← Chapters

လင်းတုန်နှင့်ဝူယွမ် Vs လိန်လီနှင့်ရှဲ့ရင်ရင်

Vol. 2 Ch. 13

လင်းတုန်နှင့်ဝူယွမ် Vs လိန်လီနှင့်ရှဲ့ရင်ရင်

Vol. 2 Ch. 13

“ငါတို့က ညီအစ်ကိုတွေပဲကို!”

“ဒါကို ဒီလောက် အရေးတယူလုပ်မနေနဲ့!”

လင်းတုန်သည် တစ်ဖန် ရင်ဘက်ထဲမှ နက်ရှိုင်းစွာခံစားလိုက်ရပြန်ရသည်။

“ညီအစ်ကို”ဟူသော အယူအဆသည်လည်း သူ၏ နှလုံးသားထဲတွင် ပိုမို အမြစ်တွယ်လာခဲ့သည်။

“ကျွန်တော်အမြင် သိပ်ကျဉ်းနေခဲ့တာပဲ!” လင်းတုန် ရှက်ရွံ့နေခဲ့သည်။ ယှဉ်ကြည့်လျှင် ဝူယွမ်သည် သူ့အပေါ်အရမ်းယုံကြည်နေခဲ့သည်။

“သွားကြစို့!”

“လိန်နဲ့ ရှဲ့မိသားစုက ဒီကိစ္စကို ဒီအတိုင်း လက်လျှော့မှာ မဟုတ်ဘူး”

မုလင်းရှနှင့် မတူဘဲ လင်းမိသားစုနှင့် ရူးသွပ်ဓားသိုင်းခန်းမသည် ထိုမိသားစုနှစ်ခုကိုသိပ်ပြီး စိုးရိမ်စရာ မလိုသဖြင့် ပုန်းအောင်းနေရန် မလိုပေ။

လင်းတုန်တို့နှစ်ယောက် ကျောက်ရင်ပြင်ဆီသို့ထွက်ခွါလာ ခဲ့ကြသည်။

လိန်လီ နှင့် ရှဲ့ရင်ရင်တို့လည်း ရောက်နေကြပီဖြစ်သည်။

ထိုချစ်သူနှစ်ဦးသည်မျက်နှာများ ဖြူဖက်ဖြူရော် ဖြစ်နေပြီး ဒေါသကြောင့် နှုတ်ခမ်းများ တုန်ရီနေသည်။ ဝူယွမ်နှင့် လင်းတုန်တို့ကို မြင်လိုက်သည်နှင့် အထူးသဖြင့် သူတို့ရင်ဘက် ဖောင်းကြွနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် မျက်လုံးထဲမှ ဒေါသမီးတောက်များသည် ပေါက်ကွဲလုနီးပါး ဖြစ်လာခဲ့သည်။

“မီးကျားသားရဲလေးတွေကို ဒီလောက်လွယ်လွယ်နဲ့ ရမယ်ထင်နေလား..” လိန်လီ သည် အံကြိတ်ကာ လိန် နှင့် ရှဲ့မိသားစုများ ရှိရာ နေရာသို့ ပြေးသွားပြီး လိန်ပေါင်နှင့် ရှဲ့ချန်တို့ကို ပြောလိုက်သည်-

“အဖေ၊ရှဲ့ဦးရီးတော်၊ ကျွန်တော့်နဲ့ ရင်ရင်တို့ ဂူထဲမှာ ဒဏ်ရာအပြင်းအထန် ရနေတဲ့ မီးကျားသားရဲကြီးနဲ့ မွေးကင်းစကလေး သုံးကောင်ကို တွေ့ခဲ့တယ်။ ကျွန်တော်တို့ အကြာကြီး တိုက်ခိုက်ပြီး နောက်ဆုံး သားရဲကြီးကိုသတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ လင်းတုန်နဲ့ ဝူယွမ်တို့က ရုတ်တရက် ချုံခိုတိုက်ခိုက်ပြီး ကလေးသုံးကောင်ကို ခိုးယူသွားတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် တရားမျှတမှုရှာပေးပါ!”

