← Chapters

အစ်မကြီး ဇီယွဲ့

Vol. 2 Ch. 20

အစ်မကြီး ဇီယွဲ့

Vol. 2 Ch. 20

ဆရာယန်သည် အံ့ဖွယ်ခန်းမမှ ပြန်ရောက်ချိန်တွင်

ပါရမီရှင် တပည့်နှစ်ဦးကို မရလိုက်သည့်အတွက် နောင်တရကာ စိုးရိမ်နေမိသည်။

ထိုအတောအတွင်း ရွှေတစ်သောင်းကုန်သည်အသင်းမှ အရာရှိတစ်ဦးသည် ဆရာယန်၏ တံဆိပ်ပြားကို ကိုင်ဆောင်ထားသူတစ်ဦး လာရောက်တွေ့ဆုံကြောင်း အစီရင်ခံခဲ့သည်။

“အချိန်ညှိပြီး ငါ့ကိုရှာတဲ့သူက ဘယ်သူများလဲ”

ဆရာယန် စဉ်းစားနေမိသည်၊ သူ၏ တံဆိပ်ပြားကို ပိုင်ဆိုင်ထားသူများ များပြားလှသည်မဟုတ်ပေ။

သူသည် အထူးဧည့်ခန်းဆောင် တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

ယန်ရွှမ်းသည် ဝိညာဉ်စွမ်းအင်ဖြင့် ဝူယွမ်ဖြစ်ကြောင်းကို ကြိုတင်သိရှိပြီး ဝမ်းသာသည့်အတွက် ခြေလှမ်းမြန်မြန်ဖြင့် ချဉ်းကပ်လာခဲ့သည်။

“ဆရာယန်ကို အရိုအသေပေးပါတယ်” လုံချန်းနှင့် ဝူယွမ်တို့သည် ချက်ချင်းထရပ်ကာ အရိုအသေပေးလိုက်ကြသည်။

“ငါ့ကိုလာရောက်တွေ့ဆုံတယ်ဆို‌တော့ မင်း သေချာတွေးပြီး ငါ့တပည့်အဖြစ် လက်ခံဖို့ ဆုံးဖြတ်ထားပြီးပြီလား” ဟု ယန်စွမ်းသည် ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။

“ဟုတ်ပါတယ်၊ ဆရာကြီး”

ယန်စွမ်းသည် ဝူယွမ်အဖြေကို ကြားလိုက်ရသည်နှင့် စိတ်ရှုပ်နေရာမှ ချက်ချင်း ခေါင်းရှင်းသွားခဲ့သည်။

လုံချန်းက ဆက်ရှင်းပြလိုက်သည် “ဆရာယန်၊ ကျွန်တော်ရဲ့သား ဝူယွမ်က ဆရာကြီးရဲ့ ကမ်းလှမ်းတာ ခံခဲ့ရတယ်၊ ဒါပေမဲ့ သူက ဆရာကြီးရဲ့ ဂုဏ်သတင်းကို နားမလည်တာကြောင့် ဆရာကြီး၏ လမ်းညွှန်မှုကို လက်လွတ်စပယ် ငြင်းဆိုခဲ့တာပါ၊ ဆရာကြီးရဲ့ တပည့်ဖြစ်ခြင်းက သူ့အတွက် ကံကောင်းမှုကြီးဘဲ၊ ဒီကလေးရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ”

“အို၊ မင်းက ဝူယွမ်ရဲ့ အဖေလား”

“ အတိအကြဆို ကျွန်တော်ရဲ့ မွေးစားသားပါ၊ ယွမ်ရဲ့မိဘနှစ်ပါးလုံး သူငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ပြီး ကျွန်တော်က ခေါ်ယူမွေးစားခဲ့တာပါ ”

လုံချန်းသည် ဝူယွမ်၏ ဘ၀အကြောင်း ဆရာယန်ကို အကျဉ်းချုံးရှင်းပြခဲ့သည်၊ ဤသည်မှာ တပည့်တစ်ယောက် လုပ်သင့်တဲ့အရာဖြစ်ပြီး ဆရာဖြစ်သူအနေဖြင့် တပည့်၏ မူလအကြောင်းကို စုံစမ်းစစ်ဆေးရန် မလိုအပ်တော့ပေ။

