ပထမအဆင့်နယ်ပယ်၏ ချန်ပီယံ ၂
Vol. 19 Ch. 275
ဝမ်ချောင်ခုန်းသည် နှောင်းပိုင်း ဒုတိယအဆင့်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီး၊ သူ၏အစွမ်းအထက်ဆုံး တိုက်ကွက်ဖြစ်သည့် ရွှေနဂါးလှံကို အသုံးပြုခဲ့သော်လည်း၊ ရှုကျိုး၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်သွားခဲ့သည်။
အရေးအကြီးဆုံး အရာမှာ ရှုကျိုးသည် အစကနေအဆုံးအထိ သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားကို လုံးဝအသုံးမပြုခဲ့ခြင်းပင် ဖြစ်သည်။
ဒီလူက ….. လူရော ဟုတ်သေးရဲ့လားဟ?
သူက ပထမအဆင့်ပညာရှင် ဟုတ်ရဲ့လားဟ?
ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ !!!
…
ခုံတန်းများပေါ်ရှိ ကျုံးချန်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေလျက်ရှိသည်။
“ ခုနကဟာက စိတ်ဝိညာဥ်တိုက်ခိုက်မှုလား? “
သူသည် ဝမ်ချောင်ခုန်းက အဆုံးသတ်တိုက်ကွက်ကို ထုတ်သုံးခဲ့သည့် အချိန်တွင် ရှုကျိုးမှ စိတ်ဝိညာဥ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ ဝမ်ချောင်ခုန်းကို တစ်ခဏခန့် ကြောင်အသွားစေခဲ့သည်ဆိုသည်ကို မြင်နေနိုင်ခဲ့သည်။
အဆိုပါ စက္ကန့်ပိုင်း အနည်းငယ်မျှသော အချိန်ကပင် ရှုကျိုး၏ အောင်ပွဲကို ဖြစ်ပေါ်သွားစေခဲ့ခြင်း ဖြစ်သည်။
“ တကယ်လို့ ပထမအဆင့်နယ်ပယ်မှာ စိတ်ဝိညာဥ်တိုက်ခိုက်မှု နည်းစနစ်ကို လေ့ကျင့်နိုင်မယ်ဆိုရင်တောင်မှ၊ စိတ်ဝိညာဥ်စွမ်းရည် မရှိဘူးဆိုရင် စိတ်ဝိညာဥ် တိုက်ခိုက်မှုလုပ်ဖို့အတွက် တော်တော်ကြီးကို ခက်ခဲနေတုန်းပဲလေ “
ကျုံးချန်မှ အံ့ဩတကြီးဖြင့် ပြောဆိုလာခဲ့သည် “ ရှုကျိုးဆီမှာ ဟင်းလင်းပြင် စွမ်းရည်တင် မဟုတ်ဘဲ၊ စိတ်ဝိညာဥ်စွမ်းရည်ပါ ရှိနေတာများလား? “
ဘေးဘက်ရှိ ကွေ့မူ၏ မျက်နှာပေါ်တွင်လည်း တအံ့တဩဖြစ်နေသည့် အမူအရာတစ်ခု တည်ရှိနေခဲ့သည်။
စိတ်ဝိညာဥ်စွမ်းရည်နဲ့ ဟင်းလင်းပြင် စွမ်းရည်၊ ပထမအဆင့်နယ်ပယ်ကို ကျော်လွန်နေတဲ့ ချီ-သွေးစွမ်းအား !!!
ရှုကျိုးက ဘယ်လိုတောင် ကျင့်ကြံနေတာလဲဟ?
