ယွဲ့ရှန်းအား ဒဏ်ရာရအောင်လုပ်နိုင်လိုက်ခြင်း
Vol. 5 Ch. 45
ရှား၀မ်ကျင်းသည် ခေါင်းမူးလာသလို ခံစားရသည်။
ယွမ်ဒန်အဆင့် သေးငယ်သောအောင်မြင်မှုအဆင့်ဖြင့် ယွမ်ဒန်အဆင့် ပြီးပြည့်ဆုံသောအောင်မြင်မှုအဆင့်ကို စိန်ခေါ်နေခြင်းဖြစ်သည်။
ဝူယွမ်သည် သိပ်ရဲတင်းလွန်းလှသည်။
“ဟားဟား... သေချင်နေတယ်ဆိုရင်လည်း မင်းအလို ဒီနေ့ပြည့်စေရမယ်”
ယွဲ့ရှန်း ပြင်းထန်စွာ ရယ်မောလိုက်သည်၊ ဝူယွမ်သည် ကိုယ့်အသက်အန္တရာယ်ကို ရှာနေသည်ဟု ခံစားရသည်။
“ရှောင်ယွမ်... မလုပ်နဲ့” ဆရာယန်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
အဆောင်သခင် အဆင့်လေးဖြစ်သည့် ယန်ရွှမ်းပင် သူ၏သဘာ၀အဆောင်တံဆိပ်ကို သဘာ၀ဝိညာဉ်အဆောင်တံဆိပ်အဖြစ် မပြောင်းလဲရသေးမချင်း ယွဲ့ရှန်းနှင့် မယှဉ်နိုင်ကြောင်း သူကိုယ်တိုင်ဝန်ခံထားသည်။
သူ၏တပည့်ကို သူနားမလည်တော့ပေ။
ဝူယွမ်သည် ပြုံးရယ်ကာ “ဆရာ... စိုးရိမ်နေရင် သေချာကြည့်နေပေးပေါ့... ဥက္ကဌရှားကြီးလိုပဲ... ကျွန်တော်မနိုင်ရင် ၀င်ကယ်လိုက်”
ဇီယွဲ့သည် သူ၏ မောင်တော် ဆုံးဖြတ်ချက်ချပြီးကြောင်းသိသဖြင့် သူ့ကိုထောက်ခံပေးခဲ့သော်လည်း သွေးဝံပုလွေဂိုဏ်းဝင်များကို အေးစက်သောအကြည့်ဖြင့် ကြည့်ကာ “မောင်လေး... မင်းတိုက်ချင်ရင် တိုက်လို့ရတယ်... ယွဲ့ရှန်းက မင်းကိုတကယ်သတ်ရဲရင် ငါချက်ချင်းပဲ လက်စားချေမယ်”
ယွဲ့ရှန်းနှင့် သွေးဝံပုလွေဂိုဏ်းဝင်များသည် ဝူယွမ်ကို ပြန်မပြောနိုင်တော့ဘဲ ရပ်ကြည့်နေကြရသည်။
တစ်ယောက်တည်းတိုက်မယ်လို့ ပြောပြီး ကာကွယ်သူနှစ်ယောက်ခေါ်လာတယ်၊ပြီးတော့ ဒီကောင်မလေးကလည်း ငါတို့ကို ခြိမ်းခြောက်နေတယ်၊ အဲ့ဝူယွမ် အရှက်မရှိဘူးလား။
သို့သော် မျက်နှာထူခြင်းသည် ဝူယွမ်၏ပုံစံဖြစ်နေပြီဖြစ်ကာ သူသည် သူတို့၏ အကြည့်များကို လုံးဝဂရုမစိုက်ပေ။
ယခု သူ့တွင် အုပ်မိုးပေးထားသောထီးကြီး သုံးလက်ရှိသည်။ အားသာချက်ရှိပါလျက်နှင့် အသုံးမချဘဲထားလျှင် လက်လွတ်ဆုံးရှုံးရလိမ့်မယ်။
သဘောက ငါမင်းကိုတစ်ယောက်တည်းတိုက်မယ်၊ ငါကမင်းကိုသတ်လို့ရတယ်၊ ဒါပေမယ့် မင်းကတော့ငါ့ကိုသတ်လို့မရဘူး။
