အခန်း (၂၂၄၁-၂၂၄၅)
Vol. 115 Ch. 2241-2245
Chapter 2241
မည်သူမဆို ထိုစကားများအတွင်းမှ ခြိမ်းခြောက်နေသောလေသံကို ကြားနိုင်သည်။
တူကျန့်ထျန်းထွက်ခွါသွားချိန်တွင် မူချင်းရှန်က ရှက်ရွံစွာဖြင့် ပြောဆိုလိုက်၏။
"ညီလေးလု....ငါ မင်းကို ထပ်ပြီးပြဿနာထဲဆွဲသွင်းမိပြန်ပြီ...ဒီကိစ္စအတွက် ငါ တာဝန်ယူပါ့မယ်"
"ဒါက ပြဿနာမရှိပါဘူး...အဲ့ဒီကောင်ရဲ့စရိုက်ကိုက ရက်စက်ကြမ်းကြုတ်တာ...ငါက သူ့ကို ဒီအတိုင်းရပ်ကြည့်မနေနိုင်ဘူး"
လုယွီက ဆက်လက်ပြောဆိုသည်။
"သူက သွေးသန့်စင်ခြင်းနည်းစနစ်ကိုကျင့်ကြံတာ...ပြီးတော့မှ အဲ့ဒီသွေးချီတွေကိုအသုံးပြုပြီးတော့ သွေးဓားကိုသန့်စင်ခဲ့တယ်...သူ့နောက်ကလူတွေကို ကြည့်လိုက်...သူတို့ရဲ့အရှိန်အဝါတွေက အားကောင်းပေမယ့် ရုပ်သေးတွေလိုပဲ တွေဝေထိုင်းမှိုင်းနေတယ်...သူတို့က သွေးဓားရဲ့ကျွန်တွေပဲ...သူတို့ရဲ့သွေးချီတွေကို သွေးဓားက အချိန်မရွေး အသုံးပြုနိုင်တယ်"
မူချင်းရှန်က ထိုလူစုကိုစူးစိုက်ကြည့်၍ လေ့လာဆန်းစစ်လိုက်သည်။တူကျန့်ထျန်း၏နံဘေးတွင် မတ်တတ်ရပ်နေသော လူတချို့သည် အလွန်အမင်းထူးဆန်းနေသည်ကို သူ မြင်တွေ့လိုက်ရ၏။
သူတို့သည် သစ်သားရုပ်သေးရုပ်များနှင့်တူညီနေကာ သူတို့၏မျက်လုံးများက ထိုင်းမှိုင်းနေပြီး တူကျန့်ထျန်း၏နောက်သို့ လိုက်နေကြသည်။
"ငါ့ညီမကို ဒီလိုမျိုးဖြစ်ခွင့် ဘယ်လိုနည်းနဲ့မှမပေးနိုင်ဘူး"
မူချင်းရှန်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
လုယွီက မူချင်းရှန်၏ပခုံးကိုပုတ်ကာ မည်သည့်စကားကိုမျှပြောဆိုခြင်းမရှိချေ။
ကျင့်ကြံခြင်းလောကတွင် အားကြီးသူက အားနည်းသူကို အနိုငိကျင့်သည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပင်။ခွန်အားကွာခြားချက်သည် အလွန်အမင်းအရေးပါကာ မည်သည့်ကျင့်ဝတ်မျိုးကမျှ ထိုအရာကို ထိန်းချုပ်ဟန့်တားနိုင်ခြင်းမရှိချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တံခါးမကြီးသည် လွန်စွာကျယ်ဝန်းပေ၏။ထောင်နှင့်ချီသောလူများ တပြိုင်နက်တည်းဝင်ရောက်သည့်တိုင် ကြပ်ညပ်နေခြင်းမရှိချေ။
"ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က လူတစ်ယောက်ရဲ့ ပါရမီကိုမကြည့်ဘူး...ခွန်အားကိုပဲကြည့်တယ်....မင်းတို့ရထားတဲ့နံပါတ်ပြားတွေအရ လျှို့ဝှက်ခန်းထဲကိုဝင်ရောက်ပြီးတော့ အထဲမှာရှိတဲ့ နတ်ဆိုးမှော်သားရဲကိုသတ်ရမယ်...အခန်းထဲက မှော်သားရဲသေသွားတဲ့အချိန်ကျရင် ကျောက်တုံးတံခါးပွင့်လာလိမ့်မယ်...မင်းတို့ ကုန်ဆုံးခဲ့တဲ့အချိန်ကိုကြည့်ပြီး ဝင်ခွင့်စာမေးပွဲအတွက် အရည်အချင်းမီ မမီကို အကဲဖြတ်မယ်"
တံခါးမကြီး၏နောက်မှနေ၍ အကြီးအကဲတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
ထိုအသံကိုကြားချိန်တွင် လူအများစု၏မျက်လုံးများ တောက်ပသွားပေ၏။
"အရင်တုန်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ဝင်ခွင့်အတွက် စစ်ဆေးစမ်းသပ်မှုတွေက အရမ်းခက်ခဲကြမ်းတမ်းတယ်...ဒီလိုရိုးရှင်းတဲ့စမ်းသပ်မှုတစ်ခုဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"ရှေ့တန်းစစ်မျက်နှာစာမှာ တော်ဝင်နန်းတွင်းက အရာရှိတော်တော်များများ ဆုံးရှုံးခဲ့ရတယ်လို့ ငါ ကြားထားတယ်...ဒါကြောင့် ကျောင်းတော်တွေအားလုံး သူတို့ရဲ့လူအင်အားကိုတိုးမြှင့်နေကြတယ်...ကြည့်ရတာတော့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်လည်း ချွင်းချက်ရှိပုံမရဘူး"
"ဒါက ငါတို့ရဲ့အခွင့်အရေးပဲ...ဒီတစ်ကြိမ်တော့ ငါ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ဝင်ရောက်နိုင်တော့မယ်"
လူအများစုသည် အလွန်အမင်းစိတ်လှုပ်ရှားနေကြသဖြင့် သူတို့၏လက်များကို ပွတ်သပ်နေကြသည်။
သို့ရာတွင် တူကျန့်ထျန်းကမူ ဤသည်က ကိစ္စကြီးတစ်ရပ်ဟု တွေးတောပုံမရချေ။
"ဒါလည်း အဆင်ပြေတာပဲ...ဒီနေရာမှာ ငါ အချိန်ဖြုန်းချင်တာမဟုတ်ဘူး...မြန်မြန်အဆုံးသတ်တာ ကောင်းတယ်"
အကြီးအကဲသည် လူတစ်စုလုံးကို အနီးရှိတောင်တစ်လုံးထံသို့ ခေါ်ဆောင်သွားလေ၏။ထိုတောင်ပေါ်တွင် တင်းတင်းကြပ်ကြပ်ပိတ်ထားသော ကျောက်တံခါးများရှိနေသည်။ကျောက်တုံးတံခါးတစ်ခုစီပေါ်တွင် ပါဝင်ဖြေဆိုသူများ၏နံပါတ်ပြားများနှင့် သက်ဆိုင်သော နံပါတ်တစ်ခုစီရှိနေလေ၏။
လမ်းညွှန်ချက်အရ လုယွီသည် ကျောက်တံခါးတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သည်။
ဘုန်း...
