ဆေးလုံးများ လဲလှယ်ရန်စိတ်ကူး
Vol. 1 Ch. 6
နောက်တစ်နေ့တွင်...
ဝူယွမ်နှင့်လုံထန်တို့သည် လင်းတုန်၏ မရွှင်မပြကြည့်နေသည့်အောက်မှ လှည်းတစ်စီးနှင့် လင်းမိသားစုမှ ထွက်ခွာသွားကြသည်။
“ဘာလို့ လင်းတုန်ကို အဲ့လောက် အထင်ကြီးနေတာလဲ။”
အပြန်လမ်းတွင်လုံထန်က အံ့ဩတကြီးမေးမြန်းလေသည်။
ဝူယွမ်သည်ပျော်ပျော်နေတတ်သူ စိတ်ရှည်သူဖြစ်သော်လည်း ရွယ်တူများကို ဤမျှဂရုစိုက်လေ့မရှိချေ။
ဝူယွမ်၏ လင်းတုန်အပေါ် ခင်မင်မှုကတော့ အရမ်းကိုသိသာနေခဲ့သည်။
“အစ်ကိုကြီး၊ လင်းတုန်က တစ်ကယ့်ကို သာမန်မဟုတ်ဘူး။ နောင်တစ်ချိန်မှာ ချင်းယန်မြို့ငယ်လေးမှာတင်မက ယန်မင်းဆက်တစ်ခုလုံးမှာပါ သူနာမည်ကျော်ကြားလာလိမ့်မယ်။”
“အိုး... လင်းတုန်ထက် နှစ်နည်းနည်းဘဲပို ကြီးတာကို လူအိုကြီးတစ်ယောက်လို ပြောနေပါလား။ ယန်မင်းဆက် ဘယ်လောက်ကျယ်ပြန့်လဲဆိုတာ မင်းသိလား။ မင်းတို့နှစ်ယောက်လုံး ချင်းယန်မြို့မှာ နာမည်ရရင်ကို အတော်ကောင်းနေပြီ။ အများကြီးမျှော်လင့်မထားကြနဲ့!”
လုံထန်သည် မရယ်နိုင်ပေ၊ လူငယ်များက ကောင်းကင်ကြီး ဘယ်လောက်ကျယ်ပြန့်လဲဆိုတာ မသိကြတာဘဲလို့ ထင်မြင်မိလေသည်။
“ပြောရမည်ဆို ဒီအကြိမ်ဖျားနာပြီးကတည်းက မင်းပြောင်းလဲသွားတယ်လို့ ခံစားနေရတယ်။”
“ဘယ်လို! ပြောင်းလဲသွားတယ်ဟုတ်လား။ ကျွန်တော်က ကျွန်တော်ဘဲမဟုတ်ဘူးလား။”
... ရူးသွပ်ဓားသိုင်းခန်းမသို့ ပြန်ရောက်သောအခါ ဝူယွမ်သည် သူ၏အခန်းအတွင်းဝင်ကာ ရေပုံးတစ်ပုံးပြင်ဆင်ပြီး ပုလင်းကလေးတစ်ခုကို ဆွဲထုတ်လိုက်သည်။
ပုလင်းထဲတွင် ကျောက်လက်ဖွဲ့ကနေရတဲ့ ဆေးရည်နီများ ရှိသည်။ လင်းမိသားစုမှ ခွဲခွာချိန်တွင် လင်းတုန်က ဝူယွမ်အား ဆေးရည်နီသုံးစက်နှင့် ခရမ်းရောင် သစ်ဆေး(Ganoderma) ကို ချက်ထားသောဆေးလုံးနှစ်လုံးကို ပေးအပ်ခဲ့သည်။
သူသည်ရေဇလုံထဲသို့ ဆေးရည်တစ်စက်ချလိုက်သည်။ အဝတ်များချွတ်ပြီး ဇလုံထဲဝင်ကာ ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းကို စတင်လေကျင့်ခဲ့သည်။
