အခန်း (၂၂၈၁-၂၂၈၅)
Vol. 117 Ch. 2281-2285
Chapter 2281
လုယွီသည် မျောက်ပြောဆိုခဲ့သော လူများအကြောင်းကို သိရှိပေ၏။
ထိုလူများသည် အတိတ်တွင် သာမာန်လူများ သို့မဟုတ် အောင်မြင်မှုအနည်းငယ်သာရှိခဲ့သူများဖြစ်ကာ သောင်းနှင့်ချီသောလူများ၏ရိုသေလေးစားမှုကို ခံယူရသောအဆင့်မျိုးသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးကြချေ။
သို့ရာတွင် သူတို့သည် တခြားလူတစ်ယောက်ကဲ့သို့ ညတွင်းချင်း ပြောင်းလဲသွားကြ၏။သူတို့၏ပါရမီအရည်အချင်းသည် ရုတ်တရက် အလွန်ထူးချွန်လာရုံသာမက သူတို့၏ကံကြမ္မာများမှာလည်း အလွန်အမင်းကောင်းမွန်လာသည်။သူတို့အား ဆန့်ကျင်မိသော မည်သူမဆို အဆုံးသတ်ကောင်းမွန်မည်မဟုတ်ချေ။
ထိုလူများသည် ရုတ်တရက် သူတို့၏အလားအလာ အရည်အချင်းများ ပေါက်ကွဲထွက်လာကာ အချိန်တိုအတွင်းမှာပင် လွှမ်းမိုးချုပ်ကိုင်နိုင်သောတည်ရှိမှုကြီးများအဖြစ် ရပ်တည်နိုင်ခဲ့ကြသည်။
သို့ရာတွင် သူတို့သည် အချိန်၏ကျိန်စာမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။
လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ယုံကြည်ခြင်းမရှိချေ။ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်း၌ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် သူ့အား ရွေးချယ်ခဲ့သည်။သို့ရာတွင် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှ အင်မော်တယ်များသည် လူကောင်းများမဟုတ်ချေ။
သူတို့ထံတွင် သူတို့လုပ်ခဲ့သမျှ အရာအားလုံးအတွက် ကိုယ်ပိုင်ထင်မြင်ယူဆချက်များရှိသည်။ဤသည်က မိုးကောင်းကင်မှနေ၍ ကံကြမ္မာကောင်းကြီးတစ်ခု ပြုတ်ကျလာသည်နှင့် တူညီသော်လည်း အတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပုန်းခိုနေနိုင်သည်။
လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ရရှိချိန်မှစ၍ ထိုအရာပေါ်ရှိစာလုံးများကိုဖတ်ကာ သူ၏အသိပညာဗဟုသုတကို တိုးတက်စေခဲ့သော်လည်း ကျမ်းစာရှိကျင့်ကြံနည်းစနစ်များအနက်မှမည်သည့်အရာကိုမျှ ကျင့်ကြံခဲ့ခြင်းမရှိချေ။
သူ့ထံတွင်လည်း မျောက်နှင့်တူညီသောအတွေးမျိုး ရှိနေသည်။
"ငါ အချိန်အတိုင်းအတာတစ်ခုထိ တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်တယ်"
မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ဗြောင်းဆန်နေသောမှော်စွမ်းအားများကိုဖိနှိပ်နိုင်ရန်အတွက် အင်အားများစွာ စိုက်ထုတ်ခဲ့ရသည်။
ထို့ပြင် သူသည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းမှနေ၍ အတွေ့အကြုံများစွာရရှိခဲ့သည်။ထိုအတွေ့အကြုံများကို ပေါင်းစပ်ပြီး သူ၏ကိုယ်ပိုင်ခွန်အားနှင့် သဟဇာတဖြစ်လာစေရန်အတွက် အချိန်လိုအပ်သည်။
လုယွီ တံခါးပိတ်ကျင့်ကြံနေသည်မှာ အချိန်လဝက်ခန့် ကုန်ဆုံးသွားလေပြီ။
ဤအချိန်အတောအတွင်းတွင် ထောင်နှင့်ချီသော တိုက်ပွဲအတွေ့အကြုံများက လုယွီ၏စိတ်အတွင်း၌ အဆက်မပြတ်ထွက်ပေါ်နေလေ၏။သူ့စိတ်ဝိညာဥ်မှစွမ်းအားဖြင့် ပုံရိပ်ယောင်ကမ္ဘာတစ်ခုကိုဖန်တီးကာ ကွဲပြားခြားနားသောလူများနှင့် သူ တစ်ချိန်လုံးတိုက်ခိုက်နေခဲ့သည်။
သူ၏မှော်နည်းစနစ်များသည် အချိန်နှင့်အမျှ တိုးတက်နေပေ၏။
ယခုချိန်၌ လုယွီအတွက် အချိန်သည် အလွန်အမင်းအဖိုးတန်သည်။ထို့ကြောင့် အချိန်တိုင်းကို သူ တန်ဖိုးထားသည်။တချို့လူများသည် တံခါးပိတ်ကျင့်ကြံရာတွင် နှစ်ဝက်ခန့်ကြာမြင့်မည်ဖြစ်သော်လည်း လုယွီကမူ လဝက်အတွင်းတွင် ကျင့်ကြံနည်းစနစ်ပေါင်းများစွာကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏နောက်၌ မှိန်ပျပျအလင်းဘီးကြီးတစ်ခုက မျောလွင့်နေပြီး ဖြည်းညှင်းစွာ လည်ပတ်နေသည်။
ထိုအလင်းဘီးကြီးတစ်ကြိမ်လှည့်ပတ်တိုင်း ရွှေရောင်စည်းတံဆိပ်အက္ခရာတချို့ ထွက်ပေါ်လာသည်။ထိုစည်းတံဆိပ်အက္ခရာတစ်ခုစီသည် အလွန်အမင်း သိမ်မွေ့နက်နဲကာ မရေမတွက်နိုင်သောအသိပညာများ ပါဝင်နေပေ၏။
"ကျွတ်..ကျွတ်...ဒီကောင်လေးက တကယ်ကြီးကို ရှေးဟောင်းတာအိုကျင့်ကြံသူတွေရဲ့လမ်းကြောင်းကို လျှောက်လှမ်းနေတာပဲ...ပြီးတော့ သူ့ဆီမှာ ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါမျိုးလည်းရှိနေတယ်...သူက မဟာတာအိုဂိတ်တံခါးကိုဖွင့်ဖို့နဲ့သက်ရှည်မီးအိမ်ထွန်းညှိဖို့ကို တပြိုင်နက်တည်းလုပ်ဖို့ စီစဥ်နေတာများလား...ဒါက အရင်တုန်းက ဘယ်သူမှ မကြိုးစားခဲ့ဘူးတဲ့နည်းလမ်းမျိုးတော့မဟုတ်ဘူး...ဒါပေမယ့် အဆုံးသတ်မှာ သူတို့အားလုံး ရှုံးနိမ့်သွားကြတယ်...ထာဝရအသက်ကိုအောင်မြင်ပြီးမြောက်ဖို့ဆိုတာက လောကကြီးရဲ့ကံကြမ္မာကို ခိုးယူတာနဲ့အတူတူပဲ...ဒါကို လောကကြီးထဲက ဥပဒေသတွေက ခွင့်ပြုမှာမဟုတ်ဘူး...မင်းက ဒီနှစ်ခုကို တပြိုင်နက်တည်းလုပ်ဆောင်ချင်တယ်ဆိုရင် မင်း ကြုံတွေ့ရမယ့် အတားအဆီးတွေက အရမ်းကြီးမားလိမ့်မယ်"
