← Chapters

သားရဲလှိုင်းလုံး၊ နတ်စွမ်းအင်ကို ထုတ်ဖော်ခြင်း

Vol. 16 Ch. 153

သားရဲလှိုင်းလုံး၊ နတ်စွမ်းအင်ကို ထုတ်ဖော်ခြင်း

Vol. 16 Ch. 153

ဝူယွမ်က ယန်ပြည်ထောင်စုမှ လူများကို ဦးဆောင်ကာ ရှေ့သို့ ချီတက်လာခဲ့ရာ၊ သူတို့နောက်တွင် လူထောင်ပေါင်းများစွာ လိုက်ပါလာကြသည်။

ထိုသူအားလုံးက အကာအကွယ်ရရန် စုပေါင်းလိုကြသည်မှာ ထင်ရှားသည်။

ဝူယွမ်က မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း သူဘာမျှမတတ်နိုင်ပေ။ ယခုတစ်ကြိမ်တွင် လူတိုင်း မိုးကြိုးကျောက်တောင်တန်းများ ဆီသို့ ဦးတည်သွားနေကြခြင်း ဖြစ်သည်။

မိုးကြိုးကျောက်တောင်တန်းများက အလွန်ကျယ်ပြောပြီး တိမ်တိုက်များဆီသို့ မိုးထိလုနီးပါး မတ်မတ်မားမား ထိုးထွက်နေသော တောင်ထွတ်များဖြင့် ပြည့်နှက်နေသည်။ တောင်တန်းအတွင်းမှ ပြင်းထန်သော သားရဲဟိန်းသံများ သဲ့သဲ့ထွက်ပေါ်နေပြီး သစ်တောတစ်ခုလုံးကို တုန်ခါစေသည်။

မိုးကြိုးကျောက်တောင်တန်းများက ပတ်ဝန်းကျင် မိုင်ပေါင်း သောင်းချီအတွင်း အထင်ရှားဆုံး နယ်မြေဖြစ်သည်။ ထိုနေရာရှိ နတ်ဆိုးသားရဲများက အရေအတွက် များပြားရုံသာမက နိဗ္ဗာန်အဆင့် နတ်ဆိုးသားရဲများလည်း ပါဝင်သည်။

အင်အားနည်းသော ပြည်ထောင်စုများစုအတွက်မူ ထိုနေရာက အကြွင်းမဲ့ တားမြစ်နယ်မြေ တစ်ခုဘဲဖြစ်သည်။

ထို့အပြင် နတ်ဆိုးသားရဲများအပြင် လေချိုင့်ဝှမ်းအတွင်း အလွန်အားကောင်းသည့် မိုကြိုးအတားအဆီးတစ်ခုလည်း ရှိနေသည်။

ပြည်ထောင်စု အများအပြားက ယခင်က အတားအဆီးကို ထိုးဖောက်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း ခြွင်းချက်မရှိ မအောင်မြင်ကြဘဲ အကြီးအကျယ် ဆုံးရှုံးခဲ့ကြရသည်။

ယနေ့တွင် လူအများအပြား မိုးကြိုးကျောက်တောင်တန်းများဆီသို့ စုဝေးချီတက်ကြခြင်းမှာ အတွင်းရှိ မိုးကြိးအတားအဆီးက ယနေ့တွင် အားနည်းနေမည် ဖြစ်သောကြောင့်ဖြစ်သည်။

လူပေါင်း သောင်းနှင့်ချီသော လူအုပ်ကြီး တောင်တန်းများအတွင်းသို့ စီးဝင်လာခြင်းမှာ တောင်များအတွင်းရှိ မူလနေထိုင်သူ နတ်ဆိုးသားရဲများအတွက်မူ လူသားလှိုင်းလုံးနှင့် တူညီနေပေလိမ့်မည်။

မြူများဖုံးလွှမ်းနေသော ကျယ်ပြောသည့် တောင်တန်းကြီးက လူအုပ်ကြီး ကျူးကျော်ဝင်ရောက်လာမှုကြောင့် ဆူညံပွက်လောရိုက်ကာ မတည်မငြိမ် ဖြစ်လာသည်။

ဤဆူညံသံများက မူလနေထိုင်သူများ၏ စိတ်အနှောင့်အယှက် ဖြစ်မှုကို နှိုးဆွပေးလိုက်သကဲ့သို့ သားရဲဟိန်းသံများ ပဲ့တင်ထပ်လာပြီး မြူများအောက်ရှိ ထူထပ်သော သစ်တောအတွင်းမှ အင်အားကြီးမားသည့် နတ်ဆိုးသားရဲများ ရံဖန်ရံခါ ခုန်ထွက်လာတတ်သည်။

လူအုပ်ကြီးအတွင်း လမ်းလျှောက်နေသူများသာ သတိမထားမိပါက နတ်ဆိုးသားရဲများ၏ အစာ ဖြစ်သွားပေလိမ့်မည်။

လူပေါင်း သောင်းချီ ထူထပ်သိပ်သည်းမှုမှာ အလွန်ကြီးမားရာ မကြာမီတွင် အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး လူများစွာက တိုက်ရိုက်ပင် သားကောင် ဖြစ်သွားခဲ့ကြသည်။

ဝူယွမ်က မဟာယန်ပြည်ထောင်စုမှ လူများကို ဦးဆောင်လိုက်သည်။ သူက ပိုင်ယွမ်ကိုစီးပြီး လင်းတုန်က ရှောင်ယန်ကို စီးကာ အဖွဲ့၏ ဘယ်ညာ နှစ်ဖက်စလုံးမှ လိုက်ပါလာခဲ့သည်။

