အခန်း (၃၈၉-၃၉၀)
Vol. 39 Ch. 389-390
အခန်း (၃၈၉) - ဝါးမျိုခြင်း အလောင်းကောင်ကို သန့်စင်ရန် ပစ္စည်းများ(၁)
မိုးကြိုးလေဝဲကတော့ကို မြင်သောအခါ ဝူယွမ်နှင့် အခြားသူများ အနည်းငယ် အံ့အားသင့်သွားကြသည်။
သူတို့နောက်မှ လိုက်ပါလာသော လူအုပ်ကြီးမှာမူ ပို၍ပင် ကြောက်ရွံ့နေကြသည်။
ဝုန်းးး။
လေဝဲကတော့ပုံသဏ္ဌာန် မိုးကြိုးတိမ်တိုက်ထဲတွင် မျက်စိကျိန်းမတတ် တောက်ပသော မိုးကြိုးအရည်များက ကောင်းကင်ယံမြစ်တစ်ခုပမာ အောက်သို့ ကျဆင်းလာရာ ကောင်းကင်တွင် ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသကဲ့သို့ ဖြစ်နေသည်။
မိုးကြိုးအရည်များ ရုတ်တရက် အောက်သို့ ကျဆင်းလာသည်နှင့်အမျှ ၎င်းလွှမ်းခြုံသွားသော နေရာရှိ အစွမ်းထက်ပုဂ္ဂိုလ် တစ်ရာနီးပါးခန့် ချက်ချင်း နစ်မြုပ်သွားကြသည်။
ဤတစ်ကြိမ်တွင် သူတို့သည် အော်ဟစ်သံတစ်ခုမျှပင် မထုတ်နိုင်ခဲ့ဘဲ သူတို့၏ခန္ဓာကိုယ်များနှင့် အရိုးများမှာ မိုးကြိုးအရည်ထဲတွင် လုံးဝပျောက်ကွယ်သွားကြကာ သူတို့၏ဝိညာဉ်များ လွတ်မြောက်ရန်ပင် အချိန်မရလိုက်ဘဲ ဗလာနတ္တိအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။
ဝူယွမ်နှင့် သူ၏အဖော်လေးဦးမှာ အလွန်လျင်မြန်စွာ လှုပ်ရှားကြပြီး တဖျပ်ဖျပ်လက်သွားခြင်း အနည်းငယ်ဖြင့် ရွာသွန်းနေသော မိုးကြိုးအရည်များကို ရှောင်တိမ်းနိုင်ခဲ့ကြသည်။
သို့သော်လည်း အခြားသူများမှာ ထိုမျှကံမကောင်းကြပေ။ မိုးကြိုးအရည် ရေတံခွန်၏ ဖမ်းဆီးခြင်းကို ခံရသူ မည်သူမဆို ထိတွေ့မိသည်နှင့် ဆိုးရွားသော အဆုံးသတ်နှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်။
“နောက်ထပ် မိုးကြိုးအရည်ရေတံခွန်တစ်ခု၊ ပြေးကြ”
“ဒီမှာလည်း ပေါ်လာပြန်ပြီ၊ သေစမ်း၊ ဒါက မိုးကြိုးအရည်ရေတံခွန် အစုအဝေးကြီးပဲ”
“သေစမ်း၊ ဒီလိုဆိုးရွားတဲ့အရာနဲ့ ဘယ်လိုလုပ် ကြုံရတာလဲ၊ ငါတို့ လုံးဝ ဖြတ်သွားလို့မရတော့ဘူး”
သူတို့က ကျိန်ဆဲကာ အဆက်မပြတ် ရှောင်တိမ်းနေကြသည်။
သို့သော်လည်း မိုးကြိုးအရည်ရေတံခွန် အစုအဝေး ဖုံးလွှမ်းထားသော ဧရိယာမှာ ကြီးမားလွန်းလှပြီး မိုးကြိုးအရည်၏အစွမ်းကို တိုက်ရိုက် ခံယူရသော ကံမကောင်းသူများ အမြဲတမ်း ရှိနေသည်။
ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်အောက်ရှိ မည်သူမဆို ဤကဲ့သို့သော မိုးကြိုးအရည်မျိုးကို မခံနိုင်ပေ။
ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်တွင် ရှိသူများပင်လျှင် မိုးကြိုးအရည် ထိမှန်ပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိမည်ဖြစ်သည်။
ရတနာရှာဖွေရန် ထွက်လာသောအခါ သေဆုံးရန် ပြင်ဆင်ထားရမည်ဖြစ်သည်။ ၎င်းကိုယ်တိုင်က အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
ဝူယွမ်နှင့် သူ၏အဖွဲ့က ဤလူများကို လုံးဝလျစ်လျူရှုကာ သူတို့ဘာသာ ပိုမိုနက်ရှိုင်းသော နေရာသို့ ဆက်လက်သွားကြသည်။
သူတို့သည်လည်း မလွှဲမရှောင်သာ မိုးကြိုးအရည်များ၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရသည်။
သူတို့အတွက် ၎င်းက သေစေနိုင်လောက်သည့် အရာမဟုတ်သော်လည်း သာမန်နာကျင်မှုကိုမူ ရှောင်လွှဲ၍ မရနိုင်ပေ။