မျောက်သည် လုယွီ၏အပြောင်းအလဲများကို ဂရုတစိုက် လေ့လာဆန်းစစ်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ မျောက်သည် လုယွီထံတွင် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသည်ကို ရှာဖွေတွေ့ရှိမိလေ၏။
မူလက မျောက်သည် လုယွီ၏ဖိနှိပ်ထားခြင်းခံရသဖြင့် အလွန်စိတ်မကျေမနပ်ဖြစ်နေခဲ့သည်။သူသည် လုယွီအားလက်စားချေ၍ သူ လွတ်မြောက်နိုင်မည့်နည်းလမ်းများကို အချိန်တိုင်းစဥ်းစားတွေးတောနေမိသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏ဆိုးရွားသောအတွေးများအားလုံး ပျောက်ကွယ်သွားလေပြီ။
လုယွီ၏လက်ရှိခွန်အားအရ အကယ်၍ သူ လုယွီအား မသတ်ဖြတ်နိုင်ပါက သူ ဘေးကပ်ဆိုးတစ်ခုနှင့် ရင်ဆိုင်တွေ့ရပေမည်။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် မည်သည့်အရာကိုမျှ နားလည်ခြင်းမရှိသော်လည်း မျောက်၏ဘေးနားတွင် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသည်။
လဝက်ခန့်သာရှိသေးသော်လည်း သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ လက်နက်စိတ်ဝိညာဥ်ကလေးငယ် ကြီးထွားလာခဲ့သည်။ယခင်က သူသည် သုံးနှစ်သားကလေးအရွယ်အစားခန့်သာရှိသော်လည်း ယခုလက်ရှိချိန်တွင် ငါးနှစ် ခြောက်နှစ်အရွယ်သို့ ရောက်ရှိနေလေပြီ။သေမျိုးနိုင်ငံများ၌ ပညာသင်ယူရန် ကျောင်းတော်သို့သွားရောက်ရမည့်အရွယ်သို့ သူ ကြီးထွားလာခဲ့သည်။
ဤသည်က ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာများ၏လျှို့ဝှက်ဆန်းကြယ်မှုပင်။အကယ်၍ သူသည် ရည်ရွယ်ချက်ရှိရှိ ကျင့်ကြံခြင်းမပြုလျှင်ပင် အချိန်အတိုင်းအတာတစ်ခုအကြာတွင် ကြီးထွားလာပေမည်။
မျောက်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"ငါက ဒီလိုလူစားမျိုးနဲ့တွေ့ဆုံဖို့ ကံကြမ္မာပါလာတာပါလား...ဒါက ကံကောင်းတာလား ကံဆိုးတာလားဆိုတာ မသိတော့ဘူး"
"ဒါပေမယ့် ငါက အဲ့ဒီခေါင်းပြောင်တွေကို လက်စားချေနိုင်တော့မှာမလို့ အရမ်းပျော်တယ်...ဟား ဟား ဟား"
Chapter 2282
"နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာနိုင်ပြီ"
လုယွီက သူ၏မျက်လုံးကိုဖွင့်လိုက်ချိန်တွင် အခန်းအတွင်းရှိ အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။
လုယွီနိုးထလာသည်ကို မြင်ချိန်တွင် နတ်ဆိုးဝံပုလွေပေါက်လေးသည် အလျှင်အမြန်ပြေးလာကာ သူ၏ခေါင်းဖြင့် လုယွီ၏ရင်ဘတ်ကို တိုးဝှေ့လိုက်သည်။
ဤအချိန်အတောအတွင်းတွင် အသားစိမ်းများ၏ကူညီထောက်ပံမှုကြောင့် ဝံပုလွေပေါက်လေးသည် ယခင်ကဲ့သို့ အားနည်းခြင်းမရှိတော့ဘဲ သူ၏ခန္ဓာကိုယ်သည် များစွာပို၍ သန်မာအားကောင်းလာသည်။
"ကောင်လေး...မင်းက ဒီဝံပုလွေပေါက်လေးကို နတ်ဆိုးသားရဲထိန်းချုပ်သူ ဖြစ်စေချင်တာမလား..မင်းက ရှေးဟောင်းမိုးကောင်းကင်နတ်ဆိုးကျမ်းစာကို ရထားတယ်...တကယ်လို့ မင်းက ဒီမှော်မန္တန်ကို ဒီဝံပုလွေပေါက်လေးပေါ်မှာ အသုံးပြုလိုက်မယ်ဆိုရင် သူ့ရဲ့အနာဂတ်အောင်မြင်မှုကို မှန်းဆလို့တောင်ရမှာမဟုတ်ဘူး"
မျောက်က ပြောဆိုသည်။
လုယွီက ခေါင်းခါပြလေ၏။
"သူက အရမ်းငယ်သေးတယ်...အခုချိန်မှာ သူ့အတွက် အရေးအကြီးဆုံးအရာက ဘယ်လိုအသက်ရှင်ရမယ်ဆိုတာပဲ...စွမ်းအားတွေအများကြီးကို သူ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး"
ထို့နောက် လုယွီသည် သူ၏အိမ်မှထွက်ခွါကာ ဟန်မြစ်အဆောင်သို့ ဦးတည်၍သွားလိုက်သည်။
သူ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ လာရောက်ခဲ့သော အဓိကရည်ရွယ်ချက်တစ်ခုမှာ နတ်ဘုရားကုန်းမြေနှင့် နီးစပ်သောကြောင့်ပင်။
သူသည် မြေဒြပ်စင်ချီများ လုံလောက်စွာရရှိမှသာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။
ကျင့်ကြံသူအများစုသည် သဘာဝဒြပ်စင်ချီမှော်ရတနာများကိုအသုံးပြု၍ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည်။
