မီးကျားသစ်သားရဲလေးများရရှိခြင်း
Vol. 2 Ch. 12
“ဒီမှာ မီးကျားသစ်သားရဲကို တွေ့လိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ကို... ကောင်းကင်ဘုံက ငါတို့ လိန့်မိသားစုကို ကောင်းချီးပေးနေတာပဲ။”
“လိန်လီအစ်ကို... ဒီ မီးကျားသားရဲလေးတွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရကိုရရမယ်။”
“ဒါပေါ့ သေချာပေါက်ပဲ။ ဒီမှာရှိတဲ့သူတွေထဲမှာ ငါတို့ လိန်နဲ့ ရှဲ့မိသားစုကို ယှဉ်နိုင်မယ့်သူ မရှိဘူး။”
“အရင်ဆုံး ဒီ မီးကျားသားရဲကြီးကို သတ်မှရမယ်။ သွားကြရအောင်။”
“သတ်ကြ။”
လိန့်လီနှင့် ရှဲ့ရင်ရင်တို့သည် မိသားစုနှစ်ခုလုံးမှ ပါဝင်သူများကို ခေါင်းဆောင်ကာ မီးကျားသားရဲကို အင်အားကုန်ထုတ် တိုက်ခိုက်ခဲ့ကြပြီး သားရဲပေါက်လေးများကို ရယူရန် စိတ်ဆုံးဖြတ်ထားခဲ့ကြသည်။
သို့သော် မီးကျားသသားရဲမှာထင်ထားသည်ထက် ရက်စက်ပြင်းထန်လွန်းလှသည်။ ကောင်းကင်ယွမ်နယ်ပယ် အဆင့် သားရဲဖြစ်သောကြောင့် ဒဏ်ရာရနေသည့်တိုင် ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့်မှ ချာတိတ်လေးများ အုပ်စုဖွဲ့တိုက်ခိုက်ယုံဖြင့် သတ်နိုင်မည့် အရာမဟုတ်ပေ။
သားရဲကြီးအမြင်တွင် လိန်လီတစ်ဦးတည်းကသာ သူ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည်။
အချိန်တိုအတွင်း သူတို့ဘက်မှလူ လေးငါးယောက် သေဆုံးခဲ့ပြီဖြစ်သည်။
သို့သော် လိန်လီနှင့် ရှဲ့ရင်ရင်တို့မှာ ဂရုမစိုက်ခဲ့ကြပေ။ မီးကျားသစ်သားရဲလေး၏ တန်ဖိုးနှင့် ယှဉ်လျှင် အရေးမပါသော ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့်များ သေဆုံးခြင်းမှာ ဂရုစိုက်စရာမဟုတ်ပေ။
မီးကျားသစ်သားရဲလေးကို ရရှိပါက သူတို့သည် သားရဲလေး၏မိသားစု၀င်မျာ မိဘများ သဖွယ်ဖြစ်လာလိမ့်မည်။
“ဒီမီးကျားသားရဲကြီးက ကောင်းကောင်းတိုက်ခိုက် နိုင်သေးတယ်ဆိုတာ သိသာတယ်။ ငါတို့ တည့်တိုး၀င်မသွားခဲ့တာ ကံကောင်းသွားတယ်” လင်းတုန်သည် လိန်နှင့် ရှဲ့မိသားစု၀င်မျာ၏ ဆုံးရှုးမှု ကြည့်ရင်း တုန်လှုပ်နေသည့်လေသံဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါတို့သုံးယောက်တည်းနဲ့ ယှဉ်နိုင်မဲ့အရာမဟုတ်ဘူး” ဟု မုလင်းရှက ဆိုသည်။ ဝူယွမ်နှင့် လင်းတုန်၏ အဆင့်မှာ အများဆုံး ကိုယ်ခန္ဓာသန့်စင်ခြင်း နဝမအဆင့်တွင်သာ ရှိမည်ဟု သူထင်သည်။