သူ အတွင်းသို့ဝင်ရောက်ပြီးသည်နှင့် ကျောက်တံခါးကြီး ပြန်ပိတ်သွားသည်။
ကျောက်တံခါး၏အတွင်းဘက်၌ မီးအိမ်တစ်လုံးကို ထွန်းညှိထားသည်။အခန်းအတွင်း၌ အလွန်အမင်းမှောင်မည်းနေလေရာ သာမာန်လူများသည် သူတို့၏သာမာန်မျက်စေ့ဖြင့် ပတ်ဝန်းကျင်အခြေအနေကိုစူးစမ်းလေ့လာရန် လွန်စွာခက်ခဲပေမည်။
လုယွီ အခန်းအတွင်း၌ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် သူ၏နံဘေးနားမှနေ၍ လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားသည်။
လုယွီ၏မျက်လုံးများ ခရမ်းရောင်သို့ပြောင်းလဲသွားကာ အမှောင်ထုအတွင်းရှိအရာရာတိုင်း သူ၏အမြင်အာရုံအောက်သို့ ဝင်ရောက်လာပေ၏။တစ်ချိန်တည်းမှာပင် လုယွီက သူ့အားချောင်းမြောင်းတိုက်ခိုက်ခဲ့သောအရာကို ရှာဖွေတွေ့ရှိသွားသည်။
ဤသည်က ခန္ဓာကိုယ်တစ်ခုလုံးနက်မှောင်နေပြီး လက်လေးချောင်းပါရှိသော နတ်ဆိုးမှော်သားရဲကြီးတစ်ကောင်ပင်။ထိုနတ်ဆိုးမှော်သားရဲ၏လက်တစ်ဖက်စီတွင် စူးရှချွန်ထက်သော လက်သည်းများရှိသည်။
"လောကီအင်မော်တယ်နယ်ပယ်အထိ ကြီးထွားနေတဲ့ ရှေးဟောင်းလူဝံနက်ကြီးပါလား"
လုယွီက ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်အံ့အားသင့်သွားသည်။
ရှေးဟောင်းလူဝံနက်သည် အဆင့်နိမ့်မှော်သားရဲမျိုးဖြစ်ကာ များသောအားဖြင့် အုပ်စုဖွဲ့နေလေ့ရှိသည်။သူတို့၏ကျင့်ကြံဆင့်သည် မြင့်မားခြင်းမရှိသဖြင့် သာမာန်အခြေအနေမျိုးတွင် ကုန်သည်များကိုသာ တိုက်ခိုက်ဝံ့ကြ၏။
လောကီအင်မော်တယ်အဆင့်ထိ ကြီးထွားလာသည်ကို ကြည့်ခြင်းအားဖြင့် ထိုရှေးဟောင်းလူဝံနက်ကြီး၏ တစ်မူထူးခြားပုံကို တွေ့မြင်နိုင်သည်။
"ထွက်သွားစမ်း"
လုယွီက လူဝံနက်ကြီး၏လက်သည်းကိုရှောင်ရှားကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
လုယွီ၏လက်သီးချက်သည် လူဝံနက်ကြီး၏ရှေ့သို့ရောက်ရှိစဥ်တွင် ပေါက်ကွဲသွားပေ၏။ထိုလူဝံနက်ကြီးသည် အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်စွမ်းမရှိဘဲ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သို့ရာတွင် ပြန့်ကျဲသွားသောသွေးမြူများသည် လွင့်ပြယ်သွားခြင်းမရှိဘဲ တဖြည်းဖြည်း ပြန်လည်သိပ်သည်းသွားကာ လူဝံနက်အသစ်တစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။
Chapter 2242
"ပြန်လည်ရှင်သန်လာတာလား"
လူဝံနက်ကြီး အသက်ပြန်ဝင်လာသည်ကိုကြည့်ပြီး လုယွီက အနည်းငယ်အံ့အားသင့်သွားပေ၏။ထို့နောက် သူက မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို ချက်ချင်းဆိုသလိုပင် သိနားလည်သွားခဲ့သည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ကျောင်းတော်ငါးခုအနက်မှ တစ်ခုဖြစ်သဖြင့် ယခုလက်ရှိချိန်တွင် လူအင်အားကင်းမဲ့နေသည့်တိုင် ဝင်ခွင့်စာမေးပွဲသည် ရိုးရှင်းခြင်းမရှိချေ။
ဝေါင်း....
