← Chapters

ကျားမလေးပိုင်ယွမ်

Vol. 2 Ch. 15

ကျားမလေးပိုင်ယွမ်

Vol. 2 Ch. 15

“အရင်ဆုံး မင်းကို ကျားဖြူသွေးမျိုးဆက်နဲ့ ပေါင်းစပ်လိုက်ရအောင်။”

ဝူယွမ်သည် စနစ် လေဟာနယ်ထဲမှ ကျားဖြူသွေးမျိုးဆက်ကို ထုတ်ယူပြီး မီးကျားပေါက်လေးကို ပွေ့ဖက်ထားလျက် “ပေါင်းစပ်လိုက်” ဟု တိတ်တဆိတ် စဉ်းစားလိုက်သည်။

မည်သို့ဖြစ်ပျက်နေသည်ကို မသိသေးသော ကျားပေါက်လေး၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက်ဝင်ရောက်လာလေသည်။

ထိုအရာသည် သူ၏ သွေးမျိုးဆက်ထဲသို့ ပေါင်းစည်းသွားလေသည်။

သွေးမျိုးဆက် ဆက်ခံခြင်းသည် သားရဲများ၏ မူလအစပင် ဖြစ်၏။ သူတို့၏ မှတ်ဉာဏ်များနှင့် သဘာဝအစွမ်းများကို ပိုင်ဆိုင်ထားသော အလွန်တရာ စွမ်းအားပြင်းသည့် သွေးစွမ်းအားများဖြစ်၍၊ သားရဲများအတွက် ဆက်ခံမှုပုံစံတစ်မျိုး ဖြစ်သည်။

မီးကျားများသည် သာမန် သားရဲများသာ ဖြစ်သည်။ သူတို့၏ သွေးမျိုးဆက်စွမ်းအားသည် သိပ်သည်းမှုနည်းပါးလှပြီး ယွမ်ကောင်းကင်နယ်ပယ်အဆင့်ထိသာ ကြီးထွားနိုင်လေသည်။

သို့သော် ကျားဖြူသည် ဒဏ္ဍာရီလာသားရဲ တစ်ကောင်ပင် ဖြစ်၏။

သူ၏ ကြီးထွားနိုင်စွမ်းသည် အတိုင်းအဆမရှိပေ။

“ဝေါင်း~”

ကျားပေါက်လေးသည် စွမ်းအားပြင်းထန်သော်လည်း ချစ်စဖွယ်မြည်သံ ပြုလိုက်၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ပြင်းထန်သော သွေးမျိုးဆက်စွမ်းအားကို ခံစားနေရသောကြောင့် ဖြစ်၏။

သူ့ခန္ဓာကိုယ်ထဲသို့ပေါင်းစပ်နေသော သွေးမျိုးဆက်သည် သူ၏ ကိုယ်ပိုင်အဖြစ် ပြောင်းလဲနေလေသည်။

သို့ရာတွင် သူသည် နာကျင်မှုအနည်းငယ်သာ ခံစားနေရသည်ဟု ထင်ရ၏။

သူ၏ ခန္ဓာကိုယ်သည် ဆက်တိုက် ပြောင်းလဲနေလေသည်။

“အားတင်းထား။”

ဝူယွမ်သည် ညင်သာစွာပြောလိုက်၏။

စနစ်က ကျားဖြူသွေးမျိုးဆက်ကို ဆုအဖြစ်ပေးခဲ့သည်ဖြစ်၍၊ မီးကျားပေါက်လေး ပေါက်ကွဲသွားမည်မဟုတ်ဟု သူယုံကြည်လေသည်။

ကျားပေါက်လေး၏ အမွေးများသည် ကွာကျလာပြီး စက္ပန့်အနည်းငယ်အတွင်းမှာပင် အမွေးအသစ်များ ပြန်လည်ပေါက်လာလေသည်။

ထိုဖြစ်စဉ်သည် ထပ်ကာထပ်ကာဖြစ်နေပြီး ကျား‌လေး၏ အမွေးအရောင်ကို တဖြည်းဖြည်း ဖျော့တော့စေကာ စင်ကြယ်သော အဖြူရောင်သို့ ပြောင်းလဲသွား‌စေသည်။

