← Chapters

အခန်း (၂၂၇၁-၂၂၇၅)

Vol. 117 Ch. 2271-2275

အခန်း (၂၂၇၁-၂၂၇၅)

Vol. 117 Ch. 2271-2275

Chapter 2271

အတိတ်ဘဝတွင် သူသည် ထိုဝင်္ကပါကို မတော်တဆရရှိခဲ့ဖူးသည်။ကောလဟာလများအရ ထိုဝင်္ကပါသည် အလယ်ခေတ်ရှိ အုပ်စိုးသူအရှင်သခင်ထံမှ လက်ဆင့်ကမ်းဆင်းသက်လာသည်ဟု ဆိုကြ၏။

ထိုဝင်္ကပါအတွင်းတွင် ရှေးဟောင်းအလယ်ခေတ်မှ အုပ်စိုးသူအရှင်သခင်တစ်ယောက်၏ ပြိုင်ဘက်ကင်းရတနာတစ်ခုကို သိုဝှက်ထားသည်။

ထိုဝင်္ကပါကိုဖြိုခွဲနိုင်သောမည်သူမဆို ထိုရတနာကိုရရှိ၍ ချက်ချင်းဆိုသလိုပင် သန်မာအားကောင်းလာနိုင်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ထိုဝင်္ကပါကို ဖြိုခွဲလိုပါက ဝင်္ကပါပညာရပ်တွင် အလွန်အမင်းအဆင့်မြင့်မားရန် လိုအပ်ရုံသာမက အပြောင်းအလဲများစွာကိုတွက်ချက်နိုင်ရန်အတွက် အလွန်အစွမ်းထက်သော စိတ်ဝိညာဥ်လည်းရှိရပေမည်။

ထိုကြယ်များသည် စစ်တုရင်ကစားပွဲတစ်ခုနှင့် တူညီပေ၏။အကယ်၍ သူသည် ထိုဝင်္ကပါကို ဖြိုခွဲလိုပါက စစ်တုရင်ကစားပွဲကို အရင်ဆုံးဖြေရှင်းနိုင်ရန် လိုအပ်သည်။

"ဒီဝင်္ကပါရဲ့နောက်ကွယ်မှာ ဘာတွေသိုဝှက်ထားလဲဆိုတာ ငါ မြင်ချင်တယ်"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

အတိတ်ဘဝတွင် သူသည် ထိုဝင်္ကပါကိုရရှိခဲ့သော်လည်း ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့်တိုက်ခိုက်ရန် ဆန္ဒစောနေသဖြင့် ထိုအရာကိုချိုးဖျက်ရန် သူ့ထံ၌ အချိန်မရှိခဲ့ချေ။

ယခု ဤဘဝတွင် သူသည် ကြယ်တာရာစစ်တုရင်ဝင်္ကပါနှင့် တဖန်ပြန်၍ဆုံတွေ့ရလေပြီ။ဤသည်က ကံကြမ္မာရေစက်ပင်။

ကြယ်မြေပုံပေါ်ရှိ တချို့ကြယ်များ၏နေရာများပြောင်းလဲနေပေ၏။

လုယွီ ချန်ထားခဲ့ပြီးနောက် ဤကြယ်တာရာစစ်တုရင်ဝင်္ကပါကို ချိုးဖျက်ရန်ကြိုးစားခဲ့သူများရှိနေကြောင်း သိသာထင်ရှားသည်။

ကံအကြောင်းမလှစွာဖြင့် ထိုလူများသည် ဤဝင်္ကပါအား ချိုးဖျက်နိုင်ခဲ့ပုံမရချေ။ထိုသို့မဟုတ်ပါက ဤကြယ်တာရာစစ်တုရင်ဝင်္ကပါသည် ပြိုလဲပျက်စီးသွားကာ ထပ်မံ၍တည်ရှိတော့မည်မဟုတ်ပေ။

လုယွီက မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ကာ သူ့စိတ်ဝိညာဥ်မှစွမ်းအားများကို အရပ်မျက်နှာအဘက်ဘက်သို့ ဖြန့်ကျက်လိုက်၏။

သူ၏ဦးနှောက်မှနေ၍ အလွန်လျှင်မြန်စွာဖြင့် တွက်ချက်နေခဲ့ရာ မြောက်မြားစွာသောအပြောင်းအလဲများက သူ၏အမြင်အာရုံအတွင်း၌ ထွက်ပေါ်လာသည်။

လုယွီက သူ၏လက်ကိုဆန့်တန်း၍ လေဟာနယ်အတွင်းရှိ ကြယ်များကို စတင်၍ထွန်းညှိလိုက်သည်။

တချို့ကြယ်များသည် တောက်ပလာပြီးနောက် တချို့ကြယ်များသည် မှိန်ဖျော့သွားသော်လည်း ကြယ်အနည်းစုသည် ယခင်ထက်ပို၍ လင်းလက်တောက်ပလာသည်။

ထိုပြောင်းလဲမှုသည် နှိုင်းယှဥ်ပြစရာမရှိသည်အထိ အလွန်အမင်းရှုပ်ထွေးကာ ကောင်းကင်ယံအတွင်းရှိကြယ်များသည် ပုံမှန်အချိန်အပိုင်းအခြားဖြင့် လှည့်ပတ်နေသည်။သူသည် ထိုကြယ်များ၏အပြောင်းအလဲများနှင့်တည်နေရာများကို မှတ်သားနိုင်ရန် လိုအပ်ရုံသာမက ပို၍အရေးအကြီးဆုံးအချက်မှာ ထိုဝင်္ကပါ၏ပဟေဠိကို ဖြေရှင်းနိုင်ရန်ပင်။ရှာဖွေခြင်း ဖြေရှင်းခြင်း လမ်းကြောင်းရှာဖွေခြင်းတို့ဖြင့် အလွန်သိမ်မွေ့နက်နဲသော ဝင်္ကပါတစ်ခုဖြစ်သည်။

"ငါ နည်းလမ်းတစ်ခုရပြီ"

လုယွီက တီးတိုးရေရွတ်လိုက်၏။ထို့နောက် သူ တွေးတောထားသော နည်းလမ်းအတိုင်း ကြယ်များ၏တည်နေရာကို ပြန်လည်စီစဥ်လိုက်သည်။

လုယွီ၏လမ်းညွှန်မှုအောက်တွင် မြောက်မြားစွာသောကြယ်များရွေ့လျားသွားကာ တလက်လက် တောက်ပနေကြသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်ရှုပါက ထိုကြယ်များ၏အကြားတွင် ကြယ်တစ်လုံးနှင့်တစ်လုံးကို မှိန်ပျပျရွှေရောင်အလင်းတန်းတစ်တန်းနှင့် ဆက်သွယ်ထားခြင်းအား တွေ့မြင်ရပေမည်။

