← Chapters

အဆင့်ထိုးဖောက်ခြင်း !!! ဒုတိယအဆင့် !!! ၂

Vol. 19 Ch. 278

အဆင့်ထိုးဖောက်ခြင်း !!! ဒုတိယအဆင့် !!! ၂

Vol. 19 Ch. 278

၎င်းမှာ သွေးကြောမှတ်လျှို့ဝှက်စွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းသည့် အပိုင်းဖြစ်သည်။ ၎င်းသည် သိုင်းပညာရှင်တစ်ဦးအား ကြီးကြီးမားမား တိုးတက်သွားစေနိုင်သည်။

ရှုကျိုးမှ သွေးကြောမှတ် အခု၃၆၀ကို ဖွင့်ထားသည့် အချိန်တွင် ၎င်းတို့က ယူဆောင်ပေးလာခဲ့သည့် တိုးတက်မှုမှာ မှန်းဆစိတ်ကူးကြည့်၍ပင် မရပေ။

ရှုကျိုးမှ သူ၏ဓားကို လွှဲရမ်းလိုက်ရာ ဆူနာမီကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ သွေးကြောမှတ် အခု၃၆၀လား? “

ဝမ်ခိုင်၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်နေသည့် အမူအရာတစ်ခု ရှိနေခဲ့သည်၊ သို့သော် သူ့ထံတွင် ထိုအကြောင်းကို တွေးတောစဥ်းစားနေရန် အချိန်မရှိပေ။

သူသည် လှံရှည်ကို ဆုပ်ကိုင်၍ အရှေ့ဘက်သို့ ထိုးသွင်းလိုက်ရာ၊ အနက်ရောင် ချီ-သွေးစွမ်းအင် နဂါးတစ်ကောင်သည် အရှေ့ဘက်သို့ ဟိန်းဟောက်ချီတက်လာတော့သည်။

“ ခွမ်းးး !!! “

လှံနှင့်ဆေဘာတို့ တိုက်မိသွားကာ ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ဝမ်ခိုင်၏ လက်မောင်းတစ်ဖက်သည် ချက်ချင်း ပေါက်ကွဲထွက်သွားခဲ့သည်။

“ သေ !!! “

ရှုကျိုးမှ သူ၏ဆေဘာကို ထပ်မံ၍ လွှဲရမ်းလာခဲ့ရာ၊ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ ပဥ္စအဆင့်ဖြစ်သော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝမ်ချောင်ခုန်းကို တိုက်ခိုက်ခဲ့သည့် တူညီသောနည်းစနစ်ပင်ဖြစ်သည်၊ သို့သော် အရှိန်အဟုန်သည် ပြိုင်ပွဲဝင်ခဲ့စဥ်အချိန်ကထပ် အဆပေါင်းရာနှင့်ချီ၍ ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သွေးကြောမှတ် အခု၃၆၀လုံး၏ လည်ပတ်မှုအောက်တွင် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းသည် လုံးဝအဆင့်မြင့်မားနေခဲ့သည်၊ ချီ-သွေးစွမ်းအားသည် ကြမ်းတမ်းသော ဆူနာမီတစ်ခု ဝင်ရောက်လာသကဲ့သို့ အဆိုပါနည်းစနစ်၏စွမ်းအားကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ရဖူးသော အဆင့်မျိုးအထိ မြှင့်တင်ပေးနေခဲ့သည်။

အဖြူရောင်အလင်းတန်းသည် လျင်မြန်စွာ ကြီးမားလာခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ပိုင်းခြားသည့် အဖြူရောင် ဆေဘာအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်မှ နိမ့်ဆင်းလာခဲ့သည်။

“ မဖြစ်ဘူး !!! “

ဝမ်ခိုင်မှ ဟိန်းဟောက်လာခဲ့ရာ၊ သူ့ခန္ဓာကိုယ်တွင်းရှိ သွေးကြောမှတ် ၁၅ခုသည် အကြမ်းပတမ်း လှုပ်ခါလာခဲ့ပြီး၊ အလွန်တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

ချီ-သွေးစွမ်းအင်များသည် သူ့အနားတွင် စုပြုံးလာခဲ့သည်၊ သူသည် သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားကို အကန့်အသတ်သို့ ရောက်ရှိသွားသည်အထိ တွန်းပို့လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင် လှိုင်းတစ်ခု ထုတ်လွှင့်လာခဲ့သည်။

