ဝူယွမ် - မင်းနားမလည်ဘူး၊ လင်းတုန်နဲ့ကျွန်တော် သိကျွမ်းတာ ကြာပြီ
Vol. 1 Ch. 2
“မဟာကောင်းကင်ဘုံတန်ခိုးမှတ်တမ်း”
“Profound Heaven Treasure Record”!
ဒါက “၀ိညာဏ်ကုန်းမြေ” ထဲက ထန်ဆန်းရဲ့ လျှို့ဝှက်ပညာမဟုတ်လား။
ငါ ရသွားတာလား။
ဝူယွမ် စိတ်ထဲ အလွန်ပျော်ရွှင်သွားသည်။
၎င်းသည် ထန်ခန်းမ ဆိုသည့် အခြားကမ္ဘာမှ ဂိုဏ်းတစ်ခု၏ အဖိုးတန်ဆုံး လျှို့ဝှက်ချက်ပညာ ဖြစ်သည်။
“ေကာင်းကင်ဘုံတန်ခိုးမှတ်တမ်း” တွင် မှတ်တမ်းတင်ထားသည့် ကိုယ်ခံပညာရပ် ခြောက်မျိုးရှိသည်။
အတွင်းအားကျင့်စဥ်နည်းစနစ် “မြင့်မြတ်သောကောင်းကင်တန်ခိုး”၊
လက်လေ့ကျင့်နည်းစနစ် “မှော်ကျောက်စိမ်းလက်”၊
မျက်စိလေ့ကျင့်ခြင််းနည်းစနစ် “စွမ်းအားပြင်းနတ်ဆိုးမျက်စိ”၊
အနီးကပ်တိုက်ခိုက်ခြင်းနည်းစနစ် “ငှက်ကြွေ နဂါးဖမ်း”၊
ခြေလှမ်းလေ့ကျင့်နည်းနစ် “ တစ္ဆေအရိပ်လှည့်စားခြင်း”၊
လျှို့ဝှက်လက်နက်အသုံးပြုခြင်းနည်းစနစ် “လျှို့ဝှက်လက်နက်တစ်ရာအသုံးပြုခြင်း” တို့ဖြစ်သည်။
ချက်ချင်းဆိုသလို “ကောင်းကင်ဘုံတန်ခိုးမှတ်တန်း” ရဲ့ လေ့ကျင့်နည်းစနစ် အားလုံးသည် ဝူယွမ်၏ ဦးနှောက်ထဲတွင် ပေါ်ပေါက်လာသည်။
ဝူယွမ်သည် ၎င်းကို နက်ရှိုင်းစွာ စူးစမ်းလေ့လာလိုစိတ်များ တစ်ဖွားဖွားဖြစ်ပေါ်လာသည်။
“အကိုတို့ နှစ်ယောက် ဘာလို့လက်ခြင်းအကြာကြီးကိုင်ပြီး ရပ်နေကြတာလဲ”
မိန်းမငယ် လေး၏ ကြည်လင်ပြတ်သားသော အသံသည် ဝူယွမ်နှင့် လင်းတုန်တို့ကို လက်တွေ့ကမ္ဘာဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ချင်းတန်သည် ဝူယွမ်နှင့် လင်းတုန်တို့ကို အံ့ဩတကြီးကြည့်ရှုနေသည်၊ သူတို့အချင်းချင်း လက်များ ဆက်လက်ကိုင်ထားဆဲဖြစ်သည်။
“အိုး”
“အိုး”
သူတို့နှစ်ဦးသည် အလျင်အမြန် လက်များကို ရုတ်ကာ အံ့သြစွာဖြင့် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်စိုက်ကြည့်နေကြသည်။
ကံကောင်းထောက်မစွာဖြင့်၊ လုံထန်နှင့် လင်းရှောင်တို့နှစ်ယောက်သား စကားကောင်းနေကြပြီး သူတို့အပေါ် အာရုံစိုက်မိခြင်း မရှိကြပေ။
“သူ ငါ့ရဲ့ လျှို့ဝှက်ချက်ကို ရိပ်မိသွားတာလား” လင်းတုန်သည် ဝူယွမ်ကို နက်ရှိုင်းစွာ ကြည့်ရင်းစဉ်းစားနေသည်၊ ကျောက်သင်္ကေတက အစောက ဝူယွမ်အပေါ် တုံ့ပြန်မှုရှိခဲ့တယ်။