လုယွီ၏လက်အရှိန်နှုန်းသည် တစတစပို၍လျှင်မြန်လာသဖြင့် နောက်ဆုံးတွင် ပုံရိပ်ယောင်များအဖြစ် ထွက်ပေါ်လာသည်။ထိုအရှိန်နှုန်းသည် လျှပ်ပြက်သကဲ့သို့ အလွန်လျှင်မြန်သဖြင့် သာမာန်မျက်စိဖြင့် မြင်တွေ့နိုင်ရန် အလွန်အမင်းခက်ခဲပေလိမ့်မည်။

လုယွီ၏ချိုးဖျက်နေမှုအောက်တွင် မြောက်မြားစွာသော ကြယ်များကို ချိတ်ဆက်ထားသော ရွှေရောင်အလင်းတန်းများသည် တစတစ ပို၍နီးကပ်လာကာ ကျစ်လစ်သိပ်သည်းလာပေ၏။

ထိုအလင်းတန်းများအားလုံး အတူတကွ စုဝေးသွားချိန်တွင် သူ့ရှေ့ရှိ ကြယ်တာရာစစ်တုရင်ဝင်္ကပါကြီး သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

"ဒါဆိုရင် ဒါက မြေပုံတစ်ခုပေါ့"

လုယွီ၏မျက်လုံးရှေ့ရှိ ရွှေရောင်အလင်းတန်းများသည် အမှန်တကယ်ကိုပင် ကြယ်မြေပုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုကြယ်မြေပုံတွင် ကြယ်များ၏တည်နေရာနှင့်လမ်းကြောင်းများရှိနေသည်။

ထိုကြယ်မြေပုံတစ်ခုလုံးသည် လေထုအတွင်း၌ အသက်ဆယ်ရှိုက်စာခန့်သာ မျောလွင့်နေပြီးနောက် ပျက်ပြယ်သွားလေ၏။

သို့ရာတွင် လုယွီသည် ထိုကြယ်မြေပုံကို သူ၏စိတ်အတွင်း၌ မှတ်သားထားပြီးလေပြီ။

"ရှေးဟောင်းအလယ်ခေတ် ပျက်သုဥ်းသွားခဲ့တာ အချိန်အတော်ကြာနေပြီ...အဲ့ဒါကြောင့်မလို့ နေရာအများစုကလည်း ပြောင်းလဲသွားလောက်ပြီ...ဒါပေမယ့် ငါက ရှေးဟောင်းမှတ်တမ်းစာအုပ်တချို့ကနေပြီးတော့ ဒီရတနာရဲ့တည်နေရာကို ရှာဖွေလို့ရနိုင်တယ်"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

သူ၏စိတ်အတွင်း၌ ထိုကြယ်များ၏တည်နေရာကို မှတ်သားထားသဖြင့် အကယ်၍ သူ အချိန်ရခဲ့ပါက ထိုရတနာကို သွားရောက်ရှာဖွေနိုင်ပေမည်။

ဤသည်က သူ့ထံတွင် အချိန်ရှိမရှိဟူသော အခြေအနေပေါ်မူတည်သည်။ယခုလက်ရှိချိန်တွင် သူ့အတွက်အလိုအပ်ဆုံးအရာမှာ အချိန်တိုအတွင်း၌ သူ၏ခွန်အားကို အလျှင်အမြန်တိုးတက်အောင်လုပ်ရန်ပင်။

ရှေးဟောင်းအလယ်ခေတ်မှ အုပ်စိုးသူအရှင်သခင်၏မှော်ရတနာမှာ သူ့အတွက် အချိုပေါ်သကာလောင်းခြင်းသာဖြစ်၍ သူ အလွန်အကျွံအာရုံစူးစိုက်ရန် မထိုက်တန်ချေ။

"နောက်ထပ်က သတ္တမထပ်ပဲ"

လုယွီက မော့ကြည့်လိုက်၏။

ယခုချိန်တွင် ကြယ်တာရာစစ်တုရင်သည် ပြိုကွဲသွားသဖြင့် ပတ်ဝန်းကျင်ရှိအမှောင်ထုကြီး ရုတ်တရက် ပျက်ပြယ်သွားကာ ဆဋ္ဌမထပ်၏မူလပုံပန်းသွင်ပြင် ထွက်ပေါ်လာခဲ့သည်။

Chapter 2272

ဤနေရာတွင် ကြယ်တာရာစစ်တုရင်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် အင်အားများစွာ စိုက်ထုတ်ထားပေ၏။

လုယွီသည် ဂရုတစိုက်လေ့လာဆန်းစစ်ပြီးနောက် ဤအထပ်အားတည်ငြိမ်ရန်နှင့်အော်ရာများယိုစိမ့်ထွက်ခြင်းမှ ကာကွယ်တားဆီးရန် ရာနှင့်ချီသောဝင်္ကပါများကို အသုံးပြုထားကြောင်း တွေ့ရှိလိုက်ရသည်။

တံခါး၏အပြင်၌ အချိန်ဝင်္ကပါတစ်ခုပင်ရှိနေသည်။အကယ်၍ တစ်စုံတစ်ယောက်သည် မတော်တဆ ဤအထပ်သို့ရောက်ရှိလာပြီး ပြန်ထွက်နိုင်ခြင်းမရှိပါက အချိန်စေ့သည်နှင့် ဝင်္ကပါ၏မောင်းထုတ်ခြင်းကို ခံရပေမည်။

သို့ရာတွင် လုယွီသည် ကြယ်တာရာစစ်တုရင်ကို ဖြိုခွင်းခဲ့သဖြင့် ဝင်္ကပါများ၏သက်ရောက်မှု ပျက်စီးသွားလေပြီ။

ဆဋ္ဌမထပ်တွင် ကြယ်တာရာစစ်တုရင်ဝင်္ကပါသာရှိနေပြီး တခြားမည်သည့်စာအုပ်မျှမရှိချေ။

ဤသည်က လက်သင့်ခံနိုင်ဖွယ်ရာပင်။လုယွီမှလွဲ၍ တခြားမည်သူတွင်မျှ ကြယ်တာရာစစ်တုရင်ဝင်္ကပါကို လွယ်လင့်တကူဖြိုခွင်းနိုင်သောစွမ်းရည်မျိုး ရှိမည်မဟုတ်ချေ။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ ဝင်္ကပါပညာရပ်ကိုကျွမ်းကျင်သူ အမြောက်အများရှိသည်။သို့ရာတွင် ဤကြယ်တာရာစစ်တုရင်ဝင်္ကပါရှေ့အရောက်တွင် သူတို့သည် တစ်ချက်စိုက်ကြည့်မိရုံဖြင့် မူးဝေလာကြကာ ဖြိုခွင်းနိုင်ခြင်းမရှိတော့ချေ။

