ဆိုင်းအင်၀င်ခြင်းနှင့် ကျားဖြူသွေးမျိုးဆက် ရရှိခြင်း
Vol. 2 Ch. 11
အမဲလိုက်ပြိုင်ပွဲ ကျင်းပရာနေရာသည် ချင်းယန်မြို့၏ အပြင်ဘက်၌ရှိသော “သားကောင်ချိုင့်၀ှမ်း” အတွင်းတွင် ဖြစ်သည်။
ဤချိုင့်၀ှမ်းသည် ချင်းယန်မြို့ငယ်လေး၏ အခမ်းနားဆုံး ဗိသုကာလက်ရာတစ်ခုပင်ဖြစ်သည်။ ချိုင့်ဝှမ်းသည် အလွန်ကျယ်ဝန်းလှကာ မြေနေရာကြီးကြီးမားမား သိမ်းပိုက်ထားခဲ့သည်။
မိုင်ပေါင်းများစွာ ကျယ်ပြန့်သော တောအုပ်ကြီးတစ်ခုလည်း ရှိပြီး ထိုတောအုပ်၏ဗဟိုချက်တွင် တောင်ကုန်းငယ်တစ်ခုကို ထွင်းထုထားသော ကျောက်ဖြစ်ရုပ်ကြွင်းကြီး တစ်ခုတည်ရှိသည်။
ချန်ပီယံရွှေးချယ်မယ့် နောက်ဆုံးတိုက်ပွဲကိုလည်း ထိုနေရာမှာ ကျင်းပမည်ဖြစ်သည်။
လူအများအပြား အဆက်မပြတ် ရောက်ရှိလာခဲ့ကြသည်။
အဓိကအင်အားကြီး အုပ်စုကြီးလေးစုအပြင် ချင်းယန်မြို့ငယ်မှ အခြားအုပ်စုငယ် များစွာလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဆိုရသော် အမဲလိုက်ပြိုင်ပွဲသည် တစ်နှစ်တာအတွင်း အစည်ကားဆုံးနေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
“အစ်ကိုကြီး”
ဝူယွမ်ကို တွေ့သည်နှင့် လင်းတုန်က လင်းမိသားစုအုပ်စုထဲမှ ခွဲထွက်လာခဲ့သည်။
“ဘယ်လိုလဲ... အဆင့်ချိုးဖျက်ပြီးသွားပြီလား”
ဝူယွမ်က မေးလိုက်သည်။
လင်းတုန်သည် ပြုံးရင်းနှင့် ခေါင်းညိတ်သည်။
“အစ်ကိုကြီးရော... ယွမ်မြေကြီးအဆင့်ကိုရောက်ပြီးတဲ့နောက် တိုးတက်မှုရှိလာလား”
“အင်း…”
သူတို့နှစ်ဦးစလုံး ပြုံးနေကြသည်။
“ယွမ်မြေကြီးအဆင့်” ကို စဦးအဆင့်၊ အလယ်အလတ်နှင့် နောက်ဆုံးအဆင့်ဟူ၍ သုံးဆင့်ခွဲခြားထားသည်။
နောက်ဆုံးတစ်လအတွင်း စတုတ္ထအဆင့် ဆေးလုံးများနှင့် “ယင်ပုလဲ” အမြောက်အမြား၏ အကူအညီဖြင့် ဝူယွမ်သည် အလယ်အလတ်အဆင့်သို့ အချိန်မှီရောက်ရှိသွားခဲ့သည်။
သို့သော် ဤတစ်ကြိမ်တော့ သူသည် မိမိ၏ကျင့်ကြံခြင်းအဆင့်ကို မထုတ်ဖော်ပဲ အမဲလိုက်ပြိုင်ပွဲတွင် လိန်မိသားစုအား အံ့အားသင့်စေရန် ရည်ရွယ်ထားသည်။
အမဲလိုက်ခြင်းသည် ပြိုင်ပွဲတစ်ခုသက်သက် မဟုတ်ပေ။
အနိုင်ရသူနှင့် ရှုံးနိမ့်သူတို့တွင် ဆုလာဘ်များနဲ့ ပေဆပ်ရမည့်တန်ဖိုးများ ရှိသည်။
