← Chapters

လိန်လီကို ရိုက်နှက်ခြင်း

Vol. 1 Ch. 9

လိန်လီကို ရိုက်နှက်ခြင်း

Vol. 1 Ch. 9

ယင်ပုလဲများမျှဝေခြင်း

ဝူယွမ်၏ စကားများသည် လိန်လီနှင့် ရှဲ့မိသားစုမှလူများကို ဖိအားပေးနိုင်ခဲ့သည်၊ သူတို့ မျက်နှာပျက်ရသည့်အပြင် လူအများ ရယ်စရာပါ ဖြစ်သွားစေခဲ့သည်။

လင်းမိသားစုမှ လူငယ်များသည် ဝူယွမ်ကို ကျေးဇူးတင်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။

“သူ... ဒီလောက် စကားကောင်းကောင်းပြောတတ်မှန်း ငါမသိခဲ့ဘူး” ဟုဆိုကာ လင်းရှားသည် ဝမ်းသာစွာဖြင့် ဝူယွမ်ကို စိုက်ကြည့်နေမိသည်။

“မင်းရဲ့ပါးစပ်ကို ငါပိတ်ပေးမယ်” လိန်လီသည် အလွန်အမင်း ဒေါသထွက်နေသည်။

သူသည် ရှေ့သို့ပြေးထွက်လာပြီး ဝူယွမ်ကို တိုက်ခိုက်လိုက်သည်။

စကားနှင့် နိုင်အောင်မတိုက်နိုင်သော် လက်ဖြင့် နိုင် အောင်တိုက်မည်။

“အစ်ကို၊ သတိထား” လင်းတုန်းသည် လေလီကိုမြင်သည်နှင့် အမြန်သတိပေးလိုက်သည်။

“ဝူယွမ်၊ သတိထား” လင်းရှားနှင့် အခြားသူများလည်း အော်ဟစ်သတိပေးလိုက်ကြသည်။

“ဟားဟား”

ဝူယွမ်၏ မျက်လုံးထဲတွင် ခရမ်းရောင် အလင်းတစ်ချက် လက်သွားသည်။ သူသည် ‘ခရမ်းရောင်စွမ်းအားပြင်း မိစ္ဆာမျက်စိ’ကို အသုံးပြုလိုက်ပြီး လိန်လီ၏ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေသည်။

‘တစ္ဆေအရိပ်လှည့်စားခြင်း’

ဝူယွမ်၏ ခြေလှမ်းများသည် မှော်ဆန်လှပြီး လိန်လီ၏ လက်သီးများကို ကပ်သီးလေး ရှောင်တိမ်းနေခဲ့သည်။

တစ်ချိန်တည်းတွင် သူ၏ ဘယ်ဘက်လက်ဖြင့် ‘ငှက်ကြွေ နဂါးဖမ်း’ ကို အသုံးပြုကာ လိန်လီ၏ လက်သီးကို ကာကွယ်လိုက်သည်။

ညာဘက်လက်ဖြင့် လက်ဝါး ဖြန့်ပြီး...

“ ဖောက်”

လက်ဝါးကြီးတစ်ခုက လိန်လီ၏ မျက်နှာပြင်ကို ရိုက်နှက်လိုက်သည်။

လူအားလုံး ကြောင်‌တောင်တောင်ဖြင့် ငေးနေကြပြီးနောက် နေရာတစ်ခုလုံး ဆူညံသွားသည်။

လိန်လီ မျက်နှာကို တစ်ကယ်ဘဲ ရိုက်နှက်ခြင်း ခံလိုက်ရသည်။

“မင်း သေချင်တာလား” မျက်နှာပေါ်က ပူစပ်ပူလောင် နာကျင်မှုကို ခံစားလိုက်ရသည့် လိန်လီသည် အလွန်အမင်း ဒေါသထွက်သွားသည်။

“မင်းရဲ့ အရေပြားက အတော် ထူပါ့လား၊ ရိုက်လိုက်တာတောင်မျက်နှာ အရာမယွင်းသွားဘူး” ဟုဆိုကာ ဝူယွမ်သည် သူ၏လက်ဝါးကို ပွတ်သပ်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အားးး….”