၀ူယွမ်က ယွဲ့ရှန်းကို ချုပ်ချယ်ခံရတယ်လို့ ခံစားရအောင်လုပ်ချင်နေသည်။
ရန်သူများက သူ၏ ကျင့်စဉ်အဆင့်နှင့် ပညာရပ် များအကြောင်း လုံး၀သိမထားပါ။
တစ်ဖက်လူသည် သူ၏ယွမ်ဒန်အဆင့် ပြီးပြည့်ဆုံးသောအောင်မြင်မှုအဆင့် စွမ်းအားဖြင့် ဖိနှိပ်နေပြီဖြစ်သဖြင့် သူကဘာကြောင့် ယဉ်ကျေးနေရ မည်နည်း။
ဝူယွမ်သည် ယွဲ့ရှန်းကို ကိုင်တွယ်ရန် ယုံကြည်မှုအပြည့် မရှိပေ။ သူသည် အဆင့်တက်ပြီး နားလည်သဘောပေါက်လာသော လှည့်ကွက်အသစ်များကို ယွဲ့ရှန်းအပေါ် စမ်းသပ်ကြည့်လိုချင်းသာ ဖြစ်သည်။
သူသည် အခု ဝေထုန်ကို အလွယ်တကူ အနိုင်ယူနိုင်နေပီဟု ခံစားနေရပြီး ပြီးပြည့်ဆုံးသောအောင်မြင်မှုအဆင့် ယွဲ့ရှန်းက ဝေထုန်ဘယ်နှစ်ယောက်စာ စွမ်းမလဲဆိုတာ စမ်းကြည့်ချင်နေသည်။
“ဟိဟိ... မင်းနဲ့ငါကြားက ကွာဟမှုကို မင်းလုံးဝမသိဘူး... ငါ့လက်ထဲကလူကို ကယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ကျောက်တောင်သည် မာနအပြည့်ဖြင့် တွေးလိုက်ပြီး၊ ဝူယွမ်ကို သရော်သောအကြည့်ဖြင့် ကြည့်နေသည်။
“ဒါဆိုရင် လာပါ... သူတို့မင်းကို ကယ်နိုင်မလားဆိုတာ ကြည့်ရအောင်”
ကျောက်တောင်သည် မြင်းပေါ်မှ အနက်ရောင်လှံကို ဆွဲထုတ်ကာ သန့်စင်ပြီး စွမ်းအားပြင်းသော ယွမ်ဒန်စွမ်းအင်များ ထွက်လာသည်။
“အလေးချိန်လှံ”
လှံတံသည်ရုတ်တရက် တုန်ခါသွားပြီး လှံရိပ်များ ပေါ်လာကာ ဝူယွမ်၏ ဒန်တျန်၊ လည်ပင်းနှင့် မျက်လုံးများကို ပစ်မှတ်ထားလိုက်သည်။
ယွဲ့ရှန်းသည် အစကတည်းက အသေသတ်တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။
“ခရမ်းရောင်စွမ်းအားပြင်းနတ်ဆိုးမျက်စိ”
“တစ္ဆေအရိပ်လှည့်စားခြင်း”
“ဒေါသမိုးကြိုးဓား”
“၀ိညာဥ်စုစည်းခြင်းရူန်း”
တဒင်္ဂအတွင်း ဝူယွမ်သည် ပညာရပ်အစုံကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သည်။ တောက်ပသော ခရမ်းရွှေရောင် ယွမ်စွမ်းအားသည် သူ့ခန္ဓာကိုယ်မှ ထွက်လာကာ သူ၏ မျက်ဆန်အနက်ရောင်သည်လည်း ခရမ်းရောင်သို့ ပြောင်းသွားပြီ မယှဉ်နိုင်အောင် မြင့်မြတ်နေပုံရသည်။
