ဝိညာဉ်ဆေးပင်များ လဲလှယ်ရောင်းဝယ်ခြင်း၊ကိုယ်ခန္ဓာသန့်စဉ်ခြင်း အဆင့်များတိုးတက်လာ။
Vol. 1 Ch. 7
(ဆေးဘက်၀င်အပင်များကို ဝိညာဉ်ဆေးပင်များဟုပြောင်းလဲအသုံးပြုသွားမည်)
“ဒါဆို အကိုကြီး ဆိုလိုတာက...?” လင်းတုန်၏ မျက်လုံးများ တောက်ပလာသည်။
“မှန်တယ်၊ ငါက ဝိညာဉ်ဆေးပြားတွေနဲ့ ဝိညာဉ်ဆေးပင်တွေကို လဲလှယ်လှယ်ချင်တာ။”
“တတိယအဆင့် ဝိညာဉ်ဆေးပင်တွေဟာ အလွန်ရှာရခက်တယ်။ အခုလို တောင်တွေထဲမှာ ကိုယ်တိုင်ရှာဖွေနေတာက လက်တွေ့မကျသလို၊ ဒီဝိညာဉ်ဆေးပင်တွေအားလုံးက မကောင်းဆိုးဝါးသားရဲတွေ စောင့်ကြပ်နေတာမလို့ အန္တရာယ်အရမ်းများတယ်။”
“အခုအချိန်မှာ ကျောက်လက်ဖွဲ့ကိုသုံးပြီး ဝိညာဉ်ဆေးပင်တွေ ရယူတာက အကောင်းဆုံးနည်းလမ်းဘဲ။”
“ဒါ့အပြင် တတိယအဆင့် ဝိညာဉ်ဆေးပင်တွေက အခု ငါတို့ရဲ့ ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့်အတွက် အရမ်းအရေးကြီးတယ်။ မကြာခင် စတင်တော့မယ့် အမဲလိုက်ပြိုင်ပွဲမှာ လိန်မိသားစုက လိန်လီက ကိုယ်ခန္ဓာကျင့်ကြံခြင်း နဝမအလွှာကို ရောက်ရှိနေပြီ။ အမဲလိုက်ပွဲမတိုင်ခင် သူ ယွမ်မြေကြီး အဆင့်ထိ တက်ရောက်နိုင်မှာသေချာတယ်။”
“လိန်နဲ့ ရှဲ့မိသားစုတွေကို ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် ငါတို့က ယွမ်မြေကြီး အဆင့်ထိ ရောက်ရှိနေမှရမယ်။”
ဝူယွမ်က အသေးစိတ်ရှင်းပြသည်။
တကယ်တော့ လင်းတုန်ဟာလည်း နောက်ပိုင်းမှာ ဒီနည်းလမ်းကိုသုံးမှာဖြစ်ပေမယ့် ဝူယွမ်က စောပြီးအကြံပေးလိုက်တာပါ။
“တကယ်တော့ ကျွန်တော်မှာ ဒီလိုတွေးမိတာ ကြာပြီ၊ ဒါပေမယ့် ကျောက်လက်ဖွဲ့ကို ထုတ်ဖော်မိသလိုဖြစ်မှာစိုးလို့ပါ၊ ဒါကြောင့်တစ်ခါမှ ဈေးထဲမသွားဖြစ်ခဲ့ဘူး” လင်းတုန်က သူ့စိုးရိမ်မှုကို ပြောပြသည်။
သူက အမြဲတမ်း သတိကြီးသူဖြစ်သည်။
ဝူယွမ်- “ဒီအကြောင်းကို ငါ စဉ်းစားထားပြီးသားပါ။ ကုန်သွယ်ရေးဈေးကွက်တွေမှာက သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ မြေအောက်ဈေးကွက်တွေရှိတယ်၊ အဲဒီမှာဆို ကုန်သွယ်မှုတွေကိုပဲ အလေးထားပြီး ဇစ်မြစ်တွေကို မေးမြန်းလေ့မရှိဘူး။”
“ဒီနေ့ ငါ ရုပ်ဖျက်ပြီး ဈေးထဲသွားခဲ့တယ်။ တတိယအဆင့် ဝိညာဉ်ဆေးပင်ခုနှစ်ပင်က အဲ့ကလူတွေရဲ့အာရုံကိုမဆွဲဆောင်ခဲ့ဘူး။”