ယန်ရွှမ်း - “ရူးသွပ်ဓားသိုင်းခန်းမရဲ့ လုံချန်းလား၊ ကောင်းပြီ၊ အခုမှစပြီး ဝူယွမ်က ငါယန်ရွှမ်း တပည့်ဘဲ၊ အကယ်၍ မင်း၏ ရူးသွပ်ဓားသိုင်းခန်းမက အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင် ရွှေတစ်သောင်းကုန်သည်အသင်းကို တိုက်ရိုက်လာရောက်အကူအညီတောင်းခံလို့ရတယ် ဒါမှမဟုတ် ရွှေတစ်သောင်းကုန်သည်အသင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်၊ဒီတံဆိပ်ပြားကို ယူသွားပါ၊ မင်းလိုအပ်တာကို အရာရှိထံ တိုက်ရိုက်ပြောလိုက်လို့ရတယ်”

“ဆရာကြီးကို ကျေးဇူးတင်ပါတယ်” လုံချန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောကြားခဲ့သည်။

ရွှေတစ်သောင်းကုန်သည်အသင်းနှင့် ဆက်သွယ်မှုရရှိခြင်းသည် ရူးသွပ်ဓားသိုင်းခန်းမအတွက် အလွန်အရေးပါလှသည်၊ ယခုမှစ၍ ယန်မြို့တွင် အကာအကွယ်ပေးမည့်သူရှိလာပြီဖြစ်ကာ သံမြေနှင့် ယွမ်ကျောက်တုံးများကဲ့သို့သော ကုန်ကြမ်းပစ္စည်းများကို ရွှေတစ်သောင်းကုန်သည်အသင်းသို့ တိုက်ရိုက်ရောင်းချနိုင်တော့မည်ဖြစ်သည်။

ချက်ချင်းပင် ဝူယွမ်သည် တပည့်လက်ခံခြင်း ဓလေ့ကို ပြုလုပ်ခဲ့ပြီး ယန်ရွှမ်းအား ဆရာအဖြစ် တရား၀န် အသိအမှတ်ပြုခဲ့သည်။

“ကောင်းပြီ၊ ယွမ်က အရင်ဆုံး ငါနဲ့အတူ အချိန်တစ်ခုအထိ ကြိုးစားသင်ယူရလိမ့်မယ်”

လုံချန်းသည် ကန့်ကွက်ခြင်းမရှိဘဲ ဝူယွမ်အား ချန်ထားခဲ့သည်။

ဝူယွမ်သည် “သန့်စင်ခြင်း ရွေ့လျားမှုအခန်း” စာအုပ်ကို လုံချန်ထံ ထည့်ပေးလိုက်သည်။

“ဆရာ၊ ဒီစာအုပ်ကို လင်းတုန်ဆီ ယူသွားပေးပါ”

သူသည် ဒီမှာဆက်လက်နေထိုင်ကာ သင်ယူမည်ဖြစ်ပြီး ဆရာယန်၏ အနားတွင် ရှိနေမည်ဖြစ်သဖြင့် ထိုစာအုပ်ကို သူမလိုအပ်တော့ပေ။

လုံချန်း ထွက်ခွာသွားပြီးနောက် ဆရာယန်သည် လင်းတုန်အကြောင်းကို မေးမြန်းခဲ့သည်။

“ကျန်တဲ့ကောင်လေးတစ်ယောက်က၊ ဘာလို့ မလာတာလဲ”

လင်းတုန်၏ ပါရမီသည် ဝူယွမ်၏အဆင့်မျိုး မဟုတ်သော်လည်း သူသည် ဝူယွမ်မှလွဲ၍ ဆရာယန် မြင်ဖူးသမျှထဲတွင် ဝိညာဉ်စွမ်းအင်လှိုင်း အပြင်းထန်ဆုံးသူဖြစ်သည်။

