← Chapters

ဗိုလ်လုပွဲ !! ဒုတိယအဆင့်နယ်ပယ်၏ အစွမ်းအထက်ဆုံးလူ !!! ၃

Vol. 19 Ch. 285

ဗိုလ်လုပွဲ !! ဒုတိယအဆင့်နယ်ပယ်၏ အစွမ်းအထက်ဆုံးလူ !!! ၃

Vol. 19 Ch. 285

ချန်းရှင်နှင့် တစ်ခြားလူများ၏ အမူအရာများမှာလည်း ပြောင်းလဲသွားကြသည်။

“ ဒီအငွေ့အသက်က …… နှောင်းပိုင်း ဒုတိယအဆင့်ပဲ !!! “

သောက်ခွက်လာပြောင်နေတာလားဟ !!!

၎င်းသည် တတိယအဆင့်နယ်ပယ်၏ ဖိအားနှင့်ပင် ယှဥ်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရှုကျိုးသည် မကြာခင်အချိန်မှာပင် သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ကာ သစ်ပင်ကြီးတစ်ပင်ကဲ့သို့ မားမားမတ်မတ် ရပ်တည်နေခဲ့သည်။

ချန်းတုန်နန်မှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ အဆိုပါ ဖိအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့ပြီး၊ အကယ်၍ ရှုကျိုးကသာ ဆက်၍ထုတ်ဖော်ထားဦးမည်ဆိုပါက၊ သူသည် ၎င်းကို ထပ်မံ၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

သူ၏စိတ်အာရုံ တည်ငြိမ်သွားသည်နှင့်တစ်ပြိုင်နက် သူသည် အံ့ဩတကြီးဖြစ်နေသော အမူအရာဖြင့် ရှုကျိုးကို ကြည့်လိုက်သည် “ မင်းက မနေ့ကတုန်းက ပထမအဆင့်မှာပဲ ရှိနေသေးတာ မဟုတ်ဘူးလား? နှောင်းပိုင်း ဒုတိယအဆင့်ကို ဘယ်လိုလုပ် ရောက်နေရတာလဲ? “

ချန်းရှန်မှာလည်း ရှုကျိုးကို ကြည့်ကာ တအံ့တဩဖြစ်နေလျက်ရှိသည်။

သူမသည် ရှုကျိုးက အဆင့်တက်ရန်အတွက် ယမန်နေ့က ပြန်သွားခဲ့သည်ဆိုသည်ကို သိနေခဲ့သည်။

ဒါပင်မဲ့ ဒီလိုအမြန်နှုန်းကြီးကတော့ ဒုံးပျံပေါ် ဖင်ခုထိုင်နေသလို ဖြစ်မနေဘူးလားဟာ?

ရှုကျိုးသည် အသာအယာ ပြုံး၍ စကားပြောလာခဲ့သည် “ ကျွန်တော်က ပထမအဆင့်နယ်ပယ်မှာ အုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့တယ်လေ၊ အဲ့တာကြောင့် အဆင့်တက်တာက နည်းနည်းလေး မြန်သွားတာပါ “

“ … “

လူတိုင်း ဆွံ့အသွားတော့သည်။

မင်းက လူသစ်လေးဆိုတာကို မသိတဲ့လူ ရှိသေးလို့လားဟ?

လူသစ်လေးတစ်ယောက်က အုတ်မြစ်ကို ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်နိုင်ခဲ့လို့ ဒုတိယအဆင့်ကို ရောက်သွားတယ်ပေါ့?

တစ်ခြားလူတွေဆိုရင် အလယ်အလတ် ပထမအဆင့်မှာပဲ ပိတ်မိနေကြတာလေ !!!

မင်းက သိကြားမင်းရဲ့ မွေးစားသားလားဟ?