“ဒါ့အပြင် ငါတို့ညီအကိုနှစ်ယောက် မတူညီတဲ့ ဆေးဆိုင်ခန်းမတွေမှာ အလှည့်ကျသွားပြီး ရောင်း၀ယ်နိုင်တယ်၊ ဒါဆို လျှို့၀ှက်ချက်ပေါ်မှာ စိုးရိမ်ဖို့မလိုတော့ဘူး။”
“ဒါမှမဟုတ် ငါတို့ရဲ့ ရူးသွပ်ဓားသိုင်းခန်းမက မြို့ကြီးတွေမှာရှိတဲ့ အဓိကစီးပွားရေးအသင်းတွေနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးတယ်၊ ငါ့မှာ ဝိညာဉ်ဆေးပင် လဲလှယ်ဖို့လမ်းကြောင်းတွေ အများကြီးရှိတယ်၊ သူတို့ဆီကိုလည်း လဲလှယ်ဖို့သွားလို့ရတယ်။”
“ရူးသွပ်ဓားသိုင်းခန်းမရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် ငါ့ကို အန္တရာယ်ပြုမယ့်သူ မရှိလောက်ပါဘူး။”
“အကျင်းချုပ်ပြောရရင် စိုးရိမ်စရာမလိုဘူး၊ ငါတို့ရဲ့လျှို့ဝှက်ချက်ကို ဘယ်သူမှမသိစေရဘူးလို့ အာမခံတယ်။”
“ဒီအကြံမဆိုးဘူး။” လင်းတုန်က ချက်ချင်းသဘောတူသည်။
“အကိုကြီး စဉ်းစားတာက တကယ်စေ့စေ့စပ်စပ်ပဲနော်။”
သူမစဉ်းစားမိတာကို ဝူယွမ်က စဉ်းစားပြီးသားဖြစ်နေတယ်။
“မှန်တယ်၊ အကိုကြီးက အမြဲတမ်း ရှေ့ရေးကြိုမြင်တတ်သူဘဲ။”
“ဆေးပြားတွေအပြင် ငါတို့က ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်ကိုလည်း ရောင်း၀ယ်တဲ့နေရာမှာသုံးလို့ရတယ်။ အခုဆိုရင် ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်ရဲ့ အကျိုးသက်ရောက်မှုက ငါတို့အတွက် အရမ်းကိုအားနည်းသွားပြီ၊ တတိယအဆင့် ဝိညာဉ်ဆေးပင်တွေလောက် မကောင်းတော့ဘူး။”
နှစ်ယောက်လုံး ချက်ချင်းသဘောတူညီမှုရခဲ့သည်။
သူတို့ဟာ ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်အားလုံးနဲ့ ဆေးပြားတစ်ဝက်ကို ဝိညာဉ်ဆေးပင်တွေအတွက် လဲလှယ်ဖို့ဆုံးဖြတ်ခဲ့ပြီး ကျန်တဲ့ဆေးပြားငါးခုစီကို သူတို့ ကျင့်ကြံဖို့အတွက် ချန်ထားခဲ့သည်။
ထို့ နှစ်ယောက်သား သိုင်းပညာ ယှဉ်ပြိုင်ကြခဲ့တယ်၊ လျှို့ဝှက်နည်းစနစ်ပညာရပ်ကို လေ့ကျင့်ရာမှရတဲ့ သူတို့ရဲ့ထိုးထွင်းသိမြင်မှုတွေကို ဆွေးနွေးခဲ့ကြတယ်။
ဝူယွမ်က ဆက်ပြီး လင်းတုန်အတွက် Mystic Jade Hand လေ့ကျင့်ရန် နည်းလမ်းကို ချရေးပေးခဲ့တယ်။
နောက်တစ်နေ့မှာ နှစ်ယောက်လုံး ကုန်သွယ်ရေးဈေးကွက်ကို အတူတူသွားဖို့ သဘောတူလိုက်ကြတယ်။