ဟိန်းဟောက်သံတစ်သံနှင့်အတူ လူဝံနက်ကြီးက လုယွီသည် သူ လွယ်လင့်တကူ ရန်စစော်ကား၍မရသူဖြစ်ကြောင်းသိရှိသွားပုံဖြင့် နောက်သို့ပြန်လှည့်ကာ ထွက်ပြေးသွားတော့သည်။
"မင်းက ထွက်ပြေးချင်သေးတာလား"
လုယွီက လူဝံနက်ကြီး၏နောက်သို့ လိုက်လံဖမ်းဆီးလေ၏။
……
ဝင်ခွင့်စာမေးပွဲကျင်းပနေသောအချိန်တွင် သခင်လေးထျန်းသည်လည်း ကျောင်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
သူ၏ဦးလေးဖြစ်သူသည် ကျောင်းတော်၏လက်ထောက်ကျောင်းအုပ်ဖြစ်သဖြင့် သူသည် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် မလိုအပ်ချေ။သူသည် ကျောင်းတော်သို့ တိုက်ရိုက်ဝင်ရောက်ရန် အရည်အချင်းပြည့်မီပေ၏။
ဤအချိန်တွင်သူသည် ဆေးရည်အိုင်တစ်ခုအတွင်း၌ထိုင်နေသည်။ထိုဆေးရည်အိုင်မှနေ၍ သိပ်သည်းသောဆေးရနံ့များက အဆက်မပြတ်ထွက်ပေါ်နေသည်။
ဤသည်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တားမြစ်နေရာတစ်ခုပင်။ဤနေရာပတ်ဝန်းကျင်၌ အဖိုးတန်ရှားပါးသော ဆေးပင်အမြောက်အများရှိသည်။ပြင်ပလောကတွင် တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးမည်မဟုတ်သော ဆေးပင်များကို ဤနေရာတွင် တွေ့နိုင်ပေမည်။
ဤနေရာသို့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် အဆင့်အတန်းမြင့်မားသောနေရာအား ပိုင်ဆိုင်ထားသူများသာ ဝင်ရောက်နိုင်သည်။
သို့ရာတွင် သူ၏ဦးလေးဖြစ်သူ ကျောထောက်နောက်ခံရှိနေသဖြင့် သခင်လေးထျန်းသည် ဤနေရာသို့ အဟန့်အတားမရှိ ဝင်ရောက်နိုင်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် ဆေးရည်အိုင်အတွင်း၌ ပလ္လင်ခွေထိုင်လျက်အနေအထားဖြင့် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသည်။
သူ၏နံဘေးပတ်လည်ရှိ ဆေးရည်များသည် ဆူပွက်တော့မည့်အရိပ်အယောင်များ ထွက်ပေါ်စပြုလာပေ၏။ဆေးရည်အိုင်အောက်ခြေမှနေ၍ လေပူဖောင်းများ ဗလုံစီလာကာ အနက်ရောင်အခိုးအငွေ့စီးကြောင်းများက သခင်လေးထျန်း၏ခန္ဓာကိုယ်မှ ယိုစိမ့်ထွက်လာပြီး လေထုအတွင်းသို့ မျောလွင့်သွားသည်။
ရုတ်တရက် သခင်လေးထျန်းက သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ထင်ဟပ်နေပေ၏။
သခင်လေးထျန်းက ကျယ်လောင်စွာအော်ဟစ်ကြုံးဝါး၍ ဆေးရည်အိုင်အတွင်းမှ ခုန်တက်လိုက်သည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် အစိမ်းရောင်အလင်းတန်းများက တဖျပ်ဖျပ်တောက်ပနေကာ ရှေးဟောင်းကာလများမှမန္တန်ရွတ်ဆိုသံကိုလည်း ခပ်သဲ့သဲ့ကြားနေရသည်။
သခင်လေးထျန်းသည် လုယွီကြောင့် ကျင့်ကြံဆင့်နယ်ပယ်လျော့ကျခဲ့သော်လည်း ယခုလက်ရှိချိန်တွင် သူသည် ယခင်ထက်များစွာပို၍အားကောင်းနေပေ၏။
"အဆိုးထဲကနေ အကောင်းဖြစ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ငါက လောကီအင်မော်တယ်နှောင်းပိုင်းအဆင့်ကိုတောင် တစ်ချက်တည်းနဲ့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်"
သခင်လေးထျန်း၏စိတ်နှလုံးသားတစ်ခုလုံး ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေကာ သူက အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။
သူ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ရောက်ရှိစဥ်တွင် သူ၏မိသားစုမှ ချန်ထားခဲ့သော ယင်ယန်ဘဝပြောင်းလဲခြင်းဆေးလုံးကို သွားရောက်၍ရှာဖွေခဲ့သည်။
ထိုဆေးလုံးအား အစစ်အမှန်သေရေးရှင်ရေး အခြေအနေမျိုးတွင်သာ အသုံးပြုနိုင်ကာ မိုးကောင်းကင်ကိုဖီဆန်နိုင်သောစွမ်းအားမျိုးရှိပြီး တစ်စုံတစ်ယောက်၏ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်။
သခင်လေးထျန်းသည် မူလက အရာအားလုံးလက်လျှော့အရှုံးပေးရန် ရည်ရွယ်ခဲ့သည်။မမျှော်လင့်ဘဲ သူ၏ဆိုးရွားနေသောအခြေအနေသည် ဤဆေးလုံး၏အားအကောင်းဆုံး အကျိုးသက်ရောက်မှုကို လှုံဆော်ပေးနိုင်စွမ်းရှိပေ၏။
လောကီအင်မော်တယ်နှောင်းပိုင်းအဆင့်သည် သူနှင့်သက်တူရွယ်တူလူငယ်များကြား၌ ဂုဏ်ယူဝင့်ကြွားစွာနေနိုင်သော အဆင့်မျိုးဖြစ်သည်။
"မင်းက တော်ဝင်နန်းတွင်းရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေရင်လည်း ငါ ဂရုမစိုက်ဘူး...တကယ်လို့ အရင်ကဆိုရင်တော့ ငါ မင်းကို နည်းနည်းတော့ကြောက်မိနိုင်တယ်...ဒါပေမယ့် မင်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ထဲကို ရောက်လာမှတော့ ငါ သတ်မယ့်အချိန်ကိုသာ စောင့်နေပေတော့"