ပုံမှန်အားဖြင့် ဤကဲ့သို့သော မိုးကြိုးအရည်မျိုးကို ခန္ဓာကိုယ်သန့်စင်ရန်အတွက် အသုံးပြုနိုင်သည်။
သို့သော်လည်း ယခုအချိန်တွင် ကျင့်ကြံရန်အချိန်မရှိပေ။
ဝူယွမ်၏လက်ထဲတွင် ငွေရောင်စေတီလေးနှစ်ခု ရှိနေသည်။ ငွေရောင်စေတီလေးများသည် လျှို့ဝှက်ဂူကိုဖွင့်ရန် သော့များသာမက အတော်လေးကောင်းမွန်သော မိုးကြိုးစွမ်းအင်ပါရှိသည့် ဝိညာဉ်ရတနာများလည်း ဖြစ်ကြသည်။
၎င်းတို့ကို အသုံးပြုလိုက်သောအခါ ငွေရောင်စေတီလေးများသည် ရွာသွန်းနေသော မိုးကြိုးအရည်များကို ပိတ်ဆို့ထားနိုင်သည်။
ငွေရောင်စေတီလေး နှစ်ခုက သူတို့ကို ကာကွယ်ပေးထားသဖြင့် ဝူယွမ်နှင့် သူ၏အဖော်လေးဦးသည် အနက်ရှိုင်းဆုံးနေရာသို့ လွယ်ကူစွာ တိုက်ရိုက်ပျံသန်းသွားကြသည်။
အခြားသူများကမူ အားကျမှု၊ မနာလိုမှုနှင့် အမုန်းတရားများဖြင့်သာ ငေးကြည့်နေနိုင်ကြသည်။
အထူးသဖြင့် ဝူယွမ်၏ ငွေရောင်စေတီလေးကို လုယူခံခဲ့ရသော နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်းမှ လူများဖြစ်သည်။
ဤအချိန်တွင် သူတို့သည် ဤမိုးကြိုးအရည်ရေတံခွန်ကို ဖြတ်သန်းရန်အတွက် ကံတရားကိုသာ အားကိုးနိုင်တော့သည်။
“ဒီငွေရောင်စေတီလေးတွေက လူတွေကို ကာကွယ်ပေးနိုင်ပြီး ကောင်းကင်မိုးကြိုးပင်လယ်နယ်မြေကို အဟန့်အတားမရှိ ဖြတ်သန်းသွားလာနိုင်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ဝူယွမ်နှင့် သူ၏အဖွဲ့နောက်ရှိ ရွှမ်ထျန်းနန်းတော် အဖွဲ့တွင် လျှိုရှန်ရွှမ်၏ မျက်လုံးများက ဝူယွမ်နှင့် သူ၏အဖော်များ ငွေရောင်စေတီလေးများကို အသုံးပြုသည်ကို မြင်သောအခါ တောက်ပသွားသည်။
သူမသည် ရွှမ်ထျန်းနန်းတော် အဖွဲ့ကို ကာကွယ်ရန် သူမ၏ ငွေရောင်စေတီလေးကို ချက်ချင်းထုတ်ယူလိုက်ပြီး ဝူယွမ်နှင့် သူ၏အဖွဲ့နောက်သို့ အမီလိုက်သွားလေသည်။
နောက်ဆက်တွဲ ခရီးစဉ်အတွင်း ကောင်းကင်မိုးကြိုး ပင်လယ်နယ်မြေက ၎င်း၏ ကြောက်မက်ဖွယ်ဂုဏ်သတင်းကို ထပ်မံပြသခဲ့သည်။
မိုးကြိုးမုန်တိုင်း အမျိုးမျိုးက ကောင်းကင်ယံမှ ကျဆင်းလာပြီး ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက အစွမ်းထက်ပုဂ္ဂိုလ်အများအပြားကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်သွားစေသည်။
သို့သော်လည်း ဝူယွမ်နှင့် သူ၏အဖော်များသည် ငွေရောင်စေတီလေးများ၏ ကာကွယ်မှုဖြင့် အဟန့်အတားမရှိ ဆက်လက်သွားနိုင်ခဲ့ကြသည်။
တစ်ဝက်ခန့်ကြာပြီးနောက် သူတို့၏အရှိန်မှာ တဖြည်းဖြည်းနှေးကွေးသွားသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ရှေ့တွင် အပြောင်းအလဲတစ်ခု ရှိနေသောကြောင့်ဖြစ်သည်။
ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များမှာ မည်းနက်ရာမှ မျက်စိကျိန်းမတတ် ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လျှပ်စီးတန်းများက အောက်သို့ ထိုးစိုက်လာကာ ပင်လယ်ပြင်အနက်ထဲသို့ ပစ်လွှတ်ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေသည်။
အလယ်ဗဟိုတည့်တည့်တွင် ပေတစ်သောင်းခန့် ကြီးမားသော လျှပ်စီးတန်းကြီးတစ်ခု ရှိနေသည်။
ထိုမျှကြီးမားသော ဧရာမလျှပ်စီးတန်းကြီး၏ အလင်းရောင်အောက်တွင် ဝူယွမ်နှင့် အခြားရတနာရှာဖွေသူများမှာ ယုံကြည်နိုင်စရာမရှိလောက်အောင် သေးငယ်နေပုံရသည်။
