ထူးခြားသော ဝိညာဉ်စွမ်းအင် ပါရမီ
Vol. 2 Ch. 18
ဝူယွမ်နှင့် လင်းတုန်တို့ အဆောက်အဦးထဲဝင်လိုက်သည်နှင့်။
မျက်စိရှေ့တွင် ခမ်းနားထည်ဝါပြီး ရှေးဟောင်း အဆင်တန်ဆာများဖြင့်ပြည့်နှပ်နေသည့် ကျယ်ဝန်းလှသော ခန်းမဆောင်ကြီး တစ်ခု ပေါ်လာသည်။
ခန်းမဆောင်အတွင်း၌ များပြားလှသော ပစ္စည်းများဖြင့် စီတန်းထားသည့် ကောင်တာများစွာ ရှိသည်။
ဝိညာဉ်ဆေးပင်၊ ဆေးဝါး၊ လက်နက်ကိရိယာ၊ သားရဲအမြုအတေ၊ ကိုယ်ခံပညာ... မျက်စိတစ်ဆုံးထိ ကြည့်လိုက်သော် အမျိုးမျိုးသော ပစ္စည်းများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့၏ အရည်အသွေးကို ကြည့်ခြင်းဖြင့် သာမန်အရာများ မဟုတ်ကြောင်း ထင်ရှားနေ၏။
“ဒါတွေက ငါတို့ ချင်းယန်မြို့က ကုန်သွယ်ရေးဈေးကွက် ခန်းမတွေထက် အများကြီး ပိုကောင်းလွန်တယ်” ဝူယွမ်က အံ့အားသင့်စွာ ပြောလိုက်၏။
လင်းတုန် - “ဒါပေမယ့် ဈေးကြီးလွန်းတယ်ထင်တယ်”
“အို... ဒါက ဘာလဲ”
တစ်ချိန်တည်းမှာပင် နှစ်ဦးသား စိမ်းပြာရောင် အိတ်တစ်လုံးကို စိတ်ဝင်စားသွားကြသည်။
ထိုအိတ်ပေါ်တွင် ဈေးနှုန်းတစ်ခု ရေးမှတ်ထားသည်။
“အဆင့်နိမ့် သိုလှောင်အိတ်၊ ယန်ယွမ်ကျောက်တုံး လေးဆယ့်ရှစ်တုံး”
“အိတ်တစ်လုံးတည်းကတောင် အတော်လေး ဈေးကြီးတာဘဲ” လင်းတုန်က တိုးတိုးပြောလိုက်သည်။
“ညီလေးတို့... ဒါကတော့ အဆင့်နိမ့် သိုလှောင်အိတ် ဘဲဖြစ်တယ်။ လေဟာနယ် သစ်သားနဲ့ ပြုလုပ်ထားပြီး ဒုတိယအဆင့် အဆောင်သခင်ဆရာကြီးတစ်ဦးက ရုန်းတွေနဲ့ ရေးထွင်းထားတာပါ။ သေးငယ်တယ်ဆိုပေမယ့် ဒီကောင်တာတစ်ခုအရွယ်စား အရာဝတ္ထုတွေကို ထည့်သွင်းနိုင်တယ်။ ဒီအိတ်ကို ဆောင်ထားမယ်ဆို များစွာသော ပစ္စည်းသယ်ေဆာင်ဖို့အခက်အခဲတွေကို ဖြေရှင်းပြီးသားဖြစ်မှာပါ”
ဝူယွမ်နှင့် အခြားတစ်ဦးတို့ သိုလှောင်အိတ်ကို စိတ်ဝင်တစားဖြစ်နေသည်ကို မြင်သော အနားက အစိမ်းရောင်ဝတ်စုံဝတ်ထားသော လူငယ်အလုပ်သမားတစ်ဦးသည် ချက်ချင်းပင် ပြုံးရယ်ကာ မိတ်ဆက်ပေးလိုက်သည်။
ဝူယွမ် - “သိုလှောင်အိတ်က ဒီတစ်မျိုးတည်း ရှိတာလား... ကျွန်တော်တို့ နှစ်လုံး ဝယ်ချင်တယ်”
“ရပါတယ်... ရပါတယ်” ဟု ဝူယွမ် ချက်ချင်း နှစ်လုံးတောင်းသည်ကို မြင်သော အစိမ်းရောင်ဝတ်စုံဝတ်နှင့် လူငယ်အလုပ်သမားက မြန်မြန်ပြန်ဖြေ၏။