တစ်နာရီကြာပြီးနောက် ဇလုံထဲရှိ ရေသည် နီရဲနေရာမှ ကြည်လင်သွားကာ ဆေးရည်၏စွမ်းအင်များလည်း ကုန်ခမ်းသွားခဲ့သည်။
“တစ်ကယ်ကို အံ့အားသင့်စရာကောင်းတဲ့ဆေးဘဲ”ဟု ဝူယွမ်က ချီးကျူးလိုက်သည်။ ဆေးရည်နီတစ်စက်ကို အသုံးပြုပြီး တစ်နာရီတာအတွင်း ရရှိခဲ့သော ယွမ်စွမ်းအင်သည် ပုံမှန်ကျင့်ကြံခြင်းမှ ရရှိသည့်ယွမ်စွမ်းအင် ဆယ်ရက်စာနှင့် ညီမျှသည်။
သူသည်ခန္ဓာကိုယ်သန့်စင်မှုအဆင့် ရှစ်သို့ ရောက်ရှိနေပီဖြစ်သည်။
ဒါတောင် ကြီးမားတဲ့အကျိုး သက်ရောက်မှုရှိသေးသည်။
ထို့အပြင် ကောင်းကင်ဘုံတန်ခိုးမှတ်တန်းပညာရပ် ၏ ဆေးစွမ်းအား စုပ်ယူသည့်အရှိန်သည် ပုံမှန်လေ့ကျင့်နေကြ ကိုယ်ခန္ဓာပညာရပ်များထက် အဆပေါင်းများစွာမြန်ဆန်နေသည်။
သူသည် အခုမှစကျင့်ကြံခြင်း ဖြစ်သည်။ ကောင်းကင်ဘုံတန်ခိုးမှတ်တန်းပညာရပ်သာ ပထမအဆင့်သို့ရောက်ရှိပါက သူ၏ကျင့်ကြံခြင်းအရှိန် ပိုပြီးမြန်ဆန်လာလိမ့်မည်။ “ဒီနှုန်းနဲ့ဆို ငါ တစ်လအတွင်း နဝမအဆင့်ကို ရောက်လိမ့်မည်။”
ဝူယွမ်သည်ခရမ်းရောင်စွမ်းအင်ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး ဆက်လက်ကျင့်ကြံခဲ့သည်။
သိပ်မကြာသေးခင်မှာပင်ဆေးလုံးထဲက အာနိသင်အားလုံးကို သူ ချေဖြတ်နိုင်ခဲ့သည်။
“ငါအရင်က စားခဲ့တဲ့ဆေးဘက်ဝင်ပစ္စည်း တွေက တစ်ကယ်ကို အမှိုက်တွေဘဲ” ဝူယွမ်က စိတ်အတွင်းက သက်ပြင်းချမိသည်။
သူအရင်က ဆေးဘက်ဝင်အပင်များနှင့် အရည်များစွာကို သုံးခဲ့ဖူးသော်လည်း ကျောက်လက်ဖွဲ့မှ ချက်ထားသော ဆေးလုံးများနှင့်နှိုင်းယှဉ်လျှင် ၎င်းတို့ထဲမှ စုပ်ယူနိုင်သော စွမ်းအင်က အတော်လေးနည်းပါးသွားသယောင်ရှိသည်။
ထို့အပြင်နှစ်ခုလုံး ကုန်ကြမ်းအတူတူပင်ဖြစ်သည်။
လင်းတုန်ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တာ အံ့ဩစရာမဟုတ်တော့ပေ။
ကျောက်လက်ဖွဲ့သည် ကံကောင်းခြင်း သင်္ကေတဖြစ်သည်။ ကျောက်လက်ဖွဲ့ရှိပါက ဝက်တစ်ကောင်ကိုတောင် အဆင့်မြင့် နယ်ပယ်အထိ လေ့ကျင့်ပေးနိုင်လောက်မည်ဟု သူထင်သည်။
ဝူယွမ်သည်လင်းတုန်နှင့် လျှို့ဝှက်ချက်များမျှဝေရန် ရွေးချယ်ခဲ့မိသည့်အတွက် အတော်လေးပျော်ရွှင်နေသည်။