ယခုအခါ ပိုင်ယွမ်နှင့် ရှောင်ယန်တို့၏ အင်အားက ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်တွင် ရှိနေကြပြီဖြစ်ပြီး သူတို့၏ အားကောင်းသော ခန္ဓာကိုယ်နှင့် ထက်မြက်သော အာရုံခံစားမှုများကြောင့် နတ်ဆိုးသားရဲများကို ကြိုတင်လွယ်ကူစွာ သိရှိနိုင်ကြသည်။

နတ်ဆိုးသားရဲ အများအပြားကို ဝူယွမ်နှင့် အဖွဲ့အနီးသို့ မရောက်မီကပင် ဖော်ထုတ်တွေ့ရှိသွားသည်။

“ဒီမိုးကြိုးကျောက်ခတောင်တန်းတွေမှာ နတ်ဆိုးသားရဲတွေ အရမ်းများတယ်။ နေ့ခင်းဘက်တောင် နတ်ဆိုးသားရဲတွေနဲ့ အဆက်မပြတ် တွေ့နေရတယ်။ ညရောက်ရင် သားရဲလှိုင်းလုံး တစ်ခုတော့ သေချာပေါက် ပေါ်လာတော့မှာပဲ” အကျီအနီရောင်ဝတ်ဆင်ထားသည့် အမျိုးသမီး တန်ရွမ်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ဝူယွမ်က “ညဘက် ခရီးသွားဖို့ မလိုပါဘူး။ ကျွန်တော်တို့ စခန်းချပြီး အတူတကွ ကာကွယ်ကြမယ်”

ကောင်းကင်က တဖြည်းဖြည်း မှောင်မိုက်လာပြီး ညရောက်လာ တော့မည်ဖြစ်သည်။

ကျယ်ဝန်းသော နေရာတစ်ခုကို ရွေးချယ်ပြီးနောက် ဝူယွမ်နှင့် အဖွဲ့သားများက စခန်းချရန် ပြင်ဆင်လိုက်ကြသည်။

ထိုအချိန်တွင် အခြားသော လူအုပ်ကြီးသည်လည်း ခရီးမဆက်ကြဘဲ ရပ်တန့်လိုက်ကြသည်။

ဝူယွမ်က ယန်မြို့မှ လူအုပ်စုကို အဓိကအားဖြင့် အပိုင်းလေးပိုင်း ခွဲခြားထားသည်ကို တွေ့ရှိခဲ့ရသည်။

တစ်ခု သူတို့ မဟာယန်ပြည်ထောင်စုမှ ဦးဆောင်သော မဟာတန်ပြည်ထောင်စုနှင့် သံမဏိပြည်ထောင်စု စသည့် ပြည်ထောင်စုအချို့နှင့် ပေါင်းထားသော အဖွဲ့ဖြစ်သည်။

နောက်တစ်ခုမှာ အဆင့်နိမ့်ပြည်ထောင်စု အမျိုးမျိုး ပေါင်းစပ်ထားသော အဖွဲ့ဖြစ်သည်။ ထိုအုပ်စုက လူဦးရေ အများဆုံးဖြစ်သော်လည်း အားအနည်းဆုံးဖြစ်ကာ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူ တစ်ဦးပင် မရှိချေ။ ဤအဖွဲ့က ဝူယွမ်တို့အဖွဲ့၏ ဘေးတွင် စခန်းချကာ အချင်းချင်း ကာကွယ်မှုပုံစံကို ဖန်တီးထားသည်။

သူတို့က ဖိအားအချို့ကို လျှော့ချရန်အတွက် ဝူယွမ်တို့အပေါ် မှီခိုအားထားလိုကြသည်မှာ ထင်ရှားသည်။

ကျန်နှစ်ဖွဲ့မှာတော့ အထူးခြားဆုံး ဖြစ်သည်။ ၎င်းတို့တွင် လူအနည်းငယ်သာ ပါဝင်သော်လည်း အားလုံးမှာ အင်အားကြီးမားကြပြီး ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူ အများအပြား ပါဝင်သည်။

မိုတီက ထိုအဖွဲ့များကို ကြည့်နေသော ဝူယွမ်ကို မြင်သောအခါ လျင်မြန်စွာ လျှောက်လာပြီး မိတ်ဆက်ပေးလိုက်သည်။

“ခေါင်းဆောင်ဝူ၊ အဲဒါတွေက မဟာယွမ်ပြည်ထောင်စုက လူတွေ။ ဒီမဟာယွမ်ပြည်ထောင်စုက ကျွန်တော်တို့လို သာမန် အလယ်အလတ်အဆင့် ပြည်ထောင်စုတွေနဲ့ မတူဘူး။ တစ်ချိန်က သူတို့ဟာ အဆင့်မြင့်ပြည်ထောင်စု တွေထဲမှာ ပါဝင်ခဲ့ဖူးပေမယ့် နောက်မှ အဆင့်ပြန်ကျသွားတာ။

ကျားကျောရိုးနှင့် ဝက်ဝံခါးလိုပုံစံနဲ့ အဲ့ဒီခန့်ညားထွားကျိုင်းတဲ့ လူကြီးက သူတို့ရဲ့ စီနီယာအစ်ကိုကြီး လျူယွမ်ပဲ”

“ဒီဘက်ကတော့ မိုးပျံတိမ်ပြည်ထောင်စုဘဲ။ သူတို့ရဲ့ အင်အားက မဟာယွမ်ပြည်ထောင်စုထက် မနိမ့်ဘူး။ ရှေ့ဆုံးက အဖြူရောင်ဝတ်စုံနဲ့ လူက လင်းကျီ။ ဟိုင်ရှာက ခေါင်းဆောင်ကို ခြိမ်းခြောက်ဖို့ အသုံးချခဲ့တဲ့သူပဲ”

