သဘာဝဆွဲဆောင်မှုကိုယ်ခန္ဓာ၊ မုချန်ချန်
Vol. 11 Ch. 109
တာခွိုငါမြို့ရှိ လူသွားလူလာများ ရုတ်တရက် သိသိသာသာများပြားလာသည်။ ထိုသူအားလုံးမှာ သိုင်းမဟာမိတ်၏ လေလံပြပွဲအတွက် ရောက်ရှိလာကြခြင်းဖြစ်သည်။
တာခွိုင်မြို့ရှိ သိုင်းမဟာမိတ် ဌာနခွဲ၏ လေလံခန်းမဝင်ပေါက်တွင် လူအုပ်ကြီးနှင့် ပြည့်ကျပ်နေပြီ။
သို့ရာတွင် ဤကျပ်တည်းမှုကို အချို့သော စည်းကမ်းများအတိုင်း ထိန်းသိမ်းထားသည်။ လေလံနေရာအပြင်ဘက်တွင် သိုင်းမဟာမိတ်အဖွဲ့၀င် အမြောက်အမြားက ထိန်းသိမ်းနေကြသည်။ သူ့တို့လက်ထဲက လက်နက်များနှင့် ထက်မြက်သော အကြည့်များက အကောင်းဆုံး ဟန့်တားမှုပင် ဖြစ်သည်။
ဝူယွမ်နှင့် လင်းတုန်တို့က ဤသုံးရက်အတွင်း သိုင်းမဟာမိတ်တွင် နေထိုင်ခဲ့ကြပြီး သိုင်းမဟာမိတ်၏ အထူးဧည့်သည်တော်များအဖြစ် ဆက်ဆံခြင်းခံခဲ့ရသည်။
သုံးရက်ကြာ အကဲဖြတ်ပြီးနောက်၊ သူတို့၏ ပစ္စည်းများထဲမှ တစ်ရာကျော်ကို လေလံတင်ရန် ရွေးချယ်ခဲ့သည်။ ဤမျှများပြားသော လေလံပစ္စည်းများက သိုင်းမဟာမိတ် မူလကစီစဉ်ထားသည့် အရေအတွက်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
ထို့အပြင် လေလံပစ္စည်းများသည် သူတို့ ကြိုတင်ပြင်ဆင်ထားသည့်ပစ္စည်းများထက် တန်ဖိုးမလျော့ပေ။
သိုင်းအဖွဲ့ချုပ်၏ ယခင်က ပြသထားသည့် ပစ္စည်းမှာ အဆင့်မြင့် ဝိညာဉ်ရတနာလက်နက် တစ်ခုသာဖြစ်သည်။
သို့သော် ဝူယွမ်နှင့် လင်းတုန်သည် ရှေးဟောင်းဓားဂိုဏ်းထံမှ အဆင့်မြင့် ဝိညာဉ်ရတနာလက်နက် အဆင့်ရှိသော ဓားသုံးလက်ကို သိမ်းပိုက်ယူဆောင်ခဲ့သည်။
သူနှင့် လင်းတုန်တို့က တစ်ခုစီကို မိမိတို့အသုံးပြုရန်အတွက် ထားရှိပြီး ကျန်တစ်ခုကို လေလံတင်လိုက်ခဲ့သည်။
အဆင့်မြင့် ဝိညာဉ်ရတနာလက်နက် တစ်ခုအပြင်၊ ဝူယွမ်နှင့် သူ၏အဖွဲ့က အဆင့်မြင့်သိုင်းပညာရပ် သုံးမျိုးနှင့် ပထမတန်းစား လျှို့ဝှက်ကျင့်စဥ်နည်းစနစ်တစ်အုပ်ကိုလည်း ထုတ်ပြခဲ့သည်။
သိုင်းပညာ၊ကျင့်စဥ်များနှင့် ပတ်သက်၍၊ သူတို့က လေလံတင်ရန် မိတ္တူကူးထားသော ဗားရှင်းများကိုသာ ထုတ်ပြခဲ့ပြီး မူရင်းများကို မိမိတို့အတွက် သိမ်းဆည်းထားကာ သူတို့၏မိသားစုများ၀င်များ အသုံးပြုရန်အတွက် ရည်ရွယ်ခဲ့သည်။
ဤအရေအတွက်က သိုင်းမဟာမိတ် ယခင်က ပြင်ဆင်ထားသည့် လေလံပစ္စည်းထက် များစွာကျော်လွန် နေပြီဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း၊ မန်နေဂျာ ဝူရွှမ်းက ရှေးဟောင်းဓားဂိုဏ်း၏ ဘဏ္ဍာတိုက်အတွက် သီးသန့်လေလံတစ်ခုကို ထပ်မံဖြည့်စွက်ခဲ့ရသည်။
အကျိုးဆက်အနေဖြင့်၊ ဝူယွမ်နှင့် လင်းတုန်တို့က ဤလေလံပွဲ၏ အကြီးမားဆုံး အကျိုးခံစားခွင့်ရှိသူများ ဖြစ်လာခဲ့သည်။
သို့သော်၊ သိုင်းမဟာမိတ်က သူတို့နှစ်ဦးအကြောင်း မည်သည့်အချက်အလက်ကိုမျှ မပေါက်ကြားစေခဲ့ပေ။
သူတို့က ဤကဲ့သို့သော အင်အားကြီးမားသည့် လူငယ်များကို၊ လူအများသိအောင် မလုပ်လိုကြပေ။ သူတို့သည် ပထမဆုံးအနေဖြင့် ဝူယွမ်တို့ကို ဆွဲဆောင်လိုကြပြီး၊ သူတို့မရနိုင်လျှင်တောင်မှ အခြားအင်အားစုနှစ်ခုဆီသို့ မတွန်းပို့လိုကြပေ။ ဆက်ဆံရေးကောင်းမွန်အောင် ပြုလုပ်ခြင်းကလည်း အကျိုးရှိသည်။
ဝူယွမ်နှင့် လင်းတုန်တို့၏ မိတ်ဆွေဖွဲ့မှုကို ရရှိရန်အတွက်၊ သိုင်းမဟာမိတ်က လုံလောက်သော စိတ်ရင်းမှန်ကို ပြသခဲ့ပြီး၊ သူတို့အား အမြင့်မြတ်ဆုံးသော ခရမ်းရွှေရောင်ကတ်ပြား ဗွိအိုင်ပီအဆင့် ဧည့်သည်တော်အဖြစ် တိုက်ရိုက်ချီးမြှင့်ခဲ့သည်။
