စုံနဲ့ လူတစ်ဦးက မထေမဲ့မြင်ဖြင့် ပြောလိုက်သည်။ “ငါက အဆင့်မြင့်မင်းဆက်က လူတွေ ထင်နေတာ။ သာမန်လူတွေဘဲ ဖြစ်နေတာကိုး”
သူက စေတနာ့ဝန်ထမ်းအနေနှင့် “အစ်ကိုကြီးလီ၊ ကျွန်တော် သွားပြီး သူတို့ကို စမ်းသပ်ကြည့်လိုက်မယ်”
လီရှန်းက “ရှာဟွမ်၊ သူတို့ကို အရမ်းဖိနှိပ်မပစ်နဲ့။ သူတို့အားလုံး အသုံးမကျပေမဲ့ အရေအတွက်တော့ များတယ်။ သူတို့တွေကို ငါတို့ သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်ရဲ့ ဆေးပြားကျေးကျွန်တွေအဖြစ် ခေါ်ယူလို့ရတယ်။ တစ်ရက်ကို နိဗ္ဗာန်ဆေးလုံး အတော်များများကို သန့်စင်နိုင် လောက်တယ်”
“အစ်ကိုကြီးလီရှန်းက တကယ်ကို အမြင်ကျယ်တာဘဲ။ ဟားဟား။ လူခုနစ်ဆယ်ကျော်က၊ တစ်ရက်ကို နိဗ္ဗာန်ဆေး အလုံးတစ်ရာလောက် ချက်နိုင်တယ်။ သူတို့ကို ပေးသွားလို့ မရဘူး”
သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်မှ လူတွေက ဝူယွမ်တို့ အဖွဲ့ကိုကြည့်ရင်း လှောင်ပြောင် ရယ်မောနေကြသည်။
“နားလည်ပါပြီ အစ်ကိုကြီးလီ”
ရှာဟွမ်က ရယ်မောလိုက်ပြီး လေထဲသို့ ပျံတက်သွားသည်။ ဝူယွမ်ကို အဝေးကနေ ရင်ဆိုင်လိုက်ပြီး မာန်မာနအပြည့်ဖြင့် “ဒီနေရာကို ငါတို့ သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်က သိမ်းပိုက်ထားပြီးပြီ။ မင်းတို့က ဘယ်မင်းဆက်ကလဲ။ မြို့ထဲ ဝင်ချင်ရင် လူတစ်ယောက်ကို နိဗ္ဗာန်ဆေး ဆယ်လုံး ပေးရမယ်”
ဝူယွမ်က သူ့ကို သေချာပင် ကြည့်မနေခဲ့ချေ။ ကောင်းကင်အဆောင်သခင် အနေဖြင့် သူ၏ ဝိညာဉ်စွမ်းအင်က သူတို့၏ စကား၀ိုင်းကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။
ထို သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်မှ လူများက သူတို့ကို ထိန်းချုပ်ချင်နေခြင်းဖြစ်သည်။
ယခုလိုမျိုး အခြေအနေမှာ မသိနားမလည်သူတွေနှင့် စကားများများပြောနေစရာ မလိုတော့ပေ။
ပြည်ထောင်တစ်ရာတိုက်ပွက အကြောင်းပြချက် ဆိုသည့်အရာနှင့် ဘယ်တုန်းကမှ မသက်ဆိုင်ခဲ့ပေ။
စစ်မြေပြင်မှာ လက်သီးပိုကြီးသူကသာ ကြီးစိုးနိုင်မည်။
“ညီလေး၊ မင်းသွားလိုက်။ အခုကစပြီး ဒီနေရာကို မဟာယန်မင်းဆက်က ပိုင်ပြီဆိုတာ သူ့ကို ပြောလိုက်”
ဝူယွမ်က လင်းတုန်ကို လှည့်ပြီး ပြောလိုက်သည်။
“ကောင်းပြီ အစ်ကိုကြီး”
လင်းတုန်က ပြုံးပြလိုက်သည်။ သူက ယခုလိုမျိုး ကြွားဝါရတဲ့ အလုပ်တွေကို လုပ်ရတာ သဘောကျလေသည်။