“မိုးကြိုးလှံ”

လိန်လီသည် အော်ဟစ်လိုက်ပြီး မိသားစုရဲ့ အဆင့်သုံးကိုယ်ခန္ဓာပညာရပ် ‘မိုးကြိုးလှံ’ ကို အသုံးပြုလိုက်သည်။

သူ၏ မာကြောသော လက်သီးများသည် လေ၊မိုးကြိုးသံများနှင့်အတူ ဝူယွမ်ကို ပြင်းထန်စွာ ထိုးနှက်လာသည်။

“ဒေါသမိုးကြိုးဓား”

ဝူယွမ်သည် အနီးအနားရှိ တပည့်တစ်ဦး၏ ခါးမှ ဓားကို တန်းဆွဲယူလိုက်ပြီး အဆင့်သုံး ‘ဒေါသမိုးကြိုးဓား’ပညာရပ်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။

ဓားသွားမှ မိုးကြိုး စွမ်းအားများနှင့် လိန်လီ၏ လက်သီးတို့ ထိပ်တိုက်ရင်ဆိုင်သွားကြသည်။

‘မိုးကြိုးလှံ’ နှင့် ‘ဒေါသမိုးကြိုးဓား’ နှစ်ခုလုံးသည် အလွန်ပြင်းထန်သော သိုင်းပညာရပ်များဖြစ်ပြီး ပေါက်ကွဲစွမ်းအားက အဓိကဖြစ်သည်။

ယွမ်စွမ်းအင် စီးဆင်းမှု နှစ်ခုထိတ်တိုက်ရင်ဆိုင် ပေါက်ကွဲထွက်လာပြီး ဆိုင်ခန်း၏ ကြမ်းပြင်ပေါ်ကို နက်ရှိုင်းသော ချိုင့်ခွက်တစ်ခု ဖြစ်သွားစေခဲ့သည်။

“ခရက်!..”

ဝူယွမ်၏ လက်ထဲရှိ ဓားသည် အပိုင်းပိုင်းကွဲသွားသော်လည်း သူကိုယ်တိုင်ကတော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။ လေလီ၏ လက်ကောက်ဝတ်တွင်တော့ ဒဏ်ရာတစ်ခု ရရှိသွားခဲ့သည်။

ဒဏ်ရာမှသွေးများ စီးကြလာခဲ့သည်။

“မင်းလည်း ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့် ၉ ကို ရောက်နေပီလား၊ ဒါကြောင့် ဒီလောက် မောက်မာနေတာကိုး” လိန်လီသည် ဝူယွမ် ဤမျှမြန်ဆန်စွာ အဆင့်တက်လာမည်ဟု မမျှော်လင့်ထားသောကြောင့် အံ့အားသင့်သွားသည်။

“မင်းကတော့... တစ်လကျော်သွားပြီ၊ တိုးတက်မှုတစ်စုံတရာတောင်မရှိလာဘူးလား”ဝူယွမ်သည် အခြားတပည့်တစ်ဦးဆီမှ ဓားကို ထပ်ဆွဲယူလိုက်ကာ “‌ေနာက်တစ်ကြိမ်ထပ်ကြိုးစားကြည့်” ဆိုပြီး စိန်ခေါ်လိုက်သည်။

“ဟမ့်... ငါ မင်းကိုကြောက်စရာလား” လိန်လီသည် အေးစက်စွာ နှာချေလိုက်ပြီး လက်သီး ထပ်ဆုပ်လိုက်သည်။

သူ့တွင် အဆင့်လေးကိုယ်ခန္ဓာအဆင့်ပညာရပ် ‘မိုးကြိုးအလင်းရောင်’ ကို မသုံးရသေးပါ။

အမဲလိုက်ပြိုင်ပွဲကြမှ အသုံးပြုရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်တွင် ဝူယွမ်၏ စော်ကားမှုကို သည်းမခံနိုင်တော့ပေ။