“ ရှုကျိုး၊ မင်းက တကယ်ကို …. အဟမ်း !!! ငါရှုံးတာကို ဝန်ခံပါတယ် “

ချန်းတုန်နန်သည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည်၊ ဤတစ်ကြိမ်တွင် သူသည် အပြည့်အဝ ယုံကြည်သွားခဲ့ပြီဖြစ်သည်။

ရှုကျိုးကဲ့သို့သော ပါရမီရှင်တစ်ဦးအတွက် နေရာဖယ်ပေးလိုက်ရမည်ဆိုပါက သူမည်သို့မျှ ကန့်ကွက်မည် မဟုတ်ပေ။

ချန်းရှင်သည် ပျော်ရွှင်မှုများ ထင်ဟပ်နေသည့် အမူအရာမျိုးဖြင့် အရှေ့သို့ လျှောက်လှမ်းလာကာ စကားပြောလာခဲ့သည် “ ရှုကျိုး၊ ဒုတိယအဆင့် နယ်ပယ်အဖွဲ့ကနေ ကြိုဆိုပါတယ် “

“ နင်နဲ့ဆိုရင် လာမဲ့ပြိုင်ပွဲတွေက ငါတို့အတွက်ပဲ ဖြစ်နေလိမ့်မယ် “

တစ်ခြားသော အဖွဲ့ဝင်များကလည်း တစ်ဦးပြီးတစ်ဦး ခေါင်းငြိမ့်ပြလာကြသည်။

ရှုကျိုးကဲ့သို့သော ပါရမီရှင်တစ်ဦးနှင့် ချန်းရှင်တို့ပါဝင်နေခြင်းသည် အစစ်အမှန် သိုင်းပညာဌာန၏ အနိုင်ရနိုင်ခြေကို အနည်းငယ် မြင့်တက်သွားစေခဲ့သည်။

သူတို့ဘေးနားရှိ ရှန့်ဝမ်ချန်းမှ ဝင်ရောက်သတိပေးလာခဲ့သည် “ ပေါ့ပေါ့ဆဆ မလုပ်နဲ့။ ပထမအဆင့်နယ်ပယ်မှာ ရှုံးပြီးတဲ့နောက်မှာ နတ်သိုင်းဌာနက ပညာကုန်ထုတ်သုံးလာလိမ့်မယ်၊ သူတို့က ဒီပွဲကို အနိုင်ရဖို့အတွက် ဘာမဆို လုပ်လာကြလိမ့်မယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းကျောချမ်းသွားကြသည်။

နတ်သိုင်းဌာနသည် ယမန်နေ့က အရှက်ရဖွယ် ရှုံးနိမ့်မှုကို ချေဖျက်နိုင်ရန်အတွက် တန်ပြန်တိုက်စစ်ဆင်လာမည်မှာ သေချာသောကြောင့် အသေအချာ ဂရုစိုက်ရမည် ဖြစ်သည်။

…

နံနက်ခင်း ၉နာရီတွင်

ရင်ပြင်၌ ဆူညံသံများဖြင့် ပွက်လောရိုက်နေလျက်ရှိသည်။

ကွေ့မူ၊ ချီဟောက်နှင့် တစ်ခြားသော အဠမအဆင့် ပညာရှင်တစ်ချို့မှာလည်း စင်မြင့်ပေါ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

မကြာခင်မှာပင် ချန်းရှင်နှင့် ယန်တျန်ဒုံတို့ ဦးဆောင်သော အဖွဲ့များသည် ရင်ပြင်ထဲသို့ ဝင်ရောက်လာကြသည်။

“ ဟမ်? အဲ့တာက ရှုကျိုးလား? သူက အဖွဲ့ထဲကို ဘာလို့ ရောက်နေရတာလဲဟ? “

“ ဘာတွေဖြစ်နေတာလဲ?? ရှုကျိုးက ဒုတိယအဆင့်နယ်ပယ် ပြိုင်ပွဲမှာ ဝင်ပြိုင်မလို့လား? သူက ကိုင်တွယ်နိုင်ပါ့မလားဟ? “

အမြင်အာရုံ စူးရှသော ကျောင်းသူကျောင်းသား တော်တော်များများသည် ရှုကျိုးကို မြင်တွေ့သွားကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

မနေ့တုန်းကတော့ ပထမအဆင့်နယ်ပယ်တွေနဲ့ တိုက်ခဲ့တယ်၊ ဒီနေ့တော့ ဒုတိယအဆင့်က လူတွေနဲ့ပါ ထပ်တိုက်ဦးမယ်ပေါ့??

အဲ့တာက နည်းဗျူဟာ တစ်ခုလား??

တတိယအဆင့် ပြိုင်ပွဲမှာရော ဝင်ပြိုင်ဦးမှာလား?