သို့ရာတွင် လုယွီ ကျင့်ကြံနေသည်မှာ ရှေးဟောင်းတာအိုအင်မော်တယ်များ၏ကျင့်ကြံမှုလမ်းကြောင်းပင်။ထို့ကြောင့် သူ လိုအပ်သော ဒြပ်စင်ချီပမာဏမှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် များပြားပေ၏။သူ အဆင့်ချိုးဖျက်နိုင်ရန်အတွက် ဒြပ်စင်ချီ မည်မျှများများလိုအပ်မည်ကို လုယွီကိုယ်တိုင်ပင် အတပ်မပြောနိုင်ချေ။
အကယ်၍ ဒြပ်စင်ချီမလုံလောက်ခြင်းကြောင့် သူ၏ကျင့်ကြံမှုသာ ကျရှုံးသွားပါက သူ၏မဟာတာအို ထိခိုက်သွားနိုင်ကာ အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းတွင် အကြီးအကျယ်သက်ရောက်မှု ရှိသွားနိုင်သည်။
လုယွီသည် သူ ယုံကြည်ချက်အခိုင်အမာမရှိသော ကိစ္စမျိုးကို တစ်ကြိမ်တစ်ခါမျှ ပြုလုပ်လေ့မရှိချေ။အကယ်၍ သူ အဆင့်ချိုးဖျက်လိုပါက မြေဒြပ်စင်ချီများ အဆက်မပြတ်ဖြည့်တင်းပေးနိုင်သောနေရာမျိုးကို ရှာဖွေရန်လိုအပ်သည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ ထိုကဲ့သို့နေရာမျိုးရှိနေပြီး နတ်ဘုရားကုန်းမြေဟုခေါ်ဆိုသည်။
အကယ်၍ သူသည် နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်လိုပါက ဟန်မြစ်အဆောင်တွင်နေထိုင်သော လက်ထောက်ကျောင်းအုပ်ထံသို့ သွားရောက်လည်ပတ်ရပေမည်။
မကြာမီမှာပင် လုယွီသည် ဟန်မြစ်အဆောင်သို့ ရောက်ရှိလာခဲ့သည်။
ဤနေရာသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏မြောက်ဘက်ပိုင်းရှိ တောင်ခြေတွင်တည်ရှိသည်။ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ပိုင်နက်နယ်မြေသည် အလွန်အမင်းကျယ်ဝန်းသဖြင့် အဆင့်မြင့်ခြံဝန်းအမြောက်အများရှိသည်။ထိုခြံဝန်းများအကြားတွင် အတားအဆီးများနှင့်ကန့်သတ်ပိုင်းခြားထားသဖြင့် ခြံဝန်းတစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိချေ။
ထူထပ်သိပ်သည်းသောတောအုပ်ကြီးကိုဖြတ်သန်း၍ ရေအိုင်တစ်ခု၏အလယ်ဗဟိုရှိ ကျွန်းပေါ်၌ ကြီးကျယ်ခမ်းနားသောအဆောင်တစ်ခုရှိနေသည်။
ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ် ကုချင်းသံက ထိုအဆောင်မှနေ၍ ပျံ့လွင့်နေပေ၏။
ထိုကုချင်းသံသည် အလွန်သာယာကြည်နူးဖွယ်ကောင်းပြီး ကြားရသူများကို စိတ်အေးချမ်းမှုနှင့်ပျော်ရွှင်မှုအား ခံစားရစေကာ သူတို့၏စိတ်နှလုံးသားများအတွင်းမှ စိုးရိမ်သောကများအားလုံးကို ပျောက်ကွယ်သွားစေသည်။
ထိုရေအိုင်၏နံဘေးတွင် တပည့်တချို့ မတ်တတ်ရပ်နေကြကာ သူတို့၏လက်အတွင်းတွင် သေတ္တာတချို့ကိုကိုင်ဆောင်၍ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကြသည်။
လုယွီက သူတို့ကို စောင်းငဲ့၍ကြည့်လိုက်ရာ ထိုသေတ္တာများအတွင်းတွင် အလွန်အဖိုးတန်ရှားပါးသောရတနာများရှိနေသည်ကို မြင်တွေ့လိုက်ရ၏။
ဆေးလုံးများ..မှော်လက်နက်များ...မှော်ရတနာများ...သံချပ်ကာများ အစရှိသဖြင့် အဖိုးတန်ရှားပါးသောပစ္စည်းများ ထိုသေတ္တာများအတွင်း၌ရှိနေသည်။
"လက်ထောက်ကျောင်းအုပ်ပိုင်မင်...ကျွန်တော်တို့ဆရာသခင်ရဲ့နှလုံးသားကို ခုထိနားမလည်သေးဘူးလား"
"ကျွန်တော်တို့ရဲ့ဆရာသခင်က လက်ထောက်ကျောင်းအုပ်ပိုင်မင်ကို စတွေ့တဲ့အချိန်ကတည်းက မအိပ်နိုင်မစားနိုင်ဖြစ်နေတယ်...သူ့ရဲ့နှလုံးသားထဲမှာ လက်ထောက်ကျောင်းအုပ်ရဲ့ပုံရိပ်တွေကပဲ အမြဲတမ်းရစ်ဝဲနေတယ်...ကျင့်ကြံမှု ချမ်းသာကြွယ်ဝမှုနဲ့နောက်ခံအင်အားတွေနဲ့ ပြည့်စုံတဲ့ ကျွန်တော်တို့ရဲ့ဆရာသခင်က ငယ်ရွယ်ပြီးတော့ ကတိတည်သူလည်းဖြစ်တယ်....သူက လက်ထောက်ကျောင်းအုပ်အတွက် အသင့်တော်ဆုံး တာအိုလက်တွဲဖော်ပဲ...ဘာလို့ လက်ထောက်ကျောင်းအုပ်က အပြင်ကိုထွက်ပြီး သူ့ကိုမတွေ့တာလဲ"
ထိုလူစု၏ရှေ့၌ မတ်တတ်ရပ်နေသော အလယ်အလတ်အဆင့်တပည့်ဝတ်စုံကို ဝတ်ဆင်ထားသောလူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့ရာတွင် ထိုလူ၏စကားများကို မကြားသည့်အလား ဟန်မြစ်အဆောင်မှထွက်ပေါ်နေသော ကုချင်းသံသည် ရပ်တန့်သွားခြင်းမရှိချေ။
လုယွီသည် နံဘေးဘက်မှနေ၍ စောင့်ကြည့်နေသော်လည်း ထိုလူသည် ဆက်လက်၍ သွေးဆောင်စကားများပြောဆိုနေကာ ထွက်ခွါသွားမည့်ပုံမရပေ။
အချိန်တခဏကြာနားထောင်ပြီးနောက် လုယွီသည် မညိသည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို အကြမ်းဖျင်းသိနားလည်သွားပေ၏။
ထိုလူ၏နာမည်သည် ကျိုးခိုင်ဖြစ်ပြီး ကျောင်းတော်မှအလယ်အလတ်အဆင့်တပည့်တစ်ယောက်ပင်။
