← Chapters

ဒါက ငါ ဝူယွမ်ရဲ့ အကျင့်ဘဲ

Vol. 1 Ch. 8

ဒါက ငါ ဝူယွမ်ရဲ့ အကျင့်ဘဲ

Vol. 1 Ch. 8

ချင်းတန်လေးက ကစားချင်နေပြီး ဇွတ်အတင်းလိုက်ချင်နေခဲ့သည်။

ဝူယွမ်တို့လည်း ဘယ်လိုမှ မတက်နိုင်ဘဲခေါ်ဆောင်သွားခဲ့ကြရသည်။

ချင်းတန်အတွက် မုန့်အချို့ဝယ်ပြီး ဒုတိယထပ်တွင် စောင့်နေရန် ပြောထားခဲ့ကာ ဝူယွမ်နှင့် လင်းတုန်တို့သည် ပုံစံပြောင်းလဲပြီး မြေအောက်ရောင်းဝယ်ရေးခန်းမသို့ ထပ်မံဝင်ရောက်ခဲ့ကြသည်။

အရင်အတွေ့အကြုံရှိပြီးသားဖြစ်သဖြင့် ကျောက်လက်ဖွဲ့မှ ရရှိသော ဝိညာဉ်ဆေးရည် ငါးစက်ကို ဖျော်ထားသော ခန္ဓာကိုယ်သန်စွမ်းခြင်းဆေးရည် ၁၅ ခွက်ကို ရောင်းဝယ်ဖလှယ်ခဲ့ပြီး လဲလှယ်မှုကမြန်မြန်ဆန်ဆန်ဘဲပြီးစီးခဲ့သည်။

လဲလှယ်ခြင်းကနေစတုတ္ထအဆင့် ဝိညာဉ်ဆေးပင် နှစ်ပင် နှင့် တတိယအဆင့် ဝိညာဉ်ဆေးပင် သုံးဆယ် ရရှိခဲ့သည်။

ဝိညာဉ်ဆေးများ လဲလှယ်ပြီးနောက် နှစ်ဦးစလုံးသည် ပြန်ရန် ပြင်ဆင်နေစဉ် ချင်းတန်က သူတို့နှစ်ဦးနား ကပ်နေခဲ့သည်။

“လင်းတုန်အစ်ကို၊ ဝူယွမ်အစ်ကိုတို့... ညီမကို ခဏလောက် ပေးကစားပေးပါဦးလား... အိမ်မှာပဲ အမြဲတမ်း လေ့ကျင့်နေရတာ၊ ဒီလိုထွက်လာရတာ သိပ်ရှားတယ်လေ... ထွက်လာပြီးတာနဲ့ ချက်ချင်းပြန်ဖို့တောင်ပြင်နေပီ စိတ်မရှည်တော့ဘူးလား... ညီမ မကျေနပ်ဘူး... ပုံမှန်ဆိုရင် ညီမကို အခန်းထဲမှာလည်း ကစားခွင့်မပေးဘူး... ဒီနေ့တော့ ညီမနဲ့ အတူတူနေပေးရမယ်...”

ချင်းတန်က သူတို့နှစ်ဦးစလုံး၏ ပခုံးကို တစ်ဖက်တစ်ချက်စီ ဆွဲထားခဲ့ပြီး ဇွတ်အတင်းဆွဲတားခဲ့သည်။

ဝူယွမ်နှင့် လင်းတုန်တို့သည် မျက်နှာချင်းဆိုင်ကြည့်ကာ ထွက်သွားမည့်အကြံကို လက်လျှော့ခဲ့ရသည်။

“ကောင်းပြီ... မင်းကို လှည့်ပတ်ကြည့်ခိုင်းမယ်... မင်းလိုချင်တာတွေ ဝယ်ပေးမယ်... ဝယ်ပြီးရင်တော့ ပြန်ကြတာပေါ့...”

“ ရေးးးး...”