"သတ္တမထပ်ကို သွားရတော့မယ်"

လုယွီသည် ဆဋ္ဌမထပ်၏အဆုံးကို ကြည့်လိုက်၏။ထိုနေရာ၏နောက်၌ မိုးကောင်းကင်ကျမ်းစာဆောင်၏ နောက်ဆုံးလျှို့ဝှက်ချက်ရှိနေသည်။

ကောလဟာလများအရ မိုးကောင်းကင်ကျမ်းစာဆောင်တွင် ရှေးဟောင်းအချိန်ကာလများမှ လက်ဆင့်ကမ်းဆင်းသက်လာသော ရှေးဟောင်းစာအုပ်တစ်အုပ်ရှိသည်ဟု ဆိုကြ၏။

သို့ရာတွင် ဤသည်က ဒဏ္ဍါရီသက်သက်ပင်။မည်သူကမျှ ထိုအရာကို အမှန်တကယ် မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။လျှို့ဝှက်ဆန်းကြယ်ဆုံးသတ္တမထပ်ကို မဆိုထားနှင့် ဒုတိယထပ်သို့ပင် လူနည်းစုသာ ဝင်ရောက်နိုင်သည်။

ဆဋ္ဌမထပ်နှင့်သတ္တမထပ်အကြားတွင် သစ်သားတံခါးတစ်ချပ်သာရှိနေသည်။

လုယွီက ထိုသစ်သားတံခါးကို ညင်သာစွာတွန်းဖွင့်လိုက်သော်လည်း ရုတ်တရက် သူ၏မိုးကောင်းကင်လှိုဏ်ဂူ ပြင်းပြင်းထန်ထန်တုန်ခါလာမှုကို ခံစားလိုက်ရ၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှမှော်စွမ်းအားများ ရုတ်တရက် ထိန်းချုပ်နိုင်မှုလွတ်ကင်းသွားခဲ့သည်။သူ အစွမ်းထက်သော မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည့်အလား သူ၏မှော်စွမ်းအားများက အလွန်လျှင်မြန်စွာ လှည့်ပတ်နေသည်။

လုယွီသည် စတင်ကျင့်ကြံခဲ့စဥ်မှစ၍ ယခုချိန်ထိ သူ၏ခန္ဓာကိုယ်ကို အလွန်အမင်း ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်သဖြင့် သူ၏မှော်စွမ်းအားများအပေါ် ထိန်းချုပ်မှုမှာလည်း အဆုံးစွန်ဆုံးအဆင့်ထိ နက်နဲသိမ်မွေ့သည်။

ထို့ကြောင့် တခြားသူများသည် လုယွီကိုမြင်တွေ့စဥ်တွင် သူသည် တစ်ကြိမ်တစ်ခါမျှ ကျင့်ကြံဖူးခြင်းမရှိသော သေမျိုးတစ်ယောက်ဟု ယူဆကြခြင်းဖြစ်ပေ၏။

သို့ရာတွင် ယခုလက်ရှိချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်း၌ အစွမ်းထက်သောစွမ်းအားလှိုင်းတစ်ရပ်ရှိနေပုံရကာ သူ၏ထိန်းချုပ်မှုအောက်မှလွတ်ကင်းသွားကြောင်း လုယွီက ရှင်းရှင်းလင်းလင်းခံစားမိသည်။

ဟူး...

ရုတ်ချည်းဆိုသလိုပင် နံဘေးပတ်ဝန်းကျင်ရှိ လေထုအတွင်းမှလည်း တုန်ခါသံများ မြည်ဟီးလာသည်။

သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ခါလာပေ၏။

ထိုကျမ်းစာပေါ်ရှိ နက်နဲသိမ်မွေ့ပြီး မဟာတာအို၏လျှို့ဝှက်ချက်များပါဝင်သော စာလုံးများသည် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ မျောလွင့်နေသည်။

လုယွီက သူ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများ ဗြောင်းဆန်နေကာ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ဖိနှိပ်နိုင်တော့မည့်ပုံမရကြောင်း ခံစားမိသည်။

"ဘာတွေဖြစ်နေတာလဲ"

ဤကဲ့သို့သော အခြေအနေမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်းမရှိချေ။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ လုယွီသည် အတွေ့အကြုံကြွယ်ဝသူတစ်ယောက်ဖြစ်သည်။သစ်သားတံခါး၏နောက်ကွယ်ရှိ တည်ရှိမှုသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို သိသိသာသာပြောင်းလဲလာအောင် လှုံဆော်ပေးနိုင်ကြောင်း ချက်ချင်းဆိုသလိုပင် သူ နားလည်သဘောပေါက်သွားပေ၏။

"ဖိနှိပ်စမ်း"

လုယွီသည် မဟာတာအိုမန္တန်တစ်ပုဒ်ကိုရွတ်ဆို၍ သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို လှည့်ပတ်ကာ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ဖိနှိပ်ထားနိုင်ရန် ကြိုးပမ်းလိုက်သည်။

သို့ရာတွင် ယခင်က အလွန်နူးညံသိမ်မွေ့သော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် ထိန်းချုပ်နိုင်မှုလွတ်ကင်းသွားပုံဖြင့် လုယွီ၏ဖိနှိပ်ထားမှုအောက်မှ လွတ်မြောက်နိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသည်။

"ဒီသစ်သားတံခါးရဲ့နောက်မှာ ပုန်းကွယ်နေတဲ့ တစ်စုံတစ်ခု ရှိနေရမယ်"

လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ဗြောင်းဆန်နေသော မှော်စွမ်းအားများကို အတင်းအကြပ်ဖိနှိပ်၍ သစ်သားတံခါးကို တွန်းဖွင့်လိုက်၏။

ထိုတံခါး၏နောက်၌ မိုးကောင်းကင်ကျမ်းစာဆောင်၏သတ္တမထပ်ရှိနေသည်။

သတ္တမထပ်သည် ကျယ်ဝန်းပြီးမြင့်မားသော ခန်းမကြီးတစ်ခုဖြစ်ကာ ကျမ်းစာစာလုံးများပါဝင်သောစာရွက်တစ်ရွက် မျောလွင့်နေပေ၏။