“ဒါပဲ၊ လျှို့ဝှက်ဂူက လျှပ်စီးတန်းထဲမှာရှိတယ်” ဝူယွမ်က အလယ်ဗဟိုရှိ လျှပ်စီးတန်းကို ညွှန်ပြကာ ပြောလိုက်သည်။
ဤနေရာရှိ မြင်ကွင်းမှာ ယခင်က ငွေရောင်စေတီလေးအတွင်းတွင် သူ မြင်တွေ့ခဲ့ရသည့်အတိုင်း တစ်ထပ်တည်းပင်။
ခဏအကြာတွင် လျှိုရှန်ရွှမ်၏ ရွှမ်ထျန်းနန်းတော် အဖွဲ့လည်း ရောက်ရှိလာသည်။
“အစ်ကိုကြီး ဝူယွမ်၊ ရှင် တကယ်မြန်တာပဲ” လျှိုရှန်ရွှမ်က ပြုံးကာ ပြောလိုက်သည်။
“မိန်းမလှလေးလျှို ရောက်လာပြီဆိုမှတော့ စလိုက်ကြရအောင်” ဝူယွမ်က ငွေရောင်စေတီလေးနှစ်ခုကို ထုတ်ယူကာ လျှိုရှန်ရွှမ်ကိုကြည့်ရင်း ပြောလိုက်သည်။
သူ၏အသံ ဆုံးသွားသည်နှင့် လျှိုရှန်ရွှမ်ကလည်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။
သူမ၏ ကျောက်စိမ်းလက်လေးကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်စေတီငယ်လေးတစ်ခု တဖျပ်ဖျပ်လက်သွားသည်။ ၎င်းကိုမြင်သောအခါ လင်းတုန်က ခဏစဉ်းစားလိုက်ပြီး သူရရှိခဲ့သော ငွေရောင်စေတီငယ်လေးကို ထုတ်ယူလိုက်သည်။
ငွေရောင်စေတီလေးသုံးခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အလိုအလျောက်စုစည်းသွားကြပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်မှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။
မိုးခြိမ်းသံများက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ ငွေရောင်စေတီလေးများသည် ဤနေရာရှိ စွမ်းအားများကို အသက်သွင်းလိုက်ပုံရသည်။
မြည်ဟည်းသံများကြားတွင် ငွေရောင်စေတီလေးသုံးခုထံမှ မျက်စိကျိန်းမတတ် ငွေရောင်အလင်းတန်းသုံးခု ရုတ်တရက် ပစ်လွှတ်ထွက်ပေါ်လာသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်...
အလင်းတန်းသုံးခုမှာ ကောင်းကင်ယံတွင် ယှက်နွှယ်သွားပြီး နောက်ဆုံးတွင် ပေါင်းစည်းကာ ပေတစ်သောင်းခန့် ကြီးမားသော လျှပ်စီးတန်းကြီးအတွင်းသို့ ပစ်လွှတ်ဝင်ရောက်သွားလေသည်။
မြည်ဟည်းသံတစ်ခု ပေါ်ထွက်လာပြီး လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားလေသည်။
ပေါင်းစည်းသွားသော ငွေရောင်အလင်းတန်းက ပေတစ်သောင်းခန့် ကြီးမားသော လျှပ်စီးတန်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ယခင်က ငြိမ်သက်နေသော လျှပ်စီးတန်း၏ အစွန်းများမှာ ရုတ်တရက် လှိုင်းထသွားလေသည်။
မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားပြီး အဖျက်စွမ်းအားကောင်းသော စွမ်းအင်လှိုင်း အငွေ့အသက်များ ပြန့်ကျဲထွက်ပေါ်လာသည်။
ဤအချိန်တွင် လူအများအပြား ရောက်ရှိနေကြပြီဖြစ်သည်။ ကောင်းကင်ယံတွင် လွင့်မျောနေသော ငွေရောင်စေတီလေးသုံးခုကို မြင်သောအခါ သူတို့၏မျက်လုံးများထဲတွင် လောဘများ ပေါ်ထွက်လာကြသည်။
သို့သော်လည်း လျှို့ဝှက်ဂူကိုဖွင့်မည့် ဤအရေးကြီးသောအချိန်တွင် သူတို့အားလုံးက တိတ်တဆိတ်သာ စောင့်ဆိုင်းနေကြသည်။
ဝုန်းးး၊ ဂျုန်းးး။
မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ပို၍ကျယ်လောင်လာသည်။
လျှပ်စီးတန်း၏ အစွန်းတွင် အလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာပြီးနောက် ထိုအလင်းတန်းက အံ့မခန်းအရှိန်အဟုန်ဖြင့် ဆန့်ထွက်လာကာ နောက်ဆုံးတွင် လျှပ်စီးများဖြင့် ပြည့်နှက်နေသော လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။