ချင်းတန်က ပျော်ရွှင်စွာဖြင့် ပြောခဲ့သည်။

ရောင်းဝယ်ရေးခန်းသည် အလွန်ကျယ်ဝန်းပြီး မြေပြင်နှင့် မြေအောက်ဟူ၍ ခွဲထားသည်။ မြေပြင်ပေါ်အပိုင်းသည် ခြေလျှင်လမ်းမကြီးနှင့် တူပြီး အမျိုးမျိုးသောပစ္စည်းများ ရောင်းဝယ်နေကြသည်။ မိသားစုကြီးသုံးစုနှင့် ရူးသွပ်ဓားသိုင်းခန်းမ တို့မှ ဆိုင်အချို့လည်းရှိသည်။

ထို့ကြောင့် လက်ထဲတွင်ဝိညာဉ်ဆေးပင် အမြောက်အမြားရှိသော်လည်း ဤနေရာတွင် ဈေးဝယ်ထွက်ခြင်းသည် အန္တရာယ်ကင်းပေသည်။

အချိန်အတန်ကြာ လမ်းလျှောက်‌ပြီးနောက်။

“ဟေ့... လင်းရှန်ကိုတွေ့တယ်...”

ချင်းတန်က အရှေ့က ဆောင်းမုခ်၀ ဝင်ပေါက်ကို စိုက်ကြည့်နေသည်။

ဝူယွမ်နှင့် လင်းတုန်တို့လည်း လှမ်းကြည့်လိုက်ကြသည်။

ဝူယွမ်သည် ဤလင်းရှန်ကို မှတ်မိသွားခဲ့သည်။ သူသည် လင်းမိသားစုမှ ဒုတိယအကြီးအကဲတစ်ဦးဖြစ်သော လင်းမန်၏ ဒုတိယသားဖြစ်သည်။ လင်းရှန်သည် ငယ်စဉ်က ချင်းတန်နှင့် လင်းတုန်တို့ကို မကြာခဏ အနိုင်ကျင့်ခဲ့သူလည်းဖြစ်သည်။

အခုအချိန်တွင် သူ့မျက်နှာသည် ဖူးယောင်နေပြီး ရိုက်နှက်ခံထားရသည့်ဟန် ပေါ်သည်။

လင်းရှန်လည်း သူတို့ကို မြင်ခဲ့သည်၊ မျက်နှာနီရဲနေပြီး နှုတ်ဆက်ဖို့ရာအနည်းငယ် မဝံ့မရဲဖြစ်နေသည်။

လင်းတုန်နှင့် တွေ့ရမှာကို အလွန်ကြောက်နေသည်။

“ဘာဖြစ်လာခဲ့တာလဲ” လင်းတုန်းက အေးဆေးစွာမေးသည်။

ယခုအခါ လင်းတုန်းသည် နှင့် အချိန်အတော်ကြာ ဝူယွမ်နှင့်အတူနေခဲ့ပြီး သူတို့နှစ်ဦးသည် တိတ်တခိုး လဲလှယ်မှုများလုပ်ခဲ့ကြသဖြင့် သူ၏ အမြင်ရှုထောင့်သည်လည်း ပိုမိုကျယ်ပြန့်လာပြီဖြစ်သည်။ထိုသို့ မိသားစုအရေးကိစ္စငယ်လေးများကို သူအလအနက်မထား‌တော့ပေ။

လင်းရှန်သည် အနည်းငယ် ကြောက်ရွံ့နေပြီး တုန်တုန်ရီရီနှင့်ပြောလိုက်သည်။ “ကျွန်တော်တို့ ရှဲ့မိသားစုက လိမ်တာ ခံလိုက်ရတယ်... ပြီးတော့ သူတို့ လင်းရှားအစ်မကို ဝိုင်းအနိုင်ကျင့်ကြတယ်... ဒါနဲ့ပဲ ကျွန်တော်တို့ ရန်ဖြစ်ခဲ့ကြပြီး.. .. သူတို့ဘက်က လူအရေအတွက်ပိုများတာကြောင့်... ကျွန်တော်တို့ ရှုံးနိမ့်လာခဲ့တယ်... ကျွန်တော်က တပ်ကူ ရှာဖို့ထွက်ပြေးလာခဲ့တာ...”

ဤစကားကိုကြားလိုက်ရသည်နှင့် ဝူယွမ်က လင်းတုန်ဇာတ်လမ်းထဲက ဇာတ်အိမ်ကို ရုတ်တရက်သတိရသွားသည်။ ထိုအခန်းမှာ လင်းတုန်း၏ လိန်နှင့် ရှဲ့မိသားစုမှ ပါရမီရှင်များနှင့် ပထမဆုံး တိုက်ပွဲဖြစ်သည်။

“လင်းရှားအစ်မလည်း ရှိတာလား... ငါတို့ကို အမြန်ခေါ်သွားပေး...”