လင်းတုန်းက ရှောင်ယန်ရဲ့ ကျောပေါ်မှာ စီးနင်းလိုက်ပြီး ရင်ဘတ်မှာ ဝိညာဉ်ဘီးမှန်ကို ချိတ်ဆွဲထားကာ ဝူယွမ်၏ အဆောင်ရူန်း အစီအရင်ထည့်သွင်းမှုကြောင့် မြေအဆင့်ဝိညာဉ်ရတနာ လက်နက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကောင်းကင် အကြေးခွံရှေးဟောင်းလှံကို ကိုင်ဆောင်ထားသည်။ သူက ရှေ့သို့ ထိုးဖောက်၀င်ေရာက်သွားပြီး ရွှေရောင် ရှေးဟောင်းလှံတဖ့ကို ဝှေ့ယမ်းလိုက်သည်။ ရွှေနဂါးအရိပ်လှံအလင်းက မြို့ရိုးပေါ်ရှိ ရွှေနေမင်းအလံဆီသို့ တိုး၀င်သွားသည်။
ကလန့်။
အလံက တိုက်ရိုက် ပျက်စီးသွားခဲ့သည်။
လင်းတုန်က မြို့ရိုးကို ငုံ့ကြည့်လိုက်ပြီး မာနနှင့် ကြီးစိုးမှုအပြည့်ပါသော အသံဖြင့် ပြောလိုက်သည်။
“အခုကစပြီး ငါတို့ မဟာယန်မင်းဆက်က ဒီနေရာကို ပိုင်သွားပြီ။ မင်းတို့ သန့်ရှင်းစင်ကြယ်အလင်းမင်းဆက် ပျောက်ကွယ်သွားလို့ရပီ”
“မာနကြီးလိုက်တာ”
ရှာဟွမ်က ချက်ချင်း တိုက်ခိုက်လိုက်ပြီး လင်းတုန်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
“ဟဲဟဲ၊ မပျောက်ကွယ်ဘူးဆိုရင် သေလိုက်”
လင်းတုန်က လှောင်ပြောင်လိုက်ပြီး လှံတစ်ချက်နဲ့ ထိုးချလိုက်သည်။
နှစ်ဦးစလုံးက ကူးပြောင်းခြင်းအဆင့် အလယ်အလတ်မှာ ရှိပြီး ချက်ချင်းပင် တိုက်ခိုက်ကြတော့သည်။
“ဘယ်လို မဟာယန်မင်းဆက်လဲ။ ဘယ်တုန်းကမှ မကြားဖူးဘူး”
“အစ်ကိုကြီးရှာဟွမ်၊ သူ့ကို ကောင်းကောင်း သင်ခန်းစာပေးလိုက်”
…မြို့ရိုးပေါ်တွင် သန့်ရှင်စင်ကြယ်အလင်းမင်းဆက်မှ လူများက ဒေါသထွက်နေကြသည်။ ရှေးဟောင်းစစ်မြေပြင်ကို ရောက်ကတည်းက သူတို့ကပဲ တခြားသူတွေကို အနိုင်ကျင့်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ အရှက်ရစရာမျိုးကို ဘယ်တုန်းကမှ မခံခဲ့ရပေ။
သို့သော် သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်မှ လူးများ၏ လှောင်ပြောင်စကားတောင် မဆုံးခင် လင်းတုန်က လှံတစ်ချက်တည်းနှင့် ရှာဟွမ်ရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။
တစ်ချက်တည်း။
လင်းတုန်က ကူးပြောင်းခြင်းအဆင့် အလယ်အလတ် အင်အားကြီး ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် ကိုင်တွယ်လိုက်ပြီဖြစ်သည်။
“ ရှာဟွမ်”
လီရှန်းက အမြန်ဆုံး တုံ့ပြန်လိုက်ပြီး မြို့ရိုးပေါ်မှ အလျင်အမြန် ခုန်တက်သွားသည်။
“ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက်”
တောက်ပသော အလင်းများက ကြီးမားသော၊ နှိုင်းမဲ့ ယွမ်စွမ်းအင်လှိုင်းကို သယ်ဆောင်လာပြီး လီရှန်း၏ နောက်ကျောမှ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုပြင်းထန်သော အလင်းအောက်တွင် အလွန်ကြီးမား တောက်ပသည့် ဆင်ကြီးပုံသဏ္ဍာန်က ဝိုးတိုးဝါးတား ပေါ်လာခဲ့သည်။
“ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်” မြို့တံခါးပတ်လည်ရှိ ကြည့်ရှုနေသူအားလုံး အာမေဋိတ်သံ ပြုလိုက်ကြသည်။
ဖန်ဆင်းခြင်းအဆင့် သိုင်းပညာရပ်များက သာမန်မင်းဆက်များ ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။ လီရှန်း အသုံးပြုသော ဖန်ဆင်းခြင်းသိုင်းပညာရပ်မှာ အားကောင်းပြီး အလယ်အလတ် ဖန်ဆင်းခြင်းအဆင့် သိုင်းပညာရပ်ဖြစ်သည်။
ရှာဟွမ်၏ ရုတ်တရက်သေဆုံးမှုကြောင့် လွန်ခဲ့သည့် စက္ကန့်ပိုင်းက ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည့် သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်မှ လူတွေက လီရှန်း၏ လှုပ်ရှားမှုကြောင့် ယခုအခါ ယုံကြည်မှု ပြန်လည်ရရှိ သွားကြပီဖြစ်သည်။
“ဟမ့်၊ ကိုယ့်နေရာကို နေရာကို မသိနားမလည်တဲ့ လူမိုက်။ အစ်ကိုကြီးလီရဲ့ ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက် ထွက်ပေါ်လာပြီဆိုမှတော့ သူ အသားပြုတ် ဖြစ်သွားမဖြစ်သွား ကြည့်ရသေးတာပေါ့”
“ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက်က တောင်တွေကိုတောင် ဖျက်ဆီးနိုင်တယ်”
…သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်မီ လူတွေ အောင်ပွဲခံနေချိန်မှာ မဟာယန်မင်းဆက်က ဘယ်သူမှ ထိတ်လန့်မနေခဲ့ကြချေ။ အချို့က အေးစက်စွာပင် လှောင်ပြောင် နေကြသည်။
ထိုလူတွေက မဟာယန်မင်းဆက်ကို အထင်သေးနိုင်သည်၊ သူတို့ကို အထင်သေးနိုင်သည်။ သို့ပေမဲ့ သူတို့က ဝူယွမ်နဲ့ လင်းတုန်ကိုတော့ လုံးဝ အထင်မသေးသင့်ပေ။
လီရှန်းရှေ့က ဆင်ကြီးက လောကကြီးတစ်ခုလုံးက သူ့ ခြေဖဝါးအောက်မှာ ရှိသကဲ့သို့ မြင့်မားစွာ ရပ်တည်နေသည်။ ကောင်းကင်နဲ့ မြေကြီးကို ချေမှုန်းနိုင်သော စွမ်းအားလှိုင်းတစ်ခု ဖြည်းညှင်းစွာ ပျံ့နှံ့သွားပြီ ပတ်၀င်းကျင်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်စေခဲ့သည်။
“မင်းက ငါ့ သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်က လူတွေကို သတ်လိုက်တယ်။ အဲ့ေတာ့ အခု သေလိုက်တော့” လီရှန်းက ဆင်ပုံရိပ်ကြီး နှင့်အတူ လေဟာနယ်ကို ဖြတ်ကျော်ကာ ရှေ့သို့ ထိုးဖောက် ၀င်ရောက်လာသည်။ အလင်းက လှိုင်းလုံးကြီးများပမာ လွှမ်းမိုးသွားပြီး လောကကြီးကို ဖျက်ဆီးသည့် တိုက်ခိုက်မှုကဲ့သို့ပင် တဒုန်းဒုန်းမြည်ဟည်းကာ မြို့တခါး၀ နေရာတစ်ခုလုံး တုန်ခါနေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော၊ ပြင်းထန်သည့် စွမ်းအားလှိုင်းဂယက်က လင်းတုန်ဆီသို့ ပြင်းထန်စွာ တိုး၀င် ရောက်ရှိလာခဲ့သည်။
“မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း၊ လက်ငါးချောင်းက စကြဝဠာကို လှုပ်ခတ်စေ”
လင်းတုန်က မကြောက်မရွံ့ဘဲ အေးဆေးတည်ငြိမ်စ ရှိနေဆဲဖြစ်သည်။ ရွှေေရာင်ယွမ်စွမ်းအင်က သူ့ခန္ဓာကိုယ်မှ ပြင်းထန်စွာ စီးထွက်လာပြီး ချက်ချင်းပင် ရှေးဟောင်းရွှေရောင်လက်ချောင်းကြီး ငါးချောင်းကို ပုံဖော်ကာ ဆင်ကြီးနှင့် ထိတိုက် ရင်ဆိုင်လိုက်သည်။
ဒုန်း၊
ယွမ်စွမ်းအင် ထိတ်တိုက်ေတွ့မှုမှ ပြင်းထန်သော အသံများ ပဲ့တင်ထပ်လာခဲ့သည်။
ထိတ်တိုက်တွေ့မှုအတွင်း ရွှေရောင်လက်ချောင်းကြီး ငါးချောင်းအောက်တွင် ဆင်ကြီးက တစ်လက်မချင်း ပျက်စီးသွားကာ ဘာမှမကျန်တော့ပေ။
တစ်ဆက်တည်း လင်းတုန်၏ ရင်ဘတ်မှ ဝိညာဉ်ဘီးမှန်က တောက်ပလာခဲ့သည်။
“ဝိညာဉ်ဘီးမှန်၊ အဆိပ်ရောင်ခြည်”
အမည်းရောင် အလင်းတန်းများက ဝိညာဉ်ဘီးမှန်ရဲ့ မျက်နှာပြင်ပေါ်တွင် ပြင်းထန်စွာ ပေါ်ပေါက်လာပြီးနောက် ပေါက်ကွဲထွက်ကာ ကောင်းကင်ကို ဖြတ်၍ အမည်းရောင်အလင်းတန်း တစ်ခုကဲ့သို့ လီရှန်းဆီသို့ ပြင်းထန်စွာ တိုး၀င်သွားသည်။
ထို အဆိပ်ရောင်ခြည်ထဲတွင် အလွန်ပြင်းထန်သော အဆိပ်စွမ်းအားတစ်ခု ရှိနေပြီး ယွမ်စွမ်းအင်ကိုသာမက ဝိညာဉ်စွမ်းအင်ကိုပါ ပျက်စီးစေနိုင်သည်။
လီရှန်းက ခုခံဖို့အတွက် အလင်းဒိုင်းတစ်ခုကို အမြန်ထုတ်လိုက်သည်။ သို့သော် အမည်းရောင်အလင်းတန်းက သူ့ ခေါင်းကို တိုက်ရိုက် ထိုးဖောက်သွားသည်။
“ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက် ထက်တောင် ပိုအားကောင်းတဲ့ ဖန်ဆင်းခြင်းအဆင့်သိုင်းပညာရပ်တစ်ခုနဲ့ မြေကမ္ဘာအဆင့် ဝိညာဉ်ရတနာလက်နက်နှစ်ခု”
ပတ်ဝန်းကျင်မှ လူတိုင်းက လင်းတုန်ကို မနာလိုသောမျက်လုံးများဖြင့် ကြည့်နေကြသည်။ လင်းတုန်၏ ရတနာလက်နက်များချည်း သက်သက်ပင် သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်က လူတိုင်းကို ချေမှုန်းဖို့ရာ လုံလောက်သည်။
“သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်က လူတိုင်းကို ဖမ်းဆီးလိုက်”
ဝူယွမ်က မိုလင်းနဲ့ တခြားသူတွေကို အမိန့်ပေးလိုက်သည်။
သူကတော့ မလှုပ်ရှားခဲ့ချေ။ ထိုအဆင့် ပြိုင်ဘက်တွေလောက်က သူ့ကို မလိုအပ်ပေ။ သူတို့က မိုလင်နဲ့ တခြားသူတွေအတွက် လေ့ကျင့်ဖို့သာ ဖြစ်သည်။