ဤလမ်းကြောင်း၏ အဆုံးမှာ လျှပ်စီးတန်း၏ အနက်ထဲတွင်ရှိသော သံသရာအဆင့် လျှို့ဝှက်ဂူပင်။
အလင်းရောင်အောက်တွင် လူများက ပေတစ်ထောင်ခန့် ကြီးမားသော ဧရာမ ကျောက်တံခါးကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
ဤအချိန်တွင် ကျောက်တံခါးမှ တကျွိကျွိမြည်သံတစ်ခု ထွက်ပေါ်လာပြီး အတွင်းဘက်သို့ စတင်ပွင့်လာသည်။
လူများက ဖြည်းညင်းစွာ ပွင့်လာသော လျှို့ဝှက်ဂူ အဝင်ဝကို ကြည့်ရင်း သူတို့၏နှလုံးခုန်နှုန်းများ မြန်ဆန်လာကာ သူတို့၏မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် ပြူးကျယ်လာကြသည်။
ခမ်းနားကြီးကျယ်သော အဝင်ဝမှ ရှေးဟောင်းဆန်ပြီး ကြမ်းတမ်းသော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
သံသရာအဆင့် လျှို့ဝှက်ဂူ ပွင့်သွားချေပြီ။
“ပွင့်သွားပြီ”
“ပွင့်သွားပြီ”
“ဝင်ကြ”
အစွမ်းထက်ပုဂ္ဂိုလ်များက တစ်ယောက်ပြီး တစ်ယောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
သူတို့သည် ထိန်းချုပ်မရသော တောရိုင်းမြင်းများပမာ လျှို့ဝှက်ဂူဆီသို့ လျင်မြန်စွာ ပြေးဝင်သွားကြပြီး အားလုံးက ပထမဆုံးဝင်ရောက်သူ ဖြစ်ချင်နေကြသည်။
လူအုပ်ကြီးက အစွမ်းကုန် ပြေးဝင်သွားကြ၏။
ဝူယွမ်ကမူ ငွေရောင် စေတီလေးများကို အရင်ဆုံး ပြန်လည်ရုပ်သိမ်းလိုက်သည်။ လျှို့ဝှက်ဂူ ပွင့်သွားပြီဖြစ်ရာ လူတိုင်း ဝင်ရောက်နိုင်ပြီဖြစ်သည်။
သို့သော် သော့များ လုပ်ဆောင်ချက်မှာ ထိုမျှရိုးရှင်းမည် မဟုတ်သည်မှာ သေချာလှသည်။ ၎င်းတို့က လျှို့ဝှက်ဂူအတွင်း၌ အဆင်ပြေမှု သို့မဟုတ် လမ်းညွှန်မှုတစ်ခုခုကို သေချာပေါက် ပေးစွမ်းနိုင်ပေလိမ့်မည်။
လျှိုရှန်ရွှမ်ကလည်း သူမ၏ ငွေရောင်စေတီလေးကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့ပြီး ပွင့်သွားပြီးနောက် ၎င်းကို ချက်ချင်းပြန်လည်ရုပ်သိမ်းလိုက်သည်။
ရှောင်တျောင်း၊ လင်းတုန်နှင့် ရှောင်ယန်တို့သည် ကျောက်တံခါးအတွင်းသို့ ပထမဆုံး ပြေးဝင်သွားနှင့်ပြီဖြစ်သည်။
ဤမတိုင်မီက သူတို့သည် လုပ်ငန်းတာဝန်များကို ခွဲဝေထားခဲ့ပြီး အဖွဲ့နှစ်ဖွဲ့က သီးခြားစီ စူးစမ်းရှာဖွေကြမည်ဖြစ်သည်။
“သွားမယ်”
ဝူယွမ်သည် ပိုင်ယွမ်ကိုဖက်ကာ ဂူအတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်။
မျက်စိကျိန်းမတတ် တောက်ပသော ငွေရောင်အလင်းတန်းများက သူတို့အပေါ် ဖြာကျနေပြီး ပတ်ပတ်လည်ရှိ လေဟာနယ်စွမ်းအင်လှိုင်းများကို သူ ခံစားနးနေရသည်။
ကစဉ်ကလျားသန္ဓေသားက လင်းလက်သွားပြီး သတိပေးချက်များကို ရူးသွပ်စွာ ပေးပို့နေသည်။
“အန္တရာယ်”
ဝူယွမ်သည် ပိုင်ယွမ်ကို သူ၏ရင်ခွင်ထဲထည့်ကာ အလျင်အမြန် ကာကွယ်လိုက်ပြီး သူ၏မျက်လုံးများက လျှပ်စီးတန်းများကို ထိုးဖောက်ကြည့်ရှုလိုက်သည်။
ရှေ့တွင် ရေတွက်၍မရနိုင်သော လျှပ်စီးလူရိပ်များက ပန်းပုရုပ်များပမာ ရပ်နေကြပြီး တစ်ခုစီက လျှပ်စီးလေးတစ်ခုစီကို ကိုင်ဆောင်ထားကြသည်။
ဤအချိန်တွင် လျှပ်စစ်များ တဖျပ်ဖျပ်လက်နေသော လျှပ်စီးမြားများကို လေးကြိုးများပေါ်တွင် တင်ထားပြီးဖြစ်သည်။
ရွှစ် ရွှစ် ရွှစ်...