လင်းရှားပါ ရှိနေသည်ကို ကြားလိုက်ရသည်အခါ့ လင်းတုန်းကအမြန်ခေါ်သွားဖို့ တိုက်တွန်းခဲ့သည်။

“ဝူယွမ်အစ်ကို... သင်တို့ အရင်ပြန်နှင့်လိုက်ပါ...”

လင်းတုန်းသည် အနည်းငယ်ချင့်ချိန်နေသည်၊ ဤသည်မှာ သူ၏ လင်းမိသားစုကိစ္စဖြစ်ပြီး ဝူယွမ်ကို ပါဝင်စေမိသင့်သည်ဟု သူမထင်။

“အတူတူသွားကြည့်ရအောင်...”

မကြာမီ လေးယောက်သည် ကျယ်ဝန်းသော မုခ်၀ဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် လူအုပ်စုနှစ်စုသည် မျက်နှာခြင်းဆိုင် ရင်ဆိုင်နေကြသည်။

ထိုသူတို့မှာ လင်းမိသားစုမှ မျိုးဆက်သစ်လူငယ်များနှင့် ရှဲ့မိသားစုမှ မျိုးဆက်သစ်လူငယ်များ ဖြစ်ကြသည်။

“ရှဲ့တိန်... နင် လွန်မလာနဲ့နော်...”

“လွန်‌တော့ ဘာဖြစ်လဲ... ငါတို့ ရှဲ့မိသားစုရဲ့ ကြီးကျယ်ခမ်းနားမှုကြောင့်သာ မဟုတ်ရင် မင်းတို့ လင်းမိသားစုက ချင်းယန်မြို့မှာ အခြေချခွင့်ရမှာတောင် မဟုတ်ဘူး...”

... နှစ်ဖက်စလုံးက စကားများဖြင့် ထပ်မံရန်စနေကြသည်။

လင်းမိသားစုတွင် ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအဆင့်ရှိသော လင်းရှားနှင့် လင်းဟုန်တို့ ရှိပေမဲ့ ရှဲ့မိသားစုတွင်လည်း ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအဆင့်နှစ်ဦးရှိပြီး သူတို့က ပိုမိုသန်မာကာ လူအရေအတွက်လည်း ပိုများသည်။

လင်းတုန်သည် ရန်ပွဲအတွင်းသို့ချက်ချင်းဝင်ပါခဲ့သည်။

“ရပ်...”

သူသည် ရှဲ့တိန်ကို လက်တစ်ချက် ဝေ့ယမ်းပြီး တားဆီးကာ မိသားစုနှစ်စုကို လူစု ခွဲလိုက်သည်။

ထိုအချိန်တွင် အခြားသူများလည်း စုရုံးလာခဲ့ကြသည်။

ရူးသွပ်ဓားသိုင်းခန်းမမှ ပန်းထိုးဓားဝတ်စုံဝတ်ဆင်ထားသော အုပ်စုတစ်စုလည်း ထိုနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် ဝူယွမ်ကို တွေ့မြင်တာနဲ့ ချက်ချင်း၀ူယွမ်နားကပ်လာခဲ့ကြသည်။

“အစ်ကိုကြီး...”

“အစ်ကိုကြီးလည်း... ဒီရောက်နေတာလား...”

“ဟမ်... ဒီမှာ ဘာတွေဖြစ်နေကြတာလဲ...”

ဝူယွမ်းက သိုင်းခန်းမ၏ တပည့်များကို မေးမြန်းခဲ့သည်။

“ရှဲ့မိသားစုရဲ့ ရှဲ့တိန်က အရင်ဆုံး ပြဿနာရှာတာပါ... လင်းမိသားစုက လင်းရှီးဝယ်ထားတဲ့ မြေခွေးပုံဆောင်ခဲလည်ဆွဲကို အတင်းလုယူခဲ့တယ်... နှစ်ဖက်စလုံးက ရန်စဖြစ်ခဲ့ကြပြီး... ရှဲ့တိန်က ရှုပ်ရှက်ခက်နေချိန်မှာ လင်းရှားကို အလစ်ငိုက်တိုက်ခိုက်ခဲ့တယ်...”

ဝူယွမ်က တစ်ချက်ကြည့်လိုက်သည်၊အမှန်ပင် လင်းရှား၏ လှပသောမျက်နှာပေါ်တွင် နီရဲသောလက်ရာတစ်ခုရှိနေသည်။

“ဒါကတော့ တကယ်ကို အတော်လွန်တာဘဲ... နေ့ခင်းဘက်ကြီး လူရိုက်တယ်...”