သူ၏စနစ်သည်အလွန်ကြီးကျယ်သဖြင့် လင်းတုန်၏ကျောက်လက်ဖွဲ့ကဲ့သို့ အချိန်မရွေး အသုံးပြုနိုင်ခြင်းမရှိပေ။
စနစ်၏နောက်ဆိုင်းအင်၀င်ရန် တာ၀န်-
ချင်းယန်မြို့ငယ်အမဲလိုက်ပြိုင်ကွင်းတွင် လက်မှတ်ရေးထိုးပါ။
ချင်းယန်မြို့ငယ် အမဲလိုက်ပြိုင်ပွဲသည် နှစ်ကုန်မှ ဖြစ်သည်၊ ကြားထဲအချိန် သုံးလကျော်ကျန်နေသေးသည်။
ပွဲစဖို့ရာအချိန် အဝေးကြီးလိုသေးသည်။
နောက်ထပ် ဆိုင်းအင်၀င်ခြင်းဖြင့်သူဘာရရှိမည်ကို သိရန် စောင့်မျှော်နေမိသည်။
၀ူယွမ်သည်စောင့်မျှော်နေဆဲဖြစ်သည်။ ပွဲစဖို့အချိန် လိုသေးသော်လည်း စနစ်က ရမည့်လက်ဆောင်သည် ထိပ်တန်းအဆင့်ဖြစ်သဖြင့် ကောင်းတဲ့အရာတစ်ခုခု ဖြစ်ကိုဖြစ်လိမ့်မည်။
ငါးရက်အကြာတွင်...
ဝူယွမ်သည်ကျန်ရှိသော ဆေးရည်နီနှင့် ခရမ်းရောင်စွမ်းအင်ဆေးလုံးများကို သုံးဆွဲပြီးသွားသည်။
သူ၏စွမ်းအားသည်လည်းသိသိသာသာ တိုးတက်လာခဲ့ပြီး ခန္ဓာကိုယ်သန့်စင်မှု နဝမအဆင့်သို့ ရောက်ရှိရန် တစ်လှမ်းသာလိုတော့သည်။
“ငါ အရှိန်မြှင့်ဖို့ လိုသေးတယ်။” ဝူယွမ်သည် ဖြေးဖြေးချင်းသွားရန် မစဥ်းစားထားချေ။
ဤနှစ်အတွင်း သူစုထားတဲ့ငွေအားလုံးကို ယူပြီး သူ့ကိုယ်သူ ရုပ်ဖျက်လိုက်သည်။ ထို့နောက်ကုန်သွယ်ရေးဈေးကွက်သို့သွားကာ အဆင့်သုံး ဆေးဘက်ဝင်အပင် ခုနှစ်ပင်ကို ၀ယ်ယူခဲ့သည်။
အဆင့်သုံးဆေးဘက်ဝင်အပင်ခုနှစ်ပင်သည် အလွန်ကြီးမားသော ငွေကြေးကုန်ခမ်းမှုကြီးဖြစ်သည်။ လင်းတုန် မျိုးနွယ်စုပြိုင်ပွဲတွင် ပထမရရှိပြီးနောက်တွင်ပင် အဆင့်သုံးဆေးဘက်ဝင်အပင် နှစ်ပင်သာရရှိခဲ့သည်။
သို့သော်ရူးသွပ်ဓားသိုင်းခန်းမသည် ချင်းယန်းမြို့ငယ်ရှိ ဆိုင်များအားလုံးကို လက်ဝါးကြီးအုပ်ထားပြီး လင်းမိသားစုထက် ပိုချမ်းသာသည်။ ဝူယွမ်သည် အဓိကတပည့်ဖြစ်သဖြင့် ခေါင်းဆောင်လုံချန်း၏ အရေးပေးခြင်းခံရပြီး ဒီနှစ်တွေအတွင်းပေးအပ်ခံရသော ရတနာပစ္စည်းများ အတော်လေးများပြားလှလေသည်။
ဝူယွမ်သည်ယခင်က ကျင့်ကြံခြင်းဝါသနာရှင်တစ်ဦးဖြစ်ခဲ့သည်။ သူသည် ဇိမ်ခံအိမ်များသို့ မသွား၊ ဇိမ်ခံဖျော်ဖြေရေးများကိုလည်း မနှစ်သက်ပေ။ အလွန်ဆုံး သူ၏ကျောင်းသားများဖြင့် စကားပြောခြင်းနှင့် ဝိုင်အနည်းငယ်သောက်ခြင်းတို့သာလုပ်ခဲ့ပြီး ငွေကုန်ကြေးကျမများပေ... လင်းမိသားစု။