စစ်တပ်တစ်ခုပမာ များပြားလှသော ထိုလျှပ်စီးလူရိပ်များက သူတို့၏လက်ချောင်းများကို လွှတ်လိုက်ရာ ရေတွက်၍မရနိုင်သော လျှပ်စီးမြားများက သည်းထန်သော မိုးရွာသွန်းမှုတစ်ခုပမာ အဖျက်စွမ်းအားပြင်းထန်သော စွမ်းအင်လှိုင်းများနှင့် ရောနှောကာ သူတို့ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာကြသည်။
လေဟာနယ်ပင် လိမ်ကောက်သွားလေသည်။
ထိုလျှပ်စီးမြားများ၏ စွမ်းအားမှာ အတော်လေးကြီးမားပြီး တစ်စင်းစီက အနည်းဆုံး ဆန်းကြယ်ရှင်ခြင်းအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သည်။
အခန်း (၃၉၀) - ဝါးမျိုခြင်း အလောင်းကောင်ကို သန့်စင်ရန် ပစ္စည်းများ(၂)
“သေစမ်း”
“သတိထား”
“သေစမ်း၊ ဝင်ဝင်ချင်းပဲ ရှိသေးတယ်၊ ဒီလောက်အန္တရာယ်များနေတာလား”
လူအများအပြားက အော်ဟစ်ကျိန်ဆဲလိုက်ကြသည်။
လျှပ်စီးမြားများက မုန်တိုင်းတစ်ခုပမာ အောက်သို့ ကျဆင်းလာပြီး ရှေ့ဆုံးမှ ပြေးဝင်သွားသော အစွမ်းထက်ပုဂ္ဂိုလ်များမှာ မြားများ၏ လွှမ်းခြုံမှုကို ပထမဆုံးခံလိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်း ထိုးဖောက်ခံလိုက်ရပြီး သွေးမြူခဲများအဖြစ် ပေါက်ကွဲသွားကြသည်။
သူတို့၏ ခန္ဓာကိုယ်များမှ သီသီလေး လွတ်မြောက်လာသော ဝိညာဉ်များပင်လျှင် တဖျပ်ဖျပ်လက်နေသော လျှပ်စီးများ၏ လိုက်လံတိုက်ခိုက်မှုကို ခံရပြီးနောက် ဗလာနတ္တိအဖြစ်သို့ ပေါက်ကွဲသွားကြလေသည်။
ပိုမြန်မြန် ပြေးလေလေ၊ ပိုမြန်မြန် သေလေလေပင်။
လျှပ်စီးမြားများက အရမ်းများလွန်းလှပြီး သူတို့သည် အသက်စွမ်းအင်ကို ပစ်မှတ်ထားနိုင်ပုံရသည်။
ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် သို့မဟုတ် ဆန်းကြယ်သေခြင်းအဆင့်တွင် ရှိသူများပင်လျှင် သူတို့ကို တစ်ယောက်တည်း ရင်မဆိုင်ရဲကြပေ။
လူများများရှိခြင်း၏ အားသာချက်မှာ ထင်ရှားလာသည်။ အန္တရာယ်ကို မျှဝေခံစားနိုင်လာသည်။
စွမ်းအားနည်းသူများမှာ အမြောက်စာများ ဖြစ်သွားကြသည်။
“သတ်၊ ဒီရုပ်သေးရုပ်တွေကိုသတ်”
ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
လူအများအပြား၏မျက်လုံးများ တောက်ပသွားကြသည်။ နောက်ဆုတ်စရာလမ်းမရှိသဖြင့် လူတိုင်းက ရှေ့သို့ပြေးဝင်သွားကြပြီး လျှပ်စီးလူရိပ်များကို တိုက်ခိုက်ရန်အတွက် အစွမ်းထက်သော သိုင်းပညာအမျိုးမျိုးကို ထုတ်လွှတ်လိုက်ကြသည်။
စစ်တပ်နှင့်တူသော ဤလျှပ်စီးလူရိပ်များသည် လူအုပ်ကြီးကြောင့် လျင်မြန်စွာ လူစုကွဲသွားလေသည်။
ဝူယွမ်လည်း ပြေးဝင်သွားပြီး သူ၏ခန္ဓာကိုယ်တွင် အစိမ်းရောင် အလင်းတန်းများ တောက်ပလာသည်။
သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ အလင်းလူရိပ်အများအပြားကို တစ်စစီ ကြေမွသွားစေခဲ့သည်။
သို့သော်လည်း ဤအလင်းလူရိပ်များ ပေါက်ကွဲသွားသောအခါ သူတို့သည် ပြန့်ကျဲသွားသော လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားသော်လည်း လုံးဝပျောက်ကွယ်သွားခြင်း မရှိပေ။
ယင်းအစား သူတို့သည် အခြား လျှပ်စီးလူရိပ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
လှုပ်ရှားနိုင်သေးသော ထိုလျှပ်စီးလူရိပ်များက ဤလျှပ်စီးများကို အလိုအလျောက်စုပ်ယူပြီး ပိုမိုအစွမ်းထက်လာကြသည်။
တခြားစကားနှင့် ပြောရလျှင် လျှပ်စီးလူရိပ်များ၏ အရေအတွက် လျော့နည်းလာသည်နှင့်အမျှ သူတို့သည်လည်း ပိုမိုအစွမ်းထက်လာမည်ဖြစ်သည်။
“ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ၊ အတော်လေးကို လွှဲမှားနေတာပဲ” ဝူယွမ်က အနည်းငယ် အံ့အားသင့်စွာဖြင့် အကဲခတ်ကြည့်ရှုလိုက်သည်။
“ထားလိုက်ပါတော့၊ အထဲကို အရင်ဝင်ကြတာပေါ့”
ဝူယွမ်က ဤနေရာတွင် မနေတော့ပေ။ ရတနာရှာဖွေခြင်းက ပိုအရေးကြီးသည်။
ဤလျှပ်စီးလူရိပ်များ လူအများအပြားကို တားဆီးထားနိုင်ခြင်းက တကယ်တော့ သူတို့၏ ရတနာရှာဖွေမှုကို အကျိုးပြုသည်။ ဝူယွမ်၏ စွမ်းအားဖြင့် သူသည် လမ်းကြောင်းတစ်ခုကို လျင်မြန်စွာ ဖောက်ထွင်းကာ ဤလျှပ်စီး စစ်မြေပြင်မှ ထွက်ခွာသွားခဲ့သည်။
ငွေရောင် အလင်းဝန်းတစ်ခု သူတို့၏ရှေ့တွင် ပေါ်လာသည်။