လင်းရှီးကို ဝူယွမ် စိတ်ထဲတွင် အမြင်ကောင်းရှိခဲ့သည်၊ အထူးသဖြင့် သူမ၏ ခြေထောက်များနှင့် လင်းမိသားစုတွင် သူမနှင့် တွေ့ဆုံသည့်အခါတိုင်း သူမ၏ စိတ်အားထက်သန်မှုတို့ကိုဖြစ်သည်။

ပုံမှန်အားဖြင့် ဝူယွမ်သည် သူမအတွက် ရပ်တည်ပေးရန် စိတ်မ၀င်စားပေ။

သို့သော် လင်းတုန်းရှိပါနေကြောင့် ၀င်ပါရန်လုံလောက်သည်။

သူနှင့် သိုင်းခန်းမမှ တပည့်များသည် ဘေးမှ ကြည့်ရှုနေခဲ့ကြသည်။

လင်းတုန်သည် တိုက်ပွဲထဲသို့ ဝင်ရောက်ပြီး ရှဲ့မိသားစုမှ ကိုယ်ခန္ဓာသန့်စင်ခြင်း သတ္တမအဆင့် နှစ်ဦးနှင့် ချက်ချင်းတိုက်ခိုက်ခဲ့သည်။

သူ၏ ခွန်အားသည် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဝူယွမ်သည် သူ ရှုံးနိမ့်မည်ကို မစိုးရိမ်ပေ။

တိုက်ကွက်နှစ်ကွက်အတွင်းတွင် လင်းတုန်သည် ထိုနှစ်ဦးကို နောက်သို့ဖိအားပေးဆုတ်ခိုင်းနိုင်ခဲ့သည်။

“ဖြန်း…!” နောက်ဆုံး သူသည် ရှဲ့တိန်ကို ရိုက်နှက်လိုက်သည်။

မျက်နှာ‌ပေါ်ရှိ လေးလံသော လက်ရာသည် ချက်ချင်းပင် ရှဲ့တိန်၏ မျက်နှာကို နီရဲရောင်ရမ်းသွား‌စေခဲ့သည်။

“ဝိုး...” ဘေးမှကြည့်နေသူများ အံ့အားသင့်သွားခဲ့ကြသည်။

“နင်... နင်ကငါ့ကိုရိုက်လိုက်တယ်လား၊ နင်ငါ့ကိုရိုက်တယ်...” အရှက်ရသွားသော ရှီးတိန်သည် စကားတစ်ခွန်းထဲကိုဘဲ ထပ်ခါထပ်ခါပြောနေခဲ့သည်။

“စကားများတာက အမြဲ တန်ဖိုးတစ်‌ခုပေးရတယ်” လင်းတုန်းက အေးဆေးစွာပြောသည်။

“သိပ်မှန်တယ်လို့ အော်ကြ” ဝူယွမ်းက ဘေးနားမှ တပည့်တပန်းများကို ညွှန်ကြားလိုက်သည်။

“ဟီဟီ... အစ်ကိုကြီးကလည်း စိတ်လှုပ်ရှားရတာကိုကြိုက်တာဘဲ”

“သိပ်မှန်တယ်”

“သိပ်မှန်တယ်”

...ထိုတပည့်များသည် ချက်ချင်းပင် ကျယ်လောင်စွာ အားပေးအော်ဟစ်ခဲ့ကြသည်။

ဤသည်မှာ ဝူယွမ်၏ အကျင့်နှင့်အလွန်ကိုက်ညီသည်။

ရူးသွပ်ဓားသိုင်းခန်းမ၏ ညီအစ်ကိုများသည် အမြဲတမ်းကြမ်းတန်း ရိုင်းစိုင်းလေ့ရှိသည်။

ချက်ချင်းပင် ရှဲ့မိသားစုဝင်များ၏ မျက်နှာများ နီမြန်းကာ ရေထဲခေါင်းစိုက်ချင်စိတ်များ ပေါက်လာခဲ့သည်။

သို့သော် ရူးသွပ်ဓားသိုင်းခန်းမ ကိုပါ ထပ်ရန်စရန်ထိ သတ္တိမကောင်းကြပေ။

“နင်... နင်တို့အားလုံး ငြိမ်ခံနေကြတယ်ပေါ့”

