← Chapters

ဗိုလ်လုပွဲ !! ဒုတိယအဆင့်နယ်ပယ်၏ အစွမ်းအထက်ဆုံးလူ !!! ၂

Vol. 19 Ch. 284

ဗိုလ်လုပွဲ !! ဒုတိယအဆင့်နယ်ပယ်၏ အစွမ်းအထက်ဆုံးလူ !!! ၂

Vol. 19 Ch. 284

၎င်းမှာ သူ၏ အယူသီးမှု မဟုတ်ပေ။

သိုင်းပညာရှင်တစ်ဦးက တတိယအဆင့်အထိ ကျင့်ကြံခဲ့ပြီးသည့်နောက်တွင် ကိုယ်တွင်းအဂ်ါငါးခုနှင့် စိတ်တံခါးပေါက်တို့ကြားတွင် တံတားတစ်စင်း တည်ဆောက်နိုင်ခဲ့ကြသည်။

သိုင်းပညာရှင်တစ်ဦး၏ စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုသည် ထိုအရာထံမှ ဆင်းသက်လာခြင်းဖြစ်သည်။

ယန်တျန်ဒုံမှာ ဒုတိယအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးသော်လည်း၊ စိတ်ဝိညာဥ်ဆိုင်ရာ ဆက်နွယ်မှု၏ အကျိုးသက်ရောက်မှုတစ်ချို့ကို စတင်၍ ထိတွေ့ခံစားနေနိုင်ပြီဖြစ်ပြီး၊ သူသည် သူ၏စိတ်အာရုံကို များစွာ ယုံကြည်နေခဲ့သည်။

“ ဇွီ !! “

သူမျက်မှောင်ကြုတ်သွားသည့်အချိန်တွင် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် တွန့်ခေါက်လာခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာ၌ သူ၏အရှေ့တွင် မျက်နှာကို ထင်ထင်ရှားရှား မမြင်တွေ့ရသည့် အရိပ်တစ်ခု ပေါ်လာခဲ့သည်။

ယန်တျန်ဒုံ အံ့ဩတုန်လှုပ်သွားတော့သည် “ ဘယ်သူလဲ? “

“တကယ်လို့ မနက်ဖြန်ပြိုင်ပွဲမှာ မင်းက ရှုကျိုးနဲ့ ရင်ဆိုင်ရတော့မယ်ဆိုရင် ဒီဆေးလုံးကို ကြိုသောက်ထားလိုက် “

အနက်ဝတ်လူမှ လေးလေးနက်နက် ပြောလာခဲ့သည်။

ယန်တျန်ဒုံ၏မျက်ဝန်းများ မှေးကျဥ်းသွားခဲ့သည်၊ သို့သော် သူသည် ၎င်းကို ချက်ချင်း မယူလိုက်ပေ။

သူ၏မျက်ဝန်းထောင့်များမှတစ်ဆင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ရာ ပြုတ်ကျနေသည့် ပန်းအိုးက အချိန်နှင့် ဟင်းလင်းပြင်တို့ အေးခဲသွားသကဲ့သို့ လေထုထဲတွင် လွင့်မျောနေသည်ကို မြင်တွေ့သွားခဲ့သည်။

ယန်တျန်ဒုံသည် ဤလူက အံ့ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည့် ပညာရှင်တစ်ဦးဖြစ်ကြောင်းကို ချက်ချင်းနားလည်သွားခဲ့သည်။

သူသည် အနက်ဝတ်လူကို ကြည့်ကာ လေသံတိုးတိုးလေးဖြင့် မေးလိုက်သည် “ ဘာကိဆိုလိုတာလဲ? ရှုကျိုးက မနက်ဖြန်ကျရင် ဝင်ပြိုင်မှာလား? သူက ပထမအဆင့်မှာ ရှိနေတုန်းပဲ မဟုတ်ဘူးလား? “

“ ရှုကျိုးက ဒုတိယအဆင့်ကို ရောက်နေပြီ၊ ပြီးတော့ ဝမ်ခိုင်ကိုလည်း အနိုင်ယူပြီးသွားပြီ “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ယန်တျန်ဒုံ၏ စိတ်နှလုံးသား လှုပ်ခတ်သွားတော့သည်။

ရှုကျိုးက ဝမ်ခိုင်ကို နိုင်သွားတာလား?