“ကျွန်တော်တို့မှာ ယန်ယွမ်ကျောက်တုံးတွေ မရှိဘူး... ဒါပေမယ့် ဒီဆေးလုံးတွေတော့ ရှိတယ်” ဟု ဝူယွမ်က သူတို့ အဆင့်သုံး ဝိညာဉ်ဆေးပင်မှ သန့်စင်ထားသော ဆေးပုလင်းကို သူ၏အ၀တ်ထဲမှ ထုတ်ယူလိုက်သည်။
အဆင့်သုံး ဆေးလုံးများသည် သူတို့အတွက် ထူးထူးခြားခြား အကြိုးသက်ရောက်မှုမရှိတော့ပေ။
မကြာမီ မန်နေဂျာတစ်ဦး ရောက်လာပြီး ဆေးလုံးများကို အကဲဖြတ်ပေးသည်။ ဈေးဆစ်ပြောဆိုမှုအချို့အပြီးတွင် သူတို့သည် ဆေးလုံး ၁၅ လုံးသုံးကာ သိုလှောင်အိတ် နှစ်လုံးကို ရလာခဲ့ကြသည်။
နှစ်ဦးသား သိုလှောင်အိတ်များကို ယူပြီး ချက်ချင်းပင် စမ်းသပ်ကြ၏။ သူတို့အခုလေးတင် ဝယ်ထားသော ပစ္စည်းအားလုံးကို အိတ်အတွင်းသို့ ထည့်သွင်းလိုက်ကြသည်။
“တကယ့်ကို အဆင်ပြေပြီး အသုံးဝင်တာဘဲ” ဝူယွမ်က အလွန်ကျေနပ်သွာသည်။
“အစ်ကိုကြီး... ခုနကသူပြောတဲ့ အဆောင်သခင်ဆိုတာ ဘာလဲ... အဲဒါတွေကို လုပိ်နိုင်ဖို့အတွက်ဆို အရမ်း အံဩစရာ ကောင်းတာဘဲ” လင်းတုန်က စူးစမ်း မေးမြန်းလိုက်သည်။
အဆောင်သခင်အလုပ်သည်လည်း အကျိုးအမြတ်များသော အလုပ်တစ်ခုဖြစ်သည်ဟု သူခံစားမိ၏။
ဝူယွမ် - “ဆရာ့ဆီက ကြားဖူးတာကတော့... ကျင့်ကြံခြင်းလမ်းကြောင်းတစ်လျှောက်မှာ လမ်းကြောင်းခွဲများစွာ ထွက်ပေါ်လာခဲ့ပြီး အဆောင်သခင်ဆိုဆာကလည်း အဲ့ထဲက တစ်ခုပဲ။ အဆောင်သခင်ဆိုတာက အခြေခံအားဖြင့် ယွမ်တန်ခိုးကို အသုံးပြုတဲ့ နည်းလမ်းတစ်မျိုးဘဲ။ ကွာခြားချက်တစ်ခုက ဒီနည်းလမ်းက ဝိညာဉ်စွမ်းအင်ကို အသုံးပြုဖို့ လိုအပ်ပြီး ကောင်းကင်မြေကြီး ယွမ်စွမ်းအင်တွေကို ထူးခြားတဲ့ ရုန်းများအဖြစ် ပေါင်းစည်းလိုက်တာဘဲ”
“ဝိညာဉ်စွမ်းအင်ဆိုတာ ဘာကြီးလဲ”
“ဝိညာဉ်စွမ်းအင်ဆိုတာလည်း စွမ်းအင်တစ်မျိုးပဲ... သွားကြရအောင်... နောက်ပိုင်း အကုန်သိလာလိမ့်မယ်”
“အစ်ကိုကြီးက တကယ်ကို အသိပညာဗဟုသုတ ကြွယ်ဝပါလား”
လင်းတုန်သည်ဝူယွမ်အပေါ် အံ့ဩလေးစားမှုဖြင့် ပြည့်နှက်သွားခဲ့ပြီး ဝူယွမ်မှာမူ ပြုံး၍သာနေသည်။ အခုအချိန်တွင် လင်းတုန်သည် လောကကြီးအကြောင်း မသိသေးသော ကျေးရွာလေးထဲမှ ကောင်လေးတစ်ဦးဘဲရှိသေးသည်။
နောင်တွင် သူသည် ဘိုးဘေးအဆောင်သခင် တစ်ဦး ဖြစ်လာမည်ဖြစ်သည်။
“အစ်ကိုကြီး... ဒီရုန်းတွေက တကယ့်ကို ထူးဆန်းလိုက်တာ”