“ရပ်... ရပ်... ရပ်လိုက်၊ ငါပြောမယ်၊ မင်းတို့လူငယ်တွေ၊ အခြားနေရာ သွားတိုက်ခိုက်လို့ မရဘူးလား။ ငါ့တံခါးဝကို မင်းတို့ ဖျက်ဆီးလိုက်ကြတာပဲ၊ မြန်မြန်ထွက်သွားကြ၊ ငါ့လုပ်ငန်းကို မထိခိုက်စေနဲ့” ရုတ်တရက် လူငယ်တစ်ဦး ဒုတိယထပ်မှ ထွက်လာပြီးပြောလိုက်သည်။

ထိုလူ၏ နောက်တွင် သန်မာသော လူကြမ်းအုပ်စုတစ်စု ရှိနေသည်။

“ဟင်!... သူက ဈေးရဲ့ ဆိုင်မန်နေဂျာ ဝမ်ကင်ပါ၊ယွမ်မြေကြီးနယ်ပယ် ဆရာတစ်ဦးဘဲ” ဟုဆိုကာ တစ်စုံတစ်ဦးက သူ၏အထောက်အထားကို မှတ်မိလိုက်သည်။

“ဟားဟား... ကောင်းပြီငါတို့ မတိုက်ခိုက်တော့ဘူး” ဝူယွမ်သည် မတတ်နိုင်သည့်အဆုံး အလျှော့ပေးလိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

သို့သော် သူပြုံးခြင်းပြသည် လိန်လီ၏မျက်လုံးထဲတွင် သူ့ကို လှောင်ပြောင်နေခြင်းပင်ဖြစ်သည်။

လိန်လီ၏မျက်နှာသည် ပူလောင် နာကျင်နေဆဲဖြစ်ပြီး လက်ကောက်ဝတ်မှာလဲ သွေးထွက်နေဆဲဖြစ်သည်။

သူသည် အလွန်အမင်း မကျေမနပ်ဖြစ်နေသည်။

“ဟမ့်... ဒီနေ့တော့ မင်းတို့ကံကောင်းတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ အမဲလိုက်ပြိုင်ပွဲ ရောက်တဲ့အခါ ငါမင်းတို့ကို အကြွေးအကုန်ပြန်ဆပ်ခိုင်းမယ်” လိန်လီသည် အေးစက်စွာပြောဆိုလိုက်သည်။

ပြောပြီးသည်နှင့် ရှဲ့မိသားစုနှင့် သူ့လူအုပ်စုကို ခေါ်ဆောင်ကာ မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့သည်။

လင်းတုန်းသည် လက်သီးဆုပ်ကာ “ကျေးဇူးတင်ပါတယ် အစ်ကို” ဟု ပြောလိုက်သည်။ အကယ်၍ ဝူယွမ်သာ ၀င်ရောက်မတိုက်ခိုက်ခဲ့ပါက သူကိုယ်တိုင် လိန်လီကို ရင်ဆိုင်ရမည်ဖြစ်ပြီး သေချာပေါက် မျက်နှာပျက်စရာတွေ ဖြစ်ကုန်လိမ့်မည်။ လိန်လီ၏ ‘မိုးကြိုးပစ်လှံ’ ကို ခံနိုင်မည်ဟု လင်းတုန်း မယုံကြည်ပေ။

အကြောင်းမှာ သူသည် ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့် ၈ သာရှိသေးပြီး အဆင့်သုံးကိုယ်ခန္ဓာပညာရပ်ကို မကျွမ်းကျင်သေးသောကြောင့်ပင်ဖြစ်သည်။

“မင်းက ငါညီဘဲလေ ကျေးဇူးတင်ဖို့မလိုပါ” ဟု ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်အစ်ကိုဝူယွမ်” လင်းရှားက ကျေးဇူးတင်စကား ပြောလိုက်သည်။

“လင်းတုန်ကိုကျေးဇူးတင်လိုက်ပါ၊ ငါ လင်းတုန်းကြောင့်သာ ၀င်ရောက်တိုက်ခိုက်ခဲ့တာ” ဝူယွမ်သည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“နင်ကတော့...ဟမ့်” ဟုဆိုကာ လင်းရှားသည် ဒေါသဖြင့် သူမ၏ရှည်လျားသော ခြေထောက်နှင့် ခြေစောင့်လိုက်သည်။