“လျူယွမ်နဲ့ လင်ကျီတို့ နှစ်ဦးစလုံးက ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်မှာ ရှိပေမယ့် သူတို့က ပိုစောပြီး ရောက်ခဲ့ကြတာ။ သူတို့သာ နိဗ္ဗာန်ဆေးလုံး အလုံအလောက် စုဆောင်းနိုင်ရင် နိဗ္ဗာန်အဆင့်ကို ဘယ်အချိန်မဆို ဖြတ်ကျော်နိုင်တယ်။ သူတို့ရဲ့ အင်အားက ကျွန်တော်လို ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူထက် အဆပေါင်းများစွာ ပိုကြီးတယ်။

ဒီနှစ်ယောက်က ဒီတစ်ကြိမ် ရှေးဟောင်းသော့ အတွက် အပြင်းအထန်ဆုံး ပြိုင်ဘက်တွေပဲ”

ဝူယွမ်က သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။ “ဟိုင်ရှာနဲ့ လင်ကျီက ဆက်ဆံရေးကောင်းတယ် မဟုတ်လား။ ဘာလို့ လင်ကျီက ငါ့ကို လာပြီး လက်စားမချေတာလဲ”

သူက ထိုလူ၏ သိုလှောင်အိတ်ကို လုယူနိုင်ရန် ထိုလူက သူ့ကို အော်ဟစ် သတ်ဖြတ်ဖို့ လာလိမ့်မည်ဟု တွေးနေသေးသည်။

“ဟင်…”

မိုတီက ခဏမျှ ပြောစရာ‌ စကားမဲ့သွားသည်။ “ခင်ဗျားက လက်စားချေခံရတာကို အဲဒီလောက်တောင် ကြိုက်တာလား” ဟူ၍ စိတ်ထဲမှ တွေးနေမိသည်။

သို့သော် တစ်ချက်စဉ်းစားပြီးနောက် မိုတီ နားလည်သွားကာ ချောင်းဟန့်လိုက်ပြီး “အဟန့်၊ အဟန့်၊ ရှေးဟောင်းသော့ကို မကြာခင် ယှဉ်ပြိုင်ရတော့မှာမို့ လင်ကျီက ပြဿနာမဖြစ်ချင်လို့ မသိချင်ယောင် ဆောင်နေတာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ဝူ အရင်က ပြသခဲ့တဲ့ အင်အားက သူသတိထားနေဖို့ လုံလောက်နေပြီ။ လင်ကျီသာ မိုက်မဲသူ မဟုတ်ဘူးဆိုရင် ဒီအချိန်မှာ ခေါင်းဆောင်ကို စိန်ခေါ်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး”

“သန့်ရှင်းစင်ကြယ် အလင်းပြည်ထောင်စုလို သူတိုင်းက မိုက်မဲနေတာတော့ မဟုတ်ဘူးနဲ့ တူတယ်” ဝူယွမ်က ခေါင်းခါကာ သက်ပြင်းအနည်းငယ် ချလိုက်သည်။

ညဉ့်နက်လာသောအခါ အားလုံးမီးပုံများပြုလုပ်လိုက်ကြသည်။

လေထုထဲတွင် နိဗ္ဗာန်စွမ်းအင်များ ပြည့်နှက်နေသော်လည်း မိုကြိုးကျောက်တောင်တန်းများကြားရှိ ညက အနည်းငယ် အေးစက်စက် ရှိနေဆဲဖြစ်သည်။

ဝူယွမ်နှင့် အဖွဲ့က မီးပုံပတ်လည်တွင် ထိုင်ကာ ကျင့်ကြံနေကြသည်။

အချိန်မည်မျှကြာသွားမှန်း မသိလိုက်ချေ။

“ဝှီး၊ ဝှီး၊ ဝှီး”

မြေပြင်ကစတင် တုန်ခါလာပြီး ထိုတုန်ခါမှုက လူတိုင်းကို ချက်ချင်း သတိပေးလိုက်သဖြင့် အားလုံး မိမိတို့၏ ဝိညာဉ်ရတနာလက်နက်များကို ထုတ်ယူကာ ခုခံရန် ပြင်ဆင်ကြသည်။

သားရဲလှိုင်းလုံး ရောက်လာပြီဖြစ်သည်။

လူတိုင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်ရာ လျင်မြန်စွာ ခုခံကာကွယ်မှု အခြေအနေသို့ ဝင်ရောက်သွားကြသည်။

သားရဲလှိုင်းလုံးကို ခုခံကာကွယ်ရန် တာဝန်ခွဲဝေမှုများကို မိုလင်းနှင့် လင်းတုန်တို့က အစောကတည်းက စီစဉ်ထားပြီးဖြစ်သည်။ ယခုအခါတွင် လူတိုင်းက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကာ နေရာယူထားကြပြီး စခန်းပတ်လည်တွင် အကာအကွယ်များကို ဖွဲ့စည်းလိုက်ကြသည်။

အမှောင်ထဲတွင် နီမြန်းသော အလင်းရောင်များစွာ လင်းလက်နေလေသည်။

ဝေါင်းး... သားရဲဟိန်းသံများ နီးကပ်လာပြီး ခုန်ပေါက်ပြေးလွှားနေသော သားရဲများ၏ ကြမ်းတမ်းသည့် စွမ်းအင်ကြောင့် လူတိုင်း စိတ်တင်းမာလာကြသည်။

အမှောင်ထဲတွင် နတ်ဆိုးသားရဲ မည်မျှရှိသည်ကို မမြင်နိုင်သော်လည်း နီမြန်းသော မျက်လုံးများစွာက တောင်တန်း၏ ထောင့်တစ်နေရာကို ပိုးစုန်းကြူးများကဲ့သို့ လင်းထိန်စေခဲ့သည်။