သူတို့က သိုင်းမဟာမိတ်ရှိ အရာအားလုံးဝယ်ယူရာတွင် သုံးဆယ်ရာခိုင်နှုန်း လျှော့ဈေးရပြီး၊ လေလံကြေး ကိုင်တွယ်ခကို လေလံရောင်းရငွေ၏ တစ်ရာခိုင်နှုန်း သာ ကောက်ခံရမည်ဖြစ်သည်။
သာမန်အပ်နှံလေလံများဆို ငါးရာခိုင်နှုန်း ကောက်ကြောင်း သိထားရမည်ဖြစ်သည်။
ဤတစ်ကြိမ်တွင်၊ သိုင်းမဟာမိတ်က အလွန်စေ့စပ်သော အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။
“အစ်ကိုကြီး၊ ဒီသိုင်းမဟာမိတ်က ထောက်လှမ်းရေး အချက်အလက်တွေမှာ ပြောသလောက် အားကြီးတယ်လို့ မထင်ဘူး။ သူတို့က ဆက်ဆံရလွယ်တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့က ကျွန်တော်တို့ကို ဒီလောက်များများ ထပ်ဆင့်ပေးတယ်၊ လုံးဝမျှော်လင့်မထားတဲ့အရာဘဲ။ သူတို့က အားကြီးလို့ ကျွန်တော်တို့ကို အနိုင်ကျင့်မှာကို စိုးရိမ်နေမိပြီး၊ အစက သူတို့ဈေးချချင်ရင် ဘယ်လိုဆွေးနွေးရမလဲလို့တောင် တွေးနေမိတာ”
လင်းတုန်က စိတ်လှုပ်ရှားစွာ အသံလွှင့်ပြောလိုက်သည်။ ဤသုံးရက်အတွင်း၊ လင်းတုန်က ရတနာတစ်ခုချင်းစီ၏ ဈေးနှုန်းကို ညှိနှိုင်းပေးခဲ့သူဖြစ်သည်။ နောက်ဆုံးရလဒ်အနေဖြင့် ရေတွက်ထားသော ဈေးနှုန်းက၊ အမြဲတမ်း ငွေကြေးနဲ့ပတ်သတ်လျှင် လောဘကြီးသူဖြစ်သည့် လင်းတုန်ကို အဆုံးမရှိသော စိတ်လှုပ်ရှားမှုဖြစ်စေခဲ့သည်။
လေလံက နောက်ဆုံးတွင် မည်မျှကျော်လွန်သွားမည်ကို မပြောပါနှင့်၊ အရာအားလုံးကို ပစ္စည်း၏သတ်မှတ် ဈေးနှုန်းဖြင့် ရောင်းချနိုင်လျှင်တောင်မှ၊ သူတို့သည် သန့်စင် ယွမ်ဆေးလုံး သုံးသန်း ရရှိမည်ဖြစ်သည်။
လေလံတွင် မပါဝင်သော အခြားပြန့်ကျဲနေသည့် အရာများကို ပေါင်းထည့်လိုက်လျှင်၊ ရှေးဟောင်းဓားဂိုဏ်းမှ ရရှိသည့် ခန့်မှန်း ပမာဏက သန့်စင် ယွမ်ဆေးလုံး ငါးသန်းကျော်ရှိသည်။
ဤသည်မှာ ယခင်က မကြုံဖူးသော ကြွယ်ဝမှုတစ်ခုဖြစ်သည်။
ဝူယွမ်သည်လည်း သူ၏ ညီနှစ် စိတ်လှုပ်ရှားမှုကို ခံစားမိသော်လည်း၊ အစ်ကိုကြီးတစ်ဦးအနေဖြင့်၊ အမြဲတမ်း အေးဆေးတည်ငြိမ်နေရမည်။ ထို့ကြောင့် သူက ထုတ်မပြဘဲ၊ အေးဆေးတည်ငြိမ်သော အပြုအမူ ဟန်ဆောင်ကာ လင်းတုန်ကို ဆုံးမစကား ပြောခဲ့သည်။
“မင်း အားကောင်းတဲ့အခါ၊ တခြားသူတွေက မင်းရဲ့အကြံအစည်တိုင်းကို လက်ခံကြလိမ့်မယ်”
“ဥစ္စာဓနဆိုတာ ပျော့ပျောင်းတဲ့ စွမ်းအားသာသာဘဲ၊ ကိုယ်ပိုင်ခွန်အားကမှ အခြေခံအကျဆုံးအပိုင်းဘဲ။”
သူ သေသေချာချာ နားလည်ထားသည်၊ အကယ်၍ သူတို့၏ အင်အားသာ မလုံလောက်ပါက၊ သိုင်းမဟာမိတ်ကို စိုးရိမ်စေနိုင်စွမ်းမရှိပါက၊ သူတို့က အပြည့်အဝ ဝါးမြိုခံရနိုင်သည်။
ကျောက်လက်ဖွဲ့အတွင်းရှိ ရှောင်တျောင်းသည်လည်း “အစ်ကိုနှစ်၊ ယွမ်ဆေးလုံး သန်းပေါင်းများစွာလောက်နဲ့ မင်း ဒီလောက်စိတ်လှုပ်ရှားနေတာလား။ မင်းမှာ ရည်မှန်းချက်ကြီးကြီးမရှိဘူး။ အစ်ကိုကြီးဆီက သင်ယူပါ၊ မင်းက တည်ငြိမ်မှုရှိဖို့လိုတယ်၊ တောင်တန်းကြီးပြိုကျရင်တောင် မျက်နှာအရောင်မပြောင်းတဲ့သူလို ဖြစ်ရမယ်။
သူတို့က အစ်ကိုကြီးကို မစိုးရိမ်ရင်၊ ဒီလောက်များများ ထပ်ပေးမှာလား။
အစ်ကိုနှစ်၊ အတွေးတွေကိုမြင့်မြင့် တွေးပါ။
အစ်ကိုကြီး နောက်လိုက်ပါ၊ မင်းက ပိုကျယ်ပြန့်တဲ့ အမြင်ရှိဖို့လိုတယ်။
ဒါက သန့်စင် ယွမ်ဆေးလုံးဘဲ၊ နောက်ပိုင်းမှာ၊ နိဗ္ဗာန်ဆေးလုံးတွေ၊ နက်နဲယွမ်ဆေးလုံးတွေတောင် မရေမတွက်နိုင်အောင် များပြားလာလိမ့်မယ်။”
သူအမြဲတမ်း လင်းတုန်ကို ဝေဖန်ခဲ့သည်မှာ ဤကျဉ်းမြောင်းသော ရှုထောင့်ဖြစ်ပြီး၊ လင်းတုန် သူ၏အမြင်ကို ကျယ်ပြန့်အောင် မလုပ်နိုင်ခြင်းကိုဖြစ်သည်။