အဲ့တာက ………. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

ဝမ်ခိုင်က ငါ့ထပ်အားနည်းပင်မဲ့ ဒုတိယအဆင့် နယ်ပယ်က အားကောင်းတဲ့လူတစ်ယောက်ပဲလေ။

တကယ်လို့ ရှုကျိုးက ဒုတိယအဆင့်ကို ရောက်လာခဲ့မယ်ဆိုရင်တောင်မှ အစောပိုင်း ဒုတိယအဆင့်လောက်မှာပဲ ရှိနေဦးမှာလေ၊ အထွတ်အထိပ်အဆင့်နဲ့ အဝေးကြီးလိုသေးတယ်။

သို့သော် ဝမ်ခိုင်၏ ငြိမ်သက်မှုကို တွေးမိသွားသောအခါတွင် ယန်တျန်ဒုံ၏ အမူအရာသည် အနည်းငယ် မည်းမှောင်သွားခဲ့သည်။

သူသည် အနက်ဝတ်လူ လက်ထဲရှိ ဆေးလုံးကို ကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည် “ ပြိုင်ပွဲမှာ ဆေးသုံးတာကို တားမြစ်ထားတယ်မဟုတ်ဘူးလား? “

တစ်ဖက်လူ၏ ပြောစကားများအရ အဆိုပါ ဆေးလုံးသည် လူတစ်ဦး၏ခွန်အားကို သိသိသာသာ တိုးမြှင့်ပေးနိုင်ပုံရသည်။

အကယ်၍ သာမန်ပြိုင်ပွဲတစ်ခုသာဆိုပါက အဆင်ပြေနေမည်ဖြစ်သည်၊ သို့သော် ယခုတွင်ကား အဠမအဆင့်နှင့် နဝမအဆင့်မှ ပညာရှင်များက စောင့်ကြည့်နေလျက်ရှိသည်၊ ထို့ကြောင့် တားမြစ်ဆေးသုံးစွဲလိုက်ခြင်းမှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံနေသကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

အနက်ဝတ်လူမှ အေးအေးလူလူ ပြောလာခဲ့သည် “ ဒါက နောက်ဆုံးပေါ်ပစ္စည်းပဲ တားမြစ်ဆေးအမျိုးအစားထဲမှာ မပါဘူး “

“ ဒီဆေးက တော်တော်လေးကို အပုန်းကောင်းတယ်၊ နဝမအဆင့် ပညာရှင်ကတောင် မင်းက ဒီဆေးသောက်ထားတယ်ဆိုတာကို မသိနိုင်ဘူး။ မင်းက အဆင့်တက်သွားပြီးတော့ ပိုစွမ်းလာတယ်လို့ပဲ ထင်သွားကြလိမ့်မယ် “

ယန်တျန်ဒုံ၏ မျက်လုံးများ မှေးကျဥ်းသွားကာ မေးမြန်းလိုက်သည် “ ဒီဆေးက ကျွန်တော့်ကို ဘယ်လောက် တိုးတက်သွားစေမှာလဲ? “

“ အဲ့တာက မင်းရဲ့ သွေးကြောမှတ်တွေကို အကန့်အသတ်အထိ တွန်းပို့ပေးပြီးတော့ မင်းကို အလယ်အလတ် တတိယအဆင့်အထိ ရောက်သွားစေလိမ့်မယ် “

“ တန်ကြေးကရော? “

“ နောက်ခြောက်လအထိ မင်းရဲ့ခွန်အားက လုံးဝတိုးတက်လာမှာ မဟုတ်ဘူး “

ယန်တျန်ဒုံသည် တစ်ခဏခန့် တိတ်ဆိတ် ငြိမ်သက်သွားတော့သည်၊ ထို့နောက်တွင် အဆိုပါဆေးလုံးကို လှမ်းယူလိုက်သည်။

သူသည် ရှုကျိုးစွမ်းအားကို မြင်တွေ့ခဲ့ဖူးသည်၊ အကယ်၍ သူကသာ ပထမအဆင့်တွင် ရှိနေဦးမည်ဆိုပါက၊ ရှုကျိုး ပြုလုပ်ခဲ့သည့်အတိုင်း ဝမ်ချောင်ခုန်းကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ရှုကျိုးမှာ ၎င်းကို လုပ်ပြခဲ့သည်။

အကယ်၍ သာမန်ပြိုင်ပွဲတစ်ခုတွင်သာဆိုပါက သူသည် တားမြစ်ဆေးသုံးစွဲရခြင်းကို နှာခေါင်းရှုံ့နေမည် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူပေါ့ပေါ့ဆဆလုပ်၍ မရပေ။

ဒုတိယအဆင့်နယ်ပယ်ပြိုင်ပွဲတွင် နတ်သိုင်းဌာနဘက်မှ အနိုင်ရကိုရမည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

အနက်ဝတ်လူမှ ဆက်ပြောလာခဲ့သည် “ တကယ်လို့ မနက်ဖြန်ကျရင် မင်းက ရှုကျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက် “