“အဆင်သင့်လုပ်ထားကြ။ ဒီမီးကျားသစ်သားရဲက နောက်ထပ် ကြာကြာမခံနိုင်တော့ဘူး။ သူသေတာနဲ့ ငါတို့ ချက်ချင်းလုပ်ငန်းစမယ်။”
ဝူယွမ်က ညွှန်ကြားသည်။ “ငါက လိန်လီနဲ့ အခြားသူတွေကို တားဆီးမယ်။ လင်းရှက အပေါ်ကနေ မြားတွေနဲ့ ငါ့ကို ထောက်ထားပေး။ လင်းတုန်ကတော့ ကလေးတွေကို ခိုးယူဖို့ တာဝန်ယူ။ ငါတို့ ေမြာက်ဘက် ကီလိုမီတာဝက်အကွာမှာ ပြန်ဆုံမယ်။”
“ ဟုတ်။”
ခဏအကြာတွင် မီးကျားသစ်သားရဲသည် လိန်လီ၏ လက်ချက်ဖြင့် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရသည်။
“သတ်နိုင်လိုက်ပြီ!” လိန့်လီနှင့် ရှဲ့ရင်ရင်တို့ ဝမ်းသာသွားကြသည်။
သူတို့သည် ကျောက်ဂူအတွင်းသို့ ဝင်ရောက်ကာ သားရဲလေးများကို ရယူရန် လောနေကြသည်။
ဝူယွမ်သည် စတင်လှုပ်ရှားလာခဲ့သည်။
“အခုစမယ်။”
အော်လိုက်ပြီးနောက်၊ ပေါင် ၁၀၀ အလေးချိန်ရှိသော ကျောက်တုံးကြီးတစ်တုံးကို မ လိုက်ကာ လိန့်လီနှင့် အခြားသူများဆီသို့ ပစ်လိုက်သည်။
“သတိထား!”
“မိုးကြိုးလှံ!”
လိန့်လီမှာ မြန်မြန်ဆန်ဆန်ဘဲတုန့်ပြန်လိုက်ပြီး ကျောက်တုံးကြီးကို လက်သီးနဲ့ ထိုးခွဲလိုက်သည်။
တစ်ဆက်တည်း ဝူယွမ်သည် အောက်သို့ ပြေးဆင်းလာပြီး သူ လျှို့၀ှက်ပုန်းများ၊ဓားပျံများနှင့်ပစ်လိုက်သည်။
၎င်းတို့မှာ လျှို့ဝှက်လက်နက်များ အကြောင်း လေ့လာပြီးနောက် သူယူလာသည့် လျှို့ဝှက်လက်နက််များထဲမှ အချို့ဖြစ်သည်။
“ဝှစ် ဝှစ် ဝှစ်!...”
ဓားပျံများနှင့် လျှို့ဝှက်ပုန်းများသည် လိန်နှင့် ရှဲ့မိသားစုများမှ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်များကို အလွယ်တကူ ဒဏ်ရာရစေခဲ့သည်။
“ဝူယွမ်၊ မင်းဘဲထပ်ဖြစ်ပြန်ပီ!”
လိန်လီသည် ဒေါကအလွန်ထွက်သွားပြီး ဝူယွမ်အား ထိုးနှက်ရန် ပြေးလာခဲ့သည်။
နှစ်ယောက်သား စတင််တိုက်ခိုက်လိုက်ကြသည်။
ဝူယွမ်သည် သူ၏ မိုကြိုးမုန်တိုင်းဆေဘာဓားကို အသုံးပြုကာ လိန်လီနှင့် တိုက်ခိုက်ခဲ့ပြီး သူ အလယ်အလတ် ယွမ်မြေကြီးနယ်ပယ် အဆင့်စွမ်းအားကို မထုတ်ဖော်ဘဲ လိန်လီကို အေးဆေး ခုခံနိုင်ခဲ့သည်။
ဝူယွမ် အေးဆေးဖြစ်နေသည်ကို မြင်သောအခါ လိန့်လီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ရှဲ့ရင်ရင်၊ မြန်မြန် သားရဲလေးတွေကို ယူခဲ့တော့!”