ဤ သားရဲလှိုင်းလုံး၏ အရွယ်အစားမှာ အလွန်ကြီးမားပြီး နတ်ဆိုးသားရဲများမှာလည်း ပိုအင်အားကြီးမားကြသည်။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ရာ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် စွမ်းအင် ဒါဇင်နှင့်ချီကို ချက်ချင်း ခံစားလိုက်ရသည်။

ဒုန်း၊ ဒုန်း၊ ဒုန်း။

နတ်ဆိုးသားရဲများ တဟုန်ထိုး ပြေးဝင်လာပြီး သွေးသံရဲရဲ ပါးစပ်များကို ဖွင့်ဟလိုက်ကြသည်။သူတို့၏ ခြေသည်းများ၏ အလင်းရောင်သည် အမှောင်ထဲတွင် မှိန်ဖျော့စွာ လင်းနေသည်။ ၎င်းတို့သည် ဤလူသားများကို ဆွဲဖြဲဖျက်ဆီးလိုကြသည်။

ဘုန်း၊ ဘုန်း၊ ဗုန်း... တိုက်ခိုက်ရန် အသင့်ပြင်ထားသော လူအုပ်ကြီးက ပြင်ဆင်ထားသည့် သိုင်းပညာရပ်အမျိုးမျိုးကို ထုတ်လွှတ်လိုက်ကြသည်။

ထိုတိုက်ပွဲက အလွန်ရိုင်းစိုင်းသော တိုက်ပွဲဖြစ်သည်။ မျက်လုံးထဲသို့ ဝင်လာသော နီမြန်းသည့် ဧရိယာကို ကြည့်လိုက်သောအခါ လူတို့၏ အသက်ရှူသံပင် တဖြည်းဖြည်း လေးလံလာပြီး ရူးသွပ်မှု လက္ခဏာများ သဲ့သဲ့ပေါ်လာခဲ့ကာ ယွမ်စွမ်းအင် အလင်းတန်းများ နှင့် တလက်လက်တောက်နေသော သိုင်းပညာရပ် အမျိုးမျိုးကို ထုတ်လွှတ်လိုက်ကြသည်။ အင်အားကြီးမားသော ယွမ်စွမ်းအင်လှိုင်းများက ရှေ့ဆုံးမှ တဟုန်ထိုး ပြေးဝင်လာသော ကြမ်းတမ်းသည့် ပါးစပ်များ ဟထားသည့် နတ်ဆိုးသားရဲများကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်ကြသည်။

တောင်နှင့် မြေပြင်တစ်ခုလုံးက ဤအခိုက်အတန့်တွင် သွေးစွန်းခဲ့ရသည်။ အော်ဟစ်သံများ အဆက်မပြတ် ပဲ့တင်ထပ်လာပြီး တောရိုင်းထဲတွင် အထူးသဖြင့် ညဘက်၌ ဤမျှ ကြီးမားသော သားရဲလှိုင်းလုံးကို ရင်ဆိုင်ရခြင်းက လွယ်ကူသော ကိစ္စမဟုတ်ပေ။

အဆိုးဆုံးမှာ အဆင့်နိမ့် ပြည်ထောင်စုများ ပေါင်းစပ်ထားသော အဖွဲ့များဘဲဖြစ်သည်။ သူတို့က လျင်မြန်စွာ အကြီးအကျယ် ထိခိုက်မှုများ ခံစားခဲ့ရသည်။ သူတို့ကို ဦးဆောင်မည့် ခြေလှမ်း၀က်နိဗ္ဗာန်အဆင့် ကျင့်ကြံသူများ မရှိခြင်းကြောင့် ထိုအင်အားကြီးမားသော နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုကို ရိုးရှင်းစွာ မခံနိုင်ကြပေ။

အရေအတွက် များပြားသော်လည်း ခွန်အားကွာဟချက်ကို အရေအတွက်ဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိချေ။

ထို့အပြင် နတ်ဆိုးသားရဲများကပို တိုးပွားလာဦးမည်ဖြစ်ပြီး သူတို့၏ အရေအတွက်က ဤနေရာရှိ လူတစ်သောင်းကျော်ထက် ကျော်လွန်သွားမည်မှာ သေချာသည်။

ဆန့်ကျင်ဘက်အားဖြင့် ဝူယွမ်တို့ဘက်တွင် မိုတီနှင့် တန်ရွှမ်တို့၏ အင်အားမှာ မဆိုးလှပေ။ မဟာယန်ပြည်ထောင်စုရှိ လူတိုင်းကလည်း နိဗ္ဗာန် ရွှေကိုယ်ငယ်ကို ကျင့်ကြံထားကြသဖြင့် ဖိအားအချို့ ရှိသော်လည်း နတ်ဆိုးသားရဲများကို ထိထိရောက်ရောက် တားဆီးထားနိုင်ပြီး ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိသေးပေ။

“နတ်ဆိုးသားရဲတွေ အရမ်းများလွန်းတယ်။ သူတို့ကို လွှတ်ထားလို့မဖြစ်ဘူး” ဝူယွမ်က သားရဲလှိုင်းလုံးကို ကြည့်ကာ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

သူ့မျက်လုံးထဲတွင် နတ်ဆိုးသားရဲများ အများအပြားရှိသော်လည်း ဖိအား တစ်စုံတစ်ရာ မရှိချေ။ ယင်းအစား သူ၏ မျက်လုံးများကို ပိုပူပြင်းစေခဲ့သည်။

ဤနတ်ဆိုးသားရဲအားလုံး၏ အနှစ်သာရသွေးကို သူ သန့်စင်နိုင်မည်ဆိုပါက သူ၏ ကောင်းကင်မိကျောင်း အရိုးရုပ်သေးက ပိုမိုမြန်ဆန်စွာ အဆင့်တက်လာနိုင်မည်ဖြစ်သည်။

