← Chapters

ညီအစ်ကိုအရင်းများသဖွယ်၊ လျှို့ဝှက်ချက်များဖလှယ်ခြင်း

Vol. 1 Ch. 5

ညီအစ်ကိုအရင်းများသဖွယ်၊ လျှို့ဝှက်ချက်များဖလှယ်ခြင်း

Vol. 1 Ch. 5

လင်းတုန်သည် နောက်ဆုံးတွင် ဝူယွမ်အား သူ၏ လျှို့ဝှက်ချက်ကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။

“ကျွန်တော့်ဆီမှာရှိတဲ့ အရာက ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံးဘဲ။ အဲ့ပေါ်မှာ မှော်ဆန်တဲ့ ရုန်းစာလုံးတွေ ရေးထွင်းထားတယ်။ ကျွန်တော်ကတော့ အဲဒါကို ဆန်းကြယ်ကျောက်လက်ဖွဲ့လို့ ခေါ်တယ်။

အဲဒီ ကျောက်လက်ဖွဲ့က ကောင်းကင်ကမ္ဘာ့ စွမ်းအင်တွေကို အလိုအလျောက် စုပ်ယူပြီး အနီရောင် အရည်တစ်မျိုးကိုပြန်လည် ထုတ်လုပ်ပေးတယ်။ ကျွန်တော်ကတော့ အဲဒီအရည်ကို ဆန်းကြယ်ကျောက်လက်ဖွဲ့ ဝိညာဉ်အရည်လို့ ခေါ်တယ်။

ကျောက်လက်ဖွဲ့ဝိညာဉ်အရည်က ကိုယ်ခန္ဓာကိုကျင့်ကြံရာမှာ အတော်လေး အကျိုးသက်ရောက်မှုရှိတယ်။

ကျွန်တော် ဒီလိုတိုတောင်းတဲ့ အချိန်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအဆင့်ကို တက်နိုင်ခဲ့တာဟာ ကျောက်လက်ဖွဲ့ရဲ့ ဝိညာဉ်အရည်ကြောင့်ပဲ။”

သူသည် အကျီရင်ဘတ်အတွင်းမှ အနီရောင်အရည်များနှင့် ပြည့်နှပ်နေသော ပုလင်းကလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

“ဒါပေမယ့် ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်ရဲ့ အာနိသင်ဟာ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း နည်းပါးသွားတယ်။ အခုဆိုရင် ကျွန်တော့်အတွက် သိပ်ပြီး သက်ရောက်မှုမရှိတော့ပါဘူး။ ဒီအရည်ဟာ အများဆုံး ယွမ်မြေကြီးနယ်ပယ်အဆင့်ထိဘဲ အကျိုးသတ်ရောက်မှုရှိမယ်လို့ ထင်တယ်၊ ဒါပေမယ့် သက်ရောက်မှုကတော့ အတော်လေး နည်းသွား‌လောက်တယ်။ ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအဆင့်အောက် လူတွေအတွက် အကျိုးသတ်ရောက်မှုအကောင်းဆုံးဘဲထင်တယ်။”

လင်းတုန်က ရှင်းပြသည်။ ဝူယွမ် ရရှိခဲ့သည့် စွမ်းအားကြီးမားသော လျှို့ဝှက်နည်းစနစ်နှင့် နှိုင်းယှဉ်လျှင် ဤအံ့ဖွယ် ၀ိညာဥ်ဆေးရည်သည် သိပ်အရေးမပါတော့ဟန် ရှိသည်။

ဝူယွမ်သည် ပုလင်းကလေးကို ယူကာ အနီရောင်အရည်များကို စိတ်၀င်တစား စစ်ဆေးကြည့်ရှုသည်။

သူသည် လင်းတုန်၏ ကျောက်လက်ဖွဲ့အကြောင်း အားလုံးကို သေချာသိထားသည်၊ လင်းတုန်ကိုယ်တိုင်ထက်တောင် ပိုမိုရှင်းလင်းစွာ သိထားသော်လည်း ဟန်ဆောင်ရန်တော့ လိုအပ်သေးသည်။

“ဒါတင်ပဲ မဟုတ်သေးဘူးမလား?” ခဏကြာပြီးနောက် ဝူယွမ်က လင်းတုန်အား ပြုံးရင်း ပြောသည်။

လင်းတုန်လည်း ရယ်လိုက်သည်၊ “အစ်ကိုဝူယွမ်ကို ကျွန်တော် မလှည့်စားနိုင်ဘူးဆိုတာ သိပါတယ်။”

