← Chapters

နာမည်ပေးညံ့ဖျင်းသူဝူယွမ်

Vol. 2 Ch. 14

နာမည်ပေးညံ့ဖျင်းသူဝူယွမ်

Vol. 2 Ch. 14

ဤမြင်ကွင်းသည် လူအားလုံးကို အံ့အားသင့် တုန်လှုပ်သွားစေခဲ့သည်။

“လိန်လီ၊ ဘယ်လိုလုပ်သူဖြစ်နေတာလဲ။”

“သူဘာကြောင့် လှုပ်ရှားမှုမရှိဘဲ ဒူးထောက်နေရတာလဲ။”

“ဒီဝူယွမ်သည်တစ်ကယ် သတ္တိရှိပြီး အစွမ်းအစရှိတာဘဲ၊ လိန်မိသားစုကို တောင်ဒီလိုအရှက်ရအောင် လုပ်ရဲတယ်။”

...လိန်လီက ဒူးထောက်နေပြီး

ဝူယွမ်ကရပ်နေသည်။

ဤသည်မှာရှုံးနိမ့်ခြင်းတစ်ခုတည်းသာမက၊ စော်ကားခြင်းတစ်ရပ်ပင် ဖြစ်သည်။

“လီအာ။”

လိန်ပေါင်သည်ကျောက်စင်ရင်ပြင်ပေါ်သို့ တိုက်ရိုက်ခုန်ဆင်းလာကာ ဝူယွမ်ကို လက်ဝါးတစ်ချက်ရိုက်နှက်လိုက်သည်။

“ မကောင်းဆိုးဝါးလေး၊မင်းလွန်လွန်းသွားပြီ။”

အခြားတစ်ဖက်တွင် လုံချန်းလည်း အံ့အားသင့်သွားခဲ့သည်၊ လိန်ပေါင်သည် လူငယ်တစ်ဦးကို တိုက်ခိုက်လိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပေ။

“ယွမ်အာ၊သတိထား။”

သူသည်အော်ဟစ်ရင်း ဆင်းသက်လာခဲ့သည်။

“အဖိုးကြီး၊မင်း အသက်ကြီးပြီးအချိန်မစီးတာဘဲ လူငယ်တစ်ဦးကို တိုက်ခိုက်နေရသလား။”

ဝူယွမ်၏ နှလုံးခုန်နှုန်းပြင်းထန်လာကာ ချက်ချင်းပင် တစ္ဆေအရိပ်လှည့်စားခြင်း ပညာကို အသုံးပြု၍ ရှောင်ရှားလိုက်သည်၊ ထို့အတူ ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းကိုပါ အပြည့်အဝလည်ပတ်လိုက်သည်။ လက်များသည် ကျောက်စိမ်းကဲ့သို့ ဖြူလာပြီး အပြာရောင်အလင်းများ ဖုံးလွှမ်းသွားခဲ့သည်။

မှော်ကျောက်စိမ်းလက်။

ဝူယွမ်သည်သူ၏ လက်ဝါးစွမ်းအင်အားလုံးကို အစွမ်းကုန် ထုတ်လွှတ်ခုခံလိုက်သည်။

တပြိုင်တည်း သူသည် စွမ်းအားပြင်းနတ်ဆိုးမျက်စိမှတစ်ဆင့် ပြိုင်ဘက်တိုက်ခိုက်မှုကို စောင့်ကြည့်ပြီး တစ္ဆေအရိပ်လှည့်စားခြင်းဖြင့် နေရာလျင်မြန်စွာ ရွေ့လျားကာ အားသာချက်ရှိသော နေရာတစ်ခုရှာဖွေပြီး ရှောင်ရှားလိုက်ကာ ပြိုင်ဘက်၏စွမ်းအားကိုချေဖျက် ဖြေရှင်းလိုက်သည်။