နှစ်ေယာက်လုံးအနက်ရောင်ဝတ်ရုံတွေနဲ့ ခြုံထည်တွေဝတ်ဆင်ထားကြပြီး၊ တစ်ကိုယ်လုံးအပြည့်ဖုံးအုပ်ထားကြသည်။
“အစီအစဉ်အတိုင်း ဆက်လုပ်မယ်။” ဝူယွမ်က လင်းတုန်ကိုပြောတယ်။
လင်းတုန်က ရှေ့ကသွားပြီး ဝူယွမ်က သူ့နောက်ကနေ တိတ်တဆိတ်လိုက်လာသည်။
မြေအောက်ကုန်သွယ်ရေးဈေးကွက်တစ်ခုဆီ ရောက်ရှိတဲ့အခါ၊ လင်းတုန်က အတွင်းသို့ လဲလှယ်ဖို့ဝင်သွားပြီး ဝူယွမ်က အပြင်ဘက်မှာ စောင့်ကြည့်ပေးနေခဲ့တယ်။
လင်းတုန်ရဲ့ လဲလှယ်မှုပြီးဆုံးပြီး သူတို့သဘောတူညီထားတဲ့နေရာကို ဘေးကင်းစွာရောက်တဲ့အထိ ဝူယွမ်က လင်းတုန်ရဲ့နောက်ကနေ လိုက်နေခဲ့တယ်။
“အရမ်းကောင်းတယ်၊ ဘယ်သူမှမလိုက်လာဘူး။ ဒီနေရာမှာ လုပ်ငန်းဆက်လုပ်လို့ရတယ်။”
“ဘယ်လောက်လဲလှယ်ခဲ့လဲ။”
“ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်တစ်စက်ကို အရည်ဖျော်ပြီး သုံးပိုင်းခွဲလိုက်တယ်။ အခုတစ်ပိုင်းနဲ့ တတိယအဆင့် ဝိညာဉ်ဆေးပင်ငါးပင်နဲ့ ဖလှယ်လိုက်တယ်။ သူများတွေပြောပုံအရဆိုရင် ပိုပြီးညှိနှိုင်းရင် နောက်တစ်ပင် ရနိုင်သေးတယ်၊ ဒါပေမယ့် ကျွန်တော်သည်းခံလိုက်တယ်။ ဈေးနှုန်းကကျွန်တော် မျှော်လင့်ထားတာထက်ကို ကျော်လွန်သွားတယ်၊ အကုန်လုံးလဲလှယ်ဖို့ မရဲတော့ဘူး။”
လင်းတုန်က ကြောက်ရွံ့တုန်လှုပ်နေတဲ့အသံနဲ့ ပြောလိုက်သည်။ ဒါဟာ သူ့ရဲ့ပထမဆုံး ကုန်သွယ်မှုဖြစ်ပြီး အလွန် စိတ်လှုပ်ရှားနေပုံရသည်။
“ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်က ငါးရက်မှ တစ်စက်ပဲထွက်တယ်။ အခုအချိန်လောေလာဆယ် ဒီနှစ်ပိုင်းပဲကျန်တော့တယ်။”
“ကောင်းပြီ၊ နှစ်ပိုင်းလုံးငါ့ပေးပါ။ ဒီတစ်ခါ ငါသွားမယ်။”
ဝူယွမ်က ဝိညာဉ်ဆေးရည်ကိုယူပြီး မြေအောက်ကုန်သွယ်ရေးဈေးထဲသို့ဝင်သွားတသည်၊ လင်းတုန်က သူ့နောက်မှလိုက်ပြီး စောင့်ကြည့်ပေးနေသည်။
ဒီတစ်ကြိမ်မှာတော့ ၀ူယွမ်က နောက်ထပ်နေရာတစ်ခုကို ရွေးချယ်လိုက်သည်။
ဒီကုန်သွယ်ရေးခန်းမတစ်ခုလုံးက သေးငယ်တယ်၊ နေရာတစ်ခုတည်းမှာ ဝိညာဉ်ဆေးပင်တွေအများကြီး လဲလို့ရမှာမဟုတ်ဘူး။
အတွင်းဘက်မှာ သံချောင်းတွေနဲ့ ပြတင်းပေါက်တွေရှိတယ်၊ အနက်ရောင်အဝတ်စက နှစ်ဖက်စလုံးကို ကာဆီးထားတယ်၊ နှစ်ဘက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်ရမှာမဟုတ်ဘူး၊ ပစ္စည်းတွေကိုပဲ လဲလှယ်ဖို့လိုတယ်။
