ငါတို့မှာ နှစ်ယောက်လုံးမှာရှိကြတယ်၊ အဲ့တာကိုမဖုံးကွယ်နဲ့တော့
Vol. 1 Ch. 3
“ညီလေးဝူ... လင်းတုန်နဲ့ သိတာလား” လုံထန် ဝူယွမ်ကြည့်ရင်းဖြင့် မေးမြန်းလေသည်။
“မင်း ကြည့်ရတာအတော်ရွှင်ပြနေပုံဘဲ... ဒီလင်းတုန်ကို တွေ့တာနဲ့ မျက်နှာ ဘာလို့ ပြောင်းသွားရတာလဲ”
“မဟုတ်ပါဘူး... ချက်ချင်း ခင်မင်သွားလို့ပါထင်တယ်” ဝူယွမ် ခုခံပြောဆိုလေသည်။
ထိုအချိန်တွင် ပြိုင်ပွဲစင်မြင့်ပေါ်၌ တိုက်ခိုက်မှုများ အပြင်းအထန်ဖြစ်ပွားနေပြီး လင်းတုန်၏ စွမ်းဆောင်ရည်ကြောင့် ကြည့်ရှုသူများ အံအားသင့် အသက်ရှုမှားခဲ့ကြရသည်။
“ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအဆင့်... လင်းတုန် ဆဋ္ဌမအဆင့်ကို တစ်ကယ်ကြီး ရောက်ရှိသွားပြီလာ”
“ပဲ့သင်ထပ်သံခုနစ်ချက်... လင်းတုန် က ဖောက်ထွင်းလက်သီး သိုင်းပညာရပ် ကိုဒီအတိုင်းအတာအထိ လေ့ကျင့်ထားနိုင်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲဘူး”
လင်းတုန်သည် လူအများ အားပေးခြင်းခံရသူ လင်းယန်းကို အပြည့်အဝ ဖိနှိပ်လိုက်ပြီး ပွဲကြည့်သူအားလုံးကို အံ့အားသင့်စေခဲ့သည်။
ဝူယွမ် မျှော်လင့်ထားသည့်အတိုင်း လင်းတုန်အနိုင်ရခဲ့သည်။
ဝူယွမ်၏ ဘေးနားမှ လူများသည် အံ့အားသင့်စွာဖြင့် သူ့အား ကြည့်ရှုကြသည်၊ အစောပိုင်းက လင်းတုန် စင်ပေါ်တက်ချိန်တွင် လူအားလုံးက လင်းယန်ဘက်မှ ရပ်တည်ခဲ့ကြသော်လည်း ဝူယွမ်တစ်ဦးတည်းသာ လင်းတုန်အနိုင်ရမည်ဟု ယုံကြည်ချက်ရှိရှိပြောခဲ့သည်။
သူသည် လင်းတုန်နှင့် ခဏတာသာ� တွေ့ဆုံခဲ့ပေမဲ့ သူပြောတာမှန်နေခဲ့သည်။
ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။
ဝူယွမ်၏ အမြင်သည် အလွန်ထူးခြားခြင်း ကြောင့်သာဖြစ်ပေမည်။
ပြိုင်ပွဲဆက်လက်ကျင်းပနေပြီး လင်းတုန်သည် ချောမောစွာဖြင့် ထိပ်ဆုံးဆယ်ဦးထဲသို့ ရောက်ရှိသွားသည်။
မြင်းနက်တစ်ဦး စတင်ပေါ် ပေါက်လာခဲ့ လေပြီ။
နောက်ထပ် ကဒ်ဆွဲချိန်တွင် အသန်မာဆုံးဖြစ်သော လင်းဟုန်းနှင့် လင်းရှားတို့ အစောပိုင်းအဆင့်တွင် တိုက်ခိုက်ရန် ဆွဲထုတ်ခံခဲ့ရသည်၊ နှစ်ဦးစလုံးသည် ခန္ဓာကိုယ်ကျင့်ကြံခြင်း သတ္တမအဆင့်တွင်ရှိပြီး အင်အားညီမျှသဖြင့် တိုက်ခိုက်ရာတွင် စင်ပေါ်မှ တစ်ပြိုင်နက်တည်းပြုတ်ကျသွားကြသည်၊ လင်းခန်းက သရေပြိုင်ပွဲအဖြစ် ကြေညာခဲ့ပြီး လူအားလုံးက လင်းဟုန်နှင့် လင်းရှားကို မည်သူမျှ စိန်ခေါ်၍မရနိုင်ဟု ခံစားရကာ ထိုနှစ်ဦးကို ပထမနေရာအဖြစ် သတ်မှတ်ထားခဲ့ကြသည် ။