ယွမ်မြေကြီးနယ်ပယ်အလယ်အလတ်အဆင့် စွမ်းအားကို သူထပ်မံဖုံးကွယ်မထားရဲတော့ပေ။

ခဏအတွင်းမှာပင်ဝူယွမ်သည် သူ၏စွမ်းရည်အားလုံးကို ထုတ်သုံးလိုက်သည်။

“ဗုံး။”

ကြီးမားသောယွမ်စွမ်းအင်လက်ဝါးကြီးသည် ဝူယွမ်ကို ကျောက်စင်ပြင်ပေါ်မှ တိုက်ရိုက်ခုတ်ချလိုက်ပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။

“ယွမ်အာ!..။”

လုံချန်း သည်ညိုးနွမ်းစွာအော်ဟစ်လိုက်သည်။

လိန်ပေါင်ကဲ့သို့ ယွမ်ကောင်းကင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ လက်ဝါးဒဏ်ကိုတိုက်ရိုက် ခံရခြင်းသည် သာမန်တိုက်ခိုက်မှုတစ်ခုဆိုရင်တောင် ယွမ်မြေကြီးနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအား ပြင်းထန်စွာဒဏ်ရာရစေရန် သို့မဟုတ် သေဆုံးစေရန်ပင် လုံလောက်သည်။

ဝူယွမ်အသက်ရှင်နိုင်ခြေနည်းပါးသည်။

“လိန်ပေါင်၊အဖိုးကြီး ငါမင်းနဲ့ မသေမချင်းတိုက်မယ်။”

လုံချန်း ရူးသွပ်သွားခဲ့သည်။ အမျက်ဒေါသလုံချန်းဟူသော �绰号(လုံချန်း=အမျက်ဒေါသ) အမည်သည်အလကားမဟုတ်ပေ။ သူသည် ချက်ချင်းပင် သူ၏အစွမ်းဆုံး မိုးကြိုးမုန်တိုင်း‌ဆေဘာဓားပညာရပ်ကို အသုံးပြုကာ လိန်ပေါင်နှင့် တိုက်ခိုက်ခဲ့သည်။

သူတို့နှစ်ဦး၏တိုက်ပွဲသည် ဝူယွမ်နှင့် လိန်လီတို့၏ တိုက်ပွဲထက် ပိုမိုပြင်းထန်ခဲ့သည်။

ယွမ်ကောင်းကင်နယ်ပယ်အမြင့်ဆုံးအဆင့် ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်မှု နောက်ဆက်တွဲ လှိုင်းများကြောင့် ကျောက်စင်ရင်ပြင်ပင်အက်ကွဲသွားခဲ့သည်။

လိန်ပေါင်သည်လုံချန်းကို လက်ဝါးတစ်ချက်ရိုက်နှက်လိုက်သည်။

သို့သော်လုံချန်းသည် သေရမည်မကြောက်သကဲ့သို့ မ‌ရှောင်ဘဲ ပြန်လည်တိုက်ခိုက်ခဲ့ပြီး သူ့အသက်ကို ဂရုမစိုက်တော့ပေ။

“ဝှစ်”။

ဓားတစ်ချက် လိန်ပေါင်၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားခဲ့သည်။

ဒဏ်ရာချင်းလဲလှယ်ခြင်းဖြစ်သည်။

“ရပ်လိုက်!..။”

ပွဲစဉ်ကိုကြီးကြပ်ရေးမှူးအဖြစ်တာဝန်ယူထားသော အဖိုးကြီးက အော်ဟစ်ကာ လင်းကျဲ့တျန်းနှင့် ရှဲ့ချန်းတို့အား သူတို့နှစ်ဦးကို ခွဲဖို့ကူညီရန် ပြောဆိုခဲ့သည်။

“မြန်မြန်လေး၊သူတို့ကိုရပ်တန့်‌ပေးပါ။”

လင်းကျဲ့တျန်း-“ခန်းမသခင် လုံချန်း၊ အရင်ဆုံး ဝူယွမ်ကိုသွားကြည့်ပါအုံး။”

ရှဲ့ချန်း-“လိန်ညီလေး၊ အရင်ဆုံး လိန်လီကိုသွားကြည့်ပါအုံး။”

