ဆရာယန်ရဲ့ တပည့်ဖြစ်လာခြင်း
Vol. 2 Ch. 19
ဝူယွမ်နှင့် လင်းတုန်တို့ ထွက်ခွာသွားသည်ကို မြင်သောအခါ
လှပစွာဝတ်စားထားသည်လူငယ်သည် မထီမဲ့မြင်ပြု၍ နှုတ် ခေါင်းရှုံ့လိုက်သည်။
သို့သော် အနီရောင်၀တ်အမျိုးသမီးမှာ စိုးရိမ်လာပြီး သူ့ကို ပြစ်တင်ရှုတ်ချလိုက်သည်၊
“ဟေ့၊ငါ့အလုပ်ကို မဖျက်စီးနဲ့။ ဒီဆေးလုံးတွေက သူတို့တွေဆီမှာပဲရှိတယ်ထင်တယ်၊ တခြားနေရာတွေမှာ မတွေ့ဖူးသေးဘူး။”
လှပစွာဝတ်စားထားသည်လူငယ်သည် မျက်နှာငယ်သွားပြီး သူ့ပုံရိပ်နတ်သမီးလေး၏ အစီအစဉ်ကို ဖျက်ဆီးမိမည်ဟု မျှော်လင့်မထားခဲ့ပေ။
“အား...ဒါဆို မင်းအတွက် သူတို့ကို ပြန်ခေါ်ပေးမယ်။”
သူက ဝူယွမ်နှင့် လင်းတုန်ကို ညွှန်ပြလျက် မောက်မာစွာ အော်ဟစ်လိုက်သည်၊
“မင်းတို့နှစ်ယောက် အခုချက်ချင်းရပ်လိုက်။”
ဝူယွမ်က သူ့ကို လျစ်လျူရှုပြီး သူ့လမ်းအတိုင်း ဆက်သွားနေသည်။
သူက စိုးရိမ်လာသည်။
သူက ရှေ့သို့ခုန်တက်ပြီး ဝူယွမ်၏ ပခုံးကို ဆွဲယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။
“ နှောက်ယှက်လို့မပြီးတော့ဘူးလား၊သွားစမ်း!”
ဝူယွမ ၏လက်သည်ယွမ်စွမ်အင် လှိုင်းများထနေပြီး နောက်လှည့်န၍ သူ့ကို တွန်းလိုက်သည်။
“ပြန်တိုက်ရဲတယ်ပေါ့? ယန်မြို့ရဲ့ လျူမိသားစုကို မသိတာလား”
လှပစွာဝတ်စားထားသည်လူငယ်သည် ဒေါသတကြီး ပြောလိုက်သည်။
ဝူယွမ်၏လက်ဝါးရိုက်ချက်ကြောင့် သူ၏လက်မောင်းသည် ထုံကျင်နေသည်။
“ထပ်ပြီး!” သူ၏ လက်ဝါးများတွင် အစိမ်းရောင်အလင်းများ စုစည်းလာပြီး ကြွယ်ဝသော ယွမ်အား ပန်းထွက်လာသည်။
“ယွမ်မြေကြီးနယ်ပယ် နောက်ဆုံးအဆင့်!”
ဝူယွမ် မျက်မှောင့်ကျုံ့လိုက်သည်။ သာမန် တွေ့နေကြ ချမ်းသာကြွယ်ဝသည့် ဒုတိယမျိုးဆက် လူပေါ့ကြော့တစ်ဦးသည် ယွမ်မြေကြီးနယ်ပယ် နောက်ဆုံးအဆင့်သို့ရောက်ရှိနေမည်ဟု မျှော်လင့်မထားခဲ့ပေ။
ယန်းမြို့သည် သေချာပေါက် ပိုမိုကျယ်ပြန့်လှသည်။
သူသည်လည်း မှော်ကျောက်စိမ်းလက် ပညာရပ်ကို ထုတ်လွှတ်လိုက်ပြီး သူ၏လက်ဝါးများသည် ကျောက်စိမ်းကဲ့သို့ အဖြူရောင်များ ဝန်းရံလျက်ရှိသည်။
“ ဖောက် !”