“ဒါက လျှို့ဝှက်ဂူဆီသွားတဲ့ လမ်းကြောင်း ဖြစ်ရမယ်၊ သွားကြစို့” ဝူယွမ်က ပိုင်ယွမ်၏ လက်သေးသေးလေးကို ဆွဲကာ အထဲသို့ပြေးဝင်သွားရင်း ပြောလိုက်သည်။
အလင်းဝန်း၏ အခြားတစ်ဖက်တွင် ကွဲပြားခြားနားသော လေဟာနယ် စွမ်းအင်လှိုင်းများ ရှိနေသည်။
မျက်စိကျိန်းမတတ် တောက်ပသော ငွေရောင်အလင်းတန်းများက အတွင်းပိုင်းကမ္ဘာကို ပြည့်နှက်နေပြီး လူများမျက်လုံးဖွင့်ရန်ပင် ခက်ခဲစေသည်။
ကံကောင်းထောက်မစွာဖြင့် ဝူယွမ်၏ ကစဉ်ကလျားသန္ဓေသားသည် ၎င်း၏ မိုးကြိုးရူန်းသင်္ကေတများ၏ ဆယ်ပုံတစ်ပုံကို ပြီးစီးနေပြီဖြစ်ရာ သူ၏မျက်လုံးများကို ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားစေပြီး ဤပတ်ဝန်းကျင်နှင့် အသားကျစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကစဉ်ကလျားသန္ဓေသားသည် ဤနေရာ၏ မိုးကြိုးစွမ်းအားများကိုလည်း စုပ်ယူနေပြီး မိုးကြိုးရူန်းသင်္ကေတ အသစ်များကို ဖြစ်ပေါ်စေသည်။
သူ၏အမြင်အာရုံ ရှင်းလင်းလာသည်နှင့်အမျှ ရှေ့တွင် အလွန်တရာကျယ်ပြောလှသော ကုန်းမြေတစ်ခုရှိနေပြီး ထူထပ်စွာ စုစည်းနေသော နန်းတော်အဆောက်အအုံများက အနက်ရှိုင်းဆုံး အပိုင်းအထိ ဆန့်တန်းနေသည်။
သို့သော်လည်း ဤနန်းတော်များမှာ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဤနန်းတော်များ၏ ယိုယွင်းပျက်စီးနေသော အခြေအနေကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် ယခင်က အလွန်တရာကြေကွဲဖွယ်ကောင်းသော တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ကြောင်း ထင်ရှားလှသည်။
“မပျက်စီးခဲ့ဘူးဆိုရင် သူ့ရဲ့ ခမ်းနားကြီးကျယ်မှုနဲ့ ကျယ်ပြောမှုက တောင်ဂိုဏ်းလို အထူးအစွမ်းထက်ဂိုဏ်းတစ်ခုထက် မနိမ့်ကျဘူး” ဝူယွမ်က သက်ပြင်းချလိုက်သည်။
ကုန်းမြေတစ်ခုလုံးသည် ရှေးဟောင်းဆန်ကာ၊ အထီးကျန်ဆန်ပြီး၊ သက်ရှိကင်းမဲ့သော မဟာရှေးဟောင်းအငွေ့အသက်တစ်ခု စိမ့်ဝင်ပျံ့နှံ့နေသည်။
“အစ်ကိုကြီး”
ရှောင်တျောင်းနှင့် အခြားနှစ်ဦးကလည်း ထွက်လာကြသည်။
“ဒီလျှို့ဝှက်ဂူက အရမ်းကြီးတယ်၊ သီးသန့်စီရှာကြတာပေါ့” ဝူယွမ်က ပြောလိုက်သည်။
ထို့နောက် သူတို့သည် အဖွဲ့နှစ်ဖွဲ့ ခွဲကာ ဝင်ရောက်သွားကြသည်။
သူတို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသည်နှင့်အမျှ ဝူယွမ်သည် ပြင်ပကမ္ဘာနှင့် သဟဇာတမဖြစ်သော ပျက်စီးနေသည့် ကုန်းမြေအတွင်းမှ ထူးခြားသည့် အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်သည်။
“ဒါ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်ပဲ”
“ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ကျူးကျော်မှုကြောင့် ဒီနေရာလည်း ဒီလိုဖြစ်သွားတာပဲ”
ဝူယွမ်က ညည်းတွားလိုက်သည်။
“ဒီမှာ မိုးကြိုးဘိုးဘေးအဆောင်ရှိတယ်လေ၊ အဲဒါက ဟိုတုန်းက မဟာရှေးဟောင်းဂိုဏ်းလိုပဲ ကမ္ဘာခြားနတ်ဆိုးတွေကို ဆွဲဆောင်ခဲ့တာပေါ့”
ဟွမ်က ရှင်းပြလိုက်သည်။ “ဟိုတုန်းက ငါ့ဆရာက ကမ္ဘာခြားနတ်ဆိုးနယ်မြေရဲ့ လေဟာနယ်အက်ကွဲကြောင်းကို ပိတ်ခဲ့ပေမယ့် ဒီနယ်ပယ်မှာ အစွမ်းထက်တဲ့ ကမ္ဘာခြားနတ်ဆိုး အများအပြား ကျန်ရှိနေသေးတယ်၊ ကမ္ဘာခြားနတ်ဆိုးအများစုကို နောက်ပိုင်းမှာ ကောင်းကင်နဲ့ မြေကြီးကြားက အစွမ်းထက်ပုဂ္ဂိုလ် အများအပြားရဲ့ အဆက်မပြတ် ဝိုင်းဝန်းတိုက်ခိုက် နှိမ်နှင်းမှုအောက်မှာ သုတ်သင်ပစ်နိုင်ခဲ့ပေမယ့် တချို့ကတော့ ပုန်းကွယ်နေနိုင်ခဲ့သေးတယ်”
“ကမ္ဘာခြားနတ်ဆိုးတွေက အမြဲတမ်း ပြန်လည်အသက်ဝင်လာဖို့ စီစဉ်နေကြတာ၊ ပြီးတော့ ဘိုးဘေးအဆောင်တွေက သူတို့အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုပဲ”
“ဒီအင်အားစုက မဟာရှေးဟောင်းဂိုဏ်းလိုပဲ ဘိုးဘေးအဆောင်တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတော့ ပုန်းအောင်းနေတဲ့ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ပစ်မှတ်ထားတာကို မလွဲမသွေခံရမှာပဲ”