သူ့လက်ထဲရှိ လှံမှာလည်း တလက်လက် တောက်ပလာခဲ့သည်။

“ ငါ့အတွက် ချိုးဖျက်လိုက်စမ်း !!! “

ဝမ်ခိုင်မှ လှံကို ပစ်လွှတ်လိုက်ရာ၊ ချီ-သွေးစွမ်းအားဖြင့် ပြုလုပ်ထားသည့် အနက်ရောင် နဂါးများစွာ ပေါ်ထွက်လာခဲ့ပြီး၊ ဆေဘာအလင်းတန်းဆီသို့ ချီတက်သွားကြသည်။

၎င်းမှာ သူ၏ပွဲသိမ်းတိုက်ကွက်၊ ကောင်းကင်ဘုံ နဂါးခြေလှမ်းငါးခုဖြစ်သည်၊ တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းသည် သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားများဖြင့် ပေါင်းစပ်သွားကာ နဂါးငါးကောင်အဖြစ် ဖွဲ့တည်သွားခဲ့ခြင်းဖြစ်သည်။

အနက်ရောင် နဂါးတစ်ကောင်ချင်းစီတိုင်းသည် တတိယအဆင့် ပညာရှင်တစ်ဦး၏ စွမ်းအားပြည့်တိုက်ကွက်တစ်ခုနှင့် ညီမျှနေခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် တတိယအဆင့်ပညာရှင်ကိုပင် ယှဥ်နိုင်မည်ဖြစ်သည်။

အနက်ရောင်နဂါးများက ဆေဘာအလင်းတန်းနှင့် တိုက်မိသွားခဲ့ရာ ကျယ်လောင်သော ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်။

အနက်ရောင် နဂါးများသည် တစ်ခဏခန့်သာ တောင့်ခံထားနိုင်ခဲ့သည်၊ ထို့နောက်တွင် ကျယ်လောင်စွာ မည်ဟီးလာခဲ့ပြီး ခန္ဓာကိုယ်များ ပြိုကွဲသွားခဲ့သည်။

“ ဝုန်းးးး “

အဖြူရောင် ဆေဘာအလင်းတန်းသည် ကြယ်တာရာတစ်ခုကဲ့သို့ ဆက်လက်၍ ဆင်းသက်လာခဲ့သည်။

“ မဟုတ်ဘူး !!! “ ဝမ်ခိုင်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်၊ ငါ့ရဲ့ ပွဲသိမ်းတိုက်ကွက်ကတောင် အဲ့ခုတ်ချက်ကို မတားနိုင်ဘူးလား?

ဝုန်းဟူသောအသံနှင့်အတူ ဆေဘာအလင်းတန်း ကျရောက်လာခဲ့ပြီး ဝမ်ခိုင်ကို လွင့်ထွက်သွားစေတော့သည်။

ရှုကျိုးမှ ဆေဘာကို ဆုပ်ကိုင်၍ အရှေ့သို့ ထပ်တက်သွားပြီး ဆေဘာကို လွှဲရမ်းလိုက်ရာ၊ အဖြူရောင်အလင်းတန်းတစ်ခုသည် လေထဲရှိ ဝမ်ခိုင်ကို ထပ်မံ၍ ထိမှန်သွားခဲ့သည်။

သတိမမူမိသည့် အချိန်ကို အခွင့်ကောင်းယူကာ ပွဲသိမ်းပေးလိုက်သည်။

“ ဘုမ်းးးး !!! “

ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ဝမ်ခိုင်သည် ဒဏ်ရာအပြင်းအထန် ထပ်ရသွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသည့် စွန်တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျကာ ရပ်တန့်သွားခဲ့သည်။

…

မလှမ်းမကမ်းရှိ ချန်းရှင်သည် အဆိုပါမြင်ကွင်းကို ကြည့်ကာ မိန်းမောသွားတော့သည်။

“ ဂျူနီယာမောင်လေးက …… ဘယ်အချိန်ကစပြီးတော့ ဒီလောက်တောင် အစွမ်းထက်လာရတာလဲ? “

၎င်းမှာ သူမကိုယ်တိုင်ကတောင် အနိုင်ရရန် မသေချာသည့် ဝမ်ခိုင်ဖြစ်သည်။

သို့သော် ရှုကျိုး၏ အရှေ့တွင်မူ ထိုလူသည် နှစ်ကွက်ပင် တောင့်မခံနိုင်ဘဲ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့သည်။