အုပ်စုတစ်စုစီသည် သူတို့၏ပိုင်ဆိုင်မှုတစ်ခုကို လောင်းကြေးအဖြစ် ထုတ်ကြရမည်ဖြစ်သည်။
ဤသည်မှာ ချင်ယန်းမြို့ငယ်ရှိ အဓိကအင်အားကြီး အုပ်စုများအကြားက ထိပ်တိုက်ရင်ဆိုင်မှုပင်ဖြစ်သည်။
၎င်းကို မျိုးဆက်သစ်လူငယ်များအပေါ်၌ တာ၀န်လွှဲထားခြင်းဖြစ်သည်။
အရင်နှစ်များက လောင်းကြေးများကို လိန်မိသားစုကသာ အမြဲတမ်းယူဆောင်သွားနိုင်ခဲ့ကြသည်။
မကြာမီပင် လိန်မိသားစု၏ခေါင်းဆောင် လိန်ပေါင်နှင့် ရှဲ့မိသားစု၏ခေါင်းဆောင် ရှဲ့ချန်တို့သည် အတူတကွရောက်ရှိလာကြပြီး လိန်လီနှင့် ရှဲ့ရင်ရင်တို့ ကဲ့သို့ မျိုးဆက်သစ်လူငယ်များသည် သူတို့၏နောက်မှ လိုက်ပါလာကြသည်။
“ဝူယွမ်... လင်းတုန်... ဒီနေ့ မင်းတို့ရဲ့ အရင်ကလုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရမယ်” လိန်လီ၏မျက်လုံးထဲတွင် ကြမ်းတမ်းသောအလင်းတစ်ချက် လက်သွားပြီး လက်ညှိုးထိုးကြိမ်း၀ါးလိုက်သည်။
လိန်လီသည်လည်း “ယွမ်မြေကြီးအဆင့်” သို့ အောင်မြင်စွာ အဆင့်ချိုးဖျက်တက်ရောက်နိုင်ခဲ့သည်။
“ကိုယ်ခန္ဓာသန့်စင်ခြင်း နဝမအဆင့်” အထွတ်အထိပ်သို့ရောက်နေသော ရှဲ့ရင်းရင်းနှင့် ပူးပေါင်းပြီး တွဲဖက်လုပ်ဆောင်ပါက ဝူယွမ်နှင့် လင်းတုန်ကို အကျပ်ရိုက်စေမှာ သေချာသည်။
ပြိုင်ပွဲကျင်းပသူက အမဲလိုက်ပြိုင်ပွဲ၏ စည်းမျဉ်းများကို ကြေညာခဲ့သည်။
အမဲလိုက်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သူဦးရေ စုစုပေါင်း တစ်ရာကျော်ရှိသည်။ တစ်ဦးချင်းစီက ကိုယ်ပိုင်တံဆိပ်တစ်ခုကို သယ်ဆောင်လာပြီး တောအုပ်ထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။
တံဆိပ်ဆယ်ခုနှင့်အထက် ရရှိသူများသည် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ချန်ပီယံရဖို့အတွက် တိုက်ပွဲဝင်ရန် ကျောက်ဖြစ်ရုပ်ကြွင်း ရုပ်ထုပြင်ပေါ်သို့ တက်ရမည်ဖြစ်သည်။
အမဲလိုက်ပြိုင်ပွဲ စတင်ခဲ့သည်။
ထိုအချိန်တွင် စနစ်၏အသိပေးချက်အသံတစ်ခု ဝူယွမ်ကြားလိုက်ရသည်။
“ဒင်း... အမဲလိုက်ပြိုင်ပွဲစတင်လိုက်ပီ။ ဆိုင်းအင်၀င်လိုပါသလား”
“ဆိုင်းအင်၀င်ပါ”
“ကျေးဇူးတင်ပါတယ် ပိုင်ရှင်သည် အောင်မြင်စွာ ဆိုင်းအင်၀သင်နိုင်ခဲ့သည်။ ဆုလာဘ်အဖြစ် ကျားဖြူသွေးမျိုးဆက်ကို ရရှိခဲ့သည်”
“အို... ကျားဖြူသွေးမျိုးဆက်ဆိုပါလား”