“ညီလေး၊ ငါတို့ အတူတူ သွားပြီး အဲဒီ အင်အားကြီး နတ်ဆိုးသားရဲတွေကို ရှင်းကြမယ်”

ဝူယွမ်က လင်းတုန်ကို အော်ခေါ်လိုက်သည်။ လက်ရှိတွင် လင်းတုန်တစ်ဦးတည်းသာ သားရဲလှိုင်းလုံးထဲသို့ သူ့နှင့်အတူ ဝင်ရောက် တိုက်ခိုက်နိုင်သူဖြစ်သည်။

လင်းတုန်က စိတ်လှုပ်ရှားသွားခဲ့သည်။ သူ ဤသို့ လုပ်ဆောင်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်သို့ ထိုးဖောက်ပြီးနောက် သူက အင်အားများ ပြည့်၀နေသည်ကို ခံစားနေရသည်။ ယွမ်စွမ်းအင်ပင် မလိုအပ်ဘဲ သူ၏ ကိုယ်ခန္ဓာသက်သက်ဖြင့်ပင် သားရဲအများအပြားကို သတ်ဖြတ်နိုင်ခဲ့သည်။

“ပိုင်ယွမ်၊ သွား”

“လင်းယွမ်၊ ထွက်လာ”

ဝူယွမ်က အသံတိုးဖြင့် အော်လိုက်ရာ အဖြူရောင်အရိပ်တစ်ခုက အလျင်အမြန် ပြေးထွက်သွားပြီး လခြမ်းပုံသဏ္ဌာန် လေဓားကို မှုတ်ထုတ်လိုက်ပြီး နတ်ဆိုးသားရဲအုပ်စုကို ခုတ်ချကာ လမ်းကြောင်းတစ်ခု ရှင်းပေးလိုက်သည်။

ဝှစ် ဝှစ်၊

ဝူယွမ်၏ လက်ထဲတွင် လေဖြတ်ပိုင်းသံတစ်ခု ထွက်ပေါ်လာပြီး ထက်မြက်သော၊ ငွေရောင်ဓားသွားနှင့် ခရမ်းရောင်အနားသတ်ရှိသော ဓားရှည်တစ်ခု ပေါ်လာသည်။

မိုးကြိုးဝိညာဉ်ကောင်းကင်ဓား၊ သွေးသောက်ရန် အချိန်ကျလေပြီ။

ဝူယွမ်က ခုန်တက်ကာ ပိုင်ယွမ်ပေါ်သို့ စီးနှင်းလိုက်ပြီး လက်ထဲရှိ လင်းယွမ်ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။

“မဟာရှေးဟောင်း မိုးကြိုးအစွန်းရောက်ဓား”

“မိုးကြိုးအရိပ်”

ဂျစ် ဂျစ်... ဓားအတွင်းမှ မိုးကြိုးအလင်းများ စုဝေးလာပြီး ဝူယွမ်ဆီမှ ထွက်ပေါ်လာသော ယွမ်စွမ်းအင်နှင့် လုံး၀ ပေါင်းစပ်သွားကာ ကောင်းကင်ဓားက ဝူယွမ်၏ လက်ထဲတွင် ကခုန်နေသကဲ့သို့ မရေမတွက်နိုင်သော မိုးကြိုးဓားအရိပ်များသည် ရှေ့သို့ တရွေ့ရွေ့ လှည့်ပတ်သွားသည်။

ဓားအရိပ် တစ်ခုစီက မြေကြီးကို ကြီးမားသော အက်ကွဲကြောင်းကြီးများ ဖြစ်စေနိုင်ကာ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဓားနှင့်ထိမိသော နတ်ဆိုးသားရဲများမှာ နှစ်ပိုင်းပြတ်သွားခဲ့ကြသည်။

ဤသည်မှာ မဟာရှေးဟောင်း ဧကရာဇ်ကျမ်းမှ ဖန်တီးခြင်းအဆင့် အဆင့်မြင့် ဓားသိုင်းပညာရပ်တစ်ခုဖြစ်ပြီး မိုးကြိုဝိညာဉ်ကောင်းကင်ဓားနှင့် ဝူယွမ်အတွက် အလွန်သင့်လျော်လေသည်။

အဖြူရောင်ဝတ်စုံနှင့် ဝူယွမ်က ပိုင်ယွမ်ကို စီးနင်းကာ ပြင်းထန်သည့် စစ်သူကြီးတစ်ဦးကဲ့သို့ သားရဲလှိုင်းလုံးကို ဖြတ်ကျော်ကာ သားရဲဘုရင်များ၏ ဦးခေါင်းများကို တိုက်ရိုက်ယူငင်ခဲ့သည်။

ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် နတ်ဆိုးသားရဲ တစ်ကောင်ပြီး တစ်ကောင်က သူ၏ ဓားအောက်တွင် ကျဆုံးခဲ့ကြသည်။

အလားတူ လင်းတုန်သည်လည်း မီးလျှံကဲ့သို့ နီရဲနေသော ရှောင်ယန်ကို စီးနင်းပြီး လက်ထဲတွင် ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံရှည်နှင့် ရင်ဘတ်တွင် နတ်ဝိညာဉ်ဘီးမှန်ကို ကိုင်ဆောင်ထားသည်။ သူ၏ အရှိန်အဝါက သက်တံကဲ့သို့ဖြစ်ပြီး မည်သည့်သားရဲမှ မတားဆီးနိုင်ချေ။

သူတို့က သားရဲလှိုင်းလုံးအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ကာ အားရပါးရ သတ်ဖြတ်လိုက်ကြသည်။