ထိုအချိန်တွင် လုံထန်သည် ဝူယွမ်ကို မတ်တတ်ရပ်နိုင်အောင် သွားရောက်ကူညီခဲ့ပြီးဖြစ်သည်။ ဝူယွမ်သည် ချောင်းဆိုး သွေးအန်လိုက်သည်။

“အဟွတ် အဟွတ်...ဆရာ၊ ကျွန်တော်အဆင်ပြေပါတယ်။”

“ယွမ်အာ။”

လုံချန်း ပြေးဝင်လာပြီး သူ့ဒဏ်ရာများကိုဂရုတစိုက် စစ်ဆေးခဲ့သည်။

“ယွမ်မြေကြီးနယ်ပယ်အလယ်အလတ်အဆင့်၊ သူ့လက်ဝါးဒဏ်ကိုခံရပြီး မင်း မသေ‌သေးဘဲ ရှင်နေသေးတာ မဆန်းပါဘူး။”

လုံချန်းသည်နောက်ဆုံးတွင် ဝူယွမ်၏စွမ်းအားကို တွေ့ခဲ့ရပြီး သူ့ကို အားရကျေနပ်စွာဖြင့် ကြည့်လိုက်သည်။

အခြားတစ်ဖက်တွင် လိန်ပေါင်သည်လည်း လိန်လီကို စစ်ဆေးရန် သွားရောက်ခဲ့သည်။ လိန်လီသည် သူ၏ယွမ်အားကုန်ခမ်းသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သေလောက်အောင် ဒဏ်ရာမရဘဲ သတိလစ်သွားခြင်းဖြစ်သည်။ သို့သော်... လိန်ပေါင်သည် လိန်လီ၏ညာလက်ကို ကောက်ယူကာ မှောင်မိုက်သောအသံဖြင့် ပြောဆိုလိုက်သည်။

“ဒီဘက်လက်က အလုပ်မလုပ်တော့ဘူး။”

လိန်လီ၏လက်ကို တစ်ခြမ်းခွဲထားသည်။

ဖြတ်တောက်မှုသည် တိကြလှသည်။

ဒဏ်ရာကိုကြည့်ချင်းဖြင့် ဓားကိုင်သူသည် လျင်မြန်စွာဆုံးဖြတ်ချက်ချမှတ်နိုင်ပြီး မတားဆီးနိုင်ကြောင်း သက်သေပြ‌နေသည်။

ဆိုလိုသည်မှာနောက်ဆုံးတိုက်ခိုက်မှုတွင်၊

လိန်လီ၏လက်သည်လုံးဝကြေမွသွားခဲ့သည်။

“ပေါင်ညီလေး၊ဝူယွမ်... မသေသေးဘူး။”

ရှဲ့ချန်းသည် လိန်ပေါင်၏နားထဲသို့ တိုးတိုးတိတ်တိတ်ပြောဆိုခဲ့သည်။

လိန်ပေါင်-“ငါ‌စောနက တိုက်ခိုက်တုန်းက သူ ယွမ်မြေကြီးနယ်ပယ် အလယ်အလတ်အဆင့်ကိုရောက်နေပြီဆိုတာ သတိထားမိတယ်၊။ ဒီကလေးရဲ့ပါရမီက ကြောက်စရာကောင်းလွန်းတယ်၊ သူ့ကိုအသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး။”

“လင်းတုန်လည်းပါတယ်။” ရှဲ့ချန်းသည် ခေါင်းညိတ်သဘောတူလိုက်သည်။

လင်းတုန်းသည် ရှဲ့ရင်ရင်အား ကျောက်စင်ရင်ပြင်ပေါ်မှ လက်ဝါးနှစ်ချောင်းဖြင့် ပစ်ချကာ လွယ်လွယ်ကူကူ အနိုင်ရခဲ့သည်။

