← Chapters

ယွမ်မြေကြီးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်း

Vol. 1 Ch. 10

ယွမ်မြေကြီးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်း

Vol. 1 Ch. 10

“အကိုလင်းတုန်နဲ့ အကိုဝူယွမ် လင်းရှားအမ သူမအိမ်ကို ညစာစားဖို့ ဖိတ်ခိုင်းလိုက်လို့လာတာပါ”

ချင်းတန်သည် အချိန်မှန်ပင် သူတို့ထံ ရောက်လာခဲ့သည်။

“သိပြီ၊ခဏ‌စောင့်”

“အစ်ကိုတို့မသွားရင် အမလင်းရှား စိတ်မကောင်းလိမ့်ဖြစ်မယ်၊ သူမအကူအညီတောင်းထားတဲ့ ကိစ္စဖြစ်လို့ သွားပေးလိုက်ကြပါ”

ချင်းတန်က အဆက်မပြတ်တိုက်တွန်းလေသည်။

“သွားကြရအောင်၊ညစာအလကားစားရတာပဲ” ဝူယွမ်က ဆိုလိုက်သည်။

သူသည်ယင်ပုလဲလုံးတွေ ရရှိထားပြီး စိတ်ပျော်နေသည်။ ယင်ပုလဲလုံးသည် ချင်းတန်ထံမှ ရသည်ဖြစ်၍ သူသည် ချင်းတန်အား မျက််နှာသာပြန် ပေးရမည်။

လင်းတုန်က”ဟုတ်တယ်၊ အမလင်းရှားရဲ့ စရိုက်က ဒီနေ့ မသွားရင်ခဲ့ရင် အမြဲစိတ်ခုနေမှာ”

“သွားကြစို့ချင်းတန်”

နှစ်ယောက်လုံးအိမ်မှထွက်ခွာလာကြသည်။

“ဟီးဟီး...နင်တို့ငါ့ကို လစ်လျူရှုမှာမဟုတ်ဘူးဆိုတာ ငါသိနေတယ်”

သုံးဦးလုံးလင်းရှား၏ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။ လင်းရှားသည် ဝင်ပေါက်တွင် စောင့်မျှော်နေခဲ့သည်။

သူမသည်ခရမ်းရောင်ချည်အင်္ကျီဝတ်ဆင်ထားပြီး ဖြူဖွေးသွယ်လှသော ခြေသလုံးများကို ထုတ်ဖော်ထားသည်။ သွယ်လှသော ခါးသည် သူမခန္ဓာကိုယ်၏ ဆွဲဆောင်မှုကိုမြင့်တင်‌ပေးနေသည်။ ရှည်လျားသွယ်လျှသော ခြေထောက်များသည်လည်း သူအရပ်၏ ဆယ်ပုံခုနှစ်ပုံခန့်ရှိပြီး သူမအား ပိုမိုလှပအောင် တွန်းတင်ပေးနေသည်ဟုထင်ရသည်။

သူမလှသလား။ သူမ၏ခြေထောက်ကိုသာ ကြည့်ပါ။

ဤစကားသည်အချည်းနှီးမဟုတ်ချေ။

ဝူယွမ်သည်အဝေးကပင် ပြင်ဆင်ထားသော လင်းရှားကို မြင်နေရပြီး ထိုရှည်လျားသောခြေထောက်များသည် သူမ၏ဆွဲဆောင်မှုကို များစွာတိုးစေသည်။

“မင်းရဲ့ဝမ်းကွဲအမက တကယ်ကိုလှတာဘဲ”

ဝူယွမ်က ချီးကျူးလိုက်သည်။

လင်းတုန်က”ဟုတ်တယ်၊ အမလင်းရှားက ငါတို့လင်းမိသားစုရဲ့ လူငယ်မျိုးဆက်ထဲမှာ အလှဆုံးဘဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

“မဟုတ်ဘူး...မဟုတ်ဘူး... မင်းတို့လင်းမိသားစုထဲမှာ အလှဆုံးက ချင်းတန်ပဲ” ဝူယွမ်က ကန့်ကွက်လိုက်သည်။