လိန်လီ သည် မျက်ရည်များ စီးဆင်းလျက် မကျေနပ်မှုအပြည့်ဖြင့် ပြောလိုက်သည်၊

သို့သော်လူတိုင်းက “မီးကျားသားရဲလေးများ” အကြောင်း ကိုသာ အာရုံစိုက်နေကြသည်။

မီးကျားသားရဲသည် ယွမ်ကောင်းကင်နယ်ပယ် အဆင့် သားရဲဖြစ်ပြီး မိသားစု ခေါင်းဆောင်များထက် အားမနည်းပေ။

နေရာတစ်ခုလုံး တုန်လှုပ်သွားပြီး ဆူညံသံများ ပြည့်နှပ်သွားသည်။

လိန်ပေါင်နှင့် ရှဲ့ချန်တို့ ရုတ်တရက် ထရပ်လိုက်ကြသည်။

လင်းကျဲ့တျန်းနှင့် လုံချန်းတို့လည်း ရုတ်တရက် ထရပ်လိုက်ကြပြီး လင်းတုန်နှင့် ဝူယွမ်ကို လှည့်ကြည့်လိုက်ကြသည်။

“မီးကျားသားရဲကြီးက အရင်ကတည်းက ဒဏ်ရာအပြင်းအထန်ရထားတာ။အရင်ဆုံးမြင်တိုင်းသာ အပိုင်ဆို၊ မနက်ဖြန် ကျွန်တော် တောနက်ထဲ လျှောက်ပတ်သွားမယ်၊ ကျွန်တော် မြင်ခဲ့တဲ့ သတ္တဝါအားလုံးက ကျွန်တော့်ဟာပဲ။ နောက်ပိုင်းမှာ တစ်ယောက်ယောက်က သူတို့ကို ဖမ်းမိရင် ကျွန်တော့်ကို လာပေးရမယ်!”

ဝူယွမ်သည် အသံကျယ်နှင့် လှောင်ပြောင် ပြောဆိုလိုက်သည်။ သူသည် အရင်ကတည်းက ကြိုပြင်ထားခဲ့သည်။

“မီးကျားသားရဲလေးတွေက မင်းတို့မိသားစုကမွေးတာမဟုတ်ဘူး၊ ဘယ်သူ့အပိုင်ဆိုပြီး မရှိဘူး၊ ဘယ်သူ့ကပိုစွမ်းလဲ၊ သူတို့ကိုဘယ်သူက ‌ရ‌ေအာင်ယူနိုင်လဲဆိုတာနဲ့ဘဲဆိုင်တယ်။ မင်းကမနိုင်တာနဲ့ဘဲ မင်းရဲ့အဖေ့ကိုပြေးတိုင်တယ်၊ အလိုလိုက်ခံထားရတဲ့ သားဆိုးသားမိုက်လိုဘဲ”

“စကားကြမ်းပေမယ့် အကြောင်းပြချက်ခိုင်လုံတယ်။”

ကြည့်ရှုနေသည့်လူများ ခေါင်းညိတ်ထောက်ခံကြသည်။

“စကားတတ်တိုင်းလျှောက်ပြောမနေနဲ့!”

လိန်ပေါင်က ဝူယွမ်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

လုံချန်းသည်လည်း ထိုင်နေ၍မဖြစ်တော့ဘဲ ထလိုက်ပြီး လိန်ပေါင်ကို ကြိမ်းမောင်းလိုက်သည်။

လင်းကျဲ့သည်လည်း ထုံးစံအတိုင်းလုံချန်းနှင့်အတူ ရပ်တည်ကာ ရူးသွပ်ဓားသိုင်းခန်းမကို ထောက်ခံလိုက်သည်။

သူတို့သည်လိန်ပေါင်နှင့် ရှဲ့ချန်တို့ကို ရင်ဆိုင်ခဲ့ကြသည်။

ခေါင်းဆောင်လေးဦးသည် တစ်ဘက်ကိုနှစ်ယောက် ကွဲနေပြီး မျှခြေညီသည်။

နှစ်ဖက်စလုံးသည်လည်း ဆန့်ကျင်ဘက်ဖြစ်နေပြီး အခြေအနေတင်းမာလျှက်ရှိသည်။

နောက်ဆုံးတွင် ရှဲ့ချန်က ပြိုင်ပွဲတစ်ခုကျင်းပဖို့ အဆိုပြုခဲ့သည်၊ မီးကျားလေးများကို ပြိုင်ပွဲနိုင်သူက ပိုင်ဆိုင်သင့်သည်။