သူ၏ မျက်နှာပေါ်တွင်လည်း ဂုဏ်ယူဝင့်ကြွားသော အသွင်အပြင်ပေါ်လာသည်။ ကျောက်လက်ဖွဲ့ တန်ဖိုးသည် ဝူယွမ်၏ လျှို့ဝှက်နည်းစနစ်ထက် လျော့မည်မဟုတ်ဟု သူမုချယုံကြည်သည်။ “အမှန်ဘဲ၊ ဒါတင်မကသေးဘူး။ လောလောဆယ် နောက်ထပ် အသုံးဝင်မှုနှစ်ခုကို ကျွန်တော် ရှာတွေ့ထားတယ်။

သိုင်းပညာရပ်တွေကို ပြီးပြည့်စုံအောင် ပြုပြင်ပေးခြင်းနှင့် ဆေးပြား သန့်စင်ပေးခြင်းတို့ဘဲ!”

“အစ်ကို ဝူယွမ်၊ ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပေးပါ!”

လင်းတုန်သည် ချက်ချင်းပင် ဝူယွမ်ရှေ့တွင် သူ၏ လက်သီးပညာကို သရုပ်ပြသည်။

ဖောက်ထွင်းလက်သီးပညာရပ်!

“ပုန်း ပုန်း ပုန်း ပုန်း ပုန်း ပုန်း ပုန်း ပုန်း ပုန်း ပုန်း!”

အကြိမ်ဆယ်ကြိမ် အသံမြည်ခြင်း!

ဝူယွမ်သည် တစ်ဖန် အံ့အားသင့်သော အသွင်အပြင်ကို ပြသသည်။ သူသည် မင်းသားတစ်ဦးဖြစ်လာသည့်နှယ် ခံစားရပြီး လင်းတုန်ကို လှည့်စားရန် ဘာမှမသိသလို ဟန်ဆောင်နေရသည်။

“‌ ဖောက်ထွင်းလက်သီးပညာရပ် အကြိမ်ဆယ်ကြိမ် အသံမြည်ခြင်းလား? ဒါက ဘာလဲ? ငါသိရသလောက်ဆို ဖောက်ထွန်းလက်သီးပညာကို အထွတ်အထိပ်ထိ ရောက်အောင် လေ့ကျင့်ပြီးပါက အများဆုံး အကြိမ်ကိုးကြိမ်ထိ အသံမြည်နိုင်တယ်ဆို!”

“မှန်တယ်၊ ဖောက်ထွင်းလက်သီးပညာရပ်ဟာ အကြိမ်ကိုးကြိမ် အသံမြည်ခြင်းဘဲ၊ ဒါပေမယ့် ကျောက်လက်ဖွဲ့က ပြီးပြည့်စုံအောင် ပြုပြင်ပေးပြီးနောက်မှာတော့ အကြိမ်ဆယ်ကြိမ် အသံမြည်အောင် လုပ်လာနိုင်တယ်။”

“လောလောဆယ် ကျွန်တော် လေ့ကျင့်ထားတဲ့ သိုင်းပညာနှစ်မျိုးလုံးဟာ ကျောက်လက်ဖွဲ့ရဲ့ အကူအညီနဲ့ နောက်တစ်ဆင့်ကို မြှင့်လို့ရတယ်။”

“ပထမအဆင့် သိုင်းပညာတစ်ခုဟာ ဒုတိယအဆင့်ရဲ့ စွမ်းအားကို ဖော်ပြနိုင်ပြီး၊ ဒုတိယအဆင့်ကတော့ တတိယအဆင့်ရဲ့ စွမ်းအားကို ဖော်ပြနိုင်တယ်။”

“ဒါဟာ အစပဲရှိသေးတယ်လို့ ကျွန်တော်ခံစားနေရတယ်၊ ပိုပြီးအားကောင်းတဲ့ သိုင်းပညာတွေကိုတောင် ဒီဟာက ပြီးပြည့်စုံအောင် ပြုပြင် မြှင့်တင်ပေးနိုင်လောက်တယ်။”

လင်းတုန်က စိတ်အားထက်သန်စွာဖြင့် ပြောဆိုရင်း၊ သူ၏ ဟန်အမူအရာမှာလည်း... “ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကလည်း အတော်ကို စွမ်းအားကြီးတယ်မလား” ဟု ပြောနေဟန်ရှိသည်။