လူအုပ်ထဲရှိ လီရို့ရှီမှာလည်း ရှုကျိုးကို မြင်တွေ့သွားကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည် “ သူက ပထမအဆင့် အထွတ်အထိပ်မှာ ရှိနေတာ မဟုတ်ဘူးလား? ဒုတိယအဆင့်နယ်ပယ်ပြိုင်ပွဲမှာ ဘာလို့ ဝင်ပြိုင်နေရတာလဲ? “

ဧည့်ပရိတ်သတ်ထိုင်ခုံများပေါ်ရှိ ကွေ့မူနှင့် တစ်ခြားသော အဆင့်မြင့် ပညာရှင်များကမူ တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်၊ သူတို့က သတင်းကြိုရထားမည်မှာ သိသာလွန်းလှသည်။

ရှုကျိုးသည် ချန်းရှင်နောက်မှ လိုက်ကာ နတ်သိုင်းဌာနဘက်သို့ ငေးကြည့်လိုက်သည်။

“ ဝမ်ခိုင်က ဘယ်ရောက်သွားတာလဲ? အစားထိုးခံလိုက်ရတာလား? “

ရှုကျိုးမှ စဥ်းစားခန်း ဖွင့်နေတော့လေသည်၊ ထင်ထားတဲ့အတိုင်းပဲ၊ နတ်သိုင်းဌာနမှာက ပညာရှင်တွေ ပေါတယ်။

အကယ်၍ အစစ်အမှန် သိုင်းပညာဌာနဘက်မှ လူတစ်ဦးဦးကသာ ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဆိုပါက သင့်တော်မည့်လူကို အချိန်မှီ ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။

ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ချန်းရှင်ကမူ သူမ၏ ကိုယ်ပိုင်ဆန္ဒနှင့် အစစ်အမှန် သိုင်းပညာဌာနဘက်တွင် ရွေးချယ်စရာ မရှိတော့သောကြောင့်သာ ဝင်ပြိုင်နေခဲ့ရခြင်းဖြစ်သည်။

သူတို့၏ အရေအတွက်မှာ အတော်လေး နည်းပါးလွန်းနေခဲ့သည်။

နတ်သိုင်းဌာနဘက်တွင်မူ

အဖွဲ့ဝင် တော်တော်များများသည် ရှုကျိုးကို စောင့်ကြည့်နေလျက်ရှိသည်၊ သို့သော် သူတို့မှာလည်း မည်သို့မျှ မအံ့ဩသွားခဲ့ပေ၊ ယန်တျန်ဒုံ မှသူတို့ကို ထိုအကြောင်း ပြောပြထားခဲ့ပြီးပြီဖြစ်သည်။

ယန်တျန်ဒုံသည် အေးစက်နေသော မျက်လုံးများဖြင့် ရှုကျိုးကို ငေးကြည့်နေခဲ့သည်။

သူသည် ယမန်နေ့က ပုရွက်ဆိတ်တစ်ကောင်အဖြစ် သတ်မှတ်ထားခဲ့သည့် လူငယ်လေးက၊ ယနေ့တွင် သူနှင့် အဆင့်တူလာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

၎င်းမှာ သူ့အတွက် အနည်းငယ် အရှက်ရဖွယ်ကောင်းနေခဲ့သည်။

“ ဟမ်? “ ရှုကျိုးသည် ယန်တျန်ဒုံ၏ အကြည့်ကို အာရုံခံမိသွားကာ ပြန်လှည့်ကြည့်လိုက်သည်။

ယန်တျန်ဒုံမှ ပြုံးလာခဲ့သည်၊ သို့သော် သူ၏အပြုံးသည် အေးစက်စက်ဖြစ်နေခဲ့သည် “ ရှုကျိုး၊ မင်းနဲ့ စင်ပေါ်မှာ တွေ့ရဖို့ကို ငါမျှော်လင့်နေမိပြီ “

ရှုကျိုးမှာလည်း အပြုံးတစ်ခုဖြင့် အေးစက်စွာ ပြန်ပြောလိုက်သည် “ ဒါဆိုရင်လည်း မင်းအသင့်ပြင်ထားလိုက်တာက ပိုကောင်းမယ်နော် “

“ ကောင်းပြီလေ၊ မင်းက မင်းရဲ့ စီနီယာအစ်မအတွက် ဘယ်လိုမျိုး လက်စားချေမလဲဆိုတာကို စောင့်ကြည့်လိုက်တာပေါ့ကွာ “