သူမကို ပို၍ အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် တလက်လက်တောက်ပနေသည့် အလင်းတန်း အခု၃၆၀ပင် ဖြစ်သည်။

သွေးကြောမှတ် အခု၃၆၀၊ အဲ့တာက ပထမအဆင့်တောင် ဟုတ်သေးရဲ့လား?

“ ဖူးးးး ~~~ “

မြေပြင်ပေါ်ရှိ ဝမ်ခိုင်သည် မျက်နှာဖြူဖျော့နေလျက်ရှိပြီး၊ ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရကာ အသက်ရှုသံများပင် အားလျော့သွားခဲ့သည်။

သူသည် သူ့ဆီသို့ လျှောက်လှမ်းလာနေသည့် ရှုကျိုးကို မယုံကြည်နိုင်ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

“ မင်းးး …… ဘယ်လိုဖြစ်နိုင်မှာလဲ !!! “

သွေးကြောမှတ် အခု၃၆၀၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအား !!!

ရှုကျိုးသည် သူ့ကို လျစ်လျူရှုထားပြီး၊ အနီးအနားရှိ လူတစ်အုပ်ထံသို့သာ ဦးတည်သွားသည်။

ထိုလူများသည် ဝမ်ခိုင်၏ အသင်းဖော်များဖြစ်ကာ ချန်းရှင်ကို ဝိုင်းတိုက်ရန် ဝမ်ခိုင်နှင့် ပူးပေါင်းခဲ့ကြသည့် လူများဖြစ်သည်။

ထိုအချိန်တွင် ရှုကျိုးသည် ထိုလူများကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည် “ မင်းတို့က တစ်ယောက်ချင်းလာမှာလား၊ အကုန်လုံး တစ်ခါတည်းလာကြမှာလား? “

“ မင်း ….. “

ထိုလူများ၏ အမူအရာများ ရုပ်ဆိုးသွားခဲ့ပြီး အံ့ဩတုန်လှုပ်ကာ ဒေါသထွက်သွားကြသည်၊ သို့သော် မည်သူကမှ စကားမပြောရဲကြပေ။

ရှုကျိုး၏ စွမ်းအားသည် သူတို့အားလုံးကို ကြောက်လန့်သွားစေခဲ့သည်။

လူတိုင်းတိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး၊ အေးအေးလူလူ ပြောလိုက်သည် “ ဒါဆိုရင်လည်း အကုန်လုံး အတူတူလာခဲ့ကြ “

ထို့နောက်တွင် သူသည် သူ၏ချီ-သွေးစွမ်းအားကို အသက်သွင်းကာ ထပ်မံ၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။

“ ရပ်လိုက် !!! “

ထိုအချိန်တွင် ကောင်းကင်ထက်မှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

အလင်းတန်းသုံးခုသည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး၊ ဝုချင်းရှန်နှင့် တစ်ခြားလူများအဖြစ် ပြောင်းလဲသွားခဲ့သည်။

အစောပိုင်း အချိန်တုန်းက စကားပြောခဲ့သည့်လူသည် နဝမအဆင့်ပညာရှင် ချီဟောက်ဖြစ်သည်။

“ ရှုကျိုး၊ တော်လောက်ပြီ၊ သူတို့က မနက်ဖြန်ကျရင် ပြိုင်ပွဲဝင်ရဦးမှာ “ ချီဟောက်သည် အစွမ်းထက် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်ကာ လေးလေးနက်နက်ပြောလာခဲ့သည်။

ရှုကျိုးသည် သူ့ကိုကြည့်ကာ အလေးပြု၍ ပြောလိုက်သည် “ စီနီယာ၊ ခုနတုန်းက သူတို့က ကျွန်တော့်ရဲ့ စီနီယာအစ်မကို ဝိုင်းထားကြတဲ့အချိန်တုန်းကရော သူတို့က ရပ်မဲ့အကြောင်းတွေးခဲ့ကြလို့လားဗျ? “