လင်းရှားသည် အတော်လေးလှသော်လည်း သူမ၏အဓိကအလှသည် ခြေထောက်များတွင်ဖြစ်ပြီး ချင်းတန်ထက် နှစ်နှစ်ခန့်ကြီးကာ ပို၍ဖွံ့ဖြိုးနေသောကြောင့်ဖြစ်သည်။

ချင်းတန်သည်ငယ်ရွယ်သေးသော်လည်း ချောမောလှပသော အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး အနာဂတ်တွင် တစ်နိုင်ငံလုံးကို ကျော်ကြားလာပြီး မ ဖျက်လို့ပြည်ပျက်မြည့် မိန်းမလှ‌လေးတစ်ဦးဖြစ်သည်။(တရုတ်တွင် အလွန်လှပသောမိန်းမငယ် တစ်ယောက်အတွက်နဲ့ တိုင်းပြညိအချင်းချင်းစစ်ဖြစ်ခဲ့ကြသောကြောင့် မ ဖျက်မှပြည်ပျက်တယ် ဆိုတဲ့စကားပုံရှိခဲ့ဖူးသည်။)

“အကိုဝူယွမ် ဘာတွေပြောနေတာလဲ”

ချင်းတန်သည်မျက်နှာကြီးနီရဲကာ ပြန်ပြောခဲ့သည်။

သို့သော်သူမသည် စိတ်ထဲတွင်‌တော့

ကြိတ်ဝမ်းသာနေခဲ့သည်။

တစ်ချိန်တည်းမှာပင်လင်းတုန်ကို မကျေမနပ်ဖြင့် ကြည့်လိုက်ကာ “ဟမ်... အကိုလင်းတုန်သည် အကိုဝူယွမ်လောက် အမြင်မရှိဘူး” ဟု စိတ်ထဲတွင် ပြောဆိုနေခဲ့သည်။

“လာပြီလား”လင်းရှားက ရှက်ကြောက်စွာဖြင့် ကြိုဆိုခဲ့သည်။ သူမသည်အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး လင်းတုန်တို့အိမ်အထိ သွား‌ခေါ်ရန် စဉ်းစားခဲ့သော်လည်း အလွန်ရှက်ကြောက်နေခဲ့သည်။

လင်းရှားသည်ညစာစားပွဲအတွက် အလွန်လှပအောင် ပြင်ဆင်ထားသည်။ သူမ၏မိဘများလည်း ရောက်ရှိနေကြပြီး လင်းတုန်နှင့် ဝူယွမ်တို့အား ဒီနေ့ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်နေကြသည်။ ထမင်းစားချိန်တွင် လင်းရှား၏မိဘများသည် ဝူယွမ်၏အခြေအနေကို ဆက်တိုက်မေးမြန်းနေကြပြီး ချက်ချင်း ချွေးမတောင်းစေလိုသည့် အတိုင်း ပြုမူနေကြသည်။

လင်းရှားမိသားစုနှင့်ညစာစားချင်းပြီးဆုံးသွားသောအခါ ညဉ့်နက်နေခဲ့လေပီ။

လင်းရှားအဖေလင်းကန်၏အိမ်တွင် တည်းရန် ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့သည်။

ဝူယွမ်သည်လင်းတုန်၏ အိမ်သို့ လင်းတုန်နှင့်အတူ ပြန်လည်ရောက်ရှိခဲ့သည်။

ညပိုင်းတွင်လင်းတုန်နှင့် ကိုယ်ခန္ဓာပညာရပ် ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ခဲ့သည်။

...တစ်လကြာပြီးနောက်

“ယင်ပုလဲလုံး၏သက်ရောက်မှုက တစ်ကယ် အံ့သြဖွယ်ကောင်းလွန်းတယ်။ ငါ့ဒန်တျန်မှာ ယွမ်စွမ်းအင်တွေကို ပေါင်းစည်းမိနေပီ။ အခု ယွမ်‌မြေကြီးနယ်ပယ်ကို ချိုးဖျက်တက်ရောက်ဖို့ ကြိုးစားလို့ရပြီ”