ယန်တျန်ဒုံမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည်၊ သူ၏ မျက်လုံးများထဲတွင်မူ ရက်စက်ကြမ်းကြုတ်မှု အရိပ်အငွေ့များ ဖြစ်ပေါ်နေလျက်ရှိသည်။

သူထုတ်မပြောလိုက်သည့် စကားတစ်ခွန်းလည်းရှိနေခဲ့သည်။

၎င်းမှာ “ အဲ့နေ့က မင်းစီနီယာအစ်မရဲ့ ခြေထောက်တွေကို ဖြတ်လိုက်သလိုမျိုး၊ ဒီနေ့မှာလည်း မင်းရဲ့ခြေထောက်တွေကို ငါဖြတ်ပြမယ် ” ဟူသည်ပင် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် ခြေထောက်များကိုသာလျှင် မဟုတ်ဘဲ ရှုကျိုး၏ လက်များကိုပါ ဖြတ်တောက်ကာ သူ့အား လုံးဝသုံးစား၍ မရအောင် ပြုလုပ်မည် ဖြစ်သည်။

ယန်တျန်ဒုံသည် လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့သော အကြည့်မျိုးဖြင့် ရှုကျိုးကို ကြည့်နေခဲ့သည်။

ရှုကျိုးကမူ သူ့ကို လျစ်လျူရှုထားကာ ထိုလူ၏ အတွေးများကို ခန့်မှန်းမနေတော့ပေ၊ ယနေ့တွင် သူသည် ထိုကောင်ကို ဒုက္ခတိဖြစ်အောင် ပြုလုပ်မည်ဖြစ်သည်။

…

အဖွဲ့နှစ်ဖွဲ့လုံး ရောက်လာခဲ့ပြီဖြစ်သောကြောင့် ဝုချင်းရှန်သည် ထိုင်ရာမှ ချက်ချင်း ထရပ်လာခဲ့သည်။

“ ဌာနနှစ်ခုကြားက ဒုတိယအဆင့်နယ်ပယ်ပြိုင်ပွဲ စတင်ပါပြီ !! “

ဝုချင်းရှန်သည် သူ၏ကြည်လင် ပြတ်သားသောအသံနှင့်အတူ လိုရင်းကို တန်းပြောလာခဲ့သည် “ ဒုတိယအဆင့်နယ်ပယ် ပြိုင်ပွဲမှာတော့ အလှည့်ကျ ပတ်လည်စနစ်ကို ကျင့်သုံးပါမယ် “

“ အားအနည်းဆုံးကနေစပြီးတော့ အလှည့်ကျစိန်ခေါ်ရပါမယ်။ နှစ်ပွဲဆက်တိုက်အနိုင်ရမယ်ဆိုရင် အနားယူဖို့ ရွေးချယ်နိုင်ပါတယ် “

“ ပြိုင်ပွဲဝင်တွေရဲ့ အလှည့်တွေကို ကြေညာပေးပါမယ် “

ရှုကျိုးနှင့် တစ်ခြားလူများသည် အနည်းငယ် အံ့ဩသွားကြသည်။

ဒုတိယအဆင့်နယ်ပယ်ပြိုင်ပွဲ၏ ပုံစံသည် ပထမအဆင့် နယ်ပယ်နှင့် လုံးဝကွဲပြားနေခဲ့သည်။

အဆိုပါ အလှည့်ကျစနစ်ကြောင့် ပထမအဆင့်နယ်ပယ်မှ တိုက်ပွဲများကဲ့သို့ လုံးဝချေမှုန်းခံလိုက်ရမည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။

အားနည်းသူနှင့် အားနည်းသူ၊ အားကြီးသူနှင့် အားကြီးသူ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

“ ဒီပွဲတွေက ပိုပြီးတော့ ကျိုးကြောင်းဆီလျော်တယ် “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။

ချန်းရှင်မှ ခေါင်းခါပြလာခဲ့သည် “ ပထမအဆင့်နယ်ပယ်မှာတုန်းက ဝမ်ချောင်ခုန်းရှိနေလို့ ကွာဟချက်က တော်တော်လေးကို ကြီးနေပြီးတော့ ဒီနည်းလမ်းကို လိုအပ်ခဲ့တယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အစစ်အမှန် သိုင်းပညာဌာနရဲ့ အနိုင်ရနိုင်မဲ့ အခွင့်အလမ်းက တော်တော်ကြီးကို နည်းသွားမှာ။ ဒါပင်မဲ့ ….. “