ဝူစီ ထိုနှစ်ဦးကို မနာလိုစိတ်ဖြင့် ကြည့်နေယုံသာ တတ်နိုင်သည်။ သူက စစ်မြေပြင်ကို ဤကဲ့သို့ လွှမ်းမိုးချုပ်ကိုင်ရန် အိပ်မက်မက်ခဲ့သည်။

“တစ်နေ့ကျရင် ငါလည်း ငါ့အစ်ကိုနှစ်ယောက်နဲ့ အတူတူ ပူးပေါင်းနိုင်ရမယ်”

မဟာယန်ပြည်ထောင်စုမှ လူတို့၏ မျက်လုံးများတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေခဲ့သည်။ “ငါတို့ ခေါင်းဆောင်နှစ်ယောက်က တကယ့်ကို အံ့မခန်းပဲ။ သူတို့ စကားကို လိုက်နာခြင်းက ငါတို့ကို ဒီလို လုံခြုံမှုမျိုးကို ပေးနိုင်တယ်” ဟု ပြောနေသည့်ဟန်ပင်။

အခြားပြည်ထောင်စုမှ လူများသည်လည်း မနာလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ “တောက်ပြောင်သော ယန်ပြည်ထောင်စုက လူတွေ တကယ်ပဲ ကံကောင်းကြတယ်။ ဒီလို အစွမ်းထက်တဲ့ ခေါင်းဆောင်တွေ ဦးဆောင်တာကို ခံရတာ”

မိုလင်း၏ မျက်နှာက နီရဲလာပြီး သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက်ကို ခံစားလိုက်ရသည်။ “ငါတို့ မဟာယန်ပြည်ထောင်စုက တစ်နေ့မှာ တခြားသူတွေရဲ့ မနာလိုမှုကို ခံရမဲ့ပြည်ထောင်စု ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

မုချန်ချန်။ “အစ်ကိုကြီးက တကယ့်ကို အစွမ်းထက်တယ်။ ငါ့ရဲ့ အနာဂတ်ယောက်ျား ဖြစ်ထိုက်တဲ့သူပဲ”

ကျန်းရွှယ်။ “အစ်ကိုကြီး ဝူယွမ်ရဲ့ စွမ်းအင် ကုန်တော့မှာလား မသိဘူး။ ကျွန်မ တကယ်ပဲ အမြန်ပြေးသွားပြီး စွမ်းအင် ဖြည့်ပေးချင်လိုက်တာ”

မလှမ်းမကမ်းရှိ မဟာယွမ်ပြည်ထောင်စုနှင့် မိုးပျံတိမ်ပြည်ထောင်စုမှ အဖွဲ့များက သားရဲလှိုင်းလုံးကို ဖြတ်ကျော်ကာ မွှေနှောက်နေသည့် ထိုလူနှစ်ဦးကို ကြည့်ရင်း စိတ်ထဲမှ အံ့အား‌သင့်နေကြသည်ာ

လျူယွမ်။ “ဆိုးလိုက်တာ၊ သူတို့လည်း ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်မှာပဲ ရှိတာကို ဒီလူနှစ်ယောက်က ဘယ်လိုလုပ် ဒီလောက် အားကောင်းလာတာလဲ”

လင်ကျီ။ “ဒီလို အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို ဟိုင်ရှာဆိုတဲ့ လူမိုက်က ဘယ်လိုလုပ် သွားဆွမိတာဘဲ၊ ငါ့ကိုပါ ဆွဲခေါ်သွားတယ်။ ကံကောင်းလို့ ငါလေး ညာဏ်ကောင်းလို့ပေါ့ တကယ်လို့ ငါသာ ဝူယွမ်ကို ဒုက္ခပေးဖို့ သွားခဲ့မယ်ဆိုရင် အခုဆိုရင် ငါ့သင်္ချိုင်းမှာ မြက်ပင်တွေ ပေါက်နေလောက်ပြီ”

ဓားအလင်းနှင့် လှံအလင်းရောင်များက သားရဲလှိုင်းလုံးအတွင်းရှိ နတ်ဆိုးသားရဲများကို ဆက်တိုက်ရိတ်သိမ်းနေသည်။

ဝူယွမ်နှင့် သူ့ အဖော်တို့၏ သတ်ဖြတ်မှုက သူတို့၏ အဖွဲ့အပေါ် ဖိအားကို လျှော့ချပေးရုံသာမက အဆင့်နိမ့်ပြည်ထောင်စုများ ပေါင်းစပ်ထားသည့် အဖွဲ့များ၏ ခံစစ်ပုံစံများကိုပါ တည်ငြိမ်စေခဲ့သည်။

ထိုကိစ္စက ဝူယွမ်ဘက်မှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ဤပေါင်းစပ်အဖွဲ့များကို ဝန်းရံထားသော နတ်ဆိုးသားရဲများက အလွန်များပြားနေ၍ သူက ၀င်ရောက် သတ်ဖြတ်လိုခြင်းသာဖြစ်သည်။ အခြားသူများကို ကူညီရန် စိတ်ကူး နည်းနည်းပင် မရှိခဲ့ချေ။

သို့သော် သူ၏ လုပ်ဆောင်ချက်များက ထိုလူအုပ်စုထံမှ လေးစားမှုနှင့် ကျေးဇူးတင်မှု အကြည့်များကို ရရှိစေခဲ့သည်။

အနည်းဆုံးအားဖြင့် သူတို့ရှေ့ရှိ သားရဲလှိုင်းလုံးကို ဝူယွမ်၏ ထိုးဖောက်တိုက်ခိုက်လိုက်သဖြင့် သူတို့၏ ဖိအားကို တစ်ဝက်ကျော် လျှော့ချပေးနိုင်ခဲ့သည်။ ထိုလုပ်ရက်က အသက်များစွာကို ကယ်တင်ရန် လုံလောက်ခဲ့သည်။