နှစ်ဦးစလုံး လက်ဝါးခြင်း နောက်တစ်ကြိမ် ဖလှယ်ကြသည်။
အလှတန်ဆာဝတ်ထားသူသည် ဝူယွမ်၏ မှော်ကျောက်စိမ်းလက် ပညာရပ်ကြောင့် နောက်သို့လွင့်သွားသော်လည်း သူနှင့်အတူလိုက်ပါလာသော သက်လတ်ပိုင်း ယောက်ျားတစ်ဦးက သူ့ကို ဖမ်းပေးလိုက်သည်။
အခြားတစ်ဖက်တွင် ဝူယွမ်မှာ ခဏတာ ငေးငိုင်သွားသည်၊
“ဘာဖြစ်သွားတာလဲ?အသံသာရှိပြီး အစံမရှိတဲ့ သင်းကြန်အမြှောက်ဘဲ!”(အပေါ်ယံသာ၀ံ့ကြွားစွာရှိပြီး၊လက်တွေ့ကြအသုံးမကြတာကိုဆိုလိုခြင်းဖြစ်သည်။)
သူ အကဲဖြတ်လိုက်သည်။
ထိုလှပစွာဝတ်စားထားသည်လူငယ်သည် ယွမ်မြေကြီးနယ်ပယ် နောက်ဆုံးအဆင့်၏ စွမ်းအားရှိပြီး သူ၏ယွမ်စွမ်းအင်သည် ကြွယ်ဝသော်လည်း သန့်စင်ခြင်းမရှိသဖြင့် လက်တွေ့တွင် ယွမ်မြေကြီးနယ်ပယ် အလယ်အလတ်အဆင့် လောက်ပင်မရှိချေ။
“သခင်လေး၊ မင်း သူ့ကို မယှဉ်နိုင်ဘူး!”
အလတ်တန်းအရွယ် ယောက်ျားက စကားပြောပြီးနောက် လုပ်ရှားရန် ပြင်သည်။ သူ၏ခန္ဓာကိုယ်မှ ယွမ်စွမ်းအင် လှိုင်းထနေပြီး ယွမ်ကောင်းကင်နယ်ပယ်အဆင့် စွမ်းအင်သည် ချက်ချင်း ပေါက်ကွဲထွက်လာသည်။
ဝူယွမ်နှင့် လင်းတုန်နှစ်ဦးစလုံး မျက်မှောင်ကျုံ့သွားကြသည်။ သူတို့သည် လေးလေးနက်နက် ဖြစ်သွားပြီး တစ်ဦးက ဓားကို ဆွဲထုတ်ကာ အခြားတစ်ဦးက ချုပ်နှောင်ရန် ပြင်ဆင်နေပြီး တိုက်ပွဲဝင်ရန် အသင့်ရှိကြသည်။
“အံ့ဖွယ်ခန်းမမှာ ရန်ဖြစ်တာကို တားမြစ်ထားတယ်
ဒီစည်းမျဉ်းကို မင်းတို့ မသိကြဘူးလား။?”
နက်ရှိုင်းသောအသံတစ်ခုသည် ဝူယွမ်နှင့် လင်းတုန်တို့၏ နောက်ကျောဘက်မှ လာဟန်ရှိသည်။
ဝူယွမ်က ခေါင်းလှည့်ကြည့်လိုက်သည်။ မသိလိုက်ခင်ပင် မီးခိုးရောင်အဝတ်စားနှင့် အဖိုးအိုသည် သူတို့နှစ်ဦး၏ အနောက်တွင် ရပ်နေပြီဖြစ်သည်။
“ဆရာယန်!”