“ကောင်းပြီ...ကောင်းပြီ... အရင်ဆုံး အိမ်ပြန်ကြတာပေါ့” ဟုဆိုကာ လင်းတုန်သည် မသက်မသာ ဖြစ်နေသည်။ သူ၏အစ်ကိုသည် မိန်းကလေးတစ်ဦး၏ ခံစားချက်ကို လုံး၀ဂုမစိုက်ဘဲ နေနေသည်။

“မင်းတို့အရင်ပြန်နှင့်ကြ၊ ငါ လင်းမိသားစုကို သွားလိုက်အုံးမယ်၊ ပြန်ရောက်မှ ဓားကောင်းတစ်လက် ပြန်ဝယ်ပေးမည်” ဝူယွမ်သည် ‘ရူးသွပ်ဓားသိုင်းခန်းမ’ မှ တပည့်များကိုလည်း ပြန်လွှတ်လိုက်သည်။

လင်းမိသားစုသို့ ရောက်ရှိသည်နှင့်...

“လင်းတုန်း... အစ်ကိုဝူယွမ်... ဒီည... ငါ့အိမ်ကို ညစာလာစားကြပါလား” လင်းရှား ချက်ချင်းပင်ဖိတ်ကြားလိုက်သည်။

သူမသည် သူတို့နှစ်ဦးကို ကျေးဇူးဆပ်ရန် ဆန္ဒရှိနေသည်။

“ဒီအ‌ကြောင်းညကြမှ ပြောကြတာပေါ့၊ ငါတို့ အရင်ဆုံးအိမ်ကိုသွားကြမယ်” ဝူယွမ်နှင့် လင်းတုန်းသည် သူတို့ကို ထားခဲ့ကာ သူ၏အိမ်သို့ တန်းပြန်သွားပြီး လင်းတုန်း၏ အခန်းငယ်ထဲသို့ ဝင်သွားကြသည်။

“ချင်းတန်...ဒီည သူတို့ကို ငါ့အိမ်ကို ညစာစားဖို့ဖိတ်ထားတယ်ဆိုတာ လာဖို့ သတိပေးလိုက်အုံး‌နော်”

“အား...ဟုတ် ပြောကြည့်ပေးပါ့မယ်၊ အစ်မလင်းရှား” ဟုဆိုကာ ချင်းတန်သည် သက်ပြင်းချလိုက်သည်။

သူမလည်းမတတ်နိုင်ပေ၊ လင်းတုန်းနှင့် ဝူယွမ်သည် ပြန်ရောက်ပြီး အခန်းထဲသို့ဝင်ပြီးသည်နှင့် ညစာစားရန်ပါ မကြာခဏ မေ့နေတတ်ကြသည်။

လင်းရှား-“ဟုတ်ပီ၊ ညီမလေး သူတို့ကို သေချာပေါက် အစ်မဆီ ခေါ်လာပေးရမယ်”

…

“ဒီဆေးပြားတွေနဲ့ဆို အမဲလိုက်ပြိုင်ပွဲမတိုင်ခင်အထိ လေ့ကျင့်ဖို့ လုံလောက်မယ်ထင်တယ်”

ဝူယွမ်နှင့် လင်းတုန်းသည် ဝိညာဉ်ဆေးပင်အားလုံးကို ဆေးပြားများအဖြစ် သန့်စင်လိုက်ကြသည်။

သူတို့ အဆင့်လေးဆေးပြား ခြောက်လုံးနှင့် အဆင့်သုံးဆေးပြား တစ်ရာ့ဆယ်လုံး ရရှိခဲ့သည်။

ဝူယွမ်- “လိန်လီရဲ့ အဆင့်က အဆင့် ၉ ရဲ့ အထွတ်အထိပ်ကို ရောက်ရှိ နေပြီ၊ ဒီယွမ်ကောင်းကင်နယ်ပယ်ကို ချိုးဖျက်ဖို့ ကြိုးစားနေတာဖြစ်ကောင်းဖြစ်နိုင်တယ်။ လနှစ်လအတွင်းမှာ သူဟာ ယွမ်ကောင်းကင်နယ်ပယ်ကို သေချာပေါက် ရောက်လိမ့်မယ်။

ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့်နှင့် ယွမ်ကောင်းကင်နယ်ပယ်ကြားက ကွာဟချက်ဟာ ကြီးမားလွန်းတယ်။

ငါတို့နှစ်ယောက်လုံး အရေးတကြီး၊ အဆင့်ချိုးဖျက်တက်ရောက်နိုင်မှရမယ်”

လင်းတုန်း- “အစ်ကိုက ကိုယ်ခန္ဓာသန့်စင်ခြင်း အထွတ်အထိပ်မှာရှိနေပီ၊ ယွမ်ကောင်းကင်နယ်ပယ်ကို ချိုးဖျက်တက်ရောက်ဖို့ဆိုတာ အကို့အတွက်ပြဿနာမရှိလောက်ပါဘူး”

ဝူယွမ်- “ယွမ်ကောင်းကင်နယ်ပယ်မှာ ယင် စွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူဖို့ လိုအပ်တယ်။ သာမန် ယင် စွမ်းအင်ကို စုပ်ယူရတာက အရမ်းနှေးလွန်းတယ်။ ယင်စွမ်းအင်း ကောင်းကောင်း ရှာဖွေဖို့ရာ ငါအခက်တွေ့နေတယ်”

ပြောရင်းနှင့် သူသည် ရည်ရွယ်ချက်ရှိရှိ စိတ်ညစ်နေဟန် လုပ်ပြလိုက်သည်။

ဒါကိုမြင်တွေ့ရသည့်အခါ လင်းတုန်း၏မျက်နှာတွင် မဝံ့မရဲဖြစ်နေသည့် ပုံစံပေါ်လာသည်။

ယင် စွမ်းအား... သူ့မှာ ရှိပြီးသားဖြစ်သည်။

သို့သော် ဤအရာသည် ချင်းတန်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်နေသည်။

“အစ်ကို၀ူက ဒီနေ့ လင်းမိသားစုအတွက် ရပ်တည်ပေးခဲ့တယ်၊ဒီကျေးဇူးကို ကျေ အောင်ဆပ်နိုင်မှာမဟုတ်ဘူး...” လင်းတုန်းသည် ဝူယွမ်၏ “ငါက လင်းတုန်းကြောင့်သာ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်” ဆိုသည့်စကားကို ပြန်လည်သတိရသွားပြီး စိတ်လှုပ်ရှားသွားသည်။

“အစ်ကို... ဒါကို တစ်ချက်ကြည့်ပါ” လင်းတုန်းသည် ကန့်လန့်ကာအတွင်းရှိ ကြည်လင်ပြတ်သားပြီး တောက်ပနေတဲ့ ရေခဲပုလဲလုံးလေးများကို ထုတ်ယူလိုက်သည်။

“အို... ယင် စွမ်းအင်တွေ အတော်ပြင်းထန်ပါလား” ဝူယွမ်သည် ပုလဲများကို ယူကြည့်ပြီး အံ့အားသင့်သွားသည်။

“ဒါတွေက ယင် ပုလဲတွေပါ၊ ပဉ္စမအဆင့်အထက် ယင် စွမ်းအင်တွေ ပါဝင်နေတယ်”

“ငါ့ညီကတော့... ဒီလိုအဖိုးတန်ရတနာကို ဘယ်လိုရလာတာလဲ။ ယွမ်ကောင်းကင်နယ်ပယ် အဆင့် ကျွမ်းကျင်သူတွေတောင် ငန်းငန်းတက်လိုချင်‌နေတဲ့ အရာတစ်ခုပဲ”

“အစ်ကို... ဒီယင် ပုလဲတွေကို အစ်ကိုရဲ့ ကျင့်ကြံခြင်းအတွက် ပေးတာပါ၊ အစ်ကို ယွမ်ကောင်းကင်နယ်ပယ် ချိုးဖျက်ဖို့ လုံလောက်မယ်ထင်တယ်။ ဒါတွေရဲ့ ဇစ်မြစ်နဲ့ ပတ်သက်ပြီးတော့က အစ်ကို ကျေးဇူးပြုပြီး မမေးပါနဲ့။ အစ်ကိုကို မယုံကြည်လို့မဟုတ်ပါဘူး၊ ဒါပေမယ့်...”