“ နားလည်ပါပြီ “

ယန်တျန်ဒုံ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပေါ်လာခဲ့သည်၊ တစ်ခြားလူများ၏ ညွှန်ကြားမှု မရှိဘူးဆိုလျှင်တောင်မှ သူသည် ရှုကျိုးကို ဒုက္ခိတဖြစ်အောင် ပြုလုပ်မည် ဖြစ်သည်။

သူနှင့် ရှုကျိုးကြားတွင် ရန်ငြှိုးရန်စများ ရှိနေခဲ့ပြီဖြစ်ပြီး၊ အကယ်၍ သူကသာ ယခုလက်ရှိအချိန်တွင် မလှုပ်ရှားခဲ့ဘူးဆိုပါက ရှုကျိုးသည် နောင်အနာဂတ်တွင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

အနက်ဝတ်လူသည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ယန်တျန်ဒုံသည် တွေးတွေးဆဆဖြင့် လျှောက်ကြည့်နေတော့သည် “ အဲ့လူက ဘယ်သူလဲ? “

“ ဆေးလောကရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်ကို ကိုင်ထားနိုင်တယ်၊ လျူ၊ ကျောင်းနဲ့ ဝမ်မိသားစုတွေက ဒီလိုမျိုး လုပ်နိုင်တာ “

…

နောက်တစ်နေ့တွင် ရှုကျိုးသည် မနက်စောစောအိပ်ရာထကာ အစစ်အမှန် သိုင်းပညာဌာနဆီသို့ ထွက်ခွာသွားသည်။

ခန်းမအတွင်း၌ ရှန့်ဝမ်ချန်း၊ ချန်းရှင်နှင့် တစ်ခြားလူများပါ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

“ ဌာနမှူး၊ ကျွန်တော့်ကို ဘာလို့ အစားထိုးလိုက်ရတာလဲဗျ? “

လူအုပ်ထဲရှိ မြင်းမျက်နှာနှင့် လူငယ်လေးတစ်ဦးသည် အနည်းငယ် မပျော်မရွှင် ဖြစ်နေလျက်ရှိသည်။

သူသည် ဒုတိယအဆင့်နယ်ပယ် အဖွဲ့မှ ချန်းတုန်နန်ဟု အမည်ရသည့် လူငယ်တစ်ဦးဖြစ်သည်။

သူသည် ယနေ့တွင် ပါဝင်ယှဥ်ပြိုင်ရန်အတွက် ရွေးချယ်ခံထားရသည်၊ သို့သော် ယနေ့မနက်စောစောတွင် ဌာနမှူးသည် သူ့အား တစ်ခြားလူတစ်ဦးဦးနှင့် လူစားထိုးလိုက်ကြောင်း ပြောလာခဲ့သည်။

ချန်းတုန်နန်သည် မကျေမနပ်ဖြစ်သွားခဲ့သည်၊ ငါက အဖွဲ့ထဲမှာ အားအနည်းဆုံး လူဖြစ်နေပင်မဲ့၊ အဲ့တာလေးအတွက်နဲ့တော့ ငါ့ကို အစားမထိုးလိုက်သင့်ဘူးလေ။

ပိုကောင်းတဲ့ ရွေးချယ်မှု ရှိနေလို့လား??

ရှန့်ဝမ်ချန်းသည် ချောင်းဟန့်ကာ ပြောလာခဲ့သည် “ တုန်နန်၊ အဲ့တာက ငါ့အမှားပါ။ အတော်လေး အလုပ်များနေခဲ့လို့ မင်းကို အသိပေးဖို့ မေ့သွားခဲ့တာ “

“ ဒီလိုဆိုရင်ကော?? ပြိုင်ပွဲပြီးသွားရင် ငါက မင်းကို လျော်ကြေးအနေနဲ့ အကျိုးပြုအမှတ် ၁၀၀ပေးမယ်လေ “

၎င်းကို ကြားလိုက်ရသောအခါတွင် ချန်းတုန်နန်၏ အမူအရာသည် သိသိသာသာ ဝင်းလက်တောက်ပလာခဲ့သည်။ သို့သော် သူသည် အနည်းငယ် စိတ်မကောင်းဖြစ်နေစဲပင် ဖြစ်သည်။

ပိုကောင်းတဲ့ ပြိုင်ပွဲဝင်ရှိတယ်ဆိုရင် ငါ့ကို ဘာလို့ ရွေးခဲ့ရတာလဲ?

ဒါက လူကို အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား?