ဤနေရာတွင် မည်သည့်ဝင်္ကပါမျှ ရှိမနေချေ။ထိုကျမ်းစာစာရွက်သည် လေထုအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ မျောလွင့်နေသည်။ထိုစာရွက်မှနေ၍ ကြီးကျယ်ခမ်းနားသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ လူအများသည် ထိုအရာအား မော့၍ပင်ကြည့်ဝံ့မည်မဟုတ်ချေ။

ဤသည်က ထောင့်တစ်နေရာ၌ အထီးကျန်ဆန်စွာထိုင်နေသော ဧကရာဇ်တစ်ပါးကဲ့သို့ပင်။သူသည် သေရေးရှင်ရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရသည့်တိုင် ရိုသေလေးစားခံရသူဖြစ်ပေ၏။

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို ရွှေရောင်ကျမ်းစာစာရွက်ပေါ်သို့ ဖြန့်ကျက်လိုက်သည်။

သို့ရာတွင် အကြည့်တစ်ချက်ဖြင့်ပင် လုယွီသည် သူ၏မျက်လုံး စူးရှရှနာကျင်လာသည်ကို ခံစားမိသဖြင့် သူ၏မျက်လုံးကို အလျှင်အမြန် စုံမှိတ်လိုက်၏။

Chapter 2273

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို အလျှင်အမြန်ဖယ်ရှားလိုက်သည်။ထိုအချိန်မှသာလျှင် သူ၏မျက်လုံးအတွင်းမှနာကျင်မှု အနည်းငယ်လျော့ပါးသွားသည်။

"ငါ ခုဏက ဒီကျမ်းစာကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ စာပိုဒ်ကြီးတစ်ပိုဒ်ကို ရှင်းရှင်းလင်းလင်းမှတ်မိတယ်...ဒါပေမယ့် မျက်တောင်တခတ်စာအချိန်အတွင်းမှာပဲ ငါ ဒါကို မေ့သွားခဲ့တယ်"

လုယွီက ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်ထိတ်လန့်တုန်လှုပ်နေမိသည်။

သူ့စိတ်ဝိညာဥ်၏အဆင့်ဖြင့် မည်သည့်စာအုပ်ကိုမဆို မှတ်သားနိုင်စွမ်းရှိသည်။မြင့်မြတ်နယ်မြေများမှလျှို့ဝှက်နည်းစနစ်များကိုပင် သူ မြင်တွေ့ရသည်နှင့် ချက်ချင်းပင် လေ့လာဆင်ခြင်နိုင်ခဲ့လေ၏။

သို့ရာတွင် သူ့ရှေ့ရှိကျမ်းစာမှစာလုံးများကိုမူ သူ မေ့လျော့သွားခဲ့သည်။

ဤသည်က သူ၏ကိုယ်ပိုင်သဘောဆန္ဒအရ မေ့လျော့သွားခြင်းမဟုတ်ချေ။ထိုအစား အလွန်လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်မှနေ၍ သူ၏ဦးနှောက်အတွင်းမှမှတ်ဥာဏ်များကို တိတ်တဆိတ် တွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ထိုအချိန်မှာပင် မျောက်၏အံ့အားတသင့်ရေရွတ်လိုက်သောအသံက သိုလှောင်အိတ်အတွင်းမှ ထွက်ပေါ်လာသည်။

"ထိုက်ဟွာကျမ်းစာ...ဒါက ဘာလို့ဒီနေရာမှာ ရှိနေတာလဲ"

မျောက်သည် သူ၏လက်နှစ်ဖက်ကိုပွတ်သပ်၍ သိုလှောင်အိတ်အတွင်းမှ အလျှင်အမြန်တိုးထွက်ချင်စိတ်ကို ထိန်းချုပ်နေပုံရသည်။သူက လုယွီကို ပျာပျာသလဲ ပြောဆိုလိုက်၏။

"ကောင်လေး...မင်းအတွက် ကံကြမ္မာကောင်းကြီးကတော့ ရောက်လာပြီ...တကယ်လို့ မင်းကသာ ဒီကျမ်းစာရဲ့ပထမအဆင့်ကို ရမယ်ဆိုရင် မင်းက မိုးကောင်းကင်ကံကြမ္မာရဲ့သားတော်ဖြစ်သွားလိမ့်မယ်...ဒါဆိုရင် မင်းက မိုးကောင်းကင်ရဲ့မျက်နှာသာပေးမှုကိုရနိုင်ပြီ...မင်း ဘာကိစ္စကိုပဲလုပ်လုပ်...မင်းက အရင်ထက်အဆများစွာပိုပြီးတော့ ကံကောင်းလာလိမ့်မယ်"

ထို့နောက် မျောက်က မအောင့်အည်းနိုင်တော့ပုံဖြင့် ဆဲရေးလိုက်သည်။

"အဲ့ဒီသောက်ငတုံးခေါင်းပြောင်တွေက ငါ့အပေါ်မှာနည်းလမ်းတချို့လုပ်ထားတော့ အခုချိန်မှာ ငါ အပြင်ကိုထွက်လို့မရဘူး...မဟုတ်ရင် ငါက ထိုက်ဟွာကျမ်းစာကို ကြည့်ခွင့်ရနိုင်တယ်"

ထိုက်ဟွာကျမ်းစာဟုဆိုသလော....

လုယွီက အံ့အားသင့်သွားကာ ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူ့အား တာဟေးပြောဆိုခဲ့သည့်စကားများကို ပြန်လည်အမှတ်ရသွားသည်။

ရှေးဟောင်းအချိန်ကာလများအတွင်း၌ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင် ထိုက်ဟွာနှင့် ယင်ယန်ဟူသော မဟာတာအိုကျမ်းစာသုံးခုရှိခဲ့သည်။

ကောလဟာလများအရ တစ်စုံတစ်ယောက်သည် ထိုကျမ်းစာသုံးအုပ်ကို ကျွမ်းကျင်ပိုင်နိုင်ပြီး အပြည့်အဝနားလည်သဘောပေါက်သွားပါက ထာဝရအသက်၏လျှို့ဝှက်ချက်ကို ရရှိနိုင်ပေမည်။

လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ရရှိခဲ့သော်လည်း သူကိုယ်တိုင် လေ့လာဆင်ခြင်နိုင်ခဲ့ခြင်းကြောင့်မဟုတ်ဘဲ ကျမ်းစာမှသူ့အားရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လုယွီ၏စိတ်ဝိညာဥ် လက်ရှိအဆင့်ဖြင့် သာမာန်နည်းစနစ်များကို လွယ်လင့်တကူသင်ယူနိုင်သော်လည်း ရှေးဟောင်းတာအိုကျမ်းစာများကို လေ့လာဆင်ခြင်နိုင်ရန်မှာ အချိန်အလွန်ကြာမြင့်ပေမည်။