ဝူယွမ် - “လင်းတုန်ရဲ့ မိသားစုက ယန်မြို့မှာ မဟုတ်ပါဘူးဆရာ၊ အိမ်ပြန်ပြီး မိသားစုနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုမယ်ထင်တယ်၊ ဒါပေမဲ့ လင်းတုန်က ဆရာ့ဆီကနေ အဆောင်သခင်ပညာကို သင်ယူလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး၊ မဟုတ်ရင် အခု ကျွန်တော်နဲ့အတူ လိုက်လာခဲ့မှာ၊ လင်းတုန်မှာလည်း သူ့ကိုယ်ပိုင်ကံကြမ္မာရှိပါတယ်၊ ဆရာသူ့အတွက် သိပ်စိတ်ပူဖို့မလိုပါဘူး”

“ဟိတ်၊ မင်းကတော့၊ ငါဆီလာသင်ယူဖို့ကို ငါကဘဲ တောင်းပန်နေရသလိုပြောနေတာဘဲ၊မင်းတို့ နှစ်ယောက်က လှည့်စားနေကြတာပဲ” ဆရာယန်သည် မရပ်တန့်နိုင်အောင် ရယ်မောခဲ့သည်။

ဝူယွမ်၏ စကားပြောဟန်သည် အရွယ်ရောက်သူတစ်ဦး၏ ရင့်ကျက်မှုကို ဆောင်နေသည်။

“လာခဲ့၊ ငါနဲ့အတူ အဆောင်သခင်အသင်းကို လိုက်ခဲ့”

“အိုး၊ ငါ ပြောဖို့မေ့သွားတယ်၊ ငါ ယန်မြို့မှာ တပည့်နှစ်ဦး ရထားတာ မင်းက ဒုတိယမြောက်တပည့်ဘဲ၊ မကြာမီ မင်းရဲ့ ဆရာတူအစ်မကြီးနဲ့ တွေ့ရလိမ့်မယ်”

ဝူယွမ် - “ဆရာ အဆောင်သခင်အသင်းဆိုတာ ဘာလဲ”

သူသည် အစ်မကြီးအကြောင်းထက် အဆောင်သခင်အသင်းအကြောင်းကို ပိုမိုစိတ်ဝင်စားခဲ့သည်။

ယန်ရွှမ်း ရှင်းပြခဲ့သည် - “အဆောင်သခင်အသင်းက အဆောင်သခင်များ စုဝေးရာအဖွဲ့အစည်းဘဲ၊ မြို့ကြီးတိုင်းလိုလို ကိုယ်ပိုင် အဆောင်သခင်အသင်းရှိပြီး ယန်မြို့မှာလည်း အဲ့အတိုင်းဘဲ၊ငါကယန်မြို့ အဆောင်သခင်အသင်းရဲ့ ဥက္ကဋ္ဌဘဲ”

သူသည် အဆောင်သခင်အသင်းအကြောင်း မိတ်ဆက်ရင်း သူ၏လေသံတွင် ရှားပါးသည့် ဂုဏ်ယူဝင့်ကြွားမှု ပေါ်လွင်နေသည်။

“အဆောင်သခင်အသင်းအကြောင်းကို လူအများကြီး သိမထားကြပေမဲ့ အဲ့တာကြောင့်နဲ့ အားနည်းတယ်လို့မဆိုလိုဘူး၊ ယန်မြို့ထဲမှာ ထိပ်တန်းအင်အားစုသုံးခုရှိတာကို မင်းသိထားတယ်မလား၊ အဆောင်သခင်အသင်းရဲ့ အင်အားကလည်း အဲ့အင်အားစုသုံးခုထပ် ဘယ်နေရာကမှ မနိမ့်ကြဘူး၊ဒါပေမဲ့ အဆောင်သခင်အသင်းမှာ စည်းကမ်း မတင်းကျပ်ဘူး၊ ပြောရမယ်ဆို အနည်းငယ်ပို လွတ်လပ်ပြီး အဆောင်သခင်တွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို မထိခိုက်ဘူး”