ဝူယွမ်သည်ဝမ်းသာနေခဲ့သည်။ ဤတစ်လအတွင်း သူသည် ယင်ပုလဲလုံး တစ်ဆယ့်သုံးခုကို အသုံးပြုခဲ့ပြီး ယွမ်မြေကြီးနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။

“အဆူရာမကောင်းဆိုးဝါးခန္ဓာကိုယ်မှ ထုတ်လုပ်တဲ့ ယင်ပုလဲ‌တွေက တစ်ကယ့်ကိုအစွမ်းထက်တာဘဲ”

ဝူယွမ်သည်ထိုအကြောင်းသိ‌နေခဲ့သည်။ ယင်ပုလဲလုံးများသည် ချင်းတန်၏ခန္ဓာကိုယ်မှ ရရှိခဲ့ခြင်းဖြစ်သည်။ ဆိုရသော် ချင်းတန်တွင် ပြင်းထန်သော အဆူရာမကောင်းဆိုးဝါး ခန္ဓာကိုယ်ရှိသောကြောင့်ဖြစ်သည်။

ဤခန္ဓာကိုယ်သည်အလွန်ထူးခြားပြီး ကောင်းကင်ဘုံနှင့် မြေပြင်မှ ယွမ်စွမ်းအင်များကို အဆက်မပြတ်စုပ်ယူနေနိုင်သည်။

စုပ်ယူလိုက်သောယွမ်စွမ်းအင်သည်လည်း အလွန်သန့်ရှင်းလှသည်။ ချင်းတန်၏ခန္ဓာကိုယ်သည် လုံးဝနိုးထခြင်းမရှိသေးပါ။ သို့မဟုတ်ပါက သူမ၏ခန္ဓာကိုယ်အတွင်းရှိ ယွမ်စွမ်းအင်များသည် နဝမအဆင့်ထက် မြင့်မားနိုင်သည်။

ချင်းတန်သည်ဤခန္ဓာကိုယ်ဖြင့် သူနှင့် လင်းတုန်ထက် ပိုမိုမြင့်မားသော အစမှတ်တွင် စတင်ခဲ့သည်ဟု ဆိုနိုင်သည်။

ချင်းတန်၏အနာဂတ်အောင်မြင်မှုသည်လည်း ပေါ့သေးသေးမဟုတ်ပေ။

“ယင်ပုလဲ ငါးလုံးကျန်သေးတယ်၊ လောက်လောက်မှာပါ”

ဝူယွမ်သည်ယင်ပုလဲလုံး ငါးလုံးစလုံးကို တစ်ခါတည်း မျိုချလိုက်သည်။

ပြင်းထန်သောယင်စွမ်းအင်သည် ချက်ချင်းပင် သူ၏တစ်ကိုယ်လုံးကို ဖြတ်သန်းသွားခဲ့သည်။ သူ့ဆံပင်ပေါ်တွင်လည်း ရေခဲမှုန်များ စုရုန်းလာခဲ့သည်။

သူသည်မြင့်မြတ်သော ကောင်းကင်တန်ခိုးမှတ်တမ်းပညာရပ်ကို လည်ပတ်လိုက်ပြီး ဆေးစွမ်းအင်များကို ဆက်လက်သန့်စင်ခဲ့သည်။

အချိန်တစ်ခုကြာပြီးသောအခါ။

ဟမ်

သူ၏အတွင်းအင်္ဂါများတုန်ခါသွားခဲ့သည်။

“ငါ့ အဆင့်ချိုးဖျက်တက်ရောက်သွားပြီ”

ဝူယွမ်သည်ဝမ်းသာစွာဖြင့် သူ၏ဒန်တျန်အတွင်းသို့ ကြည့်ရှုလိုက်သည်။

သူ၏ဒန်တျန်အတွင်းရှိ နို့နှစ်ရောင် မူလစွမ်းအင်များသည် ရေခဲပြာရောင်စွမ်းအင်ဒြပ်စင်ထုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မူလစွမ်းအင်နှင့်ယွမ်စွမ်းအင်ပေါင်းစည်းမှု၊ ဤသည်မှာ ယွမ်မြေကြီးနယ်ပယ်၏ သင်္ကေတပင်ဖြစ်သည်။