“ဟေ့ဟေ့၊ မင်း မိုးကြိုးပြစ်ဒဏ်အရည်နဲ့ ယန်အာရုံအရည်ကို တွေ့တုန်းက၊ မင်း ဘယ်လောက်တည်ငြိမ်တယ်ဆိုတာကို ငါမြင်လိုက်တယ်”
လင်းတုန်က မထီမဲ့မြင်ပြုကာ ပြန်ပြောလိုက်သည်။
အစ်ကိုကြီးက သူ့ကို ဝေဖန်နိုင်သော်လည်း၊ ရှောင်တျောင်း ဆိုသည့် ကြီးမားသော မည်းနက်သည့် မြွေပါကိုတော့ ဝေဖန်ခွင့်မပေးနိုင်ပေ။
ထိုအချိန်တွင်၊ အပြာရောင်နှင့် အနီရောင်ပိုးထည် စကပ်ဝတ်စုံဝတ်ဆင်ထားသော၊ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသော ညီအမနှစ်ဦး၊ သူတို့ထိုင်နေသည့်အခန်း တံခါးဝသို့ ရောက်ရှိလာသည်။
အစ်မမှာ ဘင်အဲဖြစ်ပြီး၊ ညီမမှာ ဟွာအဲ ဖြစ်သည်။
“သခင်လေးများ လေလံပွဲစတင်တော့မယ်။ သခင်လေးတို့ စောစောဝင်ရောက်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့နောက်ကလိုက်လာပါ။”
ညီအမ နှစ်ဦးက တစ်ပြိုင်နက် စကားပြောကြလိုက်ပြီး သူတို့၏အသံများက ချိုမြိန်ပြီး နားဝင်ချိုသည်။ သူတို့က ပေါ့ပါးသော ခြေလှမ်းများဖြင့် သူတို့၏ခြေလှမ်းများကို ဟန်ချက်ညီစွာလှုပ်ရှားကာ၊ ပေါင်များကို ဆွဲဆောင်မှုရှိစွာ လှုပ်ရှားရင်း လမ်းလျှောက်နေကြသည်။
မန်နေဂျာ ဝူရွှမ်းသည် ဝူယွမ်တို့နှစ်ဦးက လူငယ်များဖြစ်ပြီး စွမ်းအားပြည့်ဝနေသည်ဟု ထင်မြင်ယူဆထားပြီး သူက သိုင်းမဟာမိတ်ဌာနခွဲမှ အလှပဆုံး ညီအမ နှစ်ဦးကို ဝူယွမ်တို့ ညီအစ်ကိုနှစ်ဦးအား ဧည့်ခံဖို့ အထူးစီစဉ်ပေးခဲ့သည်။
ဤကဲ့သို့သော အလှမယ်များကို အသုံးပြု၍ ဆွဲဆောင်သည့်နည်းလမ်းသည် အလွန်အဖြစ်များသည်။ သိုင်းမဟာမိတ်က ညီအစ်ကိုနှစ်ဦးအား ဧည့်ခံရန် ဘင်အဲနှင့် ဟွာအဲတို့ကို စေလွှတ်ခြင်းက သူတို့ဆွဲဆောင်ရန် ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားစေသလို၊ သိုင်းမဟာမိတ်၏ စိတ်ရင်းမှန်ကိုလည်း သက်သေပြခဲ့သည်။
သူတို့က ဝူယွမ်တို့ကို ဆွဲဆောင်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိသည်။
ညီအမ နှစ်ဦးက ဝူယွမ်နှင့် လင်းတုန်တို့ထံသို့ ချဉ်းကပ်လာကြသည်။
“အို၊ အမဟွာအဲ့၊ ကျေးဇူးပြုပြီး လမ်းပြပါ။” ဝူယွမ်က အနီရောင်ပိုးထည်စကပ် ၀တ်ထားသော ကောက်ကြောင်းလှလှလေးကို ပုတ်ခတ်လိုက်သည်။
ဘင်းအဲ့က၊ “သခင်လေးဝူယွမ်၊ စိတ်ဆိုးချင်စရာကြီး၊ အဝတ်အစားတွေနဲ့တောင၊ ကျွန်မတို့ကို မခွဲခြားနိုင်ဘူး။ ကျွန်မက ဘင်အဲပါ။”
ဝူယွမ်က ရှက်ရွံ့သောအပြုံးနှင့်၊ “အား၊ မေ့သွားတယ်၊ မေ့သွားတယ်။”
“အစ်၊ အစ်ကိုကြီးက ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ။”
လင်းတုန်က ပါးစပ်ကို ကောက်လိုက်သည်၊ အခုက ပထမဆုံးအကြိမ် မဟုတ်ပေ။
၀ူယွမ်တို့နှစ်ဦးလည်း ညီအမ နှစ်ဦးနောက်သို့ လိုက်ပြီး လေလံခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည်။ လူပေါင်း သိန်းဂဏန်းအထိ လက်ခံနိုင်သော ကြီးမားသည့် နေရာတစ်ခုကို မြင်လိုက်ရပြီး၊ ယန်မြို့ရှိ ရွှေတစ်သောင်းကုန်သည်အသင်း၏ လေလံခန်းမထက် အဆပေါင်းများစွာ ပိုကြီးမားသည်။
လူအုပ်ကြီးအတွက် ဝင်ပေါက်များစွာ ရှိသော်လည်း၊ ဝူယွမ်နှင့် လင်းတုန်တို့သည် ၎င်းတို့၏ ခရမ်းရွှေရောင်ကတ်ပြား ဗွီအိုင်ပီအဆင့် ဧည့်သည်တော်ဖြစ်သည့်အတွက်၊ လူအုပ်ထဲမှာ မတိုးရန်မလိုပေ။ သူတို့တွင် အထူးဧည့်သည်တော် ဝင်ပေါက်ရှိသည်။
သို့ရာတွင်၊ ရှည်လျားပြီး ကြည့်ကောင်းသော ညီအမ နှစ်ဦး ဘင်အဲနှင့် ဟွာအဲတို့သည် မျက်စိကျစရာ ဖြစ်လှသဖြင့်၊ ပတ်ဝန်းကျင်ရှိလူများ၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။
