လင်းတုန်ကို ချော့မော့ပြောဆိုခြင်း
Vol. 1 Ch. 4
ဝူယွမ်၏ စကားသည် လင်းတုန်ကို သူ့အား အနည်းငယ်ပို၍ ယုံကြည်လာစေသည်။
သို့သော်လည်း ကျောက်သင်္ကေတကသည် လင်းတုန်အတွက် အလွန်အရေးကြီးလှသည်။
ဝူယွမ်သည် လက်ရှိအချိန်တွင် သူ့အပေါ် အလွန်ကောင်းမွန်သော်လည်း လင်းတုန်သည် သူ့အား အလွယ်တကူ မယုံကြည်ရဲသေးပေ။
ဆိုရသော် ၎င်းတို့နှစ်ဦး တွေ့သည်မှာတစ်ရက်သာ ကြာမြင့်သေးသည်။
လင်းတုန်၏ မျက်နှာပေါ်တွင် ဆုံးဖြတ်ရခက်သော အမူအရာ ပေါ်လာသည်။
ထိုသည်ကိုမြင်လျှင် ဝူယွမ်သည် မျှော်လင့်ချက်ရှိကြောင်း သိလိုက်သည်။
ဤအချိန်တွင် လင်းတုန်၏ ကျောက်သင်္ကေတကအတွင်းရှိ ကောင်းကင်မြွေပါသည်လည်း မနိုးထသေးသလို အကြံဉာဏ်ပေးမည့်သူလည်း မရှိပေ။ လင်းတုန်၏ လောကအကြောင်း အတွေ့အကြုံမရှိခြင်းနှင့် ပေါင်းစပ်လိုက်လျှင် အခုအချိန်သည် သူ့အား နားချပြောဆိုရန် အကောင်းဆုံးအခွင့်အရေးပင်ဖြစ်သည်။
“အကိုဝူယွမ်မှာ ဘာလျှို့ဝှက်ချက်ရှိနေတာလဲ”
လင်းတုန်က ပြန်မေးသည်။
နှစ်ဖက်စလုံးသည် အချင်းချင်း အချက်အလက်နှိုက်ထုတ်ရန် ကြိုးစားနေကြသည်။
“ငါ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခုရှိနေတယ်”
ဝူယွမ်က သူ့ခန္ဓာကိုယ်ကို ညွှန်ပြလိုက်ပြီး။
“အဲဒါဘာလဲဆိုတာ ငါလည်း သေသေချာချာ ရှင်းမပြနိုင်ဘူး။ အလွန် ဆန်းကြယ်တယ်။ အခု လက်ရှိငါ ကိုယ်ခန္ဓာပညာလျှို့ဝှက်သိုင်းပညာ တစ်ခုရပြီ။ ဒါက အစပဲရှိသေးတယ်လို့ ခံစားရတယ်။ နောင်ပိုင်း ပိုပြီး အားကောင်းတဲ့ ဆုလာဘ်တွေ အချိန်မရွေး ရရှိနိုင်မယ်ထင်တယ်”
ဝူယွမ်သည် ပထမဦးစွာ ကောင်ကင်ဘုံတန်ခိုးမှတ်တမ်း ကို အသုံးပြု၍ လင်းတုန်၏ ကျောက်သင်္ကေတကအားမျှဝေသုံးစွဲရန် စီစဉ်ထားသည်။ နောက်ပိုင်းရလာမည့် ဆိုင်းအင်စနစ်မှ ဆုလာဘ်များနှင့် ပတ်သက်၍တော့ လင်းတုန်နှင့် အခြေအနေပေါ်မူတည်ပြီး ပြောပြရမည်။ သို့သော် လင်းတုန်အား အရာအားလုံးကို ပေးအပ်ဖို့မဖြစ်နိုင်။ လိုလည်းမလိုအပ်ပေ။ လင်းတုန်အပေါ် မကောင်းသော ရည်ရွယ်ချက်မရှိ။ လင်းတုန်၏လိုအပ်ချက်များကို အခြေခံပြီး သင့်လျော်သောအကျိုးခံစားခွင့်များကို ပေးအပ်လို့ရသေးသည်။ မည်သို့ပင်ဆိုစေ ဤလဲလှယ်မှုတွင် လင်းတုန်သည် ရှုံးနိမ့်မည်မဟုတ်သလို ဝူယွမ်သည်လည်း အမြတ်အစွန်းကြီးကြီးမားမား ရရှိမည်ဖြစ်သည်။
“ကိုယ်ခန္ဓာပညာလျှို့ဝှက်သိုင်းပညာ အကြောင်း မင်းကြားဖူးလား”