ထိုအခြင်းအရာမှနေ၍ ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခု၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့်ရှုပ်ထွေးမှုကို တွေ့မြင်နိုင်သည်။

လုယွီသည် ထိုက်ဟွာကျမ်းစာအကြောင်းကို တဖန်ပြန်၍ တွေးတောမိချိန်တွင် သူက စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရ၏။အကယ်၍ သူသာ လွယ်လင့်တကူမှတ်သားနိုင်ပါက ရှေးဟောင်းတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုဟုခေါ်ဆိုရန် ထိုက်တန်မည်မဟုတ်ချေ။

"မင်း ကျမ်းစာကိုမြင်တဲ့အချိန်မှာ...အဲ့ဒါတွေကို မှတ်မိနိုင်လား"

လုယွီက ရုတ်တရက် မေးမြန်းလေသည်။

မျောက်က သူ့ခေါင်းသူပြန်ပွတ်သပ်၍ အပြုံးနှင့်ပြောဆိုသည်။

"ငါက ဘုံသုံးပါးနဲ့မသက်ဆိုင်ဘူး...ဒါကြောင့် လောကကြီးရဲ့ဥပဒေသတွေက ငါ့ကို မကန့်သတ်နိုင်ဘူး...တကယ်လို့ ဒီကျမ်းစာက ငါ့ရဲ့မှတ်ဥာဏ်တွေကို ရှင်းထုတ်ချင်တယ်ဆိုရင်တောင် လုပ်နိုင်စွမ်းမရှိဘူး"

"ဒါပေမယ့် ငါ ဒါတွေကို မှတ်သားနိုင်ရင်တောင်...ထုတ်ပြောလို့လည်းမရဘူး...ပြီးတော့ ငါ ဒါကို ကျင့်ကြံလို့လည်းမရဘူး...ဒါက ရှေးဟောင်းမဟာတာအိုကျမ်းစာတွေရဲ့လျှို့ဝှက်ဆန်းကြယ်မှုဖြစ်ပြီးတော့ လူသားတွေပဲကျင့်ကြံလို့ရတယ်...တကယ်တော့ မင်း ထိုက်ဟွာကျမ်းစာကိုကျင့်ကြံပြီးရင်...ပြင်ဆင်မွမ်းမံပြီးတော့ ငါ့ကို လက်ဆင့်ကမ်းပေးလို့ရတယ်...ဒါဆိုရင်တော့ ငါ ကျင့်ကြံလို့ရလိမ့်မယ်"

မျောက်သည် စကားပြောဆိုနေစဥ်မှာပင် ထိုက်ဟွာကျမ်းစာ၏တားမြစ်ကန့်သတ်ချက်များအကြောင်းကို လုယွီအား ရှင်းပြပြီးလေပြီ။

ဤတာအိုကျမ်းစာကို လွယ်လင့်တကူ ကျင့်ကြံနိုင်မည်မဟုတ်ချေ။

"ဒီထိုက်ဟွာကျမ်းစာကိုကြည့်ရတာ မိုးကောင်းကင်ကံကြမ္မာရဲ့သားတော်ကိုရှာဖွေဖို့ ဒီနေရာမှာရှိနေပုံရတယ်...ဒါပေမယ့် မင်းက မိုးကောင်းကင်ကံကြမ္မာရဲ့သားတော်မဟုတ်တဲ့အတွက် ကျမ်းစာက မင်းကိုမရွေးချယ်တာပဲ...ဒါက နည်းနည်းတော့ထူးဆန်းတယ်....ကောင်စုတ်လေး...မင်းက ငါမြင်တွေ့ဖူးသမျှ လူတွေအားလုံးထဲမှာ ပါရမီအရှိဆုံးလူတစ်ယောက်ပဲ...ရှေးဟောင်းအလယ်ခေတ်တုန်းက ပါရမီရှင်ဆိုတဲ့လူတွေတောင် မင်းကို ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး...ထိုက်ဟွာကျမ်းစာက မင်းကို ဘာလို့မရွေးချယ်တာလဲဆိုတာ ငါ တကယ်ကိုမသိဘူး"

မျောက်က သူ၏မေးစေ့ကိုပွတ်သပ်ကာ ညည်းတွားလိုက်၏။

"မင်းထက်တော်တဲ့ တစ်စုံတစ်ယောက်ဆိုတာ အမြဲတမ်းရှိနေနိုင်တာပဲလေ...မိုးကောင်းကင်ကံကြမ္မာရဲ့အစစ်အမှန်သားတော်က တစ်နေရာရာမှာရှိနေလို့လည်းဖြစ်မှာပေါ့"

ယခုချိန်၌ လုယွီ၏စိတ်ခံစားမှုသည် ပျော်ရွှင်ခြင်းလည်းမရှိ ဝမ်းနည်းခြင်းလည်းရှိမနေချေ။

ဖြစ်နိုင်ချေတခြားတစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် သူ့အား ရွေးချယ်ခဲ့သဖြင့် ထိုက်ဟွာကျမ်းစာသည် လုယွီအား ကျမ်းစာစာလုံးများကို မှတ်သားခွင့်မပြုခြင်းဖြစ်ပေမည်။

"မင်းက အရမ်းအကောင်းမြင်တက်တဲ့ကောင်ပါလား...ဒါပေမယ့် မင်းက ရွေးချယ်ခံကိုရှာပြီးတော့ အဲ့ဒီကောင်ကိုသတ်ဖြတ်ပြီး သူ့ရဲ့ကံကြမ္မာကိုလုယက်သင့်တယ်...မင်းရဲ့အရည်အချင်းက အရမ်းကောင်းတယ်...ဒါကို ဖြုန်းတီးမပစ်နဲ့"

မျောက်က တိုက်တွန်းနှိုးဆော်လိုက်သည်။

Chapter 2274

မျောက်သည် နတ်ဆိုးများ၏နည်းလမ်းအတိုင်း လုပ်ဆောင်ရန် ပြောဆိုနေခြင်းပင်။

မျောက်၏တိုက်တွန်းမှုကို လျစ်လျှူရှု၍ လုယွီက သတ္တမထပ်မှ ထွက်ခွါခဲ့တော့သည်။

သူ ဤနေရာ၌ ဆက်၍နေရန် အကြောင်းအရင်းမရှိတော့ချေ။ရှေးဟောင်းတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုဖြစ်သော ထိုက်ဟွာကျမ်းစာသည် လှည့်စားမှုတချို့ဖြင့် ရယူနိုင်မည့်အရာမျိုးမဟုတ်ပေ။