ပိုင်ယွမ်က စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် မေးလိုက်သည်။ “ဒါဆိုရင် သခင်၊ ကျွန်မတို့ရော ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ပစ်မှတ်ထားတာကို ခံရပြီလား”
“မစိုးရိမ်ပါနဲ့၊ လမ်းခရီးမှာ ငါတို့ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို သုံးတာ မြင်တဲ့သူအားလုံးနီးပါး သေကုန်ပြီ၊ ငါတို့ဆီမှာ ဝါးမျိုခြင်းဘိုးဘေးအဆောင် ရှိတယ်ဆိုတာကို သိတဲ့သူ အရမ်းနည်းတယ်၊ ပြီးတော့ သူတို့အားလုံးက ငါတို့ဘေးနားမှာပဲ ရှိနေတာ၊ ကမ္ဘာခြားနတ်ဆိုးတွေက ဘယ်လိုလုပ် သိနိုင်မှာလဲ” ဝူယွမ်က ပိုင်ယွမ်၏ခေါင်းကို ညင်သာစွာပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“အခု အဓိကစိုးရိမ်ရတာက ယွမ်ဂိုဏ်းက လူတွေပဲ၊ သူတို့က ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်နေတာဆိုတော့ ငါတို့ကိုပစ်မှတ်ထားဖို့ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ စွမ်းအားကို သူတို့ အသုံးပြုကြမလားမသိဘူး”
“ဒါပေမယ့် အရမ်းစိုးရိမ်နေစရာ မလိုပါဘူး၊ ငါတို့ မိုးကြိုးဘိုးဘေးအဆောင်ကို ရသွားပြီး ဘိုးဘေးအဆောင်သုံးခုကို ပိုင်ဆိုင်ထားမယ်ဆိုရင် ဟွမ်နဲ့ ယန်လည်း ရှိသေးတာပဲ၊ ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုး လာရင်တောင် ငါတို့မကြောက်ဘူ၊”
သူတို့ စကားပြောနေစဉ် အပျက်အစီးရင်ပြင်တစ်ခုသို့ ရောက်ရှိလာကြသည်။
“လူတွေ အများကြီးပဲ”
ပိုင်ယွမ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ထိုဧရာမ အပျက်အစီးရင်ပြင်ပေါ်တွင် လူရိပ်တစ်ထောင်နီးပါး ထိုင်နေကြသော်လည်း ဤလူရိပ်များမှာ ယခုအခါ အသက်ရှိသောလက္ခဏာများ လုံးဝမရှိတော့ပေ။
သူတို့၏ခန္ဓာကိုယ်များမှာ ခြောက်သွေ့နေသော အခွံများပမာ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည်။
ဝူယွမ်သည် လေထဲတွင်လွင့်မျောနေပြီး ဤမြင်ကွင်းကို လေးစားစွာငေးကြည့်နေမိသည်။ ဤလူရိပ်များအားလုံးသည် တောင်ဘက်သို့ မျက်နှာမူထားပြီး လက်တစ်ဖက်ကို မြှောက်ထားကြ၏။
ဝူယွမ်၏ အမြင်အာရုံဖြင့်ဆိုလျှင် သူတို့သည် တိုက်ပွဲ အစီအရင် တစ်မျိုးမျိုးကို လုပ်ဆောင်နေကြောင်း မြင်တွေ့ရန် မခက်ခဲပေ။
ကမ္ဘာခြားနတ်ဆိုးများက အရမ်းအစွမ်းထက်လွန်းလှသည်။ သူတို့သည် ဤမျှ လူအများအပြား၏ အသက်စွမ်းအင်ကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်ခဲ့ကြသည်။
“သူတို့ရဲ့ ခန္ဓာကိုယ်တွေထဲမှာ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တွေ ကျန်ရှိနေသေးတယ်” ဝူယွမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ကမ္ဘာခြားနတ်ဆိုးများ၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး ရှေးဟောင်းခေတ်ကတည်းက ယခုအထိ စုစည်းနေပြီး ပြန့်ကျဲသွားခြင်းမရှိပေ။
“စီနီယာတို့၊ ငြိမ်းချမ်းစွာ အနားယူပါ၊ ကမ္ဘာခြားနတ်ဆိုးတွေကို ကျွန်တော်တို့မျိုးဆက်က အဆုံးသတ်ပေးပါ့မယ်”
ဝူယွမ်သည် ထိုင်နေသော လူရိပ်တစ်ထောင်ကို လက်အုပ်ချီကာ ဂါ၀ရပြုလိုက်သည်။
သူ စကားပြောအပြီးတွင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဤခြောက်သွေ့နေသော လူရိပ်များမှာ ဖုန်မှုန့်လေးများအဖြစ် ပြောင်းလဲသွားပြီး ပြန့်ကျဲသွားကာ အလယ်တွင် လူရိပ်ဆယ့်ရှစ်ခုသာ ကျန်ရစ်တော့သည်။
သူတို့ထံမှ သေမင်းအငွေ့အသက်များ ထွက်ပေါ်နေဆဲပင်။
ဤလူ ဆယ့်ရှစ်ဦးစလုံးသည် သူတို့ အသက်ရှင်စဉ်က ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့၏ခန္ဓာကိုယ်များမှာ ယခုအချိန်အထိ မဆွေးမြည့်ဘဲ ကျန်ရှိနေနိုင်ကြောင်း ထင်ရှားလှသည်။
ထိုဆယ့်ရှစ်ဦး၏ ခန္ဓာကိုယ်များအတွင်း၌ ဝူယွမ်သည် သိပ်သည်းသော ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တစ်ခုကိုလည်း ခံစားမိလိုက်သည်။
ကမ္ဘာခြားနတ်ဆိုးစွမ်းအင်က သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကို တိုက်စားသွားပြီး ကမ္ဘာခြားနတ်ဆိုး နယ်မြေရှိ အလောင်းကောင်များနှင့် ဆင်တူသော မိစ္ဆာအလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားစေကြောင်း ထင်ရှားလှသည်။
ဝီ...