လင်းတုန်၊ဝူယွမ်နှင့် လိန်လီ၊ရှဲ့ရင်ရင်တို့ နှစ်ဦးချင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သို့ရာတွင် ဝူယွမ်နှင့်လင်းတုန်တို့သည် မီးကျားသစ်ကို ရရှိပြီးသားဖြစ်သဖြင့် ၎င်းကို လောင်းကြေးအဖြစ် ထားရန် လက်မခံပေ။

လိန်နှင့် ရှဲ့မိသားစုများသည်လည်း သင့်တော်သော လောင်းကြေးထည့်ရမည် ဖြစ်သည်။

လိန်မိသားစုက သူတို့ပိုင်ဆိုင်သော သံမြေကျေးရွာကို လောင်းကြေးအဖြစ် ကမ်းလှမ်းခဲ့သည်။

ရှဲ့မိသားစုကလည်း ပိုးချည်စက်ရုံကို ကမ်းလှမ်းခဲ့သည်။

ဤလုပ်ငန်းနှစ်ခုသည်လိန် နှင့် ရှဲ့ မိသားစုများ၏ အရေးပါသော ပိုင်ဆိုင်မှုများဖြစ်ပြီး အ‌တော်လေးအဖိုးတန်သည်။

“ဘယ်လိုလဲ၊ သဘောတူလား”

ရှဲ့ချန်က လင်းမိသားစုနှင့် ရူးသွပ်ဓားသိုင်းခန်းမကို မေးမြန်းခဲ့သည်။

သူတို့သည်ဝူယွမ်နှင့် လင်းတုန်တို့၏ ကျင့်ကြံခြင်းအဆင့် အမှန်ကို မသိကြသေးပေ။

အထူးသဖြင့်လင်းတုန်သည် သူ၏စွမ်းရည်ကို ကောင်းကောင်း လျှို့ဝှက်ထားခဲ့ပြီး ဝူယွမ်၏ ထင်ပေါ်မှုကြောင့် လူအများက သူသည် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၉ သာ ရှိသေးသည်ဟုထင်ကြသည်။

“လိန်လီ က ယွမ်မြေကြီးနယ်ပယ် ဖြစ်နေပြီ၊ ရှဲ့ရင်ရင်ကလည်း ယွမ်မြေကြီးနယ်ပယ်ထဲကို ခြေတစ်၀က်ရောက်ပြီးသား။ တုန်အာနဲ့ ဝူယွမ်တို့နိုင်ဖို့ မျှော်လင့်ချက် သိပ်မရှိဘူး”

“အဖေ၊ ကျွန်တော်တို့ သဘောမတူဘူး”

လင်းမိသားစုဝင်များသည် အကောင်းမြင်ခြင်း မရှိကြပေ။

ရူးသွပ်ဓားသိုင်းခန်းမ ဘက်မှလုံချန်းသည် ဝူယွမ်က လွန်ခဲ့သော တစ်လက ယွမ်မြေကြီးနယ်ပယ်ကို ရောက်ရှိနေပီဖြစ်ကြောင်း သိရှိထားသော်လည်း ဝူယွမ်သည် မနေ့ညက နောက်တစ်ကြိမ် အဆင့်ထပ်တက်နိုင်ခဲ့ကြောင်းနှင့် လင်းတုန်း၏ စွမ်းရည်ကို သိမထားသောကြောင့် သူသည်လည်း မရေရာဖြစ်နေသည်။

သူက သူ၏အတွေးများကို ဝူယွမ်ကိုတိုက်ရိုက် မေးမြန်းခဲ့သည်-

“ယွမ်ကလေး၊ ဘယ်လိုထင်လဲ?”