အနီရောင်၀တ်အမျိုးသမီးနှင့် လျူမိသားစုမှ နှစ်ယောက်လုံး ချက်ချင်း အရိုအသေပေးလိုက်ကြသည်။
မစ္စတာယန်က သူတို့ကို အေးစက်စွာ ခေါင်းညိတ်ပြပြီးနောက် လျစ်လျူရှုလိုက်ကာ ဝူယွမ်နှင့် လင်းတုန်တို့ကို ခပ်ပြုံးပြုံး ကြည့်လိုက်သည်။
သူက လက်ဖြင့် ညွှန်ပြလိုက်ပြီး မမြင်ရသော အားနှစ်ခုသည် ဝူယွမ်နှင့် လင်းတုန်တို့၏ နဖူးအသီးသီးသို့ ဝင်ရောက်လာသည်။
“လှုပ်လို့မရတော့ဘူး!”
ဝူယွမ်သည် ထိုအချိန်တွင် သူ၏ခန္ဓာကိုယ် ထိန်းချုပ်မှု လွှတ်သွားကြောင်း တွေ့လိုက်ရသည့်အခါ အလွန်တုန်လှုပ်သွားသည်။
မစ္စတာယန်းသည် သူတို့နှစ်ဦး၏ စိတ်ထဲတွင် အထူးသဖြင့် စည်းချက်မဲ့စွာ လှုပ်ရှားနေသော ဝိညာဉ်စွမ်းအင်ကို မြင်တွေ့လိုက်ရပြီး ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် အဆောင်သခင် ပထမအဆင့်နှင့် နီးကပ်နေပြီဖြစ်သည်။ သူ၏ ပုံမှန်အားဖြင့် အမြဲတင်းမာနေသော မျက်နှာပေါ်တွင် ပျော်ရွှင်သောအမူအရာ ပေါ်လာသည်။
“မင်းတို့နှစ်ယောက်၊ အဆောင်သခင် ဖြစ်ချင်ကြလား?”
ပတ်ဝန်းကျင်ရှိ လူအားလုံး အံ့အားသင့်သွားကြသည်။
မစ္စတာယန်၏ အဆင့်အတန်းသည် အလွန်မြင့်မားလွန်းလှသည်။ သူသည် ယန်မြို့တွင် တစ်ဦးတည်းသော စတုတ္ထအဆင့် အဆောင်သခင် ဖြစ်ပြီး သူ၏ အဆင့်အတန်းသည် မြို့တော်ဝန်ထက် မနိမ့်ပေ။
သူသည် တက်တက်ကြွကြွဖြင့် ဤနှစ်ဦးကို တပည့်အဖြစ် ခေါ်ယူရန် အဆိုပြုခဲ့သည်လား။!
ယန်မြို့တွင် မရေမတွက်နိုင်သော လူများသည် မစ္စတာယန်၏ တပည့်ဖြစ်လိုသော်လည်း အခွင့်အရေး မရှိခဲ့ကြပေ။ သို့သော် ဤနှစ်ဦးသည် မစ္စတာယန်း၏ တက်ကြွစွာ စုဆောင်းမှုကို ခံခဲ့ရသည်။
အနီရောင်အဝတ်စားအမျိုးသမီးနှင့် အလှတန်ဆာဝတ်ထားသူတို့သည် လုံးဝ အံ့အားသင့်သွားကြသည်။
သူတို့သည်မစ္စတာယန် တန်ဖိုးထားသော လူကို စော်ကားမိသွားခဲ့ကြသည်။
ဝူယွမ်နှင့် လင်းတုန်တို့သည် စကားများများ မပြောဘဲ ကြောင်ကြည့်ကြသည်။ လင်းတုန်၏ မျက်လုံးများတွင် ဝေခွဲမရသော အမူအရာတစ်ခု ပေါ်လာသည်။
“ဟုတ်၊ ကျွန်တော်တို့ အဆောင်သခင်ဖြစ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သိုင်းပညာကျင့်ကြံခြင်း လမ်းကြောင်းကို သိပ်အချိန်ပေးနေရတယ်၊ အဆောင်သခင်အဖြစ် ဆက်လေ့ကျင့်ဖို့ဆို ခက်ခဲမယ်ထင်တယ်။ ဒီကိစ္စက အရမ်းအရေးကြီးလို့ ဆရာကြီးကို ကျွန်တော်တို့ အိမ်ပြန်ပြီး မိသားစုနဲ့ တိုင်ပင်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ ဆုံးဖြတ်ပြီးရင် ဆရာကြီးဆီကို ပြန်လာခဲ့ပါမယ်” ဟု ဝူယွမ်က ညာဏ်ရှိစွာ မယုတ်မလွန် ပြောဆိုလိုက်သည်။
သူက တိုက်ရိုက် ငြင်းပယ်ခြင်း မပြုခဲ့ပေ!