၎င်း၏ သွေးမျိုးဆက်အတွင်း၌ ပုန်းကွယ်နေသော အစင်းကြောင်းများသည် အသက်ဝင်လာပြီး မီးကျားပေါက်လေးသည် ကျားဖြူ၏ ပုံသဏ္ဍာန်သို့ အဆက်မပြတ် ပြောင်းလဲလာ‌ေလသည်။

အချိန်တိုင်း မီးကျားပေါက်လေး၏ စွမ်းအင်များလည်း တည်ငြိမ်စွာ မြင့်တက်နေလေသည်။

ကိုယ်ခန္ဓာသန့်စင်ခြင်း ပထမအလွှာ၊

ကိုယ်ခန္ဓာသန့်စင်ခြင်း ဒုတိယအလွှာ၊

...ကိုယ်ခန္ဓာသန့်စင်ခြင်း န၀မအလွှာ၊

နောက်ဆုံး။

ယွမ်မြေကြီးနယ်ပယ်။

တိုတောင်းလှသော အချိန်အနည်းငယ်အတွင်းမှာပင် ယင်းကျားမလေးသည် ယွမ်မြေကြီးနယ်ပယ် အဆင့် မကောင်းဆိုးဝါးသတ္တဝါတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်ထိ ကြီးထွားလာခဲ့လေသည်။

ဤအရာသည် အစပြုခြင်းသာ ဖြစ်သေးသည်။

ကျားဖြူသွေးမျိုးဆက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ထိုအဆင့်သို့ရောက်သော် သူ၏ နောက်ဆုံးပုံစံပြောင်းလဲမှုကိုလည်း ပြီးမြောက်စေခဲ့ပြီ ဖြစ်၏။

မီးကျားပေါက်လေး၏ အမွေးသည် အဖြူရောင်သို့ ပြောင်းလဲသွားပြီး ၎င်း၏ ခန္ဓာကိုယ်သည် အရင်ကထက် ငါးဆခြောက်ဆခန့် ပိုမိုကြီးမားလာကပြီး ချောမောလှပလာကာ လုံးဝကို မီးကျားနဲ့မတူညီသောအသွင်ဆောင် နေသည်။

ထူးခြားသော အမြီးသာ မပြောင်းလဲဘဲ ကျန်ရှိနေသေး၏။ ဤအမြီးသည် သူ၏ မူလပုံသဏ္ဍာန်ကို ကိုယ်စားပြုနေ၏။

ထိုအရာသည် သူအား ယခင်က မီးကျားတစ်ကောင်ဖြစ်ခဲ့ကြောင်း လူများ သိရန်ပြသနေသကဲ့သို့ ဖြစ်၏။

ကျားဖြူသွေးမျိုးဆက်ကို ပေါင်းစပ်ခြင်းသည် ၎တိုက်ရိုက် ကျားဖြူအဖြစ်သို့ ပြောင်းလဲသွားစေခြင်းမဟုတ်ဘဲ သူ၏ မီးကျား အခြေခံအုတ်မြစ်ပေါ်တွင် ကျားဖြူသွေးမျိုးဆက်ကို ထပ်ဆင့်ထည့်သွင်းလိုက်ခြင်းသာ ဖြစ်၏။

မီးခကျား နှင့် ကျားဖြူ‌ ပေါင်းစည်းခြင်း။

မျိုးစိတ်အသစ်၊ မီးကျားဖြူလား။

ဝူယွမ်သည် ပျက်လုံးထုတ်ကာ စဉ်းစားမိ၏။ သို့ရာတွင် ကျားဖြူသွေးမျိုးဆက်နှင့် နှိုင်းယှဉ်လျှင် မီးကျား၏ သွေးမျိုးဆက်သည် မထူးခြားလှပေ။

“ ဝေါင်း ဝေါင်း ‌ ဝေါင်း~~~”