ဝူယွမ်- “ဆရာ၊ သဘောတူလိုက်ပါ။ ကျေးရွာနဲ့ ပိုးချည်စက်ရုံတွေ အလကားလာပေးနေတာကို ဘာလို့ မယူရမှာလဲ”

ဝူယွမ် သူ၏အဆင့်ကို တမင်ဝှက်ထားခြင်းမှာ ဤအချိန်အတွက်ဖြစ်ပြီး လိန် နှင့် ရှဲ့ မိသားစုများ၏ လုပ်ငန်းများကို ရရှိရန်ဖြစ်သည်။

သူ့အဆင့်သာ စောစောစီးစီး ထုတ်ဖော်ခံလိုက်ရပါက လိန်နှင့် ရှဲ့ မိသားစုများသည် လောင်းကစားလုပ်ရဲ ကြတော့မည်မဟုတ်ပေ။

“ကောင်းတယ်!”

ဝူယွမ်၏ ယုံကြည်မှုရှိသော တုံ့ပြန်မှုကို ကြားရသောအခါ လုံချန်းသည်လည်း စိတ်သက်သာရာရသွားခဲ့သည်။

လင်းတုန်ကလည်းလင်းမိသားစုဝင်တွေကို ပြောလိုက်သည်- “အဖေ၊ ကျွန်တော့်ကို ယုံလိုက်ပါ”

အဓိကအင်အားစုကြီးလေးခုသည် အခြားအင်အားစုများကို မျက်မြင်သက်သေများအဖြစ်ထား၍

‌ေလာင်ကြေးစာချုပ်၌ လက်မှတ်ရေးထိုး ခဲ့ကြသည်။

“အားလုံး သဘောတူပြီဆိုရင် စလိုက်ကြရအောင်!”

ပွဲစီစဉ်ပေးသူက ကြေညာလိုက်သည်။

လင်းတုန်နှင့်ဝူယွမ်တို့သည် ပြိုင်ကွင်းထဲ ဝင်ရောက်ကာ လိန်လီ နှင့် ရှဲ့ရင်ရင်တို့ကို တိုက်ခိုက်ကြမည် ဖြစ်သည်။

“ဒီတစ်ကြိမ်တော့ မင်း‌ပြေးမရတော့ဘူး”

လိန်လီ က လေသံပြင်းပြင်းနှင့် ပြောလိုက်သည်။

ဝူယွမ်သည် လိန်လီကို ဖုတ်သည့်ငပိ‌ေလသည်မရှိ သကဲ့သို့လုံးဝဂရုမစိုက်ဘဲ လင်းတုန်ကိုပြောလိုက်သည်-

“အဲဒီ ရှဲ့ရင်ရင်ကို မင်းတာ၀န်ယူလိုက်။ သေချာနာနာလေး ဆုံးမပေးလိုက်နော်”

လင်းတုန်- “အစ်ကို စိတ်မပူနဲ့၊ မိန်းမတွေကို ရိုက်ဖူးတာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။ မိန်းကလေးဆိုပြီး ကျွန်တော် ညှာမှာ မဟုတ်ဘူး”

အရင်က ဈေးထဲမှာ လင်းတုန်က ရှဲ့ရင်ရင်ရဲ့ ညီမ ရှဲ့တိန်ကို တစ်ခါ ရိုက်နှက်ခဲ့ဖူးသည်။

အဲဒီတုန်းက ဝူယွမ်ကလည်းလိန်လီ ရဲ့ မျက်နှာကို ဖြတ်ရိုက်ခဲ့သည်။

“အရင်က လုပ်ခဲ့တာတွေအတွက် အဆပေါင်းများစွာ ပြန်ဆပ်ခိုင်းမယ်”

“အရင်က လုပ်ခဲ့တာတွေအတွက် အဆပေါင်းများစွာ ပြန်ဆပ်ခိုင်းမယ်”

ဤအချိန်တွင် လိန်လီ နှင့် ရှဲ့ရင်ရင်တို့သည် တစ်ပြိုင်တည်းပြောလိုက်ကြသည်၊

ဝူယွန်း-“ဟက်ဟက်၊ ခွေးလင်မယားပြိုင်အူ‌နေတာဘဲ၊ လိုက်ဖက်ပါတယ်”

“မင်း ပါးစပ်ကို ငါ ရိုက်ချိုးပစ်မယ်”