လင်းတုန်က အတန်ငယ် အံ့အားသင့်စွာဖြင့် ပြောသည်၊ “ကျွန်တော် မသိပါဘူး”
ဝူယွမ်သည် လေသံကိုလျှော့ချလိုက်သည်။ လက်ရှိလင်းတုန်သည် ခန္ဓာကိုယ် အဆင့်ခုနှစ်သာ ရှိနေဆဲဖြစ်ပြီး အာရုံခံနိုင်စွမ်း အားနည်းနေသေးသည်။
ဝူယွမ်သည် ပထမဦးစွာ တမင်တကာ ပတ်ဝန်းကျင်ကိုဂရုတစိုက် ကြည့်ရှုပြီး လင်းတုန်အား ဆွဲခေါ်ကာ သူနားကပ်ပြီး စိုးရိမ်စွာဖြင့် တိုးတိုးတိတ်တိတ် ပြောသည်။
“လင်းတုန်၊ ဒီနေ့ ငါတို့စကား၀ိုင်းကို မင်းအဖေအပါအဝင် ဘယ်သူ့ကိုမှ မပြောနဲ့။ ဒါက ငါ့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ။ မင်းမှာလည်း တစ်ခုခုရှိတယ်ဆိုတာ ဒီနေ့သတိထားမိခဲ့တာမဟုတ်ရင် ငါဒီအကြောင်းဘယ်တော့မှ ပြောပြမှာမဟုတ်ဘူး။ အခုအချိန်ထိ ငါ့လျှို့ဝှက်ချက်ကို မင်းတစ်ယောက်တည်းပဲသိသေးတယ်”
လင်းတုန်သည် လေးလေးနက်နက် ခေါင်းညိတ်ကာ ဝူယွမ်အား အနည်းငယ်ပို၍ ယုံကြည်လာသည်။ “ဝူယွမ်အစ်ကို စိတ်ချပါ။ လင်းတုန် ဒီအကြောင်းအရာရဲ့အရေးပါမှုကို သိပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောဘူး”
ဝူယွမ် ဖန်တီးထားသည့် လေးနက်သောလေထုအောက်တွင် လင်းတုန်သည် သူ့မှာလည်း တစ်စုံတစ်ခုပိုင်ဆိုင်ထားကြောင်း နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။
“ကောင်းပြီ၊ ဒါဆို ငါပြောပြမယ်။
ကိုယ်ခန္ဓာလျှို့ဝှက်သိုင်းပညာ ကို အများအားဖြင့် ယွမ်မြေကြီးနယ်ပယ်တွင်သာ စတင်လေ့ကျင့်ကြပြီး သာမန်ကိုယ်ခံပညာများထက် ပို၍ဆန်းကြယ်ကာ ပိုမိုအားကောင်းသည်။ သူတို့ပေါ်လာသည့်အချိန်တိုင်း အဓိကအင်အားစုကြီးများအကြား သွေးထွက်သံယိုတိုက်ပွဲများ ဖြစ်ပွားစေရန်လုံလောက်သည်။
ကိုယ်ခံပညာများကို အဆင့် ကိုး ဆင့်ခွဲထားပြီး တစ်မှ ကိုးအထိဖြစ်သည်။ လျှို့ဝှက်သိုင်းပညာများကိုမူ အဆင့်မြင့်မှ အနိမ့်ဆုံးအထိ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းဟူ၍ သုံးတန်းခွဲခြားထားသည်။
တတိယတန်း လျှို့ဝှက်သိုင်းပညာသည် ချီလမ်းကြောင်း ၁၀ ခုအထိ ဖွင့်နိုင်သည်။ ဒုတိယတန်းသည် အများဆုံး ၃၀ ဖြစ်ပြီး ပထမတန်းသည် အများဆုံး ၅၀ အထိဖွင့်နိုင်သည်။
“ငါသိရသလောက် မင်းရဲ့လင်းမိသားစုပိုင်ဆိုင်ထားတာက တတိယတန်း လျှို့ဝှက်သိုင်းပညာဖြစ်ပြီး ချီလမ်းကြောင်းလေးခုထိဘဲ ဖွင့်နိုင်စွမ်းရှိတယ်။
လိန့်မိသားစု၊ ရှဲ့မိသားစုနဲ့ ငါတို့ရဲ့ ရူးသွပ်ဓားသိုင်းခန်းမတို့မှာလည်း တတိယတန်း လျှို့ဝှက်ကိုယ်ခန္ဓာပညာတွေရှိကြတယ်။