ထို့ပြင် သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို လေ့လာဆင်ခြင်ရန် အချိန်များစွာလိုအပ်ပေမည်။အကယ်၍ သူသည် ထိုက်ဟွာကျမ်းစာကိုပါ ထပ်ပေါင်းထည့်လိုက်ပါက သူ၏ကျင့်ကြံမှုအတွက် ကောင်းမွန်သောကိစ္စတစ်ရပ်မဖြစ်နိုင်ချေ။

လုယွီထံတွင် စဥ်းစားဆင်ခြင်နိုင်စွမ်း အပြည့်အဝရှိသည်။သူသည် မြင်တွေ့နေရသမျှ ပစ္စည်းကောင်းများကို အချိန်စောင့်ဆိုင်းခြင်းမပြုဘဲရယူရန် ကြိုးပမ်းမည်မဟုတ်ချေ။

ဤနေရာ၌ သူ အချိန်များစွာဖြုန်းတီးလိုက်ပါက အဆုံးသတ်တွင် သူ၏စွမ်းအားများ ကုန်ခမ်းရုံသာရှိပေမည်။

သူ တတိယထပ်သို့ ပြန်လည်ရောက်ရှိလာစဥ်တွင် အချိန်နှစ်နာရီတိတိ ကုန်ဆုံးသွားလေပြီ။

စာအုပ်များကို ရွေးချယ်နေသောတပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားကြ၏။သူတို့ထံတွင် အချိန်နှစ်နာရီသာရရှိသည်။အချိန်စေ့သည်နှင့် သူတို့နှင့်သင့်တော်သော ကျင့်ကြံနည်းစနစ်ကို ရွေးချယ်၍ရသည်ဖြစ်စေ မရသည်ဖြစ်စေ မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းမှ ထွက်ခွါသွားရပေမည်။

သို့ရာတွင် လက်ထောက်ကျောင်းအုပ်၏ခွင့်ပြုချက်ရှိနေသဖြင့် လုယွီသည် ဤနေရာရှိစာအုပ်များကို အကန့်အသတ်မရှိငှါးရမ်းနိုင်ကာ တခြားတပည့်များနှင့် ကွဲပြားခြားနားသည်။

"ကြည့်ရတာတော့ ငါ့နဲ့တစ်ခါမှမတွေ့ဘူးသေးတဲ့ လက်ထောက်ကျောင်းအုပ်က ဒီလိုမျိုးကြီးကျယ်ခမ်းနားတဲ့အခွင့်အရေးမျိုး ငါ့ကိုပေးတာ...စီနီယာအကို​ကြီးကြောင့်ပဲဖြစ်မယ်"

လုယွီသည် သူ မည်သည်ကြောင့် ဤကဲ့သို့အထူးအခွင့်အရေးမျိုးရရှိခဲ့သည်ကို မှန်းဆနိုင်ခဲ့လေ၏။

ဤသည်က တခြားတပည့်များအတွက် မျှတခြင်းမရှိချေ။သို့ရာတွင် ကျင့်ကြံခြင်းလမ်းကြောင်းတွင် တရားမျှတမှုဟူသည်မှာ မည်သည့်အချိန်ကမျှ မရှိခဲ့ဖူးလေရာ လုယွီက ထိုအခွင့်အရေးကို ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံလိုက်သည်။

တတိယထပ်တွင် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် ပန်းချီရေးဆွဲနေဆဲပင်။

လုယွီသည် အလျှင်အမြန်ပြန်ထွက်လာသည့်အပြင် သူ၏ချီများ အနည်းငယ်ရှုပ်ထွေးနေခြင်းကိုကြည့်ပြီး သူမက တစ်စုံတစ်ခုကို မှန်းဆမိသွားသည်။

"ငါ နင့်ကို အရင်က သတိပေးခဲ့တယ်လေ...အခုတော့ နင် နာကျင်မှုခံစားလာရပြီမလား"

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

သူမ၏အမြင်အရ လုယွီသည် စတုတ္ထထပ်တွင် ကျင့်ကြံနည်းစနစ်များ၏ပုံရိပ်ယောင်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပေမည်။သို့ရာတွင် လုယွီသည် ကျရှုံးပြီး ပြန်လည်ရောက်ရှိလာသည်မှာ သိသာထင်ရှားလှ၏။ထိုသို့မဟုတ်ပါက သူသည် ဤမျှထိ အလွန်လျှင်မြန်စွာ ထွက်လာမည်မဟုတ်ချေ။

စတုတ္ထထပ်ရှိ ကျင့်ကြံနည်းစနစ်တိုင်းသည် ထိပ်သီးအင်အားစုများမှ လျှို့ဝှက်နည်းစနစ်များဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုကျင့်ကြံနည်းစနစ်များအနက်မှ မည်သည့်တစ်ခုကိုမဆို ရရှိသွားပါက သူတို့၏ဘဝသက်တမ်းတစ်ဝက်ခန့် ကျင့်ကြံရန်လုံလောက်သည်။

ထို့ပြင် ထိုကျင့်ကြံနည်းစနစ်များပေါ်ရှိ အကာအကွယ်ဝင်္ကပါကို ချိုးဖျက်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။

တစ်ဖက်လူသည် နားလည်မှုလွဲမှားနေသည်ကို လုယွီက သိရှိသော်လည်း ရှင်းပြခြင်းမပြုချေ။သူက လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်၏။

"မင်းရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို ငါနားလည်ပါတယ်"

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် ရည်ရွယ်ချက်ကောင်းဖြင့် သူ့အားသတိပေးခြင်းဖြစ်သည်။

လုယွီသည် ထွက်ခွါမသွားမီ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏လက်အတွင်းမှ ပန်းချီကားကိုတစ်ချက်ကြည့်၍ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဒီပန်းချီကားက မဆိုးပါမယ့်...ဒါပေမယ့် ဒီပန်းချီကားထဲမှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေ ပုန်းအောင်းနေတယ်...မင်းက အရင်းအမြစ်ကနေပြီး တခြားနည်းလမ်းတစ်ခုကိုရှာတာ ပိုကောင်းလိမ့်မယ်...တကယ်လို့ မင်း ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ မင်းရဲ့အတွင်းစိတ်နတ်ဆိုးက ပိုပြီးအားကောင်းလာမယ်...နောက်ဆုံးကျရင် မင်း ဒါကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး"