“ခင်ဗျား ဘာပစ္စည်းကို လဲလှယ်ချင်တာလဲ။”
“ဝိညာဉ်ဆေးပင်တွေကနေ ထုတ်ယူထားတဲ့ ဆေးရည်တစ်မျိုးပါ၊ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှာ ရှိတဲ့သူတွေအတွက်အကျိုးကျေးဇူး အရမ်းများတယ်၊ ဒါ့အပြင် သူ့ရဲ့အနာကျက်စွမ်းရည်ကလည်း အရမ်းအားကောင်းတယ်။”
တစ်ဖက်မှလူက ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်ကို စစ်ဆေးဖို့ယူလိုက်ပြီး မြန်မြန်ဆန်ဆန်ဘဲ အဆင့်မြင့်အနာကျက်စွမ်းရည်ရှိတဲ့ ဒုတိယအဆင့် ဝိညာဉ်ဆေးရည်လို့ ကောက်ချက်ချလိုက်တယ်။
ထို့နောက် နှစ်ဖက်စလုံးက ညှိနှိုင်းကြသည်။
“တတိယအဆင့် ဝိညာဉ်ဆေးပင်ရှစ်ပင်၊ ဒါမှမဟုတ် စတုတ္ထအဆင့် ဝိညာဉ်ဆေးပင်တစ်ပင်။”
“စတုတ္ထအဆင့် ဝိညာဉ်ဆေးပင်နဲ့ မဖလှယ်နိုင်ဘူး၊ အနည်းဆုံး တတိယအဆင့် ဝိညာဉ်ဆေးပင်ငါးပင်။”
“ကျွန်တော့်မှာ နှစ်ခုရှိတယ်၊ စတုတ္ထအဆင့်တစ်ပင် နဲ့ တတိယအဆင့်ငါးပင် အတွက်လဲလှယ်ချင်တယ်။”
“နှစ်ခုလား။ ကျွန်တော် တတိယအဆင့် ဝိညာဉ်ဆေးပင်ဆယ့်နှစ်ပင် ပေးမယ်။”
“ကောင်းပြီ၊ သဘောတူတယ်။”
ဝူယွမ်က တတိယအဆင့် ဝိညာဉ်ဆေးပင်ဆယ့်နှစ်ပင်ကို ယူပြီး ကုန်သွယ်ရေးဈေးခန်းမကနေ အမြန်ထွက်လာခဲ့သည်။
စတုတ္ထအဆင့် ဝိညာဉ်ဆေးပင်တွေက အရမ်းကိုဈေးကြီးတယ်၊ သူက စတုတ္ထအဆင့် ဝိညာဉ်ဆေးပင်နဲ့ လဲလှယ်လို့ရမရသိချင်နေခဲ့တာပါ။
ဒီ ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်က မလုံလောက်သေးဘူးလို့ ငါထင်တယ်။
တတိယအဆင့် ဆေးပြားတွေနဲ့ လဲလှယ်ရမယ်။
လင်းတုန်တို့နှစ်ယောက် ချောချောမွေ့မွေ့ဘဲ ပြန်ထွက်လာနိုင်ခဲ့သည်။
ဘယ်သူမှမလိုက်လာဘူး။
“ဒီမြေအောက်ကုန်သွယ်ရေးခန်းမတွေက စိတ်ချယုံကြည်လို့တော့ ရသေးတယ်ထင်တယ်။”
လင်းတုန်- “ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်တစ်စက်က တတိယအဆင့် ဝိညာဉ်ဆေးပင်ဆယ့်ခုနစ်ပင် လဲလှယ်လိုက်နိုင်တယ်။ ကျွန်တော်တို့ အေတာ်လေးအမြတ်ထွက်သွားတာဘဲ၊အကိုကြီးက တကယ်ကိုထူးချွန်ပါလား၊ နောက်ထပ်နှစ်ပင်ထပ်လဲလှယ်လို့ရသေးတယ်။”
“ငါ့အထင်၊ အခုအချိန်မှာ ဆေးပြားတွေကို ဖလှယ်ဖို့မလိုသေးဘူး။ ဒုတိယအဆင့် ဝိညာဉ်ဆေးရည်ကတောင် ဒီလောက်တန်ဖိုးရှိတယ််ဆိုရင်၊ တတိယအဆင့် ဝိညာဉ်ဆေးပြားဆိုင် လူတွေရဲ့အာရုံစိုက်မှုကို ဆွဲဆောင်မိမှာသေချာတယ်။ ဒီဝိညာဉ်ဆေးပင်တွေက ငါတို့ လက်တလော ကျင့်ကြံဖို့အတွက် လုံလောက်တယ်၊ အရင်ပြန်ကြရအောင်။”