ချက်ချင်းပင် သားရဲလှိုင်းလုံးအတွင်းရှိ ခြေလှမ်းဝက်နိဗ္ဗာန်အဆင့် နတ်ဆိုးသားရဲ ဒါဇင်နှင့်ချီ၊ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် နတ်ဆိုးသားရဲ ရာနှင့်ချီ၍ ဝူယွမ်နှင့် လင်းတုန်တို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

သူတို့၏ မရပ်မနား တိုက်ခိုက်နိုင်စွမ်းကြောင့် နတ်ဆိုးသားရဲများအားလုံး ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး ထိုနှစ်ဦး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နတ်ဆိုးသားရဲများကို ကြောက်ရွံ့မှုများဖြစ်အောင် အတင်းအကြပ် လုပ်နိုင်ခဲ့သည်။

ထိုလူနှစ်ဦး၏ ရဲစွမ်းသတ္တိနှင့် ခွန်အားတို့က လူတိုင်းကို စိတ်ကြွဆေး ထိုးသွင်းလိုက်သကဲ့သို့ ခံစားရစေပြီး သူတို့၏ ခုခံကာကွယ်မှု ဧရိယာကို အဆက်မပြတ် ချဲ့ထွင်ကာ နတ်ဆိုးသားရဲများကို ပိုမိုလိုက်လံ ဖမ်းဆီးကြသည်။

သူတို့က နောက်သို့လှည့်ကာ နတ်ဆိုးသားရဲများကို လိုက်လံချေမှုန်းခဲ့ကြသည်။

ဝူယွမ်နှင့် လင်းတုန်က သားရဲလှိုင်းလုံးအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်၊ ဖြတ်ကျော်ပြီးမှသာ ရပ်တန့်ခဲ့ကြသည်။

“အစ်ကိုကြီး၊ နောက်တစ်ခေါက် ပြန်သွားပြီး ထပ်သတ်ကြမလား”

လင်းတုန်က အလွန်စိတ်လှုပ်ရှားနေသဖြင့် နောက်တစ်ကြိမ် သွားရန် အသင့်ဖြစ်နေသည်။

“ခဏလေး”

ထိုအချိန်တွင်ဝူယွမ်က လင်းတုန်ကို တားကာ အဝေးရှိ တောင်ထိပ်တစ်ခုကို လှည့်ကြည့်လိုက်ကာ စွမ်းအားပြင်းနတ်ဆိုးမျက်စိကို အသက်သွင်းလိုက်ပြီး ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ရန် ပြင်ဆင်လိုက်သည်။

“အစ်ကိုကြီး၊ အဲဒီမှာ လူတွေရှိနေတယ်” ရှောင်တျောင်းသည်လည်း ပေါ်လာခဲ့သည်။

ရှောင်တျောင်းက တောင်ထိပ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီးနောက် ခရမ်းရောင်နှင့် အမည်းရောင် ရောစပ် အလင်းတန်းတစ်ခုက သူ့မျက်လုံးများမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ဤ အရောင်ရောစပ် အလင်းတန်းက ညဘက်ကို အသံတိတ် ဖြတ်ကျော်သွားပြီး ခဏအကြာတွင် ပြန်ရောက်လာသည်။

အလင်းတန်းက သူတို့နှစ်ဦးရှေ့တွင် အလင်းမျက်နှာပြင်အဖြစ် ပြောင်းလဲသွားပြီး အလင်းမျက်နှာပြင်အတွင်းတွင် လူတစ်စုက တောင်ထိပ်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့က လှုပ်ရှားမှု တစ်စုံတစ်ရာပင် မရှိချေ။ သူတို့၏ ခန္ဓာကိုယ်များမှ အတော်လေး အားကောင်းသည့် စွမ်းအင်များ ထွက်ပေါ်လာပြီး အနည်းဆုံး ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့် ရှိသည်။

နိဗ္ဗာန်အဆင့် ကျင့်ကြံသူ တစ်ဦးပင် ရှိသေးသည်။

ရှောင်တျောင်း။ “သူတို့က အဆင့်မြင့်ပြည်ထောင်စုက ဖြစ်နိုင်တယ်”

လင်းတုန်။ “သူတို့ ဒီလောက် နက်နက်ရှိုင်းရှိုင်း ပုန်းနေလိမ့်မယ်လို့ ငါ မထင်ထားဘူး”

“အစ်ကိုကြီး၊ သူတို့ရဲ့ အင်အားကို သွားစမ်းသပ်ကြည့်သင့်လား”

ဝူယွမ်။ “ဘာကို စမ်းသပ်မှာလဲ။ ငါတို့က ဓားပြတွေ မဟုတ်ဘူး။ ပြီး‌ေတာ့ ငါတို့ သူတို့နဲ့ နောက်ထပ် ဆုံရဦးမှာ။ သူတို့ ငါတို့ကို လာစိန်ခေါ်ရင် အဲဒီအခါကျမှ ကြည့်လုပ်ကြတာပေါ့”

ထိုအဖွဲ့၏ စွမ်းအင်အ‌ေငွ့အသက်များကို မှတ်သားထားပြီးနောက် ဝူယွမ်နှင့် လင်းတုန်တို့က နောက်ပြန်လှည့်ကာ သားရဲများကို ၀င်ရောက် တိုက်ခိုက်ပြန်သည်။