“လိန်ပေါင်၊အဖိုးကြီး၊ မင်းက ယုတ်ညံ့ပြီး အရှက်မရှိတာဘဲ။ သတ္တိရှိရင် ငါနှင့်တစ်ဦးချင်းတိုက်မယ်။ လူငယ်တစ်ဦးကို တိုက်ခိုက်ခြင်းက လုပ်သင့်တဲ့လုပ်ရပ်လား။”

ဝူယွမ်၏ ဒဏ်ရာများ သိပ်ပြင်းထန်မှုမရှိကြောင်း သေချာပြီးနောက် လုံချန်းသည် ချက်ချင်းပင် လိန်မိသားစုကို ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်ခဲ့သည်။

ရူးသွပ်ဓားသိုင်းခန်းမသည်လင်းမိသားစုကဲ့သို့မဟုတ်ပေ။ သူတို့သည် သည်းခံရသည်လုံးဝမကြိုက်ကြပေ။

“ဆရာ၊ကျွန်တော်တို့ရမယ့်လောင်းကြေးကို အရင်ယူကြတာပေါ့။ ဒီလက်ဝါး အကြွေးကိုတော့ နောက်မှဖြည်းဖြည်းချင်းပြန်ယူမယ်။”

ဝူယွမ်သည် လုံချန်းကိုသတိပေးခဲ့သည်။

သူ၏ရည်မှန်းချက်မှာ လိန်မိသားစု၏ သံမြေကျေးရွာကို ရရှိရန်ဖြစ်သည်။ ယခုအချိန်တွင် ရန်သူဖြစ်သွားပါက ဘာမျှမရရှိနိုင်တော့ပေ။

အဓိကအင်အားကြီးအုပ်စုလေးစုအနက်မှ လိန်နှင့် ရှဲ့မိသားစုနှစ်ခုသည် အနည်းငယ်ပိုမိုအားကောင်းနေဆဲဖြစ်သည်။

ယခုအချိန်တွင် အသက်ပေးတိုက်ခိုက်ခြင်းမျိုး မလုပ်သင့်ပေ။

ဝူယွမ်နှင့် လင်းတုန်းတို့၏ ကြီးထွားမှုနှုန်းဖြင့်ဆိုလျှင် ထိုမိသားစုနှစ်ခုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် သိပ်မကြာတော့ပေ။

ဝူယွမ်သည်လိန်ပေါင်၏ လက်ဝါးဒဏ်ရာ အကြွေးကို ကိုယ်တိုင်ပြန်လည် ပေးဆပ်ခိုင်းမည်ဖြစ်သည်။

“ပြိုင်ပွဲရလဒ်ကို အခုကြေညာလို့ရပြီလား။”

လုံထန်က ပွဲစဉ်ကိုကြီးကြပ်ရေးမှူးအဖြစ်တာဝန်ယူထားသော အဖိုးကြီးအား ပြောဆိုခဲ့သည်။

“ဝူယွမ်နှင့်လင်းတုန်း အနိုင်ရတယ်။”

“ဆရာ ၊သံမြေကျေးရွာနှင့် ပိုးချည်ဆိုင်ကို ဒီနေ့ဘဲ လက်လွှဲအပ်နှံဖို့ရာ သေချာပြောလိုက်ပါ” ဟု ဝူယွမ်သည် ဆေးတစ်လုံးမျိုချကာ တိုးတိုးတိတ်တိတ်ပြောဆိုခဲ့သည်။

“ဟုတ်ပီ”လုံချန်းသည် ခေါင်းညိတ်ခဲ့သည်။

ယနေ့အရှုပ်တော်ပုံပြီးနောက် နှစ်ဖက်ဆက်ဆံရေးသည် စစ်ပွဲဖြစ်လုနီးပါးရှိလာခဲ့သည်။

ဒီအချိန်တွင်သံမြေရွာလက်လွှဲအပ်နှံမှုကို မပြီးပြတ်စေပါက နောက်ပိုင်းတွင် ပိုမိုဒုက္ခရောက်လာနိုင်သည်။