ထိုအတောအတွင်း လင်းတုန်သည် သူ့ပြိုင်ဘက်ကို အနိုင်ရခဲ့ပြီး တတိယနေရာကို သိမ်းပိုက်နိုင်ခဲ့သည်။
ပထမနေရာမှ လင်းဟုန်သည် ချင်းတန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရမက်အပြည့်ဖြင့် သိမ်းကြုံး ကြည့်ရှုပြီးနောက် လင်းတုန်ကို စိန်ခေါ်သည့်ပုံစံဖြင့် ကြည့်ကာ လင်းကျဲ့တျန်းထံ ချင်းတန်ကို သူ့အားလက်ထပ်ရန် တောင်းဆိုဖို့ ပြင်ဆင်နေသည်။
“ဒီသောက်ရူးရဲ့ အမူအရာက ထိုးချင်စရာပဲ” ဝူယွမ် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
လင်းတုန် - “ကျွန်တော်လည်း ဒီလိုပဲ ခံစားနေရတယ်”
ထိုသို့ပြောဆိုပြီး နှစ်ဦးစလုံး အပြန်အလှန်ပြုံးပြလိုက်ကြပြီး လင်းတုန်သည် ချက်ချင်းထရပ်လိုက်သည်၊ “အကိုလင်းဟုန်... အရည်အချင်းမရှိတဲ့ ကျွန်တော်လင်းတုန်က အကို့ကိုစိန်ခေါ်ချင်ပါတယ်၊ စိန်ခေါ်တာကိုလက်ခံနိုင်မလား”
သူ၏စကားသည် ပြိုင်ကွင်းတစ်ခုလုံးကိုနှိုးဆော်ခဲ့ပြီး ပြိုင်ကွင်းအတွင်းရှိ လူအားလုံးက ကြည့်ရှုလာကြသည်။
“လင်းတုန် ရူးသွားပြီလား၊ လင်းဟုန်ကို စိန်ခေါ်ရဲတယ်လား” လင်းရှားက မသိစိတ်မှ အလိုအလျှောက်ပြောလိုက်သည်။
ထို့နောက် ဝူယွမ်ကိုကြည့်ကာ အစောပိုင်းက သူတို့၏မျက်နှာအမူအရာကို ပြန်သတိရသွားသည်၊ “မင်းက သူအနိုင်ရမယ်လို့ ထင်နေတုန်းဘဲလား”
“သေချာပေါက်ဘဲ” ဝူယွမ်က ခိုင်မာစွာ ပြောဆိုလိုက်သည်။
“ကျွန်တော် သူ့အတွက် ဂုဏ်ပြုလက်ဆောင်ကိုပါ ကြိုတင်ပြင်ဆင်ထားပြီးသား”
ဝူယွမ်၏ လင်းတုန်အပေါ် ယုံကြည်မှုကို မြင်တွေ့ရသဖြင့် သူ့ဘေးမှ စိုးရိမ်ပူပန်နေသော ချင်းတန်ပင်လျှင် အနည်းငယ် စိတ်သက်သာရာရသွားသည်။
လင်းတုန်နှင့် လင်းဟုန်းတို့သည် ပြိုင်ကွင်းစင်မြင့်ပေါ်သို့ တက်ရောက်ခဲ့ပြီး အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်၊ ညှာတာခြင်းမရှိ တိုက်ခိုက်ခဲ့ကြသည်၊ လင်းတုန်သည် နောက်ဆုံးတွင် သူ၏ စွမ်းရည်အစစ်အမှန်ကို ထုတ်ဖော်ပြသခဲ့သည်၊ သူလည်း ကိုယ်ခန္ဓာသန့်စင်ခြင်း သတ္တမအဆင့်တွင်ရှိကြောင်းပြသခဲ့သည်။