“ အဲ့တာတွေ အားလုံးထပ် ငါက သူ့ရဲ့ချီ-သွေးစွမ်းအားအကြောင်းကို ပိုပြီးတော့ သိချင်နေမိတယ် “
ကွေ့မူမှ စကားပြောလာခဲ့သည် “ သွေးကြောမှတ်တွေရဲ့ လျှို့ဝှက်စွမ်းအားကို မသုံးတာတောင်မှ ဝမ်ချောင်ခုန်းကို အေးအေးဆေးဆေး ချေမှုန်းနိုင်ခဲ့တယ်။ ဒီရှုကျိုးက၊ သွေးကြောမှတ် ၁၆၁ခုဖွင့်ထားရုံလောက် ရိုးရှင်းနေမှာ မဟုတ်ဘူး “
“ သွေးကြောမှတ် ၁၆၂ခု ဖွင့်ထားတာများလား? “ သူ့ဘေးနားရှိ ချီဟောက်သည် မနေနိုင်တော့ဘဲ ထင်ကြေးပေး ခန့်မှန်းလာခဲ့သည်။
နဝမအဆင့်ပညာရှင်များကပင် သွေးကြောမှတ် ၁၆၀ကို ကျော်လွန်သွားခြင်းက မည်ကဲ့သို့သော တိုးတက်ပြောင်းလဲမှုများ ယူဆောင်ပေးလာမလဲဆိုသည်ကို မသိကြပေ။
ထိုအချိန်၌ သူတို့သည် တိတ်တဆိတ် ထင်ကြေးပေးမှန်းဆနေရုံသာ တတ်နိုင်ကြသည်။
နဝမအဆင့် ပညာရှင်နှစ်ဦး၏ အံ့ဩတကြီးဖြစ်နေသည့် အမူအရာများကို မြင်တွေ့လိုက်ရသောအခါတွင်၊ ဝုချင်းရှန်သည် မနေနိုင်တော့ဘဲ၊ အပြုံးက နားရွက်များကို တက်ချိတ်သည်အထိ ပြုံးပြုံးကြီးဖြစ်သွားတော့သည်၊ အဲ့တာက နဝမအဆင့် ပညာရှင်တွေတောင် ဩချသွားခဲ့ရတဲ့ ငါ့ရဲ့ ကွမ်ဟန်တက္ကသိုလ်က ကျောင်းသားတစ်ယောက်ပဲ။
…
ပရိတ်သတ်တစ်အုပ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ရှုကျိုးသည် ဝမ်ချောင်ခုန်းအား အလွယ်တကူ အနိုင်ယူသွားခဲ့သည်။
လွယ်လွန်းနေသဖြင့် လူတော်တော်များများသည် သူတို့က အိမ်မက်မက်နေသည်ဟုပင် ထင်သွားကြသည်။
ထိုအချိန်၌ ရှုကျိုးသည် စင်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်၊ သူ၏အဝတ်အစားများသည် နှင်းဖြူထပ်ပင် ပို၍ တောက်ပနေခဲ့သည်။ သူသည် ပရိတ်သတ်များကို လက်သီးဆုပ်၍ အရိုအသေပြုကာ စင်ပေါ်မှ ဆင်းသွားတော့သည်။
စင်အောက်ဘက်၌
သေလုမျောပါးဖြစ်နေသည့် ဝမ်ချောင်ခုန်းသည် ရှုကျိုး၏ ခြေချင်းဝတ်ကို ရုတ်တရက် ဆွဲကိုင်လာခဲ့သည်။
“ မင်းက …… သွေးကြောမှတ် ၁၆၁ခုထပ် ပိုဖွင့်ထားတာ သေချာတယ် “ ဝမ်ချောင်ခုန်းသည် သွေးများ ပြည့်နှက်နေသော ပါးစပ်ကို ခက်ခက်ခဲခဲဖွင့်ဟ၍ စကားပြောလာခဲ့သည်။
သူသည် ရလဒ်ကို လက်မခံနိုင်ဖြစ်နေခဲ့သည်။