သူမသည် တစ်ခဏခန့် ရပ်တန့်ကာ သူ့ကို ကြည့်လာခဲ့သည်။

ရှုကျိုးသည် ချက်ချင်း သဘောပေါက်သွားတော့သည်၊ ကွေ့မူနှင့် တစ်ခြားသောအဆင့်မြင့်ပညာရှင်များကပင် သူကဲ့သို့သော မွန်းစတားတစ်ကောင်က ပထမအဆင့်နယ်ပယ်တွင် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ သူတို့ကသာ သူမည်မျှ သန်မာအားကောင်းလဲဆိုသည်ကို သိနေခဲ့မည်ဆိုပါက ပထမအဆင့်နယ်ပယ်တွင်လည်း ဤကဲ့သို့သော နည်းလမ်းမျိုးကိုသာ အသုံးခဲ့လိမ့်မည် ဖြစ်သည်။

ရှုကျိုးနားလည်သွားတော့သည်၊ မနေ့က ပြိုင်ပွဲပြီးသွားတော့ သူတို့တွေ မြန်မြန်ဆန်ဆန် ထွက်သွားကြတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။

ဒီပြိုင်ပွဲ ကိစ္စကို ဆွေးနွေးနေခဲ့ကြတာကိုး။

“ နတ်သိုင်းဌာနရဲ့ လူဝင်ရမဲ့ အစီအစဥ်က ကျောင်းလေ့၊ ဝမ်ချန်၊ …. ကျောက်ထင်၊ ယန်တျန်ဒုံ “

“ အစစ်အမှန် သိုင်းပညာဌာနအတွက်ကတော့ ရှန်ဖေး၊ ဂျန်ချန်၊ …. ချန်းရှင်၊ ရှုကျိုး “

ဝုချင်းရှန်၏ ကြေညာမှု ပြီးဆုံးသွားသည့်နောက်တွင် အဖွဲ့နှစ်ခုထံတွင် တုံ့ပြန်မှု အနည်းငယ်သာ ရှိခဲ့သော်လည်း၊ ပတ်ပတ်လည်ရှိ ပရိတ်သတ်အုပ်မှာမူ ပွက်လောရိုက် ဆူညံသွားကြသည်။

“ အစစ်အမှန် သိုင်းပညာဌာနက ရှုကျိုးကို နောက်ဆုံးမှာ တကယ်ကြီး ထားထားတာလားဟ? “

“ ရှုကျိုးရဲ့စွမ်းအားက အဲ့လောက်တောင် အားကောင်းနေပြီလား? “

“ ရှုကျိုးက နောက်ဆုံးမှာ ရှိနေတာလား? အစစ်အမှန် သိုင်းပညာဌာနရဲ့ ဒုတိယအဆင့်နယ်ပယ်က လူတွေက အဲ့လောက်ကြီးတော့ အားနည်းနေမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား? “

ဝုချင်းရှန် ပြောပြခဲ့သည့် စကားများအရ နောက်ဘက်တွင် ရှိလေလေ၊ ပို၍သန်မာ အားကောင်းလေလေပင် ဖြစ်သည်။

သို့သော် ယခုလက်ရှိ အခြေအနေသည် လူတော်တော်များများကို ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

လူအုပ်ထဲရှိ လီရို့ရှီမှာလည်း အနည်းငယ် မှင်သက်သွားခဲ့သည် “ ရှုကျိုးက … ဒုတိယအဆင့်နယ်ပယ်မှာ အသန်မာဆုံးလူလား? “

မနေ့တုန်းက သူက ပထမအဆင့် အထွတ်အထိပ်မှာပဲ ရှိနေသေးတယ်လေ၊ ဒီနေ့မှာတော့ သူက ဒုတိယအဆင့်နယ်ပယ်ရဲ့ အစွမ်းအထက်ဆုံးလူ ဖြစ်နေပြီလား??

တစ်ခုခုမှားနေတာတော့ မဟုတ်ဘူးမလား?

All Chapters