“ဒီလိုလှပတဲ့ ညီအမ နှစ်ဦး၊ ဘယ်လိုအလှမယ်တွေလဲ။”
“အို၊ ဒီလူငယ်နှစ်ယောက်က ဘယ်လိုနောက်ခံရှိလို့၊ သိုင်းမဟာမိတ်က ကိုယ်တိုင်ဧည့်ခံရတာလဲ။”
“ဒီလူငယ်နှစ်ယောက်က ဘယ်သူတွေလဲဆိုတာ မသိပေမယ့်၊ ဒီညီအမ နှစ်ဦးကိုတော့ သိတယ်။ သူတို့က သိုင်းမဟာမိတ်လေလံ တင်ပေးသူတွေဘဲ”
“အင်း၊ သိုင်းမဟာမိတ်က ဘင်အဲနဲ့ ဟွာအဲ ညီအမ နှစ်ဦးကို ကိုယ်တိုင်ဧည့်ခံဖို့ စေလွှတ်တယ်ဆိုတော့၊ ဒီနှစ်ယောက်ကို အတော်လေးတန်ဖိုးထားတာဘဲ။”
“မဟာနတ်ဆိုးဂိတ် မုချန်ချန်ကို မရနိုင်ရင်တောင်၊ ဘင်အဲ့နဲ့ ဟွာအဲ ညီအမ နှစ်ဦးကို ခံစားခွင့်ရခဲ့ရင်၊ အသက် စွန့်ရကျိုးနပ်တယ်၊ ပျော်ပျော်ကြီးသေနိုင်တယ်၊ ဒီလူငယ်နှစ်ယောက်ကို အရမ်းအားကျမိတယ်။”
“ဟစ်၊ တိုးတိုးပြော မဟာနတ်ဆိုးဂိတ်က လူတွေရောက်လာပြီ။”
“အမြန်ကြည့်၊ ဟိုမှာ မုချန်ချန်။”
...မူလက လူတိုင်း၏ အာရုံက ဘင်အဲနှင့် ဟွာအဲ ညီအမ နှစ်ဦးပေါ်တွင်ရှိသော်လည်း၊ မုချန်ချန်ဟူသော အမည်ကိုကြားလိုက်ရသည်နှင့်၊ အားလုံးက လှည့်ကြည့်လိုက်ကြသည်။
ဝမ့်လွန်ပြည်နယ်ရှိ၊ အလှမယ်များနှင့် ပတ်သက်လာလျှင်၊ မုချန်ချန်သည် ငြင်းဆိုမရသော ပထမဆုံး အလှပဆုံး မိန်းကလေးဖြစ်သည်။
ဝူယွမ်၏ မျက်လုံးများသည်လည်း လူများကြည့်သည့်နေရာကို လိုက်ကြည့်လိုက်မိပြီး၊ ထိုနေရာတွင်၊ အနက်ရောင်ခမောက်နှင့် ပန်းေရာင်ဝတ်စုံဝတ်ဆင်ထားတဲ့ သိမ်မွေ့သော အမျိုးသမီးတစ်ဦးက ခန့်ညားစွာ ထိုင်နေသည်။ ဤအမျိုးသမီးက အလွန်ငယ်ရွယ်နေပုံရပြီး၊ အသားအရေက နှင်းဆီကဲ့သို့ ဖြူဖွေးကာ၊ ပျော့ပျောင်းသော အနက်ရောင်ဆံပင်ကို ရိုးရှင်းသော ကျောက်စိမ်းဆံထိုးဖြင့် ကြိုးကြားကြိုးကြား ချည်ထားသည်။ သို့သော် ထိုသည်က ဆွဲဆောင်မှု အရိပ်အမြွက်ကို ဖြန့်ကျက်နေသည်။
“ဟိုတစ်ယောက်က မဟာနတ်ဆိုးဂိတ်က မုချန်ချန်ဘဲ။”
“ အမ်း၊ ဒီငယ်ရွယ်တဲ့ နတ်ဆိုးမိန်းကလေးက တစ္ဆေကျောင်းတော်ရဲ့ ရာစုနှစ်တစ်ခုမှ တစ်ကြိမ်သာတွေ့ရတဲ့ ရှားပါးတဲ့ ပါရမီရှင်တစ်ဦးဖြစ်လို့ လူတိုင်းကပြောကြတယ်၊ သူမရဲ့အလှက ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အဆင့်ဘဲ။ မဟယနတ်ဆိုးဂိတ်အတွင်းက လူငယ်ပါရမီရှင်တွေတောင် သူမအတွက် တိုက်ခိုက်ခဲ့ကြသေးတယ်၊ တစ်ကယ်လို့ အကြီးအကဲအချို့ကသာ ဝင်ရောက်မစွပ်ဖက်ခဲ့ရင် အခြေအနေတွေက အတော်လေးဆိုးသွားနိုင်တယ်။”
“ဟားဟား၊ ဒီဝမ့်လွန်ပြည်နယ်ထဲက လူငယ်ဘယ်နှစ်ယောက်က ဒီလှည့်စားတတ်တဲ့ မိန်းကလေးအပေါ် အတွေးအချို့ မရှိကြဘူးလဲ။ ဒီလိုလှပတဲ့ မိန်းမပျိုလေးတစ်ယောက်၊ တစ်ယောက်ယောက်ကသာ သူမကို ပွေ့ဖက်ထားနိုင်မယ်ဆိုရင်၊ သူတို့က အသက် ၁၀ နှစ်လျှော့ရင်တောင် စိတ်ကျေနပ်လိမ့်မယ်။”
“ကျွန်တော်က ၂၀ နှစ်အေလျှာ့ခံမယ်။”
...အမျိုးသားများက တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ်ပြောဆိုနေကြပြီး၊ တတ်မက်မှုကို ဖုံးကွယ်၍မရပေ။
ဝူယွမ်သည်လည်း လူအုပ်ထဲမှ မြင်ခဲ့ရပြီး၊ သူမ၏ ဘေးအန္တရာယ်ဖြစ်စေနိုင်သော လှပသည့်မျက်နှာ၊ အတုမရှိသ၊ ဆွဲဆောင်မှုရှိသော မျက်နှာပအမူရာများ၊ လင်းချင်းကျူထက် အနည်းငယ်သာ လျှော့ပေလိမ့်မည်။
သူမ၏ အံ့ဩဖွယ်ကောင်းသော အလှအပအပြင်၊ မုချန်ချန်၏ အင်အားသည်လည်း ထူးကဲသည်၊ ချီဖန်တီးခြင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီး၊ မဟာယန်မင်းဆက် လူငယ်မျိုးဆက်များထဲတွင် ထူးခြားသူတစ်ဦးဘဲဖြစ်သည်။