လုံချန်းနှင့်လင်းကျဲ့တျန်းတို့သည် ချက်ချင်းပင် လောင်းကြေးကိုအပြည့်အ၀ တောင်းဆိုခဲ့ကြသည်။ လူအုပ်ရှေ့မှောက်တွင် လိန်နှင့် ရှဲ့မိသားစုများ ကတိဖျက်ပါက လူရယ်စရာဖြစ်လာမည်ဖြစ်ရာ လောင်းကြေးပေးရန် ငြင်းလို့မရတော့ပေ။

အမဲလိုက်ပြိုင်ပွဲအပြီး၊ ပြိုင်ကွင်းမှ ထွက်ခွာလာပြီးနောက်။

“ဒီတစ်ကြိမ် မင်းတော်တော်ဒုက္ခရောက်ခဲ့ရတယ်။ စိတ်မပူနဲ့၊ ဆရာက မင်းအတွက်ဒီလက်ဝါးဒဏ်ကို သေချာပေါက်ပြန်ပေးဆပ်ခိုင်းမယ်” လုံချန်းက အပြည့်အ၀ ကာကွယ်စောင့်ရှောက်မည့်သဘောဖြင့် ပြောဆိုခဲ့သည်။

“ဆရာ စိတ်မပူပါနဲ့၊ကျွန်တော့်ထက်စာရင် လိန်လီက ပိုဆိုးတယ်။”

ဝူယွမ်သည် သွေးများခဏခဏအန်ထုတ်ခဲ့ရသော်လည်း သူ၏ဒဏ်ရာများသည် အမှန်တကယ်တော့ သိပ်မဆိုးရွားပါ။

လိန်ပေါင်၏လက်ဝါးသည် သာမန်တိုက်ခိုက်မှုတစ်ခုသာဖြစ်ပြီး သိုင်းပညာမပါဝင်ပေ။

ထို့အပြင်ဝူယွမ်သည် တိုက်ခိုက်မှုစွမ်းအားအများစုကို ဖြေရှင်းရန် ပညာရပ်အမျိုးမျိုးကို အသုံးပြုခဲ့ပြီး ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းမှ ထုတ်ပေးသော မကုန်ဆုံးနိုင်သည့် ယွမ်စွမ်းအင်သည် ဝူယွမ်၏ဒဏ်ရာများကို ဆက်တိုက်ပြန်လည်ကောင်းမွန်စေရန် အကူအညီပေးခဲ့သည်။

“အစ်ကိုကြီး၊ ဒါသောက်လိုက်” လင်းတုန်းသည် ဝူယွမ်၏ဘေးသို့ တိတ်တဆိတ်ရောက်ရှိလာကာ သူစုဆောင်းထားသော ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်ကို ပေးအပ်ခဲ့သည်။

“အိုကေ”ဝူယွမ်သည် ယူပြီး သောက်လိုက်သည်။

ကျောက်လက်ဖွဲ့ ၀ိညာဥ်ဆေးရည်သည် ဒဏ်ရာပျောက်ကင်းခြင်း အာနိသင်အလွန်ပြင်းထန်သည်။

အရင်ကတည်းက လင်းတုန်းသည်လင်းရှောင်၏ ဒဏ်ရာအဟောင်းများ ပျောက်ကင်းကာ စွမ်းအားပြန်လည်ရရှိစေရန် လျှို့ဝှက်စွာ ကျောက်လက်ဖွဲ့ ၀ိညာဥ်ဆေးရည်ကို အသုံးပြုခဲ့သည်၊ လင်းရှောင်သည် ယခင်က ယွမ်ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့သည်။

ထို့ကြောင့်ဝူယွမ်အသုံးပြုသည့်အခါတွင် ပျောက်ကင်းခြင်းအာနိသင်သည် ပိုမိုအကျိုးသက်ရောက်မှုရှိကာ ခဏအတွင်းမှာပင် သူ၏ဒဏ်ရာများကို တည်ငြိမ်စေခဲ့သည်။

နောက်ပိုင်းတွင် လုံချန်းနှင့် လင်းကျဲ့တျန်းတို့သည် လိန်နှင့် ရှဲ့မိသားစုများ၏လုပ်ငန်းများကို သိမ်းပိုက်ရန် အတူတကွတိုင်ပင်ဆွေးနွေးခဲ့ကြသည်။