ဝူယွမ်သည် အံ့အားသင့်သွားခဲ့သည်။ ဆုလာဘ်များသည် တကယ်ပဲ ထူးဆန်းလှပေသည်။
အရင်တစ်ကြိမ်က လေ့ကျင့်ရေးနည်းစနစ်ဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်တော့ ကျားဖြူသွေးမျိုးဆက်ကို ပြောင်းလဲသွားခဲ့သည်။
သို့ရာတွင် ကျားဖြူသွေးမျိုးဆက်ကို မြင်တွေ့ရသည့်အချိန်တွင် ဝူယွမ်သည် အကြောင်းရင်းကို နားလည်သွားခဲ့သည်။
စနစ်၏ဆုချီးမြှင့်မှုသည် သူ၏လိုအပ်ချက်များကို ကြိုတင်ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။
“နောက်ထပ်ဆိုင်းအင်၀င်ရန် နေရာ - ယန်မြို့”
ဆိုင်းအင်၀င်ရန် တာဝန်သည် ပြောင်းလဲသွားခဲ့သည်။
“ဒီတစ်ခါဆိုင်းအင်၀င်ရမယ့်နေရာက တော်တော်လေးရိုးရှင်းနေပါလား”
“ဒါပေမယ့်... တကယ်ကို လင်းတုန်နဲ့ ဆက်စက်နေတုန်းဘဲ”
ဝူယွမ်သည် ယခုအခါ ဤဆိုင်းအင်စနစ်သည် “ကံကြမ္မာသားးတော်” လင်းတုန် ရှိနေချိန်တွင်သာ စတင်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
“ဆိုင်းအင်စနစ် အကြောင်းနောက်မှစဉ်းစားတော့မယ်... အခုလောလောဆယ်အမဲလိုက်ပြိုင်ပွဲကို အရင်အာရုံစိုက်ရမယ်”
ဝူယွမ်သည် တိတ်တဆိတ် တောအုပ်ထဲသို့ဝင်ရောက်သွားကာ အတွင်းပိုင်းထိဦးတည်သွားပြီး လမ်းတစ်လျှောက် တွေ့သမျှသူတိုင်းထံမှ တံဆိပ်ပြားများကို သိမ်းယူခဲ့သည်။
ဤလူငယ်တပည့်များအားလုံး၏ အဆင့်သည် “ကိုယ်ခန္ဓာသန့်စင်ခြင်း ဆဌမအဆင့်” ဝန်းကျင်၌သာရှိသည်။
သူတို့ထဲက မည်သူတစ်ဦးတစ်ယောက်ကမျှ ဝူယွမ်နှင့် ယှဉ်တိုက်နိုင်စွမ်းမရှိကြပေ။
“အစ်ကိုကြီး ဝူယွမ်... ခဏစောင့်ပါအုံး”
ရုတ်တရက်ပင် မိန်းကလေးတစ်ဦး၏အသံကို တောအုပ်နောက်ထဲမှ ကြားလိုက်ရသည်။
သူမသည် သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး လှပသောအရိုင်းဆန်မှုများနှင့် ပြည့်နေပုံရသည်။ ဤမိန်းကလေးသည် သေးငယ်သော ကျားမလေးတစ်ကောင်နှင့်တူပြီး အချိန်မရွေးပေါက်ကွဲနိုင်သော စွမ်းအင်များဖြင့် ပြည့်နှပ်နေဟန်ရှိသည်။
သားရေခါးပတ်ဝတ်ကိုတင်းတင်းကျပ်ကျပ်၀တ်ဆင်ထားပြီး သူမ၏နုနယ်သောကိုယ်ခန္ဓာကောက်ကြောင်းများသည် တင်းကျပ်သောအဝတ်အစားများအောက်တွင် အထင်းသားပေါ်လွင်နေခဲ့သည်။ သူမ၏အသားအရေသည် သာမန်အမျိုးသမီးများကဲ့သို့ ဖြူဖွေးနေချင်းမဟုတ် ကြေးညိုရောင်ဖြစ်နေသည်။