လင်းတုန်သည် သိုလှောင်အိတ်ပေါ်ရှိ ရုန်းများကို ကြည့်ရှုရင်း ရုန်းများအေကြာင်း စိတ်ဝင်စားသွား၏။
“ကမ္ဘာရဲ့ကံကြမ္မာသားတော်က မျှော်လင့်ထားတဲ့အတိုင်းဘဲ... တွေ့လိုက်တာနဲ့ သူရဲ့ ပါရမီကို ပြသနေပီ” ဟု ဝူယွမ်က လျှို့ဝှက်စွာ တွေးတောလိုက်သည်။ လင်းတုန်သည် ရုန်းများကို ပထမဆုံးအကြိမ် မြင်တွေ့ရသည်နှင့် ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားသည်တုံ့ပြန်မှုရှိလာခဲ့သည်။
လင်းတုန်သည် အိတ်ပေါ်ရှိ ရုန်းများကို ကြည့်ရှုနေရင်း သူ၏ဝိညာဉ်ရေးစွမ်းအားများ တုန့်ပြန်နေချိန်... အံ့ဖွယ်ပစ္စည်းခန်းမဆောင်ကြီး၏ ထောင့်တစ်နေရာတွင် မီးခိုးရောင်ဝတ်စုံဝတ်ထားသော အိပ်ငိုက်နေသည့် အဖိုးအိုတစ်ဦးသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လင်းတုန်ဘက်သို့ ခေါင်းလှည့်ကာ အာရုံစိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် အတော်လေး အံ့အားသင့်သော အကြည့်တစ်ခု ထွက်ပေါ်လာသည်။
“အလွန်ပြင်းထန်တဲ့ ဝိညာဉ်စွမ်အင်၏ပါရမီဘဲ” အဖိုးအိုက သူ့ဘာသာသူ ပြောဆိုနေသည်။
“ငါလည်း ကြည့်ကြည့်မယ်”
ဝူယွမ်သည် စူးစမ်းလိုစိတ်ဖြင့် သိုလှောင်အိတ်ပေါ်ရှိ ရုန်းများကို စတင် လေ့လာတော့သည်။
“ဟမ်~ တကယ်ပဲ တစ်ခုခုရှိတယ်”
စက္ကန့်သုံးဆယ်လောက်ကြာပြီးနောက် ဝူယွမ်သည် ကြည့်ေနရင်းမှ တစ်စုံတစ်ရာကို မြင်တွေ့လိုက်ရ၏။
သူ့ပတ်ဝန်းကျင်ရှိ အမြင်အာရုံများ မှုန်ဝါးသွားပြီး သိုလှောင်အိတ်ပေါ်ရှိ ရုန်းများသည် ပိုမိုရှင်းလင်းလာသည်ဟု သူခံစားမိနေသည်။
ထိုထူးဆန်းသော အခြေအနေတွင် သူ၏ဦးနှောက်ထဲမှ လှိုင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
“ဒါက ဝိညာဉ်စွမ်းအင်လား”
ထိုအချိန်တွင် မမြင်ရသော ဝိညာဉ်စွမ်းအင်သည် သူ့ဦးနှောက်ထဲမှ စိမ့်ထွက်လာပြီး နောက်ဆုံးတွင် သူအခု မြင်တွေ့ရသော ရုန်းအတိအကျကို သူ့ရှေ့မှောက်၌ ဖြည်းညှင်းစွာ ရေးဆွဲဖော်ပြနေသည်။
“ဟမ်~ ပိုပြီးတောင် ပြင်းထန်တဲ့သူတစ်ယောက် ရှိသေးတာပါလား”
အဖိုးအိုသည် အံ့အားသင့်သွားပြီး သူ၏အာရုံကို ဝူယွမ်ဆီသို့ ပြောင်းလိုက်၏။
လင်းတုန်သည် ရုန်းတစ်ဝက်ကိုသာ ရေးဆွဲနိုင်ခဲ့သော်လည်း ဝူယွမ်ကမူ ရုန်းတစ်ခုလုံးကို ရေးဆွဲနိုင်ခဲ့၏။