သူ�ခြေထောက်များကြားတွင် ခြေလှမ်းအရိမ်များစွာပေါ်လာပြီး ခဏအတွင်း မူလနေရာမှ ပျောက်ကွယ်သွားသည်။
သူ၏ခါးတွင်ရှိသော မိုးကြိုးအမှတ်အသားဓားသည်လည်း သူ၏လက်ထဲရောက်နေပြီဖြစ်ကာ ဓားပေါ်ရှိ ရူန်းအမှတ်အသားများသည် တောက်ပသောအလင်းကို ထုတ်လွှတ်နေပြီး ခရမ်းရွှေရောင် ယွမ်စွမ်းအားသည် ဓားသွားနှင့် ပေါင်းစပ်သွားသည်။
ဝူယွမ်၏ နှဖူးအလယ်တွင် တောက်ပနေပြီး သူ၏ နီဝန်နယ်ပယ် ပွင့်လာကာ သဘာ၀ ဝိညာဉ်အဆောင်တံဆိပ်နှစ်ခု ပေါ်လာသည်။ ဝိညာဉ်စွမ်းအင်များ ရူးသွပ်စွာ ထွက်လာကာ ဝိညာဉ်အဆောင်တံဆိပ်ပေါ်ရှိ ရူန်းအမှတ်အသားများကို တိုက်ရိုက်အသက်သွင်းလိုက်သည်။ ဝိညာဉ်အဆောင်တံဆိပ်များ နှဖူးအလယ်မှ ထွက်ခွာလာပြီး မိုးကြိုးအမှတ်အသားဓားနှင့် ပေါင်းစပ်လိုက်သည်။ ထိုအချိန်တွင် မိုးကြိုးအမှတ်အသားဓားမှ ဝိညာဉ်စွမ်းအင်လှိုင်းများ ထနေပြီး ဝိညာဉ်အဆောင်တံဆိပ်များပေါ်တွင်လည်း ဝိညာဉ်စုဆောင်းခြင်းရူန်းနှစ်ခုကို ရေးဆွဲထားသည်။
မိုးကြိုးအမှတ်အသားဓားပေါ်ရှိ ရှေးဟောင်း၀င်ရိုး အဆောင်နှစ်ခုသည် လေထဲမှစွမ်းအားများကို စုပ်ယူနေကာ ဓားထဲသို့ စီးဝင်စေသည်။ ဝူယွမ်သည် ချက်ချင်းပင် ဓား၏အလေးချိန်ကို ခံစားရပြီး ဓား၏စွမ်းအားသည် ပိုမိုအားကောင်းလာသည်။
ပတ်ဝန်းကျင်ရှိလူများအားလုံး မျက်လုံးများ ပြူးကျယ်လာသည်၊ အထူးသဖြင့် ဆရာယန်သည် ရှေးဟောင်း၀န်ရိုးအဆောင်တံဆိပ် နှစ်ခုကို အာရုံစိုက်ကြည့်နေသည်။ ထိုမှော်ဆန်ပြီး ရှုပ်ထွေးသော ရူန်းအမှတ်အသားများကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။ အရေးအကြီးဆုံးမှာ ထိုရူန်းအမှတ်အသားများသည် အင်မတန်ပြင်းထန်သောနှုန်းဖြင့် စွမ်းအင်များကိုစုဆောင်းနိုင်ပြီး တပြိုင်နက်တည်း ထိုစွမ်းအင်များကိုလည်း ထုတ်လွှတ်တိုက်ခိုက်နိုင်စွမ်း ရှိသည်။
ယွမ်စွမ်းအင်နှင့်ဝိညာဉ်စွမ်းအင် ပေါင်းစည်းခြင်း။
ထိုစွမ်းအားသည် ယွဲ့ရှန်းအောက် မနိမ့်တော့ပေ။
“ရှပ်”
မိုးကြိုးအမှတ်အသားဓားသည် ပြင်းထန်သော အဆောင်နှစ်ခုကို သယ်ဆောင်ကာ ခုတ်ချလိုက်သည်။