လူအားလုံး အံ့အားသင့်သွားကြသည်။
စင်ပြိုင်ပွဲပေါ်တွင် နှစ်ဦးစလုံးသည် ဖျက်စီးခြင်းရှစ်ပါးလက်ဝါးချက် ကို အသုံးပြုခဲ့ကြသော်လည်း လင်းတုန်၏ ဖျက်စီးခြင်းရှစ်ပါးလက်ဝါးချက် သည် ကျောက်သင်္ကေတ၏ အကူအညီဖြင့် ပိုမိုအစွမ်းထက်စေခဲ့ပြီး လင်းဟုန်းထက် ပိုမိုပြည့်စုံကာ တဖြည်းဖြည်း အသာစီးရလာနေခဲ့သည်။
ခဏအကြာတွင် မောက်မာသော လင်းဟုန်းသည် ပြိုင်ကွင်းစင်မြင့်ပေါ်မှ သရုပ်ပျက်စွာ ချော်ကျသွားခဲ့သည်။
လင်းတုန် ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။
ပြိုင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်၊ ဤမိသားစုပြိုင်ပွဲအတွင်း မည်သူမျှ ထိုသို့သော ရလဒ်ကို မျှော်လင့်မထားခဲ့ကြပေ။
လင်းတုန်သည် လူအားလုံးကို အံ့အားသင့်စေခဲ့သည်။
“ကောင်းတယ်... အရမ်းကောင်းတယ်”
လင်းကျဲ့တျန်း အလွန်ပျော်ရွှင်သွားသည်။
လင်းရှောင်ပြီးနောက် လင်းမိသားစုတွင် လင်းတုန်ဆိုသည့် ပါရမီရှင်တစ်ဦး ထပ်မံပေါ်ထွန်းလာခဲ့လေပီ။
လင်းရှောင်လည်း မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။
“သူအနိုင်ရခဲ့တယ်” လင်းရှား၏ မျက်၀န်းများအတွင်း အံ့အားသင့်မှုအရိပ်အယောင်များ လင်းလက်သွားခဲ့သည်၊ လင်းတုန်အနေဖြင့် လင်းဟုန်ကို အနိုင်ရခဲ့ခြင်းသည် သူမထက် သာကြောင်း သက်သေပြနေခဲ့သည်။
“ဒီလူ... လင်းတုန်ကို အရမ်းရင်းနှီးနေပါလား...” လင်းရှားသည် ဝူယွမ်ကို မျက်မှောင်ကျုံ့ကာ ကြည့်ရှုနေသည်။
သို့သော် ဝူယွမ်သည် လင်းတုန်ကို စိုက်ကြည့်နေဆဲဖြစ်သည်။
“ကျွန်မ... ဆွဲဆောင်မှု အလှတရားက လင်းတုန်တစ်ယောက်လောက်တောင် စွဲမက်ဖွယ်မကောင်းဘူးလား” လင်းရှား စိတ်ပျက်နေသည်၊ ဒီမှာရှိနေသော လူငယ်ယောက်ျားအားလုံးသည် သူမကို ကြည့်ရှုရန် နှစ်သက်ကြသော်လည်း ဤဝူယွမ်ကတော့ လင်းတုန်အပေါ်တွင် လုံးဝအာရုံစိုက်ထားသည်။
ထိုအချိန်တွင် ပြိုင်ကွင်းစင့်မြင့်ပေါ်မှ ပြုတ်ကြသွားပြီးဖြစ်သော လင်းဟုန်းသည် ရုတ်တရက် ဒေါသပေါက်ကွဲထွက်လာပြီး ပြိုင်ပွဲစင်ပေါ်သို့ ပြန်တက်လာကာ လင်းတုန်ကို ဆက်လက်တိုက်ခိုက်ခဲ့သည်။
“လင်းတုန်... သတိထား” ဝူယွမ်က သတိပေးလိုက်သည်။