“ဝိညာဉ်စွမ်းအင်က လုံး၀သာမန်မဟုတ်ဘူး”
ဆရာယန်က အံ့အားသင့်စွာ ပြောဆိုလိုက်၏။
လင်းတုန်၏ ဝိညာဉ်စွမ်းအင်လှိုင်းသည် အတိုင်းအတာတစ်ခုအတွင်း၌သာ ရှိနေသော်လည်း ဝူယွမ်၏ ဝိညာဉ်ရေးစွမ်းအားမှာမူ သာမန်လူထက် ကျော်လွန်နေပြီး နှစ်ဆပိုမို ပြင်းထန်နေသည်။
လင်းတုန်သည် ထိုထူးဆန်းသော အခြေအနေမှ နိုးထလာသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေသည်။
သူသည် ဝူယွမ်ကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်လိုက်သောအခါ ဝူယွမ်သည်လည်း မိမိလက်ရှိအခြေအနေအတိုင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လင်းတုန် - “အစ်ကိုကြီးက လုံး၀အရှုံးမပေးသေးဘူး... မျှော်လင့်ထားတဲ့အတိုင်းပဲ”
မကြာမီ ဝူယွမ်သည်လည်း ထိုအခြေအနေမှ နိုးထလာ၏။
လင်းတုန် - “ဘယ်လိုလဲ အစ်ကိုကြီး... ရုန်းအစုံလိုက်ကို ရေးဆွဲနိုင်ခဲ့လား”
ဝူယွမ် - “အင်း... မင်းရော”
လင်းတုန် - “ကျွန်တော်က တစ်ဝက်ပဲ ရေးဆွဲနိုင်ခဲ့တယ်... နောက်ထပ်မခံနိုင်တော့ဘူး”
“ထူးဆန်းတယ်... ငါ့မှာလည်း ဝိညာဉ်စွမ်းအင် ပါရမီရှိတာလား” ဝူယွမ်က အံ့အားသင့်စွာ တွေးတောလိုက်သည်။
ကြည့်ရသည်မှာ သူ၏ဝိညာဉ်စွမ်းအင်ပါရမီသည် လင်းတုန်ထက်ပင် ပိုမိုပြင်းထန်နေပုံရသည်။
လင်းတုန်သည် နောင်တွင် ဘိုးဘေးအဆောင်သခင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။
မူရင်းဝူယွမ်၌လည်း ထိုမျှပြင်းထန်တဲ့ ဝိညာဉ်ရေးစွမ်းအားပါရမီရှိခဲ့ပါက ကျေးရွာလေးမှ ထွက်ခွာပြီးနောက် နာမည်တစ်ခုရခဲ့သင့်သည်။
“ဒါက ငါ့ရဲ့ ကမ္ဘာကူးပြောင်းမှုကြောင့် ဖြစ်မယ်ထင်တယ်”
ဝူယွမ်က ဝိညာဉ်စွမ်းအင်ဆိုသည်မှာ တစ်နည်းအားဖြင့် ဝိညာဉ်၏စွမ်းအား၊ စိတ်၏စွမ်းအားဖြစ်သည်ဟု ယုံကြည်သည်။ မူရင်းပိုင်ရှင်၏မှတ်ဉာဏ်များနှင့် ပေါင်းစပ်သွားသည့်အချိန်မှစကာ မူရင်းပိုင်ရှင်၏ ဝိညာဉ်စွမ်းအားကိုလည်း သဘာဝအတိုင်း ပေါင်းစပ်သွားခြင်းဖြစ်နိုင်သည်။
“ဟေ့... ဒီဆေးလုံးတွေကို ရောင်းခဲ့တာ ရှင်တို့လား”
အနည်းငယ်မောက်မာသော အသံတစ်ခုသည် ရုတ်တရက် ဝူယွမ်နှင့် လင်းတုန်တို့၏ စကားဝိုင်းကို ကြားဖြတ်ေပြာလိုက်သည်။