သူမ၏လက်ထဲတွင်လည်း သစ်သားလေးကိုင်းတစ်ခုကို ကိုင်ထားသည်။
“မင်းပါလား” ဝူယွမ်က သူ့ကို မှတ်မိသွားသည်။
ဤမိန်းကလေးမှာ ချင်းယန်မြို့ငယ်အနီးရှိ ရွာမှ မုမိသားစု၏ အကြီးဆုံးသမီးရတနာ “မုလင်းရှ” ဖြစ်သည်။
မုမိသားစုသည် အဓိကအင်အားကြီး အုပ်စုကြီးလေးခုလောက် စွမ်းအားမကြီးမားသော်လည်း အလွန်ကျော်ကြားပြီး “ရူးသွပ်ဓားသိုင်းခန်းမ” နှင့် မကြာခဏထိတွေ့ဆက်ဆံရသည်။
ဝူယွမ် ၀ိညာဏ်ပြောင်းလဲခြင်း မဖြစ်ခင်က သူသည် ဧည့်သည်တော်အဖြစ် မုမိသားစုထံသို့ မကြာခဏသွားရောက်လေ့ရှိသည်။
ဝူယွမ် ခန္ဓာကိုယ်ပြောင်းလဲသွားပြီးနောက် သူ၏အတွေးများ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ နောက်ထပ်မသွားရောက်တော့ပေ။
သူ၏မှတ်ဉာဏ်ထဲတွင် သူတို့၏ဆက်ဆံရေးသည် အတော်လေးကောင်းမွန်သည်။
“အစ်ကိုကြီး ဝူယွမ်... ကျွန်မကို ရှင့်ရဲ့အဖွဲ့ထဲ ထည့်ပေးပါလားဟင်”
“ဒါ...”
“ဘာလဲ... ကျွန်မက ရှင့်ကိုနှောင့်နှေးစေမှာကြောက်လို့လား”
“မဟုတ်ပါဘူး” ဝူယွမ်က ပြောသည်။
မုလင်းရှာ၏ ခွန်အားသည် “ကိုယ်ခန္ဓာသန့်စင်ခြင်း အဋ္ဌမအဆင့်” သို့ရောက်ရှိနေပြီဖြစ်ရာ မျိုးဆက်သစ်လူငယ်များထဲတွင် ထူးချွန်သူတစ်ဦးဖြစ်သည်။
“ကောင်းပြီလေ... ဒါဆိုလည်းအတူတူသွားကြတာပေါ့”
ဝူယွမ်အတွက် ငြင်းဆိုရန် ခက်ခဲသည်။ မုမိသားစုနှင့် “ရူးသွပ်ဓားသိုင်းခန်းမ” တို့သည် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိပြီး သူသည်လည်း ပိုအရေးကြီးတာကို ဦးစားပေးရမည်ဖြစ်သည်။
ထို့အပြင် မုလင်းရှ၏ ခွန်အားသည်လည်း အတော်လေးကောင်းမွန်လှသည်။
“တောအတွင်းပိုင်းထိသွားမယ်... အဲ့မှာငါရဲ့ နောက်ထပ်မဟာမိတ်တစ်ယောက်ရှိသေးတယ်”
သူတို့နှစ်ဦးသည် မြန်မြန်ဆန်ဆန်တိုး၀င်သွားကြသည်။ တောအုပ်၏အတွင်းပိုင်းသို့ရောက်ရှိသွားသောအခါ ဝူယွမ်သည် တံဆိပ်ပြား ဆယ့်သုံးခုကို ရရှိခဲ့ပြီဖြစ်သည်။
သူသည် ပြိုင်ပွဲစည်းမျဥ်းအခြေအနေများကို ကြိုတင်ပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့သည်။
“ဒါက ‘မီးကျားသားရဲတစ်ကောင်’ ရဲ့အသိုက်ဘဲ”