ဝူယွမ်သည်သူ၏စွမ်းအင်ကို လည်ပတ်စေပြီး ဒန်တျန်အတွင်းရှိ ရေခဲပြာရောင် အအေးစွမ်းအင်များကို အလွယ်တကူရွေ့လျားစေခဲ့သည်။

“ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းပညာရပ်သည်နောက်ဆုံးတော့ ပထမဆင့်သို့ ရောက်ရှိသွားခဲ့သည် ”

ဝူယွမ်သည်အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သူ၏မူလစွမ်းအင်သည်ပိုမိုမြန်ဆန်စွာ လည်ပတ်လာခဲ့သည်။

“ဒါဆိုပထမအဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်းနဲ့ ကိုက်ညီတယ်၊ နဝမအဆင့်ဆို ဘယ်အထိ ရောက်နိုင်လောက်မလဲ”

“ကောင်းကင်ဘုံတန်ခိုးမှတ်တမ်းပညာရပ်ရဲ့ အဆင့်က ဒီကမ္ဘာရဲ့ဘယ်အဆင့်မှာရှိ‌ နေတာလဲ။

ဖန်ဆင်းခြင်းအဆင့်ပညာရပ်လား၊ ဝိညာဉ်အဆင့်ပညာရပ်လား။ ကောင်းကင်အဆင့်ပညာရပ်ထိ ရောက် နေတာများလား”

ဝူယွမ်သည်ဤအကြောင်းကို စဉ်းစားနေခဲ့သည်။

သူ့အမြင်တွင်မြင့်မြတ်သောကောင်းကင်ဘုံတန်ခိုးမှတ်တမ်းပညာရပ်သည် အဆင့်အလွန်မြင့်သော်လည်း တုန့်လော်ကမ္ဘာမှာဘဲဖြစ်နိုင်သည်၊ သိုင်းပညာကမ္ဘာ (ဝူတုန်ချင်းကွမ်)နှင့် နှိုင်းယှဉ်လျှင် တုန့်လော်ကမ္ဘာသည် မှေးမှိန်သွားရသည်။

မြင့်မြတ်သောကောင်းကင်ဘုံတန်ခိုးမှတ်တမ်းပညာရပ်သည် တုန့်လော်ကမ္ဘာတွင် အထက်တန်းစားဖြစ်ကောင်းဖြစ်နိုင်သော်လည်း သိုင်းပညာများဖွံ့ဖြိုးတိုးတက်နေပြ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော သိုင်းပညာကမ္ဘာတွင်တော့ စာရင်းသွင်းခြင်းပင် မခံရနိုင်‌ချေ။

“ထား‌တော့၊ ဒီအကြောင်း ငါ မတွေးတော့ဘူး။ အခုလောလောဆယ်တော့ မြင့်မြတ်သောကောင်းကင်ဘုံတန်ခိုးမှတ်တမ်းပညာရပ်က ငါ လေ့ကျင့်ဖို့ လုံလောက်တာထက်ပိုတယ်”

ထို့နောက်သူသည် ယွမ်စွမ်းအင်နှင့် ပေါင်းစည်းပြီး သူ့စွမ်းအားကို စမ်းသပ်ရန် ကျောက်စိမ်းစွမ်းအင်ကိုလက်ထဲ ပေါင်းစပ်လိုက်သည်။

ဤတစ်ကြိမ်တွင်သူ၏လက်များသည် အရင်တစ်ခေါက် ကဲ့သို့ ဖြူစင်နေခြင်းမရှိပေ။

“ဟင်”