ယန်မြို့တွင် ထိုကဲ့သို့အံ့သြစရာကောင်းသော အဖွဲ့အစည်းရှိသည်ကို ဝူယွမ်သိရှိခဲ့ရပြီး ဗဟုသုတတိုးပွားခဲ့ရသည်။

“သိပ်မကြာခင် မင်းလည်း အဆောင်သခင် အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာလိမ့်မယ်”

“အဲ့အချိန်ကြ မင်းလည်း အဖွဲ့အစည်းတစ်ခုရှိတဲ့သူတစ်ဦးဖြစ်လာလိမ့်မယ်”

...ယန်ရွှမ်းနောက်သို့ လိုက်ရင်း သူတို့သည် ကျယ်၀န်းပြီး တိတ်ဆိတ်ငြိမ်သက်သော နေရာသို့ ရောက်ရှိလာခဲ့ကြသည်၊ အတွင်းပိုင်းသည် အလွန်ရိုးရှင်းပြီး ပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်ကာ ငြိမ်သက်နေသည်၊ အရှေ့ပိုင်းတွင် ရိုးရိုးရှင်းရှင်း ဝါးအိမ်ကလေးများရှိပြီး အနောက်တွင် ကြီးမားသော ကွင်းပြင်လွတ်ရှိသည်၊ အတွင်းပိုင်းအနက်ထဲတွင် မျှော်စင်အမြင့်ကြီးတစ်ခုရှိသည်။

အတွင်းတွင် လူအတော်များများရှိသည်။

“အဆောင်သခင်အသင်းက ဒီနေရာမှာဘဲ၊ ဒီနေရာမှာရှိတဲ့လူတိုင်းက အဆောင်သခင်တွေကြီးဘဲ၊ ငါလည်း အများဆုံး ဒီမှာဘဲနေတယ်၊ မင်းလည်း ဒီနေရာမှာ ကြိုးစားသင်ယူရမယ်”

“ဆရာယန်”

“ဆရာယန်”

ဆရာယန်ကိုမြင်တွေ့သူတိုင်းသည် အရိုအသေပေးကြသည်။

တစ်ချိန်တည်းတွင် သူတို့သည် ဝူယွမ်အား စူးစမ်းလိုသည့်အကြည့်ဖြင့်ကြည့်နေကြသည်။

ဆရာယန်နောက်သို့ လိုက်နိုင်သောလူငယ်တစ်ဦးသည် သာမန်မဟုတ်သည်မှာ သေချာပေသည်။

“ဇီယွဲ့ကို လာတွေ့ဖို့‌ေပြာလိုက်”

ဆရာယန်သည် လူငယ်တပည့်တစ်ဦးအား အမိန့်ပေးခဲ့သည်။

မကြာမီ အသက်အရွယ်ငယ်ရွယ်ပြီး လှပသောအမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့သည်။

သူမသည် အရပ် မြင့်ပြီး ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားကာ အသားအရေသည် နှင်းဆီကဲ့သို့ဖြူစင်လျက် မျက်ခုံးမွှေးများသည် ဝါးပင်၏အဖျားကဲ့သို့ သွယ်လျနေသည်၊ သခွါးသီးပုံစံမျက်နှာထားနှင့် ချစ်စရာကောင်းသော ချစ်ပ်သီးနှင့်တူသည့်နှုတ်ခမ်းတို့သည် အလွန်လှပသောနတ်မိမယ်တစ်ဦးအသွင်ကို ဖော်ဆောင်ထားသည်၊ သို့သော်လည်း သူမ၏အေးစက်သောမျက်နှာထားသည် အခြားသူများအား အကွာအဝေးတစ်ခုထားရန် ရှင်းရှင်းလင်းလင်းပြောပြနေသည်။