သူ၏ဆရာသခင်သည် လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်၏အစစ်အမှန်မျက်နှာကို မတော်တဆတွေ့မြင်မိခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ကျိုးခိုင်၏ဆရာသခင်သည် လက်ထောက်ကျောင်းအုပ်အပေါ် အလွန်အမင်းစိတ်ဝင်စားသွားကာ သူ၏တာအိုလက်တွဲဖော်အဖြစ် လိုချင်တပ်မက်ခဲ့သည်။
သို့ရာတွင် ကျိုးခိုင်၏ဆရာသခင်သည် သူ၏နာမည်ဂုဏ်သတင်းအပေါ် များစွာဂရုစိုက်ပေ၏။ထို့ကြောင့် သူသည် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ခြင်းမရှိဘဲ သူ၏တပည့်ဖြစ်သူကိုစေလွှက်ကာ သွေးဆောင်ဖြားယောင်းစေခြင်းဖြစ်သည်။
Chapter 2283
လုယွီသည် အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းနေသော်လည်း ကျိုးခိုင်သည် ထွက်ခွါရန်အကြံအစည်ရှိပုံမရချေ။
ထိုမြင်ကွင်းကိုကြည့်ပြီး လုယွီက ခေါင်းကုတ်ကာ ရှေ့သို့လျှောက်လှမ်းသွားလိုက်၏။
"ရပ်လိုက်စမ်း...မင်းက ဘယ်သူလဲ"
တခြားတပည့်တစ်ယောက် ဤနေရာသို့လျှောက်လှမ်းလာသည်ကိုမြင်ချိန်တွင် ကျိုးခိုင်က ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
"ငါက လက်ထောက်ကျောင်းအုပ်ကို တွေ့ဖို့လာတာ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ကျိုးခိုင်က စိတ်မရှည်သောလေသံဖြင့် အော်ငေါက်လေ၏။
"ဒီနေရာက ထွက်သွားစမ်း...လက်ထောက်ကျောင်းအုပ်က ဘယ်သူကိုမှ မတွေ့ချင်ဘူး...မင်း မြန်မြန်ထွက်သွားတော့"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ကြည့်ရသလောက်တော့ မင်းက လက်ထောက်ကျောင်းအုပ်ရဲ့လူ မဖြစ်နိုင်ဘူး..သူ ငါ့ကို တွေ့ မတွေ့ဆိုတာက မင်းနဲ့ဘာဆိုင်လို့လဲ"
လုယွီသည် ဤကိစ္စရပ်များအတွင်း၌ ပါဝင်ပတ်သက်ရန် ရည်ရွယ်မထားချေ။
သူသည် လက်ထောက်ကျောင်းအုပ်နှင့်တွေ့ဆုံ၍ နတ်ဘုရားကုန်းမြေသို့ ဝင်ရောက်နိုင်ခွင့်ကို တောင်းဆိုရန်သက်သက်ပင်။
"ဒီလိုပုံစံမျိုးနဲ့ ငါ့ကို စကားပြောဝံ့တဲ့သူ ရှိနေသေးတာလား...မင်းက တပည့်သစ်တစ်ယောက် မဟုတ်လား"
ကျိုးခိုင်က အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်၏။
"တခြားသူရဲ့ကိစ္စထဲမှာ ဝင်မရှုပ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်...တပည့်သစ်တစ်ယောက်က လက်ထောက်ကျောင်းအုပ်ကို လာရှာရအောင် ဘာကိစ္စများရှိနေလို့လဲ...ဒီနေရာက ထွက်သွားစမ်း"
သူ၏တာဝန်မှာ လက်ထောက်ကျောင်းအုပ်ကို ပြင်ပသို့ထွက်လာရန်အတွက် သွေးဆောင်ဖြားယောင်းရန်ပင်။
ထိုသို့ပြုလုပ်နိုင်ပါက များပြားသောအကျိုးအမြတ်များပေးမည်ဟု ဆရာသခင်က သူ့အား ကတိပေးထားသည်။
ယခုလက်ရှိချိန်တွင် ကျိုးခိုင်၏စိတ်နှလုံးသားအတွင်း၌ ထိုအကျိုးအမြတ်များရရှိရန်သာ ဆန္ဒရှိနေသည်။ထို့ကြောင့် သူသည် လုယွီအပေါ်၌ အမြင်ကောင်းမရှိချေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ငါ ဘာလာလုပ်လုပ် မင်းနဲ့ဘာဆိုင်လဲ...ငါက မင်းကို သတင်းပို့စရာလိုလို့လား"
"ဟား ဟား ဟား...မင်းက တပည့်သစ်တစ်ယောက်ဖြစ်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းက သေခြင်းနဲ့ရှင်ခြင်းကြား ကွာခြားချက်ကို တကယ်မသိတဲ့ပုံပဲ"
ကျိုးခိုင်က သူ၏လက်ကိုပိုက်၍ ပြောဆိုကာ သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုးရှိနေသည်။
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"မင်း ဘာလိုချင်တာလဲ"
"ငါ ဘာမှမလိုချင်ပါဘူး...ငါက ဂျူနီယာညီလေး ဒီနေရာမှာ ရပ်နေဖို့ကိုပဲ လိုချင်တာ...လက်ထောက်ကျောင်းအုပ်ကို မနှောက်ယှက်နဲ့"
ကျိုးခိုင်က ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ထို့နောက် သူ၏နောက်မှ တပည့်တချို့ထွက်လာကာ လုယွီကို ဟန့်တားလိုက်ကြ၏။
ထိုတပည့်များသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ စီနီယာတပည့်များဖြစ်သဖြင့် လုယွီကို အနည်းငယ်မျှပင် အာရုံစူးစိုက်ခြင်း မရှိကြချေ။
"ဂျူနီယာညီလေး....တကယ်လို့ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင်...လူမှားပြီးရန်စမိတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်ပေတော့"
ထိုတပည့်များအနက်မှတစ်ယောက်က ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
ကြည့်ရသည်မှာ ထိုလူစုသည် ကျောင်းတော်၏စည်းမျဥ်းများကို လျစ်လျှူရှု၍ လုယွီအား သင်ခန်းစာပေးလိုပုံရသည်။
သို့ရာတွင် သူတို့၏လက်များက လုယွီ၏ပခုံးကို တို့ထိမိလုဆဲဆဲအချိန်မှာပင် သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။
ဘုန်း...ဘုန်း....