သက်ရှိများ၏ စွမ်းအင်လှိုင်းများက ခြောက်သွေ့နေသော အလောင်း ဆယ့်ရှစ်လောင်းကို တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
အမည်းရောင် မီးတောက်များက သူတို့၏ မျက်လုံးများထဲတွင် တောက်လောင်လာပြီးနောက် သူတို့အားလုံး တစ်ပြိုင်နက်တည်း ထွက်လာကြသည်။
သေမင်းအငွေ့အသက်များဖြင့် စိမ့်ဝင်ပျံ့နှံ့နေသော ရက်စက်သည့် အမည်းရောင် မီးတောက်များပင်။
သို့သော် ဝူယွမ်သည် မည်သည့် ကြောက်ရွံ့မှုကိုမျှ မခံစားရပေ။ ဤကဲ့သို့သော အခြေအနေမျိုးကို သူ ရင်ဆိုင်ရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။
ယခင်က ကမ္ဘာခြားနတ်ဆိုးနယ်မြေ၏ ဗဟိုချက်တွင်လည်း ကမ္ဘာခြားနတ်ဆိုးစွမ်းအင်ကြောင့် တိုက်စားခံရသော ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များမှ ဖန်တီးထားသည့် မိစ္ဆာအလောင်းကောင်များရှိခဲ့သည်။
“ဒါ သေမင်းငြိမ်သက် ဆေးလုံးတွေပဲ”
ဝူယွမ်က တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ ရှင်းအက္ခရာလျှို့ဝှက်ချက်အောက်တွင် သူ၏ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာအလောင်းကောင် အများအပြားကို ဖြတ်သန်းသွားကာ သူတို့၏ ဒန်တျန်နယ်ပယ်များမှ စွမ်းအင်သလင်းကျောက်များကို ယူဆောင်လိုက်သည်။
၎င်းတို့မှာ ဆန်းကြယ်ရှင်ခြင်း ပုလဲများနှင့် ဆင်တူသော သေမင်းငြိမ်သက် ဆေးလုံးများ ဖြစ်ကြသည်။
“သိမ်းဆည်းစမ်း”
ထို့နောက် လေဟာနယ်တံခါးတစ်ခုက မိစ္ဆာအလောင်းကောင်ဆယ့်ရှစ်လောင်းကို ရှေးဟောင်းကျောက်တိုင်အတွင်းသို့ သိမ်းဆည်းလိုက်သည်။
ဤအရာများအားလုံးမှာ အလွန်ကောင်းမွန်သောပစ္စည်းများ ဖြစ်ကြသည်။
ဝူယွမ်၏ သုတေသနပြုလုပ်မှုများမှတစ်ဆင့် ဆန်းကြယ်ရှင်ခြင်းအဆင့်နှင့် ဆန်းကြယ်သေခြင်းအဆင့် မိစ္ဆာအလောင်းကောင်များကို အရည်ဖျော်ကာ ဝါးမျိုခြင်းအလောင်းကောင်ကို သန့်စင်ရန်အတွက် အဓိကပစ္စည်းများကို ထုတ်ယူနိုင်သည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းတွင် ဆန်းကြယ်ရှင်ခြင်းအဆင့် မိစ္ဆာအလောင်းကောင်များနှင့် မိစ္ဆာကောင်သောင်းချီကို စုဆောင်းထားပြီး ဖြစ်သည်။
ဝူယွမ်သည် ဤမိုးကြိုးလျှို့ဝှက်ဂူအတွင်းရှိ မိစ္ဆာအလောင်းကောင်အားလုံးကိုလည်း စုဆောင်းရန် စီစဉ်ထားသည်။
အကယ်၍ ဆန်းကြယ်သေခြင်းအဆင့် မိစ္ဆာအလောင်းကောင် အရေအတွက် အတူတူရှိနေပါက ဝါးမျိုခြင်း အလောင်းကောင်ဆယ်ခုကို သန့်စင်နိုင်ပေလိမ့်မည်။