လိန်လီ သည် ရူးသွပ်သွားပြီး စတင်တိုက်ခိုက်လိုက်သည်။

ဝူယွမ်နှင့်စကားစစ်ထိုးပွဲတွင် သူမနိုင်ခဲ့ပေ။

“မိုးကြိုးလှံ”

လိန် မိသားစု၏ တတိယအဆင့် သိုင်းပညာ။

သူသည်လက်ဝါးဆန့် ထိုးနှပ်လိုက်သည်၊ မိုးကြိုးကဲ့သို့ အရှိန်ဖြင့်။

ယွမ်စွမ်းအင်း လှိုင်းများထွက်လာပြီး ယွမ်မြေကြီးနယ်ပယ် ရဲ့အစွမ်းကို ပြသလိုက်သည်။

ဝူယွမ်၏ မျက်လုံးများထဲတွင် ခရမ်းရောင် အလင်းတစ်ချက် လက်သွားသည်။ သူသည် ဓားကို ချက်ချင်းဆွဲထုတ်ကာ ပြင်းထန်မုန်တိုင်းဓားသိုင်းဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။

ထိုအချိန်တွင် သူ၏ ယွမ်စွမ်းအင် အဆင့်ကို မဖုံးကွယ်ထား‌တော့ပေ။

“ယွမ်မြေကြီးနယ်ပယ်”

“ဝူယွမ်လည်းယွမ်မြေကြီးနယ်ပယ်ထဲ ရောက်နေပြီ”

ကြည့်နေတဲ့သူတွေအားလုံး အံ့အားသင့်သွားကြတယ်။ လိန်လီ သည် ယွမ်မြေကြီးနယ်ပယ်ထဲသို့ ရောက်နေလောက်ပြီဟု အားလုံးက ခန့်မှန်းမိထားခဲ့သော်လည်း ဝူယွမ်နှင့် ပတ်သက်၍ လုံချန်းတစ်ဦးတည်းကသာ သိထားခဲ့သည်။

ဝူယွမ် ကြောင့် အံ့အားသင့်လို့မပြီး‌သေးခင်ပင်။

အခြားတစ်ဖက်တွင်ရှဲ့ရင်ရင်ကို တိုက်ခိုက်နေသော လင်းတုန်သည်လည်း ယွမ်မြေကြီးနယ်ပယ် အဆင့် စွမ်းအားကို ထုတ်ဖော်လိုက်သည်။

“အိုး...ဘုရားရေ... လင်းတုန်လည်း ယွမ်မြေကြီးနယ်ပယ်ထဲ ရောက်နေပြီ”

“ဒီတစ်ခါတော့ လိန် နှင့် ရှဲ့ မိသားစုတွေ ဒုက္ခရောက်ပြီထင်တယ်”

...”ဒီကောင်လေး လင်းတုန်၊ သူ့စွမ်းရည်ကို သေချာဖုံးကွယ်ထားနိုင်တာဘဲ၊ ကျွန်တော်တို့တောင် မသိခဲ့ဘူး” လင်းမိသားစုဝင်များက ခံစားချက်အပြည့်ဖြင့် ပြောလိုက်ကြသည်။

သူတို့အတွက်တော့ဒါက အံအားသင့် ပျော်စရာဘဲ။

အထူးသဖြင့်လင်းကျဲ့တျန်းသည် အလွန်စိတ်လှုပ်ရှားပြီး မျက်ရည်များပင် ကြနေသည်။ လင်းမိသားစုတွင် နောက်ထပ် ပါရမီရှင်တစ်ဦး ပေါ်ထွန်းလာခဲ့လေပြီ။

“မပူပါနဲ့၊ လီကလေးက စတုတ္ထအဆင့် သိုင်းပညာကို အရင်ကတည်းက တတ်မြောက်ထားပြီးသား၊ ငါတို့မှာ နိုင်ဖို့အခွင့်အရေးရှိသေးတယ်” လိန်ပေါင်က ဘေးနားမှ ရှဲ့ချန်ကို နှစ်သိမ့်ပေးခဲ့သည်။