သခင်လေးထျန်း၏မျက်လုံးများအတွင်း၌ နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။
သူ ခံစားခဲ့ရသမျှ ဆုံးရှုံးမှုများအားလုံးကို လုယွီ ပြန်ပေးဆပ်စေရမည်ဟု သူ ကျိန်ဆိုထားလေ၏။
သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝင်ခွင့်စာမေးပွဲကို ဖြတ်ကျော်ခဲ့ခြင်းမရှိသော်လည်း သူ၏ဦးလေးဖြစ်သူရှိနေမှုကြောင့် သူ အလွန်ငယ်ရွယ်စဥ်အချိန်ကစ၍ ကျောင်းတော်သို့သွား၍ ကျင့်ကြံနိုင်ခဲ့သည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် အခြေခံအားဖြင့် သူ သခင်လေးထျန်း၏အနောက်ဘက်ခြံဝန်းဟုပင် ပြောဆိုနိုင်သည်။
ထိုအချိန်မှာပင် အခန်းအတွင်းသို့ တပည့်တစ်ယောက်ဝင်ရောက်လာသည်။
ထိုတပည့်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ အလယ်အလတ်အဆင့်တပည့်ဝတ်စုံကို ဝတ်ဆင်ထားကာ အတော်အသင့်မြင့်မားသောခွန်အားကို ပိုင်ဆိုင်ထားသည်မှာ သိသာထင်ရှားလှ၏။
"သခင်လေး...လက်ထောက်ကျောင်းအုပ်က ခုထိတော့ ကျောင်းတော်ကိုပြန်မလာသေးဘူး"
အလယ်အလတ်ဆင့်တပည့်က အလွန်ရိုသေလေးစားစွာ ပြောဆိုသည်။
သခင်လေးထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဦးလေးက ဘာလို့ အခုချိန်မျိုးမှာ အပြင်ကိုသွားနေတာလဲ"
သူသည် ဦးလေးဖြစ်သူထံသွားရောက်တိုင်တန်းကာ လုယွီအားသတ်ဖြတ်ရန် စီစဥ်ထားခဲ့သည်။
သို့ရာတွင် သူ့ဦးလေးဖြစ်သူ၏ကူညီထောက်ပံမှုမရှိလျှင်ပင် လုယွီအား သူ သေချာပေါက် သတ်ဖြတ်ရပေမည်။
"ကျောင်းတော်တံခါးမကြီးရှေ့မှာ အခုချိန်က ဝင်ခွင့်စာမေးပွဲကျင်းပနေတဲ့အချိန်မလား"
သခင်လေးထျန်းက မေးမြန်းသည်။
အလယ်အလတ်အဆင့်တပည့်က အလျင်စလို တုံ့ပြန်ပြောဆိုလေ၏။
"ဟုတ်ပါတယ် သခင်လေး...ဝင်ခွင့်စာမေးပွဲကို ကျင်းပနေဆဲပါ...ဒီတစ်ကြိမ်မှာတော့ မှော်သားရဲတလင်းကို ရွေးချယ်ထားတယ်"
Chapter 2243
"ဝင်ခွင့်စာမေးပွဲက တကယ်ကြီး အဲ့ဒီနေရာမှာလား...ဦးလေးက လူတွေအများကြီး ထိခိုက်သေဆုံးသွားမှာကို မစိုးရိမ်ဘူးလား"
သခင်လေးထျန်းက အနည်းငယ်အံ့အားသင့်သွားသည်။
မှော်သားရဲတလင်းသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များ၏ လေ့ကျင့်ရေးနေရာတစ်ခုဖြစ်ပေ၏။ထိုနေရာတွင် အစွမ်းထက်သော မှော်သားရဲအမြောက်အများကို ချိပ်ပိတ်ထားသည်။ထိုမှော်သားရဲများသည် အစွမ်းထက်ရုံသာမက အလွန်အမင်းရက်စက်ကြမ်းကြုတ်သည်။နှစ်စဥ်နှစ်တိုင်း တပည့်တချို့သည် ဤနေရာ၌ သေဆုံးကြရ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်များသည် မြင့်မားသောအဆင့်အတန်းရှိကာ သူတို့သည် နောင်တစ်ချိန်တွင် တာယွီတော်ဝင်နန်းတွင်း၏အရာရှိများအဖြစ် တာဝန်ထမ်းဆောင်မည့်လူများဖြစ်သည်။သာမာန်အားဖြင့် သူတို့သည် နူးညံသိမ်မွေ့သောပတ်ဝန်းကျင်မျိုး၌ အသက်ရှင်နေထိုင်ခဲ့ကြကာ အစစ်အမှန်သေရေးရှင်ရေးအခြေအနေမျိုးကို ရင်ဆိုင်ဖြတ်ကျော်ဖူးခြင်းမရှိချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ လေ့ကျင့်ရေးနယ်မြေ အမြောက်အများရှိသည်။လစဥ်လတိုင်း ကျောင်းတော်မှနေ၍ တပည့်များကို စမ်းသပ်စစ်ဆေးလေ့ရှိသည်။ဤစစ်ဆေးစမ်းသပ်မှုများတွင် တပည့်များသည် တိကျသေချာသောနေရာတစ်ခုကို ထိန်းသိမ်းထားရန်လိုအပ်သည်။ထိုသို့မဟုတ်ပါက သူတို့သည် အဆင့်လျော့ချခြင်းအပြင် ကျောင်းတော်မှထုတ်ပယ်ခြင်းကိုပင်ခံရနိုင်ပေ၏။
သို့ရာတွင် ယခုလက်ရှိ ဝင်ခွင့်စာမေးပွဲစစ်ဆေးနေသော မှော်သားရဲတလင်းသည် အလွန်အမင်းအန္တရာယ်များသဖြင့် သာမာန်အားဖြင့် တပည့်များကိုစစ်ဆေးရန် ထိုကဲ့သို့နေရာမျိုးကို အသုံးမပြုချေ။
အလယ်အလတ်အဆင့်တပည့်က တုံ့ပြန်ပြောဆိုသည်။
"ဒါက ကျောင်းအုပ်ကြီးရဲ့သဘောထားပဲ...ကျွန်တော်တို့အင်ပါယာထဲမှာ တိုက်ပွဲတွေအများကြီးဖြစ်နေတယ်...တကယ်လို့ ကျောင်းတော်ရဲ့တပည့်တွေက နောင်တစ်ချိန်မှာ အရာရှိတွေဖြစ်လာမယ်ဆိုရင်...တိုက်ပွဲတွေကို ရှောင်လွှဲလို့ရမှာမဟုတ်ဘူး...သေရေးရှင်ရေးစမ်းသပ်မှုမှာ သူတို့ရဲ့လုပ်ဆောင်မှုတွေက အရမ်းဆိုးရွားနေမယ်ဆိုရင်...သူတို့က ကျောင်းတော်ကိုဝင်ခွင့်ရမှာမဟုတ်ဘူး...ဒီတစ်ကြိမ်ဝင်ခွင့်စာမေးပွဲမှာ မတော်တဆထိခိုက်သေဆုံးမှုကို ခွင့်ပြုထားတယ်"
"ကျောင်းအုပ်ကြီးကိုယ်တိုင် ဒီကိစ္စကို ဦးဆောင်တာလား"
သခင်လေးထျန်းက အနည်းငယ် အံ့အားသင့်သွားသည်။
ဖူကျစ်ရွှယ်သည် အတွင်းဝန်ရုံး၏အမတ်ကြီးတစ်ယောက်ဖြစ်သည့်အပြင် အရာရှိခန့်အပ်ခြင်းဌာနကိုလည်း တာဝန်ယူထားရရာ အလွန်အမင်းအလုပ်ရှုပ်သူဖြစ်သည်။ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် သူသည် အမည်ခံကျောင်းအုပ်ကြီးအဖြစ်သာ တာဝန်ယူထားပေ၏။