ကျောက်သင်္ကေတသည် လင်းတုန်၏ အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။
၎င်းသည် လင်းတုန်၏ ဝှက်ဖဲလည်း ဖြစ်သည်။
ဝူယွမ်သည် လင်းတုန်၏ လျှို့ဝှက်ချက်အားလုံးကို သိရှိထားပြီး၊ လင်းတုန်၏ တုံ့ပြန်မှုကို မြင်လိုက်သည့်အခါ သူစဉ်းစားနေသည့်အရာကို ချက်ချင်းနားလည်သွားသည်။
လင်းတုန်၏ လက်ဖဝါး ရုတ်တရက် ပူနွေးလာတာကို သူခံစားမိလိုက်သည်၊ ၎င်းသည် သူ၏ စနစ်က လင်းတုန်ရဲ့ကျောက်သင်္ကေတကို အသက်သွင်းလိုက်ခြင်း ဖြစ်နိုင်သည်။
သူသည် စိတ်ထဲတွင် ပြုံးလိုက်ပြီး ရုတ်တရက် စိတ်ကူးတစ်ခု ရလာသည်။
လျှို့ဝှက်နည်းစနစ်ကို လင်းတုန်နှင့် လဲလှယ်အသုံးပြုလို့ရနိုင်လောက်လား။
အဘယ်ကြောင့်ဆိုသော် ကျောက်သင်္ကေတ၏ အကျိုးသက်ရောက်မှုသည် အတော်လေးအားကောင်းပြီး သူကိုယ်တိုင်လည်း အလွန်စိတ်ဝင်စားသွားသည်။
“မင်းမှာလည်း ရှိတာပဲလား”
ဝူယွမ်သည် လင်းတုန်ကို အဓိပ္ပာယ်ရှိရှိ စိုက်ကြည့်ကာ တမင်သက်သက် မပြတ်မသား ပြောဆိုလိုက်သည်။
ငါ့မှာလည်း ရှိတာပဲလား?... လင်းတုန် ရုတ်တရက် ရင်ထိတ်သွားခဲ့သည်၊ “သူလည်း ငါ့လိုမျိုးကျောက်သင်္ကေတ ရှိနေတာများလား”
“အကိုတို့နှစ်ယောက် ဘာလို့ ဒီနေ့ထူးဆန်းနေကြတာလဲ”
ချင်းတန်သည် သူမ၏ လက်ချောင်းလေးများကို နှုတ်ခမ်းပေါ်တင်ကာ အတွေးများနေသည်၊
သူတို့နှစ်ဦး အပြန်အလှန်ကြည့်နေကြပုံမှာ အလွန်ထူးဆန်းနေသည်။
အဓိကအချက်မှာ သူတို့နှစ်ဦးစလုံးသည် သူမကို အာရုံမစိုက်ကြဘဲ သူမကိုယ်သူမ လူပိုသက်သက်ဖြစ်နေသည်ဟု ခံစားနေရသည်။
“လင်းမိသားစုခေါင်းဆောင် ရောက်လာပြီ”
ထိုအချိန်တွင် လင်းကျဲ့တျန်နှင့် လူအုပ်စုတစ်စု ဝင်ရောက်လာကြသည်၊ မိသားစုပြိုင်ပွဲ စတင်တော့မည် ဖြစ်သည်။
“သွားပါ၊ ပြိုင်ပွဲသွားဝင်ပါ၊ နောက်မှဆက်ပြောကြမယ်” ဝူယွမ်က လင်းတုန်ကို ပြုံးပြပြီးပြောလိုက်သည်။
လင်းတုန် ခေါင်းညိတ်ပြလိုက်သည်။
“အဖေ” လင်းရှောင် ရင်ထဲတွင် စိုးရိမ်ပူပန်မှုများနဲ့ လက်သီးကျစ်ကျစ်ဆုပ်ကာ လင်းကျဲ့တျန်ကို ကြောက်ရွံ့ရိုသေစွာ ခေါ်လိုက်သည်။
လင်းတုန်နှင့် ချင်းတန်တို့သည်လည်း လင်းကျဲ့တျန်ကို အမြန်ဘဲ နှုတ်ဆက်လိုက်ကြသည်။
“အဘိုး”
“တုန်းအာ... ချင်းတန်... မြေးတို့နှစ်ယောက် အတော်လေး ကြီးပြင်းလာကြပြီဘဲ”
လင်းကျဲ့တျန်သည် ခံစားချက်များရှုပ်ထွေးစွာဖြင့် လင်းရှောင်ကို ကြည့်လိုက်သည်၊