အကယ်၍ ရှုကျိုးက သူ့ထပ် သွေးကြောမှတ် ၁ခုသာလျှင် ပိုနေမည်ဆိုပါက၊ ကွာဟချက်မှာ ထိုမျှလောက် ကြီးမားနေလိမ့်မည် မဟုတ်ပေ။
“ ခန့်မှန်းတာ မှန်တယ်၊ ဒါပင်မဲ့ ဆုတော့ ရမှာမဟုတ်ဘူး “ ဟုရှုကျိုးမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည်။
“ မင်း !! “ ဝမ်ချောင်ခုန်းသည် ဒေါသတကြီးဖြစ်သွားကာ သွေးထပ်အန်နေရပြီး၊ နေရာမှာပင် မေ့မျောလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် ပရိတ်သတ်ထဲရှိ ဝုချင်းရှန်မှ ထပ်မံ၍ စကားပြောလာခဲ့သည်။
“ ပထမအဆင့်နယ်ပယ်တွေရဲ့ ဆီးမီးဖိုင်နယ်ပွဲစဥ်၁ ပြီးသွားပါပြီ၊ ရှုကျိုး အနိုင်ရပါတယ် “
“ ပွဲစဥ်၂ စပါမယ်၊ ပြိုင်ပွဲဝင်တွေကတော့ ဝမ်ချောင်ခုန်းနဲ့ ကျောက်ဟုန်ရင်တို့ပဲဖြစ်ပါတယ် “
“ ပြိုင်ဝင်တွေ စင်ပေါ်မှာ နေရာယူကြပါ “
ထိုစကားလုံးများနှင့်အတူ ကျောက်ဟုန်ရင်သည် စင်ပေါ်သို့ တက်လှမ်းလာခဲ့သည်။
သူမသည် စင်ပေါ်တွင် မတ်တပ်ရပ်နေကာ၊ အောက်ဘက်ရှိ ဝမ်ချောင်ခုန်းကို ငုံ့ကြည့်နေပြီး၊ သူထရပ်လာမည့် အချိန်ကို စောင့်ဆိုင်းနေတော့သည်။
ဝုချင်းရှန်မှ အေးစက်စွာ ပြောလာခဲ့သည် “ တစ်မိနစ်အတွင်းမှာ စင်ပေါ်ကို မရောက်တဲ့လူက အရှုံးလို့ သတ်မှတ်ပါမယ် “
ဝမ်ချောင်ခုန်းက မည်သည့်အတွက်ကြောင့် ဒဏ်ရာကုသခွင့်မရလဲဆိုသည်ကို မမေးမြန်းသင့်ပေ။
ကျောက်ဟုန်ရင်မှာလည်း ဒဏ်ရာအပြင်းအထန် ရရှိထားပြီး၊ သူမ၏ စွမ်းအားသည် ဝမ်ချောင်ခုန်းထပ် များစွာ နိမ့်ကျနေခဲ့သည်။
ဤပြိုင်ပွဲသည် အစကတည်းက မမျှတသည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။
မိနစ်ဝက်မျှ ကြာခဲ့ပြီးသည့်နောက်၌ ဝမ်ချောင်ခုန်းသည် ဒုက္ခသက္ခခံ၍ မြေပြင်ပေါ်မှ ထရပ်လာခဲ့ပြီး၊ ထော့နဲ့ထော့နဲ့ဖြင့် စင်ပေါ်သို့ တက်လာခဲ့သည်။
သူ၏လက်နှစ်ဖက်စလုံး ပွင့်ထွက်နေပြီဖြစ်ကာ အရိုးများသာလျှင် ကျန်ရှိနေတော့သည်၊ သူ၏ရင်ဘတ်တွင်လည်း ထုတ်ချင်းပေါက် ထိုးသွင်းရာတစ်ခု ရှိနေခဲ့ပြီး၊ သူ့အား လွန်စွာသနားဖွယ် ကောင်းသည့်ပုံပေါ်သွားစေလျက်ရှိသည်။
သို့ရာတွင် ကျောက်ဟုန်ရင်၏ အခြေအနေမှာလည်း များစွာကောင်းမွန်မနေခဲ့ပေ၊ ယခင်က ကျိုမင်းလျန်နှင့်တိုက်ပွဲတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် စွန်းထင်းနေလျက်ရှိသည်။