သာမာန်အားဖြင့် ကျောင်းတော်၏အရေးကိစ္စများကို သူ၏ဦးလေးဖြစ်သူမှသာ ကိုင်တွယ်ဖြေရှင်းရသည်။
သခင်လေးထျန်းသည် အချိန်တခဏကြာ စဥ်းစားတွေးတောလိုက်၏။ရုတ်တရက် သူ၏မျက်လုံးများက တောက်ပသွားသည်။
"ကျောင်းအုပ်ကြီးက မတော်တဆထိခိုက်သေကြေမှုကို ခွင့်ပြုတယ်ဆိုမှတော့...ငါတို့ တစ်ခုခုလှုပ်ရှားဖို့ ပိုပြီးအဆင်ပြေသွားပြီ"
အလယ်အလတ်အဆင့်တပည့်က အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးမှ ပြောဆိုလေသည်။
"သခင်လေးက ဘာလုပ်မလို့ စီစဥ်နေတာလဲ"
"ငါ့ရဲ့တံဆိပ်ပြားကိုယူသွားပြီးတော့ အဲ့ဒီကောင်လေးရဲ့အခန်းကို အသူရာကြေးချွတ်သန့်စင်ဖွဲ့စည်းမှုပုံစံကိုပြောင်းလိုက်စမ်း"
သခင်လေးထျန်းက လှောင်ပြောင်သရော်လိုက်၏။
သူ၏ဦးလေးဖြစ်သူကြောင့် သခင်လေးထျန်းသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ အဆင့်မြင့်တပည့်တစ်ယောက် ဖြစ်ခဲ့သည်။
ဤတစ်ကြိမ် သူ ကျောင်းတော်သို့လာရောက်စဥ်တွင် မူချင်းရှန်တို့လူစုနှင့် မတော်တဆဆုံတွေ့ခဲ့ရ၏။
အဆင့်မြင့်တပည့်များသည် ကျောင်းတော်၌ ကြီးမားသောအခွင့်အာဏာရှိသည်။ထို့ပြင် အဆင့်မြင့်တပည့်များကသာလျှင် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် အရည်အချင်းပြည့်မီသည်။
အဆင့်မြင့်တပည့်တစ်ယောက်၏တံဆိပ်ပြားကို ပြသလိုက်သည်နှင့် မည်သူမည်ဝါဖြစ်နေပါစေ ထိုတံဆိပ်ပြားပိုင်ရှင်အား မျက်နှာသာတချို့ပေးရပေမည်။
တံဆိပ်ပြားကိုယူဆောင်ပြီးနောက် အလယ်အလတ်အဆင့်တပည့်က မဝံ့မရဲပြောဆိုသည်။
"သခင်လေး....ဒါက အရမ်းလွန်သွားမှာကို ကျွန်တော်စိုးရိမ်မိတယ်....တကယ်လို့ သူသာ အသူရာကြေးချွတ်သန့်စင်ဖွဲ့စည်းမှုပုံစံထဲမှာ သေသွားရင် ပြဿနာတွေတက်လာနိုင်တယ်"
အသူရာကြေးချွတ်သန့်စင်ဖွဲ့စည်းမှုပုံစံသည် များသောအားဖြင့် အဆင့်မြင့်တပည့်များ အဆင့်ချိုးဖျက်ရာတွင် သူတို့ကိုယ်သူတို့ တွန်းအားပေးရန် အသုံးပြုကြ၏။
ထိုနေရာအတွင်းမှ မှော်သားရဲများသည် သာမာန်ဖွဲ့စည်းမှုပုံစံမှ မှော်သားရဲများထက် များစွာပို၍ရက်စက်ကြမ်းကြုတ်သည်။ထို့ပြင် ထိုနေရာရှိ မှော်သားရဲများသည် အကန့်အသတ်မရှိကာ မတော်တဆသေဆုံးမှုနှုန်း လွန်စွာမြင့်မားသည်။
သခင်လေးထျန်းက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။
"မင်း သွားပြီး အသူရာကြေးချွတ်သန့်စင်ဖွဲ့စည်းမှုပုံစံကို အသက်သွင်းလိုက်...အဲ့ဒီကောင်လေး သေသွားမှာသေချာတယ်...သူ သေသွားတာနဲ့ မင်းက သာမာန်ဖွဲ့စည်းမှုပုံစံကို ချက်ချင်းပြန်ပြောင်းလိုက်...မင်း လုပ်တယ်ဆိုတာ ဘယ်သူသိမှာလဲ"
သခင်လေးထျန်းက သူ၏လက်ကိုဆန့်တန်းကာ ဆက်လက်ပြောဆိုလိုက်၏။
"မင်း သွားလုပ်လိုက်တော့...မင်း လုပ်ပြီးတာနဲ့ ငါ မင်းကို တက်လှမ်းခြင်းဆေးလုံးပေးမယ်"
အလယ်အလတ်အဆင့်တပည့်သည် ထိုစကားကိုကြားချိန်တွင် သူက အလွန်အံ့အားသင့်တုန်လှုပ်ကာ စိတ်လှုပ်ရှားသွားသည်။
"ဒါက သခင်လေးခိုင်းတဲ့ကိစ္စပဲ...ကျွန်တော်သေချာပေါက်လုပ်ဆောင်ရမှာပေါ့"
တံခါးမကြီးရှေ့ရှိ....ဝင်ခွင့်စာမေးပွဲနေရာ၌...
မှောင်မည်းနေသောအခန်းအတွင်း၌ လုယွီက လူဝံနက်ကြီးကို တွေ့ရှိခဲ့ကာ ထပ်မံ၍သတ်ဖြတ်လိုက်သည်။
သို့ရာတွင် ပတ်ဝန်းကျင်၌ အနက်ရောင်အခိုးအငွေ့များ လွှမ်းခြုံလာခြင်းနှင့်အတူ လူဝံနက်ကြီးသည် တစ်ဖန်ပြန်၍ရှင်သန်လာပေ၏။
လုယွီသည် လူဝံနက်ကြီး၏အလောင်းရှေ့၌ မတ်တတ်ရပ်နေကာ ထိုအရာ၏ပျက်စီးနေသောခန္ဓာကိုယ်ကြီး ပြန်လည်ဖွဲ့စည်း၍အသက်ဝင်လာခြင်းကို တိတ်ဆိတ်ငြိမ်သက်စွာစောင့်ကြည့်နေခဲ့သည်။
"ဒီလူဝံနက်ကြီးရဲ့အားနည်းချက်က နတ်ဆိုးအမြူတေမဟုတ်ဘူး...သူ့ရဲ့စိတ်ဝိညာဥ်ပဲ....သူ့ရဲ့စိတ်ဝိညာဥ်မသေဆုံးသေးသရွေ့ သူက ဘယ်တော့မှသေဆုံးသွားမှာမဟုတ်ဘူး"
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် လူဝံနက်ကြီး၏အားနည်းချက်ကို နားလည်သဘောပေါက်သွားပေ၏။
Chapter 2244
ဝေါင်း...
လူဝံနက်ကြီးသည် ဟိန်းဟောက်၍ နောက်သို့လှည့်ကာ ထွက်ပြေးလေသည်။
လုယွီ၏အမြင်အာရုံသည် အလွန်စူးရှကာ သူ၏လက်များသည် အလွန်လျှင်မြန်ပေ၏။သူ၏လက်ကိုဆန့်တန်းကာ လူဝံနက်ကြီး၏ခေါင်းကို သူ၏လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည်ကို သိရှိသွားသော လူဝံနက်ကြီးက လုယွီအား ကိုက်ရန်ဟန်ပြင်လိုက်၏။
ဘန်း...