“နောက်ဆုံးတော့ ငါ့ကိုတွေ့ဖို့ ထွက်လာခဲ့ပြီလား”
“ ကျွန်တော်တောင်းပန်ပါတယ်... အဖေ”
“ထွက်လာတာ ကောင်းတယ်၊ အနည်းဆုံး ငါ့ ခေါင်းပေါ်မှာ မြေကြီးတွေဖုံးပြီး(သေ)မှ ပေါ်လာတာမျိုးတော့ မဟုတ်တော့ဘူးပေါ့”
ဝူယွမ်သည် ဘေးနားကနေ ကြည့်ရှုပြီး အတော်လေး စိတ်လှုပ်ရှားနေမိသည်၊ လင်းတုန်၏ ဖခင်ဖြစ်သူ လင်းရှောင်သည် တစ်ချိန်က ချင်းယန်မြို့၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး ချင်းယန်မြို့ လင်းမိသားစုအတွက် လင်းမျိုးနွယ်စုဆီသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ချက်ဖြစ်သည်။
သို့သော် လင်းမျိုးနွယ်စု၏ ဆယ်နှစ်တစ်ကြိမ်ကျင်းပသည့် မျိုးနွယ်စုပြိုင်ပွဲတွင် လင်းရှောင်သည် လင်းမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင် လင်းလန်တျန်းကိုရှုံးနိမ့်ခဲ့ပြီး သူ့ လက်ချက်ဖြင့် သွေးကြောများ ပျက်စီးကာ လူမမာတစ်ဦးကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ဤအကြောင်းကြောင့် သူသည် စိတ်ဓာတ်ကျကာ နှစ်ပေါင်းများစွာ အရက်သောက်နေခဲ့ပြီး သူ၏အိမ်တွင်းတွင် သာ ပုန်းအောင်းနေထိုင်ခဲ့သည်။
၎င်းမှာ လင်းတုန် ငယ်စဉ်ကတည်းက အသည်းအသန်ကြိုးစားအားထုတ်ခဲ့ရသည့် အဓိအကြောင်းရင်းလည်း ဖြစ်သည်။
“ အဖေ၊ တတိယညီ လေးလည်း ထွက်ပေါ်လာပြီ၊ အဲ့တာကောင်းမွန်တဲ့အရာဘဲ ဆက်လက်ပြီး စိတ်ဆင်းရဲစရာတွေပြောမနေပါနဲ့တော့ ၊ ဒီနေ့ ဧည့်သည်တွေလည်း ရောက်နေကြတယ်”
အကြီးဆုံးအစ်ကို လင်းခန်းက ဘေးမှသတိပေးသည်။
သူ့ဘေးတွင်တော့ တင်းကျပ်သောအဝတ်အစားများဝတ်ဆင်ထားသည့် အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ဦး ရပ်နေသည်၊ ခန္ဓာကိုယ် သွယ်လျပြီး ခြေထောက်များမှာလည်း ရှည်လျားလှပပေသည်။
လင်းခန်း၏သမီး၊ လင်းမိသားစု၏ တတိယမျိုးဆက်အကြီးဆုံးသမီး လင်းရှား။
လူအားလုံး နေရာယူပြီးထိုင်ကြသည်၊ လင်းရှားသည် သူတို့ဘေးသို့ရောက်ရှိလာပြီး တိုက်ရိုက်ထိုင်ချလိုက်သည်။
“လင်းတုန်... မင်းကြိုးစားရမယ်”
“ဒါဘယ်သူလဲ” သူမက ဝူယွမ်ကိုညွှန်ပြပြီး မေးလိုက်သည်။
“ရူးသွပ်ဓားသိုင်းခန်းမ… ဝူယွမ်”