တပည့်နှစ်ယောက်သည် အနည်းငယ်မျှပင် ပြင်ဆင်ထားခြင်းမရှိချေ။ထို့ကြောင့် သူတို့သည် နောက်သို့လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာပေ၏။
"မင်းတို့ ဂရုစိုက်သင့်တယ်...မင်းတို့က လမ်းလျှောက်နေရင်းနဲ့တောင် ဘာလို့ လဲကျနေကြတာလဲ"
လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
မည်သူကမျှ လုယွီ၏လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မမြင်တွေ့လိုက်ရချေ။
တခြားစကားလုံး ပြောင်းဆိုရလျှင် ထိုလူများသည် လုယွီ၏လှုပ်ရှားမှုကို မြင်တွေ့ရန်အတွက် အရည်အချင်းမပြည့်မီပေ။
"မင်းက တိုက်ခိုက်ရဲသေးတာလား"
ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု ကျိုးခိုင်က မျှော်လင့်ထားမိခြင်းမရှိချေ။
သူသည် ကျောင်းတော်အတွင်း၌ အားနည်းသူကိုအနိုင်ကျင့်၍ အားကြီးသူကိုကြောက်ရွံသူ တစ်ယောက်ဖြစ်သည်။သူသည် အမြဲတစေ ဂျူနီယူတပည့်များကို အနိုင်ကျင့်လေ့ရှိသည်။မည်သည့်ကြောင့် သူသည် ဂျူနီယာတပည့်တစ်ယောက်၏ သင်ခန်းစာပေးခြင်းကို ခံယူရမည်နည်း။
"မင်းက သေလမ်းရှာနေတာပဲ"
ကျိုးခိုင်က သူ၏လက်ကိုဆန့်ထုတ်၍ လုယွီထံဦးတည်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ကျိုးခိုင်သည် ဤကဲ့သို့ ပြတ်ပြတ်သားသား တိုက်ခိုက်မည်ဟု လုယွီက မျှော်လင့်မထားမိချေ။
သို့ရာတွင် ဤနေရာသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ရှိနေသော်လည်း လူသူအရောက်အပေါက် နည်းပါးသည်။အကယ်၍ ကျိုးခိုင်သည် လုယွီအား ရိုက်နှက်နိုင်ခဲ့လျှင်ပင် စည်းမျဥ်းခန်းမမှလူများ သိရှိနိုင်မည်မဟုတ်ချေ။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"တကယ်တော့ မင်း ငါ့ကို ရန်မစသင့်ဘူး"
လုယွီ လှုပ်ရှားတော့မည့်အချိန်မှာပင် ရုတ်တရက် ဓားပျံတစ်လက်က ရေအိုင်၏အလယ်ရှိကျွန်းမှနေ၍ တန်းတန်းမတ်မတ်ပျံဝဲလာသည်။
ဝှစ်...
ထိုဓားပျံသည် ကျိုးခိုင်နှင့်လုယွီအကြားရှိ မြေပြင်အတွင်းသို့ စိုက်ဝင်သွားသည်။
"နင်တို့နှစ်ယောက်...ဒီနေရာမှာ တိုက်ခိုက်လို့မရဘူး"
မျက်နှာလွှားဇာကိုဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ကျွန်းပေါ်မှနေ၍ ပျံသန်းလာကာ ပြောဆိုလိုက်၏။
ထိုမိန်းကလေးကိုမြင်ချိန်တွင် ကျိုးခိုင်၏မျက်နှာပေါ်၌ ရိုသေလေးစားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဂျူနီယာညီမလေးထန်အာ....ဒါက နားလည်မှုလွဲမှားတာပါ...ငါက ဒီဂျူနီယာညီလေးကို စနောက်နေရုံသက်သက်ပဲ"
ထန်အာဟု ခေါ်ဆိုခံရသည့် မိန်းကလေးက အေးစက်စက်အသံဖြင့် ပြောဆိုလေသည်။
"ထပ်ပြီးတိုက်ခိုက်ဝံ့တဲ့ ဘယ်သူမဆို...ကျောင်းတော်ကနေ ချက်ချင်းနှင်ထုတ်ခံရမယ်"
Chapter 2284
ထန်အာကို ကြည့်ရသည်မှာ ဤနေရာ၌ အတော်အသင့် သြဇာအာဏာရှိပုံရသည်။
သူမသည် လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်၏လက်ရင်းတပည့်ဖြစ်သဖြင့် သူမ၏အဆင့်အတန်းသည် တချို့သောအဆင့်မြင့်တပည့်များနှင့်ပင် နှိုင်းယှဥ်နိုင်သည်။ထို့ကြောင့် ကျိုးခိုင်သည် သူမအား လျစ်လျှူရှုဝံ့ခြင်းမရှိချေ။
သူမ၏စကားကိုကြားသည်နှင့် ကျိုးခိုင်က ချက်ချင်းဆိုသလိုပင် ရပ်တန့်လိုက်ကာ အပြုံးနှင့်ပြောဆိုလိုက်၏။
"ကောင်းပြီလေ...ဂျူနီယာညီမလေးထန်အာက ဒီလိုပြောလာမှတော့...ငါက မင်း ပြောတဲ့အတိုင်း လိုက်နာရမှာပေါ့"
ထို့နောက် ကျိုးခိုင်က လုယွီကို ခြိမ်းခြောက်သောအကြည့်မျိုးဖြင့်ကြည့်ကာ ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ဆက်လက်ပြောဆိုသည်။
"ဂျူနီယာညီလေး...ငါ မင်းကို မှတ်ထားမယ်...နောင်တစ်ချိန်မှာ ငါတို့ ပြန်တွေ့ကြအုံးမှာပါ...မင်းနဲ့ငါ ထပ်တွေ့တဲ့အချိန်ကျရင် ငါ့ကို ဒီလိုအပြုအမူမျိုးနဲ့စကားပြောနိုင်ပါစေလို့ ငါ မျှော်လင့်တယ်"
တခြားတပည့်များသည် ထိုစကားကိုကြားချိန်တွင် လုယွီကို ကြည့်နေကြသော သူတို့၏မျက်လုံးများအတွင်း၌ သနားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ကျိုးခိုင်သည် စိတ်သဘောထားကျဥ်းမြောင်းသူဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်မှ သူ့အားရန်စစော်ကားလာပါက ထိုလူအားရန်ငြှိုးထား၍ နည်းလမ်းအမျိုးမျိုးကိုအသုံးပြုကာ တိုက်ခိုက်လေ့ရှိသည်။