လူဝံနက်ကြီးနီးကပ်လာချိန်တွင် လုယွီက လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။သူ၏လက်သီးမှ တုန်ခါမှုအားလှိုင်းများ ထွက်ပေါ်လာခြင်းနှင့်အတူ လူဝံနက်ကြီး၏ခန္ဓာကိုယ် အပိုင်းပိုင်းအစစ ပြိုကွဲသွားတော့သည်။
ထိုအချိန်မှာပင် အနက်ရောင်အခိုးအငွေ့များက လူဝံနက်ကြီး၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ ထိုအရာအတွင်း၌ စိတ်ဝိညာဥ်တစ်ခု၏ဝိုးတဝါးပုံရိပ်ရှိနေသည်။
"ဒါက မင်းမဟုတ်လား"
လုယွီက မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုကာ သူ၏လက်ဖဝါးအတွင်း၌ အနက်ရောင်ဓားတစ်လက်ကို သိပ်သည်းလိုက်၏။
ယင်နှင့်ယန်ကို ဖြတ်တောက်နိုင်သော ချိပ်ပိတ်တာအိုဓား...
ထိုဓားချက်ကို ဖြန့်ကျက်လိုက်သည်နှင့် အကယ်၍ မမြင်ရသောစိတ်ဝိညာဥ်ဖြစ်နေလျှင်ပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။
လုယွီက ဓားချက်ထုတ်လွှက်လိုက်ချိန်တွင် လေဟာနယ်အတွင်းမှနေ၍ လူဝံနက်ကြီး၏စူးရှကျယ်လောင်သောအော်သံကြီး ထွက်ပေါ်လာသည်။ပြန်လည်သိပ်သည်းစပြုနေသော လူဝံနက်ကြီး၏ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်တွင် ပြန့်ကျဲသွားပေ၏။
"တကယ်လို့ ငါက လူဝံနက်ကြီးကို ငါးကြိမ် ခြောက်ကြိမ်လောက် ဆက်တိုက်သတ်ဖြတ်လိုက်မယ်ဆိုရင်...သူ့ရဲ့စိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်ဖို့လုံလောက်တယ်...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲက တကယ့်ကိုမရိုးရှင်းဘူးပဲ"
လုယွီက သူသည် ယခုလက်ရှိအချိန်တွင် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူ၏ခွန်အားသည် အစောပိုင်းအဆင့်ရွှယ်အင်မော်တယ်တစ်ယောက်ဖြင့်ပင် နှိုင်းယှဥ်၍ရကြောင်း သိရှိထားသည်။ထို့ကြောင့် ဤကဲ့သို့မှော်သားရဲမျိုးသည် သူ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံနိုင်မည်မဟုတ်ချေ။
သို့ရာတွင် အကယ်၍ တခြားလောကီအင်မော်တယ်များဆိုပါက ထိုနတ်ဆိုးမှော်သားရဲအကြိမ်ကြိမ်ပြန်လည်ရှင်သန်လာသည်ကိုမဆိုထားနှင့် တစ်ကြိမ်သတ်ဖြတ်နိုင်ရန်ပင် လွန်စွာခက်ခဲပေမည်။
အားနည်းသောစိတ်ဆန္ဒရှိသူများဆိုလျှင် နေရာမှာပင် ပြိုလဲကျသွားပေလိမ့်မည်။
ဤသည်က ကျင့်ကြံသူတစ်ယောက်၏ခွန်အားနှင့်စိတ်ဆန္ဒကို အကြီးအကျယ်စစ်ဆေးစမ်းသပ်မှုတစ်ခုပင်။
"စမ်းသပ်မှုပြီးသွားပြီလား"
လုယွီက ကျောက်တံခါးဘက်သို့ လှည့်ကြည့်လိုက်၏။
သို့ရာတွင် ယခုထိတိုင် လျှို့ဝှက်ခန်း၏ကျောက်တံခါး ပွင့်လာခြင်းမရှိသေးချေ။
ထိုအချိန်မှာပင် လုယွီ၏ခြေဖဝါးအောက်ရှိ မြေပြင်မှနေ၍ ရုတ်တရက်အသံတစ်သံ ထွက်ပေါ်လာသည်။
လုယွီက အလျှင်အမြန်နောက်ဆုတ်၍ လေထုအတွင်းသို့ခုန်တက်ကာ ထိုတိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။
ရုတ်တရက် မြေပြင်အက်ကွဲသွားပြီး ကြီးမားသောလက်သည်းကြီးထွက်ပေါ်လာသည်။ထိုလက်ကြီးသည် လုယွီ ယခင်ကရပ်နေသောနေရာအား ပြင်းပြင်းထန်ထန်ရိုက်ပုတ်လိုက်၏။
ထို့နောက် မာကျောသောအကြေးခွံသံချပ်ကာများရှိသည့် မြေနဂါးတစ်ကောင်က အက်ကွဲကြောင်းအတွင်းမှထွက်လာကာ သူ၏ပါးစပ်ကိုဖြဲဟ၍ လေထုအတွင်း၌ရှိနေသော လုယွီထံ တဟုန်ထိုးပြေးဝင်တိုက်ခိုက်တော့သည်။
အရာအားလုံး လျှပ်တပြက်အချိန်အတွင်း၌ ဖြစ်ပျက်သွားလေ၏။လုယွီသည် သူ့ထံတိုးဝင်လာသော မြေနဂါးကိုမြင်ချိန်တွင် တစ်ချက်ကန်ကျောက်လိုက်ကာ တစ်ချိန်တည်းမှာပင် လက်ဝါးရိုက်ချက်သုံးချက်ကို ဆက်တိုက်ထုတ်လွှက်လိုက်သည်။
ဘုန်း...ဘုန်း...ဘုန်း..