စဉ်းစားကြည့်ပါ၊ တတိယတန်း လျှို့ဝှက်စာစောင်များကတောင် ချင်းယန်းမြို့ရဲ့ အဓိကအင်အားစုများ တည်ထောင်နိုင်စွမ်းရှိတယ်။
တစ်ယောက်ယောက်ကသာ ဒုတိယတန်း သို့မဟုတ် ပထမတန်း လျှို့ဝှက်သိုင်းပညာကို ရရှိခဲ့ပြီး အချိန်ပေးလိုက်ရင် ချင်းယန်းမြို့ရဲ့ အဓိကအင်အားစုကြီးလေးစုထက် ပိုအားကောင်းတဲ့ အင်အားစုတစ်စု တည်ထောင်နိုင်လိမ့်မယ်”
ဝူယွမ်သည် လင်းတုန်အား လျှို့ဝှက်သိုင်းပညာများ၏ စွမ်းအားနှင့် အရေးပါမှုကို မိတ်ဆက်ပြီးနောက် ခဏရပ်ကာ လင်းတုန် တုံ့ပြန်နိုင်ရန် အချိန်ပေးခဲ့သည်။
“ဒါဆိုရင် အစ်ကိုဝူယွမ် ရရှိထားတဲ့ ကိုယ်ခန္ဓာ လျှို့ဝှက်သိုင်းပညာကသည် ဘယ်အတန်းထဲကလည်း…” လင်းတုန်သည် ဝူယွမ်မျှော်လင့်ထားသည့်အတိုင်း ချက်ချင်းပင် မေးခဲ့သည်။
သူ၏မျှော်လင့်ချက်ကို ဝူယွမ်၏ စကားလုံးများက နှိုးဆွပေးခဲ့သည်။
ဝူယွမ်၏ နှုတ်ခမ်းထောင့်တွင် အနည်းငယ် မောက်မာသော အပြုံးဖြစ်ပေါ်လာပြီး မနှေးမမြန်လေးပြောလိုက်သည်၊ “မှန်းကြည့်လေ”
“ပထမတန်း လျှို့ဝှက်သိုင်းပညာ ဖြစ်နေတာလား” လင်းတုန်သည် တွေးတောခြင်းမရှိဘဲ အလျှင်အမြန်ပြောလိုက်သည်။ သူလည်း နှလုံးခုန်နှုန်းမြန်နေခဲ့သည်။
ပထမတန်း လျှို့ဝှက်သိုင်းပညာသည် ချင်းယန်းမြို့တစ်မြို့လုံးကို လှုတ်ခက်သွားစေနိုင်သည်။
သို့သော် ဝူယွမ်သည် ခေါင်းခါလိုက်သည်။
လင်းတုန်သည် စိတ်ရှုပ်ထွေးသွားသည်။ “မဟုတ်ဘူးလား”
ဝူယွမ်သည် မျက်နှာအမူအရာ မောက်မာလျက် ပြောသည်။ “အမှန်ဘဲ။ ပထမတန်း လျှို့ဝှက်သိုင်းပညာက ငါဒီလောက်အထိဂရုစိုက်ဖို့ မထိုက်တန်ဘူး။
“ပထမတန်း လျှို့ဝှက်သိုင်းပညာ များအထက်မှာ ပိုဆန်းကြယ်ပြီး ပိုအားကောင်းတဲ့ လျှို့ဝှက်သိုင်းပညာတွေ ရှိသေးတယ်။ အချို့ကိုယ်ခန္ဓာလျှို့၀ှက်သိုင်းပညာများဆို ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီလမ်းကြောင်းအားလုံးကိုပင် ဖွင့်နိုင်ပြီး အရေပြားနှင့် အသားအတွင်း၌ ချီစွမ်းအင်များ ကုန်ဆုံးခြင်းမရှိစီးဆင်းအောင် ထုတ်လုပ်ပေးနိုင်တယ်။ ထိုအချိန်မှာ မင်းက ကျင့်ကြံနေတာဖြစ်ဖြစ် ထိုင်နေတာဘဲဖြစ်ဖြစ် ထိုချီသွေးကြောတွေက ကောင်းကင်ဘုံနှင့် မြေကြီးက ယွမ်စွမ်းအင်ကို ဆက်လက်ထုတ်ယူကာ ခန္ဓာကိုယ်ကို သန့်စင်ပြီး ဒန်တျန်ကို ကျယ်လာစေလိမ့်မယ်”
“ဟပ်စ်”
လင်းတုန်သည် အံ့အားသင့်သွားပြီး “ဆိုလိုတာက...”