“အိုး... ဒါ ဝူယွမ်ပဲ” လင်းရှား အံ့အားသင့်သွားသည်၊ သူမက လင်းတုန်ကိုတွန်းဖယ်ကာ ဝူယွမ်ဘေးမှာထိုင်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က လိန်လီထက်တစ်ဆင့်နိမ့်ပေမယ့် သူနဲ့ တိုက်ခိုက်ခဲ့သေးတယ်၊ အဆုံးသတ်မှာ အရှုံးနဲ့ရင်ဆိုင်ရခဲ့တယ်ဆိုပေမယ့် နင်က အံ့သြစရာကောင်းတုန်းဘဲ”
လင်းရှား ချက်ချင်းပဲ အကြောင်းမရှိဘဲ စကားစလာခဲ့သည်။
“ဟင်... အဲဒါက မျက်နှာချင်းဆိုင်တိုက်ခိုက်မှုမှာ ကျွန်တော်မနိမ့်ခဲ့ဘူး၊ နောက်ဆုံး ကျွန်တော့်မှာ ယွမ်စွမ်းအင် မလောက်တော့လို့ ရှုံးခဲ့ရတာ” ဝူယွမ် သက်ပြင်းချကာပြောလိုက်သည်။
မူရင်းပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင်၊ သူသည် မကြာသေးမီက လိန်လီနှင့် တိုက်ခိုက်ခဲ့သည်၊ ထိုအချိန်က လိန်လီသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကိုး သို့ရောက်ရှိ နေပြီးဖြစ်သည်၊ ဝူယွမ်သည် တတိယအဆင့်သိုင်းပညာ “မီးလျှံမုန်တိုင်းဓား” သိုင်း၏ ကြမ်းတန်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုပုံစံဖြင့် လိန်လီနှင့် တိုက်ခိုက်ခဲ့သည်၊ သို့သော် နောက်ဆုံးတွင် ယွမ်စွမ်းအင် မလုံလောက်မှုကြောင့် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။
ထိုတိုက်ခိုက်မှုကြောင့်ဘဲ ဝူယွမ် နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။
သူသည် ချင်းယန် မြို့၏ ဒုတိယမြောက် အထင်ရှားဆုံး ပါရမီရှင်ဖြစ်လာခဲ့သည်၊ လိန်လီပြီးလျှင် ဒုတိယဖြစ်သည်။
“မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကိုး ကိုချိုးဖျက်ဖို့ နီးစပ်နေပြီလား” လင်းရှား ထပ်မံမေးမြန်းလိုက်သည်။
ထိုစကားကိုကြားသည့်အခါ လင်းတုန်၏မျက်လုံးများ လင်းလက်သွားသည်။
နဝမအဆင့်။
ဝူယွမ်သည် သူ့ထက် အသက် သိပ်မကြီးပေ၊ သို့သော် သူသည် နဝမအဆင့်ကို ချဉ်းကပ်နေပြီဖြစ်သည်၊ ဤအချက်က လင်းတုန်၏အတွေးတွေကို ပို၍ယုံကြည်စေခဲ့သည်... “သူ ကံကောင်းခြင်းတစ်ခုခုနဲ့ကြုံတွေ့ခဲ့ရတာနေမယ်၊ ငါလိုပဲပေါ့။”
ဤအချက်က ဝူယွမ်၏ ယခင်က ပြောခဲ့သည့် “မင်းမှာလည်း ရှိတာပဲလား” ဆိုသည့် စကားကို ပိုပြီးယုံကြည်စေခဲ့သည်။
“စကားများနေတာကြာပြီ၊ ပြိုင်ပွဲစတင်တော့မယ်၊ အဆင်သင့်ဖြစ်အောင်လုပ်ထားပါ”
ဝူယွမ်က လင်းရှား၏ အကြောင်းအရင်းမယ်မယ်ရရ မရှိသော စကားများကို ဖြတ်တောက်လိုက်သည်။