ဝူယွမ်ကလည်း ပါဝင်သရုပ်ဆောင်ရတော့သည်၊ သူသည် အံ့အားသင့်သည့်ဟန်ဖြင့် အော်ဟစ်ကာ၊

“အရမ်းကို အံ့သြစရာကောင်းတယ်! လောလောဆယ်အတွက်ဆိုရင် ကျွန်တော်ရရှိခဲ့တဲ့ လျှို့ဝှက်နည်းစနစ်စာအုပ်နဲ့ နှိုင်းယှဉ်ရင် သိုင်းပညာကို ပြီးပြည့်စုံအောင်ပြုပြင်ပေးနိုင်တဲ့ အရာက ကျွန်တော်တို့အတွက် ပိုအသုံးဝင်တယ်။”

“ဒါဆို ဆေးပြား သန့်စင်ပေးနိုင်တဲ့ အကြောင်းကကော?”

“ ရှေ့ကအသုံးဝင်မှုနှစ်ခုတည်းသာ ရှိခဲ့မယ်ဆိုရင် အစ်ကို ဝူယွမ်ရဲ့ လျှို့၀ှက်စာအုပ်နဲ့ ယှဉ်ဖို့ မဖြစ်နိုင်ဘူးထင်တယ်၊ ဒါပေမယ့် ဆေးပြား ချက်လုပ်ပေးနိုင်တဲ့ အရာကတော့ အစ်ကို ဝူယွမ်ရဲ့ လျှို့ဝှက်စာအုပ်ထက်တောင် ပိုပြီးတန်ဖိုးရှိလောက်မယ်ဆိုတာ သေချာတယ်” ဟု လင်းတုန်သည် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်၊ ထိုအချိန်တွင် သူ၏ စိတ်ခံစားမှုသည် အရမ်း အားတက်ဖွယ်အခြေအနေ ဖြစ်နေသည်။

ဆန်းကြယ်ကျောက်လက်ဖွဲ့ဆိုသည့် ရတနာကို ရရှိပြီးကတည်းက သူ ကြိတ်ပျော်နေခဲ့ရသည်၊ ဤပျော်ရွှင်မှုကို တစ်စုံတစ်ဦးနှင့် မျှဝေလိုသော်လည်း သင့်တော်သူကို ရှာမတွေ့ခဲ့ပေ။

ယနေ့တွင် မိမိနှင့်တူညီသော ကံကောင်းမှုရှိသူ ဝူယွမ်အား မျှဝေနိုင်လိုက်သဖြင့် သူ၏ စိတ်ထဲပေါ့ပါးသွားခဲ့သည်။

“ဒါကတော့ အစ်ကို ဝူယွမ် ကျွန်တော့်ကို ပေးခဲ့တဲ့ တတိယအဆင့် ဝိညာဉ်ဆေးပင် ခရမ်းရောင် သစ်ဆေး(Ganoderma)ဘဲ!”

လင်းတုန်သည် ဝူယွမ် ပေးခဲ့သော ဝိညာဉ်ဆေးပင်ကို ထုတ်ယူပြီး သူ၏ လက်ဖဝါးပေါ်တွင် တင်လိုက်သည်။

သူ၏ လက်ဖဝါးထဲတွင် ရုန်းစာလုံးတစ်လုံး လင်းလက်လာသည်ကို မြင်လိုက်ရပြီး၊ ဝိညာဉ်ဆေးပင်သည် ပျောက်ကွယ်သွားကာ ခဏအကြာတွင် ချောမွတ်ပြီး ပဲစေ့အရွယ်ခန့်ရှိသော ခရမ်းရောင် ဆေးပြားလေးလုံး သူ့လက်ထဲသို့ လေထဲမှ ပေါ်လာခဲ့သည်။

“ကျောက်လက်ဖွဲ့က ဝိညာဉ်ဆေးပင်ရဲ့ ဆေးအာနိသင်ကို တိုက်ရိုက် ဆေးပြားအဖြစ် သန့်စင်ပေးနိုင်တယ်၊ ဒါကြောင့် ကျင့်ကြံသူတွေအနေနဲ့ စုပ်ယူဖို့ ပိုမိုလွယ်ကူစေတယ်။”

“ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ ဒီ ခရမ်းရောင် သစ်ဆေး(Ganoderma)ကို သုံးမယ်ဆိုရင် ဆေးအာနိသင်ရဲ့ တစ်ဆယ်ပုံတစ်ပုံ သို့မဟုတ် နှစ်ပုံခန့် လောက်ကိုဘဲ စုပ်ယူနိုင်လိမ့်မယ်။ ဒါပေမယ့် ကျောက်လက်ဖွဲ့က ဆေးပြားအဖြစ် သန့်စင်ပြီးနောက်မှာတော့ ဆေးအာနိသင် အားလုံးက ဆေးပြားထဲကို ပေါင်းစည်းသွားတယ်။ ကျွန်တော်တို့ ဆေးပြားကို စားသုံးတဲ့အခါ ဆေးအာနိသင်ရဲ့ အနည်းဆုံး ရှစ်ပုံကိုးပုံ သို့မဟုတ် ဆယ်ပုံကိုးပုံခန့်ကို စုပ်ယူနိုင်တယ်။”

လင်းတုန်သည် ခရမ်းရောင် ဆေးပြားတစ်ပြားကို ကောက်ယူပြီး အတွင်းစိတ်ထဲက ဝမ်းမြောက်ဝမ်းသာမှုကို ဖုံးကွယ်ကာ အေးဆေးတည်ငြိမ်စွာဖြင့် ပြောဆိုသည်၊ “ဒီဆေးပြားတစ်ပြားခြင်းစီကနေ ရရှိတဲ့ ဆေးအာနိသင်ဟာ ခရမ်းရောင် သစ်ဆေး(Ganoderma)တစ်ပင် စားသုံးတာနဲ့ ကြမ်းတမ်းစွာ တူညီပါတယ်၊ ပြီးတော့ ကျောက်လက်ဖွဲ့ဟာ ခရမ်းရောင် ဂါနိုဒမာ တစ်ပင် ကို ဆေးပြားလေးပြား အဖြစ် သန့်စင်ပေးနိုင်တယ်။”

“ဟမ်!” ဝူယွမ် သည်လည်း အသက်ရှုမှားမတက်အော်ဟစ်လိုက်သည်!

သူ၏ လက်ရှိ ဟန်အမူအရာသည် ဝူယွမ်၏ လျှို့ဝှက်နည်းစနစ်စာအုပ် မိတ်ဆက်တုန်းက ပထမဆုံးအကြိမ် ကြားရသည့်အခါ လင်းတုန်၏ အံ့အားသင့်လန့်တုန်သွားသည့် အမူအရာကို အတိအကျ အတုခိုးထားသည်။

အခုလောလောတယ် ဝူယွမ်အတွက် လင်းတုန်၏ ကျောက်လက်ဖွဲ့သည် အလိုအပ်ဆုံးသော အရာဖြစ်သည်။

ဆေးပြား ချက်လုပ်ခြင်းသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းအတွက် အလွန်အရေးကြီးလှပေသည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းဆိုသည်မှာ ကိုယ်ခန္ဓာသန်စွမ်းလာအောင်လေ့ကျင့်ပေးခြင်းဖြစ်ပြီး၊ကိုယ်ခန္ဓာကိုယ်အပြင်ဘက်‌ကနေအတွင်းပိုင်းထိသန်မာလာအောင်ပြုလုပ်ပေးနိုင်ပါတယ်၊အဆင့်တစ်ခုရောက်လျှင် ယွမ်စွမ်းအင်ကိုပျိုးထောင်နိုင်ပြီး အစစ်အမှန်ကျင့်ကြံသူ ဖြစ်လာမည်ဖြစ်သည်။

‌လက်ဖွဲ့၏ဆေးပြား ချက်လုပ်နိုင်သော လုပ်ဆောင်ချက်သည် ကျင့်ကြံခြင်း အဆင့်တတ်ရန်လိုအပ်သော စွမ်းအင်ကို ကိုင်တွယ်‌ဖြေရှင်းပြီးသားသည်။

ဝူယွမ်: “ညီအစ်ကို လင်းတုန်ရဲ့ ကျောက်လက်ဖွဲ့နဲ့ နှိုင်းယှဉ်ရင် ကျွန်တော့်ရဲ့ ကံကောင်းထောက်မမှုဟာ လောလောဆယ်အတွက်ဆိုရင် ထိပ်တန်းအဆင့် လျှို့ဝှက်နည်းစနစ်စာအုပ်တစ်အုပ်နဲ့ အဆင့်မြင့်မားတဲ့ သိုင်းပညာ အနည်းငယ် ရရှိခဲ့ယုံ‌လောက်ပါဘဲ၊ ဒါကြောင့် ထည့်ပြောစရာတောင် မလိုပါဘူး။”