ဝူယွမ် - “ဟုတ်တယ်၊ ငါရရှိထားတာက ပထမတန်းထက်ကိုပိုပြီး ဆန်းကြယ်တဲ့ လျှို့ဝှက်သိုင်းပညာတစ်ခုဘဲ။ ဒါတင်မကသေးဘူး။ ဒီလေ့ကျင့်ရေးနည်းလမ်းနဲ့ ကိုက်ညီတဲ့ ကိုယ်ခံပညာတွေလည်း ပါတယ်။ အဆင့်အတိအကျဖော်ပြထားခြင်းမရှိပေမယ့် တတိယအဆင့်ထက်မြင့်မားပြီး နဝမအဆင့်ထက်တောင် ကျော်လွန်နိုင်ကြောင်း အာမခံတယ်”
စတင်မလေ့ကျင့်ရသေးသော်လည်း ဝူယွမ်သည် မြင့်မြတ်သော ကောင်းကင်တန်ခိုးမှတ်တမ်း၏ အကြောင်းအရာများကို ယေဘုယျအားဖြင့် အကြမ်းပျင်းနားလည်ထားသည်။ မြင့်မြတ်သည့် ကောင်းကင်တန်ခိုးပညာ၏ အဓိကအချက်မှာ ခန္ဓာကိုယ်ရှိ ချီလမ်းကြောင်းအားလုံးကို ဖွင့်နိုင်ပြီး အရေပြားနှင့် ခန္ဓာကိုယ်အတွင်းပိုင်း လေ့ကျင့်နိုင်ကာ လေ့ကျင့်ထားသော အတွင်းအားသည်လည်း ကုန်ခမ်းခြင်းမရှိပေ။
ဝူယွမ်သည် ဤလောကသတ်မှတ်ချက်အရ မြင့်မြတ်သည့်ကောင်းကင်တန်ခိုးမှတ်တမ်း၏ အဆင့်အား သေချာမသိပေ။ သို့သော် ဝူယွမ်က ၎င်းသည် ပထမတန်း လျှို့ဝှက်သိုင်းပညာများထက် ပိုမိုမြင့်မားလိမ့်မည်ဟု မုချ ယုံကြည်ထားသည်။
မဟုတ်လျှင်ပင် သူသည် ယခုအချိန်အတွင်လုပ်ဆောင်ရမည်။ ကျောက်သင်္ကေတကအတွင်းရှိ ဉာဏ်ရည်ထက်မြက်ပြီး ကြီးမားသည့် မြင့်မြတ်ကောင်းကင်မြွေပါ မနိုးမှီ လင်းတုန်အား လှည့်စားရမည်။
ထို့အပြင် နတ်ဘုရားများ၏လက်များ၊ ခရမ်းရောင်အစွန်းဆုံးမျက်လုံးများ၊ တစ္ဆေအရိပ်လမ်းကြောင်းနှင့် ကြက်ကျိုးထိန်းချုပ်မှုကဲ့သို့သော ကိုယ်ခံပညာများသည်လည်း အလွန်ထိရောက်မှုရှိသည်။
အနည်းဆုံးတော့ လက်ရှိလင်းတုန်ကို ဆွဲဆောင်ရန် လုံလောက်သည်။
“ဒီလို စွမ်းအားကြီးမားတဲ့ လေ့ကျင့်ရေးနည်းလမ်းက မဟာယန်မင်းဆက်မှာတောင် အထက်တန်းစား တည်ရှိမှုတစ်ခုဖြစ်နိုင်တယ်” လင်းတုန်သည် မသိစိတ်မှ ရင်မောနေသည်။
“ငါဒီလေ့ကျင့်ရေးနည်းစနစ်ကို မင်းနဲ့မျှဝေဖို့ဆုံးဖြတ်လိုက်ပြီ” ဝူယွမ်က ထပ်မံသတိပေးသည်။ “ဒါကြောင့် မင်းဒါကို ကောင်းကောင်းလျှို့ဝှက်ထားရမယ်။ ဒီကိစ္စကို တတိယလူသိလို့မဖြစ်ဘူး။ မဟုတ်ရင် ငါတို့နှစ်ယောက်စလုံး အန္တရာယ်ရှိလာနိုင်တယ်”
လင်းတုန်သည် အနည်းငယ်လှုပ်ရှားသွားသည်။ “ဒီလောက်အရေးကြီးတဲ့ လေ့ကျင့်ရေးနည်းစနစ်ကို အစ်ကို၀ူယွမ်က ကျွန်တော့်ကို မျှဝေဖို့ တကယ်ပဲဆုံးဖြတ်လိုက်တာလား”