အမှန်တော့ သူကိုယ်တိုင်ပင် စိုးရိမ်ပူပန်နေခဲ့သည်။

သူ၏လီကလေးသည် ပြိုင်ဘက်ကင်း ပါရမီရှင် မဟုတ်ပေ။

စင်ပေါ်ရှိ တိုက်ပွဲသည် ပိုမိုပြင်းထန်လာခဲ့သည်။

ရှဲ့ရင်ရင်သည် လင်းတု‌န်၏ လုံးဝဖိနှိပ်ချင်းကိုခံနေရပြီး အချိန်ကြာလာသည်နှင့် ရှုံးနိမ့်မည်ဖြစ်သည်။

လိန်နှင့် ရှဲ့မိသားစုများအတွက် အဓိကမျှော်လင့်ချက်မှာ လိန်လီ တစ်ယောက်တည်းရှိသည်။

“လျှပ်စီးအလင်းဖြတ်ပြေးခြင်း”

လိန်လီ သည် နောက်ဆုံးတွင် သူ၏ ဝှက်ဖဲ လိန်မိသားစု၏ စတုတ္ထအဆင့်သိုင်းပညာကို အသုံးပြုခဲ့သည်။

ညာဘက် လက်ဝါးပေါ်တွင် ယွမ်စွမ်းအင် လှိုင်းများ ပြင်းထန်စွာ လင်းလက်လာပြီး လက်ဝါးထဲသို့ စုစည်းလိုက်သည်။ လိန်လီ ၏ ယွမ်စွမ်းအင်လှိုင်း အလင်းရောင်သည် ပိုမိုတောက်ပလာပြီး နောက်ဆုံး သူ၏လက်ဝါးထဲတွင် ပြင်းထန်စွာ လှုပ်ရှားနေသော လျှပ်စီးအလင်းလုံးအဖြစ်သို့ ပြောင်းလဲသွားကာ တဖျောက်ဖျောက်မြည်နေသည်။

စတုတ္ထအဆင့် သိုင်းပညာ၏ စွမ်းအားသည် အပြင်းထန်လှပြီး ဝူယွမ်အတွက်ခြိမ်းခြောက်မှုရှိသည်။ ဘေးမှကြည့်နေသည့် လူများ အံ့အားသင့်သွားပြီး ဝူယွမ်အတွက် စိုးရိမ်သွားကြသည်။

လိန်လီ စွမ်းအားအပြည့်ဖြင့် ချဉ်းကပ်လာသည်ကို ဝူယွမ်သည် အေးဆေး စိုက်ကြည့်နေပြီး ပြုံးရိပ်ဖြင့် သူ၏ ရတနာဓားပေါ်သို့ ပရိုင်းမယ် ယွမ် အားလုံးကို စုစည်းလိုက်သည်။

“စတုတ္ထအဆင့် သိုင်းပညာက မင်းတစ်ယောက်တည်း သုံးတတ်တာမဟုတ်ဘူး”

“မိုးကြိုးဓား”

ဓားကို လှုပ်ခတ်လိုက်ပြီး သရဲဆိုးခြေလှမ်းနှင့် ပေါင်းစပ်ကာ လျှပ်မြန်စွာ တိုက်ခိုက်လိုက်သည်။

“ ဖောက်”

ယွမ်မြေကြီးနယ်ပယ် စွမ်အားကြောင့် ကျောက်စင်မျက်နှာပြင်များ ကွဲအက်သွားစပြီး ဖုန်မှုန့်များဖြင့် ပြည့်နှပ်သွားကာ နှစ်ဦးလုံကို မမြင်ရ‌ေတာ့ပေ။

“ဘာဖြစ်တာလဲ?ဘာဖြစ်တာလဲ?”

“ဘယ်သူနိုင်သွားတာလဲ?”

...လူတိုင်းသည် လည်ပင်းများ ဆန့်ကာ ရှင်းရှင်းလင်းလင်း မြင်ရန် ကြိုးစားနေကြသည်။

မိနစ်အနည်းငယ်ကြာပြီးနောက်ဖုန်များကျသွားသည်။

ပြိုင်ပွဲစင်ပေါ်တွင်တစ်ဦးတည်း ရပ်နေခဲ့သည်၊ လူငယ်တစ်ဦးသည် ဓားကို မှီကာ ရပ်နေပြီး

လိန်လီ သည် သူ့ရှေ့တွင် ဒူးထောက်လျှက်ရှိသည်။

All Chapters