“ကောင်းပြီ!”
ရှဲ့ရင်ရင်သည် ဂူအတွင်းသို့ ဝင်ရန် သွားနေသည်။
ထိုအချိန်တွင် မြားနှစ်စင်းသည် ရှဲ့ရင်ရင်၏မျက်နှာဆီသို့ ဦးတည်လာနေသည်။
မုလင်းရှသည် သူမ၏ လေးကိုင်းကို ဆက်တိုက် ဆွဲကာ မြားများ အဆက်မပြတ်ပစ်ခတ်ပြီး ရှဲ့ရင်ရင်နှင့် အခြားသူများ ဂူအတွင်း၀င်မရအောင် တားဆီးထားခဲ့သည်။
လင်းတုန်းသည်လည်း အခြားတစ်ဖက်မှာ သူအလုပ်သူလုပ်ဆောင်နေပြီး တစ္ဆေအရိပ်လှည့်စားခြင်း အဆင့်မြင့် ခြေလှမ်းများအစွမ်းကို ပြသကာ ကျောက်ဂူအတွင်းသို့ အတားအစီးမရှိဝင်ရောက်ပြီး သားကောင်သုံးကောင်ကို အောင်မြင်စွာ ရယူလာနိုင်ခဲ့သည်။
“ဟားဟား... လိန်လီ၊ မီးကျားသစ်သားရဲကို သတ်ဖို့ ကူညီတဲ့အတွက် ကျေးဇူးပဲ။ အခုတော့ ငါ့ရဲ့ မီးကျားသားရဲလေးတွေကို သွားကြည့်လိုက်အုံးမယ်!”
မစ်ရှင်ပြီးသည်နှင့်၊ ဝူယွမ်သည် ဓားပျံနှစ်ချောင်း ပစ်ကာ လိန့်လီကို နောက်သို့ ဆုတ်စေပြီး တောအုပ်ထဲသို့ ၀င်ရောက် ပျောက်ကွယ်သွားခဲ့သည်။
“ဝူယွမ်၊ ငါက မင်းကို သတ်ပြစ်မယ်....!”
လိန့်လီတစ်ယောက် အကြီးအကျယ်ဒေါသထွက် အော်ဟစ် နေခဲ့သည်...
“အစ်ကို နဲ့ ညီမလင်းရှ၊ ဒီမှာ သားရဲလေးတွေ!”
လင်းတုန်သည် သူ၏ရင်ဘတ်ထဲမှ မီးကျားသားရဲလေးသုံးကောင်ကို ထုတ်ယူလိုက်သည်။
သူတို့ မွေးလာသည်မှာ သိပ်မကြာသေးပေ။ တစ်ကိုယ်လုံးမှာ သွေးစအချို့ ကပ်ညှိနေဆဲဖြစ်ပြီး မြေပြင်ပေါ်သို့ ချလိုက်သည်နှင့် သူတို့၏မိခင်ကို ရှာဖွေနေသည့်နယ် ဟိုလှိမ့်ဒီလှိမ့်သွားလာနေကြသည်။ သူတို့၏ သေးငယ်ပြီးချစ်စရာကောင်သောအသွင်အပြင်ကြောင့် လင်းတုန်တို့တစ်သိုက် အူရားဖားရားဖြစ်နေကြသည်။
အထူးသဖြင့် မုလင်းရှာ မျက်လုံးတွေ တောက်ပနေသည်။ အပျိုဖော်ဝင်စသာ ရှိသေးသော်လည်း ထိုမိခင်စိတ်ဓာတ်သည် မိန်းကလေးများတွင် မွေးရာပါပါလာသည် ထင်သည်။
လင်းတုန်- “အားလုံးပေါင်း သုံးကောင်ရှိတယ်။ တစ်ယောက် တစ်ကောင်စီယူကြတာပေါ့။ ဝူယွမ်အစ်ကိုကဘဲ ဘယ်လိုခွဲဝေမလဲဆိုတာ ဆုံးဖြတ်ပေးပါ။”
လင်းတုန်သည် ချက်ချင်းပင် ၀ူယွမ်ကို ဆုံးဖြတ်ခိုင်းလိုက်သည်။