လူအုပ်ထဲတွင် သတိပြုမိစရာကောင်းသော ရှုထောင့်တစ်ခုဖြစ်သည့်၊ မူချန်ချန်က ဝူယွမ်နှင့် သူ၏အဖွဲ့ဆီသို့ စိတ်ဝင်တစားကြည့်လိုက်သည်။ သူမ၏ မက်မွန်ပန်းပွင့်ကဲ့သို့သော မျက်လုံးများသည် သူတို့လေးယောက်ထဲမှ ဝူယွမ်အပေါ်သို့ မြန်မြန်ဆန်ဆန်အာရုံစိုက်မိလိုက်ပြီး၊ သူမ၏ ရှည်လျားသော မျက်တောင်မွှေးများနှင့်အတူ၊ အဆုံးမရှိ ဆွဲဆောင်မှု ရှိနေလေသည်။
ထိုအကြည့်အောက်တွင်၊ မည်သည့် အမျိုးသားမဆို သူ၏အတွင်း၌ မကောင်းသောမီးတစ်ခု လျှို့ဝှက်စွာ နိုးထလာသည်ကို ခံစားရလိမ့်မည်ဖြစ်သည်။
“သူမမှာ ဒီလို ဆွဲဆောင်နိုင်တဲ့ စွမ်းအားရှိတာလား။”
ဝူယွမ်က စိတ်ထဲတွင် အံ့အားသင့်သွားခဲ့သည်၊ အခြားတစ်ဖက်မှ အကြည့်တစ်ချက်ဘဲ အမှန်တကယ် သူ၏ဆန္ဒများကို နှိုးဆွပေးနိုင်ခဲ့သည်။
ခရမ်းရောင်စွမ်းအားပြင်းနတ်ဆိုးမျက်စိ။
ဝူယွမ်၏ မျက်လုံးများက ချက်ချင်း ခရမ်းရောင်သို့ ပြောင်းသွားပြီး၊ သူ၏စိတ်စွမ်းအင်ထဲ ပါဝင်နေသော လွှမ်းမိုးမှုကို ပယ်ဖျက်လိုက်သည်။
“ဒီမိန်းကလေးက အရမ်းပူတယ်၊ ဆွဲဆောင်တဲ့နည်းလမ်းတွေ သုံးတယ်ထင်တယ်။” လင်းတုန်သည်လည်း ထိုအကြည့်ကြောင့် ဖမ်းစားခံခဲ့ရသော်လည်း၊ တည်ကြည်သော အမျိုးသားတစ်ဦးအနေဖြင့်၊ သူက မြန်မြန်နိုးထခဲ့သည်။
“ဒါက ဆွဲဆောင်တဲ့နည်းလမ်းမဟုတ်ဘူး၊ ဒီအမျိုးသမီးမှာ မွေးရာပါဆွဲဆောင်မှုကိုယ်ခန္ဓာရှိတယ်။ လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းက ဝိညာဉ်ကိုဖမ်းစားနိုင်တယ်။ ကျစ် ကျစ်၊ သူမက တစ်ကယ်ကို သဘာဝအလျှောက် ဆွဲဆောင်တတ်တဲ့သူတစ်ဦးဘဲ။”
ရှောင်တျောင်း၏ အသံသည်လည်း ဤအချိန်တွင် အံ့အားသင့်စွာဖြင့် ထွက်ပေါ်လာသာ်။ ဤသည်မှာ သူ့ကို အမှန်တကယ် အံ့အားသင့်စေခဲ့သော လူသားမိန်းကလေး အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။
ဝူယွမ်က ခေါင်းကို လှည့်ပြီး သူ့ဘေးနားရှိ ဘင်အဲနှင့် ဟွာအဲ ညီအမ နှစ်ဦးကို ကြည့်လိုက်သည့်အခါ သူတို့က မုချန်ချန်ကို စွဲလမ်းစွာ ကြည့်နေကြသည်။
အမျိုးသားများနှင့် အမျိုးသမီးများကိုပါ ဆွဲဆောင်နိုင်ခြင်း။
ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ဆွဲဆောင်မှု။
သူမ အဘယ်ကြောင့် ထိုကဲ့သို့သော ချီးကျူးမှုကို ရရှိခဲ့သည်ကို အံ့အားသင့်စရာမရှိတော့ပေ။
“ချီးဘဲဟ”
ဝူယွမ် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ နှာခေါင်းမှ ဟော်မုန်းများ၏ အနံ့ကို ရလိုက်သောကြောင့်ဖြစ်သည်။
ဝူယွမ်တစ်ယောက် မျက်ခွံများ တုန်ခါသွားသည်။ ဤအမျိုးသမီးက၊ အကြည့်တစ်ချက်ဖြင့် အမျိုးသားများကို သူမ၏လက်ဖဝါးထဲတွင် ကစားနိုင်သည်။ တစ်ကယ့်ကို ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
မွေးရာပါဆွဲဆောင်မှုကိုယ်ခန္ဓာ။
ဝူယွမ်က ဤအရာနှင့် သိပ်မစိမ်းပေ ပျော်ဖွယ် ဆရာကြီး လီလင်းဆူထံမှာ ဆက်ခံထားသော မှတ်ဉာဏ်များထဲတွင်၊ ဤသည်က သူတစ်သက်တာလုံး ရှာဖွေခဲ့သော ကိုယ်ခန္ဓာတစ်ခုဖြစ်သည်။
ဤကိုယ်ခန္ဓာက ပျော်ဖွယ် ကျောင်းတော်၏ နည်းလမ်ူများကို သင်ယူရန် အလွန်သင့်လျော်ပြီး၊ ထူးခြားသော အကျိုးကျေးဇူးရရှိနိုင်သည့် အခြေအနေများကို ပိုင်ဆိုင်ထားသည်။ ပြောရလျှင် အင်အားကြီးမားပြီး သင့်လျော်သော ဓမ္မဖက် တစ်ဦးကို တွေ့ရှိပါက၊ တစ်ရက်အတွင်း ကောင်းကင်သို့ ပျံတက်ခြင်းက မဖြစ်နိုင်သည်မဟုတ်ပေ။