ကျားပေါက်လေးသည် မတရားခံရသကဲ့သို့ ညည်းညူကာ ဝူယွမ်ဆီ ခုန်ဆင်းလာပြီး ပွေ့ဖက်နှစ်သိမ့်မှုကို တောင်းခံလေသည်။

“ရပ်လိုက်၊ ရပ်၊ ရပ် အရင်ဆုံး မင်းကို ရေချိုးပေးမယ်။”

ဝူယွမ်သည် မြန်မြန်ဆန်ဆန် သူမကို ကောက်ယူလိုက်သည်။

မီးကျားပေါက်လေး၏ ပြောင်းလဲမှုသည် အသေးစိတ်လှသည်။ သွေးကြောများနှင့် အရိုးချွန်များကိုတစ်ဆက်တည်း သန့်စင်ခြင်း၊ အသားစများကို သန့်စင်ခြင်းများ ပြုလုပ်သကဲ့သို့ ဖြစ်နေပြီး ယခုအခါ အလွန်ပင်ညစ်ပတ်နေ၏။

မီးကျားပေါက်လေးကို ဆေးကြောပြီး ခဏအကြာတွင် ဝူယွမ်၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။ ဤကျားကလေးသည် ချစ်စရာအလွန်ကောင်းသည်။

သူ၏ ခန္ဓာကိုယ်ပုံစံသည် ချောမောပြေပြစ်ပြီး ပြောင်လက် နေသည်။ ခေါင်းလေးသည် လုံးဝန်းပြီး မျက်လုံးလေးများသည် ကြီးမားကာ အလွန်တရာမှပင် ချစ်စဖွယ်ကောင်းသော အသွင်အပြင်ကို ဆောင်နေ၏။

သူသည် အ‌ေမွှးများကို ပွတ်သပ်ကြည့်သောအခါ အလွန်တရာမှ ပျော့ပျောင်းနေ၏။

“ဒါဆို မင်းကို ပိုင်ယွမ်လို့ခေါ်မယ်။”

ဝူယွမ်သည် ရုတ်တရက်ပင် စဉ်းစားမိ၏။

ဤမီးကျားပေါက်လေးသည် တိမ်ဖြူကဲ့သို့ပင် သန့်ရှင်းလှ၏။

“ဟားဟား၊ ငါက ဝူယွမ်၊ မင်းက ပိုင်ယွမ်။”

“အို၊ မင်းက အမ ကြီး ဖြစ်နေတာ စိတ်မကောင်းစရာပဲ၊ မဟုတ်ရင် ငါတို့ ညီအစ်ကိုတွေ ဖြစ်မှာ။”

ဝူယွမ်သည် သက်ပြင်းချလိုက်၏။

အရင်က ရွေးချယ်ခဲ့တုန်းက သတိမထားမိခဲ့ပေ။ သူ့စိတ်ထဲမှာ ယောင်ချာချာဖြင့် ကျားထီးတစ်ကောင်ဟု ယူဆထားခဲ့၏။ ယခုမှသာ ပိုင်ယွမ်ကို ရေချိုးပေးရင်း သူမသည် ကျားမတစ်ကောင်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ရားရားရား!!!”

ပိုင်ယွမ်သည် ဝူယွမ်၏ ရင်ဘက်ထဲတွင် ပွတ်တိုက် ယှက်သွယ်နေပြီး သူ့အမည်ကို အလွန်ကြိုက်နှစ်သက်ပုံသည်... တစ်လကြာပြီးနောက်။

ဝူယွမ်သည် ပိုင်ယွမ်နှင့်အတူ သံမြေကျေးရွာအနီးတစ်ဝိုက်တွင် လှည့်လည်သွားလာ နေသည်။

ပိုင်ယွမ်၏ အသွင်အပြင်သည် သိသိသာသာ ပြောင်းလဲသွားသော်လည်း ချင်းယန်မြို့၏ လူများသည် သိထားသောအရာသည် အကန့်အသတ်ရှိပြီး သားရဲများအကြောင်း နည်းနည်းလေးသာ သိရှိကြ၏။ သူတို့၏ မျက်လုံးထဲတွင် သားရများသည် ထူးဆန်းခြင်း၊ ဆန်းကြယ်ခြင်းများနှင့် ပြည့်နှက်နေသဖြင့် ပိုင်ယွမ်၏ ပုံစံပြောင်းလဲမှုကို တစ်ယောက်မျှ အံ့အားသင့်ခြင်း မရှိကြပေ။