ဝူယွမ် အံ့အားသင့်သွားခဲ့သည်။

သူ၏ကျောက်စိမ်းစွမ်းအင်လက်ပညာရပ်သည်ကျောက်စိမ်းရောင်သို့ ပြောင်းလဲသွားပြီးနောက် အံ့ဖွယ်ကောင်းလောက်စွာ ရေခဲအပြာရောင်အလွှာတစ်ခုပါ ထပ်မံပေါ်ပေါက်လာခဲ့သည်။

“ယင်စွမ်းအင်ကိုကျောက်စိမ်းစွမ်းအင်လက်ပညာရပ်နဲ့ ပေါင်းစည်းနိုင်တာဘဲ၊ သိပ်ကောင်းတယ်”

ဝူယွမ်သည်တိတ်တဆိတ်ပင် လေ့ကျင့်ရေးကွင်းသို့သွားပြီး ၎င်း၏စွမ်းအားကို စမ်းသပ်ခဲ့သည်။ ကျောက်စိမ်းစွမ်းအင်လက်ပညာရပ်ရဲ့ စွမ်းအားသည်ယခင်ကထက် ဆယ်ဆခန့် ပိုမြင့်မားလာခဲ့သည်။

ကျောက်စိမ်းစွမ်းအင်လက်သည်မူလကတည်းက ရေခဲဂုဏ်သတ္တိရှိသဖြင့် ယွမ် ယမြေကြီးနယ်ပယ်သို့ ချိုးဖျက်တက်ရောက်ခြင်းသည် ကျောက်စိမ်းစွမ်းအင်လက်ပညာရပ်ကို ကြီးကြီးမားမား တိုးတက်စေခဲ့သည်ဟု ဆိုနိုင်သည်။

ချိုးဖျက်တက်ရောက်ပြီးနောက်ဝူယွမ်သည် ချက်ချင်းပင် လုံချန်းထံသို့ သတင်းကောင်းပြောကြားခဲ့သည်။

“ယွမ်...မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ။ ယွမ်မြေကြီးနယ်ပယ်ကို ဒီလောက်မြန်မြန်ဆန်ဆန် ချိုးဖျက်တက်ရောက်နိုင်ခဲ့တယ်။ ဒီနှစ်တော့ ငါ့ရူးသွပ်ဓားသိုင်းခန်းမက အမဲလိုက်ပြိုင်ပွဲမှာ ပထမဆုရဖို့ အခွင့်အလမ်းရှိလာပီ”

လုံချန်းသည်အလွန်ပျော်ရွှင်နေပြီး လက်တွေ့ကျသော လူတစ်ဦးဖြစ်ကာ ဝူယွမ်အား စတုတ္ထအဆင့် ဝိညာဉ်ဆေးပင်သုံးပင်ကို ချီးမြှင့်ခဲ့သည်။

တစ်ချိန်တည်းမှာပင်သူသည် ရူးသွပ်ဓားကိုယ်ခံပညာခန်းမ၏ အရေးကြီး သိုင်းပညာဖြစ်သည့် စတုတ္ထအဆင့်ကိုယ်ခံပညာ မိုးကြိုးမုန်တိုင်း ကို ဝူယွမ်ကို သင်ကြားပေးခဲ့သည်။

ဤသည်မှာဝူယွမ် လုံးချန်းထံသို့ သွားရောက်ပြောကြားရသည့် အဓိက အကြောင်းရင်းလည်းဖြစ်သည်။

သူသည် ယွမ်မြေကြီးနယ်ပယ်သို့ ချိုးဖျက်တက်ရောက်ပြီးသည်နှင့် စတုတ္ထအဆင့်ကိုယ်ခံပညာကို သင်ယူနိုင်သည်။

မိုးကြိုးမုန်တိုင်း စတုတ္ထအဆင့်ကိုယ်ခံပညာသည် အလယ်အလတ်တန်းစား ကိုယ်ခံပညာဖြစ်သည်။ ချင်းယန်းမြို့ရှိ လိန်၊ ရှဲ့နှင့် လင်းမိသားစုတို့၏ အမြင့်ဆုံးကိုယ်ခံပညာများသည်လည်း စတုတ္ထအဆင့်သာဖြစ်ကြသည်။