ဝူယွမ်က ပျော်ဖွယ် ဆရာကြီး၏ အမွေအနှစ်ကို ဆက်ခံခဲ့သော်လည်း၊ သူက အမှန်တကယ် အဓိက နည်းလမ်းများကို မသင်ယူခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဝူယွမ်တွင် ပိုမိုအားကောင်းသော သင်ယူနည်းများ ရှိသောကြောင့်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့်၊ ပျော်ဖွယ် ကျောင်းတော်၏ နည်းလမ်းများသည် ‘နှစ်မြွှာကျင့်ခြင်းများက’ အလွန်များပြားသည်၊ သူရဲကောင်းကဲ့သို့ အပြုအမူမရှိသူများက ကြီးမားသောအောင်မြင်မှုကို ရရှိရန် ခက်ခဲလိမ့်မည်။
မူလက၊ ဆရာ့၏အမွေကို လွှဲပြောင်းပေးရန် လူတစ်ဦးကို ရှာဖွေရန် စိတ်ကူးရှိခဲ့ပြီး၊ ယခု မုချန်ချန်ကို တွေ့ရှိပြီးနောက်၊ ဤစိတ်ကူးသည် ပိုအားကောင်းလာခဲ့သည်။
ပျော်ဖွယ် ကျောင်းတော်၏ နည်းလမ်းများက အလွန်ထူးဆန်းသည်။ တစ်ဦး ကြိုးစားအားထုတ်ကာ ကျင့်ကြံပြဌး နှစ်ဦးက အကျိုးခံစားရသည်၊ ဆန်းကြယ်သော ချစ်ခြင်းမေတ္တာက ဘယ်အရာဖြစ်ကြောင်းကို အပြည့်အဝသရုပ်ဖော်ပြနေသည်။
သူသာ နည်းလမ်းကို မုချန်ချန်ထံသို့ လွှဲပြောင်းပေးနိုင်လျှင်၊ သူမထံမှ ပြန်လည်အကျိုးခံစားခွင့် သေချာပေါက်ရလိမ့်မည် ဖြစ်သည်။
ဝူယွမ်က မုချန်ချန်အပေါ် စိတ်ဝင်စားလာပြီး သူမအပေါ် အာရုံစိုက်လာသည်။
သို့သော်၊ ဤအချိန်တွင်၊ မူချန်ချန်သည်လည်း သူ့အပေါ် စိတ်ဝင်စားနေသည်။ သူမက လှပသော ခြေထောက်လေးကို မြှင့်တင်ကာ သေးငယ်သောခြေလှမ်းများဖြင့် သူ့ဆီသို့ ချဉ်းကပ်လာသည်၊ သူမ၏မျက်လုံးများထဲတွင် နူးညံ့သိမ်မွေ့သော ချစ်ခြင်းမေတ္တာများ စီးဆင်းနေပြီး၊ သူမ မွေးရာပါဆွဲဆောင်မှုကိုယ်ခန္ဓာ၏ ဆွဲဆောင်မှုရှိသော အကျိုးသက်ရောက်မှုများကို အပြည့်အ၀ ပြသလျက်ရှိသည်။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ချက်ချင်းငြိမ်သက်သွားပြီး၊ သူတို့၏စွဲလမ်းမှု ညို့ယူခံနေရစဥ်အတွင်း၊ အားလုံးက ဘေးဖယ်ကာ သူမအတွက် လမ်းဖွင့်ပေးလိုက်ကြသည်။
ဝူယွမ်၏ ခရမ်းရောင် မျက်လုံးများက နက်ရှိုင်းပြီး၊ ဆွဲဆောင်မှု၊ လွှမ်းမိုးမှုကို လုံးဝမခံစားရပေ။ သူ၏စိတ်ကလည်း အလွန်ရှင်းလင်းနေသည်။
ထို့ကြောင့် သူက သူမကို ကြည့်ရှုနေခြင်းမှာ ဖမ်းစားခံထားရ သောကြောင့်မဟုတ်ဘဲ၊ ရိုးရိုးရှင်းရှင်း လောဘကြောင့်သာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိထားသည်။
မုချန်ချန်သည် တိုက်ရိုက် ဝူယွမ်၏ဘေးသို့ လမ်းလျှောက်လာခဲ့သည်။
သူမရောက်ရှိလာသည်နှင့် တပြိုင်နက်၊ ဝူယွမ်ဘေးနားရှိ ဘင်အဲနှင့် ဟွာအဲတို့သည် ချက်ချင်းပင် သူမနှင့် နှိုင်းယှဉ်ပါက အရောင်ဖျော့သွားခဲ့သည်။ သူတို့နှစ်ဦး၏ ရုပ်ရည်နှင့် စရိုက်လက္ခဏာတို့သည် သူမထက် အဆင့်တစ်ခုနိမ့် နေလေသည်။
အမျိုးသမီးနှစ်ဦးက နောက်သို့ဆုတ်ကာ မုချန်ချန်အတွက် နေရာလွတ်ပေးခဲ့သည်။ နှိုင်းယှဉ်ပါက၊ သူတို့က ကညာများသာဖြစ်ပြီး၊ မူချန်ချန်က မဟာနတ်ဆိုးဂိတ်၏ မင်းသမီးတစ်ပါးဖြစ်သည်၊ သူမ၏အဆင့်အတန်းကို ငြင်းဆိုမရပေ။
မွှေးကြိုင်သော လေပြေတစ်ခုက ဝူယွမ်၏ နှာခေါင်းအတွင်း ဝင်ရောက်လာသည်၊ နီးကပ်သော အကွာအဝေးတွင်၊ သူမ၏ဆွဲဆောင်မှုစွမ်းအားက ပိုအားကောင်းလာသည်။
သူမဆီမှ ထွက်ပေါ်လာသော ကိုယ်နံ့သည်လည်း ကာမဆေးတစ်မျိုးကဲ့သို့ ဆွဲဆောင်နေပြန်သည်။
သူမ၏ လှပသောမျက်လုံးများက၊ ဝူယွမ်အပေါ် ပြင်းထန်သော စူးစမ်းလိုစိတ်ရှိနေသည်။ ဤသည်မှာ သူမကို အခြားသူတစ်ဦးက ဤမျှကန့်သတ်ထားသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ဝူယွမ်၏ ထူးဆန်းသော ခရမ်းရောင်မျက်လုံးများက သူမ၏မွေးရာပါဆွဲဆောင်မှုကိုယ်ခန္ဓာကို လုံး၀အကျိုးမရှိအောင် ပြုလုပ်ခဲ့သည်။