သို့သော် သူတို့သည် ပိုင်ယွမ်၏ စွမ်းအားကြောင့် အလွန် အံ့အားသင့်ခဲ့ကြရ၏။

ပိုင်ယွမ်နှင့် မကြာခဏ ထိတွေ့ဆက်ဆံသူများမှာ ရူးသွပ်ဓားသိုင်းခန်းမ၏ အကြီးအကဲ အနည်းငယ်သာ ရှိ၏။ ပိုင်ယွမ်သည် သာမန်မဟုတ်ကြောင်း သိရှိထားကြသော်လည်း မည်သည့် မကောင်းသော ရည်ရွယ်ချက်မျှ မထားရှိကြပေ။

ထို့အပြင် ဝူယွမ်သည် ပိုင်ယွမ်အား လူများရှေ့မှောက်တွင် သူ့ရဲ့ စွမ်းအင်ကို ထိန်းချုပ်ထားရန် မှာထားပြီး လူများ သားရဲများအကြောင်း နားမလည်ထားသည် နှင့် ပေါင်းသောအခါ သူတို့သည် ပိုင်ယွမ်ကို အလွန်အမင်း အာရုံစိုက်ခြင်း မရှိကြတော့ပေ။

“ငါ ဘာလို့ ရှာမတွေ့တာလဲ”

ဝူယွမ်သည် အနည်းငယ် ဒုက္ခရောက်နေ၏။ ဤကာလအတွင်း သူသည် သံမြေကျေးရွာတစ်၀ိုက်တွင် ပိုင်ယွမ်နှင့်အတူ အမြဲတမ်းရှာဖွေနေပြီး နေရာတိုင်းတွင်းတူးဖော်နေသည်။

သို့သော်လည်း သူတို့သည် ယွမ်ကျောက်တုံးမိုင်းတွင်းကို ရှာမတွေ့ ကြသေးပေ။

သံမြေကျေးရွာတွင် ယွမ်ကျောက်တုံးမိုင်းတွင်းကြီး တည်ရှိ၏။ ထိုသည်မှာ ဝူယွမ်သည် လိန်မိသားစုထံမှ သံမြေကျေးရွာကို ရရှိရန် သူ၏စွမ်းအားကို တမင်တကာ ဝှက်ထားခဲ့ရခြင်း အဓိက အကြောင်းရင်းပင်ဖြစ်သည်။

“ သံမြေကျေးရွာက ကြီးမားကျယ်ပြန့်လွန်းတယ်။ဒီလို ဆက်ရှာနေမယ်ဆို တစ်ရွာလုံးကို တွင်းတူးပစ်မှရမယ်။”

ဝူယွမ် စဉ်းစားရခက်‌ေနသည်။ ထိုအခြေအနေသည် အချိန်ကုန်လူပင်ပန်း ဖြစ်စေသည်မှာ ထင်ရှား၏။

သံမြေကျေးရွာသည် တောတောင်ကြီးများရှိသော နေရာဒေသကြီးတစ်ခုဖြစ်ပြီး ‌ေဘးပတ်လည်တွင်တောင်ကြီးနှစ်လုံး ရှိ၏။

“ငါ လင်းတုန်ကို ခေါ်လိုက်သင့်လား။”

“ရှာတွေ့ဖို့သာ ဒီလောက်လွယ်ရင် လိန်မိသားစုက ဒီနေရာမှာ နှစ်အများကြီးရှိနေခဲ့တာ သူတို့အရင်ကတည်းက ရှာတွေ့ပြီးနေလောက်ပီ”

ဝူယွမ်သည် လင်းမိသားစုထံသို့ သူ၏လျှို့ဝှက်လက်နက်လေး... လင်းတုန့်ကို ရှာဖွေရန် သွားလေ၏။

“အစ်ကိုကြီး၊ ဒီဟာက အစ်ကိုကြီးရဲ့ မီးကျားပေါက်လေးလား။ ပြောင်းလဲမှုက အတော်လေးကြီးမားတာဘဲ!!!”