ငါးရက်ကြာပြီးနောက် ဝူယွမ်သည် နောက်တစ်ကြိမ်ပြန်လာခဲ့သည်။
သူသည် လင်းတုန်နေတဲ့နေရာသို့ ချက်ချင်းသွားရောက်ခဲ့သည်။
“ဟင်..အကိုနောက်တစ်ကြိမ်ပြန်လာပြီလား။ လာထားတာသိပ်မကြာသေးဘူးမဟုတ်လား။” ချင်းတန် ဝူယွမ်ကိုမြင်မြင်ခြင်း ပထမဆုံးတုံ့ပြန်မှုမှာ အံ့အားသင့်ခြင်းဖြစ်သည်။
“ငါအခုကစပြီး ရက်တိုင်းလာမှာမလို့ အဲ့လောက်အံသြမနေပါနဲ့။”
“ ဘယ်သူကအံသြလို့လဲ။ ဟင့်..” ချင်းတန်သည် အနည်းငယ်မကျေမနပ်ဖြစ်သွားသည်၊ သူမသည် သူမ၏အစ်ကိုကို အရမ်းချစ်ပြီး ဝူယွမ်နောက်ဆုံးအကြိမ်လာတုန်းက သူမ၏အစ်ကို၏အစ်ကိုဖြစ်သွားခဲ့သည်။ လင်းတုန်သည် ဝူယွမ်နှင့်ကစားရန်သာ အာရုံစိုက်နေပြီး သူမကို မလိုချင်တော့ပေ။
“လင်းတုန် ဘယ်မှာလဲ။”
“လင်းတုန်ကိုကို ကတောင်ကုန်း နောက်မှာလေ့ကျင့်နေတယ်။”
“ငါသူ့ကိုသွားရှာလိုက်အုံးမယ်မည်။ နှုတ်ဆက်ခဲ့ပါတယ်။” ဝူယွမ်သည် တောင်ကုန်းအနောက်ဘက်သို့ ပြေးသွားသည်။
“ဟေ့..မသွားနဲ့အုံး။ လင်းတုန်ကိုကိုက ဘယ်သူမဆို သူလေ့ကျင့်နေချိန် အနှောက်အယှက်ပေးတာကို မကြိုက်ဘူး။ ကျွန်မတောင် မရဘူး။”
“မင်းသည်မင်း၊ ငါကငါဘဲ။ ငါတို့က မတူဘူး။ လင်းတုန်သာ ငါ့ကိုမြင်ရင် ပျော်နေလိမ့်မယ်။”
လင်းမိသားစု၏ တောင်ကုန်းအနောက်ဘက်။
လင်းတုန်သည် ကောင်းကင်ဘုံတန်ခိုးမှတ်တန်း ပညာရပ် ကို လေ့ကျင့်နေသည်။
ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းကိုရရှိပြီး ကတည်းက လင်းတုန်သည် ဆန်းကြယ်ကျောက်လက်ဖွဲ့၏ အတွင်းပိုင်းဝိညာဥ်လောကထဲသို့ ချက်ချင်းဝင်ရောက်ကာ လေ့ကျင့်ခဲ့သည်။
ကျောက်လက်ဖွဲ့ထဲရှိအရိပ်များ၏ သရုပ်ပြမှုကို လိုက်ကြည့်ရင်းဖြင့် လင်းတုန်သည် ဤနည်းစနစ်၏ စွမ်းအားကို သိရှိခဲ့သည်။ ၎င်း၏လုပ်ဆောင်ချက်သည် ချီစွမ်းအင်ကိုခန္ဓာကိုယ်ရှိ ချီလမ်းကြောင်းအားလုံးဆီသို့ ပျံ့နှံ့သွားစေသည်။