ကျယ်လောင်သောအသံသုံးသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။မြေနဂါးသည် လျှပ်စီးဖြင့်ရိုက်နှက်ခံရသည့်အလား လုယွီ၏လက်ဝါးရိုက်ချက်များကြောင့် နောက်သို့လွင့်ထွက်သွားခဲ့သည်။
ထိုမြေနဂါးသည် ယခင်ကလူဝံနက်ကြီးထက် များစွာပို၍အစွမ်းထက်သည်။ရုပ်ခန္ဓာကိုယ်ခွန်အားအရဖြစ်စေ စွမ်းအားအရဖြစ်စေ မြေနဂါးသည် ပို၍အားကောင်းပေ၏။
လုယွီသည် ထပ်မံ၍ခြေတစ်လှမ်းရှေ့တက်ကာ ထိုမြေနဂါးကို သတ်ဖြတ်ရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိမြေပြင် ထပ်မံ၍အက်ကွဲလာကာ မြောက်မြားစွာသော ဧရာမမြေနဂါးများ မြေကြီးအတွင်းမှ တိုးထွက်လာကြသည်။
မြွေနဂါးတစ်ကောင်စီသည် လောကီအင်မော်တယ်တစ်ယောက်၏စွမ်းအားမျိုးရှိနေပေ၏။ထို့ပြင် သူတို့၏ခန္ဓာကိုယ်များ၏မျက်နှာပြင်ပေါ်၌ မာကျောကြမ်းတမ်းသောသံချပ်ကာကြေးခွံအလွှာတစ်လွှာက လွှမ်းခြုံထားသည်။
မျက်တောင်တစ်ခတ်စာအချိန်မှာပင် ဧရာမမြေနဂါးဆယ်ကောင်ကျော်သည် လုယွီအား ဆုတ်ဖြဲနိုင်ရန်အတွက် သူ၏ရှေ့၌ ထွက်ပေါ်လာကြ၏။
"နတ်ဘုရားနဂါးဟိန်းသံ"
လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် သူ၏မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်လာကာ ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်သည်။
သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ရွှေရောင်နဂါးတစ်ကောင်က လှည့်ပတ်နေပုံရသည်။ကြီးကျယ်ခမ်းနားသောနဂါးဟိန်းသံသည် လျှို့ဝှက်ခန်းတစ်ခန်းလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။
အစွမ်းထက်သောနဂါးဟိန်းသံက လျှို့ဝှက်ခန်းတစ်ခန်းလုံးကို ဖြတ်သန်းသွားသည်။
အစောပိုင်းကထွက်ပေါ်လာခဲ့သော မြေနဂါးများသည် နဂါးဟိန်းသံမှ အသံလှိုင်းများ၏သက်ရောက်မှုခံရချိန်တွင် သူတို့က လိပ်ပြာလွင့်လုမတက် ထိတ်လန့်ကြောက်ရွံကာ သေကြေသွားကြသည်။
ဤလှုပ်ရှားမှုသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ရှင်းလင်းသွားစေကာ မည်သည့်မှော်သားရဲမှ မကျန်ရှိတော့ချေ။
လုယွီသည် မှော်သားရဲများအားလုံးကို အမြစ်ပြတ်သုတ်သင်ပြီးသော အချိန်အခိုက်အတန့်မှာပင် လျှို့ဝှက်ခန်း၏နံရံများမှနေ၍ အနက်ရောင်အခိုးအငွေ့များ ယိုစိမ့်ထွက်လာသည်။
Chapter 2245
အနက်ရောင်အခိုးအငွေ့များ အဆက်မပြတ်ထုတ်လွှတ်နေခြင်းနှင့်အတူ မျက်လုံးအပြာနှင့်ခရမ်းရောင်ဆံပင်များရှိသော မှော်သားရဲဆယ်ကောင်ကျော်က လျှို့ဝှက်ခန်းအတွင်း၌ ထွက်ပေါ်လာပေ၏။
တူညီစွာပင် ထိုမှော်သားရဲများသည် ယခင်က မှော်သားရဲများထက် များစွာပို၍အားကောင်းသည်။
"ငါ ရင်းနှီးကျွမ်းဝင်တဲ့ အရှိန်အဝါတစ်ခုကို အာရုံခံမိတယ်..ဒီနေရာမှာ သာမာန်ထက်ထူးကဲတဲ့အရာတစ်ခုခု ရှိနေနိုင်တယ်"
မျောက်၏အသံက သိုလှောင်အိတ်အတွင်း၌ ထွက်ပေါ်လာသည်။
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။
"ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ မင်းသိလား..ဘာရှိနေနိုင်မှာမလို့လဲ"
"အဲ့ဒီပစ္စည်း ဟုတ် မဟုတ်ဆိုတာ ငါ သေချာမပြောနိုင်သေးဘူး...ဒါပေမယ့် မင်း အဲ့ဒီပစ္စည်းကိုရရင်တော့ မင်းအတွက် ကံကြမ္မာကောင်းကြီးတစ်ခုပဲ"
မျောက်သည် သူ့အတွက် အကျိုးအမြတ်မရှိဘဲ ထွက်ပေါ်လာလေ့မရှိချေ။သူ ယခုကဲ့သို့ပြောဆိုလာသဖြင့် သေချာသလောက်နီးပါး ကိစ္စတစ်ရပ်ဖြစ်ပေမည်။
လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်အေးဆေးနေဆဲပင်။
"မင်း ယူခိုင်းမယ့်အရာက...မင်းအတွက် အကျိုးအမြတ်ပိုရှိနေမှာကို ငါ စိုးရိမ်မိတယ်"
"ဟီး ဟီး...အခုချိန်မှာ ငါတို့ကမဟာမိတ်တွေပဲလေ...တကယ်လို့ မင်း အဲ့ဒီပစ္စည်းကိုရမယ်ဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် အကျိုးကျေးဇူးရှိမှာပဲလေ"
မျောက်က ရုတ်တရက် သူ၏မျက်နှာပေါ်မှအပြုံးကို ဖယ်ရှားလိုက်သည်။
"စကားအများကြီး မပြောနဲ့တော့...မင်းရဲ့နတ်ဘုရားစိတ်အာရုံနဲ့ကြည့်မယ်ဆိုရင် ဘယ်လောက်ဝေးဝေးထိ မင်း မြင်နိုင်လဲ"
လုယွီက ခေါင်းမော့ကာ သူ၏လက်အတွင်းမှဓားဖြင့် သူ့ရှေ့ရှိ မှော်သားရဲများအားလုံးကို အမြစ်ပြတ်သုတ်သင်လိုက်သည်။ထို့နောက် သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်၏။
ကြီးကျယ်ခမ်းနားသော နတ်ဘုရားစိတ်အာရုံသည် လျှို့ဝှက်ခန်းတစ်ခန်းလုံးအနှံ့ လွှမ်းခြုံသွားသည်။
လုယွီ၏တာအိုသခင် နတ်ဘုရားစိတ်အာရုံသည် ကြယ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံရန်ပင် လုံလောက်သည်။သူ၏နတ်ဘုရားစိတ်အာရုံကိုဖြန့်ကျက်လိုက်သော အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိကွဲပြားခြားနားမှုများကို သတိပြုမိသွားပေ၏။
ဤနေရာရှိ တောင်တန်းများပေါ်၌လျှို့ဝှက်ခန်းများတည်ဆောက်ထားပုံရသော်လည်း ယခုလက်ရှိချိန်၌ ပတ်ဝန်းကျင်နယ်မြေသည် အကန့်အသတ်မရှိသော ကြယ်မြစ်တစ်ခုကဲ့သို့ လွန်စွာကျယ်ဝန်းနေသည်။
လေဟာနယ်အတွင်း၌ ဖရိုဖရဲဖြစ်နေသောနေရာတစ်ခုရှိနေကာ ထိုနေရာမှနေ၍ အကန့်အသတ်မရှိသော အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေပေ၏။
ထိုအနက်ရောင်အခိုးအငွေ့များတည်ရှိနေမှုကြောင့် လျှို့ဝှက်ခန်းအတွင်းရှိ သေဆုံးသွားသောမှော်သားရဲများ ပြန်လည်ရှင်သန်လာခြင်းပင်။
အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေသည်နှင့်အမျှ ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မှော်သားရဲများက လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုမှော်သားရဲများအကြားတွင် မှော်သားရဲဘုရင်အဆင့်များ ကင်းမဲ့ခြင်းမရှိချေ။အကယ်၍ ထိုမှော်သားရဲများကိုသာ ပြင်ပလောကတွင်ထားလိုက်ပါက လောကကြီးကိုရုတ်ရုတ်သဲသဲဖြစ်စေနိုင်သော တည်ရှိမှုကြီးများဖြစ်သည်။
ဘုန်း...ဘုန်း...ဘုန်း...