ရှီးတိန်၏ မျက်လုံးများသည် ရူးသွပ်ဟန်ပေါ်ကာ မျက်ရည်များနှင့် ပြည့်နေပြီး အလွန်ရှက်ဖို့ကောင်းသည်ဟု ခံစားနေရသည်။

ဤအရာကို မြင်လိုက်ရသည်နှင့် လင်းရှားသည် ကြိတ်ရယ်လိုက်ကာ သူမ၏ စိတ်ခံစားချက်သည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။

“လုံလောက်ပြီ”

ထိုအချိန်တွင် လူအုပ်ထဲမှ အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။

သူမသည် မြေခွေးသားရေအင်္ကျီကို ဝတ်ဆင်ထားပြီး ရှဲ့တိန်နှင့်မျက်နှာချင်း အနည်းငယ်ဆင်တူသည်။ သူမသည် သေးငယ်ပြီး၊ ကျက်သရေရှိသော ခြေလှမ်းများဖြင့် ရှေ့သို့လှမ်းလာခဲ့ပြီး ရှဲ့တိန်ထက် ပိုမိုရင့်ကျက်ပုံရသည်။

“အစ်မ” ရှဲ့တိန်က မျက်လုံးများနီရဲနေပြီး မကျေမနပ်ဖြစ်နေသော လေသံဖြင့် သူ့အမကိုလှမ်းခေါ်လိုက်သည်။

ရှဲ့ရင်ရင်

ဝူယွမ်သည် ချက်ချင်းပင် သူမကို မှတ်မိလိုက်သည်။

ချင်းယန်မြို့ လူငယ်မျိုးဆက်များကြား လိန်လီ ပြီးရင်ဒုတိယမြောက်အစွမ်းဆုံး ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံထားရသူ ဖြစ်ပြီးအရင်က ဝူယွမ်အတိုင်း ကိုယ်ခန္ဓာသန့်စင်ခြင်း အဋ္ဌမအဆင့်တွင်ရှိသည်။

ရှဲ့ရင်ရင်၏ အေးစက်စက်အကြည့်များသည် ‌ ဘေးမှကြည့်ရှုအားပေးနေသော ရူးသွပ်ဓားသိုင်းခန်းမ အုပ်စုပေါ်သို့ ဖြတ်သန်းသွားခဲ့သည်။

“လင်းတုန်... ဟုတ်လား... မင်းရဲ့ လုပ်ရပ်တွေက အတော်ဆိုးတာဘဲ... မဆင်မခြင် လုပ်တာတွေက မင်းရဲ့ မိသားစုကို အန္တရာယ်ဖြစ်စေလိမ့်မယ်”

“ဟီဟီ... ဒါကို မဆင်မခြင်လုပ်တာလို့ခေါ်တာလား... ဒါဆို မဆင်မခြင် မလုပ်ရင် မင်းရဲ့ ရှဲ့မိသားစုရဲ့ အနိုင်ကျင့်ခံတာကို သည်းခံရမှာလား... မင်းရဲ့ညီမ ခုနက မဆင်မခြင်လုပ်နေတုန်းက မင်းဘာလို့ ထွက်ပြီး စကားမပြောတာလဲ... မင်းရဲ့ ရှဲ့မိသားစုကို အန္တရာယ်ဖြစ်စေမှာကို မကြောက်ဘူးလား... နောက်ဆုံးတော့လည်း တရားမျှတမှုဆိုတာ ဘယ်သူ့လက်သီးပိုကြီးလဲဆိုတာပဲ... ရှဲ့နဲ့လင်းမိသားစုက ဘယ်တုန်းကမှ သဘောထားမတိုက်ဆိုင်ကြဘူး... ဒါက တစ်ရက်နှစ်ရက်အငြင်းပွားတာမျိုးမဟုတ်ဘူး... မင်းသာ တကယ်စွမ်းရည်ရှိရင် ငါတို့ကို ချင်းယန်မြို့ကနေ မောင်းထုတ်လိုက်”

“သူမက ငါတို့ လင်းမိသားစုက လူတစ်ယောက်ကို ရိုက်တယ်... ငါက သူမကို ပြန်ရိုက်လိုက်တယ်... ဒါက မျှမျှတတပဲ... မင်းက ပြန်ရိုက်ချင်တယ်ဆိုရင် လုပ်ပါ... ဒီစကားတွေ ပြောနေတာတွေက မင်းကိုယ်မင်း အများရယ်စရာဖြစ်စေတယ်”