ယခုလက်ရှိချိန်တွင် လုယွီသည် ကျိုးခိုင်အား ဆန့်ကျင်၍တိုက်ခိုက်ခဲ့သဖြင့် သူ့အား ရန်စစော်ကားသကဲ့သို့ ဖြစ်သွားလေပြီ။
ထို့ကြောင့် ကျိုးခိုင်သည် လုယွီကို အလွတ်ပေးမည်မဟုတ်ချေ။
လုယွီ၏မျက်နှာသည် တည်ငြိမ်အေးဆေးနေပြီး ကျိုးခိုင်၏ခြိမ်းခြောက်စကားကို မကြားသကဲ့သို့သာ ပြုမူနေသည်။
သူက ထန်အာကိုကြည့်ကာ ပြောဆိုလိုက်၏။
"ငါ လုယွီက လက်ထောက်ကျောင်းအုပ်နဲ့ တွေ့ချင်ပါတယ်...စီနီယာအမက အကြောင်းကြားပေးနိုင်မလား"
ထန်အာက လုယွီကိုတစ်ချက်ကြည့်၍ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဆရာသခင်က ငါ့ကို မှာကြားထားတယ်...သူ့ရဲ့တေးသွားကို နက်နက်ရှိုင်းရှိုင်းနားလည်တဲ့ ဘယ်သူမဆို အထဲကိုဝင်ခွင့်ရမယ်"
ထိုစကားကိုကြားချိန်တွင် ကျိုးခိုင်က အလွန်ပျော်ရွှင်သွားသည်။
လျှို့ဝှက်ဆန်းကြယ်သောလက်ထောက်ကျောင်းအုပ်နှင့် နီးကပ်နိုင်ရန်အလို့ငှါ သူသည် ကုချင်းသံစဥ်များစွာကို သင်ယူခဲ့သည်။
ထို့ကြောင့် ဤကုချင်းတေးသွားကိုနားလည်နိုင်ရန်မှာ သူ၏လက်ဖဝါးကို လှန်လိုက်သကဲ့သို့ လွယ်ကူပေမည်။
ကျိုးခိုင်သည် ကုချင်းတေးသွားကို အချိန်တခဏကြာနားထောင်ပြီးနောက် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောဆိုလိုက်၏။
"ဒီကုချင်းတေးသွားက နူးညံတဲ့လေပြည်လေညှင်းလေးတွေ တိုက်ခတ်နေသလိုပဲ...ဒါက သိမ်မွေ့နူးညံပြီးတော့ သာယာနာပျော်ဖွယ်ကောင်းတယ်...မြင့်မြတ်တယ်....ဒါပေမယ့် အေးစက်စက်ခံစားချက်တွေက ဒီတေးသွားထဲမှာ ရောယှက်နေတယ်...လက်ထောက်ကျောင်းအုပ်က ဒီလိုမျိုး လူသူကင်းမဲ့ပြီးတော့ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးမှာ နေနေခဲ့တာ အချိန်အတော်ကြာမြင့်နေပြီ...ဒါက ကောင်းမွန်တယ်ဆိုပေမယ့် နည်းနည်းတော့ အထီးကျန်ဆန်တယ်"
ထို့နောက် ကျိုးခိုင်က ဆက်လက်၍ သွေးဆောင်စကားပြောဆိုသည်။
"လက်ထောက်ကျောင်းအုပ်ရဲ့ဂီတတာအိုက ထိပ်တန်းအဆင့်ကို ရောက်နေပြီ...ဒါပေမယ့် ကျွန်တော်တို့ရဲ့ဆရာသခင်ကလည်း ဂီတတာအိုမှာ အောင်မြင်မှုတချို့ရထားတယ်...ဆရာသခင်နဲ့လက်ထောက်ကျောင်းအုပ်တို့က တာအိုလက်တွဲဖော်တွေအဖြစ်နဲ့ လက်တွဲပြီးတော့ ဂီတတာအိုကို အတူသင်ယူကြရင် ပိုမကောင်းဘူးလား"
ကျိုးခိုင်က သူကိုယ်သူ အခိုင်အမာယုံကြည်ချက်ရှိသည်။
သူမကိုယ်သူမ ကျွန်းတစ်ကျွန်းပေါ်၌ လှောင်ပိတ်ထားသော အမျိုးသမီးတစ်ယောက်သည် အချစ်အတွက်မဟုတ်ပါက တခြားမည်သည့်အကြောင်းအရင်း ရှိနေအုံးမည်နည်း။
ကျိုးခိုင်က သူ့ဆရာသခင်၏စိတ်ရင်းကို ဖွင့်ဟပြောဆိုလိုက်သဖြင့် လက်ထောက်ကျောင်းအုပ် စိတ်လှုပ်ရှားသွားမည်ဟု သူ ယုံကြည်ထားပေ၏။
ထန်အာသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိဘဲ လုယွီဘက်သို့ လှည့်ကြည့်လိုက်သည်။
"နင်ကရော...ဘယ်လိုထင်လဲ"
လုယွီသည် မျက်လုံးစုံမှိတ်၍ သူ့ရှေ့၌ပျံ့လွင့်နေသော ကုချင်းသံကို တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေသည်။
လုယွီ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ကျိုးခိုင်က သရော်တော်တော် ပြောဆိုလေ၏။
"အိုက်ယား...ဂျူနီယာညီမလေးက ဒီလိုငတုံးကောင်မျိုးကို ဘာလို့မေးနေသေးတာလဲ...သူ့ကိုကြည့်ရတာ ဂီတတာအိုကို ထိတွေ့ဖူးပုံတောင်မရဘူး...ဘယ်လိုလုပ်ပြီးတော့ ဒီကုချင်းတေးသွားရဲ့အဓိပ္ပါယ်ကို နားလည်သဘောပေါက်နိုင်မှာလဲ"
ထို့နောက် ကျိုးခိုင်က လုယွီဘက်သို့လှည့်၍ ခနဲ့တဲ့တဲ့ပြောဆိုလိုက်သည်။
"မင်း ဟန်ဆောင်မနေစမ်းနဲ့...အဆုံးသတ်ကျရင် မင်း ငါပြောသလိုပဲ ပြောမှာမလား"
လုယွီသည် ကျိုးခိုင်၏သရော်တော်တော်ပြောဆိုမှုများကို မကြားသည့်အလား ကုချင်းသံကိုသာ ဂရုတစိုက် နားထောင်နေသည်။
အချိန်တခဏကြာပြီးနောက် နောက်ဆုံးတွင် လုယွီက သူ၏မျက်လုံးကိုဖွင့်ကာ ရေအိုင်၏အလယ်ရှိကျွန်းပေါ်မှ အဆောင်ကိုကြည့်ကာ ပြောဆိုလေ၏။
"တကယ်လို့ မင်းရဲ့စိတ်နှလုံးသားထဲမှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေရှိနေတယ်ဆိုရင်...ဘာလို့ တောင်တန်းတွေကြားထဲက ဝါးတောအုပ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာလဲ"
ဒေါင်...