ကြီးမားသောခရမ်းရရွှေရောင်ဓားသွားသည် ယွဲ့ရှန်း၏ တိုက်ရိုက်ဖုံးအုပ်သွားသည်။
“ေဖာက်”
ယွမ်စွမ်းအင်လှိုင်းလှုံးကြီးသည် အပြင်ဘက်သို့ ပြန့်နှံ့သွားပြီး လေပြင်းများတိုက်ခတ်လာကာ ဖုန်မှုန့်များထူထပ်သွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ယွဲ့ရှန်း၏ ခန္ဓာကိုယ် တုန်ခါသွားပြီး သူ၏ဆံပင်သည်လည်း အလွန်အမင်းရှုပ်ပွနေသည်။
“အလေးချိန်လှံ လေးဆ”
ယွဲ့ရှန်း အော်ဟစ်လိုက်ပြီး လှံကို ဆက်တိုက်ယမ်းကာ ချက်ချင်းပင် လှံရိပ်လေးခုကို ဖန်တီးလိုက်သည်။
“မိုးကြိုးလျှပ်စီး”
ဝူယွမ်သည် ဒေါင်လိုက် တိုက်ရိုက်ခုတ်ချလိုက်သည်၊ ယွဲ့ရှန်းထက် နည်းနည်းမှ အားနည်းဟန်မပြချေ။ မိုးကြိုးလျှပ်စီးပညာရပ်သည် စိတ်ခွန်အားနှင့် လျှင်မြန်မှုကို အသားပေးသည်။
ဓားပေါ်ရှိအဆောင်သည်လည်း ကြီးမားလာသည်။
ဘယ်လိုဖြစ်နိုင်မလဲ... ယွဲ့ရှန်း အလွန်အမင်းတုန်လှုပ်သွားသည်။ သူ၏အနက်ရောင်လှံပေါ်ရှိ ယွမ်ဒန်စွမ်းအားသည် ပုံမှန်ထက် ပိုနည်းနေသည်ကို သူတွေ့သွားသည်။
တစ်ဖက်လူ၏ဓားသည် ပိုမိုပြင်းထန်လာပြီး ပိုလေးလံလာသည်။
ထိုအချိန်တွင် သူ၏မျက်လုံးများသည် နီရဲနေပြီဖြစ်သည်။ တစ်ကယ်ဘဲ အနက်ရောင်လှံပေါ်ရှိ ယွမ်ဒန်စွမ်းအားသည် ဝူယွမ်၏ မိုးကြိုးအမှတ်အသားဓား အပေါ်ရှိ အဆောင်နှစ်ခုမှ စုပ်ယူခြင်းကို ခံလိုက်ရသည်။
“ကလန့်”
အနက်ရောင်လှံ၏ထိပ်ပိုင်းသည် ကျိုးသွားခဲ့သည်။
“ဘုရားရေ”
“သူ့လှံ ကျိုးသွားတယ်”
“ယွဲ့ရှန်း တကယ်ပဲ ဖိနှိပ်ခံလိုက်ရတယ်”
“ဘယ်လိုဖြစ်နိုင်မလဲ... ဝူယွမ် ဘယ်လိုလုပ်ခဲ့တာလဲ”
...ပတ်ဝန်းကျင်တစ်ခုလုံး အံ့အားသင့်သံများ ပြည့်နှက်သွားသည်။
သို့သော် မည်သူမျှ နောက်ကွယ်ကအဓိက အကြောင်းအရင်းကို မသိနိုင်ပေ။
ဝူယွမ်၏ မျက်နှာသည်လည်း ရဲနေပီဖြစ်သည်။ မိုးကြိုးအမှတ်အသားဓား၏ စွမ်းအားသည် ပိုအားကောင်းလာပြီး သူ၏ထိန်းချုပ်မှုထပ် ကျော်လွန်နေသည်။
ရှေးဟောင်း၀င်ရိုးအဆောင်ကို သူအလိုရှိသလို မထိန်းချုပ်နိုင်သေးပေ။
“ကလန့်”