“ဟုတ်တယ်၊ ဒါပေမယ့် ဒါက အလကားမဟုတ်ဘူး။ မင်းရရှိထားတဲ့အရာက ဘာအသုံးဝင်မှုရှိလည်း၊ ဘယ်လောက်ထိအရေးပါလဲဆိုတာကို ငါသိချင်တယ်”
“ဒီတော့ ငါတို့ တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ချက်ချင်း မျှဝေကြတာပေါ့”
ဝူယွမ်က လေးလေးနက်နက် ပြောလိုက်သည်။ သူသည် လင်းတုန်၏ကျောက်သင်္ကေတကကို အသုံးပြုလိုသောကြောင့် လုံလောက်သော စိတ်ရင်းအမှန်ကို ပြသရန် လိုအပ်သည်။ လင်းတုန်သည် မိုက်မဲသူတစ်ဦးမဟုတ်။ မူရင်းဇာတ်လမ်းတွင် သူ၏မိဘများအပါအဝင် သူ၏လျှို့ဝှက်ချက်ကို ဒုတိယလူအား သူဘယ်တုန်းကမှ မပြောခဲ့ဖူးပေ။
လင်းတုန် - “ဝူယွမ်အစ်ကိုရဲ့ လျှို့ဝှက်နည်းစနစ်က ဒီလောက်တန်ဖိုးကြီးတယ်ဆိုရင် အကိုကလှည့်စားခံရမှာကို မကြောက်ဘူးလား။ ကျွန်တော့်ရဲ့လျှို့ဝှက်ချက်က တတိယတန်း လျှို့ဝှက်နည်းစနစ်တစ်ခုလောက်တောင် အဖိုးမတန်ရင် ဘယ်လိုလုပ်မလဲ”
“ငါ့ရဲ့အလိုအလျောက်ခံစားမှုကို ငါယုံကြည်တယ်။ ငါ့ခန္ဓာကိုယ်ထဲက အရာကို တုံ့ပြန်အောင် လှုံ့ဆော်ပေးနိုင်တဲ့အရာတစ်ခုက အဖိုးမတန်ဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဝူယွမ်က အသေအချာပင်ပြောသည်။
ထို့နောက် သူသည် လင်းတုန်ကို လေးလေးနက်နက်စိုက် ကြည့်ကာ သူ၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။
လင်းတုန်သည် အရမ်းကာရော မဆုံးဖြတ်ရဲပေ။ ကျောက်သင်္ကေတကသည် သူ့အတွက် အလွန်အရေးကြီးလှသည်။ သို့သော် ဝူယွမ်၏စကားများသည်လည်း သူ့အား အလွန်အမင်းဆွဲဆောင်နေသည်။
“မင်းငါ့ကို မယုံကြည်ဘူးလား” ဝူယွမ်မျက်မှောင်ကျုံ့သွားသည်။
“မဟုတ်ပါဘူး၊ ယုံပါတယ်။ ကျွန်တော်ကသာ အစ်ကို၀ူယွမ်ကို မယုံကြည်ရင် ကျွန်တော်တို့အိမ်မှာတည်းဖို့ ဖိတ်ခေါ်မှာမဟုတ်ဘူး” လင်းတုန်က ပြာရာပြာရာရှင်းပြလိုက်သည်။
ကျောက်သင်္ကေတက၏ တုံ့ပြန်မှုသည် သူ့အား လိမ်ညာမည်မဟုတ်ပေ။
ဝူယွမ်၏ စွမ်းအင်အဆင့်သည် သူ့ထက်ပိုမြင့်သောကြောင့် သူသာ သူ့လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြောဆိုလိုက်ပါက ဝူယွမ်သည် သူ၏ကျောက်သင်္ကေတကကို တိုက်ခိုက်ယူသွားမည်ကို သူနည်းနည်းစိုးရိမ်နေမိသည်။
“ခွင့်လွှတ်ပါ အကိုဝူယွမ်။ ကျွန်တော့်လျှို့၀ှက်ချက်က နည်းနည်းထူးခြားပြီး တိုက်ရိုက်ရှင်းပြဖို့ မလွယ်ကူဘူး။ ဝူယွမ်အစ်ကိုက လင်းတုန်ကို အမှန်တစ်ကယ်ယုံကြည်တယ်ဆို ကျွန်တော့်ကိုပြောခဲ့တဲ့ လျှို့ဝှက်နည်းစနစ်ကို လင်းတုန်အား ကြည့်ရှုခွင့်ပေးနိုင်မလား”