ထိုအချိန်တွင် လင်းခန်းသည် မိသားစုပြိုင်ပွဲစတင်ပြီဖြစ်ကြောင်း ကြေညာပြီး ပြိုင်ပွဲဝင်များအား တံဆိပ်များယူဆောင်ကာ ပြိုင်ဘက်များရွေးချယ်ဖို့ စင်ပေါ်သို့တက်လာရန် ပြောကြားခဲ့သည်။
“လင်းတုန်ကိုကို ... ကိုကိုလုပ်နိုင်ပါတယ်”
ချင်းတန်က သူမ၏လက် သေးသေးလေးများကို ဆုပ်ထားပြီး လင်းတုန်အတွက် အော်ဟစ်အားပေးနေသည်။
“စိတ်မပူပါနဲ့၊ လင်းတုန်က မင်းကို စိတ်ပျက်စေမှာမဟုတ်ဘူး”
ဝူယွမ်က ပြုံးပြီး ယုံကြည်မှုရှိရှိပြောကာ
လင်းတုန်နိုင်လိမ့်မည်ဟုအလွန်ယုံကြည်နေသည်။
“အင်”
ချင်းတန်၏ မျက်နှာလေးနီရဲသွားပြီး သူမလည်း ထိုနည်းတူစွာ ခံစားနေရသည်။
လင်းတုန်၏ ပထမဆုံးပွဲစဉ်သည် လင်းချန်ချန်းနှင့် ဖြစ်သည်။
သူသည် အလွယ်တစ်ကူ အနိုင်ရခဲ့သည်။
ထို့နောက် သူသည် လင်းယန်နှင့် တိုက်ခိုက်ခဲ့သည်၊ လင်းယန်သည် လက်ရှိတွင် လင်းရှားနှင့် လင်းဟုန်ပြီးလျှင် လင်းမိသားစုတွင် ဒုတိယမြောက် အထင်ရှားဆုံးပါရမီရှင်ဖြစ်ပြီး ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်ခြောက် မှာရှိသည်။
သို့သော် လင်းတုန်သည် သူ့အင်အားကို လျှို့ဝှက်ထားပြီး ဘယ်သူမှ မသိကြပေ။
ထို့ကြောင့် ဤတိုက်ခိုက်မှုတွင် လူတိုင်းက လင်းယန်နိုင်မည်ဟု ထင်ထာခဲ့ကြသည်။
သူ့ဘေးတွင် ချင်းတန်သည် သူ၏ နုနယ်သောလက်များကို တင်းတင်းကျပ်ကျပ်ဆုပ်ကာထားပြီး သူမ၏ငယ်ရွယ်သောမျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
“သိပ်ပြီးစိုးရိမ်မနေပါနဲ့၊ လင်းယန်ဆီမှာ ရှုံးရတာကလည်း လက်ခံနိုင်စရာပါဘဲ၊ လင်းယန်ကလေ့ကျင့်တာ အတော်ကြာပြီလေ” လင်းရှောင်ကစိတ် သက်သာသွားအောင် နှစ်သိမ့်ပေးလိုက်သည်၊ သူတောင်လင်းတုန်အနိုင်ရနိုင်မယ်လို့မထင်ပေ။
လင်းတုန်သည် ခေါင်းညိတ်ကာစင်ပေါ်သို့တက်သွားလိုက်သည် လုံးဝမတုန်မလှုပ်ပေ၊ စင်ပေါ်သို့မတက်မီ သူသည် ဝူယွမ်နှင့် မျက်စိချ�င်းစုံကြည့်မိသွားသည်။
ဝူယွမ်က သူ့ကိုပြုံးပြပြီး ကျယ်ကျယ် လေးအော်ပြောသည် “အလင်းရောင်ကို အဆက်မပြတ်သိုဝှက်ထားဖို့မလိုဘူး၊ တောက်ပဖို့လိုတဲ့အချိန်မှာ သိပ်အရှက်ကြီးမနေနဲ့”
အခြားသူများက ဝူယွမ်၏စကားကိုကြားပြီး လှည့်ကြည့်ကြသည်။
ချက်ချင်းဆိုသလို လင်းတုန်သည် လူသိရှင်ကြား ဖိအားပေးခြင်းခံရသည်။
“အဓိပ္ပာယ်မရှိတာ၊ လင်းတုန်က သူ့အင်အားကိုလျှို့ဝှက်ထားတယ်တဲ့လား၊ သူက လင်းယန်ရဲ့ စွမ်းရည်ကို မသိဘူးထင်တယ်၊ ဒါကြောင့် ဒီလိုမျိုး ရဲရဲရင့်ရင့်ပြောရဲတာ”