“ကျွန်မက မုချန်ချန်ပါ ကျေးဇူးပြုပြီး လူငယ်သခင်လေးကို ဘယ်လိုခေါ်ရမလဲဆိုတာ မေးမြန်းလို့ရမလား”
သူမက သူမကိုသူမ အရငိနှုတ်ဆက်လိုက်သည်။
“ကျွန်တော်က ဝူယွမ်ပါ၊ မုချန်ချန်။ ကျေးဇူးပြုပြီး သင့်ရဲ့စွမ်းအားကို ရုပ်သိမ်းပေးပါအုံး၊ ဒီဘက်က ညီအစ်ကိုတွေ အသိစိတ်လွှတ်နေကြပီ”
ဝူယွမ်က ပတ်ဝန်းကျင်ရှိ အမျိုးသားများကို ကြည့်ကာ၊ ညှိုးငယ်သောအပြုံးဖြင့် ပြောလိုက်သည်။
“ဟေ့ဟေ့၊ လူငယ်သခင်လေး ဝူယွမ်က ဘာလို့ ဒီလောက်ကွဲပြားနေတာလဲ ဆိုတာ ကျွန်မ စူးစမ်းချင်တယ်။ ရှင်က ခန္ဓာကိုယ်ကို အနည်းငယ်တောင် မကွေးဘူး၊ ကျွန်မကို နည်နည်း မလေးစားသလိုဘဲ”
မုချန်ချန်က တစ်လှမ်းတိုးကပ်လာပြီး၊ ဝူယွမ်ဆီသို့ ကိုင်းညွှတ်ကာ တိုးတိုးတိတ်တိတ်ပြောလျုက်သည်။
သူမက ဝူယွမ်သည် သူမ၏မွေးရာပါဆွဲဆောင်မှုကိုယ်ခန္ဓာကို အမှန်တကယ် လျစ်လျူရှုနိုင်မရှုနိုင်ကို သိလိုသည့်အတွက်၊ သူ့ကို ဆက်လက်စမ်းသပ်လိုက်သည်။
သို့သော်၊ ဝူယွမ်သည် သူမက သူမ၏မွေးရာပါဆွဲဆောင်မှုကိုယ်ခန္ဓာအရ မပြည့်စုံသေးသော အပျိုလေး တစ်ဦးသာဖြစ်ကြောင်း မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ဤလှုပ်ရှားမှုကပင် သူမ၏ ကန့်သတ်ချက်ဖြစ်ပြီးသား ဖြစ်သည်။
“အို၊ ချန်ချန်၊ အထင်မလွဲပါနဲ့ ကျွန်တော်က ဒီနေရာဟာ မင်းကို လေးစားမှုပြဖို့ သင့်တော်တဲ့နေရာမဟုတ်ဘူးလို့ ထင်တာပါ။ အကယ်၍ ချန်ချန်က ကျွန်တော့်ရဲ့လေးစားမှုကို ခံစားချင်တယ်ဆိုရင်၊ ကျွန်တော်တို့ သီးသန့်နေရာတစ်ခု စီစဉ်ပြီး စကားပြောကြမလား။”
ဝူယွမ်က အေးဆေး တည်ငြိမ်စွာပြောလိုက်ပြီး ယုတ်မာသောအပြုံးတစ်ခု နှုတ်ခမ်းတွင် ပေါ်လာသည်။
“ရှင်.. ရှင်။”
မူချန်ချန်က ခဏတာ စကားမပြောနိုင်ဖြစ်သွားပြီး။ သူမ၏ ဦးဆောင်မှုကို ဝူယွမ်က လုံးဝလက်ဝါးကြီးအုပ်သွားသည်။ အခြားတစ်ဖက်က သူမ၏အလှကို လျစ်လျူရှုခြင်းမဟုတ်သော်လည်း၊ သူက သူမ ဖမ်းစားတာမခံဘဲ၊ အဲ့အစာူ အနည်းငယ်ပေါ့ပျက်ပျက် ပြောဆိုဆက်ဆံခဲ့သည်။
သို့သော် သူမက သူမ၏မျက်နှာအမူအရာကို ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့ပြီး ဆွဲဆောင်မှုရှိသောအပြုံးဖြင့် ပြောဆိုခဲ့သည်။
“ဟီးဟှး၊ စိတ်ဝင်စားစရာပဲ။ ဒါဆိုရင် ရှင့်ရဲ့ဖိတ်ကြားချက်ကို စောင့်နေမယ်။”
ပြောပြီးနောက်၊ သူမက မဟာနတ်ဆိုးဂိတ်မှ လူများကို ဦးဆောင်ကာ လေလံခန်းမအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
မုချန်ချန်နှင့် သူမ၏အဖွဲ့ ထွက်ခွာသွားပြီးနောက်၊ လူအုပ်စုတစ်စုက နောက်မှချက်ချင်းလိုက်လာသည်။ ဤလူများက အားကောင်းသော ဝိညာဉ်စွမ်းအင်များ ပိုင်ဆိုင်ထားကြပြီး၊ ဝူယွမ် မျက်ခုံးကြုတ်သွားသည်၊ သူက ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များသည် အေးစက်ပြီး သေဆုံးမှု၏လေထုကို သယ်ဆောင်လာကာ၊ သာမန်ဝိညာဉ်စွမ်းအင်ကဲ့သို့ စင်ကြယ်သည့် ပုံသဏ္ဍန်မရှိကြောင်း ခံစားမိသည်။
ရုတ်တရက်၊ ပတ်ဝန်းကျင်ရှိ လေထုက ပိုမိုအေးစက်လာပြီး၊ မုချန်ချန်ကြောင့် လောင်ကျွမ်းလာခဲ့သော မကောင်းသောမီးများသည် လျင်မြန်စွာ ငြိမ်းသတ်ခံလိုက်ရသည်။
မူချန်ချန်နှင့် ဆန့်ကျင်ဘက်အနေဖြင့်၊ ဤလူများက ‘ဝေးဝေးမှာနေပါ’ ဟူသော လေထုကို ပေးခဲ့သည်။
“မြန်မြန်၊ ဘေးဖယ်၊ သူတို့က ယင်ရုပ်သေးဂိုဏ်းက လူတွေဘဲ။”