ကူးပြောင်းခြင်းအဆင့် အလယ်အလတ်မှာ ရှိတဲ့ ခေါင်းဆောင်တွေနဲ့ ကူးပြောင်းခြင်းအဆင့် အစောပိုင်းမှာ ရှိတဲ့ ဆယ်ယောက်ပါတဲ့ အဖွဲ့ခုနစ်ဖွဲ့။
ယခုမတိုင်ခင် ဝူယွမ်က သူတို့ကို ဆယ်ယောက်ပေါင်းစပ် တိုက်ခိုက်ခြင်း နည်းစနစ် သင်ကြားပေးခဲ့ပြီးပြီ ဖြစ်သည်။ ထို ပညာရပ်က လူဆယ်ယောက်၏ စွမ်းအားကို ပိုပြီး ထုတ်ဖော်နိုင်ကာ ကူးပြောင်းခြင်းအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးနှင့် ကူးပြောင်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူ ကိုးဦးသာ စနစ်တစ်ကြ ပေါင်းစပ်လိုက်ရင် ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးကိုပင် ခဏလောက် ခုခံနိုင်စွမ်းရှိသည်။
မိုလင်းက အဖွဲ့ကို ဦးဆောင်ကာ ဝင်ရောက်သွားခဲ့သည်။ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် အင်အားကြီး ကျင့်ကြံသူမရှိတော့တာမလို့ သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်မှ လူများက အသတ်ခံရဖို့ရာ စောင့်ဆိုင်းနေသော သိုးများသာ ဖြစ်သွားကြသည်။
သိပ်မကြာခင်မှဘဲ သန့်ရှင်းစင်ကြယ်အလင်းမင်းဆက်နှင့် အတူ သူတို့နှင့် မဟာမိတ်ဖွဲ့ထားေသာ သူတွေအားလုံး ရှင်းလင်းခံလိုက်ရသည်။
မဟာယန်မင်းဆက်က သူတွေအားလုံး၏ စိတ်ဓာတ်တွေ မြင့်တက်နေကြသည်။ ယနေ့ သူတို့က မဟာယန်မင်းဆက်ထက် ပိုအားကောင်းတဲ့ မင်းဆက်တစ်ခုကို အနိုင်ယူနိုင်ခဲ့သည်။
သူတို့၏ နှလုံးသားထဲတွင် ယုံကြည်မှုများ လှိုင်းထလာခဲ့ကြသည်။
ယခုက အစဘဲရှိသေးသည်။ ဝူယွမ် စကားကို လိုက်နာနေသ၍ ဘာမဆို ဖြစ်လာနိုင်သည်။
သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်မှ လူတွေကို ကိုင်တွယ်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်မှ ရတနာအားလုံးကို သိမ်းယူကာ စစ်မြေပြင်ကို ရှင်းလင်းလိုက်ကြသည်။
ထိုအချိန်တွင် မြို့ထဲမှ လူတွေဟာ ကြောက်ရွံ့တုန်လှုပ် နေကြသည်။ ပြောင်းလဲမှုက အရမ်း မြန်ဆန်လွန်းပြီး တစ်ချိန်က မာနကြီးခဲ့တဲ့ သန့်ရှင်းစင်ကြယ် အလင်းမင်းဆက်နှင့် သူတို့၏ မဟာမိတ်တွေက ယခု ရုပ်အလောင်းတွေ ဖြစ်နေပြီဖြစ်သည်။
သူတို့အားလုံးက ယခုအသစ်ရောက်လာတဲ့ မဟာယန်မင်းဆက်ရဲ့ အစ်ကိုကြီး ဘာပြောမလဲ စောင့်ဆိုင်းနေကြသည်။
သူတို့ မြို့ထဲ ဆက်နေနိုင်မလားဆိုတာက ထို အစ်ကိုကြီး၏ သဘောထားပေါ်မှာ မူတည်နေခဲ့သည်။
ယခု မြို့ထဲက လူတိုင်းက မဟာယန်မင်းဆက်ရဲ့ နာမည်ကို မှတ်မိသွားကြပြီဖြစ်သည်။ ဖြစ်ကောင်းဖြစ်နိုင်တာက ယနေ့ကစပြီး ထိုနာမည်ဟာ ရှေးဟောင်းစစ်မြေပြင်မှာ တကယ်ကို ထင်ပေါ်လာတော့မည်ဖြစ်သည်။