လင်းတုန်: “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ အစ်ကို ဝူယွမ်ရဲ့ ကိုယ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်နဲ့ သိုင်းပညာတွေက ယန်မင်းဆက် တစ်ခုလုံးမှာတောင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်တာကြောင့် ကျွန်တော့်ရဲ့ သာမန် ကျောက်လက်ဖွဲ့က ဝိညာဉ်အရည် ထုတ်လုပ်တာ၊ သိုင်းပညာ ပြည့်စုံအောင်ပြုပြင်တာ၊ ဆေးပြား ချက်လုပ်တာတွေလောက်က ဘာမှမဟုတ်တော့ပါဘူး။”

ပြီးနောက် သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောကြသည်။

သူတို့၏ ခပ်တုံးတုံး ဟန်ဆောင်မှုများသည်ပင် ဤမျှ လိုက်ဖက်ညီနေသည်။

“အစ်ကို ဝူယွမ်...”

“ညီအစ်ကို လင်းတုန်...”

“အစ်ကိုကြီးက ဦးစွာပြောပါ!”

နှစ်ဦးသား တစ်ပြိုင်နက်တည်း ပြောဆိုကြသည်။

ဤအခြေအနေသို့ ရောက်ရှိလာသောအခါ ၎င်းတို့၏ ဆက်ဆံရေးသည် ထုံးစံအတိုင်း နောက်တစ်ဆင့် တက်ရန် လိုအပ်လာပေသည်။

နှစ်ဦးစလုံးတွင် တူညီသော အတွေးများရှိကြသည်။

လင်းတုန်: “အစ်ကို ဝူယွမ်၊ အခုပဲ ကျွန်တော်တို့ ညီအစ်ကို ဖွဲ့လိုက်ရင်ရော၊ ဘယ်လိုလဲ?”

ဝူယွမ်: “ငါလည်း အဲဒီအတိုင်းတွေးနေတာပါဘဲ!”

“ကျွန်တော် ဝူယွမ်!”

“ကျွန်တော် လင်းတုန်!”

“ယနေ့မှစ၍ ညီအစ်ကိုအရင်းများသဖွယ်!”

“သုခလည်း မျှဝေ၊ ဒုက္ခလည်း မျှဝေ!”

“အတူနေရမည်၊ အတူသေရမည်၊ ကံကောင်းခြင်း၊ ကံဆိုးခြင်းကို အတူမျှဝေကြမည်!”

“မွေးသည့် ရက်စွဲမတူသော်လည်း မဟုတ်သော်လည်း၊ သေမည့် ရက်စွဲကိုမူ အတူတူပင်ဖြစ်ရမည်ဟု ကတိပြုကြသည်!”

...”အစ်ကိုကြီး၊ ကျေးဇူးပြုပြီး ညီငယ် ကန်တော့တာကို လက်ခံပါ!”

“ညီအစ်ကို၊ ကျေးဇူးပြုပြီး ထလို့ရပြီ!”

နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ကြပြီး ပခုံးချင်း တိုက်လိုက်ကြသည်။

“ညီအစ်ကိုက ကျောက်လက်ဖွဲ့ရဲ့ လျှို့ဝှက်ချက်ကို ကျွန်တော့်အား ရှင်းပြပြီးပြီ၊ အခုတော့ ကျွန်တော်က လျှို�ှက်စာအုပ်အကြောင်း ပြောပြရမယ်။ ဒီနေရာက သိပ်ကျယ်ပြန့်လွန်းတယ်၊ နည်းစနစ်တွေ သင်ကြားပေးဖို့ မသင့်တော်ဘူး၊ မင်းရဲ့ အခန်းထဲကိုအရင် သွားကြရအောင်၊ ကျွန်တော် လျှို့ဝှက်နည်းစနစ်စာအုပ်ကို ချရေးပေးမယ်!”