လုယွီ၏အသံ ကျရောက်သွားခြင်းနှင့်အတူ ရေအိုင်၏အလယ်ရှိ ကျွန်းပေါ်မှ ကုချင်းတီးသံ ရုတ်တရက် ရပ်တန့်သွားသည်။
ထိုမြင်ကွင်းကိုမြင်ချိန်တွင် ကျိုးခိုင်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
"ဆိုးရွားလိုက်တဲ့ကောင်...မင်း ဘာတွေပြောနေတာလဲ"
လုယွီက ကျိုးခိုင်ကို လျစ်လျှူရှုကာ ဆက်လက်ပြောဆိုသည်။
"မင်းရဲ့ကုချင်းတေးသွားထဲမှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေ အမျက်ဒေါသတွေနဲ့ စိတ်ပျက်အားငယ်တဲ့ခံစားချက်တွေ ပါဝင်နေတယ်...ငါ ကြားရသလောက်တော့ မင်းက မင်းရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေကို ကုချင်းတေးသွားထဲမှာ ဖုံးကွယ်ထားချင်တာပဲ...ဒါက မင်းရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေကို အဆုံးစွန်ဆုံးထိ စုစည်းထားသလို ဖြစ်သွားလိမ့်မယ်....ဒါပေမယ့် တကယ်လို့ မင်း ဒီအတိုင်းဆက်သွားမယ်ဆိုရင် နတ်ဆိုးလမ်းကြောင်းထဲကို ရောက်သွားနိုင်တယ်...မင်းက ချောက်နက်ကြီးထဲကနေ မင်းကိုယ်မင်း ပြန်အဖတ်ဆယ်လို့ရမှာမဟုတ်ဘူး"
Chapter 2285
"ခွေးမသားလေး...မင်း ထပ်ပြီးတော့ ပေါက်ကရစကားတွေ ပြောနေအုံးမယ်ဆိုရင် ငါ မင်းရဲ့ပါးစပ်ကို ဆွဲဖြဲပစ်မယ်"
ကျိုးခိုင်က ဒေါသတကြီး အော်ငေါက်လိုက်၏။လျှို့ဝှက်ဆန်းကြယ်သော လက်ထောက်ကျောင်းအုပ်ကို မြင်တွေ့သည်နှင့် လူတိုင်းက ရိုသေလေးစားစွာ ဆက်ဆံကြသည်။
ထိုကောင်စုတ်လေးသည် မည်သည်ကြောင့် လက်ထောက်ကျောင်းအုပ်ကို ဝေဖန်ပြောဆိုဝံ့သနည်း။
သူကိုယ်သူ မည်သူဟု ထင်နေသနည်း....
ကျိုးခိုင်က လုယွီအား ဆက်လက်၍ပြစ်တင်ပြောဆိုရန် ဟန်ပြင်နေစဥ်မှာပင် ရေအိုင်အလယ်ရှိကျွန်းပေါ်မှနေ၍ ရှည်လျားသောသက်ပြင်းရှိုက်သံတစ်သံ ထွက်ပေါ်လာသည်။
"ဝင်လာခဲ့ပါ"
ထိုအသံကိုကြားချိန်တွင် ကျိုးခိုင်က အပျော်လွန်သွားပေ၏။သူသည် လက်ထောက်ကျောင်းအုပ်၏စိတ်ကို ပြောင်းလဲနိုင်ရန်အတွက် ဤနေရာသို့ နေ့စဥ်နေ့တိုင်းလာရောက်ကာ သွေးဆောင်စကားများ ပြောဆိုနေခဲ့ရသည်။
ပိုင်မင်ဟန်နှင့် သူ၏ဆရာသခင်တို့ တာအိုလက်တွဲဖော်သာ ဖြစ်သွားခဲ့ပါက သူသည် အကျိုးအမြတ်များစွာ ရရှိနိုင်ရုံသာမက ပို၍အရေးကြီးသောအချက်မှာ နောင်အနာဂတ်တွင် သူသည် လက်ထောက်ကျောင်းအုပ်ရာထူးကိုပင် ရရှိနိုင်ပေမည်။
သူ၏နောက်ခံအင်အား ပို၍အားကောင်းလာမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ထိုအချိန်တွင် သူ ကျိုးခိုင်သည် အဆင့်မြင့်တပည့်အဖြစ်သို့ပင် တိုက်ရိုက်အဆင့်တက်သွားနိုင်သည်။
ထိုအကြောင်းကို တွေးတောမိသည်နှင့် ကျိုးခိုင်သည် အလွန်စိတ်လှုပ်ရှားသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
"ကောင်းပါပြီ...ဒီတပည့်က အခုချက်ချင်း ဝင်ခဲ့ပါ့မယ်"
ကျိုးခိုင်သည် ပျာပျာသလဲခေါင်းညိတ်ပြကာ သူ့နောက်ရှိ တပည့်များဘက်သို့လှည့်၍ ပြောဆိုလိုက်၏။
"ဒီနေရာမှာ ရပ်မနေကြနဲ့...ပစ္စည်းတွေကို မြန်မြန်သယ်ခဲ့ကြစမ်း"
ထိုတပည့်များသည် အိမ်မက်မှနိုးထလာကြသူများအလား ထိတ်လန့်သွားကြကာ သူတို့နောက်မှပစ္စည်းများကို မလိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် ထန်အာက သူတို့ကို ဟန့်တားလိုက်၏။
"ဂျူနီယာညီမလေးထန်အာ...မင်း ဘာလုပ်တာလဲ...ငါတို့က နောင်တစ်ချိန်မှာ အတူတူပညာသင်ယူရတော့မှာ...ငါတို့က တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ဖို့လိုအပ်တယ်"
ကျိုးခိုင်က ထန်အာ၏မျက်နှာကို စူးစိုက်ကြည့်၍ ပြောဆိုလိုက်ကာ သူ၏စိတ်နှလုံးသားအတွင်း၌ ဆိုးညစ်သောအတွေးများ ဖြတ်ပြေးသွားသည်။