ရုတ်တရက် မိုးကြိုးအမှတ်အသားဓားပေါ်တွင်လည်း အက်ကြောင်းများပေါ်လာပြီး ဓားသွားသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားသည်။
“စွမ်းအားကအရမ်းပြင်းလွန်းတယ်၊ မိုးကြိုးအမှတ်အသားဓားပါ ပေါက်ကွဲထွက်သွားတယ်”
ဝူယွမ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ထိုဓားကိုပြုလုပ်ထားသောပစ္စည်းများသည်။ များပြားလှသော စွမ်းအင်ဒဏ်ကို မခံနိုင်တော့ပေ။
“ဘာဖြစ်သွားတာလဲ... ဝူယွမ်ရဲ့ဓား... သူ့ဓားက ဘယ်လိုကျိုးသွားတာလဲ”
“ရှောင်ယွမ်”
“အစ်ကိုကြီး”
“မောင်လေး”
ခံစားချက်အမျိုးမျိုးဖြင့် အသံမျိုးစုံ ထွက်ပေါ်လာသည်။
“မဟုတ်ဘူး... ဓားက သူ့လက်ထဲမှာရှိနေတုန်းပဲ... ကြည့်စမ်း... ဓားရှိနေတုန်းပဲ” ဆရာယန်သည် အသက်ပြင်းပြင်း ရှူကာ ပြောလိုက်သည်။
လင်းတုန်းနှင့် ဇီယွဲ့တို့ ကြားသည်နှင့် ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်ကြသည်။
အမှန်ပင် ဝူယွမ်၏လက်ထဲရှိ မိုးကြိုးအမှတ်အသားဓားသည် ကွဲထွက်ပြီး မြေပြင်ပေါ်သို့ ကျသွားပြီဖြစ်သည်။
သို့သော် သူ၏လက်ထဲတွင် ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဓားတစ်လက်ရှိနေသေးသည်။
အခြားသူများ၏မျက်လုံးထဲတွင်တော့ ဝိညာဉ်အဆောင်တံဆိပ်နှစ်ခုနှင့် ဓားပုံသဏ္ဍာန်ဖွဲ့စည်းထားတဲ့ ထူးဆန်း၊ နက်နဲသောရူန်းအမှတ်အသားအချို့ကိုသာ မြင်တွေ့နေရသည်။
ထိုအဆောင်သည် စွမ်းအင်များကို ဆက်လက်စုပ်ယူနေဆဲဖြစ်သည်။
“ယွဲ့ရှန်း လူအိုကြီး... နောက်ထပ်တစ်ကြိမ် လာစမ်း။”
“ရူးသွပ်မုန်တိုင်းဆေဘာ”
ဝူယွမ်သည် အော်ဟစ်ကြွေးကြော်လိုက်ပြီး ဝိညာဉ်စွမ်းအင်ဓားနှင့် ယွဲ့ရှန်းကို ရူးသွပ်စွာ ခုတ်ချလိုက်သည်။
“ဟမ့်... ဒီလောက်နဲ့ ငါ့ကိုသတ်နိုင်မယ်ထင်နေတာလား”
“တောင်လက်သီး”
အလင်းတစ်ခု ယွဲ့ရှန်း၏ လက်သီးမှ ရုတ်တရက် ထွက်လာသည်။ အလင်းလုံးသည် ဖြတ်သန်းသွားစဉ် ပုံစံပြောင်းလဲနေကာ တောင်ထိပ်ပုံသဏ္ဍာန် ဖြစ်သွားသည်။
“ဒီယွဲ့ရှန်းက သဏ္ဍာန်ပြောင်လဲခြင်း အနှစ်သာရတစ်ချို့ကို တကယ်နားလည် သဘောပေါက်ထားတယ်”