လင်းတုန်သည် ချက်ချင်းတုံ့ပြန်ကာ လင်းဟုန်၏လက်ကို တင်းတင်းကျပ်ကျပ်ဖမ်းဆုပ်�ကာ ကျောက်စင်ပြိုင်ကွင်းပေါ်မှ နောက်တစ်ဖန် ပစ်ချရန် ပြင်လိုက်သည်။
“ဖယ်ရှားပစ်လိုက်”
ထိုအချိန်တွင် လင်းဟုန်၏ဖခင် လင်းမန်းသည် လှုပ်ရှားခဲ့ပြီး ပြိုင်ကွင်းစင်မြင့်ပေါ်သို့ ခုန်တက်ကာ လင်းတုန်ကို တိုက်ခိုက်ရန် လုပ်လိုက်သည်။
ဝူယွမ်၏သတိပေးချက်ကို ကြားခဲ့ရပြီးနောက် လင်းမန် တိုက်ခိုက်ဖို့ပြင် နေသည်ကိုတွေ့လိုက်ရသဖြင့် လင်းရှောင်သည်လည်း ချက်ချင်း ရှေ့သို့ခုန်ထွက်ာခဲ့သည်။
သူ၏ ကောင်းကင်ယွမ်အဆင့် စွမ်းရည်သည် ပေါက်ကွဲထွက်လာပြီး လင်းမန်း၏တိုက်ခိုက်မှုကို အလွယ်တကူ ချေမှုန်းလိုက်သည်။
အားလုံး အံ့အားသင့်သွားကြသည်။
လင်းရှောင်၏ စွမ်းရည်များ ပြန်လည်ကောင်းမွန်လာခဲ့ပြီလား။
ဤနေရာတွင် ဝူယွမ် ပြုံးရွှင်သွားသည်၊ အမှန်စင်စစ် သူသတိမပေးခဲ့လျှင်ပင် ထိုကိစ္စတို့ ဖြစ်ပေါ်လာအုံးမှာပါ။
သူအပိုသတိပေးချင်း၏ အကြောင်းရင်းမှာ လင်းတုန်မြင်အောင် တမင်သက်သက် ပြသခြင်းသာဖြစ်သည်။
ထိုကိစ္စဖြင့် သူတို့ကြားရှိ အကွာအဝေးကို ချုံ့ရန်ဖြစ်သည်။
ကျောက်သင်္ကေတသည် လင်းတုန်၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်သည်၊ လင်းတုန်ထံမှ လုံလောက်သော ယုံကြည်မှုကို ရရှိမှသာ ထိုလျှို့ဝှက်လက်နက်ကို မျှဝေအသုံးပြုနိုင်မှာဘဲဖြစ်သည်။
နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ဝူယွမ်၏စနစ်သည် နောက်ဆုံးပေါ် ဆိုင်းအင်တာဝန်ကို လတ်တလောကမှ ပေးခဲ့သည်။
တာ၀န် - ချင်းယန် အမဲလိုက်ပြိုင်ပွဲ တွင် ဆိုင်းအင်၀င်ရန်။
ထိုအချက်က ဝူယွမ်ကို သူ့စနစ်သည် ဤကမ္ဘာ၏ ကံကြမ္မာသားတော် ဖြစ်သော လင်းတုန်နှင့် နီးကပ်နေစေပြီး နောက်ဆုံးပေါ်ဆိုင်းအင်၏တာဝန်များသည် လည်း လင်းတုန်နှင့် ဆက်စပ်နေနိုင်သည်ဟု ဝူယွမ် ကောက်ချက်ချခဲ့သည်။
အနာဂတ်တွင် လင်းတုန်နှင့် နီးကပ်စွာရှိရန်က ရှောင်လွှဲလို့မရနိုင်ပေ။
ထို့အပြင် သူသည် လင်းတုန်၏ ရန်သူဖြစ်လိုသည်မဟုတ် ဒါကြောင့် မိတ်ဆွေဖြစ်ရန်မှာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
“အခု မိသားစုပြိုင်ပွဲရဲ့ ပထမနေရာကို ဆုံးဖြတ်ပြီးသွားပီ၊ မင်းသွားပြီး ဒီလက်ဆောင်ကို ပေးအပ်လိုက်ပါ” လုံထန်က ပိုးချည်နဲ့ပတ်ထားသည့် တတိယအဆင့် ဝိညာဏ်ဆေးလုံးကို ဝူယွမ်ထံပေးကာ သူ့အတွေးတွေကိုနှောက်ယှက်လိုက်သည်။