ရှဲ့ရင်ရင်သည် လင်တုန်၏ ပြန်လည်ပြောဆိုမှုကို မတုန့်ပြန်နိုင်ခဲ့‌ပေ။ သူမ မတိုက်ခိုက်ရသည့် အကြောင်းရင်းမှာ လင်းတုန်းပြသခဲ့သည့် ခွန်အားသည် သူမ၏ ခွန်အားထက် အားနည်းခြင်းမရှိသောကြောင့်ဖြစ်သည်။

“သိပ်မှန်တယ်လို့ အော်ကြစမ်း” ဝူယွမ်းက သူ၏ လက်အောက်ငယ်သားများကို ထပ်မံအော်ဟစ်အားပေးခိုင်းခဲ့သည်။

“သိပ်မှန်တယ်”

“သိပ်မှန်တယ်”

...ရူးသွပ်ဓားသိုင်းခန်းမ၏ ညီအစ်ကိုများကလည်း ထပ်မံအော်ဟစ်အားပေးခဲ့ကြသည်။

မီးကို လောင်စာထပ်ထည့်သည့် ဤနည်းလမ်းသည် ရှီးမိသားစုဝင်များကို အရှက်ရစေကာ မျက်နှာများ နီမြန်းသွားစေခဲ့သည်။

သို့သော် ရူးသွပ်ဓားသိုင်းခန်းမ ကို ပါရန်ထပ်စရန် သူတို့မဝံ့ရဲကြပါ။

“ဒါက တခြားသူတွေရဲ့ ပြဿနာ... မင်းတို့ ရူးသွပ်ဓားသိုင်းခန်းမ လူတွေက ဘာလို့ မဆိုင်ဘဲဝင်ပါရတာလဲ”

ရုတ်တရက် ဒုတိယထပ်မှ အသံတစ်ခု ကြားလိုက်ရသည်။

ဝတ်စုံကိုတင်းတင်းကျပ်ကျပ် ဝတ်ဆင်ထားသော ခန္ဓာကိုယ်ကြီးကြီးမားမားနှင့် ယောက်ျားတစ်ယောက် ဒုတိယထပ်မှ ခုန်ဆင်းလာခဲ့သည်။

“လိန်လီ”

“လိန်လီအစ်ကိုကြီး”

ရှဲ့မိသားစုဝင်များသည် သူတို့၏ မျှော်လင့်ချက်ကို တွေ့ရှိသကဲ့သို့ လိန်လီအနားသို့ စုရုံးလာခဲ့ကြသည်။ ရှဲ့ရင်ရင်သည် လေးလီအနားသို့ ကပ်သွားပြီး မကျေမနပ်ဖြစ်နေသည်။

“ဟားဟား... ဟာသလာလုပ်နေတာလား... မင်းက ဖျော်ဖြေရေးသမားလား ”

ဝူယွမ်းက ပေါ့ပေါ့တန်တန်ပြောသည်။

လိန်လီ ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် ဝူယွမ်သည် နောက်ထပ် ငြိမ်နေခြင်းမရှိတော့ပါ။

“အရူးဘဲ”

လိန်လီက အေးစက်စွာ နှာမှုတ်လိုက်သည်။

ဝူယွမ်ကို မသိသူမရှိပါ။

နောက်ဆုံးတစ်ကြိမ်တွေ့စုံပြီးနောက် ဝူယွမ်ရဲ့ ခွန်အားကို သူအကြမ်းပျင်းသိထားခဲ့သည်။

နှစ်‌ေယာက်တိုက်ခိုက်ပါက မရှုံးနိမ့်နိုင်သော်လည်း အလွယ်တကူအနိုင်ရဖို့ရာကတော့ မဖြစ်နိုင်ပေ။

လိန်လီသည် လင်းတုန်းဘက်သို့ ပြောင်းလဲပစ်မှတ်ထားခဲ့သည်။

“လင်းတုန်... ဟုတ်လား... မင်းခုနကပြောခဲ့တဲ့ တရားမျှတမှုဆိုတာ ဘယ်သူ့လက်သီးကပိုကြီးလဲ ဆိုတာနဲ့ဆုံးဖြတ်တယ်ဆိုတာအမှန်ဘဲ... မင်းက ညီမတိန်ကို ခုနကရိုက်လိုက်တယ်... ငါက သူမကိုယ်စား မင်းကိုပြန်ရိုက်မယ်ဆို မလွန်ဘူးမလား”