ဝူယွမ်သည် ပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးရင်း ကျောက်ဂူတစ်ခုကို ရှာတွေ့ခဲ့သည်။ ဂူဝင်ပေါက်တွင် ဒဏ်ရာရထားသော မီးကျားသားရဲတစ်ကောင်ကို သူမြင်လိုက်ရသည်။
သူသည် မဆင်မခြင် မလုပ်ဆောင်ခဲ့ပေ။ အရိပ်များအတွင်း၌နေပြီး ပုန်းအောင်းစောင့်ဆိုင်းနေခဲ့သည်။
အရွယ်ရောက်ပြီးသော မီးကျားသားရဲသည် “ယွမ်ကောင်းကင်အဆင့်” ခွန်အားကို ပိုင်ဆိုင်ထားပြီး သူနိုင်နိုင်ချေမရှိပေ။
လင်းတုန်သည် တောအုပ်အတွင်း ဝူယွမ်ချန်ထားခဲ့သော အမှတ်အသားများကို မြင်ပြီး အမှတ်သားများအတိုင်း လိုက်လာခဲ့သည်။
“အစ်ကိုကြီး... ဘာလို့ မိန်းကလေးတစ်ယောက်ကိုပါ ခေါ်လာတာလဲ”
လင်းတုန်သည် မုလင်းရှကိုမြင်ပြီး အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူတို့နှစ်ဦးတည်းအတူတကွလုပ်ဆောင်ရန် သဘောတူထားကြပြီး ဝူယွမ်သည် ဘာကြောင့် လျှို့ဝှက်စွာ မိန်းကလေးတစ်ယောက်ကို ခေါ်လာခဲ့ရတာလဲစဥ်းစားေနသည်။
မုလင်းရှသည် ဝူယွမ်နှင့် လင်းတုန်ကို ထူးဆန်းသောအသွင်ဖြင့် ကြည့်နေသည်။ “ကျွန်မက အနှောင့်အယှက်ဖြစ်နေတာလား... ကျွန်မ ထွက်သွားပေးရမလား။”
ဝူယွမ်သည် သူတို့နှစ်ဦးကို တစ်ဦးနဲ့တစ်ဦးမိတ်ဆက်ပေးပြီးနောက် အောက်ဘက်ရှိ ဒဏ်ရာရနေသော မီးကျားကြီးကို ညွှန်ပြလိုက်သည်။
“ခုဏက ဒီမီးကျားသားရဲကြီးလှိုင်ဂူထဲမှာ မီးကျားသားရဲကလေး သုံးကောင်ရှိတာကို ရှာတွေ့ခဲ့တယ်”
သူတို့နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် သားရဲကလေးငယ်များကို မိမိတို့၏ ကိုယ်ပိုင်ဝိညာဉ်သားရဲများအဖြစ် လေ့ကျင့်ပေးနိုင်ပြီး မီးကျားတစ်ကောင် အရွယ်ရောက်လာပါက “ယွမ်ကောင်းကင်အဆင့်” ခွန်အားကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ဤသည်မှာ ယွမ်ကောင်းကင်အဆင့်ကျင့်ကြံသူတစ်ဦး အလကား ရရှိခြင်းနှင့် ညီမျှသည်။
ချင်းယန်မြို့ငယ်အတွင်း အမြင့်ဆုံးအဆင့်ကျင့်ကြံသူတောင်မှာ “ယွမ်ေကာင်းကင်အဆင့်” သာရှိသည်။
မီးကျားသားရဲကလေးများ၏တန်ဖိုးသည် ဤအမဲလိုက်ပြိုင်ပွဲ၏လောင်းကြေးထက်ပင် ကျော်လွန်နေပြီဖြစ်သည်။
လင်းတုန်း - “ဘယ်မှာလဲ... အကိုကြီး... ကျွန်တော်ကြည့်လို့ရမလား”
မုလင်းရှ - “တကယ်လား... ကျွန်မတို့ကြ ဘာလို့ မမြင်ရတာလဲ”