“ ဟမ်? ရှုကျိုးလား? “

ထိုအချိန်တွင် ရှန့်ဝမ်ချန်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ရှုကျိုးသည် အပြင်ဘက်မှ လမ်းလျှောက်ဝင်လာခဲ့ကာ ရှန့်ဝမ်ချန်းကို ခေါင်းငြိမ့်ပြလာခဲ့သည် “ ဆရာဘိုးဘိုး “

ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ချန်းတုန်နန်နေရာကို အစားထိုးဝင်ရမယ် “

“ ဟုတ်ကဲ့ “ ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အရှေ့သို့ တက်လာခဲ့သည်။

ချန်းတုန်နန်၏ မျက်လုံးများ ပြူးကျယ်သွားကာ စကားဝင်ပြောလာတော့သည် “ ဌာနမှူး၊ ကျွန်တော်နဲ့ အစားထိုးမှာက ရှုကျိုးလား? “

“ ရှုကျိုးက ပထမအဆင့်နယ်ပယ်မှာ ပြိုင်ဘက်ကင်းတယ်ဆိုတာကို ကျွန်တော်ဝန်ခံပါတယ်၊ ဒါပင်မဲ့ ဒီနေ့က ဒုတိယအဆင့်နယ်ပယ်ပြိုင်ပွဲလေ၊ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေ အကုန်လုံးက ဒုတိယအဆင့် အထွတ်အထိပ်က သိုင်းပညာရှင်တွေချည်းပဲလေ “

“ သူက ကျွန်တော့်နေရာမှာ အစားထိုးနိုင်မယ်ဆိုတာ သေချာရဲ့လားဗျ? “

ချန်းတုန်နန်၏ မျက်နှာမှာ နီရဲသွားခဲ့သည်၊ သူသည် သူ၏စိတ်ထဲတွင် အစစ်အမှန် သိုင်းပညာဌာန၏ အကျိုးစီးပွားများကို ထည့်သွင်းစဥ်းစားပေးလေ့ရှိသည်။

အကယ်၍ ဌာနမှူးကသာ အစွမ်းထက် ဒုတိယအဆင့် ပညာရှင်တစ်ဦးနှင့် သူ့ကို အစားထိုးမည်ဆိုပါက သူမည်သည့် စကားမှ ပြောလိမ့်မည် မဟုတ်ပေ။

သို့သော် ရှုကျိုးကမူ ယမန်နေ့၌ ပထမအဆင့်တွင်သာ ရှိနေသေးသည်၊ အကယ်၍ ယနေ့တွင် သူက ဒုတိယအဆင့်သို့ ရောက်နေမည်ဆိုလျှင်တောင်မှ ဒုတိယအဆင့် အထွတ်အထိပ်ပညာရှင်များနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ချန်းတုန်နန်၏ အမူအရာကို မြင်လိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းသည် ခေါင်းတခါခါဖြင့် ပြောလာခဲ့သည် “ တုန်နန်၊ စိတ်အေးလက်အေး နေလို့ရပါတယ်၊ ရှုကျိုးက နှောင်းပိုင်း ဒုတိယအဆင့်ကို ရောက်နေပါပြီ “

“ ဘာကြီး?? နှောင်းပိုင်း ဒုတိယအဆင့်လား???? “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဤနေရာတွင် ရှိနေကြသည့် ပြိုင်ပွဲဝင်အားလုံး တအံ့တဩဖြစ်သွားကြသည်။

ချန်းရှင်မှာ ပို၍ပင် အံ့ဩတကြီးဖြစ်သွားခဲ့သည် “ ဂျူနီယာမောင်လေး၊ နင်က နှောင်းပိုင်း ဒုတိယအဆင့်ကို ရောက်သွားပြီလား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ဝုန်းးးး !!!

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် အစွမ်းထက် အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်ဆီမှ ပေါက်ကွဲထွက်လာခဲ့သည်။

ဒုတိယအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားသည် သူ၏ လှုပ်ရှားမှုနောက်သို့ လိုက်လာခဲ့ကာ၊ လှုပ်ရှားမှုတိုင်းတွင် ဒုတိယအဆင့်နယ်ပယ်၏ ဖိအားကို သယ်ဆောင်ထားခဲ့သည်။

ထိုအချိန်တွင် ရှုကျိုးသည် သူ၏ အရှိန်အဝါကို စိတ်လိုလက်ရ ဖွင့်ထုတ်လိုက်သောကြောင့် အားကောင်းသော ဖိအားတစ်ခုသည် အခန်းကို ဖုံးလွှမ်းလာခဲ့ကာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပင် အနီးဆုံးနေရာတွင် ရှိနေသည့် ချန်းတုန်နန်သည် မျက်နှာပင် နီရဲသွားကာ ‌ခြေထောက်များ တုန်ရင်သွားတော့သည်။

All Chapters