ဤသည်က လုယွီသည် သနားကြင်နာစိတ်ဖြင့် သတိပေးလိုက်ခြင်းပင်။

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် မည်သည်ကြောင့် သူမ၏နံဘေးပတ်ဝန်းကျင်ရှိ အဖိုးတန်ကျင့်ကြံနည်းစနစ်များကို မမြင်သကဲ့သို့နေနေကာ ပန်းချီကိုသာရေးဆွဲနေခြင်းကို သူ သိရှိထားပြီးလေပြီ။

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက ခေါင်းမော့ကာ လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။

"ကျောင်းတော်မှာ ဘယ်အချိန်ကနေစပြီး ဒီလိုပညာရှင်မျိုးကို လက်ခံလိုက်တာလဲ...နင်က ငါ့ရဲ့ပန်းချီကားကို ထွင်းဖောက်မြင်နိုင်မှတော့...ငါ နင့်ကို ဒီပန်းချီကားပေးလိုက်မယ်"

လုယွီသည် ပန်းချီရေးဆွဲရာ၌ ထူးချွန်သူဖြစ်သဖြင့် သူမ၏ပန်းချီကားကို ထွင်းဖောက်မြင်နိုင်ခြင်းဖြစ်သည်ဟု သူမက တွေးထင်နေမိ၏။

သို့ရာတွင် စိတ်ဝိညာဥ်၏အစစ်အမှန်အသက်အရွယ်အရ လုယွီသည် သူမထက် များစွာပို၍စီနီယာကျနေခြင်းကို သူမ သိရှိနိုင်မည်မဟုတ်ချေ။အမှန်အားဖြင့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏လှည့်ကွက်ငယ်များသည် လုယွီ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိပေ။

"ထားလိုက်တော့.. ဒီပန်းချီကားကို မင်းပဲ သိမ်းထားလိုက်ပါ"

လုယွီက သူ၏ခေါင်းကိုခါပြကာ အောက်ထပ်သို့ဆင်းသွားတော့သည်။

လုယွီ ထွက်ခွါသွားသည်ကိုမြင်ချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက သူ့ကို ထပ်မံ၍ကြည့်လိုက်သည်။သူမက ခပ်ဖျော့ဖျော့အပြုံးနှင့် တီးတိုးရေရွတ်လိုက်၏။

"ဒီကောင်လေးက မဆိုးဘူး...နောင်တစ်ချိန်မှာ ငါ ပန်းချီဆွဲတဲ့အချိန်ကျရင် သူ့ဆီကနေ လမ်းညွှန်မှုတချို့တောင်းရလိမ့်မယ်"

သူမက တီးတိုးရေရွတ်လိုက်ပြီးနောက် သူမ၏လက်အတွင်းရှိစုတ်တံကို ရုတ်တရက် ရပ်တန့်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူမရှေ့ရှိပန်းချီကားသည် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့သည်။

Chapter 2275

သာယာငြိမ်းချမ်းပြီး စိတ်ချမ်းသာစဖွယ်ဖြစ်သော ရွာလေးတစ်ရွာ၏ပုံ ရှုမျှော်ခင်းသည် ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားပေ၏။

သပ်ရပ်၍ပြေပြစ်နေသောမှင်ရောင်သည် ရုတ်တရက် သွေးများအတွင်းသို့ နှစ်လိုက်သည့်အလား သွေးနီရောင်သို့ ပြောင်းလဲသွားသည်။

ရိုးရှင်းသောကျေးရွာလေး၏အဆောက်အအုံများအားလုံး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်။မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသော အနက်ရောင်ဝတ်စုံဝတ်လူတစ်စုသည် သူတို့၏လက်များအတွင်း၌ ဓားများနှင့်ပုဆိန်များကိုကိုင်ဆောင်ကာ ရွာသားများကို စတင်၍သတ်ဖြတ်ကြ၏။

ဤသည်က ပန်းချီကားချပ်တစ်ခုဆိုသည်မှာ သိသာထင်ရှားသော်လည်း အတွင်းရှိလူများအားလုံး ရွေ့လျားနေကြသည်။

သတ်ဖြတ်သံများ ကျိန်ဆဲသံများ ငိုယိုသံများနှင့် အသနားခံတောင်းပန်နေသံများသည် အိမ်များမီးလောင်ကျွမ်းခြင်းကြောင့် ပြိုလဲကျနေသောအသံများနှင့် ရောယှက်၍ထွက်ပေါ်နေသည်။

သူတို့သည် ငရဲအတွင်းသို့ ရောက်နေသည့်အလားပင်။

ပန်းချီကားအတွင်းရှိ ရွာသားများအားလုံး သတ်ဖြတ်ခံလိုက်ရလေပြီ။ကျူးကျော်သူများသည် သေဆုံးသွားသော ရွာသားများ၏ခေါင်းများကိုဖြတ်၍ တောင်ကုန်းတစ်ခုကဲ့သို့ စုပုံထားသည်။

ရွာတစ်ရွာလုံး သွေးညှီနံများဖြင့် ပြည့်နှက်နေသည်။သာယာငြိမ်းချမ်းသောနေရာတစ်ခုသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နေရာအနှံ့အပြား၌ အလောင်းများ ပြန့်ကျဲနေပေ၏။

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။သူမ၏မျက်စိသူငယ်အိမ်များသည် ရုတ်တရက် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ပြင်းထန်သော နာကျည်းမုန်းတီးမှုများနှင့်ရောယှက်၍ သူမ၏ခန္ဓာကိုယ် နံဘေးပတ်လည်မှ ထွက်ပေါ်လာပေ၏။

တစ်ချိန်တည်းမှာပင် သူမ၏ဆံပင်ရှည်များ အနီရောင်သို့ ပြောင်းလဲသွားသည်။

ဟူး...