“ငါလည်း မမြင်ရဘူး... ဒီဂူထဲမှာရှိတယ်ဆိုတာပဲသိတယ်...” ဝူယွမ်သည် ဇာတ်ညွှန်းမသိသောဤလူများအား များများစားစားပြောပြရန် ပျင်းရိနေသည်။
“ငါကိုယုံလိုက်”
“အခု... ငါတို့ရှေ့က အတားအဆီးက ဒီမီးကျားကောင်ကြီးပဲ... ဂူထဲဝင်ပြီး ကလေးတွေကိုယူဖို့ဆိုရင် သူ့ကိုကိုင်တွယ်ဖြေရှင်းနိုင်မှရမယ်... ကံကောင်းချင်တော့ သူကဒဏ်ရာအတော်များများရထားတယ်... ဒါက ခက်ခဲမှုကိုအတော်လေးလျှော့ချပေးလိမ့်မယ်”
မုလင်းရှာ - “အရွယ်ရောက်ပြီးသားမီးကျားသားရဲတစ်ကောင်က ‘ယွမ်ကောင်းကင်အဆင့်’ ဆရာသခင်တစ်ဦးနဲ့နှိုင်းယှဉ်နိုင်တယ်... ကျွန်မတို့သုံးယောက်တည်း ဖြေရှင်းနိုင်ပါ့မလား”
လင်းတုန် - “မှန်တယ် အစ်ကိုကြီး... ပြီးတော့ လိန်နဲ့ရှဲ့မိသားစုက လူတွေလည်းရှိသေးတယ်... ကျွန်တော်တို့တိုက်ခိုက်တဲ့အခါ အရမ်းဆူညံလိမ့်မယ်... ဒါက သူတို့ကိုဆွဲဆောင််မိမှာသေချာတယ်... ကျွန်တော်တို့က နောက်ကွယ်ကငှက်ရဲ့အကြောင်းမသိဘဲ‘ပုရွက်ဆိတ်ဖမ်းမဲ့ကျား’လိုမဖြစ်ချင်ဘူး”(ကိုယ်လိုချင်တဲ့အသေးအမွှားလေးတွေကိုဘဲအာရုံစိုက်နေရင်း နောက်ကအန္တာရယ်ကိုသတိမမှုမိတာတွေဖြစ်နိုင်ကြောင်း ပြောပြထားတဲ့စကားပုံတစ်ခုဖြစ်သည်)
“ ကျွန်တော်စဉ်းစားထားတာတစ်ခုရှိတယ်... ကျွန်တော်စီစဉ်ထားတာက ‘ကျားကို လိန်လီတို့အဖွဲ့ရှိတဲ့နေရာ မျှားခေါ်သွားမယ်... လိန်လီ၊ ရှဲ့ရင်ရင်နဲ့သူတို့အဖွဲ့ကို ဒီမီးကျားသားရဲနဲ့ အရင်တိုက်ခိုက်ခိုင်းလိုက်မယ်”
“အကြံကောင်းပဲ”
သူတို့သုံးဦးသည် အစီအစဉ် ဆွေးနွေးမှုကို အပြီးသတ်ခဲ့ကြသည်။
ထို့နောက် သားရဲပေါက်လေးများသတင်း ဖြန့်ဝေခဲ့ကြသည်။
များမကြာမီ လိန်လီ၊ ရှဲ့ရင်ရင်နှင့် သူတို့အဖွဲ့သည် လှိုင်ဂူနေရာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
သူတို့သည် မီးကျားကောင်ကလေးများ၏အသံကို ကြားလိုက်ကြရပြီး။
မီးကျားသားရဲနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။
လိန်နှင့်ရှဲ့မိသားစုများတွင် လူဦးရေသုံးဆယ်ကျော်ရှိပြီး ဒဏ်ရာရထားသော မီးကျားသစ်သားရဲကို အတူတကွ ပူပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ဝူယွမ်တို့သုံးဦးမှာ အရိပ်များအတွင်း၌ ငှက်လုပ်ရန် တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့ကြသည်။