ဝူယွမ်နှင့် လင်းတုန်တို့သည် “
တစ်ဦးနှင့်တစ်ဦး သင့်မြတ်ကြသည် ကို သူမြင်တွေ့ပြီးဖြစ်ကာ လင်းတုန်၏ လတ်တလော စွမ်းဆောင်မှုသည်လည်း သူက ရှားပါးသော ပါရမီရှင်တစ်ဦးဖြစ်ပြီး ဝူယွမ်၏ မိတ်ဆွေဖြစ်ရန် ထိုက်တန်သည်ဟု သူခံစားနေရသည်။
“အဘိုးလင်း... ကျွန်တော့်ဆရာက ညွှန်ကြားခဲ့တယ်၊ မိသားစုပြိုင်ပွဲက လင်းမိသားစုအတွက် အဓိကအရေးကြီးသော အခမ်းအနားဖြစ်တာကြောင့်၊ လင်းမိသားစုမှ ပေါ်ထွန်းလာသော လူငယ်ပါရမီရှင်အား ဂုဏ်ပြုသောအားဖြင့် ဤတတိယအဆင့် ဝိညာဉ်ဆေးကို မိသားစုပြိုင်ပွဲ၏ ပထမနေရာရရှိသူထံ ချီးမြှင့်ရန် ပေးလိုက်ပါတယ်” ဝူယွမ်သည် ဝိညာဉ်ဆေးကို ကိုင်ဆောင်ကာ လင်းတုန်ဘေးသို့ သွားရောက်ပြီး ထိုင်ခုံထိပ်တွင် ထိုင်နေသော လင်းကျဲ့တျန်းအား ပြောကြားလိုကပြောကြားသည်။
မင်းတို့အားလုံး လင်းမိသားစုအခမ်းအနားအတွက် အားစိုက်ထုတ်ထားကြတာဘဲ၊ ကျေးဇူးပြု၍ ကျွန်တော် ကျေးဇူးတင်ကြောင်း ခန်းမခေါင်းဆောင်ကို လုံထန်ကတဆင့် ပြောကြားပေးပါအုံး”
ဝူယွမ်သည် ထို့နောက် ချောမောစွာပင် ဝိညာဉ်ဆေးကို ဘေးနားရှိ လင်းတုန်ထံ ပေးအပ်လိုက်သည်။
လင်းရှောင် - “တုန်းအာ... ဝူအစ်ကိုကြီးကို ကျေးဇူးတင်ကြောင်း ဘာလို့မပြောသေးတာလဲ”
“အစ်ကိုကြီးဝူ... ကျေးဇူးတင်ပါတယ်” လင်းတုန်သည် ဝူယွမ်ကို ကျေးဇူးတင်စွာဖြင့် ကြည့်ရှုလိုက်သည်။
“အစ်ကို၀ူလို့ဘဲခေါ်ပါ၊ ကျေးဇူးတင်စရာမလိုပါဘူး၊ ဒါက မင်းကိုယ်တိုင် တိုက်ခိုက်ယူခဲ့တဲ့ ရလဒ်မှုပါ” ဝူယွမ် ပြုံးပြလိုက်သည်။
“ကျေးဇူးပြု၍ အစ်ကိုကြီးဝူ... ညအိပ်သွားပြီးမှပြန်ကြပါလား၊ လင်းတုန် အစ်ကိုကြီး၀ူထံက အကြံဉာဏ်တစ်ချို့တောင်းခံလိုလို့ပါ”
လင်းတုန်က စိတ်ရင်းမှန်ဖြင့် ဖိတ်ကြားခဲ့သည်။
သူ၏ နှလုံးသားထဲတွင် ဝူယွမ်နှင့် ဆွေးနွေးလိုသည့် မေးခွန်းများစွာ ရှိနေသည်။
“ဟုတ်တယ်... ဝူယွမ်တူလေးက လူငယ်မျိုးဆက်တွေထဲမှ ပါရမီရှင်တစ်ဦးဘဲ၊ ညအိပ်သွားပြီးမှပြန်ပါလား၊ လင်းမိသားစုက လူငယ်များနဲ့ လက်ရည်စမ်းဆွေးနွေးပြီး မိမိထက် သာလွန်သူရှိကြောင်း သိရှိစေရန် မောက်မာခြင်းမရှိစေရန် သင်ကြားပြသပေးသွားသင့်တယ်” လင်းခန်းကလည်း ဤအခြေအနေကို မြင်သည့်အခါ တက်တက်ကြွကြွ ဖိတ်ကြားခဲ့သည်။