“ ပြိုင်ပွဲ စပါပြီ “
ထိုစကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် လူနှစ်ဦးသည် စတင်၍ တိုက်ခိုက်နေကြတော့သည်။
ဝမ်ချောင်ခုန်းနှင့် ကျောက်ဟုန်ရင်တို့နှစ်ဦးစလုံးသည် ဒဏ်ရာအပြင်းအထန် ရရှိထားကြသည်၊ သို့သော် ဝမ်ချောင်ခုန်း၏ ဒဏ်ရာများမှာ ပို၍ပြင်းထန်နေခဲ့သည်။
သို့သော် ဝမ်ချောင်ခုန်းထံတွင် ခွန်အားများ ကျန်ရှိနေသေးပြီး၊ တိုက်ပွဲသည် ဆယ်မိနစ်ကျော်အထိ ကြာရှည်ခဲ့သည်။
စင်အောက်ရှိ အစစ်အမှန် သိုင်းပညာဌာမှ အဖွဲ့ဝင်အားလုံး ကိုယ်စိတ်နှစ်ပါးလုံး တင်းကြပ်သွားကြပြီး၊ ရှုကျိုးတစ်ဦးတည်းသာ အေးအေးဆေးဆေး ဖြစ်နေခဲ့သည်။
သူသည် ဝမ်ချောင်ခုန်း၏ လက်များကို ရည်ရွယ်ချက်ရှိရှိ စုတ်ဖြဲလိုက်ပြီး၊ ကျောက်ဟုန်ရင်အတွက် အခွင့်အလမ်းတစ်ခု ဖန်တီးပေးခဲ့သည်။
အကယ်၍ ကျောက်ဟုန်ရင်ကသာ ထိုကဲ့သို့သော ဝမ်ချောင်ခုန်းကို အနိုင်မယူနိုင်ဘူးဆိုပါက၊ သူမသည် ပြိုင်ပွဲဝင်အဖြစ် ရွေးချယ်ခံခဲ့ရလိမ့်မည် မဟုတ်ပေ။
ဒဏ်ရာရသူများ တွေ့ဆုံနေကြခြင်းဖြစ်သောကြောင့် ဤတစ်ကြိမ်တိုက်ပွဲသည် ယခင်တစ်ကြိမ်ကထပ် ပို၍ရက်စက်ကြမ်းတမ်းနေခဲ့သည်။
လူနှစ်ဦးသည် ရှေးဦးနည်းလမ်းအတိုင်း တိုက်ခိုက်ခဲ့ကြပြီး၊ သွေးများဖုံးလွှမ်းကာ အသွေးအသားများ နေရာအနှံ့ပျံ့ကျဲသွားလျက်ရှိသည်။
အဆုံး၌ ကျောက်ဟုန်ရင်သည် လက်တစ်ဖက်ကို စွန့်လွှတ်ခဲ့ရပြီး၊ ဝမ်ချောင်ခုန်း၏ရင်ဘတ်ကို သူမ၏ဓားဖြင့် ထိုးစိုက်နိုင်ခဲ့ကာ နေရာမှာပင် အနိုင်ပိုင်းနိုင်ခဲ့ပြီး၊ အားသာချက်အနည်းငယ်ဖြင့် အနိုင်ရသွားခဲ့သည်။
ဤတိုက်ပွဲပြီးဆုံးသွားသည့်အချိန်၌ အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနတို့ကြားရှိ ရမှတ်သည် ၁၀ : ၇အထိ ဖြစ်သွားခဲ့သည်။
ဆီးမီးဖိုင်နယ်၏ နောက်ဆုံးသောတိုက်ပွဲမှာ ယဲ့ချင်ချင်နှင့် ဝမ်တျယ်တို့၏ တိုက်ပွဲဖြစ်သည်။
ပထမအဆင့်နယ်ပယ်ပြိုင်ပွဲကို သူမတို့အနိုင်ရသွားသည်မှာ သေချာနေပြီဖြစ်သောကြောင့် ယဲ့ချင်ချင်သည် မည်သည့်ဖိအားမှ မရှိဘဲ၊ ပေါ့ပေါ့ပါးပါးသာ ယှဥ်ပြိုင်တိုက်ခိုက်ခဲ့သည်။
သို့တိုင်အောင် ယဲ့ချင်ချင်သည် ဆယ်မိနစ်တိတိ ယှဥ်ပြိုင်တိုက်ခိုက်ခဲ့သေးသည်။