“ဒီလူက ငါတို့မိသားစုကမဟုတ်ဘူး၊ လင်းယန်ကိုသေချာနားမလည်ဘူး၊ ဒါကြောင့် ဒီလိုပြောရဲတာ”
“လင်းတုန်ကသာ လင်းယန်းကိုအနိုင်ရနိုင်သွားမယ်ဆိုရင် ငါ စင်ပေါ်မှာမတ်တတ်ရပ်ပြီး မစင်စားပြမယ်”
...ပတ်ဝန်းကျင်ရှိ လင်းမိသားစုဝင်များသည် တီးတိုးပြောဆိုနေကြပြီး ဝူယွမ်၏အမြင်ကို သဘောမတူကြပေ၊ အခြားတစ်ဖက်မှာတော့ လင်းမန်းနှင့် အခြားသူများက ပို၍ရှုံ့ချကြသည်။
သို့သော် ဝူယွမ်သည် ဤလူများကို လုံးဝဂရုမစိုက်ဘဲ လင်းတုန်ကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်ရှုနေသည်။
“သူငါ့ကိုနားလည်နေတယ်...” လင်းတုန်သည် တစ်ခုခုကိုနားလည်လိုက်သကဲ့သို့ ပြုံးရွှင်ကာ ပြိုင်ပွဲစင်ဆီသို့ တက်လှမ်းသွားသည်။
အချိန်ကြာမြင့်စွာ သည်းခံခဲ့ပြီးနောက်၊ ယနေ့ကတွင် သူသည် တောက်ပရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
“လင်းတုန်ကိုကိုကတော့ အလွယ်တကူ အရှုံးမပေးလောက်ပါဘူး” ပတ်ဝန်းကျင်က သံသယဖြစ်ဖွယ်စကားတွေကို ကြားရတဲ့အခါ ချင်းတန် အနည်းငယ် စိုးရိမ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခင်က လင်းဟုန်က မိသားစုပြိုင်ပွဲတွင် ပထမရရှိခဲ့ပါက မိသားစုခေါင်းဆောင်ထံ သူမကို လက်ထပ်ခွင့် တောင်းမည်ဟု ပြောခဲ့သည်။
လင်းတုန်သာ အရှုံးပေးခဲ့ပါက၊ လင်းဟုန်၏အကြံအစီကို တားဆီးရန် ဘယ်သူမှသူ့ကို ကူညီနိုင်တော့မည်မဟုတ်ပေ။
“စိတ်မပူပါနဲ့၊ သူအရှုံးမပေးပါဘူး” ဝူယွမ်က ချင်းတန်ကို အားတက်သရော ပြုံးပြပြီးပြောလိုက်သည်။
“အင်” ချင်းတန်က ခေါင်းငြိမ့် ပြန်ဖြေသည်။
“မင်းက လင်းတုန်ကို အဲ့လောက်ထိယုံကြည်တာလား” လင်းရှားက ပြောလိုက်သည်၊ လင်းတုန်အနေဖြင့် လင်းယန်ကို အနိုင်ရရန် ခက်ခဲမည်ဟု သူမ ထင်သည်။
“ကျွန်တော်ကသူ့ကိုယုံကြည်တာမဟုတ်ဘူး၊ သူ့မှာကျွန်တော့်ကိုယုံကြည်စေတဲ့အရာတွေရှိတာပါ” ဝူယွမ်က ပေါ့ပေါ့ပါးပါးဘဲပြန်ဖြေလိုက်သည်။
“ဘာကြောင့်လဲ၊ မင်းနဲ့ လင်းတုန်က ခုမှစတွေ့တာမဟုတ်ဘူးလား” လင်းရှား မျက်ခုံးပင့်သွားသည်။
“မင်းနားမလည်ပါဘူး၊ ကျွန်တော်တို့အခုမှတွေ့တာဆိုပေမယ့် သိကျွမ်းတာ ကြာပြီ”
လင်းရှား မျက်လုံးပြူးသွားခဲ့ပြီး ဝူယွမ်ပြောချင်တာကို လုံးဝနားမလည်နိုင်ခဲ့ပေ၊
“မင်းတို့ယောက်ျားတွေက တကယ်ဘဲထူးဆန်းတယ်”