သို့သော်လိန်မိသားစုတွင် စတုတ္ထအဆင့်ကိုယ်ခံပညာ နှစ်မျိုးရှိသည်။

အမဲလိုက်ပြိုင်ပွဲမစမီတစ်လအလို။

“ကျွန်တော့်ပြင်းပြင်းထန်ထန် ဆက်လေ့ကျင့်ပြီး နောက်တစ်ကြိမ် အဆင့် ထပ် ချိုးဖျက်နိုင်မလားစမ်းကြည့်မယ်”

ဝူယွမ်သည်လင်းတုန်ဆီသို့ သွားတွေ့ပြန်သည်။

“အစ်ကိုကြီးယွမ်‌မြေကြီးနယ်ပယ်ကို ချိုးဖျက်တက်ရောက်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်”

“လာညီလေး၊ ဆေးဝါးသန့်စင်ဖို့ရာ ငါ့ကိုကူအုံး”

ဝူယွမ်သည်ရရှိထားသော စတုတ္ထအဆင့်ဝိညာဉ်ဆေးပင် အသစ်များကိုလင်းတုန်လက်ထဲထိုးပေးပြီး ဆေးပြားများအဖြစ် သန့်စင်စေခဲ့သည်။

သူသည်စတုတ္ထအဆင့်ဆေးပြား ဆယ်လုံးခန့်ရရှိခဲ့သည်။

“စတုတ္ထအဆင့်ဝိညာဉ်ဆေးပင်အချို့လဲလှယ်ဖို့ ကုန်သွယ်ရေးဈေးကွက်ကို ထပ်သွားမလို့ စီစဉ်ထားတယ်”

ဝူယွမ်သည်သူ၏အကြံအစည်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

ယွမ်မြေကြီးနယ်ပယ်ကို ချိုးဖျက်တက်ရောက်ပြီးနောက် တတိယအဆင့်ဆေးပြားများသည် သူ့အတွက် သိပ်သက်ရောက်မှုမရှိတော့ဘဲ စတုတ္ထအဆင့်ဆေးပြားနှင့် အဲ့အထက်ရှိသည်ဆေးပြားများကသာ သိသိသာသာ သက်ရောက်မှုရှိတော့သည်။

သူတို့နှစ်ဦးသည်အရင်နည်းလမ်းအတိုင်း ကျောက်လက်ဖွဲ့ ဝိညာဉ်ဆေးရည်နှင့် တတိယအဆင့်ဆေးပြားအချို့ကို အသုံးပြုကာ စတုတ္ထအဆင့်ဝိညာဉ်ဆေးပင်တစ်ချို့နှင့် လဲလှယ်ခဲ့ကြသည်။

နောက်ဆုံးတွင်ဝူယွမ်သည် ယင်ပုလဲတစ်ပုလင်းနှင့် စတုတ္ထအဆင့်ဆေးပြား ဆယ်လုံးဖြင့် ပြန်လာခဲ့သည်။

လင်းတုန်တွင်ယင်ပုလဲလုံးများစွာရှိသည်။ ချင်းတန်သည် ယင်ပုလဲလုံးများ ထုတ်လုပ်နိုင်သည့် အေးဆက်သောစွမ်းအင်များကို ပုံမှန်ထုတ်လွှင့်‌နေခဲ့သည်။

“ဒီလောက်ဆိုနောက်ထပ် ကျင့်ကြံဆင်းတိုးတက်အောင် လုပ်ဖို့ရာလုံ‌လောက်သင့်တယ်”

မျက်စိတစ်မှိတ်အတွင်းနောက်ထပ်တစ်လကြာမြင့်သွားခဲ့ပြီဖြစ်သည်။

အမဲလိုက်ပြိုင်ပွဲကြီးရောက်ရှိလာခဲ့လေပီ။

ဝူယွမ်သည်သီးသန့်ကျင့်ကြံနေရာမှ ထွက်ခွာလာခဲ့သည်။

“နောက်ဆုံးတော့ဆိုင်းအင်၀င်လို့ရပြီ”

All Chapters