ပိုင်ယွမ်ကို ပြန်လည်တွေ့မြင်ရသောအခါ လင်းတုန့်သည် အလွန်အမင်း အံ့အားသင့်သွား၏။

“ရှောင်ယန်၊ သူမဘယ်လောက်ကြီးထွားလာလဲဆိုတာ ကြည့်လိုက်၊ ပြီးရင် မင်းကိုယ်မင်း ပြန်ကြည့်စမ်း။ မင်းတို့က မွေးချင်းတွေပဲကို၊ ဘာလို့ ကွာဟချက်က ဒီလောက်ကြီးရတာလဲ” သူသည် ရှောင်ယန်ကိုညွှန်ပြပြီး သက်ပြင်းချကာ ပြောလိုက်သည်။

တစ်လကျော်ကာလအတွင်း သူသည် ကျောက်လက်ဖွဲ့၏ ဝိညာဉ်ဆေးရည်ကို အသုံးပြု၍ ရှောင်ယန်၏ ခန္ဓာကိုယ်ကို ဆက်တိုက်လေ့ကျင့်ပေးခဲ့၏။ ရှောင်ယန်သည် အလွန်ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး ယခု ကိုယ်ခန္ဓာသန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေခဲ့ပီဖြစ်သည်။

သို့ရာတွင် ယခုအချိန်တွင် ရှောင်ယန်နှင့် ပိုင်ယွမ်တို့ အတူရပ်နေကြသောအခါ ရှောင်ယန်သည် ခန္ဓာကိုယ်အရွယ်အစားအားဖြင့် တစ်ဆင့်ပို၍ သေးငယ်သည်။

သူသည် ကြောင်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ပိုင်ယွမ်မှာမူ ခမ်းနားထည်ဝါသော ကျားမတစ်ကောင်ဖြစ်နေပြီဖြစ်သည်။

“ ဝေါင်း~”

ရှောင်ယန်သည် မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။ သူကိုယ်တိုင်လည်း ဘာလို့လဲဆိုတာကို မသိရှိပေ။

ပိုင်ယွမ်သည် ရင်းနှီးသောအနံ့သာ မရရှိခဲ့ပါက သူမသည် သူ၏ အစ်မကြီးဖြစ်ကြောင်း မှတ်မိမည် မဟုတ်ပေ။

“ဆယ်နှစ်ကြာတဲ့အထိ စောင့်ဖို့မလိုလောက်တော့ဘူး။ ရှောင်ယန်က အခုကို ပိုင်ယွမ်ရဲ့ ပြိုင်ဘက်မဟုတ်တော့ဘူး” လင်းတုန့်သည် သက်ပြင်းချကာ စိတ်လှုပ်ရှားနေမိ၏။ ‘အစ်ကိုကြီးက သားရဲများကို မွေးမြူရာမှာလည်း ထူးချွန်တာဘဲ’ ဟု တွေးနေမိ၏။

ဝူယွမ် - “ဆယ်နှစ်ပြည့်ဖို့က ဝေးသေးပါတယ်။ အလျင်စလို ကောက်ချက်မချလိုက်ပါနဲ့။ ရှောင်ယန်ရဲ့ အတိုင်းအဆမရှိရဲ့ စွမ်းရည်တွေကို မင်းယုံကြည်ရမည်။”

ရှောင်ယန်သည် တစ်နေ့တွင် နက်မှောင်သန့်ရှင်းစင်ကြယ်သော ကျားတစ်ကောင်ဖြစ်လာပြီး ယွမ်ကောင်းကင်ကုန်းမြေပေါ်ရှိ အပြင်းထန်ဆုံး သားရဲတစ်ကောင်ဖြစ်လာမည်ကို သူသိ‌နေသည်။

“လာ၊ သံမြေကျေးရွာကို သွားကြရအောင်။”