“ဆရာ” အမျိုးသမီးသည် ကြည်လင်သောအသံဖြင့် ခေါ်လိုက်သည်။

“ဇီယွဲ့၊ ရောက်ပြီလား၊သူ ငါရဲ့တပည့်သစ် ဝူယွမ်ဘဲ၊ အခုကစပြီး သူက မင်းရဲ့‌ဆရာတူမောင်လေးဖြစ်လာလိမ့်မယ်၊ မင်း သူ့ကို ကြိုးစားသင်ယူဖို့ရာ လမ်းညွှန်ပေးရမယ်”

ဆရာယန်သည် ဝူယွမ်အား တိုက်ရိုက် ဇီယွဲ့ထံ လွှဲအပ်ခဲ့သည်။

“အိုး၊ မောင်လေးလား ” ဇီယွဲ့သည် အံ့အားသင့်စွာဖြင့် ပြောကြားခဲ့သည်။

သူမ၏အေးစက်သောမျက်နှာထားတွင် အနည်းငယ်ပြောင်းလဲမှုရှိခဲ့သည်။

ဆရာက တပည့်ထပ်လက်ခံမည်ဟု သူမမျှော်လင့်ထားခဲ့ပါ... ဇီယွဲ့သည် နောက်ဆုံးတွင် ဝူယွမ်အား ဂရုတစိုက် စစ်ဆေးကြည့်ရှုခဲ့သည်၊ ဆရာ၏တန်ဖိုးထားမှုကို ခံယူပြီး တိုက်ရိုက်တပည့်ခံဖြစ်ခွင့်ရသူသည် သာမန်မဟုတ်သည်မှာ သေချာပေသည်။

ထိုစဉ်က ဇီယွဲ့၏ပါရမီသည် ယန်မြို့ရှိ လူငယ်များစွာထက် သာလွန်ခဲ့ပြီးမှသာ တပည့်ဖြစ်ခွင့်ရခဲ့သည်။

သူမသည် ဝူယွမ်အား စမ်းသပ်ရန် ဝိညာဉ်စွမ်းအင်ကို မသိမသာ ထုတ်လွှတ်လိုက်သည်။

ရုတ်တရက် ဝူယွမ်သည် တစ်စုံတစ်ရာသည် သူ၏ဦးနှောက်ထဲသို့ အတင်းအကျပ်ဝင်ရောက်လာသည်ဟု ခံစားရပြီး ချက်ချင်းပင် စိတ်ကိုစုစည်းကာ ခုခံတွန်းလှန်ခဲ့သည်။

“အလွန်ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေဘဲ”

ဇီယွဲ့ အံ့အားသင့်သွားခဲ့သည်၊ သူမ၏ဒုတိယအဆင့် ‌အဆောင်သခင် ဝိညာဉ်စွမ်းအင်ဖြင့်ပင် ဝူယွမ်အား ကောင်းစွာ ကိုင်တွယ်နိုင်ခြင်းမရှိခဲ့ပေ။

ယန်ရွှမ်းသည် ဤအခြေအနေကိုမြင်ပေမဲ့ မတားဆီးခဲ့ဘဲ တိတ်တဆိတ်ကြည့်နေခဲ့သည်၊ ဇီယွဲ့၏ အကျင့်ကို သူသိထားသည်၊ သူမသည် သေချာရှင်းရှင်းလင်းမသိရမချင်း လက်မလျှော့တတ်ပေ။

ဝူယွမ်သည် မျက်ရည်ကျလုနီးပါးဖြစ်ကာ ထိုစွမ်းအားကို နှင်ထုတ်ရန် ကြိုးစားခဲရသည်၊ သူမခံမရပ်နိုင်တော့သည့်အချိန်တွင် သူသည် နူးညံ့စွာဖြင့် ပြောခဲ့သည်။

“အစ်မကြီး၊ ညင်ညင်သာသာလုပ်ပါ”