သူမရှေ့ရှိပန်းချီကားသည် ရုတ်တရက် လေထုအတွင်းသို့ မြောက်တက်သွားပေ၏။ပန်းချီကား၏အောက်ခြေမှနေ၍ မီးတောက်တစ်ခုလောင်ကျွမ်းလာကာ မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ ပန်းချီကားတစ်ချပ်လုံး ပြာကျသွားတော့သည်။

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။မူလက သူမအား လွှမ်းခြုံထားသော ပြင်းထန်သည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တဖြည်းဖြည်းအားနည်းသွားကာ နောက်ဆုံး၌ ပျက်ပြယ်သွားလေ၏။

"အဲ့ဒီကောင်စုတ်လေးပြောသွားတာက အရမ်းရိုးရှင်းတယ်...ဒါပေမယ့် ငါက ဒီနည်းလမ်းကိုအသုံးမပြုရင် ငါ့ခန္ဓာကိုယ်ထဲက အတွင်းစိတ်နတ်ဆိုးကို ဘယ်လိုနည်းနဲ့ဖိနှိပ်နိုင်မှာလဲ"

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက ခါးသည်းသောအပြုံးနှင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

သူမ၏ခန္ဓာကိုယ်အတွင်းမှ အတွင်းစိတ်နတ်ဆိုးကို ဖိနှိပ်နိုင်ရန်အတွက် သူမသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့လာရောက်၍ ကွန်ဖြူးရှပ်နှင့်တာအိုပညာရပ်များကို ကျင့်ကြံနေခြင်းဖြစ်သည်။သူမသည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းစိတ်နတ်ဆိုးမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ဖိနှိပ်နိုင်ရန်အတွက် သူမ၏အသက်စွမ်းအားများကို အသုံးပြုနေရသည်။

အချိန်အားလပ်သည့်အချိန်တိုင်း သူမသည် မိုးကောင်းကင်ကျမ်းစာဆောင်သို့လာကာ နံဘေးပတ်ဝန်းကျင်ရှိစာအုပ်များ၏အငွေ့အသက်ကို အကူအညီယူ၍ ပန်းချီရေးဆွဲကာ သူမ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းစိတ်နတ်ဆိုးကို ဖိနှိပ်နေခဲ့သည်။

ထိုအချိန်မှာပင် ဝင်္ကပါစိတ်ဝိညာဥ်က တတိယထပ်၏ဝင်ပေါက်နေရာ၌ ရုတ်တရက်ထွက်ပေါ်လာသည်။

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးကိုမြင်သည်နှင့် ဝင်္ကပါစိတ်ဝိညာဥ်က ပြောဆိုလိုက်၏။

"လက်ထောက်ကျောင်းအုပ်ပိုင်မင်...မင်း ခုထိ ထွက်မသွားသေးဘူးလား"

အကယ်၍ တပည့်များသာ ဤနေရာတွင်ရှိနေပါက ဝင်္ကပါစိတ်ဝိညာဥ်၏စကားကြောင့် သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားကြပေမည်။

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ နောက်ထပ်လက်ထောက်ကျောင်းအုပ်တစ်ယောက်ဖြစ်သော ပိုင်မင်ဟန်ပင်။

ထျန်းပိုယန်နှင့်နှိုင်းယှဥ်ပါက လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်သည် အေးစက်သောဟန်မြစ်အဆောင်၌သာ တံခါးပိတ်ကျင့်ကြံနေလေ့ရှိသည်။ထို့ကြောင့် တပည့်အများစုသည် သူမအား မြင်တွေ့ဖူးခြင်းမရှိချေ။

"ဒီနေရာကိုလာပြီး အနားလာယူတာလေ"

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက ရုတ်တရက် သူမ၏မျက်နှာတစ်ဖက်ကိုဖိကာ ဆွဲခွါလိုက်၏။

မူလက သူမသည် ပါးလွှာသောအရေပြားမျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားခြင်းဖြစ်သည်။

ထိုမျက်နှာဖုံး၏အောက်၌ တိုင်းပြည်များကိုပင်ပျက်စီးစေနိုင်သော ပြိုင်ဘက်ကင်းအလှမျက်နှာလေးရှိနေသည်။

သူမ၏ဖြူဖွေးနေသောမျက်နှာလေးပေါ်တွင် လောကကြီးတစ်ခွင်လုံးမှ ယောက်ျားသားများကို မူးယစ်သွားစေနိုင်သည့် ညှို့အားပြင်းသောမျက်လုံးတစ်စုံရှိနေသည်။

ပြဿနာများကိုရှောင်လွှဲနိုင်ရန်အလို့ငှါ ပိုင်မင်ဟန်သည် ပြင်ပသို့ထွက်သည့်အချိန်တိုင်း မျက်နှာဖုံးကိုတပ်ဆင်ထားခဲ့သည်။သို့ရာတွင် သူမ၏မျက်နှာဖုံးသည် အလွန်ပါးလွှာသည့်တိုင် သူမက စိတ်မွန်းကြပ်သကဲ့သို့ ခံစားနေရဆဲပင်။

"လက်ထောက်ကျောင်းအုပ်ပိုင်မင်...ဆက်ပြီးအနားယူနေပါအုံး...ငါ့မှာ အရေးကြီးကိစ္စလုပ်စရာရှိနေလို့ သွားလိုက်ပါအုံးမယ်"

ဝင်္ကပါစိတ်ဝိညာဥ်က အသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။

ဝင်္ကပါစိတ်ဝိညာဥ်ထံတွင် စိတ်ခံစားချက်ခုနစ်မျိုးနှင့် စိတ်ဆန္ဒ​ခြောက်မျိုးတို့ရှိမနေချေ။ထို့ကြောင့် ဤကဲ့သို့ ပြိုင်ဘက်ကင်းအလှပိုင်ရှင်နှင့် မျက်နှာချင်းဆိုင်နေရသည့်တိုင် သူသည် တည်ငြိမ်အေးဆေးနေဆဲပင်။

ပိုင်မင်ဟန်က အနည်းငယ်သိချင်စိတ်ပြင်းပြသွားသည်။

"နင့်ကိုကြည့်ရတာ အလျင်လိုနေပုံပဲ...ဘာကိစ္စရှိနေလို့လဲ"

သာမာန်အားဖြင့် ဝင်္ကပါစိတ်ဝိညာဥ်သည် ပထမထပ်တွင်သာနေလေ့ရှိပြီး တခြားအထပ်များသို့ သွားရောက်သည်မှာ အလွန်အမင်းရှားပါးပေ၏။

"ဆဋ္ဌမထပ်ကဝင်္ကပါ ပျက်စီးသွားပုံရတယ်...ငါ တစ်ချက်သွားကြည့်မလို့ပါ"

အမ်...

ပိုင်မင်ဟန်က အနည်းငယ် ကြက်သေသေသွားသည်။

သူမသည် ဆဋ္ဌမထပ်ရှိဝင်္ကပါကို အလွန်အမင်း ရင်းနှီးကျွမ်းဝင်သည်။ဝင်္ကပါပညာရှင်တစ်ယောက်လည်းဖြစ်သော သူမသည် ထိုဝင်္ကပါကို ချိုးဖျက်နိုင်ရန် ကြိုးပမ်းခဲ့ဖူးသည်။သို့ရာတွင် ထိုဝင်္ကပါသည် အဆက်မပြတ်ပြောင်းလဲနေသဖြင့် သူမပင်လျှင် အပြည့်အဝဖြေရှင်းနိုင်ခဲ့ခြင်းမရှိချေ။

All Chapters