ထန်အာသည် အလွန်လှပချောမောသူတစ်ယောက်ဖြစ်သည်။သူမ၏ညှို့အားပြင်းသောမျက်လုံးတစ်စုံ ဖြူဖွေးနူးညံသောအသားအရေတို့ကြောင့် ကျောင်းတော်အတွင်းတွင် အလှဆုံးမိန်းကလေးများအနက်မှတစ်ယောက်ဟု သတ်မှတ်နိုင်သည်။
အနာဂတ်ကို မျှော်တွေးကြည့်ပါက ပိုင်မင်ဟန်နှင့်သူ၏ဆရာသခင်သာ တာအိုလက်တွဲဖော်ဖြစ်သွားလျှင် သူသည် ထန်အာနှင့်နီးစပ်ရန် အခွင့်အရေးအမြောက်အများ ရရှိနိုင်ပေမည်။
ထိုအကြောင်းကို တွေးတောမိချိန်တွင် ကျိုးခိုင်က အလွန်စိတ်လှုပ်ရှားသွားသည်။
"ငါ့ရဲ့ဆရာသခင်က နင့်ကိုခေါ်တာမဟုတ်ဘူး...သူ့ကို ခေါ်တာ"
ထန်အာက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"အမ်...မင်း နားလည်မှုလွဲနေတာလား...လက်ထောက်ကျောင်းအုပ်က ငါ့ကိုဝင်လာခိုင်းတာ အသိသာကြီးလေ...ဂျူနီယာညီမလေး ပြဿနာမရှာပါနဲ့...ငါ့ကို အထဲကိုမြန်မြန်ခေါ်သွားပေးပါ"
ကျိုးခိုင်က အချိန်တခဏကြာ ကြက်သေသေသွားပြီးနောက် ပျာပျာသလဲ ပြောဆိုလိုက်၏။
လုယွီ၏ပေါက်ပန်းလေးဆယ်စကားများသည် လက်ထောက်ကျောင်းအုပ်၏စိတ်ကို လှုပ်ရှားစေမည်မဟုတ်ဟု သူ ယုံကြည်ထားသည်။
ထို့ပြင် သူ၏ကုချင်းတာအိုစွမ်းရည်သည် သူ့ဆရာသခင်၏လွှမ်းမိုးမှုများရှိနေသဖြင့် လက်ထောက်ကျောင်းအုပ်၏ကုချင်းတေးသွားအပေါ် သူ နားလည်ထားသည်များမှာ မမှားယွင်းနိုင်ချေ။
ထန်အာက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါ မှားနေတာမဟုတ်ဘူး...ဆရာသခင်ခေါ်ခိုင်းလိုက်တဲ့တစ်ယောက်က လုယွီပဲ...နင့်အတွက်ကတော့...ဆရာသခင်က နင်တို့ကို ရေအိုင်ဘေးမှာ ဆက်မတွေ့ချင်တော့ဘူးလို့ ပြောတယ်...ပြန်သွားပြီး နင့်ရဲ့ဆရာကိုပြောလိုက်....တကယ်လို့ တစ်ယောက်ယောက်ကိုထပ်ပြီး ဒီနေရာကို လွှက်ဝံ့မယ်ဆိုရင်...ရောက်လာတာတဲ့ဘယ်သူကိုမဆို သတ်ပစ်မယ်"
ထိုစကားသို့အရောက်တွင် ထန်အာ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းအရိပ်အယောင်များ ထင်ဟပ်လာလေရာ ကျိုးခိုင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
သူ့ရှေ့ရှိ မိန်းကလေးထန်အာသည် ကျောင်းတော်သို့ဝင်ရောက်လာသည်မှာ သူ့ထက်နောက်ကျသော်လည်း သူမ၏ခွန်အားသည် အဆင့်မြင့်တပည့်များနှင့် နီးကပ်နေလောက်ပြီဟု သူ တွေးတောနေမိသည်။
ကျောင်းတော်၌ တပည့်အချင်းချင်း သတ်ဖြတ်မှုကို တားမြစ်ကန့်သတ်ထားသော်လည်း လက်ထောက်ကျောင်းအုပ်အဆင့်ရှိသူများအဖို့ ကန့်သတ်ချက်များမရှိချေ။
ကျိုးခိုင်သည် နောက်ဆုတ်ရန်ဆန္ဒမရှိသဖြင့် မဝံ့မရဲဖြင့် စောဒကတက်လိုက်၏။
"ဒါပေမယ့် ငါပြောတာက အမှန်တွေပဲလေ...အစောပိုင်းကတင် ငါ ကုချင်းတေးသွားအကြောင်း ရှင်းပြခဲ့တယ်...ငါ ပြောတာတွေက အမှန်တွေဖြစ်သင့်တယ်မဟုတ်ဘူးလား...ငါ ဒီရလဒ်ကို လက်မခံနိုင်ဘူး"
ထန်အာက မျက်မှောင်ကြုတ်လိုက်သည်။
"တကယ်လို့ နင် ဆက်ပြီး ဒီနေရာမှာ ပြဿနာရှာနေအုံးမယ်ဆိုရင်...ငါ စပြီးလှုပ်ရှားရတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့"
"မင်း ဘာကိုဆိုလိုတာလဲ...ဘာလို့ ဘာမှနားမလည်တဲ့ကောင်လေးကို အထဲကိုဝင်ခွင့်ပေးလိုက်တာလဲ...ငါ ပြောတာကမှ အမှန်တွေလေ"
ကျိုးခိုင်က ကျယ်လောင်စွာ အော်ဟစ်လေသည်။
ကျိုးခိုင်က အလွန်အမင်းစိတ်မကျေမနပ်ဖြစ်နေသည်။အကယ်၍ သူ ဤနေရာသို့ နောက်တစ်ကြိမ်လာမိပါက သူ အသတ်ခံရမည်ကို ကောင်းစွာသိရှိပေ၏။
ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် သူ လက်လျှော့အရှုံးပေးလိုခြင်းမရှိချေ။
"ငါက နင် မှားတယ်လို့ပြောရင်...ဒါက မှားတာပဲ...သွားကြစမ်း"
ရေအိုင်၏အလယ်ရှိ ကျွန်းပေါ်မှနေ၍ ကုချင်းသံစဥ်တစ်ခု ထပ်မံ၍ထွက်ပေါ်လာသည်။
ထိုကုချင်းသံသည် အစောပိုင်းကပျံ့လွင့်နေသောတေးသွားနှင့် တစ်ထပ်တည်းတူညီနေပေ၏။
Thank For Reading.