ဤသို့ပြောပြီးနောက် လင်းတုန်က ဆက်လက်ပြောသည်။ “ကျွန်တော်လင်းတုန်သည် အစ်ကို၀ူယွမ်လောက် စွမ်းအားမကြီးပါ။ ကျွန်တော်ဘယ်တော့မှ အကို့ကိုလှည့်စား၀ံ့မှာမဟုတ်ပါဘူး”
“ဒါဆို မင်းက ငါကလှည့်စားမှာကို စိုးရိမ်နေတာပေါ့...” ဝူယွမ်သည် လင်းတုန်၏ စိုးရိမ်ပူပန်မှုကို နားလည်သွားသည်။
လင်းတုန်သည် ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ မျှခြေညီသောစွမ်းအားပေါ်တွင်အခြေပြု တည်ဆောက်ထားသော ညှိနှိုင်းမျှဝေခြင်းများသည်သာ တရားမျှတမှုရှိနိုင်သည်။ မဟုတ်ပါက မျှတမှုရှိရန် မဖြစ်နိုင်ပေ။ ဝူယွမ်၏ လက်ရှိစွမ်းအင်အဆင့်သည် လင်းတုန်ထက် ပိုမြင့်နေသောကြောင့် သူ၏ပြောဆိုမှုသည် ထုံးစံအတိုင်း ပိုမို အရေးပါသည်။ ဆိုရသော် ဤလောက၌ စွမ်းအားသည်သာ တရားမျှတမှုဖြစ်သည်။
“ငါ မစဉ်းစားမိဘူး၊ ဒါပေမယ့် မင်းက အရမ်းစိုးရိမ်နေတာဘဲ။ ဒါက မင်းရဲ့လင်းမိသားစုမှာပဲ။ ငါမင်းကို တစ်ကယ် တိုက်ခိုက်ခဲ့ရင်တောင် ငါပြန်ထွက်ခွာနိုင်မှာမဟုတ်ဘူး”
“ဒါပေမယ့် ထပ်ပြောရရင် ဒါက မင်းရဲ့လင်းမိသားစုပဲ။ ငါမင်းကို လေ့ကျင့်ရေးနည်းလမ်းပေးပြီးလို့ မင်းငါ့ကို မလွှတ်ပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ”
ဝူယွမ်ကလည်း သူ၏အတွေးကို တိုက်ရိုက်�ပြောပြလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်တော်လင်းတုန်က ဒီလိုလူမျိုးမဟုတ်ဘူး။ ဒါ့အပြင် ဝူယွမ်အစ်ကိုနောက်မှ ရူးသွပ်ဓားသိုင်းခန်းမရှိသေးတယ်။ ကျွန်တော်တို့လင်းမိသားစုက အကို့ကိုထိခိုက်အောင်မလုပ်ရဲပါဘူး” လင်းတုန်က အမြန်ရှင်းပြသည်။
ဝူယွမ်သည် လင်းတုန်၏ စရိုက်လက္ခဏာကို သိထားသည်။ သူ၏ စိုးရိမ်ပူပန်မှုအားလုံးကို ဖြေရှင်းရန် ဤသို့ပြောလိုက်ခြင်းဖြစ်သည်။
သူသည် လင်းတုန်အား လက်ထောင်ပြလိုက်ပြီး နားထောင်ရန် ပြောသည်။
“လင်းတုန်၊ ငါတို့အခုမှတွေ့ဆုံကြတာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ငါတို့ရဲ့လျှို့ဝှက်ချက်တွေကို ချက်ချင်းထုတ်ပြဖို့ ခက်ခဲတယ်ဆိုတာ ငါသိတယ်။ မင်းရဲ့ပြိုင်ပွဲကိုကြည့်ပြီး မင်းအကြောင်းငါနည်းနည်းသိလာတယ်။ မင်းဟာ အကြောင်းအကျိုးမဆီလျှော်ဘဲ သစ္စာဖောက်တတ်တဲ့လူမျိုးမဟုတ်ဘူးလို့ ငါယုံကြည်တယ်။