ထိုမြင်ကွင်းကိုမြင်လိုက်ရသည်နှင့် ရှား၀မ်ကျင်း၏မျက်နှာသည် ရုတ်တရက် တင်းမာသွားသည်။
ဓားနှင့်လက်ယှဥ်ပြိုင်ခြင်း။
ယွဲ့ရှန်း၏လက်သီးပေါ်မှ ယွမ်စွမ်းအားသည် ရှေးဟောင်း၀န်ရိုးအဆောင်တံဆိပ်၏ ဝါးမျိုခြင်းခံနေရဆဲဖြစ်သည်။
သို့သော် ဒီတစ်ကြိမ်တွင် ယွဲ့ရှန်း၏ လက်သီးစွမ်းအားသည် အလွန်ပြင်းထန်လွန်းသဖြင့် ဝူယွမ်သည် တစ်ကယ့်တောင်ထိပ်ကို ခုတ်မိသွားသည်ဟု ခံစားလိုက်ရသည်။
ဒီစွမ်းအားက မယုံနိုင်လောက်အောင် ကြီးမားလွန်းသည်။
စွမ်းအင်များပိုစုပ်ယူပြီးနောက် ဝူယွမ်၏လက်ထဲရှိ ဝိညာဉ်စွမ်းအင်ဓားသည် နောက်ဆုံးတွင် မခံနိုင်တော့ပေ။ များပြားလှသောစွမ်းအားများကို ဝူယွမ် မထိန်းချုပ်နိုင်တော့ပေ။
ဝိညာဉ်စွမ်းအင်ဓားသည် နောက်ဆုံးတွင် ပြိုကွဲသွားသည်။
ဝူယွမ်သည် လက်သီးနှင့်တိုက်ရိုက်ထိသွားသည်။
သဘာ၀ဝိညာဉ်အဆောင်တံဆိပ်နှစ်ခုသည်လည်း သူ၏နီဝန်နယ်ပယ်ထဲသို့ ပြန်၀င်သွားသည်။
ဝူယွမ်သည် လည်ချောင်းတွင်းမှ ချိုမြိန်မှုကို ခံစားလိုက်ရပြီး အန်ချမည့်သွေးကို အတင်းပြန်မျိုချလိုက်သည်။
ထိုအချိန်တွင်
“သူ သူ့ဓားကျိုးသွားပြီ”
“ကွဲသွားပြီ”
“ယွဲ့ရှန်း ကွဲသွားပြီ”
ပတ်ဝန်းကျင်ရှိလူများသည် အံ့အားသင့်စွာ ထပ်မံအော်ဟစ်ကြသည်။
သူတို့သည် ယွဲ့ရှန်း၏လက်ကို ကြည့်လိုက်ကြသည်။
ယွဲ့ရှန်း၏ လက်အလယ်တွင် ကြီးမားသောဓားရာတစ်ခုရှိနေပီး အမြှောင်းလိုက် ကွဲထွက်နေသည်ကို တွေ့လိုက်ရသည်။
“ဟစ်က်”
“သဏ္ဍာန်ပြောင်းလဲခြင်းအဆင့် တစ်၀က်ကို ပြင်းထန်စွာဒဏ်ရာရစေခဲ့တယ်”... ရှား၀မ်ကျင်းသည် ဝူယွမ်၏ နောက်ပြန်ဆုတ်လာသောပုံရိပ်ကို ကြည့်ရင်း သူသည် ဝူယွမ်အား အတော်လေးကျေနပ်နေခဲ့သည်။
“ရွှမ်စု... ဒီတစ်ကြိမ်မှာ ဝူယွမ်ကိုရအောင် ခေါ်ထားနိုင်တာ ကောင်းတယ်၊ အရမ်းကောင်းတယ်” သူကကောင်းတယ်ကို နှစ်ခါထပ်ပြောလိုက်သည်။
“ဥက္ကဌကြီး... ကျေးဇူးတင်ပါတယ်... ဒါကကျွန်မလုပ်သင့်တဲ့အရာပါ”
ရွှမ်စုသည် ပြုံးရယ်ကာ ပြောသည်၊ သူမ၏မျက်လုံးများတွင် ကြယ်ပွင့်များ လင်းလက်နေပြီး ဝူယွမ်ကို ကြည့်နေသည်။
“ဒီမောင်လေးက သိပ်အစွမ်းထက်တယ်”