လိန်လီသည် သူ့ကို ကျင့်ကြံခြင်းအဆင့် ကွာဟချက် ဖြင့် ဖိအားပေးရန် ကြံနေသည်။

လင်းမိသားစုဝင်အားလုံး စိုးရိမ် နေခဲ့ကြသည်။

လင်းတုန်း စကားမပြောရသေးမီ ဝူယွမ်က ရှေ့သို့တက်လာခဲ့ပြီး။

“လွန်တယ်... အတော်လွန်တယ်... မင်းလိန်မိသားစုကလူက ရှဲ့မိသားစုကလူကိုယ်စား ပြန်ရိုက်ဖို့ရာ ဘာအကြောင်းအရင်းရှိလို့လဲ”

လိန်လီက အော်ပြောလိုက်သည်။ “ရှဲ့တိန်က ငါ့ညီမဘဲ”

ဝူယွမ်ကလည်းပြန် အော်ပြောလိုက်သည်။ “မင်းရဲ့ညီမဟုတ်လား”

“မင်းညီမဆို ဘာလို့ လိန်တိန်လို့မခေါ်တာလဲ”

ဝူယွမ်ပြောပြီးသင့် ရူးသွပ်ဓားသိုင်းခန်းမ၏ တပည့်များကသူ့နောက်မှ ချက်ချင်း ထောက်ခံအော်ဟစ်ခဲ့ကြသည်။

“ဟုတ်တယ်... ဘာလို့ လိန်တိန်လို့မခေါ်တာလဲ”

“မင်းအဖေရဲ့ တရားမဝင်သမီးများဖြစ်နေတာလား... ဒါမှမဟုတ် မင်းက ရှဲ့မိသားစုရဲ့ တရားမဝင်သားလား”

ရူးသွပ်ဓားသိုင်းခန်းမ၏ တပည့်များက နောက်တစ်ခုပြောသည်။

“တရားမဝင်သား”

ကြည့်ရှုနေသူအားလုံး ရယ်လိုက်ကြသည်။

လိန်လီနှင့် ရှဲ့ရင်ရင်တို့ စေ့စပ်ထားသောကြောင့် ရှီးတိန်ကို ‘ညီမ’ဟုခေါ်ခြင်းသည် မှန်ကန်သော်လည်း ကြည့်နေသူအားလုံးက သူတို့ ဆက်ဆံရေးကို မသိထားသေးကြပါ။

လိန်လီသည် အမျက်ထွက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒေါသကြောင့်တုန်နေခဲ့သည်။

ဝူယွမ်သည် အမှန်ပင် မရေမရာဖြစ်နေသည်။

“ဝူယွမ်... လိန်လီအစ်ကိုကြီးနဲ့ ငါက စေ့စပ်ထားပြီးသား... ဒါက ချင်းရောင်းမြို့မှာရှိသူအားလုံးသိကြတယ်... ဒါကြောင့် ရှီးတိန်က သူ့ညီမဘဲ... မင်းက မှားယွင်းစွပ်စွဲနေတယ်... ဒါက ရူးသွပ်ဓားသိုင်းခန်းမ ရဲ့ အကျင့်လား” ရှဲ့ရင်ရင်က အမြန်သူနဲ့စေ့စပ်ထားသူကို ကာကွယ်ဖို့ စကား‌ထွက်ပြောလာခဲ့ပြီး ဝူယွမ်ကို ပြင်းပြင်းထန်ထန် ကဲ့ရဲ့ခဲ့သည်။

သို့သော် ဝူယွမ်းသည် လုံး၀ဂရုမစိုက်သလို အေးဆေးပြန်ပြောခဲ့သည်။

“ဒါက ရူးသွပ်ဓားသိုင်းခန်းမ ရဲ့ အကျင့်ဟုတ်မဟုတ်ဆိုတာ ငါမသိဘူး... ဒါပေမယ့် ဒါကတော့ ငါ့ရဲ့ ပုံစံပဲ... မင်း အကြံပေးချင်တာရှိရင် ငါ့ကိုပြောလို့ရတယ်... ဒါပေမယ့် ငါလက်မခံဘူး”

ရူးသွပ်ဓားသိုင်းခန်းမ၏ တပည့်များကလည်းနောက်ကလိုက်ပြီး

ပြောခဲ့ကြသည်။

“မှန်တယ်... လက်မခံဘူး”

All Chapters