ဇီယွဲ့သည် မျက်နှာအနည်းငယ်နီမြန်းသွားပြီး မှော်အတတ်ကို ရပ်တန့်လိုက်သည်။

ထိုလူငယ်၏ပါရမီသည် သူမငယ်ရွယ်စဉ်ကထက် သာလွန်ပြီး ပထမ အဆောင်သခင် အဆင့်သို့ တိုက်ရိုက်ချဉ်းကပ်နေသည်... ဇီယွဲ့သည် စိတ်ထဲတွင် သူမနှင့်နှိုင်းယှဉ်ကြည့်‌ေနသည်။ အခု ဝူယွမ်အပေါ် သူမ၏သဘောထားသည် ပြောင်းလဲသွားခဲ့ပီဖြစ်သည်။

သူမသည် သာမန်အားဖြင့် အခြားသူများအား သင်ပြရန် မနှစ်သက်ခြင်းမှာ သူမသည် တော်ယုံ သည်းမခံတတ်သောကြောင့်ဖြစ်သည်။

သို့သော် ပါရမီရှင်များသည်တော့ ခြွင်းချက်ဖြစ်သည်။

“ဆရာ စိတ်မပူပါနဲ့၊ ကျွန်မ မောင်လေးကို သေချာကြိုးစား လမ်းညွှန်ပေးလိုက်ပါ့မယ်” ဇီယွဲ့သည် ရှားပါးသည့်အပြုံးများဖြင့် တုံ့ပြန်ခဲ့သည်။

“ကောင်းပြီ၊ ယွမ် အခုအချိန် မင်းအစ်မကြီးနဲ့အတူ ကြိုးစားသင်ယူပါ၊မင်းမှာ မေးစရာရှိခဲ့ရင် ငါ့ဆီလာရောက်မေးမြန်းပါ”

“ဟုတ်ကဲ့၊ ဆရာ”

ဇီယွဲ့ - “လာခဲ့၊ ဆရာတူမောင်လေး အခုကစပြီး နင် ငါနဲ့အတူနေရမယ်”

ဇီယွဲ့သည် ဝူယွမ်အား ဝါးအိမ်တစ်လုံးဆီ ခေါ်ဆောင်သွားပြီး အိပ်ရာခင်းနှင့် အခြားနေ့စဉ်သုံးပစ္စည်းများကို စီစဉ်ပေးခဲ့သည်၊ ထို့နောက် သူ့အား အဆောင်သခင်အသင်းအား လှည့်ပတ်ပြသပေးခဲ့သည်။

ထိုအချိန်တွင် ဝူယွမ်သည် တစ်ကြိမ်ပြီးတစ်ကြိမ် မျက်စောင်းထိုးခြင်းကို ခံခဲ့ရသည်။

ဇီယွဲ့သည် အဆောင်သခင်အသင်းရှိ လူတိုင်း၏ အလှပဆုံးအိမ်မက်နတ်သမီး‌လေးဖြစ်သည်၊ များစွာသောသူတို့သည် သူမအား ချစ်ကြောက်လေးစား ကြသော်လည်း သူမသည် သာမန်အားဖြင့် လူများနှင့် အကွာအဝေးတစ်ခုထားလေ့ရှိပြီး မည်သူတစ်ဦးတစ်ယောက်မျှ သူမအနီးချဉ်းကပ်ခွင့်မရခဲ့ပေ။

သို့သော်လည်း ယနေ့တွင် သူမသည် ကောင်လေးတစ်ယောက်နှင့် အတူ လျှောက်ပတ်သွားလာနေခဲ့သည်။

နောက်ဆုံးတွင် သူမတို့နှစ်ဦးသည် အခန်းတစ်ခန်းထဲသို့ဝင်ရောက်ခဲ့ပြီး အတော်ကြာသည်အထိပြန်ထွက်မလာတော့ဘူး

အခန်းအတွင်း ဝူယွမ်နှင့် ဇီယွဲ့တို့သည် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

ဇီယွဲ့ - “ ဆရာတူ မောင်လေး ၊ ကြိုးစားသင်ယူပါ၊ နင့်ရဲ့စိတ်ကို သေချာစုစည်းထားပြီး ငါလမ်းညွှန်တဲ့အတိုင်း လိုက်လုပ်ပါ”

All Chapters