ဒါပေမယ့် တကယ်တော့ ငါအလောင်းအစားလုပ်နေတာပါ။ မင်းငါ့ကိုနေဖို့ဖိတ်တုန်းက ငါတုံ့ဆိုင်းနေခဲ့တယ်။ မင်းက လင်းမိသားစုကို ငါ့ကိုတိုက်ခိုက်ခိုင်းပြီး ငါ့လျှို့ဝှက်ချက်ကြီးကိုသိမ်းယူဖို့ လုပ်မယ်မလုပ်ဘူးဆိုတာ ငါသေချာမသိခဲ့ဘူး။
ဒါပေမဲ့မင်းအဲဒီလိုလူမျိုးမဟုတ်ဘူးလို့ ငါအလောင်းအစားလုပ်ခဲ့တယ်၊ ဒါကြောင့်ဘဲ ငါနေခဲ့တာ။ ခုမှပဲ ငါ့လျှို့ဝှက်ချက်ကို ပထမဆုံးအကြိမ်ဖွင့်ဟဖို့ရာ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့ရတာ”
ဝူယွမ်သည် စိတ်ခံစားမှုနှင့် အကြောင်းပြချက်ကို အသုံးချလိုက်သည်။
လင်းတုန် အတော်လေးရှက်သွားသည်။ ဆိုရသော် သူသည် ဖိတ်ခေါ်ခြင်းကို စတင်ခဲ့သူဖြစ်သည်။ သူက ဝူယွမ် သူ့အား တိုက်ခိုက်မည်ကို စိုးရိမ်နေစဉ် အခြားတစ်ဖက်သည် လင်းတုန်၏မိသားစုက သူ့အား တိုက်ခိုက်မည်ကို စိုးရိမ်နေခဲ့သည်။
ဝူယွမ် ဤအဆင့်ထိ ပြောပြခြင်းသည် သူ့အပေါ် ကြီးမားသော ယုံကြည်မှုတစ်ခု ပြသခြင်းပင်ဖြစ်သည်။
လင်းတုန်၏ တုံ့ပြန်မှုကို မြင်လျှင် ဝူယွမ်သည် သူ့အကြံအောင်မြင်သွားပြီဟု ခံစားလိုက်ရသည်။
အမှန်ပင်၊ ဝူယွမ်၏ ပွင့်လင်းမှုသည် သူ၏လင်းတုန်အပေါ် နားလည်မှုကြောင့်လည်း ဖြစ်သည်။ သူသည် မူရင်းဝတ္ထုကို ဖတ်ရှုထားပြီး လင်းတုန်၏ စရိုက်ကို သေချာသိရှိထားသည်။
ဝူယွမ်သည် သံပူတုန်းနာနာထုရိုက်ရသည်ဆိုသည့်စကားအတိုင်း လင်းတုန်၏စိတ်ခံစားချက်များကို ဆက်လက်နှိုးဆွနေသည်။
“မင်းလိုပဲ ငါတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် တစ်စုံတစ်ခုရှိတယ်ဆိုတာ သိလိုက်ရတဲ့အခါ အရမ်းစိတ်လှုပ်ရှားခဲ့တယ်၊ မင်းလည်းချက်ချင်းနားလည်ချင်ခဲ့မယ်
ဆိုတာ ငါယုံကြည်တယ်”
“ငါတို့နှစ်ယောက်စလုံးရဲ့ လျှို့ဝှက်ချက်တွေက အရေးကြီးပေမယ့် ငါတို့သာ ပူးပေါင်းဆောင်ရွက်ရတော့မယ်ဆိုရင် စိတ်ရင်းမှန်မှရမယ် တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်နေလို့မရဘူး”
“မင်းသဘောတူလား”
လင်းတုန်၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံနေပြီဖြစ်သည်။
“လင်းတုန် ရှက်မိပါတယ်။ ကျွန်တော် အစ်ကို၀ူယွမ်ရဲ့ ယုံကြည်မှုကို အထင်လွှဲခဲ့မိတယ်”