“ဆက်ပြောဖို့မလိုတော့ဘူး၊ အစ်ကိုက မင်းကို ယုံကြည်ပြီးသား။ မင်းက အစ်ကိုကို မျှဝေချင်တဲ့ ဆန္ဒရှိတာနဲ့တင် မင်းမှာ အစ်ကိုအပေါ် စိတ်ကောင်းရှိတယ်ဆိုတာ သက်သေပြလိုက်တာပဲ။ ဒါတွေ ဘယ်လိုဖြစ်လာတာလဲဆိုတာ အရေးမကြီးပါဘူး”

“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကို”

“ငါတို့ကြားမှာ ဒီလောက်လေးတွေက ကျေးဇူးတင်ဖို့မလိုပါဘူး” လင်းတုန်း စိတ်လှုပ်ရှားသွားသည်။ ဝူယွမ်၏ သူ့အပေါ်နားလည်ပေးမှုသည် သူ့ကို အလွန်ပျော်ရွှင်စေခဲ့သည်။

ဝူယွမ်က သူ့ကိုနားလည်မှုမလွဲစေချင်သလို ချင်းတန်၏လျှို့ဝှက်ချက်ကိုလည်း ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်သည့်အတွက် သူသည် ခက်ခဲသောအခြေအနေတွင် ရှိနေခဲ့သည်။

ဝူယွမ်နှင့် အတူတူသေရမည်ကို သူမစိုးရိမ်ပါ။

သို့သော် ချင်းတန်ကိုမူ မပါဝင်စေချင်ပေ။

ဤသည်မှာ မယုံကြည်လို့မဟုတ်ပေ။

ချင်းတန်အကြောင်းသိသူနည်းလေလေ၊ ချင်းတန် ရင်ဆိုင်ရမည့် အန္တရာယ် နည်းလေလေ ဖြစ်သည်။

“မင်းက ယင် ပုလဲအားလုံးကို ငါ့အတွက်ပေးနေတာလား၊ ကိုယ့်အတွက် ကိုယ်ရောမချန်ထားဘူးလား”

“စိတ်မပူပါနဲ့ အစ်ကို၊ ကျွန်တော့်မှာ နည်းနည်းတော့ ကျန်သေးတယ်။ အစ်ကို မလောက်ရင် ကုန်သွားတဲ့အခါ ထပ်ပေးမယ်”

ဝူယွမ်သည် ကျေနပ်နေသည့်အမူအရာဖြင့် ယင် ပုလဲများကို လက်ခံလိုက်သည်။

တကယ်တော့ သူသည် အားလုံးကို သိထားသည်။

လင်းတုန်း၏ တက်တက်ကြွကြွ ယင် ပုလဲမျှဝေပေးခြင်းသည် သူ့ကို အလွန်တရာ တုန်လှုပ်စေခဲ့ပြီး လင်းတုန်းသည် သူ့အား အစ်ကိုတစ်ဦးအဖြစ် အပြည့်အဝ အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။

“လာ... ငါ ‘ကောင်းကင်တန်ခိုးမှတ်တမ်း’ ကို မင်းအတွက် ထပ်ကူးရေးပေးမယ်။ မင်းဒီနေ့မြင်လိုက်တယ်မလား၊ ငါလေလီကို ရိုက်တဲ့လက်ဝါးဟာ လိန်လီ ဂရုမစိုက်လို့မဟုတ်ဘူး၊ ငါက ‘ခရမ်းစွမ်းအားပြင်းမိစ္ဆာမျက်စိ’၊ ‘ငှက်ကြွေနဂါးဖမ်း’ နဲ့ ‘တစ္ဆေအရိပ်လှည့်စားခြင်း’ ကို တစ်ချိန်တည်းမှာ အသုံးပြုခဲ့တာ‌ကြောင်းဘဲ...”

နှစ်ယောက်သားသည် တိုက်ပွဲအတွေ့အကြုံ ဖလှယ်ခြင်းထဲသို့ နက်ရှိုင်းစွာ နှစ်မြုပ်သွားကြပြန်သည်။

All Chapters