“ဟုတ်တယ်၊ ဝူယွမ်အစ်ကိုဘဲ အရင်ရွေးချယ်လိုက်ပါ” ဟု မုလင်းရှာကလည်း ကန့်ကွက်ခြင်းမရှိခဲ့ပေ။
ဝူယွမ်က မီးကျားသားရဲလေး သုံးကောင်ကို ကိုင်ကြည့်လိုက်သည်။ နှစ်ကောင်မှာ အတော်လေး ကျန်းမာပြီး ဟိုဟိုဒီဒီ လှိမ့်သွားလာနေကြသည်။ အခြားတစ်ကောင်မှာ လှုပ်ရှားမှုမရှိဘဲ ငြိမ်နေဆဲဖြစ်သည်။ ခုနက အပြင်းအထန်တိုက်ပွဲဖြစ်နေတာတောင် ငြိမ်နေဆဲဖြစ်ပြီး ကျန်နှစ်ကောင်ထက် သိသိသာသာ အားနည်းကာ အသက်ရှင်နိုင်ခြေရှိမရှိ မေးခွန်ထုတ်စရာဖြစ်နေသည်။
သို့သော် ဝူယွန်က လင်းတုန်သည် ဤအားအနည်းဆုံး တစ်ကောင်ကို သေချာပေါက် ရွေးချယ်မည်ဖြစ်ကြောင်းသိထားသည်။
အဘယ့်ကြောင့်ဆိုသော် ဤမီးကျားသားရဲလေးတွင် သန္ဓေပြောင်း သွေးမျိုးဆက်ရှိပြီး ထိုသားရဲလေးမှာ လင်းတုန်၏ အနာဂတ်ညီအစ်ကိုသုံးဦးထဲမှ တစ်ဦးဖြစ်သူ လင်းယန်ဖြစ်လာမည်ဖြစ်သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် လင်းတုန်၏ အကြည့်သည်လည်း ဝူယွန်နှင့် ဤအားနည်းသော မီးကျားသားရဲလေး အပေါ်ဖြတ်ပြေး နေသည်။
သူသည် သားရဲကလေးသုံးကောင်ကို ထုတ်ယူလာစဥ်က၊ လင်းတုန်၏ ကျောက်လက်ဖွဲ့သည် အားအနည်းဆုံး တစ်ကောင်အပေါ် တုံ့ပြန်မှုရှိခဲ့သည်။ ဤမီးကျားသစ်သားရဲသည် သေချာပေါက် သာမှန်မဟုတ်ပေ။
“ဝူယွန်အစ်ကိုမှာ ငါ့လိုမျိုး တစ်ခုခုရှိတယ်ဆိုတော့။ သူလည်းဒါကို ရိပ်မိသင့်တယ်၊ ဒီအားနည်းတဲ့ တစ်ကောင်ကို ငါတို့ရွေးထားသင့်တယ် မလား။ အပြင်လူ မုလင်းရှကို မပေးလိုက်သင့်ဘူး” လင်းတုန်က စဉ်းစားခဲ့သည်။
ထိုသာမှန်မဟုတ်သော မီးကျားသားရဲလေးကို အပြင်လူဖြစ်သူ မုလင်းရှထံ မပေးသင့်ဟု လင်းတုန် တွေးနေမိသည်။
ဝူယွန်သည် ခပ်ပါးပါးပြုံးလိုက်ပြီး ချက်ချင်းပင် အကြံတစ်ခုရသွားသည်။
“ဒီတစ်ခါ လင်းရှရဲ့ မြားတွေက အရေးကြီးတဲ့နေရာကပါ၀င်ခဲ့တယ်။ ငါတို့အောင်မြင်မှုရဲ့ အဓိကသော့ချက်လို့တောင် ပြောလို့ရတယ်။ ဒါကြောင့် အသန်စွမ်းဆုံးတစ်ကောင်ကို လင်းရှ ယူသင့်တယ်လို့ထင်တယ်။”
“လင်းတုန်၊ မင်းကော ငါပြောတာ သဘောတူလား?”