ရူးသွပ်ဓားသိုင်းကျောင်း နှင့် ဆက်ဆံရေးခိုင်မာစေရန် ထူးခြားကောင်းမွန်သည့် အခွင့်အရေးတစ်ခုဖြစ်သည်။
ဝူယွမ်က လုံထန်ကို ကြည့်လိုက်သည်။
“လုံထန်အစ်ကို... ငါတို့လည်း အနည်းငယ် ဆွေးနွေးကြရအောင်” လုံထန်သည် အဖွဲ့ကို ဦးဆောင်သူဖြစ်ကြောင်း သိထားသောကြောင့်လင်းရှောင်ကလည်း လုံထန်ကိုလိုက်လိုက်လျှောလျှော ဖိတ်ကြားခဲ့သည်၊
“ဟားဟား... ဒီဖိတ်ကြားမှုကိုကျွန်တော်လက်ခံရမှာပေါ့”
လုံထန်ကလည်း သဘောတူညီခဲ့သည်။
လင်းမိသားစုသည် လူအားလုံးအတွက် စားပွဲသောက်ပွဲကျင်းပခဲ့ပြီး လင်းကျဲ့တျန်းကလည်း လင်းတုန်အား တတိယအဆင့် ဝိညာဉ်ဆေး နှစ်မျိုးထပ်မံပေးအပ်ခဲ့သည်။
နေ့လယ်ပိုင်းတွင် ဝူယွမ်သည် လင်းတုန်၊အခြားသူများနှင့် လက်ရည်စမ်းဆွေးနွေးခဲ့သည်။
သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်း အဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်ကာ နဝမအဆင့်သို့ ချက်ချင်းရောက်ရှိရန် နီးကပ်နေပီဖြစ်သည်။
တတိယအဆင့် သိုင်းပညာ “မီးမုန်တိုင်းဓားသိုင်း ” ၏ လေ့ကျင့်မှုနှင့် ပေါင်းစပ်ထားသဖြင့် လင်းတုန်ကလွဲပြီး မည်သူမျှ သုံးချက်ထက်ပို မခံနိုင်ခဲ့ပေ။
လင်းတုန်တစ်ဦးတည်းသာ ဆယ်ချက်အထိ ခံနိုင်ခဲ့သည်။
ဝူယွမ်သည် ဤသို့ဖြင့် လင်းမိသားစုမှလူငယ်များအား သေးငယ်သော သင်ခန်းစာပေးခဲ့သည်။
နောက်ဆုံးတွင် အားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ဝူယွမ်နှင့် လင်းတုန်တို့ နှစ်ဦးတည်း စကားပြောခွင့် ရခဲ့ကြသည်။
“ဝူအစ်ကိုကြီး... အစောပိုင်းက ‘ငါ့မှာလည်း ရှိတာပဲ’ လို့ ပြောခဲ့တာက... ဘာကိုဆိုလိုချင်တာလဲ၊ ဘာကိုရည်ညွှန်းတာလဲ” လင်းတုန်က သူ၏လျှို့ဝှက်ချက်ကို မထုတ်ဖော်ဘဲ သတိထားမေးမြန်းလိုက်သည်။
“လင်းတုန်... ငါက အမြဲတမ်း စကားတဲ့တိုးပြောရတာကို နှစ်သက်ပြီး တဲ့တိုးပြောဆိုတတ်တဲ့ အကျင့်ရှိတယ်၊ မင်းက ငါ ဝူယွမ်ရဲ့မိတ်ဆွေဖြစ်ဖို့ ထိုက်တန်တယ်လို့ ငါထင်တယ်၊ ဒါကြောင့် ချုံပုတ်ရိုက်မနေပါနဲ့၊ မင်း အစောပိုင်းကတည်းက သိခဲ့ပြီးပီလို့ ငါထင်တယ်”
ဝူယွမ်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်ကာ “မင်းနဲ့ငါ့မှာ ပုံစံတူအရာတစ်ခုရှိတယ်”