မစ္စတာယန်သည် ယန်မြို့တွင် အဆင့်အတန်းတစ်ခုမှာရှိပြီး သူတို့၏ အစောပိုင်းဖွံ့ဖြိုးမှုအတွက် အမိုးအကာတစ်ခုအဖြစ် သုံးလို့ရနိုင်သည်။
မူရင်းဇာတ်လမ်းတွင် လင်းတုန်းသည် ဆန်းကြယ်ကျောက်လက်ဖွဲ့ ပေါ်သွားမည်ကို စိုးရိမ်သောကြောင့် ငြင်းပယ်ခဲ့သဖြင့် ဆရာယန်၏ တရားဝင်တပည့်မဖြစ်ခဲ့သော်လည်း ဆရာယန်က လက်ဆောင်များကို ပေးအပ်ခဲ့သည်။ ဤသည်မှာ ဆရာနှင့်တပည့် ဆက်ဆံရေးနှင့် ညီမျှသည်။
ဝူယွမ်က သူ၏စနစ်သည် ပေါ်သွားမည်ကို စိုးရိမ်စရာမလိုပေ။ ဒါပေမဲ့ ဆရာယန်၏ တပည့်ဖြစ်ရန်ကလည်း မရှိမဖြစ် မလိုအပ်နေပေ။
ထို့အပြင် ဆရာယန်သည် လူကောင်းတစ်ဦးဖြစ်သည်။
“အင်း... ကောင်းပြီ။ မင်းတို့နှစ်ယောက်လုံး သေချာ စဉ်းစားသင့်တယ်။ မဟုတ်ရင် ထူးချွန်တဲ့ ဝိညာဉ်စွမ်းအင်ပါရမီကို ဖြုန်းတီရာရောက်လိမ့်မယ်” ဟု မစ္စတာယန်းက တွန့်ဆုပ်စွာ ပြောဆိုလိုက်သည်။
ထိုကဲ့သို့သော ဝိညာဉ်စွမ်းအင်ပါရမီရှင်များကို မည်သူမျှ စွန့်လွှတ်လိုကြမည်မဟုတ်ပေ။ သူသည် ပါရမီကို တန်ဖိုးထားသူ တစ်ဦးလည်းဖြစ်သည်။
သူသည် သူတို့ကို တပည့်အဖြစ် မခေါ်ယူနိုင်ပါက အတော်လေး နောင်တရနိုင်သည်။
သူသည် သူ၏ သိုလှောင်အိတ်မှထဲ ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်သည်။ တူညီသော တံဆိပ်ပြားနှစ်ခုနှင့် အတော်အတန် ရိုးရှင်းသော စာအုပ်တစ်အုပ်ဖြစ်သည်။
သူက တံဆိပ်ပြားတစ်ခုစီကို သူတို့ကိုပေးလိုက်ပြီး စာအုပ်ကိုတော့ ဝူယွမ်ကို ပေးလိုက်သည်။
“မင်းတို့နှစ်ယောက်လုံး ဒီ ‘သန့်ရှင်းစင်ကြယ်ရွေ့လျားမှု အခန်း’ ကို ဖတ်ထားလို့ရတယ်။ အဆောင်သခင် ဖြစ်ချင်တယ်ဆိုရင် ဒီတံဆိပ်ပြားတွေကို သုံးပြီး ရွှေတစ်သောင်းကုန်သည်အသင်းမှာ ငါ့ကိုလာရှာလို့ရတယ်!”