ဤလူအုပ်စုသည်လည်း ဝူယွမ်ဆီသို့ တိုက်ရိုက်လမ်းလျှောက်လာခဲ့သည်။ သူတို့ကို ဦးဆောင်သူမှာ အသက် နှစ်ဆယ့်ငါး၊နှစ်ဆယ့်ခြောက် နှစ်ရှိပုံရသော လူငယ်တစ်ဦးဖြစ်သည်။ သူ့တွင် ချောမောသော ရုပ်ရည်ရှိပြီး၊ ထူးဆန်းကာ ဖြူဖျော့သည့် အသားအရေနှင့်၊ နှုတ်ခမ်းတွင် အမြဲတမ်းအပြုံးရှိနေသည်။ သို့သော် ဤအပြုံးက၊ သူ၏အေးစက်သော လေထုနှင့် ပေါင်းစပ်လိုက်သောအခါ၊ လူများကို တုန်လှုပ်စေခဲ့သည်။
အနီးအနားရှိ တိုးတိုးတိတ်တိတ်စကားများမှ၊ ဝူယွမ်က လူငယ်၏ ကိုယ်ပိုင်လက္ခဏာကို သိရှိခဲ့သည်၊ သူ၏အမည်မှာ ဟွမ်းကျောင်းဖြစ်ပြီး၊ ယင်ရုပ်သေးဂိုဏ်းမှ အကြီးအကဲတစ်ဦး၏ သားဖြစ်ကာ၊ တာ့ခွိုင်မြို့တွင် တည်ရှိသော ယင်ရုပ်သေးဂိုဏ်း၏ အသက်အငယ်ဆုံး ကာကွယ်သူ ဖြစ်ကာ သူ၏အဆင့်အတန်းသည် အတန်ငယ်မြင့်မားသည်။
ဟွမ်းကျောင်းလား။
ဝူယွမ်က ထိုလူကို မှတ်မိသွားသည်၊ မူရင်းဝတ္ထုတွင် သူက လင်းတုန်၏ အတွေ့အကြုံအထုပ်များထဲမှ တစ်ခုဖြစ်သည်။
ဟွမ်းကျောင်းက ဝူယွမ်ထံသို့ လမ်းလျှောက်လာပြီး၊ သူ၏အကြည့်က ပထမဦးစွာ ဘင်အဲနှင့် ဟွာအဲ ညီအမ နှစ်ဦးကို ဖြတ်သန်းသွားသည်။
ဂုဏ်သိက္ခာရှိ ယင်ရုပ်သေးကိုင်း၏ အငယ်ဆုံး ကာကွယ်သူဖြစ်သော သူသည်ပင်၊ သိုင်းအဖွဲ့ချုပ်သို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့သော်လည်း၊ ဤညီအမ နှစ်ဦးထံမှ ကိုယ်တိုင်ဧည့်ခံခြင်း မခံခဲ့ရပေ။
ဤလူငယ်နှစ်ဦးတွင် မည်သည့်အရည်အချင်းများ ရှိသနည်း။
ပို၍ပင် မုန်းတီးဖွယ်ကောင်းသည်မှာ၊ အစောက မူချန်ချန်သည် သူနှင့် အတော်လေးနီးနီကပ်ကပ်ရှိခဲ့ပြီး၊ သူ့အား ကြင်ကြင်နာနာ ဆက်ဆံပြခဲ့သည်။
ဟွမ်းကျောင်းသည် မကျေမနပ်ဖြစ်ကာ၊ သူ၏မျက်လုံးများက အေးစက်ပြီး မနာလိုမှုနှင့် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေကာ ပြောလိုက်သည်။
“ကောင်လေး မင်းက ရုပ်လေးတော့ချောပါတယ် ဒါပေမယ့် ကံမကောင်းတာက၊ ချန်ချန်က မင်းပိုင်ဆိုင်လို့ရနိုင်တဲ့ လူမျိုးမဟုတ်ဘူး။ ကိုယ့်ကိုကိုယ် သိတယ်ဆို တာ့ခွိုင်မြို့ကနေ ထွက်သွားပါ။”
ဝူယွမ်က သူ့ခါးပတ်တွင် ချိတ်ထားသော အဆင့်မြင့် သိုလှောင်အိတ်ကို ကြည့်ကာ၊ သူ့အား ပြုံးပြလိုက်ပြီး၊ ဘာမျှမပြောဘဲ၊ ခေါင်းညိတ်လိုက်သည်။
ဤအတွေ့အကြုံအထုပ်က ရယူရန်ထိုက်တန်ပုံရသည်။
ဟွမ်းကျောင်းက ဝူယွမ် ကြောက်သွားသည်ဟုထင်ပြီး နှာမှုတ်ကာ မာန်မာနဖြင့် သူတို့ကို ဖြတ်သန်းသွားခဲ့သည်။
“အစ်ကိုကြီး၊ ဒီခွေးလို တစ်ကောင်က လူတွေကို အနိုင်ကျင့်နေတယ်။ သူ့ကို ရိုက်သင့်လား။”
လင်းတုန်က ဟွမ်းကျောင်းကို စိုက်ကြည့်ကာ၊ နည်းနည်းဒေါသထွက်နေပြီး၊ အသံလွှင့်ပြောလိုက်သည်။
“ညီနှစ် ဒီလို ခါးသီးတဲ့အကြည့်မျိုးတွေနဲ့ မကြည့်ပါနဲ့။ ဒါက အတွေ့အကြုံအထုပ်ကြီးဘဲ၊ မင်း ကျေးဇူးတင်သင့်တယ်။”
ဝူယွမ်က ခေါင်းခါကာ၊ ညီအမ နှစ်ဦးကို ပွေ့ဖက်ရင်း ခန့်ညားစွာဖြင့် ခန်းမအတွင်းသို့ လမ်းလျှောက်ဝင်သွားသည်။
“ရှောင်တျောင်း၊ အစ်ကိုကြီးက ဘာကိုဆိုလိုတာလဲ။” လင်းတုန်သည် လုံးဝမသိနိုင်ခဲ့ပေ။ “အတွေ့အကြုံအထုပ်ဆိုတာဘာကြီးလဲ၊ဘာလို့ ကျေးဇူးတင်သင့်တာလဲ။”
“အင်း၊ အစ်ကိုကြီးရဲ့စကားတွေက အကြောင်းပြချက်ရှိတာသေချာတယ်။ မင်းအခုနားမလည်သေးဘူး၊ ဒါပေမယ့် နားလည်ဖို့ အချိန်အနည်းငယ်လိုတယ်။ နောက်ပိုင်းမှာ နားလည်သွားလိမ့်မယ်။” ရှောင်တျောင်းက သူလည်း နားမလည်ပေမဲ့ ရှင်းပြလိုက်သည်။
“အိုး မကောင်းဘူး၊ အစ်ကိုကြီးက ကျွန်တော့်ဟွာအဲကိုလည်း ပွေ့ထားတယ်။”
လင်းတုန်က သူ့ခေါင်းကို လက်နဲ့ ရိုက်ကာ မြန်မြန်ပြေးလိုက်သွားသည်။