“ ကျွန်တော့်ရဲ့ စီနီယာအစ်မကလည်း ပြိုင်ပွဲဝင်တစ်ယောက်ပဲလေ၊ သူမက ယန်တျန်ဒုံကြောင့် ဒဏ်ရာအပြင်းအထန်ရထားခဲ့ပြီးပြီ။ အခုဆိုရင် ဒီလူတွေ ခြိမ်းခြောက်တာကိုပါ ခံနေရတယ်၊ သူမက အမှားတစ်ခုခု လုပ်ခဲ့မိလို့လား? နတ်သိုင်းဌာနကို ရပ်ဖို့ပြောတဲ့လူက ဘာလို့ တစ်ယောက်မှ မရှိရတာလဲ? “

ချီဟောက်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်၊ သူသည် ရှုကျိုးက ဤမျှလောက် အခိုင်အမာ ရပ်တည်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ့ဘေးနားရှိ ဝုချင်းရှန်မှ စကားဝင်ပြောလာခဲ့သည် “ ဒီကိစ္စက ငါ့ရဲ့ပေါ့လျော့မှုကြောင့်ပါ၊ ငါတို့က ပြိုင်ပွဲဝင်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပေးထားသင့်တယ် “

ကွေ့မူသည် တိတ်တဆိတ်သာ ငြိမ်နေခဲ့သည်၊ သူ၏မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်နေသည့် အရိပ်အငွေ့များဖြင့် ရှုကျိုးခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ်များ၏ ဆွဲဆောင်မှုကိုခံနေခဲ့ရသည်။

သို့သော် ဤအခိုက်အတန့်တွင် သူသည် ထိုကိစ္စအကြောင်းကို အစမဖော်လာခဲ့ဘဲ၊ ရှုကျိုးပြောခဲ့သည့် အကြောင်းအရာကိုသာ ဝင်ရောက်ထောက်ခံလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနမှာက လူနည်းနည်းလေးပဲရှိတယ်၊ တကယ်လို့ တစ်ယောက်ယောက်ကသာ ဒဏ်ရာအပြင်းအထန် ရရှိသွားမယ်ဆိုရင် အစားထိုးစရာ လူရှိမှာ မဟုတ်ဘူး “

သူသည် မလှမ်းမကမ်းရှိ ချန်းရှင်ကို ကြည့်ကာ ရုတ်တရက် လက်ညှိုးထိုးလိုက်သည်၊ ချန်းရှင်သည် လေပေါ်တွင် မျောလွင့်လာခဲ့ပြီး၊ သူ့ဆီသို့ အလိုအလျောက်ရောက်ရှိလာခဲ့သည်။

“ ဝှီးးးး !!! “

ကွေ့မူမှ လက်ညှိုးထိုးပြလာခဲ့သည့် အချိန်၌ ချက်ချင်းဆိုသလိုပင် အစိမ်းရောင် အလင်းတန်းအများအပြား ပေါ်ထွက်လာခဲ့ပြီး၊ ချန်းရှင်ကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုအချိန်၌ ဘေးတစ်ဖက်ရှိ ဝုချင်းရှန်၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ အကြီးအကဲကွေ့၊ ခင်ဗျားက မူလစွမ်းအင်ကို …….. “

ကွေ့မူမှ လက်ဝေ့ယမ်းပြလာခဲ့သည် “ အဆင်ပြေပါတယ် “

နဝမအဆင့်ပညာရှင်တစ်ဦး၏ မူလစွမ်းအင်သည် အလွန်တန်ဖိုကြီးလှပြီး၊ အသက်ဓာတ်နှင့် တူညီနေလျက်ရှိသည်။

၎င်းကို ပြန်လည်ဖြည့်တင်းနိုင်သော်လည်း၊ အချိန်နှင့် ကုန်ကျစားရိတ်များစွာ သုံးစွဲပေးရမည် ဖြစ်သည်။

ယခုလက်ရှိအချိန်၌ ကွေ့မူသည် မူလစွမ်းအင်ကို အသုံးပြုကာ ချန်းရှင်ကို ကုသပေးနေခဲ့သည်။

အကယ်၍ ထိုအကြောင်းကသာ ပျံ့နှံ့သွားမည်ဆိုပါက တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

All Chapters