သူတို့နှစ်ဦးသည် လင်းတုန်၏ အိမ်ကလေးဆီသို့ ပြန်လာပြီး အခန်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားကြသည်။

ချင်းတန်သည် အမြဲတမ်း လင်းတုန်၏ အရိပ်ပမာ ဖြစ်နေခဲ့သည်။ အစောက နှစ်ဦးသား စကားပြောနေရင်း သူမအား နောက်တွင် ချန်ထားခဲ့ကြသည်၊ ယခု ပြန်ရောက်လာသည့်တိုင်အောင် သူမအား လျစ်လျူရှုထားဆဲဖြစ်သည်။

သူမသည် သူတို့နှင့်အတူ ကစားလိုသော်လည်း လင်းတုန်က သူမအား အပြင်ဘက်သို့ထုတ်၍ တံခါးပိတ်ထားလိုက်သည်။

“အစ်ကိုလင်းတုန်၊ နေ့ခင်းဘက်ကြီး အိမ်ထဲမှာ ဘာတွေလုပ်နေကြတာလဲ? ညီမကိုတောင် မခေါ်ဘဲပစ်ထားတယ်?”

“နင် ငယ်ပါသေးတယ်၊ နောက်မှ ငါပြောပြမယ်၊ နင် အပြင်ဘက်ကနေ တံခါးစောင့်ပေးဦး၊ တစ်ယောက်ယောက် လာရင် သတိပေးဖို့ မမေ့နဲ့” ဟု လင်းတုန်က မိန်းမငယ်လေးအား တာဝန်ပေးလိုက်သည်။

“ဟမ့်!” ချင်းတန် နှုတ်ခမ်းစူလိုက်သည်။

“အစ်ကို ဝူယွမ် ရောက်လာတဲ့အခါ အစ်ကို လင်းတုန်က ကျွန်မကို မလိုချင်တော့ဘူး။”

နှုတ်ခမ်းစူနေသော်လည်း ချင်းတန်သည် နားဝင်ချိုစွာတွတ်ထိုးရင်း တံခါးစောင့်ပေးလိုက်သည်။

လင်းတုန်၏ အခန်းထဲသို့ ရောက်သည်နှင့် နှစ်ဦးသား ချရေးရန် စက္ကူနှင့် စုတ်တံများ အလျှင်အမြန်ရှာဖွေ ပြင်ဆင်ကြသည်။

ဝူယွမ်: “ငါ ရေးပေးမယ်၊ မင်းက အလွတ်ကျက်၊ ဖတ်ပြီးတာနဲ့ တန်းမီးရှို့ပစ်မယ်!”

လင်းတုန်: “နားလည်ပါတယ်!”

ဝူယွမ်သည် စုတ်တံကို ကောက်ယူပြီး စရေးသည်။

“ဟွမ်ရှီယွမ် ပေါ်ကျူး...”

“အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ လက်ရေးက... အရမ်းဆိုးတာပဲ!”

“ဖတ်လို့ရရင် ရပြီ!”

... ဝူယွမ်က အခန်းတစ်ခန်းချင်းစီ ရေးသားပေးနေသည်၊ လင်းတုန်ကလည်း အခန်းတစ်ခန်းစီ အလွတ်ကျက်မှတ်ပြီး ပြီးသည့်နှင့် မီးရှို့ပစ်လိုက်သည်။

ညစာစားချိန်ရောက်သည်အထိ သူတို့သည် အခန်းထဲတွင် ရှိနေဆဲဖြစ်သည်။

“အစ်ကို လင်းတုန်၊ ညစာစားချိန်ရောက်ပြီ!” ချင်းတန်က အော်ခေါ်သည်။

“သိပြီ၊ ပြီးတော့မယ်!”

ဝူယွမ်နှင့် လင်းတုန် သည် စုတ်တံများကိုအမြန်သန့်ရှင်းပြီးစက္ကူများကိုမီးရှို့ဖျက်စီးလိုက်ကြသည်။

“ကောင်းကင်ဘုံတန်ခိုးမှတ်တမ်း(ဟွမ်ရှီးယွမ်ပေါ်ကျူး)ထဲမှာ ချမရေးရသေးတာတွေအများကြီးရှိသေးတယ်၊ အချိန်တိုအတွင်းအားလုံးချရေးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မင်းလည်းအားလုံး အလွတ်ကျက်နိုင်မှာမဟုတ်ဘူး၊ ဒီနေ့တော့ဒီမှာဘဲ ရပ်လိုက်ကြရအောင် မင်း အခြေခံအကြဆုံးနဲ့ အဓိကအကြဆုံး ဟွမ်ရှီးယွမ်ကိုအလွတ်ကျက်ပြီးသွားပီ၊ ကျန်တဲ့အပိုင်းတွေကို နောက်မှဖြေးဖြေးချင်း အလွတ်ကျက်သွားလို့ရတယ်၊ အချိန်တွေအများကြီးပိုပါသေးတယ်၊”

“ဟုတ်”

All Chapters