နှစ်ဦးလုံး နောက်ပြန်လှည့်ကြည့်လိုက်သောအခါ သိုလှောင်အိတ်၀ယ်ခဲ့သည် ကောင်တာအနီးတွင် အနီရောင်ဝတ်ရုံနှင့်အမျိုးသမီးတစ်ဦးရှိပြီး ဝူယွမ် ယခင်က ရောင်းချခဲ့သည့် ဆေးပုလင်းကို ကိုင်ထားကာ မေးမြန်းနေသည်ကို တွေ့လိုက်ရသည်။
“အင်း... ဟုတ်တယ်”
“နောက်ထပ် ရှိသေးလား... ရှိသေးရင် ရှင့်ဆီကနေ ထပ်ဝယ်ချင်တယ်” အနီရောင်ဝတ်အမျိုးသမီးက ဆက်ေပြာလိုက်သည်။
“တောင်းပန်ပါတယ်... မရှိတော့ဘူး၊အဲ့တာအကုန်ဘဲ”
ဝူယွမ်က ရိုးရိုးရှင်းရှင်း ငြင်းဆိုလိုက်၏။
“နောက်ထပ် ရှိသေးတယ်မလား... စိတ်မပူပါနဲ့... ကျွန်မကို ရောင်းခဲ့... ကျွန်မက ရှင့်စိတ်တိုင်းကျ ဈေးနှုန်းပေးမှာပါ” အမျိုးသမီးက ဆက်လက်တောင်းဆိုလိုက်သည်။ သူမ၏မျက်နှာအမူအရာသည် မကျေမနပ်ဖြစ်မှုအနည်းငယ် ရှိနေပြီဖြစ်သည်။
သူမသည် အငြင်းမခံရဖူးမှန်း ထင်ရှားသည်။
“မင်းလို တောသား တစ်ကောင်က ဘယ်ကနေ ရောက်လာတာတုံး... ချင်းရှုကို စော်ကားရဲတယ်ပေါ့”
ထိုအချိန်တွင် ချောမောလှပသည့် ပိုးထည်ဝတ်ရုံဖြူဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးသည် မြန်မြန်ဆန်ဆန် ချဉ်းကပ်လာပြီး ဝူယွမ်နှင့် အခြားတစ်ဦးကို မထီမဲ့မြင်ပြုကာ ကြည့်လိုက်ပြီးနောက် ခေါင်းကိုလှည့်ကာ အနီရောင်ဝတ်အမျိုးသမီးဆီသို့ စိတ်အားထက်သန်စွာဖြင့် ပြောဆို၏။
“ဟဲဟဲ... ရှဲ့ကျူး... မင်းဆေးဝါးတွေ လိုအပ်ရင် ကျွန်တော့်ကို ပြောလိုက်ပါ... အခြားသူတွေဆီက ဝယ်ဖို့ ဘာလိုအပ်သေးလို့လဲ”
အနီရောင်ဝတ်အမျိုးသမီး၏ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားသည်။ ထိုလူငယ်လေးကို မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှား၏။
အင်း... နောက်ထပ် ငန်းသားစားချင်တဲ့ ချမ်းသာသည့်ဒုတိယမျိုးဆက်ဖားပြုတ်တစ်ကောင်ပေါ့... ဝူယွမ်ကခေါင်းငြိမ့်လိုက်သည်။
ဘာကြောင့် “နောက်ထပ်” လို့ ပြောမိသနည်း။
ဒီဇာတ်ကွက်သည် အလွန်အဖြစ်များလွန်းလှသည်။
ဤချမ်းသာသည့်ဒုတိယမျိုးဆက်သည် ဝူယွမ်နှင့် လင်းတုန်တို့ကို အသုံးချပြီး သူချစ်နေတဲ့သူကို မျက်နှာလုပ်လိုသည်မှာ သိသာသည်။
“ဟင့်အင်း... သွားကြရအောင်”
ဝူယွမ်က လင်းတုန်ကို ဆွဲကာ ထွက်သွားရန် ပြင်လိုက်သည်။ သူတို့သည် လက်ရှိတွင် တစ်ကယ့်ကျေးလက်ဒေသမှ တောသားများသာရှိသေးပြီး ဤမြို့သူမြို့သားများနှင့် အလုပ်မရှုပ်နိုင်သေးပေ။