နှစ်ယောက်သား ကျေးရွာသို့ရောက်ရှိလာခဲ့၏။

ဝူယွမ်သည် လင်းတုန့်ကို ခေါ်ဆောင်ပြီး ကျေးရွာအနီးတစ်ဝိုက် လှည့်ပတ်ကြည့်ရှု‌ေနကြသည်။ လင်းတု မျက်နှာပြောင်းလဲသွားသည်။ သူသည် ကျောက်လက်ဖွဲ့သည် တုန်ခါနေသည်ကို ခံစားလိုက်ရသည်။

လေထုထဲတွင် ပြင်းထန်သော ယွမ်စွမ်းအင်များ ရှိနေ၏။

“အစ်ကိုကြီး၊ ဒီလမ်းအတိုင်း သွားကြည့်ရအောင်။”

လင်းတုန့်က ပြောလိုက်သည်။

ရှေ့ဆက် သွားလေလေ၊ လင်းတုန့်၏ မျက်နှာသည် ပို၍စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး မျက်နှာပေါ်ရှိ ပြုံးရိပ်များကို မထိန်းနိုင်တော့ပေ။

“သေချာပေါက်၊ လင်းတုန်ရဲ့ ကျောက်လက်ဖွဲ့က အလုပ်ဖြစ်တာဘဲ။” ဝူယွမ်သည် လင်းတုန် မိုင်းတွင်းကို တွေ့ရှိသွားပြီဟု ချက်ချင်းသိလိုက်၏။

ကျောက်လက်ဖွဲ့သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ကို စုပ်ယူနိုင်သည်။ လေထုထဲရှိ ယွမ်စွမ်းအင်သည် ကျောက်လက်ဖွဲ့ဆီသို့ စုဝေးလာပြီး ပါဝင်မှုနှုန်း မြင့်တက်လာသည်နှင့်အမျှ လင်းတုန့်သည် သဘာဝအတိုင်း သတိပြုမိလာသည်။

“အစ်ကိုကြီး၊ ဒီမြေအောက်မှာ တစ်ခုခုရှိတယ်။” လင်းတုန့်သည် သူရပ်နေသော နေရာတစ်ခုကို ညွှန်ပြ၏။

“အိုး၊ ဒါဆို ငါတို့ တူးကြည့်ကြရအောင်။” ဝူယွမ်သည်လည်းပူးပေါင်းပါ၀င်လိုက်သည်။

“ပိုင်ယွမ်၊ ရှောင်ယန် မင်းတို့နှစ်ကောင် အလှည့်‌ရောက်ပြီ။”

ဝူယွမ်သည် ကျားနှစ်ကောင်အား မြေကြီးကို တူးရန် ညွှန်ကြားလိုက်၏။

“ ဝေါင်း ဝေါင်း ဝေါင်း။”

ကျားနှစ်ကောင်သည် စိတ်အားထက်သန်စွာဖြင့် ခြေသည်းလက်သည်းများဖြင့် ဆယ်မိနစ်ခန့် တူးလိုက်၏။ နောက်ဆုံးတွင် နှစ်မီတာထက်မက နက်သော ကျင်းတစ်ခုပေါ်လာပြီး နောက်ဆုံးတွင် အနီရောင် အလင်းတစ်ခု ပေါ်ထွက်လာ၏။

“တကယ် တစ်ခုခုရှိတယ်။”

“ ဝေါင်း ။”

“ ဝေါင်း ။”

ပိုင်ယွမ်သည် အနီရောင်ကျောက်တုံးတစ်တုံးကို ကိုက်ယူလာ၏

ဝူယွမ်သည် အဲ့တာကို စစ်ဆေးကြည့်ရန် ယူလိုက်သည်။

“ဒါက ယွမ်စွမ်းအင်ကျောက်တုံးပဲ။”

လင်းတုန့်သည်လည်း အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ဝူယွမ်မှာမူ “ဒီလောက်အနက်ထဲမှာ ရှိမှတော့ ငါမတူးဖော်နိုင်တာ အံ့ဩစရာမရှိပါဘူး” ဟုပြောပြီး သက်ပြင်းချလိုက်သည်။

All Chapters