ရူးသွပ်ဓားသိုင်းခန်းမသည်သံမြေကျေးရွာကို သိမ်းပိုက်ရန်အတွက် တာဝန်ရှိသည်။

လင်းမိသားစုသည် ပိုးချည်ဆိုင်ကိုသိမ်းပိုက်ရန်အတွက် တာဝန်ရှိသည်။

သူတို့နှစ်ဦးသည်ကိုယ်တိုင်လုပ်ဆောင်ခဲ့ကြပြီး အတင်းသွားရောက်သိမ်းပိုက်ခဲ့ကြသည်။

ဒီလိုနှင့် အမဲလိုက်ပွဲပြီးဆုံးသွားခဲ့သည်။

ချင်းယန်မြို့သည်အပြင်ပန်းအားဖြင့် အေးဆေးတည်ငြိမ်သွားခဲ့သည်။

သို့သော်အတွင်းပိုင်တွင် လှိုင်းလုံးကြီးများရိုက်ခတ်နေဆဲဖြစ်သည်။

အဓိကအင်အားကြီးအုပ်စုလေးစုကြားရှိ ပဋိပက္ခများသည် ဖြေရှင်းမရတော့သည့် အဆင့်သို့ရောက်ရှိသွားခဲ့သည်။ မဟာမိတ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဖျက်ဆီးရန်ကြိုးစားနေကြသည်။

ဤအချိန်တွင် ဝူယွမ်သည် သူ၏မီးကျားသကလေးကို လေ့လာနေခဲ့သည်။

“မင်းကိုဘာနာမည်ပေးရမလဲ။”

ဝူယွမ်သည် မီးခိုးရောင်ကျားလေးကို ကိုင်ထားသည်။ထိုမီးခိုးရောင်ကျား၏ နားရွက်များသည် အခြားနှစ်ကောင်ထက် အနည်းငယ်ကြီးမားနေသည်။ မျက်လုံးများသည်လည်းကြီးမားပြီး ဝိုင်းစက်နေကာ စွမ်းအားပြည့်ဝနေသည်။ ဝူယွမ်သည် ပထမဆုံးမြင်သည့်အချိန်တွင်ပင် သဘောကျခဲ့သည်။

အလားအလာကိုဘေးဖယ်ထားလျှင်၊ သူ့လက်ထဲကကောင်လေးသည် အမှန်တကယ်ပိုလှသည်။

ထို့အပြင်ဝူယွမ်သည် အလားအလာကို ထည့်သွင်းစဉ်းစားရန်မလိုအပ်ပေ၊ ထို့ကြောင့် သူ သဘောကျရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အလားအလာရှိသော သားရဲလေးများကို အခြားနှစ်ယောက်ထံပေးခဲ့သည်ဟု ထင်ရသော်လည်း အမှန်တွင် သူကြိုက်နှစ်သက်ရာကိုရရှိရန်လည်းဖြစ်သည်။

တစ်ချက်တည်းနဲ့နှင့်ငှက်သုံးကောင်ပစ်ခြင်း။

မဟာမိတ်သုံးယောက်လုံး ကျေနပ်အားရခဲ့ကြရသည်။

သူသည် မီးကျားကလေးကို အလွန်နှစ်သက်ခဲ့သည်။

ကျားကလေးသုံးကောင်လုံးသည်အသင့်တော်ဆုံးပိုင်ရှင်များရရှိခဲ့ကြသည်။

ဝူယွမ်သည်ရုတ်တရက်စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူသည် အမည်ပေးခြင်းကိစ္စတွင် အလွန်ညံ့ဖျင်းသူဖြစ်သည်။

သူ့အတွက်နာမည်ကောင်းတစ်ခု ကူညီစဉ်းစားပေးနိုင်မဲ့ ကြင်နာတတ်သောသူတစ်ဦးရှိလျှင် ကောင်းမည်။

All Chapters