“ကျေးဇူးတင်ပါတယ် ဆရာကြီး!”
ဝူယွမ်နှင့် လင်းတုန်တို့ ကျေးဇူးတင်စကားပြောပြီးနောက် အံ့ဖွယ်ခန်းမမှ ထွက်ခွာသွားကြသည်!
လင်းတုန်း- “အစ်ကိုကြီး၊ ဆရာယန်က ရိုးရိုးရှင်းရှင်းမဟုတ်ဘူး။ ကျွန်တော်တို့သာ သူ့ရဲ့တပည့်ဖြစ်နိုင်မယ်ဆို အဆောင်သခင်ရဲ့ ကျွမ်းကျင်မှုတွေကို သင်ယူနိုင်ရုံသာမက ယန်မြို့မှာပါ နောက်ခံတစ်ခု ရှိလာမယ်။”
“အိုး... ဒါဆို ခုနကဘာလို့ တွေဝေနေတာလဲ?”
“ကျွန်တော် ကျောက်လက်ဖွဲ့ရဲ့ လျှို့ဝှက်ချက်ကို ဆရာယန် ရှာတွေ့သွားမှာကို စိုးရိမ်နေလို့ပါ။”
လင်းတုန်းက သူ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့သည်။
ဆရာယန်၏စကားများက သူ့ကို လှုပ်ရှားသွားစေခဲ့သည်။
ဝူယွမ်- “ငါ အဲဒါကို စဉ်းစားမိပါတယ်၊ ဒါကြောင့် ချက်ချင်း သဘောမတူခဲ့တာ၊ မင်း စိုးရိမ်တာကလည်း မဖြစ်နိုင်တာတော့မဟုတ်ဘူး ကျောက်လက်ဖွဲ့က ငါ့လျှို့ဝှက်ချက်နဲ့ယှဉ်ရင် ပိုပြီးထင်ရှားတယ်။ ဆရာယန်လို ဝိညာဉ်စွမ်းအင်ပညာရှင်နဲ့ အချိန်အကြာကြီး နီးနီးကပ်ကပ်နေမယ်ဆိုရင် သူ့ကို ဖုံးကွယ်ထားဖို့ခက်လိမ့်မယ် ဒါပေမယ့် ဆရာယန် ငါတို့ကို ဒီလောက်တန်ဖိုးထားတာက ငါတို့ရဲ့ ဝိညာဉ်စွမ်းအင်ပါရမီက အားနည်းမှာမဟုတ်ဘူးဆိုတာ သက်သေပြနေတယ်၊ ပြီးတော့ ဒီအခွင့်အရေးကို မဖြုန်းတီးသင့်ဘူး။ ဒါကြောင့် ငါက မစ္စတာယန်းရဲ့တပည့်အဖြစ်သွားလုပ်မယ်၊ မင်းကတော့ မလိုအပ်သေးဘူးလို့ ထင်တယ်။ နောက်ပိုင်းမှာ ငါ သင်ယူထားတာတွေကို မင်းကို ပြန်သင်ပေးမယ်။ ဒါက စိတ်အချရဆုံးနည်းလမ်းပဲ။”
“အွမ်း... ကောင်းတယ်၊ အစ်ကိုကြီး တွေးထားတာက ပိုအစီစဉ်ကြတာဘဲ!”
သူတို့ဆွေးနွေးမှု ပြီးဆုံးသွားသောအခါ နှစ်ဦးလုံး နားနေခန်းသို့ ပြန်လာကြသည်။
လုံချန်းနှင့် အခြားသူများ ပြန်ရောက်လာသောအခါ ဝူယွမ်က လင်းတုန်း၏အပိုင်းကို ချန်လှပ်ထားပြီး ဆရာယန်အကြောင်း လုံချန်းအား ပြောပြခဲ့သည်။
“ယွမ်း... မင်းတကယ်ပဲ ဆရာယန်ရဲ့ ကမ်းလှမ်းမှုကို ရခဲ့တာလား!”