သို့သော် ထိုပညာရပ်သည် အလွန်စွမ်းအားကြီးလွန်းလှသဖြင့် အရိပ်သည် တစ်ဝက်တစ်ပျက် ရပ်တန့်သွားခဲ့သည်။ လင်းတုန်းသည် အရိပ်များပြန်လန်အလုပ်လုပ်ရန် စွမ်းအင်လိုအပ်နေပြီး ကျောက်လက်ဖွဲ့၏စွမ်းအင်ကို သူကုန်ဆုံးစေခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းမိသည်။
ကျောက်လက်ဖွဲ့ကို စွမ်းအင်ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသည်။
ဤနေ့တွေအတွင်းသူသည် ကျောက်လက်ဖွဲ့ကို မည်သို့ပြန်လည်အားဖြည့်ရမည်ကို စဉ်းစားနေခဲ့သည်။
“တစ်စုံတစ်ယောက်လာနေတာလား။”လင်းတုန်သည် အလွန်သတိထားပြီး မျက်လုံးများကိုဖွင့်ကာ “လင်းတုန်၊ မင်း အတော်လေးကြိုးစား လေ့ကျင့်နေတာဘဲ။” ဝူယွမ်သည် ပြုံးရယ်ရင်း လမ်းလျှောက်လာခဲ့သည်။
သူသည်လင်းတုန်လေ့ကျင့်မှုနှင့် ဇွဲလုံ့လကို စိတ်ရင်းဖြင့် ချီးကျူးမိသည်။ မူရင်းစာအုပ်ထဲတွင် သူသည် အစမှအဆုံးတိုင် အဆက်မပြတ်ကြိုးစားအားထုတ် လေ့ကျင့်ခဲ့ပြီး လုံး၀မနားသလောက်ဖြစ်သည်။
“အစ်ကိုကြီး၊ ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ။”
“ကျွန်ုပ်တွင် ကောင်းတာလေးတွေရထားတယ် မင်းအကူအညီလိုအပ်နေလို့။”
ဝူယွမ်သည်သူ၏အိတ်ကပ်ထဲမှ ဆေးဘက်ဝင်အပင်များကို ထုတ်ယူလိုက်သည်။
စုစုပေါင်းခုနှစ်ပင်ဖြစ်သည်။
“ကမ္ဘာမြေဝါသစ်သီး၊ရွှေယွမ်သစ်သီး၊ သစ်သားကြယ်မြက်...”
“အားလုံးအဆင့်သုံးဆေးဘက်ဝင် အပင်တွေကြီးဘဲ။”
လင်းတုန်သည်လန့်ဖြန့်သွားခဲ့သည်။
“မြန်မြန်၊မင်းရဲ့ကျောက်လက်ဖွဲ့ကို သုံးပြီး ငါ့ကို ဆေးလုံးချက်ဖို့ ကူညီပေးပါ။” ဝူယွမ်သည် လင်းတုန်ကို ဆေးပေါင်းအိုးကြီးအဖြစ် ဆက်ဆံကာ စိတ်လှုပ်ရှားစွာပြောဆိုခဲ့သည်။
“ဟုတ်ပြီ။”
လင်းတုန်သည်လည်းအလွန်ပျော်ရွှင်နေခဲ့။ သူ၏ဘဝတွင် ဒီလောက် များပြားတဲ့ဆေးဘက်ဝင်အပင်များစွာကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။
များမကြာမီ ကျောက်လက်ဖွဲ့ကို အသုံးပြုပြီးနောက် ဆေးဘက်ဝင်အပင်များသည် ဆေးလုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အဆင့်သုံး ဆေးဘက်ဝင်အပင်၏ ဆေးစွမ်းအားသည် အားပြင်းထန်ခြင်းနှင့် အားပျော့ခြင်းနှစ်မျိုးကွဲပြားပြီး ကျောက်လက်ဖွဲ့ကို အသုံးပြုပြီးနောက် ယေဘုယျအားဖြင့် ဆေးလုံးနှစ်လုံးမှ လေးလုံးအထိ ရရှိခဲ့သည်။