လုယွီသည် နတ်ဆိုးဘုရင်အဆင့်မှော်သားရဲများ အပါအဝင် လမ်းတလျှောက်လုံး၌ တွေ့သမျှမှော်သားရဲများအားလုံးကို သတ်ဖြတ်ခဲ့သည်။
မကြာမီမှာပင် လုယွီသည် ဤလေဟာနယ်လောက၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာပေ၏။
"ဒီနေရာက စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုတွေက ပတ်ဝန်းကျင်နဲ့ ကွဲပြားခြားနားနေတယ်ဆိုတာ သိသာထင်ရှားတယ်...ဒီအထဲမှာ အရမ်းအစွမ်းထက်တဲ့ စိတ်ဝိညာဥ်တစ်ခုရှိနေနိုင်တယ်"
လုယွီက သူ၏စိတ်အတွင်းမှနေ၍ အနည်းငယ်သိချင်စိတ်ပြင်းပြသွားသည်။
သူ၏အဆင့်ဖြင့် သူ့အားခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟု ခံစားရစေသောအရာဟူ၍ အမြောက်အများမရှိချေ။
သို့ရာတွင် ဤနေရာသို့ သူရောက်ရှိချိန်တွင် အန္တရာယ်အငွေ့အသက်ကို သိသိသာသာခံစားမိပေ၏။
"သေချာတာပေါ့...အဲ့ဒီအရာက ရှေ့မှာရှိနေတယ်"
မျောက်သည် အနည်းငယ်စိတ်မရှည်နိုင်တော့ပုံရသည်။
ထိုအချိန်မှာပင် လုယွီသည် သူ၏သိုလှောင်အိတ်မှ အတားအဆီးများ ရုတ်တရက်ပြေလျော့သွားသည်ကို ခံစားမိသည်။ထို့နောက် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ရုတ်တရက် ပြင်ပသို့အလိုအလျောက် ထွက်လာပေ၏။
"ဒီထဲမှာ တစ်ခုခုရှိနေတာကို ငါ ခံစားမိတယ်...ဒါက အရမ်းအရသာရှိမှာပဲ"
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် သူ၏ဝတကစ်ကစ် လက်ချောင်းများကိုစုပ်လိုက်သည်။သွားရည်များက သူ၏ပါးစပ်ထောင့်မှနေ၍ ယိုစီးကျနေသည်။
မျောက်က လှောင်ပြောင်သရော်လိုက်၏။
"ကောင်စုတ်လေး...အဲ့ဒီထဲမှာရှိတဲ့အရာက မင်းရဲ့စွမ်းအားထက် အဆများစွာပိုပြီးမြင့်မားတယ်...အဲ့ဒီအရာရဲ့ဝါးမျိုတာကိုမခံရအောင် မင်း ဂရုစိုက်ပြီးနေတာ ပိုကောင်းလိမ့်မယ်"
လက်နက်စိတ်ဝိညာဥ်ကလေးငယ်၏ဇက်ပုဝင်သွားကာ လုယွီ၏နောက်၌ ပျာပျာသလဲပုန်းလိုက်သည်။
ရာနှင့်ချီသော နတ်ဆိုးဘုရင်အဆင့်မှော်သားရဲများကို သတ်ဖြတ်ပြီးနောက် လုယွီသည် နောက်ဆုံး၌ ဖရိုဖရဲဖြစ်နေသော လေဟာနယ်နေရာသို့ ရောက်ရှိလာခဲ့သည်။
အမှောင်ထုအတွင်းမှနေ၍ အနက်ရောင်အခိုးအငွေ့များက အဆက်မပြတ်ယိုစိမ့်ထွက်နေသည်။
လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်ဖော်အသုံးပြုလိုက်ရာ နောက်ဆုံး၌ အမှောင်ထုအတွင်း၌ရှိနေသောအရာသည် စာရွက်တချို့ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရ၏။ထိုစာရွက်များပေါ်တွင် ဖားလောင်းများနှင့်တူညီသော စာလုံးများဖြင့် ပြည့်နှက်နေသည်။
"ဒါက ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာပဲ...ကောလဟာလတွေအရတော့ ဒီကျမ်းစာကို လောကကြီးတခွင်လုံးကို မဖန်တီးခင်က ပထမဆုံးထွက်ပေါ်ခဲ့တဲ့နတ်ဆိုးက ဖန်တီးခဲ့တာလို့ဆိုကြတယ်...ဒါကို ရှေးဟောင်းနတ်ဆိုးဘာသာစကားနဲ့ ရေးသားထားတယ်...ရှေးဟောင်းနတ်ဆိုးမျိုးနွယ်တချို့ကလွဲလို့ ဒီစာလုံးတွေကို ဘယ်သူမှနားမလည်နိုင်ဘူး"
မျောက်က အလွန်စိတ်လှုပ်ရှားစွာဖြင့် ဆက်လက်ပြောဆိုသည်။
"အရင်က ငါ ဒါကို ရခဲ့လုနီးပါးပဲ...ဒါပေမယ့် ငါ ကျမ်းစာရဲ့စာရွက်ကို လှန်လိုက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ကြားဖြတ်နှောက်ယှက်မှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်...ပြီးတော့ အဲ့ဒီကျမ်းစာက အရိပ်အယောင်တောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်...ဒီနေရာမှာ ပြန်တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
Thank For Reading.