လုံချန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
သူသည် ဆရာယန်၏ ယန်မြို့ရှိ အဆင့်အတန်းကို ဝူယွမ်ထက် ပိုမိုနားလည်သည်။
ချန်ယန်းမြို့ကဲ့သို့သော အဓိကအင်အားစုကြီး လေးခုအတွက် မစ္စတာယန်၏ စကားတစ်ခွန်းသည် ၎င်းတို့၏ တိုးတက်ခြင်း၊ကျဆုံးခြင်းကို အဆုံးဖြတ်ပေးနိုင်သည်!
“သွားရမှာပေါ့၊ ဘာလို့မသွားရမှာလဲ? ဆရာယန်နဲ့ ဆက်သွယ်နိုင်တာ မင်းက အတော်ကံကောင်းတဲ့ကောင်းလေးဘဲ။ ဆရာယန်ရဲ့ စွမ်းအားက မြို့တော်ဝန်ထက် မနိမ့်ဘူး။ သူ့နောက်ကို လိုက်ပြီး မင်း သူ့ရဲ့နည်းစနစ်တွေကို သင်ယူသင့်တယ်!”
လုံချန်းသည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ ဝူယွမ်အား ဆရာယန်၏ တပည့်ဖြစ်ခွင့် ပေးလိုက်သည်။
သူသည် ဝူယွမ်၏ ဆရာဖြစ်သော်လည်း ဝူယွမ်ကို သားကဲ့သို့ အမြဲဆက်ဆံခဲ့သည်။ ထို့ကြောင့် ဝူယွမ်တွင် အပိုဆရာရှိခြင်းကို သူ စိတ်မဆိုးပေ။ ပြောင်းပြန်အားဖြင့် ဝူယွမ်အတွက် ဝမ်းသာနေခဲ့သည်။
“ဆရာယန်က မင်းကို တက်တက်ကြွကြွ စုဆောင်းတာကို ချက်ချင်းမသဘောတူခဲ့တာက အနည်းငယ် ရိုင်းတဲ့သဘောဘဲ။ ငါ မင်းကို အခုဘဲ ဆရာယန်နဲ့တွေ့ဖို့ ရွှေတစ်သောင်းကုန်သည်အသင်းဆီ ခေါ်သွားမယ်!”
လုံချန်းသည် ထိုကိစ္စကို အလွန်အလေးအနက် ထားကာ အခြားသူများအား တည်းခိုခန်းတွင် စောင့်ဆိုင်းခိုင်းပြီး ဝူယွမ်ကို ခေါ်ကာ ရွှေတစ်သောင်းကုန်သည်အသင်းသို့ သွားခဲ့သည်။
မကြာမီ သူတို့သည် ရွှေတစ်သောင်းကုန်သည်အသင်းသို့ ရောက်ရှိလာပြီး ဝူယွမ်က တံဆိပ်ပြားကို ပြလိုက်သည်။
“မင်းတို့နှစ်ဦးက ဆရာယန်ရဲ့ ဂုဏ်သရေရှိဧည့်သည်တော်တွေဘဲ။ ကျေးဇူးပြု၍ ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ။”
အဝင်ဝရှိ လူငယ်ဝန်ထမ်းသည် မစ္စတာယန်း၏ တံဆိပ်ပြားကို မြင်သည်နှင့် ချက်ချင်း ရိုသေစွာဖြင့် သူတို့ကို အထူးခန်းသို့ ခေါ်ဆောင်သွားကာ စောင့်ဆိုင်းခိုင်းလိုက်သည်။
“ငါ အရင်က ရွှေတစ်သောင်းကုန်သည်အသင်းကို လာတုန်းက ဒီလိုမဆက်ဆံခံခဲ့ရဘူး၊ ဆရာယန်က မင်းကို တကယ်တန်ဖိုးထားတာဘဲ!” လုံချန်းက ပြောလိုက်သည်။ တံဆိပ်ပြားက ဒီလောက် အဖိုးတန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။