“ကျွန်တော်လည်း ဒီလိုပဲထင်တယ်။”
ဒီနှစ်ယောက်ဟာ သူဌေးကြီးဖြစ်သွားသကဲ့သို့ ပျော်ရွှင်စိတ်လှုပ်ရှားနေခဲ့ကြသည်၊ လင်းမိသားစုသို့ပြန်ရောက်မှသာ
သက်ပျင်းချနိုင်တော့သည်။
လင်းမိသားစုအိမ်တော်အတွင်း။
“လင်းတုန်ကိုကို၊ အကိုတို့နှစ်ယောက်မှာ ပြောပြမရတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာလား။ ဘာလို့ ပြန်ရောက်တာနဲ့ အခန်းထဲကိုဘဲ ပြေးဝင်နေရတာလဲ။”
ချင်းတန်က ထိုနှစ်ယောက်ကို မကျေမနပ်နဲ့ ဟန့်တားလိုက်သည်။
သူတို့ပြန်လာတိုင်း အခန်းထဲကိုတန်းဝင်သွားကြတယ်၊ သူမကိုကြ အတွင်းမဝင်ခိုင်းဘူး။
“ဘာအကြောင်းလဲ၊ မရှိပါဘူး” လင်းတုန်က ချက်ချင်းငြင်းဆိုလိုက်သည်။
ဝူယွမ်- “ချင်းတန်၊ ငါတို့က အမဲလိုက်ပြိုင်ပွဲကြီးအကြောင်း ဆွေးနွေးနေတာပါ။ လိန်နဲ့ ရှဲ့မိသားစုတွေကို ရင်ဆိုင်ဖို့ ငါတို့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။”
“ဒါဆို ဘာလို့ ညီမနားထောင်လို့မရတာလဲ။”
“ဒါက ငါတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်လေ။ အမဲလိုက်ပြိုင်ပွဲ စတင်တဲ့အခါ သိရလိမ့်မယ်။”
“ကောင်းပြီ၊ ကောင်းပြီ၊ အခု လောလောဆယ်ဖယ်အုံး။ ပြီးရင်အပြင်ဘက်မှာ စောင့်ကြည့်နေ၊ ထုံးစံအတိုင်း၊ တစ်ယောက်ယောက်ရောက်လာရင် လှမ်းအသိပေးလိုက်။”
ဒီလိုနဲ့ နှစ်ယောက်သား ချင်းတန်ကို အပြင်ဘက်မှာပဲထပ်ပြီး ထားခဲ့ကြသည်။
အခန်းတံခါးကိုပိတ်ပြီးတာနဲ့ လင်းတုန်က ကျောက်လက်ဖွဲ့နဲ့ သန့်စင်ခြင်းလုပ်ငန်း စတော့သည်။
ဝိညာဉ်ဆေးပင်ဆယ့်ခုနစ်ပင်ကို အဆုံးမှာ ဆေးပြားလေးဆယ့်ရှစ်ပြားအဖြစ် သန့်စင်ရခဲ့တယ်။
အရင်က ဝိညာဉ်ဆေးပြားနှစ်ဆယ်ကို ပါပေါင်းလိုက်သည့်အခါ ဆေးပြားခြောက်ဆယ့်ရှစ်ပြားရရှိကြသည်။
လင်းတုန်နဲ့၀ူယွမ်က တစ်ယောက်တစ်ဝက်စီ ခွဲဝေယူလိုက်ကြသည်။
ကျောက်လက်ဖွဲ့ ဆေးပြားသန့်စင်တဲ့ အစွမ်းရှိရင် ဘာမှမလုပ်ဘဲ လှဲအိပ်နေရင်တောင် အဆင့်မတက်မှာ ပူဖို့မလိုတော့ဘူး။
ဆေးပြားတွေကိုယူပြီး ဝူယွမ် လျှင်လျှင်မြန်မြန်ဘဲ ရူးသွပ်ဓားသိုင်းခန်းမဆီပြန်သွားခဲ့သည်။
သူက ထပ်ပြီး တံခါးပိတ်ကျင့်ကြံလိုက်သည်။