အဆင့်သုံးဆေးဘက်ဝင်အပင်ခုနှစ်ပင်သည် စုစုပေါင်း ဆေးလုံးနှစ်ဆယ်ကို ရရှိစေခဲ့သည်။
ဤဆေးလုံးများသည်အဆင့်သုံး ဆေးလုံးများနှင့် ညီမျှသည်။
“ဒီဆေးလုံးတွေနဲ့ဆိုဝူယွမ်အစ်ကိုကြီးအတွက် နဝမအဆင့်ကို ကျော်ဖြတ်ဖို့ဆိုတာ သိပ်မကြာလောက်တော့ဘူး။”
“ထုံးစံအတိုင်း၊တစ်ဝက်စီခွဲမယ်။”
ဝူယွမ်သည်ဆေးလုံးဆယ်လုံးကို လင်းတုန်လက်ထဲထည့် ပေးခဲ့သည်။
“ဒါကို၊ငါမယူနိုင်ဘူး။ အစ်ကိုကြီး၊ အကိုက အရင်ကလည်း အများကြီးပေးခဲ့ပြီးပီ။”
“ငါတို့ကကံကောင်းခြင်းတွေကိုအတူ မျှဝေမယ်လို့ ပြောခဲ့ကြတယ်မဟုတ်လား။ ယူလိုက်ပါ။”
ဝူယွမ်းသည်လင်းတုန်းလက်ထဲသို့ ဆေးလုံးများ ထိုးထည့်ပေးကာ သူ၏စိတ်အားထက်သန်မှုကို ငြင်းဆန်ခွင့်မပြုပေ။
လင်းတုန်းသည်ဆေးလုံးများကို ကိုင်ဆောင်ထားပြီး သူ၏နှလုံးသားအတွင်းတွင်လည်း ကျေးဇူးတင်မှုများပြည့်နှပ်နေခဲ့သည်။
ဤအစ်ကိုကြီးသည် အသိအမှတ်ပြုရန် ထိုက်တန်သည်။
“အမှန်တော့ငါ့မှာ စိတ်ကူးတစ်ခုရှိပြီး မင်းနဲ့ဆွေးနွေးချင်တယ်။” ဝူယွမ်သည် စဉ်းစားနေဟန်ဖြင့် ပြောဆိုလိုက်သည်။
“အစ်ကိုကြီး၊ပြောပါ။”
“ဒီနေ့ငါ ဈေးကိုသွားခဲ့တယ် ဆေးလုံးတွေရဲ့တန်ဖိုးက အရမ်းမြင့်မားတာကို တွေ့ခဲ့ရတယ်။ အဆင့်သုံးဆေးလုံးတစ်လုံးကို အနည်းဆုံး အဆင့်သုံးဆေးဘက်ဝင်အပင်သုံးပင်နှင့် လှဲလှယ်လို့ရတယ်။
ငါအရင်က ဈေးထဲက အဆင့်သုံးဆေးလုံး တွေကို သုံးစွဲဖူးတယ်။ အာနိသင်က ငါတို့ပြုလုပ်ထားတဲ့ အဆင့်သုံးဆေးလုံးတွေလောက် မကောင်းဘူး။
ငါတို့လက်ရှိ ပြုလုပ်ထားတဲ့ဆေးလုံးတွေက အနည်းဆုံး အဆင့်သုံးမှာရှိပြီး အရည်အသွေးကလည်း အရမ်းကောင်းတယ်။
ငါတို့သာ ဒါကို ဈေးကွက်ထဲ အလဲအလှယ်လုပ်နိုင်ခဲ့ရင်။
ဆေးလုံးတစ်လုံးကိုအနည်းဆုံး ဆေးဘက်ဝင်အပင်လေးပင်နဲ့ လဲလှယ်နိုင်လိမ့်မယ်။”
“ဟီး..”
လင်းတုန်းလည်း ချက်ချင်းစိတ်လှုပ်ရှားသွားခဲ့သည် အသက်ရှုပါမမှန် တော့ပေ။
ဒီကိစ္စရဲ့ အမြတ်အစွန်းက ကြီးမားလွန်းလှသည်။