ဤသို့ အသွားအပြန် တိုက်ခိုက်မှုများဖြင့် ထိုလူနှစ်ဦးနှင့် သူတို့၏ ကျားနှစ်ကောင် သတ်ဖြတ်ခဲ့သော နတ်ဆိုးသားရဲ အရေအတွက်က နှစ်ထောင်ကျော်လွန်သွားပြီဖြစ်သည်။ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် နတ်ဆိုးသားရဲများအားလုံးနှင့် အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော နိဗ္ဗာန်အဆင့် နတ်ဆိုးသားရဲတစ်ကောင်ကို သူတို့က သတ်ဖြတ်ခဲ့ကြသည်။

သားရဲလှိုင်းလုံးက နောက်ဆုံးတွင် ပြိုကွဲသွားခဲ့ပြီး မြေပြင်ပေါ်တွင် နတ်ဆိုးသားရဲအလောင်းများသာ ကျန်ရစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝူယွမ်က မဟာယန်ပြည်ထောင်စုမှ လူများကို နတ်ဆိုးသားရဲ အလောင်းများ အားလုံးကို စုဆောင်းစေပြီး သားရဲအမြုတေများကို ထုတ်ယူကာ ပုံထားစေခဲ့သည်။

ဤတိုက်ပွဲတွင် နတ်ဆိုးသားရဲ ခြောက်ထောင်ကျော် အသတ်ခံခဲ့ရသည်။

ဝူယွမ်က ကောင်းကင်မိကျောင်း အရိုးရုပ်သေးကို ဆင့်ခေါ်ပြီး အရင်နည်းလမ်းအတိုင်း နတ်ဆိုးသားရဲ သွေးအဆီအနှစ် အားလုံးကို စုပ်ယူစေခဲ့သည်။

ဤမြင်ကွင်းကို လူတိုင်း တွေ့သွားကြပြီး သူတို့အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ ဝူယွမ်က သူ့ကိုယ်ပိုင် အင်အား အစွမ်းအစအပြင် နိဗ္ဗာန်အဆင့် အဆင့်တစ်နှင့် နှိုင်းယှဉ်နိုင်သော အရိုးဝိညာဉ်ရုပ်သေးကို ပိုင်ဆိုင်ထားသည်ကို တွေ့လိုက်ရကာ အခြားသူများ အရမ်းမနာလို ဖြစ်သွားကြသည်။

တစ်နှစ်ကြာပြီးနောက် ဖြစ်ပေါ်လာမည့် ပြည်ထောင်တစ်ရာတိုက်ပွဲတွင် ဝူယွမ်က နေရာတစ်နေရာကို ရရှိဖို့ရာ သေချာသလောက်ရှိသည်။

ကောင်းကင်မိကျောင်း အရိုးရုပ်သေးက သားရဲများ၏ သွေးအဆီအနှစ်များကို စုပ်ယူပြီး သန့်စင်နေသည့် မြင်ကွင်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသည်။

လျူယွမ်နှင့် လင်းကျီတို့သည်လည်း အရိုးဝိညာဉ်ရုပ်သေး၏ တည်ရှိမှုကို တွေ့သွားခဲ့ကြသည်။

အဆင့်တစ် နိဗ္ဗာန်အဆင့် အရိုးရုပ်သေး။

ဤသို့သော နိဗ္ဗာန်အဆင့် အဆင့်တစ်နှင့် နှိုင်းယှဉ်နိုင်သည့် ရုပ်သေးတစ်ခုရှိနေပါက သူတို့က ရှေးဟောင်းသော့အတွက် ဝူယွမ်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်တော့ပေ။

သူတို့၏ နှလုံးသား အောက်ခြေမှ အားအင်မဲ့ခြင်း ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

သူတို့ ဘာမှ မတတ်နိုင်ကြပေ။ ထိုရုပ်သေးသာ နိဗ္ဗာန်အဆင့် ဖြစ်ပါက သူတို့နှစ်ဦး ပူးပေါင်းလျှင် ယှဉ်ပြိုင်ရန် အခွင့်အရေး ရနိုင်သေးသည်။

သို့သော် နိဗ္ဗာန်အဆင့် အဆင့်တစ်နှင့် နှိုင်းယှဉ်နိုင်သော အရိုးရုပ်သေးကိုတော့ သူတို့ တိုက်ခိုက်ဖို့ရာ စဉ်းစားဖို့ပင် မသင့်တော်ပေ။

ထိုနှစ်ဦးက အချင်းချင်း မျက်လုံးချင်းဆုံကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့၏ မျက်လုံးချင်းဆုံနေရာမှ ဝူယွမ်ဘက်သို့ အတူလျှောက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။

ပြည်ထောင်စုနှစ်ခုမှ လူများ ချဉ်းကပ်လာသည်ကို မြင်သောအခါ ပတ်ဝန်းကျင်မှ လူအုပ်ကြီးက လျင်မြန်စွာ လမ်းဖယ်ပေးလိုက်ကြသည်။

“ညီလေး ဝူယွမ်၊ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ မင်းက ငါတို့ရဲ့ သားရဲလှိုင်းလုံးကို ခုခံကာကွယ်ရာမှာ ဖိအားကို လျှော့ချပေးခဲ့တယ်” လျူယွမ်က လက်နှစ်ဖက် ယှက်ကာ ပြောဆိုလိုက်သည်။

လင်းကျိီကလည်း ထပ်လောင်းပြောဆိုလိုက်သည်။ “ဟုတ်တယ်။ မင်းသာ မပါခဲ့ရင် သားရဲလှိုင်းလုံးက ဒီလောက် မြန်မြန် ဆုတ်ခွာသွားမှာ မဟုတ်ဘူး။ ငါတို့ လူတွေ ပိုများများ ဆုံးရှုံးခဲ့ရမှာ”

ထိုနှစ်ဦးက ရင်း

All Chapters