ထို့နောက်တွင် သူမသည် နောင်တကင်းစွာ ရှုံးနိမ့်သွားခဲ့သည်။
ရလဒ်ကား ၁၀ : ၈ပင် ဖြစ်သည်။
…
နတ်သိုင်းဌာနမှ ကျောင်းသူကျောင်းသားများသည် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။
အမှန်တိုင်းပြောရမည်ဆိုပါက ဖိုင်နယ်ပွဲစဥ်ကို ကျင်းပရန် မလိုတော့ပေ။
အဘယ့်ကြောင့်ဆိုသော် နတ်သိုင်းဌာနဘက်တွင် ဝမ်တျယ်တစ်ဦးတည်းသာ ကျန်ရှိနေသောကြောင့်ဖြစ်သည်။
အကယ်၍ ရှုကျိုးက လက်တစ်ဖက်တည်းကိုသာ အသုံးပြုမည်ဆိုလျှင်တောင်မှ သူ မည်သို့မျှ အနိုင်ရလိမ့်မည် မဟုတ်ပေ။
ပထမအဆင့်နယ်ပယ်တို့၏ ပြိုင်ပွဲတွင် နတ်သိုင်းဌာန ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
ထိုကဲ့သို့ဆိုလျှင်တောင်မှ ပြိုင်ပွဲကို ဆက်လုပ်ရဦးမည်ဖြစ်သည်။
ဝုချင်းရှန်မှ ကျယ်လောင်စွာ ကြေညာလာခဲ့သည် “ ပထမအဆင့်နယ်ပယ်ရဲ့ ဖိုင်နယ်ပွဲစဥ်စပါမယ် “
“ ဝမ်တျယ်နဲ့ ရှုကျိုးပါ “
“ ပြိုင်ပွဲဝင်တွေ စင်ပေါ်မှာ နေရာယူကြပါ “
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးနှင့် ဝမ်တျယ်တို့နှစ်ဦးစလုံး စင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ဝမ်တျယ်သည် ခါးသီးသော အမူအရာဖြင့် သူ့ရှေ့ရှိလူငယ်လေးကို ကြည့်နေတော့သည်။
သူသည် သွေးကြောမှတ် ၁၅၈ခုသာလျှင် ဖွင့်ထားပြီး၊ ကံတရား၏ ဖေးမမှုကြောင့် ဖိုင်နယ်ပွဲစဥ်အထိ ရောက်လာခဲ့ခြင်းဖြစ်သည်။
ရှုကျိုးနှင့် ရင်ဆိုင်ရခြင်းသည် သူအနိုင်ရနိုင်မည့် လမ်းမရှိပေ။
“ စကြတာပေါ့ “ ဝမ်တျယ်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်း၍ ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။
ဓားရှည်မှ အလျားလိုက် ပိုင်းဖြတ်လာခဲ့ရာ ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်များသည် ဝမ်တျယ်ကိုဖုံးလွှမ်းလာခဲ့သည်။
ဝမ်တျယ်၏ မျက်လုံးများ သိသိသာသာ ကျဥ်းမြောင်းသွားခဲ့သည်၊ သူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီ-သွေးစွမ်းအင်အားလုံးကို တစ်ခါတည်း နှိုးဆွလိုက်ပြီး၊ မည်သည့်ခွန်အားကိုမှ ထိမ်ချန်မထားဘဲ ဓားကိုလွှဲရမ်းလာခဲ့သည်။