လင်းဒုံး- “ကျွန်တော် ကန့်ကွက်စရာမရှိဘူး၊ အစ်ကို့စကားကို နားထောင်ပါ့မယ်!”
နှစ်ယောက်သည် ချက်ချင်းပင် သဘောတူလိုက်ကြသော်လည်း မုလင်းရှာမှာ ငေးငိုင်သွားခဲ့သည်။
သူမကိုယ်သူမ ကောင်းကောင်း သိထားသည်။ ခုနက သူတို့ပူးပေါင်းမှုတွင် သူမသည် ရိုးရိုးရှင်းရှင်း ‘ဆားငန်မှုန့်ဖြူးထားသော ငါး’ တစ်ကောင်သာဖြစ်ပြီး အသေးငယ်ဆုံးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းသာဖြစ်သည်။
“ဒါ... ဝူယွမ်အစ်ကို၊ ငါ...”
“ယူလိုက်ပါ!” မုလင်းရှ ပြောနေရင်းတန်းလန်း ဝူယွမ်က အသန်စွမ်းဆုံး တစ်ကောင်ကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဝူယွမ်အစ်ကိုနဲ့လင်းတုန်၊ ကျေးဇူးပါ!”
မုလင်းရှ အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်... ထိုသည်မှာ ဝူယွမ်က သူမအား အရေးပေးဂရုစိုက်သည့် သဘောဖြစ်သည်။
သူမ၏အမြင်တွင် ဤသည်မှာ ဝူယွမ်သည် သူမအား ကြိုက်နေခြင်းကြောင့်ပင်ဖြစ်သည်။
မုလင်းရှာသည် မီးကျားသစ်သားရဲလေးကို ချက်ချင်းပင် သူမ၏ ရင်ဘက်ထဲသို့ ထည့်ကာ ဝှက်ထားလိုက်သည်။
ဝူယွမ်ကြည့်ရင်း သားရဲလေးအစားနည်းနည်းစိုးရိမ်နေသည်... “မင်းရဲ့ မက်မွန်သီးကြီးနှစ်လုံးကြောင့် မီးကျားသားရဲလေး အသက်ရှုကျပ် သေမသွားလောက်ဘူးမလား။ ”(မီးကျားသားရဲလေးနဲ့နေရာချင်းလဲချင်သူတွေလက်ညှိုးထောင် ☝️ )
“ဒီ မီးကျားသားရဲလေးကို ရပြီးပြီဆိုတော့ ငါဆက်မပြိုင်တော့ဘူး။ မုမိသားစုကို အရင်ပြန်တော့မယ်” မုလင်းရှာက ပြောလိုက်သည်။
ပထမမရနိုင်မဲ့အတူ အမဲလိုက်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ခြင်းထက် မီးကျားသားရဲလေး ကပိုအရေးကြီးသည်။
“ဝူယွမ်အစ်ကို၊ လင်းတုန်အစ်ကို၊ အချိန်ရရင် ငါ့ရဲ့ မုမိသားစု ကျေးရွာကို အလည်လာဖို့ မမေ့နဲ့နော်။ ကျွန်မက သေချာပေါက် ကောင်းကောင်းဧည့်ခံကျွေးမွေးမှာပါ” ဟု သူမက ဝူယွမ်အား မျက်စိပစ် စိုက်ကြည့်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။(ဘာကျွေးမှာလဲမသိဘူး🌚🌚 ထမင်းဟင်းဘဲနေမှာပါ။)
မုလင်းရှ ထွက်ခွာသွားပြီးနောက်။
နှစ်ယောက်သည် အပြန်အလှန် ပြုံးကြသည်။
“မင်း ဒီတစ်ကောင်ကို လိုချင်နေတယ်ဆိုတာ ငါသိတယ်!”