ဆယ်ရက်ကြာပြီးနောက် သူ ဆေးပြားဆယ်ပြားကိုသုံးခဲ့ပြီးပီဖြစ်သည်။
“ကိုယ်ခန္ဓာသန့်စင်ခြင်း နဝမအလွှာ။”
ဝူယွမ် နောက်ဆုံးတော့ ကျော်ဖြတ်နိုင်ခဲ့လေပီ။
“တကယ်ပဲ၊ ခဏလှည့်စားတာဟာ ခဏတာပဲ ကောင်းတယ်၊ ဆက်တိုက်လှဲ့စားတာက အမြဲတမ်းကောင်းတယ်။”
တကယ်တော့ သူဟာ နဝမအလွှာကိုရောက်ဖို့ အနည်းငယ်လိုအပ်နေသေးသည်၊ ဒီ ဝိညာဉ်ဆေးပြားတွေရဲ့အကူအညီမရှိသာရင် အနည်းဆုံးသုံးလကြာမြင့်မည်ဖြစ်ပြီး၊ အမဲလိုက်ပြိုင်ပွဲကြီးစတင်သည်အထိ ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။
သိုင်းခန်းမမှူး လုံထန်က ဝူယွမ်ရဲ့ အဆင့်တက်သွားသည်ကို သိသိချင်း အရမ်းဝမ်းသာသွားပြီး ဆုအနေနဲ့ တတိယအဆင့် ဝိညာဉ်ဆေးပင်သုံးပင်ကို ချက်ချင်း ပေးခဲ့သည်။
လုံထန်သည် သူ့ကို အာရုံစိုက်လေ့ကျင့်ဖို့နဲ့ ချင်းယန်မြို့အမဲလိုက်ပြိုင်ပွဲကြီးအတွက် ေသချာပြင်ဆင်ထားဖို့ပြောခဲ့လိုက်သည်။
ဝူယွမ်က လင်းမိသားစုဆီ ထပ်သွားပြီး လင်းတုန်ကို ဆေးပေါင်းအိုးကြီးအဖြစ်အသုံးပြုကာ ဝိညာဉ်ဆေးပင်သုံးပင်ကို ဆေးပြားအဖြစ် သန့်စင်ခိုင်းခဲ့သည်။
ပြန်ရောက်တာနဲ့ သူက ထပ်ပြီး တံခါးပိတ်ကျင့်ကြံခြင်း အခြေအနေထဲ ဝင်ရောက်သွားခဲ့သည်။
ဒီနောက်ပိုင်း သူက မကြာခဏ လင်းမိသားစုဆီသွားပြီး လင်းတုန်နှင့်အတူ လျှို့ဝှက်နည်းစနစ်ပညာရပ်အကြောင်း ဆွေးနွေးခဲ့ကြပြီး၊ ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းအတွင်းက သိုင်းပညာတွေ ဥပမာ Mystic Jade Hand နဲ့ Crane Control Dragon Capture တို့ကို ယှဉ်ပြိုင်ခဲ့ကြတယ်။
ဒီသိုင်းပညာတွေကို ယခုအချိန်ထိ မည်သူမှမသိထားပေ၊ သူတို့နှစ်ယောက်ကပဲ လေ့ကျင့်နိုင်ပေသည်။
မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားခဲ့ပြီဖြစ်သည်။
လင်းတုန်ကလည်း ကိုယ်ခန္ဓာသန့်စင်ခြင်း အဋ္ဌမအလွှာကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဝူယွမ်လည်း နဝမအလွှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
သူတို့ရဲ့ဆေးပြားတွေကုန်သွားပြီး နောက်ထပ်တစ်ကြိမ် ကုန်သွယ်ရေးဈေးကွက်ဆီသို့ ပြန်သွားခဲ့ကြသည်။
ဒီတစ်ကြိမ်မှာတော့ သူတို့က ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်ငါးစက် အထိ စုဆောင်းထားခဲ့ကြသည်။