ဝူယွန်သည် အားနည်းစွာအိပ်ပျော်နေသော မီးကျားသားရဲလေးကို ကောက်ယူကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။
လင်းဒုံး- “အစ်ကို၊ အကိုလည်း ခံစားမိတယ်မလား။”
သူသည် မီးကျားသစ်သားရဲလေးကို လက်ဖြင့်သပ်ပေးရင် “ဒီကောင်လေးက ဘာထူးခြားလည်းဆိုတာ ကျွန်တော်လည်း သေချာမသိဘူး၊ ဒါပေမယ့် ငါ့ရဲ့ ကျောက်လက်ဖွဲ့က ဒီသားရဲလေးကိုကိုင်လိုက်တဲ့အချိန် တုန့်ပြန်မှုရှိခဲ့တယ်”
“ဒီ မီးကျားသားရဲမှာ သန္ဓေပြောင်းသွေးမျိုးဆက် ရှိတယ်၊ သူ့မှာ သာမန်မီးကျားသားရဲတွေထက်ပိုတဲ့ အလားအလာတွေ ရှိတယ်!”
ဝူယွမ်က သားရဲလေးအကြောင်းပြောပြလိုက်ပြီး သန္ဓေပြောင်းမျိုးဆက်ရှိသော မီးကျားသသားရဲလေးကို လင်းတုန်ကို ပေးလိုက်သည်။
“ဒါယူလိုက်!”
“ဒါက ... အစ်ကို၊ ကျွန်တော် ဒီတစ်ကောင်ကိုပဲ ယူမယ်” ဟု လင်းတုန်က ငြင်းဆိုခဲ့သည်။
ဝူယွန်- “ငါပြောတဲ့အတိုင်း လုပ်ပါ။ စိတ်မပူနဲ့၊ ကျန်တဲ့တစ်ကောင်ကို မွေးမြူဖို့ နည်းလမ်း ငါ့မှာရှိပြီးသားပါ။ မယုံရင် လောင်းကြမယ်။ ဆယ်နှစ်အကြာမှာ ဘယ်သူ့ရဲ့ သားရဲက ပိုပြီး အစွမ်းထက်မလဲဆိုတာ ကြည့်ကြတာပေါ့။”
ခုနက ဆိုင်းအင်၀င်ချိန်ကရသည့် ကျားဖြူသွေးမျိုးဆက်သာ မရှိပါက၊ ဝူယွန်သည် သန္ဓေပြောင်းသွေးမျိုးဆက်ရှိသော မီးကျားသားရဲကို လင်းတုန်ကို ပေးမည် မဟုတ်ပေ။
စနစ်က ဤဆုလာဘ်ကို ပေးခဲ့သည်မှာ ကံကြမ္မာသားတော်၏ အခွင့်အလမ်းများကို မလုရန် ဖြစ်နိုင်သည်။
ကျားဖြူသွေးမျိုးဆက်သည် သားရဲများထဲတွင် ထိပ်ဆုံးတည်ရှိမှုဖြစ်သည်။
မည်သည့် မီးကျားသားရဲထက်မဆို များစွာ သာလွန်သည်။
“အစ်ကို၊ ကျွန်တော် အကို့ကို ကျေးဇူးကြွေးတစ်ခုတင်သွားပီ!”
လင်းတုန်၏ စိတ်လှုပ်ရှားသွားခဲ့သည်။
“ကောင်းပြီ... ဒီကျေးဇူး မင်းရဲ့ဇနီး ပြန်ဆပ်ပါစေ...” ဝူယွန်သည် သူ့စိတ်ထဲတွင် ဟာသဆန်ဆန် ပြောလိုက်သော်လည်း အသံတော့မထွက်ခဲ့ပေ။
“ငါတို့က ညီအစ်ကိုတွေဘဲကို၊ မင်းဟာငါ့ဟာ ဆိုပြီးအရေးတယူလုပ်မနေပါနဲ့!”